ဖတ်စေလိုသည့် ကဏ္ဍများ

12.08.2008

သတင်းပဒေသာ

မန္တလေး ဓာတ်ဆီဆိုင် မီးလောင် Print E-mail
မြင့်မောင်
သောကြာနေ့၊ ဒီဇင်ဘာလ 05 2008 14:20 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ မန္တလေးမြို့ အောင်ပင်လယ်ရပ် ၃၅ လမ်းထိပ်ရှိ ပုဂ္ဂလိက စက်သုံးဆီ အရောင်းဆိုင်တခု ယနေ့ နံနက်ပိုင်းက မီးလောင်ခဲ့သည်။

မေမြို့အထွက်လမ်းရှိ ပြည်ကျော် ဓာတ်ဆီဆိုင်တွင် နံနက် ၁၀ နာရီ ၄၀ မိနစ်မှ စတင်ကာ မိနစ် ၂၀ ခန့်အထိ ဓာတ်ဆီပေပါများ ပေါက်ကွဲလောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။

"အခုဟာက သူတဆိုင်ထဲ လောင်တာပါ။ ဆီပေပါ ၁၀ လုံးလောက် လောင်တာပါ။ လောင်တဲ့အထဲမှာ ကားတစီးလည်း ပါသွားတယ်" ဟု မန္တလေး ဗဟိုမီးသတ်ဌာနမှ တာဝန်ကျပုဂ္ဂိုလ်က မဇ္ဈိမကို ပြောသည်။

အောင်ပင်လယ်ရပ်ကွက်သည် လူနေအိမ်ခြေ ကျဲပါးကာ၊ ပုဂ္ဂလိက စက်သုံးဆီဆိုင်များ အများအပြားရှိသည်။

ယခုလ ၁ ရက်နေ့ကလည်း မွန်ပြည်နယ် မော်လမြိုင်မြို့ ဈေးကြီးအတွင်းရှိ ဆိုင်ခန်းများလည်း မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။
ဇာဂနာနှင့် နေဘုန်းလတ်တို့ ပူးတွဲ ဆိုက်ဘာဆု ရရှိ Print E-mail
မဇ္ဈိမသတင်းဌာန
ကြာသပတေးနေ့၊ ဒီဇင်ဘာလ 04 2008 17:12 - မြန်မာစံတော်ချိန်


ချင်းမိုင်။ ။ နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခံထားရသော လူငယ် ဘလော့ဂ်ဂါ ကိုနေဘုန်းလတ်နှင့် နိုင်ငံကျော် ဟာသသရုပ်ဆောင် ကိုဇာဂနာတို့ကို နယ်စည်းမခြား သတင်းသမားများအဖွဲ့ - RSF မှ ၂၀၀၈ ခုနှစ်အတွက် ဆိုက်ဘာ အတိုက်အခံဆုကို ပူးတွဲဆု ချီးမြှင့်ခံရသည်။
ရန်ကုန်တိုင်းရုံး လွှတ်တော်နေရာသို့ ရွှေ့ပြောင်းမည် Print E-mail
မဇ္ဈိမသတင်းဌာန
ကြာသပတေးနေ့၊ ဒီဇင်ဘာလ 04 2008 17:07 - မြန်မာစံတော်ချိန်


ချင်းမိုင်။ ။ ရန်ကုန်တိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီရုံးကို လက်ရှိ တည်နေရာ ကျောက်တံတားမြို့နယ် ဆူးလေလမ်းနှင့် ကမ်းနားလမ်းထောင့်ရှိ စုပေါင်းရုံး အဆောက်အဦမှ ပြည်လမ်းရှိ လွှတ်တော် အဆောက်အဦသို့ သီတင်းပတ် ၂ ပတ်အတွင်း အပြီးသတ် ရွှေ့ပြောင်းရန် နေပြည်တော်က ညွှန်ကြားထားသည်။

တအဖရုံးသည် လွှတ်တော် အဆောက်အဦတွင် ဇန်န၀ါရီ ၁ ရက်၊ ၂၀၀၉ ခုနှစ်မှစတင်၍ လည်ပတ် ဖွင့်လှစ်မည် ဖြစ်သည်။

ရန်ကုန်တိုင်း တရားရုံး၊ ရန်ကုန်တိုင်း ရဲရုံးတို့လည်း တည်ရှိခဲ့သည့် ယခင် အမေရိကန်သံရုံး အနောက်ဘက်ရှိ အဆောက်အဦဟောင်းမှာ ပုဂ္ဂလိကသို့ လွှဲပြောင်းရောင်းချမည် ဖြစ်သည့်အတွက် အစိုးရကို ပြန်အပ်ရမည်ဟု အစိုးရ သတင်းရပ်ကွက်က ပြောသည်။

Cartoon Maung Yit - The World is celebrating 60 year of human rights day and still Burmese are suffering 60 years of imprisonments for human rights
December 7th , 2008
Zaw Gyi

နိုင်ငံရေးနဲ့ စာပေအနုပညာ (၁၇)
ဆရာဇော်ဂျီ၏ ကဗျာ ၂ ပုဒ်
ထိန်လင်း
ဒီဇင်ဘာ ၇၊ ၂၀၀၈

မြန်မာပြည်ရဲ့ နိုင်ငံရေးသမိုင်းမှာ စာပေရဲ့ အခန်းကဏ္ဍက အရေးပါခဲ့သလို စာပေပညာရှင်တွေရဲ့ စာပေနဲ့ နိုင်ငံရေးဖြတ်သန်းမှုတွေကလည်း အရေးကြီးပါတယ်။ အမျိုးသားစာဆို၊ ပြည်သူ့စာဆိုအဖြစ် သတ်မှတ်ခြင်းခံရတဲ့ စာပေပညာရှင်တွေကတော့ တိုင်းပြည်နဲ့လူထုအတွက် စာပေတာဝန် အမျိုးသားတာဝန် ကျေသူတွေပဲဖြစ်ပါတယ်။ အဲဒီလို တာဝန်ကျေကြတဲ့ စာပေပညာရှင်တွေထဲမှာ ဆရာဇော်ဂျီလည်း ပါဝင်ပါတယ်။ ၁၉၂ဝ ပထမ ကျောင်းသားသပိတ် ပေါ်ပေါက်တဲ့အချိန်မှာ ဆရာဇော်ဂျီက ခုနစ်တန်းကျောင်းသားပဲ ရှိပါသေးတယ်။ ဒါပေမယ့် ဆရာနေထိုင်ရာ ဖျာပုံမြို့မှာ သပိတ်မှောက်တော့ အဲဒီသပိတ်ထဲ ဆရာလည်း ပါဝင်ခဲ့ပါတယ်။

အျပည့္အစုံသိုႛ ...
from our friends
စာပဒေသာ - အတွေးအမြင်
မိတ်ဆွေများထံမှ ပေးအပ်လိုက်သောအရာ
စိုးသင့်ဆွေ
ဒီဇင်ဘာ ၇၊ ၂၀၀၈

မိတ်ဆွေကောင်းဆိုတာ လောကမှာ တန်ဖိုးမဖြတ်နိုင်တဲ့ အရာပါ တဲ့။ ကမ္ဘာပေါ်မှာရှိတဲ့ သတ္တဝါများဟာ ရေသတ္တဝါတွေဖြစ်ဖြစ်၊ ကုန်းနေသတ္တဝါတွေပဲ ဖြစ်ဖြစ် မျိုးတူရာ စုပေါင်း နေထိုင်တဲ့ စရိုက်သဘာဝ ရှိကြတယ် မဟုတ်လား။

အျပည့္အစုံသိုႛ ...


- မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှု လူငယ်တွေရဲ့အမြင် (တိုက်ရိုက်လေလှိုင်း အစီအစဉ်)
click
- ပထမဆုံး ဗီယက်နာမ်နွယ် အမေရိကန်လွှတ်တော်အမတ် အရွေးချယ်ခံရ click
- နေတိုးစစ်ထရပ်ကားများကို ပါကစ္စတန်စစ်သွေးကြွများ တိုက်ခိုက်ဖျက်ဆီး click
- နိုင်ငံရေးအကျဉ်းသားတွေရဲ့ ရှေ့နေသုံးဦး တရားခွင်က မောင်းထုတ်ခံရ click
- ရွှေဝါရောင်တော်လှန်ရေးအတွင်း ဗကသပြန်လည်ဖွဲ့စည်းရေးအဖွဲ့ဝင် မဟန်နီဦးကို လားရှိုးထောင်ပို့ click
- စပါးဈေးကြောင့် လယ်စရိတ်မကျေတဲ့အတွက် ပဲခူးအနောက်ပိုင်းက လယ်သမားတွေ အခက်အခဲဖြစ် click
- သာစည်က လောင်းကစားဝိုင်း ဆက်လက်သောင်းကျန်းဆဲ click
- ထိုင်း-မြန်မာနယ်စပ် မဲဆောက်ဘက်မှာလည်း စက်ရုံတွေပိတ်လို့ မြန်မာအလုပ်သမားတွေ အလုပ်ပြုတ် click
- ခရစ်ယာန်ဘာသာရေးအဖွဲ့တွေရဲ့ နာဂစ်မုန်တိုင်း ကယ်ဆယ်ရေးလုပ်ငန်းတွေရဲ့ အခြေအနေ click
- အမေရိကန်နိုင်ငံရဲ့ စီးပွားရေးကျဆင်းမှုနဲ့ မြန်မာနိုင်ငံဆက်နွယ်မှု click
- ၁၉၇၄ ခုနှစ်က ဦးသန့်အရေးအခင်းအကြောင်း click
- ထိုင်းစစ်တပ်ရဲ့ လူထုဘက်က ရပ်တည်မှု အရေးပါပုံ ဆွေးနွေးချက် (တနင်္ဂနွေ ဆွေးနွေးပွဲ) click
- လူသားတွေရဲ့ အသက်ကယ်ဖို့ နိုင်ငံတကာက စွက်ဖက်သင့်လား click
- ပီပီပီတဖြစ်လဲ ဖုရားထိုင်း ပါတီခေါင်းဆောင်သစ်ခန့် click
- အိန္ဒိယက ပါကစ္စတန်ကို တိုက်ခိုက်မယ့်အလားအလာ click
- သာယာဝတီဆေးရုံ၌ ဆေးဝါး ကျပ်သိန်းတထောင်ဖိုး ပျောက်ဆုံး click
- စစ်တပ်ပိုင် သံမဏိစက်ရုံအတွက် အဓမ္မသိမ်းသည့်မြေ ဧကတထောင်ကျော်ပြီ click
- လောင်စာဆီဈေးကျသော်လည်း ကုန်ဈေးနှုန်းမကျ click
- ကိုပြုံးချိုအပါအ၀င် နိုင်ငံရေးအကျဉ်းသား ၆ ဦး ကော့သောင်းထောင်ရောက် click
- စစ်အစိုးရကို စိတ်ပျက်၍ မြန်မာပြည်ကိုမသွားဟု ကုလအကြီးအကဲပြော click
- မြန်မာနယ်စပ်တလျှောက် တရုတ်ဘက်က ခြံစည်းရိုးခတ် click
- ဒေါ်အောင်ဆန်းစုကြည်ကို ထပ်မံတွေ့ဆုံခွင့်ပေးရန် ရှေ့နေက ထပ်မံတောင်းဆို click
- ဦးဝင်းတင် ဆေးကုမှုခံယူနေရ click
- အမျိုးသားချင်းပြန်လည်သင့်မြတ်လိုပါက ဖွဲ့စည်းပုံကို ပြင်ဆင်ရန်လိုအပ် click
- သီးလေးသီးအဖွဲ့ အမေရိကားကို ရောက်ပြီ click
- အမေရိကားကို ရောက်ရှိနေတဲ့ သီးလေးသီးဆေးရောင်စုံအငြိမ့်အဖွဲ့ click
- မျှော်စင်ကျွန်းဖျော်ဖြေပွဲအကြောင်း ပြန်ပြောင်းပြောကြားခြင်း (ဂေါ်ဇီလာနဲ့ စကားလက်ဆုံ) click
- သံဃာ့အဖွဲ့အစည်းနဲ့ ဆောင်ရွက်မှုများ (၂) click
- ဆရာဇော်ဂျီ၏ ကဗျာ ၂ ပုဒ် (ဆောင်းပါး) click
- မိတ်ဆွေများထံ ပေးအပ်လိုက်သောအရာ (အတွေးအမြင်) click
- လက်ရေတပြင်တည်း (အသံလွှင့်ဆောင်းပါး) click
- အရှေ့ယွန်းက နေ၀န်းရှိရာ (၀တ္ထုတို) click
- အမှတ်တရ မိုင်ယာမီ (၁) (ခရီးသွားဆောင်းပါး) click

လျို့ဝှက်ပေါက်ကြားခဲ့သော ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦး မိန့်ခွန်း

လျို့ဝှက်ပေါက်ကြားလာခဲ့သော သဘောထား တင်းမာသော နအဖအဖွဲ့ဝင်တဦးဟု ကျော်ကြားသော ပြည်ထဲရေးဝန်ကြီး၏ ဌာနတွင်း မိန့်ခွန်းကို မဇ္ဈိမက လက်ခံရရှိခဲ့ရာ ပြန်လည်...

No comments:

Post a Comment