Burma's longest serving political prisoner, veteran journalist U Win Tin has been released from detention on Tuesday.
The 78-year-old journalist U Win Tin, who had been detained for more than 19 years, was among the 9002 prisoners that Burma's military government released on Tuesday.
Win Tin has reportedly arrive the resident of his long-time friend Maung Maung Khin, who frequently visited him while he was in detention.
Beside Win Tin, May Win Myint, an elected Member of Parliament (MP) in 1990 from Mayankone Township and Taungoo MP Aung Soe Myint, were also included among the release, Nyan Win, spokesperson of the National League for Democracy said.
So far the following political prisoners are confirmed to have been released:
Veteran Journalist U Win Tin from Insein Prison
Captain Win Htein, in-charge of Daw Aung San Suu Kyi's office members
Khin Maung Swe, elected MP from San Chaung Township
Daw May Win Myint, elected MP from Mayankone Township
Aung Soe Myint, elected MP from Taungoo
Aye Thein, member of the National League for Democracy, Thabeikkyin Township
ထောင်တွင်း ၁၉ နှစ်ကျော်ကြာ နေခဲ့ရသူ သတင်းစာဆရာကြီး ဦးဝင်းတင်လွတ်မြောက်ပြီ | | |
| | အင်္ဂါနေ့၊ စက်တင်ဘာလ 23 2008 12:49 - မြန်မာစံတော်ချိန် |
အကျဉ်းထောင်မှ လွတ်မြောက်လာသူ သတင်းစာဆရာကြီး ဦးဝင်းတင် အကျဉ်းထောင်အတွင်း ၁၉ နှစ်ကျော်ကြာနေခဲ့ရပြီးနောက် သတင်းစာဆရာကြီး ဦးဝင်းတင်သည် ယနေ့ အင်္ဂါနေ့ ညနေတွင် လွတ်မြောက်လာပြီဖြစ်သည်။
စစ်အစိုးရ၏ အဓိက အငြိုးထားခြင်းခံရသူ အသက် ၇၈ နှစ်အရွယ် ဦးဝင်းတင်သည် ယနေ့ လွှတ်ပေးသော အကျဉ်းသား ၉၀၀၂ ယောက်တွင် ပါဝင်ခဲ့ခြင်းဖြစ်သည်။
ဦးဝင်တင်သည် ယခုအချိန်တွင် သူ၏မိတ်ဆွေရင်း ဦးမောင်မောင်ခင်၏ နေအိမ်တွင် ရောက်ရှိနေပြီဖြစ်သည်။
မရမ်းကုန်းမြို့နယ် ပြည်သူ့လွှတ်တော်အမတ် မေ၀င်းမြင့်နှင့် တောင်ငူလွှတ်တော် အမတ်ဦးအောင်စိုးမြင့်ဦး တို့ကိုလည်း စစ်အစိုးရက လွှတ်ပေးခဲ့သည်ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ပြောသည်။
ယခုအချိန်အထိ အတည်ပြုနိုင်သော လွတ်မြောက်လာသူများမှာ
- အင်းစိန်ထောင်မှ သတင်းစာဆရာကြီး ဦးဝင်းတင်
- ဒေါ်အောင်ဆန်းစုကြည်၏ ရုံးအဖွဲ့ တာဝန်ခံ ဗိုလ်ကြီးဝင်းထိန်
- စမ်းချောင်းလွှတ်တော်အမတ် ဦးခင်မောင်ဆွေ
- မရမ်းကုန်း လွှတ်တော်အမတ် ဒေါက်တာ မေ၀င်းမြင့်
- တောင်ငူလွှတ်တော်အမတ် ဦးအောင်စိုးမြင့်
- သပိတ်ကျင်းမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင် ဦးအေးသိန်း တို့ဖြစ်ကြသည်။
--------------------------------------
သူတို့ မှတ်ချက်
မိတ်ဆွေတဦးဖြစ်သူ ဦးလှဦး "ရောက်နေတာက ညနေ ၄ နာရီလောက်မှာ။ ထောင်က အာဏာပိုင်တွေက လိုက်ပို့တာ။ကျနော်က မနက်ကတည်းက သတင်းရတော့ ထောင်ကိုသွားတာ၊ အချုပ်ခန်းထဲမှာမရှိတော့ဘူးဆိုတာ သိတော့ အထဲဝင်ပြီး သွားစုံစမ်းမယ် လုပ်တာ ဦးဝင်းတင်ကအိမ်ရောက်နေပြီ။
"ရောက်ကတည်းက ခုစကားပြောနေတာ ၂ နာရီလုံးလုံး ရှိပြီ။ Non Stop စကား ပြောနေတာ။လူတွေက အများကြီးဘဲဗျာ။ သတင်းထောက်တွေလည်း ပါတယ်။ ကျနော်တောင် ထိန်းလို့မရတော့ဘူး။
"ကျန်းကျန်းမာမာပါဘဲ။ အားလုံး ကောင်းပါတယ်။ မျက်စိတော့ နဲနဲကုရမယ်။
"သူက အရမ်းတက်ကြွတာ။ ထောင်အဝတ်အစားကို မချွတ်သေးဘူး။ ချွတ်ခိုင်းလို့ကို မရဘူး။သူကသူ့ကိုယ်သူ ထောင်ကျလို့ သတ်မှတ်ထားတယ်တဲ့၊ အပြင်လူ မဟုတ်ဘူး တဲ့ အဲသလိုပြောနေတာ။"
ဝါရင့် နိုင်ငံရေးခေါင်းဆောင်တဦး ဖြစ်သည့် ဗိုလ်မင်းလွင် "ဝမ်းသာပါတယ်၊ နှစ်ရှည်ချခံ နေရတာလေ၊ လွတ်ပေးတဲ့အတွက် ကြိုဆိုပါတယ်၊ နောက်တခုကအမျိုးသား ပြန်လည်သင့်မြတ်ရေး အတွက်လည်း အထောက်အကူ ဖြစ်စေလိမ့်မယ်လို့ မျှော်လင့်တယ်၊ ဘာကြောင့်လဲဆိုတော့ အန်ကယ်တို့က နိုင်ငံရေး အကျဉ်းသားတွေ အားလုံး လွတ်မြောက်ဖို့အတွက် အကြံပြုနေတာပါ၊ တောင်းဆိုနေ တာပါ၊"
ကရင်အမျိုးသား အစည်းအရုံး ဗဟိုဌာန
သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗဒိုစောလှငွေ "ဦးဝင်းတင်တို့လိုပေါ့လေ။ တကယ့် ကျနော်တို့ တိုင်းပြည်ရဲ့ ဘယ်လိုခေါ်မလဲ။ ဒီ ပုဂ္ဂိုလ်တွေက စတိတ်မန်းပေါ့ဗျာ။ အင်မတန်မှကို တမျိုးသားလုံးရဲ့ အကျိုးအတွက် ကလဲတကယ့် ပညာရှင်ကြီးတွေ။ ဒီလို ပုဂ္ဂိုလ်မျိုးဟာ ဟိုနဂိုကတည်းက ချုပ်ကို မချုပ်သင့်၊ ဖမ်းကို မဖမ်းသင့်ပဲနဲ့ ကျနော်တို့က သူတို့ရဲ့ အကြံဥာဏ်တွေနဲ့ ကျနော်တို့ရဲ့ တိုင်းပြည် စည်းလုံးညီညွတ် အတွက် ကောင်းကြောင်းတွေ လုပ်သင့်တာပေါ့လေ။ နောက်ပိုင်းမှာလည်းပဲ ဒီပုဂ္ဂိုလ် ကို လွှတ်မယ်၊လွှတ်မယ်ဆိုပြီး မလွှတ်ပဲနဲ့ထားခဲ့တယ်။ သို့သော်လည်း အခုအချိန်မှာ လွှတ်လိုက်တဲ့အတွက်ကြောင့် ဒါကတော့ လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်ကို အလွန်တရာ နောက်ကျပြီးမှလုပ်တယ်လို့ပဲ ကျနော်တို့ ထင်တယ်။ ဘယ်လိုပဲ ဖြစ်ဖြစ်ပေါ့လေ။ ဒါက ဝမ်းမြောက်ဝမ်းသာစရာပါပဲ။ ပုဂ္ဂိုလ်ကြီးတွေရဲ့ အနစ်နာခံမှုတွေ အမျှော်အမြင်ကြီးမှုတွေနောက် စေတနာအမှန်နဲ့ ခိုင်မာတဲ့ ဒီ စိတ်ဓါတ်ရေးရာတွေကို ကျနော်တို့အင်မတန် လေးစားပါတယ်။ ဒီပုဂ္ဂိုလ်တွေကနေ ထွက်လာသလိုပဲအပြင်မှာလည်းပဲ ထွက်လာရုံသာမကဘူးပေါ့လေ။ ဒီပုဂ္ဂိုလ်တွေကို လွှတ်လိုက်တယ်ဆိုပြီးတော့ အသုံးချ ရုံလောက် နာမည်ပြပြီးတော့ ကမ္ဘာကို လှည့်စားဖို့။ တိုင်းပြည်ကိုလှည့်စားဖို့ လွှတ်လိုက်တဲ့ ပုံစံမျိုးမဟုတ်ဘဲနဲ့ ဒီပုဂ္ဂိုလ်ကြီးတွေဟာ တကယ့်ကို ကျနော်တို့ အမျိုးသား အကျိုးအတွက်ကို၊ တစ်တိုင်းပြည်လုံးအတွက်ကို သူတို့ စွမ်းအားရှိ သမျှဆောင်ရွက် နိုင်အောင် ဘာပဲဖြစ်ဖြစ် လက်ရှိ အစိုးရအနေနဲ့ တခါးဖွင့်ပေးသင့်တယ်။ အားပေး သင့်တယ်ပေါ့ အမျိုးသား စည်းလုံး ညီညွတ်ရေးကိုတည်ဆောက်တဲ့ လက္ခဏာ ကောင်း တရပ် အဖြစ်ပေါ့လေ။ ဆက်လက်ပြီးတော့ ဦးဆောင်အစိုးရသစ်အတွက် လက်တွဲဆောင် ရွက်ဖို့အတွက် ကျနော်တို့အနေနဲ့ မျှော်လင့်တယ်လို့ ကျနော်တို့က အဲဒီလိုပဲ ပြောချင်တယ်။" ထောင်မှတောင်းပန်ပြီးပြန်လွှတ်ပေးခဲ့ရသူ သံမဏိဒီမိုကရေစီဘက်တော်သားဦးဝင်းတင်
| ဦးဝင်းတင်သည်ထောင်မှမလွတ်မြောက်ခင်ကတည်းကစစ်အစိုးရကသက်ညှာသော အားဖြင့်ပြန်လွတ်မည်ကိုလုံးဝလက်မခံနိုင်သဖြင့်ဆေးရုံတက်၍မျက်စိခွဲစိတ်ရမည်ကို ပင်ငြင်းပယ်ထားခဲ့သူဖြစ်သည်။ ယခုပြန်လွှတ်ပေးမည့်အချိန်တွင်လည်းပြစ်ဒဏ်စေ့သဖြင့်လွှတ်ပေးခြင်းသာဖြစ်ရမည် ဟုပြတ်သားစွာတောင်းဆိုခဲ့သည်။ ထောင်အာဏာပိုင်များကအတင်းတောင်းပန်သဖြင့်ထောင်မှထွက်ရန်သဘောတူခဲ့ပြီး၊ ထောင်ဝတ်စုံချွတ်ပေးရန်ကိုမူငြင်းဆိုခဲ့သည်။ယခုချိန်ထိထောင်ဝတ်စုံကိုသာဝတ်ဆင် ထားပြီးသူ့အားလွှတ်ပေးသည့်ကိစ္စအပေါ်ရှင်းလင်းစွာသိရှိရခြင်းမရှိမခြင်းသူကိုယ်သူ ထောင်မှလွတ်မြောက်ခြင်းမရှိသေးဟုသာခံယူထားသည်ဟုပြောပါသည်။
|
No comments:
Post a Comment