ဖတ်စေလိုသည့် ကဏ္ဍများ

2.15.2009

မြန်မာအလုပ်သမားများစုပေါင်းသန့်ရှင်းရေးလုပ်

ဖေဖေါ်ဝါရီ ၁၁

ယမန်နေ့က ထိုင်းနိုင်ငံ တောင်ပိုင်း ဖန်ငခရိုင် တခိုပါမြို့ နယ် ထလမု ကျေးရွာတွင်းရှိ လမ်းများကို THAPLAMU , PHANT NGA အလင်းတံခါး စာကြည့်တိုက်မှ ကြီးမှူး၍ ရပ်ကွက်တွင်း ရှိ ရေလုပ်သား ခေါင်းဆောင်များနှင့် ပူးပေါင်းကာ ရပ်ကွက် သန့်ရှင်းရေး လုပ်အားပေးခဲ့ ကြကြောင်းသိရသည်။

စာကြည့်တိုက် အဖွဲ့ဝင်များနှင့်အတူ ဝေါဗီးရှင်းနှင့် အမ်အက်(စ)အက်(ဖ) အဖွဲ့တို့ ပူးပေါင်း၍ လူအင်အား ၅၀ခန့် လုပ်အားပေးခဲ့ ကြသည်။ စာကြည့်တိုက် အတွင်းရေးမှူး ကိုအုန်းကြိုင် က “စည်းကမ်းမဲ့ အမှိုက် စွန့်ပစ်မှုတွေကို စနစ်တကျ ဖြစ်စေချင်တာရယ်၊ ကျမ္မာရေးကောင်းမွန် စေရန် အပါအ၀င် ရွာလူကြီးက ကျနော်တို့ စာကြည့်တိုက်က ကျင်းပတဲ့ ဟောပြောပွဲတို့ ပျော်ပွဲရွှင်ပွဲတို့ ကျင်းပခွင့် ပြုတာတွေ ကိုပါ ကျေးဇူးသိတတ်တဲ့ အနေနဲ့ လစဉ် လုပ်အားပေး သွားကြမှာ ဖြစ်ပါတယ်” ဟု ပြောသည်။

ထလမုရွာတွင် ရေလုပ်ငန်းကို အဓိက လုပ်ကိုင်ကြပြီး အခြား လုပ်ငန်းများ အပါအ၀င် မြန်မာ အလုပ်သမားပေါင်း ၂၀၀၀ ကျော်ခန့် ရှိသည်။ လမ်းများ တစ်လျှောက်တွင် အမှိုက်များ ကောက်ခြင်း ၊ ရေပုတ် မြောင်း များ ပြန်ဖေါ်ခြင်း များအပြင်၊ အမှိုက်များ စည်းကမ်းမဲ့ မပစ်ရန် သတိ ပေး ဆိုင်းဘုတ်များ ကပ်ခြင်းများကို နံနက် ၉နာရီမှမွန်းလွဲ၂နာရီ ထိလုပ်အားပေးခဲ့ကြသည်။
ကိုကျောင်သောင်းမှ ပေးပို့ပါသည်။


No comments:

Post a Comment