ဖတ်စေလိုသည့် ကဏ္ဍများ
(Move to ...)
အတွေးအမြင်များကို ဖိတ်ခေါ်ခြင်း
Always welcome your advice
Saffron Group ၏ အသိပေးထုတ်ပြန်ချက်
About Saffron Mail Letter
▼
12.05.2009
ထိုင်းနိုင်ငံ ဘုရင်မင်းမြတ်၏ မွေးနေ့ပွဲ အခမ်းအနား မဲဆောက်မြို့တွင် ကျင်းပ
ထိုင်းနိုင်ငံ ဘုရင်မင်းမြတ်၏ ဂ၂နှစ်မြောက်မွေးနေ့ အခမ်းအနားကို ထိုင်းနိုင်ငံတဝှမ်းလုံးတွင် ကြီးကျယ် ခမ်းနားစွာ ကျင်းပခဲ့ပါသည်။ ဘန်ကောက်မြို့တွင် ကျင်းပသော မွေးနေ့ အခမ်းအနားကို ဘုရင်မင်းမြတ် ကိုယ်တိုင် ကြွရောက်ချီးမြှင့် ခဲ့ကြောင်း ထိုင်းတယ်လီဗီးရှင်း ဌာနများက ပြသခဲ့ပါသည်။
ထို့အတူ ထိုင်းမြန်မာ နယ်စပ်ဒေသ မဲဆောက်မြို့တွင်လည်း ထိုင်းဘုရင်မင်းမြတ်၏ မွေးနေ့ပွဲကို ယနေ့ည ၇နာရီက ထိုင်းမြန်မာ ချစ်ကြည်ရေးတံတားရှေ့ ထိုင်းဘုရင်နှင့် မိဖရားတို့၏ ရုပ်ပုံများ ထားရှိရာ နေရာတွင် ခမ်းနားစွာ ကျင်းပခဲ့ပါသည်။
ထူးခြားချက်တခုမှာ ထိုင်းနိုင်ငံသားများသာမက ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ Migrant school တခုဖြစ်သော CDC( Children Development Center ) မှ ဆရာဆရာမများနှင့် ကျောင်းသား တရာခန့်ပါ ဒေသ အာဏာပိုင်များ၏ ဖိတ်ကြားချက်အရ ပူးပေါင်းပါဝင်ခဲ့ပါသည်။
CDC School ကို မဲဆောက်မြို့ မယ်တော်ဆေးခန်း၏ တာဝန်ခံ ဆရာမကြီး ဒေါက်တာ စင်သီယာမောင်က ကျောင်းပညာရေးကော်မတီ ဥက္ကဌအဖြစ် တာဝန်ယူဆောင်ရွက်နေပြီး၊ ဆရာမန်းရွှေနှင်းက ကျောင်းအုပ်ကြီး အဖြစ် တာဝန်ယူထားပါသည်။
မနက်ဖြန် ဒီဇင်ဘာလ ၆ရက်နေ့တွင် ဆရာမကြီး ဒေါက်တာစင်သီယာမောင်၏ မွေးနေ့ အခမ်းအနားကို မယ်တော်ဆေးခန်းတွင် ကျင်းပသွားမည် ဖြစ်ကြောင်းသိရပါသည်။
ှSaffron Reporter
No comments:
Post a Comment
‹
›
Home
View web version
No comments:
Post a Comment