ဒီသတင်းဆောင်းပါးဟာRFAရဲ့သတင်းဆောင်းပါးဖြစ်ပါတယ်။လက်ရှိဒီမို
ကရေစီရေးလှုပ်ရှားနေသူများအတွက်အလွန်အရေးကြီးတဲ့သတင်း
ဆောင်းပါးလို့Saffrontowardကမြင်ပါတယ်။ဒီလိုတန်ဘိုးရှိတဲ့သတင်း
ဆောင်းပါးမျိုးကိုဖေါ်ပြတဲ့အတွက်RFAကိုအလွန်ပဲကျေးဇူးတင်ရသလို
Saffrontoward ရဲ့အမြင်ကိုလဲပါဝင်ဆွေးနွေးလိုပါတယ်။
ဒါပေမယ့်ဖေါင့်မတူတဲ့အတွက်RFAရဲ့သတင်းဆောင်းပါးကိုဓါတ်ပုံဖိုင်အနေ
နဲ့ပဲဖေါ်ပြနိုင်ပါတယ်။ရှင်းလင်းသဲကွဲစွာဖတ်နိုင်ဖို့ဓါတ်ပုံပေါ်ကလစ်လိုက်ပါ။
Saffrontoward Group ရဲ့အမြင်
ကျွန်တော်တို့အနေနဲ့ဒီအခြေအနေတွေအပေါ်ဒီမိုကရေစီကျင့်သုံးမှုအား
နည်းခြင်းလို့ပဲသုံးသပ်ပါတယ်။ဘယ်လိုအခြေအနေပဲဖြစ်ဖြစ်မမေ့သင့်တဲ့
အချက်တခုကကျွန်တော်တို့ဟာဒီမိုကရေစီအရေးလှုပ်ရှားမှုအတွက်ရှေ့
ဆောင်လမ်းပြဖြစ်သင့်တယ်ဆိုတာပါပဲ။ဒီလိုဦးဆောင်နေသူတွေကိုယ်တိုင်
ကအမြင်မတူတိုင်းကွဲကြပြဲကြတဲ့လမ်းစဉ်ကိုပဲကျင့်သုံးနေကြမယ်ဆိုနောင်
အနာဂါတ်မှာဘယ်လိုဖြစ်လာမလဲဆိုတာအလေးအနက်စဉ်းစားသင့်ပါတယ်။
နောင်အနာဂါတ်မှာကျွန်တော်တို့ဟာကွဲပြားတဲ့တိုင်းရင်းသားလူမျိုးစုတွေ
အတူတကွပါဝင်တဲ့ဖယ်ဒရယ်ပြည်ထောင်စုနိုင်ငံတော်ကြီးထူထောင်ကြ
တော့မယ်။ဒီလိုသာအမြင်မတူကွဲပြားတိုင်းနှုတ်ထွက်ခြင်း၊သီးခြားအဖွဲ့ထူ
ထောင်ခြင်းနဲ့ကိုယ်ယုံကြည်ရာကိုကိုယ့်လမ်းစဉ်နဲ့လျှောက်လှမ်းခြင်းစတဲ့
အမှုအကျင့်တွေကိုဆက်ပျိုးထောင်နေမယ်ဆိုယင်တော့၁၉၄၈အလွန်
ကတောက်လောင်ခဲ့တဲ့ပြည်တွင်းစစ်မီးမျိုးတွေဟာတန်းနေတာပါပဲ။
ဒီလိုအဖြစ်တွေကြောင့်ပဲစစ်တပ်ဟာအင်အားကြီးထွားလာရတယ်။ဒီမို
ကရေစီခေါင်းဆောင်တွေဟာစစ်ခေါင်းဆောင်တွေကိုအားကိုးလာရ
တယ်။အဲဒီနောက်ဘယ်လိုဆက်ဖြစ်လာရတယ်ဆိုတာပြောပြစရာ
မလိုတော့ပါဘူး။
ကျွန်တော့်အနေနဲ့အဲဒီလိုဖြစ်တိုင်းReader digest ထဲက The best Advise
I'd ever hardဆိုတဲ့ကော်လံလေးကိုပြေးသတိရမိပါတယ်။ဆရာ
ဖေမြင့်ကလဲမဖြစ်နိုင်ဘူးဆိုတာသေချာပြီလားဆိုတဲ့အမည်နဲ့ဘာသာ
ပြန်ဘူးပါတယ်။ကျွန်တော်တို့အနေနဲ့ဒီမိုကရေစီလမ်းကြောင်းဆီချီတက်
တဲ့နေရာမှာအမြင်မတူရင်နှုတ်ထွက်နောက်တဖွဲ့ထောင်၊ဒါမှမဟုတ်လက်
နက်နဲ့ဖြေရှင်းကြမယ်ဆိုရင်တော့…ဒီသံသရာကြီးဟာလည်လို့မဆုံး
တော့မယ့်အပြင်ခေတ်အဆက်ဆက်စစ်အာဏာရှင်တွေကိုဆက်မွေး
ထုတ်တော့မလိုဖြစ်တော့မယ်။
အဲဒီတော့NLDလူငယ်များနဲ့ဒီမိုကရေစီလှုပ်ရှားသူအားလုံးကိုမေးချင်ပါတယ်။
တကယ်ပဲမဖြစ်နိုင်ဘူးဆိုတာသေချာပါပြီလား။တကယ်ပဲဒီမိုကရေစီနည်းလမ်း
ကျကျပါတီတွင်းမှာဖြေရှင်းဖို့နည်းလမ်းမရှိတော့ဘူးလား။
ဒါလေးတောင်မှမလွယ်ဘူးဆိုယင်တော့မတူကြွဲပားတဲ့လူမျိုးစုတွေစုစည်းနေ
ထိုင်ကြမယ့်ပြည်ထောင်စုနိုင်ငံတော်ကြီးဟာရွှေပြည်တော်မျှော်တိုင်းဝေးရ
ပါတော့မယ်လို့တင်ပြလိုက်ရပါတယ်။
D-Wave(Saffrontoward Group)
No comments:
Post a Comment