

မြန်မာစစ်အစိုးရဟာ အစိုးရတရပ်ရဲ့ အင်္ဂါရပ်နဲ့ မညီညွတ်လို့ ကုလသမဂ္ဂမှာ မြန်မာနိုင်ငံ
ကို ကိုယ်စားပြုခွင့်မပေးဖို့ဆိုတဲ့ တောင်းဆိုချက်ကို NCUB ခေါ် ပြည်ထောင်စုမြန်မာ
နိုင်ငံ အမျိုးသားကောင်စီက ကုလသမဂ္ဂ အထွေထွေညီလာခံ မတိုင်ခင် အခုလာမယ့်
စက်တင်ဘာလဆန်းမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဆီ တင်သွင်းတော့မှာဖြစ်ပါ
တယ်။
ဒီလှုပ်ရှားမှုကို NCGUB ခေါ် ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရက
လည်း ထောက်ခံချက်ပေးသလို ပြည်ပရောက် မြန်မာပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
၃၀ ကျော်နဲ့ ဖွဲ့စည်းထားတဲ့ MPU ခေါ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအဖွဲ့က
လည်း ထောက်ခံကြိုဆိုတဲ့အကြောင်း မနေ့ကပဲ ကြေညာချက်ထုတ်ပါတယ်။
MPU အဖွဲ့ရဲ့ အတွင်းရေးမှူး ဦးသိန်းဦး ကတွေ့ဆုံမေးမြန်းခန်းတခုမှာယခုလိုပြောပြသွားပါတယ်။မြန်မာစစ်အစိုးရဟာ အစိုးရတရပ်ရဲ့ အင်္ဂါရပ်နဲ့ မညီညွတ်တဲ့အတွက် ကုလသမဂ္ဂမှာ
ကိုယ်စားမပြုသင့်ဘူးဆိုတဲ့ ကိစ္စကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအဖွဲ့က
ဘာကြောင့်ထောက်ခံရသလဲဆိုတာ အရင်ဆုံးရှင်းပြပေးပါ။
"အဓိကကတော့ စစ်အစိုးရဟာ လူထုကရွေးချယ်ထားတဲ့ အစိုးရမဟုတ်ဘူး။ နောက်
တခုက လူထုက ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်တွေကို အာဏာလွှဲပြောင်းပေးခြင်း
မရှိဘဲ လူထုရဲ့အာဏာကို အတင်းအဓမ္မ ယူထားတဲ့ အစိုးရဖြစ်တယ်။ လူထုနဲ့ပတ်သက်
တဲ့ လုပ်ငန်းတွေမှာ၊ ဥပမာ နာဂစ်လေမုန်တိုင်းဒဏ်ခံရတဲ့ လူထုတွေနဲ့ပတ်သက်လို့
လုပ်ကိုင်ဆောင်ရွက်ပေးရမယ့် ကိစ္စတွေမှာ ပြည်ပနိုင်ငံတွေက အကူအညီပေးမယ့်
ကိစ္စတွေကို လူထုဆီမရောက်အောင် တားဆီးနေတဲ့ ကိစ္စမျိုးတွေ၊ ဒါကြောင့် လူထုရဲ့
စစ်မှန်တဲ့ ကိုယ်စားလှယ်မဟုတ်တဲ့ စစ်အစိုးရကို ကုလသမဂ္ဂမှာ နေရာမပေးသင့်ဘူး။
ရှိထားတဲ့နေရာကနေ ဖယ်ရှားပေးဖို့ဆိုတဲ့ကိစ္စကို အတိုက်အခံများဘက်က ဒီနှစ် ကုလ
သမဂ္ဂမှာ တင်သွင်းပြီး ဆောင်ရွက်မယ့်အနေအထားမျိုး ရှိပါတယ်။
"ဒါကြောင့် ဒီလိုလုပ်ခြင်းဟာ အင်မတန် မှန်ကန်တဲ့ကိစ္စဖြစ်တယ်၊ နအဖစစ်အစိုးရရဲ့
လက်ရှိ ရှိနေတဲ့အနေအထားကို တိုက်ရိုက်ဝေဖန်ပြီး တိုက်ခိုက်တာဖြစ်တယ်။ ဒါကြောင့်
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအဖွဲ့က အဲဒီလို လုပ်ကိုင်ဆောင်ရွက်တာ
မှန်သမျှကို ထောက်ခံတဲ့အကြောင်း ကြေညာချက်ထုတ်တာ ဖြစ်ပါတယ်။"
ကုလသမဂ္ဂနေရာကနေ ဖယ်ပေးသင့်တယ်ဆိုတဲ့ လှုပ်ရှားမှုဟာ ဘယ်လောက်ထိ
ဖြစ်နိုင်ချေရှိပါသလဲ။ တချို့တွေကတော့ ဒါဟာ ဖြစ်ဖို့ အင်မတန်ခဲယဉ်းတယ်၊ မဖြစ်နိုင်
တာကို လုပ်နေတယ်ဆိုတဲ့ ဝေဖန်ချက်တချို့လည်း ကြားရတော့ ဒါ ဘယ်လောက်အထိ
ဖြစ်နိုင်မယ်လို့ ဦးသိန်းဦးတို့ တွက်ပါသလဲ။
"ဖြစ်ဖို့ အင်မတန်ခဲယဉ်းတယ်ဆိုတာ မှန်ပါတယ်။ ကျနော်တို့လည်း ဒါကိုမြင်ပါတယ်၊
လက်ခံပါတယ်။ ဒါပေမယ့် ဖြစ်ဖို့ခဲယဉ်းပေမယ့် တကယ့်ကို ဖြစ်သင့်ဖြစ်ထိုက်တဲ့ကိစ္စ
ဖြစ်တဲ့အတွက် ဖြစ်အောင်လုပ်ရမယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ လုပ်ကြတာဖြစ်ပါတယ်
မြန်မာနိုင်ငံမှာ ရှေ့ဆက်ပြီးတော့ ဒီ့ထက်ခက်ခဲတဲ့ အခက်အခဲတွေ လာဦးမှာဖြစ်ပါ
တယ်။
"၂၀၁၀ ရွေးကောက်ပွဲကိုလည်း သူတို့ ကြိုပြီးတော့ ခေါ်ထားပါပြီ။ ခေါ်ထားတဲ့အတွက်
ဒီရွေးကောက်ပွဲကလည်း တနည်းအားဖြင့် လူထုကို အတင်းအကျပ်ဖိနှိပ်ပြီး သူတို့လိုချင်
တဲ့ပုံစံ လုပ်သွားမှာဖြစ်ပါတယ်။ လူထုက ကန့်ကွက်တဲ့ကိစ္စ မှန်သမျှကိုလည်း အတင်း
အကျပ် ဖိနှိပ်မှာဖြစ်ပါတယ်။ ဒါကြောင့် အဲဒီလိုဖိနှိပ်လာမှာကို မြင်တဲ့အတွက် ကြိုပြီး
တင်ထားတာ ဖြစ်ပါတယ်။ အဲဒီလိုတင်ထားတဲ့အတွက် ဒီဟာက အင်မတန် ခက်ခဲပေ
မယ့်လည်း မကြာခင်ကာလမှာ ဖြစ်တော့မယ့် တကယ့် အခက်အခဲကြီးမှာ လူထုနဲ့
အစိုးရကြားမှာ ဆန့်ကျင်ဘက်အနေအထားတွေ ပေါ်ပေါက်လာမှာ ဖြစ်ပါတယ်။
"အဲဒီလိုအနေအထားတွေ ရောက်ရင် လူထုရဲ့ကိုယ်စား အရန်သင့်ဖြစ်နေဖို့အတွက်
တင်ပြထားတာဖြစ်ပါတယ်။ ဒါကြောင့် ဒီနှစ်တင်တာဟာ နအဖကို ပထမဆုံးအကြိမ်
ပွင့်ပွင့်လင်းလင်းနဲ့ စိန်ခေါ်တဲ့ တိုက်ပွဲပဲဖြစ်ပါတယ်။ အဲဒီတိုက်ပွဲဟာ လူထုအရှိန် မြင့်လာ
တာနဲ့အမျှ အောင်မြင်မှာဖြစ်ပါတယ်။ ဒါကြောင့် အဲဒီတိုက်ပွဲ အောင်မြင်ဖို့၊ မအောင်မြင်
ဖို့ဆိုတာ အထဲမှာရှိတဲ့ လူထုရဲ့တိုက်ပွဲအရှိန် ဘယ်လောက်ထိ မြင့်မလဲဆိုတဲ့အပေါ်မှာ
မူတည်တာဖြစ်ပါတယ်။"
မြန်မာစစ်အစိုးရဟာ တရားမ၀င် အုပ်ချုပ်နေတဲ့ အဖွဲ့အစည်း ဖြစ်တယ်ဆိုတဲ့ကိစ္စက
လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်က ရှိလာခဲ့တာဆိုပေမယ့် အခုလိုမျိုး ကုလသမဂ္ဂနေရာက
ဖယ်ရှားဖို့ကိစ္စကို အခုမှလုပ်ရတာ ဘယ်လိုအခြေအနေတွေ ရှိလို့ပါလဲ။
"အဓိကကတော့ သူတို့က ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို ဖျက်တော့မှာဖြစ်ပါ
တယ်။ ၂၀၁၀ ရွေးကောက်ပွဲလုပ်ပြီး သူတို့ရဲ့အာဏာကို တရားဝင်ဖြစ်အောင် လုပ်မယ့်
အနေအထားမျိုး ဖြစ်ပါတယ်။ အဲဒါက လာမယ့် တနှစ်ကျော်ကာလအတွင်းမှာ ဖြစ်တော့
မယ့်ကိစ္စ ဖြစ်ပါတယ်။ ဒါကြောင့် အဲဒီဟာကို မြင်တဲ့အတွက် အခုအချိန်ဟာ အင်မတန်မှ
လုပ်သင့်လုပ်ထိုက်တဲ့အချိန် ဖြစ်တယ်။
"၁၉၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို ကိုင်စွဲထားတဲ့၊ လူထုရဲ့ Mandate ကို ရရှိထားတဲ့
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေအနေနဲ့ ဒီကိစ္စမှာ ဦးဆောင်ဦးရွက်ပြုပြီး
ဆောင်ရွက်ရမယ်လို့ မြင်တဲ့အတွက် ဒီနှစ် ကုလသမဂ္ဂမှာ စတင် တင်သွင်းဖို့အတွက်
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအဖွဲ့က ထောက်ခံတယ်ဆိုတဲ့အကြောင်း
ဆောင်ရွက်တာဖြစ်ပါတယ်။"
ထူးထူးခြားခြား ဖြစ်မလာတော့ အခုတခေါက်တွေ့ရင်ရော ဘယ်လောက်
သူမရဲ့  ချက်ပြုတ်ရေး တာဝန်ခံအား “မင်း ဈေးဝယ်ဖို့ မလိုတော့ဘူးလို့” ပြောခဲ့ကြောင်းနဲ့ သူမရဲ့  ရှေ့နေအား ဂမ်ဘာရီမလာခင်ကပင် ကြပ်ပြေးသို့ စေလွှတ်ပြီး တောင်းဆိုမှုများ ပြုလုပ်ဟန်တူကြောင်း၊ ထိုတောင်းဆိုမှုကို နအဖက မလိုက်လျောနိုင်လို့ ဂမ်ဘာရီကို လက်ခံတွေ့ဖို့ ငြင်းဆန်ခဲ့တာဖြစ်နိုင်တယ်လို့ လဲဆိုကြသူတွေရှိပါတယ်။
ဒေါ်အောင်ဆန်းစုကြည် အစာငတ်ခံဆန္ဒပြနေသည့် သတင်းများထွက်ပေါ်နေသည့်အပေါ် အတည်မပြုနိုင်သေးသော်လည်း စိုးရိမ်ပူပန်မိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ကပြောခဲ့ပါတယ်။
အန်အယ်လ်ဒီ ပြောရေးဆိုခွင့်ရှိသူ ဦးဟံသာမြင့်က “ဆန္ဒပြနေတယ်ဆိုတဲ့သတင်းတော့ ကျနော်တို့ အတည်ပြုလို့မရဘူး။ မဟုတ်ဘူးလို့ပဲထင်တယ်။ ဒါပေမယ့် စိုးတော့စိုးရိမ်နေတယ်။ အစား အသောက် မယူတော့ဘူးဆိုတဲ့ဟာလည်း ကြားနေပါတယ်။ အရင်တုန်းကတော့ ကိုမြင့်စိုးဆိုတာအမြဲတမ်း
သွားပို့တယ်ပေါ့။ ဂိတ်မှာ လူချင်းလဲလိုက်တယ်ပေါ့။ ဒေါ်ခင်ဝင်းဖြစ်ဖြစ် ထွက်ယူတယ်။ ဘေးမှာလည်း အက်စ်ဘီက ရှိနေတာပေါ့။ ခြင်းတောင်းထဲမှာ ဘာမှမပါဘူးဆိုရင် ဒေါ်ခင်ဝင်းက ယူမယ်၊ယူပြီးနောက်
တနေ့အတွက် ဘာဝယ်ပေးပါဆိုတဲ့ စာရင်းပေးတယ်။ ခုတော့ အဲဒါကို မယူတော့ဘူးပေါ့ဗျာ။ ထွက်ပြီး
တော့ ယူတဲ့လူမရှိတော့ဘူးလို့ကြားတယ်” ဟု ပြောသည်။
ထိုသို့ အစားအစာ ထွက်မယူသည်မှာ သတင်း (၂) ပတ်ခန့် ရှိပြီဟု ကြားသိရသော်လည်း မည်သည့်အတွက်ကြောင့် ဒေါ်အောင်ဆန်းစုကြည်က အစားအစာ ထွက်မယူရခြင်းဖြစ်သည်ကိုမူ မသိရှိသေးကြောင်း အန်အယ်လ်ဒီ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က အစားအစာ လက်မခံတော့သည်မှာ (၉) ရက်ရှိပြီဖြစ်ကြောင်း သြဂုတ်
(၁၅) ရက်နေ့က နောက်ဆုံးလက်ခံခဲ့ခြင်းဖြစ်ကြောင်း ထိုင်း-မြန်မာနယ်စပ် အခြေစိုက် အမျိုးသား
ဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) က ယမန်နေ့၌ သတင်းထုတ်ပြန်ထားသည်။
ဆုံခဲ့ ခြင်း အပေါ်မှာ သံသယများ ဖြစ်ပေါ်ခဲ့တယ်လို့ သုံးသပ်သူများက ဆိုကြပါတယ်။ ဘာလို့လဲဆိုတော့ ရွှေဝါရောင်တော်လှန်ရေးမှာတောင် ရဟန်းသံဃာတွေကိုဒေါ်အောင်ဆန်းစုကြည် က သူမရဲ့ ခြံစည်းရိုး တံခါးအနီး ကဖူးမျှော်ခွင့်ရတဲ့အတွက် ဂမ်ဘာရီကိစ္စမှာ မတွေ့လိုက်ဘူးဆိုတာဟာတော့ တခုခုမှားယွင်း နေတယ်လို့ လဲသုံးသပ်သူများက ထင်မြင်ယူဆကြတဲ့အပြင်အခြေအ
တဲ့အခုအချိန်မှာဒေါ်အောင်ဆန်းစုကြည်ရဲ့ကျမ်းမာရေးနဲ့လုံခြုံရေးဟာစိုးရိမ်စရာရှိတယ်လို့သုံးသပ်မှု
တွေလဲရှိပါတယ်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာပြည်ဆိုင်ရာ အထူးအကြံပေး မစ္စတာ အီဘရာဟင်မ် ဂမ်ဘာရီ
(Mr. Ibrahim Gambari) ဟာ ၆ ရက်ကြာ မြန်မာပြည်ခရီးစဉ်အပြီးအာဆီယံဒေသတွင်း နိုင်ငံတွေဖြစ်တဲ့ ထိုင်းနဲ့ အင်ဒိုနီးရှားနိုင်ငံတွေဆီ ခရီးဆက်နေပါတယ်။ ထိုင်းဝန်ကြီးချုပ် ဆမတ် ဆွန်ထရာဝေး (Samak Sundaravej) နဲ့တနာရီကြာ တွေ့ဆုံခဲ့တဲ့အပြင် ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့လည်း တွေ့ဆုံပြီး မြန်မာ
ပြည်က လက်ရှိအခြေအနေတွေနဲ့ ပတ်သက်လို့ အမြင်ခြင်း ဖလှယ်ခဲ့ကြတယ်လို့ကုလသမဂ္ဂက ပြောပါတယ်။ မစ္စတာဂမ်ဘာရီရဲ့ မြန်မာ့အရေး ကြိုးပမ်းမှုတွေမှာအိမ်နီးချင်းနိုင်ငံတွေကိုလှည့်ပြီး
ဆွေးနွေးတာတွေက အရင်ကလည်း ရှိခဲ့ဘူးပါတယ်။
ထိုင်းဝန်ကြီးချုပ် ဆမတ် ဆွန်ထရာဝေးနဲ့ တွေ့တုန်းကတော့ မစ္စတာဆမတ်ကဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ကုလသမဂ္ဂဘက်က အာရုံစိုက် လုပ်ဆောင်နေတာတွေ ရပ်သင့်ပြီ၊ ဒါကိုလုပ်မယ့်အစား မကြာခင်လုပ်မယ့် ရွေးကောက်ပွဲကိစ္စနဲ့အခြေခံဥပဒေသစ်ကိစ္စကိုပဲ ကုလသမဂ္ဂက အာရုံစိုက်ပြီး လုပ်သင့်
တယ်လို့ ဆိုပါတယ်။
မစ္စတာဆမတ်က အရင်တခေါက် မြန်မာပြည်က ပြန်လာတုန်းကလည်း မြန်မာစစ်ခေါင်းဆောင်တွေဟာ ဘာသာတရား အလွန်ကိုင်းရှိုင်းတဲ့ ပုဂ္ဂိုလ်တွေလို့ ပြောခဲ့တဲ့သူပါ။
တနေ့ကကျင်းပတဲ့ ကုလသမဂ္ဂ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာတော့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံးရဲ့ လက်ထောက်ပြောခွင့်ရပုဂ္ဂိုလ် မရီးအိုကဘဲ (Marie Okabe) ကို သတင်းထောက်တွေက မစ္စတာဂမ်ဘာရီ
ရဲ့ မြန်မာပြည်ခရီးစဉ် အခြေအနေတွေကို မေးခဲ့ကြပါတယ်။
"ကျမတို့အနေနဲ့ မစ္စတာဂမ်ဘာရီနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ခွင့်မရခဲ့တဲ့ ကိစ္စနဲ့ပတ်သက်ပြီး ဘာကြောင့်လဲဆိုတာကို ခန့်မှန်းပြောဆိုတာတွေ မလုပ်ချင်ပါဘူး။ဒါပေမယ့် မစ္စတာဂမ်ဘာရီဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အန်န်အယ်လ်ဒီပါတီနဲ့ ၂ ကြိမ်တွေ့ဆုံခဲ့ပါတယ်။ မြန်မာစစ်အစိုးရကိုရော အန်န်အယ်လ်ဒီပါတီကိုရောမစ္စတာ
"မစ္စတာဂမ်ဘာရီဟာ သူ့ရဲ့ခရီးစဉ် မပြီးသေးပါဘူး။ သူ ကုလသမဂ္ဂကို ပြန်ရောက်လာတဲ့အခါ သူ့ရဲ့ မြန်မာပြည်ခရီးစဉ်က ဘာတွေ အကျိုးအမြတ်ရခဲ့သလဲဆိုတာကို အတွင်းရေးမှူးချုပ်ကို တင်ပြဖို့ရှိပါတယ်။ အခြေအနေပေးရင် အတွင်းရေးမှူးချုပ်ကိုယ်တိုင်မြန်မာပြည်ကို နောက်တကြိမ် ပြန်သွားဖို့လည်း အစီအစဉ်ရှိပါတယ်"လို့ကုလ
ခဲ့ပါတယ်။
အခြေအနေအရပ်ရပ်ကိုသုံးသပ်ကြည့်မယ်ဆိုယင် ကုလသမဂ္ဂရဲ့မြန်
စစ်အုပ်စုရဲ့ခွင့်ပြုသလောက်ဘောင်ထဲမှာသာရှိပါတယ်လို့
တလျှောက်မှာနအဖတွေ့ခိုင်းတဲ့လူတွေနဲ့တွေ့သူတို့စိတ်တိုင်းကျရေးဆွဲထားတဲ့လမ်းပြမြေပုံကိုလိုက်နာ
ဖို့အတိုက်အခံတွေကိုပြောစတဲ့
လို့ဆိုရမှာပါ။ဒေါ်အောင်ဆန်းစုကြည်ခြံရှေ့မှာတော့ကလေးကလားသွားအော်ခေါ်လိုခေါ်၊နံရံမှာစာကပ်
လိုကပ်လုပ်ခဲ့ပေမယ့်တကယ်အဆုံးအဖြတ်ပေးနိုင်တဲ့ဦးသန်းရွှေနဲ့ကျတော့မတွေ့ခဲ့ရပါဘူး။ဒီလုပ်ရပ်တွေ
ွဟာသူသဘောနဲ့သူလုပ်ခဲ့တာလားနအဖအလိုကျလုပ်နေတာလားဆိုတာလဲစဉ်းစားစရာဖြစ်ပါတယ်။ဒါဟာ
သံတမန်တယောက်ရဲ့အဆင့်အတန်းနဲ့ဆိုဘယ်လိုမှသဘာဝမကျပါဘူး။
မြန်မာနိုင်ငံရဲ့အခြေအနေတွေကမောက်ကမဖြစ်လေစီးပွါးရေးအရအသာရလေဖြစ်နေတဲ့အိမ်
ကပြောဆိုချက်ဟာလဲမစ္စတာဂမ်ဘာရီရဲ့သဘောထားအမြင်အပေါ်ထင်ဟပ်ချက်လဲဖြစ်နိုင်ပါတယ်။
မစ္စတာဂမ်ဘာရီရဲ့လုပ်ဆောင်ချက်နဲ့သဘောထားဟာသူရဲ့ကိုယ်ပိုင်အမြင်နဲ့ဆောင်ရွက်ချက်ပဲလား။
ဒါမှမဟုတ်ကုလသမဂ္ဂရဲ့သဘောထားအမြင်တွေကိုထင်ဟပ်လုပ်ဆောင်နေတာလားဆိုတာစဉ်းစားစရာ
ဖြစ်ပါတယ်။
မစ္စတာဂမ်ဘာရီပဲဖြစ်ဖြစ်ကုလသမဂ္ဂပဲဖြစ်ဖြစ်ကျွန်တော်တို့နိုင်ငံရဲ့အရေးကိစ္စဆောင်ရွက်ရာ
လူထုတွေရဲ့တကယ့်လိုအပ်ချက်သဘောထားနဲ့ကင်းကွာနေမယ်ဆိုယင်တော့မြန်
တကယ့်လိုအပ်ချက်ကိုမျက်ကွယ်ပြုနေတဲ့အဲဒီမြန်မာ့အရေးဆောင်ရွက်ချက်တွေကိုပြန်သုံးသပ်သင့်
ပါပြီလို့ဆိုရတော့မှာဖြစ်ပါတယ်။



၁၉၉၈ ခုနှစ် သြဂုတ်လ၂၄ရက်နေ့ကလှည်းတန်းလမ်းဆုံပြည်မြန်မာ
(၁)ရက် ၆၀ အတွင်းလွတ်တော်ခေါ်ယူရေး
(၂)ဖမ်းဆီးထားသောကျောင်းသားများနှင့်နိုင်ငံရေးအကျဉ်းသားများပြန်လွတ်ပေးရေး
(၃)ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအမြန်ဆုံးအကောင်အထည်ဖေါ်ရေးဆိုတဲ့
တောင်းဆိုချက်၃ရပ်နဲ့ဆန္ဒပြခဲ့တဲ့ကျောင်းသားတွေကိုမတရားဖမ်းဆီးပြီး
ချမှတ်ခြင်းခံခဲ့ကြရပါတယ်။အချို့ကျောင်းသားတွေဆိုယင်အ
ချမှတ်ခြင်းခံခဲ့ရပါတယ်။တချို့ကကံကောင်းထောက်မ
အခုအချိန်အထိထောင်ဒဏ်ကျခံနေ
အဲဒီထဲကကျောင်းသားခေါင်းဆောင်ကိုသက်ဝင်းအောင်ဆိုယင်မတရားရိုက်
အတွက်ထောင်ထဲမှာပဲကွယ်လွန်ခဲ့ရပါတယ်။ကံကောင်းစွာလွတ်
နယ်စပ်တနေရာမှာ၁၀နှစ်ပြည့်အခမ်းအနားတခုကိုကျင်းပပြုလုပ်ခဲ့ကြပါတယ်။အဲဒီအခမ်းအနားကို ၁၉၉၈ ခုနှစ်ကျောင်းသားများ၊၁၉၈၈ကျောင်းသားဟောင်းများဖိတ်ကြားထားသူများနဲ့သတင်းဌာများတက်
ရောက်ကြပါ
၁၉၉၈ခုနှစ်ဆန္ဒပြပွဲမှာပါဝင်ခဲ့သူများကသူတို့ရဲ့တွေ့ကြုံခံစားခဲ့ရတာတွေ
ကို
တခုကတော့ပြောဆိုရှင်းလင်းကြသူများကလက်ရှိဖြစ်ပေါ်နေတဲ့နိုင်ငံရေးအခြေအနေများအပေါ်သုံးသပ်
ချက်များနဲ့ရှေ့လုပ်ငန်းစဉ်များကိုအလေးအနက်
ပြီးခဲတဲ့စက်တင်ဘာရွေဝါရောင်တော်လှန်ရေးကာလမှာဦးဆောင်သံဃာတော်
ပြည်တွင်းရှိသံဃာ့တပ်ပေါင်းစုရဲ့ခေါင်းဆောင်တဦးလဲဖြစ်တဲ့ဆရာတော်ဦးပညာဇောတကလည်းပြီးခဲ့တဲ့
ပြည်ပနိုင်ငံများကိုလိုအပ်သည်ထက်ပိုမိုအားမကိုးကြရန်ကို
အပြောင်းအလဲသည်ပြည်တွင်းအင်အားစုများ၏
အင်အားစုများကိုပိုမိုပံ့ပိုးဆောင်
ဆောင်ရွက်နိုင်ရေးအတွက်မျက်ခြေမပြတ်လေ့လာသုံးသပ်၍အဆင်သင့်လိုက်လျှောညီထွေဆောင်ရွက်
နိုင်ရေးသည်အရေးအကြီးဆုံးဖြစ်၍ပြည်တွင်းပြည်ပဆက်စပ်မှုရှိစေရေးတို့ကိုအလေးအနက်ဆွေးနွေး
သွားခဲ့ပါသည်။
ထိုအခမ်းအနားသည်ပုံမှန်ပြုလုပ်နေကျအောက်မေ့ဘွယ်အခမ်းအနား၊နှစ်ပါတ်လည်အခမ်းအနား
များနှင့်တမူခြားနား၍
ကြောင်းတင်ပြလိုက်ရပါတယ်။

ဂျိမ်းခနဲ့တခါးဆောင့်ပိတ်သံကြောင့်
ညနဲ့အတူကျနော်လန့်နိုးခဲ့ရတယ်
အဲဒါကျနော့်တခန်းကျော်ကိုရောက်လာတဲ့
ခင်ဗျားရဲ့ပထမညတိုက်ပွဲပေါ့
မျက်နှာမမြင်ရဘဲ
ရေချိုးခေါ်ထုတ်လာတဲ့ဒဏ်ရာများ
ရေကန်မှာခေါင်းစွပ်ဖြုတ်ပေးတော့မှ
ဒဏ်ရာမှာနာမည်တွဲပြီးလှမ်းမြင်ရတော့တယ်။
“ကျနော်အညတရနိုင်ငံရေးသမားလေးပါဗျာ”ဆိုတဲ့
ခင်ဗျားအပြော
“မင်းတို့ကြည့်ရတာသိပ်လေးလေးနက်နက်မရှိဘူး”ဆိုတဲ့
ခင်ဗျားရဲ့ကရုဏာဒေါသော
အမှတ်ရမိတယ်ဗျာ။
(၆)တိုက်ရှေ့ဖြတ်လျှောက်ရတိုင်း
အဖြူရောင်ပုဆိုးလေးသပ်သပ်ရပ်ရပ်ခင်းထားတဲ့
ခင်ဗျားရဲ့အနီရောင်အခန်းဖြူကို
ခေါင်းစွပ်အမမှာလှမ်းမြင်ရတယ်။
ဒဏ်ရာနဲ့လူရဲ့အခန်းငြိမ်
ရုံးထုတ်တော့
ကျနော်တို့ကိုခတ်ဖို့လက်ထိပ်မလုံလောက်ပေမယ့်
နှစ်အကြီးဆုံးထောင်ဒဏ်တွေချမှတ်ခဲ့ကြတယ်။
သူတို့က
ခင်ဗျားကိုသတ်ပစ်မှ
ကျောင်းသားတွေကိုသတ်ပစ်မှ
အနာဂတ်ရှိမယ်လို့ထင်ကြသူတွေကိုး၊
ခင်ဗျားတင်မက
ခင်ဗျားရဲ့ဈာပနကိုတောင်သူတို့အကျဉ်းချခဲ့ကြတယ်မဟုတ်လား။
ခင်ဗျားကတော့နှလုံးသားရေလည်အုံကြီးစုတ်ကွဲသွားတဲ့အထိ
ဒီခရီးထဲကိုမောင်းနှင်သွားနှင့်ပြီ။
အဝေးတနေရာကနေ
ဒဏ်ရာအပြည့်နဲ့ကျောပြင်တခုအတွက်
ဂျိမ်းကနဲ့သံတခါးပိတ်သံအတွက်
ကျနော်အမျှမဝေဖြစ်သေးဘူး။ ။
AMT(၁၉၉၈ကျောင်းသားဟောင်း)


ဗိုလ်မှူးအောင်လင်းထွဋ်ရဲ့ဆောင်းပါး
အမေရိကန် နိုင်ငံဆိုင်ရာ မြန်မာသံရုံး ယာယီတာဝန်ခံနဲ့ တပ်မတော် ထောက်လှမ်းရေးမှူး
အောင်လင်းထွဋ်က ထိုင်းဝန်ကြီးချုပ် ဆမတ် သိသာစေဖို့ ဆောင်းပါးကို
နအဖရဲ့ထိုင်းနိုင်ငံအပေါ်ထားတဲ့သဘောထားကိုဖေါ်ပြထား
ဒေါ်စုနှင့်တွေ့ရန် ဂမ်ဘာရီလက်ထောက်တို့ ခြံရှေ့တွင် ကြိုးစားနေပုံကို မြန်မာရုပ်မြင်က ထုတ်လွှင့်
ဓာတ်ပုံသတင်း
သြဂုတ် ၂၃၊ ၂၀၀၈
မြန်မာရုပ်မြင်သံကြားတွင် ယမန်နေ့က ဒေါ်စုခြံဝရှေ့တွင် တွေ့ဆုံရန် လာစောင့်နေသူ စစ်အာဏာပိုင် ၀န်ထမ်းများနှင့် ကုလအထူးကိုယ်စားလှယ်၏ လက်ထောက် ၂ ဦးတို့ ရုပ်ပုံများကို အစိုးရ ရုပ်မြင်က ထုတ်လွှင့်သွားသည်။ ကုလက တွေ့ဆုံရန်ကြိုးပမ်းခဲ့သည့် ထိပ်ပိုင်းစစ်ခေါင်းဆောင်တို့နှ
မစ္စတာဂမ်ဘာရီရဲ့ မြန်မာနိုင်ငံခရီးစဉ်နဲ့ ပတ်သက်လို့ မစ္စတာဂမ်ဘာရီဟာ သူတကယ်
လုပ်ရမယ့် ကုလသမဂ္ဂတာဝန်ပိုင်း၊ ကုလသမဂ္ဂရဲ့ ရပ်တည်မှုကနေ သွေဖည်နေပြီ၊
လမ်းလွဲနေပြီလို့ အမေရိကန်အခြေစိုက် မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့ US Campaign for
Burma ကနေ ထုတ်ပြန်ဝေဖန်လိုက်ပါတယ်။
ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလွဲလို့ ကျန်တဲ့
ဒီမိုကရေစီရေး အင်အားစုတွေ၊ နိုင်ငံရေးပါတီတွေ၊ လူထုအခြေပြု အဖွဲ့အစည်းအမှန်
တွေကို မတွေ့ဘဲ စစ်အစိုးရက စီစဉ်ပေးတဲ့အတိုင်းပဲ စစ်အစိုးရထောက်ခံသူတွေကိုပဲ
တွေ့ဆုံနေတဲ့အပေါ် USCB လို့ခေါ်တဲ့ အမေရိကန်အခြေစိုက် မြန်မာ့အရေးလှုပ်ရှားမှု
အဖွဲ့က ဝေဖန်လိုက်ပါတယ်။
"ဂမ်ဘာရီရဲ့ အဓိကတာဝန်က ဒီအဖွဲ့အစည်းတွေကြားထဲမှာ လွန်းပြန်တွေ့ဆုံပြီး
သုံးဘက်ပါဝင်တဲ့ ဆွေးနွေးပွဲတွေ ပေါ်ပေါက်လာဖို့၊ အဲဒီဆွေးနွေးပွဲတွေ မစနိုင်ခင်မှာ
တောင် ဒီသုံးဘက်ကြားမှာ အပြန်အလှန် နားလည်မှုတွေရအောင် ဆောင်ကြဉ်းဖို့ ဒါ
သူ့ရဲ့ အဓိကတာဝန်ပါ။ ဒါပေမယ့် မနေ့က သူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ခေါင်းဆောင်များနဲ့ တွေ့တဲ့အချိန်မှာ သူ့ဘက်က ပြောခဲ့တာကတော့ ၂၀၁၀
ရွေးကောက်ပွဲကို ဦးစားပေးပြီး ဒီရွေးကောက်ပွဲကို နအဖက သန့်သန့်ရှင်းရှင်းလုပ်ဖို့
သူတို့က တိုက်တွန်းမယ်။ တဖက်ကလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပါဝင်ဖို့
တိုက်တွန်းတာမျိုး လုပ်တယ်ဆိုတော့ သူ့ရဲ့လမ်းကြောင်းနဲ့ သူ့ရဲ့ ဆောင်ရွက်မှုတွေက
သူ့ကိုပေးအပ်ထားတဲ့ မူလတာဝန် ၀တ္တရားတွေကနေ လွဲမှားနေတယ်လို့ တွေ့ရတယ်။
ဒါကြောင့် အခုလို ဝေဖန်တာပါ။
"ပြီးတော့ မြန်မာနိုင်ငံမှာရောက်တာ ဒီနေ့ဆိုရင် ၄ ရက်ရှိသွားပြီ။ အဓိက ဒီမိုကရေစီ
အင်အားစုတွေနဲ့တွေ့ဆုံတာ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်များနဲ့
တွေ့ဆုံတာ မိနစ် ၂၀ ပဲရှိတယ်။ ကျန်တဲ့အချိန်တွေမှာ နအဖရဲ့ ကိုယ်စားလှယ်တွေ၊
နအဖရဲ့ အဆင့်နိမ့်အရာရှိတွေ၊ နအဖက တွေ့ခွင့်ပေးတဲ့ နအဖကိုထောက်ခံတဲ့ အဖွဲ့
အစည်းများနဲ့ တွေ့ဆုံတာလောက်ပဲ ရှိတယ်။"
ဒေါ်အောင်ဆန်းစုကြည်ဟာ အင်မတန်မှ တာဝန်သိတဲ့ အမျိုးသမီး
ခေါင်းဆောင်တယောက်ပါ။ ဂမ်ဘာရီနဲ့ တွေ့ဆုံရမယ့်ကိစ္စ အရေးကြီးတယ်လို့ သူ
နားလည်တယ်ဆိုရင် ဘယ်လောက်ပဲ ကျန်းမာရေး ချို့တဲ့နေပါစေ၊ သူ တွေ့ကိုတွေ့မှာ
ပါ။ သူ မတွေ့ဘူးဆိုရင်တော့ သူကိုယ်၌ကိုယ်က မစ္စတာဂမ်ဘာရီကို မတွေ့ချင်လို့။
"မတွေ့ချင်တဲ့ဟာမှာလည်း ဖြစ်နိုင်ချေက မစ္စတာဂမ်ဘာရီရဲ့ ဆောင်ရွက်ချက်တွေ
အပေါ်မှာ သူကိုယ်၌က သဘောမကျတာမျိုး ရှိနိုင်တယ်။ နောက်တခုက ကျနော်တို့
နားလည်သလောက် အမြဲတမ်း သူတောင်းဆိုခဲ့တာရှိတယ်၊ မစ္စတာဂမ်ဘာရီကို
တွေ့တဲ့အချိန်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စီအီးစီခေါင်းဆောင်များနဲ့ သူနဲ့ အတူ
တကွ တွေ့ဖို့၊ အဲလိုမှမဟုတ်ဘဲ စီအီးစီက သတ်သတ်တွေ့၊ သူက သတ်သတ်တွေ့ဆိုရင်
တော့ သူတို့ တဖွဲ့တစည်းတည်း ဖြစ်လင့်ကစား တိကျတဲ့၊ တူညီတဲ့အသံ ပေးနိုင်မှာ
မဟုတ်ဘူး။ အခုတခေါက်မှာတော့ အဲဒီလို အတူတကွတွေ့ခွင့်ရဖို့ တောင်းဆိုတာကို
နအဖက လက်မခံတဲ့အတွက် ဆန္ဒပြတဲ့အနေနဲ့ မတွေ့တာလည်း ဖြစ်နိုင်ပါတယ်။"
မစ္စတာဂမ်ဘာရီ မြန်မာပြည်ကိုလာတာ ၆ ခေါက်ရှိသွားပြီ။ ကိုဖီအန်နန်
လက်ထက်မှာ Under Secretary General ရာထူးနဲ့ ၂ ခေါက်ရောက်ခဲ့တယ်၊ မစ္စတာ
ရာဇာလီ ထွက်ပြီးခါစ။ အဲဒီနောက် ဘန်ကီမွန်းက ဆက်ပြီးတာဝန်ပေးတဲ့အတွက်
မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ်နဲ့ နောက်ထပ် ၄ ခေါက်၊ စုစုပေါင်း
၆ ခေါက်ရှိသွားပြီ။
"အဲဒီ ၆ ခေါက်စလုံးမှာ သူ့ရဲ့ လှုပ်ရှားမှုတွေက နအဖ စီစဉ်ညွှန်ကြားတဲ့အတိုင်းပဲ ဖြစ်နေ
ပြီးတော့ သူပြောသလိုဆိုရင် သူတွေ့ချင်တဲ့လူတွေနဲ့ မတွေ့ရဘူး။ သူ မတွေ့ချင်တဲ့
လူတွေနဲ့ တွေ့ရတယ်။ ကျနော်တို့မြင်တာကတော့ တွေ့ချင်တဲ့လူတွေနဲ့ တွေ့ခွင့်မရဖို့
နအဖက ဟန့်တားထားတယ်ဆိုရင် နအဖရဲ့ အပြစ်ပေါ့။ သို့သော်လည်း သူ့မှာ သူ
မတွေ့ချင်တဲ့လူကို မတွေ့ခွင့်တော့ ရှိမယ်ထင်ပါတယ်။ မတွေ့ချင်တဲ့လူကို မတွေ့ဖို့
ငြင်းဆန်ခွင့် သူ့မှာရှိလိမ့်မယ်လို့ ထင်ပါတယ်။ အခုလို သူ မတွေ့ချင်တဲ့လူတွေကို
တွေ့ပြီးတော့ အဲဒါကိုပဲ မြန်မာနိုင်ငံက လူထုလူတန်းစား အဖွဲ့အစည်းများနဲ့ တွေ့ပါတယ်
လို့ ကမ္ဘာကိုကြေညာတာကြတော့ အင်မတန်မှ လှည့်ဖျားရာရောက်ပါတယ်။"
"အထူးသဖြင့် မစ္စတာဘန်ကီမွန်းရဲ့ ရုံးကို လှုပ်ရှားဆောင်ရွက်မှုတွေနဲ့ ပတ်သက်ပြီး
မှန်မှန်ကန်ကန် ပြန်လည်သုံးသပ်ဖို့နဲ့ တကယ်လုပ်ရမယ့်အလုပ်၊ တကယ်ရွေ့ရှားရမယ့်
လှုပ်ရှားမှုတွေကို ပြတ်ပြတ်သားသား၊ မှန်မှန်ကန်ကန် ဆောင်ရွက်နိုင်ဖို့ ကျနော်တို့
ဆက်ပြီးတော့ ဖိအားပေးမှာပါ။ မူလ လမ်းကြောင်းမှန်ကို ပြန်ရောက်လာဖို့ ကျနော်တို့
ဝိုင်းဝန်းဖိအားပေးမှာပါ။"
USCB အဖွဲ့က အမှုဆောင်ညွှန်ကြားရေးမှူး ကိုအောင်ဒင် ရှင်းပြသွားတာ ဖြစ်ပါတယ်။
![]() |
| ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်အချို့။ မေ ၂၇၊ ၂၀၀၇။ |
သူတို့အခြေအနေကတော့ တနှစ်ပြည့်တဲ့ထိ ထိန်းသိမ်းခံထားရတာတောင် ခုချိန်ထိ
မရေမရာလို့ပဲ ပြောရမှာပါ။ အာဏာပိုင်တွေက သူတို့ကို ဖမ်းဆီးထိန်းသိမ်းခဲ့ချိန်တုန်း
ကလည်း ဘာပုဒ်မတွေတပ်ပြီး ဖမ်းမှန်းမသိ၊ နောက်ပိုင်းမှာလည်း ပုဒ်မတွေက တမျိုး
ပြီးတမျိုး ပြောင်းလာခဲ့တာဆိုတော့ ခုလက်ရှိမှာ ဘာပုဒ်မတွေတပ်ထားပြီး ဘယ်လိုတွေ
စွပ်စွဲထားတယ်ဆိုတာကို ရေရေရာရာမရှိ ဖြစ်နေပါတယ်။
ဒါ့အပြင် ရှေ့နေရှေ့ရပ်တွေနဲ့တွေ့ဆုံပြီး ဥပဒေအရ ကိုယ့်ကိုယ်ကို ခုခံချေပဖို့လည်း
ခုချိန်ထိ အခွင့်မရကြသေးပါဘူး။ သူတို့ကို စဖမ်းသွားကတည်းကိုက ခိုင်ခိုင်လုံလုံမရှိဘဲ
ဖမ်းသွားတာဖြစ်တဲ့အတွက် တရားရုံးတင်စရာမလိုဘဲ ဆက်ပြီး ထိန်းသိမ်းထားလို့ရ
အောင် ပုဒ်ထီးပုဒ်မတွေ အမျိုးမျိုးပြောင်း၊ နောက်ကွယ်ရမန်တွေ အကြိမ်ကြိမ်ယူပြီး
အကျဉ်းထောင်ထဲကနေ ထွက်လို့မရအောင်ကို လုပ်နေတာလို့ လူ့အခွင့်အရေးလှုပ်ရှား
သူတွေက ဝေဖန်ကြပါတယ်။
ဒါပေမယ့် ဒီလိုလုပ်နေတာဟာ နိုင်ငံရေးတွေ၊ လူ့အခွင့်အရေးတွေအရ မဆိုထားနဲ့၊
နိုင်ငံတွင်း လက်ရှိကျင့်သုံးနေတဲ့ ဥပဒေ လုပ်ထုံးလုပ်နည်းတွေအရကို တရားမ၀င်ပါဘူး
လို့ အခိုင်အမာပြောသူကတော့ BLC မြန်မာနိုင်ငံရှေ့နေများကောင်စီရဲ့ အဖွဲ့ဝင်၊ အာရှ
လူ့အခွင့်အရေးကောင်စီမှာ မြန်မာ့အရေး ကိုင်တွယ်ဆောင်ရွက်သူ ရှေ့နေ
ဦးမင်းလွင်ဦးပါ။
"ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေမှာ ပြဋ္ဌာန်းထားတာက ရှင်းရှင်းလေးပါ။ လူတဦး
တယောက်ကို ဖမ်းမယ်ဆိုရင် စုံစမ်းစစ်ဆေး မေးမြန်းပြီးတော့ တရားစွဲဖို့ အကြောင်း
အရာတွေ ပေါ်ပေါက်တယ်ဆိုရင် တခါတည်း ရုံးတင် တရားစွဲဖို့ ထိုက်သင့်တဲ့ရက်
ပေးထားတယ်။ အလွန်ဆုံးပေးထားတာကတော့ ၂၈ ရက်ဖြစ်တယ်။ အဲဒါမှ မစွဲတင်နိုင်
ဘူးဆိုရင် ဒီလူကို လွှတ်ရမှာဖြစ်တယ်။ အခုလုပ်နေတာက လူကိုဖမ်းထားပြီးတော့မှ
သက်သေအထောက်အထား ခိုင်လုံအောင်ဆိုပြီး လိုက်စုနေတာက ပြစ်မှုဆိုင်ရာ
ကျင့်ထုံးဥပဒေမှာ ပြဋ္ဌာန်းထားတဲ့ ပြဋ္ဌာန်းချက်တွေနဲ့လည်း ဆန့်ကျင်တယ်၊ သက်သေ
ခံဥပဒေမှာ ပြဋ္ဌာန်းထားတဲ့ ပြဋ္ဌာန်းချက်တွေနဲ့လည်း ဆန့်ကျင်တယ်ဆိုတာကို ကျနော်
ပြောချင်ပါတယ်။"
အခုထိန်းသိမ်းခံထားရတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေဟာ အခုတကြိမ်
မှာမှ ထောင်နဲ့ယဉ်ပါးရသူတွေတော့ မဟုတ်ပါဘူး။ ဒီမိုကရေစီတောင်းကြတယ်ဟေ့
ဆိုကတည်းကိုက မရှေးမနှောင်း အဖမ်းခံခဲ့ကြရပြီး ပထမဆုံးအကြိမ် ထောင်သက်တမ်း
အနည်းဆုံးနေခဲ့ရဖူးသူက ၇ နှစ်ပါ။ ကိုမင်းကိုနိုင်ဆိုရင်တော့ ၁၅ နှစ်ကျော် ကြာခဲ့ပါ
တယ်။ အဲဒီကနေ ပြန်လွတ်လာပြီးနောက်ပိုင်း မနှစ် သြဂုတ်လ အဖမ်းမခံရခင် ကြားထဲ
မှာလည်း တော်ကြာ လာခေါ်သွားလိုက်၊ ရက်ပိုင်း လပိုင်းကြာလိုက်၊ ပြန်လွတ်လာလိုက်၊
တော်ကြာ ပြန်ခေါ်သွားလိုက်နဲ့ အင်းစိန်ထောင်၊ ရဲအချုပ်ခန်းနဲ့ စစ်ကြောရေးစခန်းတွေ
ကို အိမ်ဦးနဲ့ကြမ်းပြင်လို သွားလာနေခဲ့ရသူတွေပါ။
သူတို့စိတ်ဓာတ်တွေက မာကျောဆဲ၊ ခိုင်မာဆဲ ဒီမိုကရေစီရေးအတွက် မဆုတ်မနစ်
ရှိဆဲပဲလို့ သူတို့ကို အလျဉ်းသင့်သလို ထောင်ဝင်စာတွေ့ခွင့်ရတဲ့ မိသားစုတွေက
ပြောကြပေမယ့် အခုလောက် ထောင်ထဲ ၀င်လိုက်ထွက်လိုက် လုပ်နေရသူတွေအဖို့
သူတို့ခန္ဓာကိုယ်တွေကတော့ ချို့ယွင်းမှုရှိလာတာပါပဲ။
ဥပမာအားဖြင့်ဆိုရင် ကိုမင်းကိုနိုင်ဟာ မျက်လုံးဝေဒနာ၊ နှလုံးရောဂါနဲ့ ခြေထောက်
နာကျင်ပြီး လမ်းလျှောက်မရတဲ့ ဝေဒနာတွေကို ခံစားနေရပါတယ်။ ကိုမြအေးဆိုရင်
လည်း နှလုံးရောဂါခံစားနေရပြီး ကိုလှမျိုးနောင်ကတော့ မျက်စိဝေဒနာပြဖို့ မျက်စိ
ဆေးခန်း ရောက်နေချိန်မှာ အဖမ်းခံရ၊ စနစ်တကျ ဆက်ပြီး ကုသခွင့်မရခဲ့တဲ့အတွက်
ပထမမျက်စိတလုံး ကွယ်ခဲ့ရ၊ ဆက်ပြီးတော့လည်း ကုသခွင့်မရပြန်တာကြောင့် နောက်
မျက်စိတလုံးပါ ကွယ်ရတော့မယ့် အလားအလာနဲ့ ရင်ဆိုင်နေရပါတယ်။
မနှစ်က ဒီအချိန်မှာ အဖမ်းခံလိုက်ရသူ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ၁၃ ဦး
အရင်ကျခံခဲ့ရတဲ့ ထောင်သက်တွေကိုပဲ ပြန်တွက်မယ်ဆိုရင်တောင် စုစုပေါင်း နှစ် ၁၄၀
နဲ့ တလ ရှိနေပါပြီ။
ပြီးခဲ့တဲ့နှစ် သြဂုတ်လ အခုလိုရက်ပိုင်းတွေက လောင်စာဆီဈေးနှုန်းတွေ တိုးမြှင့်လိုက်
ပြီးတဲ့နောက် ပြည်သူလူထု စားဝတ်နေရေး ကျပ်တည်းလာတာကို ပေါ်လွင်ထင်ရှား
စေချင်တဲ့အတွက် ၈၈ မျိုးဆက်ကျောင်းသားတွေက စီတန်း လမ်းလျှောက်ခဲ့ကြပါ
တယ်။ အဲဒါပြီးတဲ့နောက်မှာ သူတို့တွေကို ဖမ်းဆီးထိန်းသိမ်းလိုက်တာပါပဲ။