ဖတ်စေလိုသည့် ကဏ္ဍများ

3.09.2009

မျိုးဆက်သစ်လူငယ်များအစည်းအရုံး (Generation Wave)၏ လှုပ်ရှားမှုများ

မီးတိုက်ပွဲ ရေတိုက်ပွဲ ဆင်နွဲကြစို့  ပြည်သူတို့ ။

မြန်မာနိုင်ငံသား တိုင်းရင်းသားပြည်သူများ လက်ရှိကြုံတွေ့ ခံစားနေရသော ရေမီး မရရှိသည့် ဒုက္ခမှာ အခြေခံကျောင်းသားများ စာမေးပွဲရက်အတွင်း ပိုမိုဆိုးဝါးလာပါသည်။

ရေမီး ပုံမှန်မရရှိမှုကြောင့် မိဘပြည်သူများလည်း စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရာတွင် ပိုမိုကျပ်တည်းပြီး ဆုံးရှုံးနစ်နာကြရပါသည်။






















ထို့အပြင် လာလိုက်ပျက်လိုက် အမျိုးမျိုးပြောင်းလဲနေသော အင်မတန်ဆိုးဝါးသည့် မီးပေးစနစ်ကြောင့် ၀ါယာရှော့ခ်များ မကြာခဏဖြစ်ကာ မီးလောင်မှုများလည်း ဆက်တိုက်ဆိုသလို ပေါ်ပေါက်လျက်ရှိပါသည်။
































































ပြည်သူများအနေဖြင့် ယခုကဲ့သို့ အခြေခံစားဝတ်နေရေးကိစ္စဖြစ်သော ရေမီးကိုပင် ပြေလည်အောင်
ဖြေရှင်းမပေးနိုင်သော အာဏာရှင် စစ်အုပ်ချုပ်ရေးကို ဆက်လက်ငုံ့ခံ မနေပဲ ခေတ်ပြောင်း စနစ်ပြောင်း တော်လှန်ရေးတရပ်ဆင်နွှဲကြရန် အသင့်ပြင်ထားဖို့ လိုအပ်ပြီဖြစ်ကြောင်း Generation Wave (မျိုးဆက်သစ်လူငယ်များအစည်းအရုံး) မှ ပိုစတာလှုပ်ရှားမှု၊ နံရံဆေးမှုတ်လှုပ်ရှားမှုများကို မတ် လ (၇) ရက်က ရန်ကုန်မြို့တွင်းတွင် ပြုလုပ်ခဲ့ကြောင်း အသိပေးအပ်ပါသည်။

မျိုးဆက်သစ်လူငယ်များအစည်းအရုံး (Generation Wave)။
နစ်နေမန်းဘလော့မှ

No comments:

Post a Comment