ဖတ်စေလိုသည့် ကဏ္ဍများ

8.17.2009

မြန်မာ့သတင်း ကမ္ဘာ့သတင်း

ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ ရှေ့နေများ တွေ့ဆုံခဲ့

ဒေါ်အောင်ဆန်းစုကြည် နှင့်သူမရှေ့နေများ တွေ့ဆုံခဲ့စဉ် သူမက သူမအပေါ် ချမှတ်ထားသော စီရင်ချက်အပေါ် ဥပဒေကြောင်းအရ ဆက်လက် တုန့်ပြန်သွားရန် ပြောဆိုညွှန်ကြားခဲ့ကြောင်း သိရပါသည်။ ဒေါ်အောင်ဆန်း စုကြည်၏ ရှေ့နေများဖြစ်သော ဦးကြည်ဝင်း၊ ဦးဥာဏ်ဝင်း၊ ဦးလှမျိုးမြင့်၊ ဒေါ်ခင်ဌေးကြွယ်တို့နှင့် ၁၇ရက်နေ့ ညနေ ၄နာရီ မှ ၅နာရီ ၄၅မိနစ်အထိ တွေ့ဆုံခဲ့ရာတွင် ထိုကဲ့သို့ ပြောခဲ့ကြောင်းသိရပါသည်။

သူမ၏ရှေ့နေ ဦးကြည်ဝင်းက အဲဒီကိစ္စနဲ့ ပါတ်သက်ပြီး လျှောက်လဲချက် မူကြမ်းကို ရေးပြီး လာမယ့် ကြာသာ ပတေးနေ့ မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပြီး အတည်ပြုချက်ရယူသွားဖို့ ရှိတယ်လို့ပြောပြခဲ့ပါတယ်။

၎င်းက ဆက်လက်ပြောပြရာမှာ ဆီနိတ်တာ ဂျွန်ဝဘ်နဲ့ သူမတွေ့ဆုံခဲ့မှု အပေါ်မှာတော့ သူတို့ရဲ့ ရှေ့နေ လုပ်ငန်းနဲ့ သက်ဆိုင်မှု မရှိပါဘူး ။ သူတို့ရဲ့ တာဝန်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ညွှန်ကြားချက် အတိုင်း ဥပဒေကြောင်းအရ တုန့်ပြန်မှုအတွက် ဆောင်ရွက်ဖို့သာ ရှိတယ်လို့ ပြောခဲ့ပါတယ်။ သူမရဲ့ကျမ်းမာရေး အခြေအနေနဲ့ ပါတ်သက်ပြီး သူမဟာ ကျမ်းမာရေး ကောင်းမွန်ပုံ ရပေမယ့် သိသိသာသာ ပိန်သွားတယ်လို့ ပြောပြ သွားပါတယ်။

U.S. Sen. Jim Webb answers questions Sunday, Aug. 16, 2009, at a press conference in Bangkok, Thailand.

ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ် အရေးယူမှု တချို့ကို ရုတ်သိမ်းဖို့ရာ မကန့်ကွက်ဖူးလို့ သူခံစားမိတဲ့ အကြောင်း အမေရိကန်အထက်လွှတ်တော်အမတ် ဂျင်မ် ၀က်ဘ်က ပြောလိုက်ပါတယ်။



ဘန်ကောက်ရှိ တရုတ်သံရုံးရှေ့ ဆန္ဒပြပွဲ
ဓာတ်ပုံသတင်း
သြဂုတ် ၁၇၊ ၂၀၀၉ ယမန်နေ့က မြန်မာ့အရေး လှုပ်ရှားသူများ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ရှိ တရုတ်သံရုံးရှေ့သို သွားရောက်ပြီး မြန်မာ စစ်အစိုးရနှင့် ဂျွန်ယက်တော တို့ကို ဝေဖန် သရော် ထားသည့် ကာတွန်း ပိုစတာများ ကိုင်စွဲကာ ဆန္ဒပြကြသည်။ (ဓာတ်ပုံ-AP)

သတင်းထောက်တဦး၏ နာဂစ် ဒိုင်ယာရီ - ၉

သန်းစိုးလှိုင်

သြဂုတ် ၁၇၊ ၂၀၀၉

(နတ်သမီးကျွန်း၊ တလ အကြာ၊ အလောင်းများ တင်ရစ်နေဆဲ)

နာဂစ်နှင့် လူသား၏ ဂုဏ်သိက္ခာ

နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးသည့်နောက်တွင် မြန်မာနိုင်ငံတွင်သာမက နိုင်ငံတကာ၏ အမြင်တွင်လည်း စိတ်လက်မသက်မသာ ဖြစ်ခဲ့ရသည့် ကိစ္စရပ်ကြီး တခုရှိခဲ့သည်။ ထိုအဖြစ်အပျက်မှာ နာဂစ်မုန်တိုင်းဒဏ်ကြောင့် သေဆုံးသွားကြရသူများ၏ ရုပ်အလောင်းများ ရှာဖွေခြင်းနှင့် သဂြိုဟ်ခြင်းပင်ဖြစ်သည်။
အဴပည့္အစုံသိုႛ ...

ထိုင်းမြန်မာနယ်စပ်က မြေမြှုပ်မိုင်း နင်းမိတဲ့ ဆင်မ လမ်းလျှောက်နိုင်ပြီ
ဓာတ်ပုံသတင်း
သြဂုတ် ၁၇၊ ၂၀၀၉ ယမန်နေ့က ထိုင်းနိုင်ငံ၊ လန်ပမ်းခရိုင်ရှိ ဆေးရုံတွင် မိုတာလာ ဟု အမည်ရသည့် အသက် ၄၈နှစ် အရွယ် ဆင်မ တကောင် ခြေတု တဖက်ဖြင့် လမ်းလျှောက်နေပုံ။ မိုတာလာသည် လွန်ခဲ့သည့် ၁၀နှစ် က ထိုင်း-မြန်မာ နယ်စပ်တွင် မြေမြှပ်မိုင်း နင်းမိခဲ့ပြီး ရှေ့ ခြေထောက်တဖက် ဆုံးရှုံးခဲ့ရတယ်။ (ဓာတ်ပုံ-Reuters)

အမေရိကန် အထက်လွှတ်တော်အမတ်၏ ခရီးစဉ် မြန်မာ့နိုင်ငံရေးအတွက် မျှော်လင့်စရာမရှိ

မင်းနိုင်သူ / ၁၇ သြဂုတ် ၂၀၀၉
“သူ့ရဲ့ခရီးစဉ်ကြောင့် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအပါအ၀င် ဒီမိုကရေစီအရေး ပြောင်းလဲမှုတွေရှိလာနိုင်မယ်လို့ ကျနော်မထင်ဘူး။ မစ္စတာယက်တောကို အမေရိကန်နိုင်ငံကို ပြန်ခေါ်သွားနိုင်တာကိုလည်း သူ့ရဲ့ကြီးမားတဲ့ ဆောင်ရွက်နိုင်မှုလို့ ကျနော်မမြင်ပါဘူး။ အရင်ကတည်းက ကျနော်ပြောနေပါတယ်။ ဂျွန်ယက်တောကို ......”အပြည့်အစုံသို့
------------------------------------------------------------------------------------------------------------------------------
အမေရိကန်နိုင်ငံသား ပြစ်ဒဏ်မှ ကင်းလွတ်
ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်ကျခံနေရဆဲ

NEJ / ၁၇ သြဂုတ် ၂၀၀၉
“သူဟာ မလုပ်သင့်တာကို လုပ်ခဲ့တဲ့ အတွက် ၀မ်းနည်းစရာ ကောင်းပါ တယ်။ သူတပါးကို...”အပြည့်အစုံသို့
ဦးဝင်းတင် နှလုံးခုန်စက် တပ်ဆင်

မင်းနိုင်သူ / ၁၇ သြဂုတ် ၂၀၀၉
“အသေးစားခွဲစိတ်မှုပါ။ ထုံဆေးပဲ သုံးသွားတယ်။ ခွဲခန်းထဲက ပြန်ထွက်လာတော့...”အပြည့်အစုံသို့

သံဃာများ အရေးအခင်းစမည်ဟု သတင်းထွက်ပေါ်
ရန်ကုန်တွင် လုံခြုံရေးတိုးမြှင့်ချထား

မျိုးချစ်သူ/ ၁၇ သြဂုတ် ၂၀၀၉
“ကြားနေတာပဲ။ အဲဒီသတင်းကတော့ ထွက်နေတာ (၃) ရက်လောက်ရှိပြီ။ ရန်ကုန်မှာတော့ သံဃာအရေးအခင်းဖြစ်မှာ ကို ကြောက်နေတဲ့သူတွေ ရှိသလို....”အပြည့်အစုံသို့
တပြေးညီ စည်းကမ်းထားရန် စာပေစိစစ်ရေးကို
တောင်းဆို

အောင်ကျော်မိုး / ၁၇ သြဂုတ် ၂၀၀၉
“ဒါဟာ ဘာသဘောလဲဆိုပြီး အထောက်အထားတွေနဲ့တကွ တင်ပြကြတယ်။ ဗိုလ်မှူးတင့်ဆွေက သူတို့အမှားကို သူတို့သိတယ်။ ဒီတော့ သူ့ရဲ့ ...”အပြည့်အစုံသို့

ယက်ထောကို လွှတ်ပေးသည့်အတွက် မြန်မာလူထု မကျေနပ်

ယက်ထောကို လွှတ်ပေးသည့်အတွက် မြန်မာလူထု မကျေနပ်

မြန်မာနိုင်ငံသို့ ၃ ရက်ခရီးစဉ် သွားရောက်ခဲ့သော အမေရိကန် အထက်လွှတ်တော် အမတ် မစ္စတာ ဂျင်မ် ဝက်ဘ်နှင့်အတူ မစ္စတာ ဂျွန် ဝီလျံ ယက်ထောအား ပြန်လွှတ်ပေးလိုက်ပြီး

ကွာလာလမ်ပူ ထိန်းသိမ်းရေး စခန်းမှ မြန်မာများထွက်ပြေး

မလေးရှားနိုင်ငံ ကွာလာလမ်ပူ နိုင်ငံတကာလေဆိပ် Kuala Lumpur International Airport (KLIA) အနီးရှိ ထိန်းသိမ်းရေးစခန်းမှ မြန်မာရွှေ့ပြောင်းအလုပ်သမား ၂၈ ဦးသည် ယမန်နေ့

စီးပွားရေးပိတ်ဆို့မှု ရုတ်သိမ်းပေးရန် ဒေါ်အောင်ဆန်း စုကြည်တိုက်တွန်း သင့်သည်ဟု ဂျင်မ် ဝက်ဘ် ပြောခဲ့

အမေရိကန် အထက်လွှတ်တော် အမတ် မစ္စတာ ဂျင်မ် ဝက်ဘ်၏ မြန်မာပြည် ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်း စုကြည်နှင့် တွေ့ဆုံခဲ့စဉ် မြန်မာ စစ်အစိုးရအပေါ် အမေရိကန်နှင့် ဥရောပနိုင်ငံ

ဦးဝင်းတင် နှလုံး ခွဲစိတ်ကုသမှုခံယူရ

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ခေါင်းဆောင် တဦးဖြစ်သည့် ဦးဝင်းတင်သည် ယမန်နေ့က ရန်ကုန်ရှိ ပုဂ္ဂလိက ဆေးရုံတခုတွင် နှလုံးနှင့် ပတ်သက်၍ အသေးစား ခွဲစိတ် ကုသမှု

မြန်မာစစ်တပ် ခေတ်မီလက်နက်ငယ်များ တပ်ဆင်ပြီးစီး

မြန်မာစစ်တပ်တွင် လက်ရှိအသုံးပြုနေသော လက်နက်ငယ်များ နေရာ၌ ပိုမိုခေတ်မီသော လက်နက်ငယ်များဖြင့် ပြောင်းလဲအစားထိုး အသုံးပြုနေသည်ဟု သိရသည်။ အင်အားလေးသိန်း

ဒေါ်အောင်ဆန်းစုကြည် ပြစ်ဒဏ်လျှော့ရေး ဗီယက်နမ်နှင့်လာအို ကန့်ကွက်

ဒေါ်အောင်ဆန်းစုကြည်အပေါ် ချမှတ်ခဲ့သော ပြစ်ဒဏ် စီရင်ချက်ကို လျှော့ပေါ့ပေးရေးနှင့်ပတ်သက်ပြီး အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ထိုင်းနိုင်ငံက အဖွဲ့ဝင်နိုင်ငံများကို စာရေးအဆိုပြုခဲ့ရာ မြန်မာနိုင်ငံ၏ အရေးကို

No comments:

Post a Comment