ဖတ်စေလိုသည့် ကဏ္ဍများ

5.16.2010

လကိုကြယ်ဖေါက် ထီးနန်းပျောက်

ဒီနေ့ညရဲ့ ကောင်းကင်ယံမှာ ထူးထူးခြားခြားဖြစ်နေတာက လနဲ့ကြယ် နီးကပ်စွာ ပေါ်နေတာပါ။ ကျွန်တော် တို့ရဲ့ ပြည်တွင်းသတင်းထောက်က ပြည်တွင်းမှာ ဒီညမှာသူမြင်ရတဲ့ ပုံလေးကို ရိုက်ကူးပြီး ပို့ပေးလိုက်တာပါ။ သူက ရှေးလူကြီး တွေကို မေးကြည့်တော့ ရှေးလူကြီးတွေက ဘုရင်တွေ ထီးနန်းကျတော့မယ့်အချိန်မှာ အဲဒီ လို အမှတ်အသားမျိုး ပေါ်တတ်တယ် လို့ဆိုပါတယ်။ အထူးသဖြင့် မင်းဆိုးမင်းညစ်တွေ ၊ ကံနိမ့်သွားတဲ့ မင်းတွေအတွက် သွေးထွက်သံယိုနဲ့ နိဂုံးချုပ်မယ့် နမိတ်လို့လဲ ဆိုပါတယ်။
ပုံလေးကိုကြည့်ရင်း နားလည်တတ်ကျွမ်းတဲ့ သူများကလဲ ပြောပြ ရှင်းပြပေးကြပါဦးနော့။
ကျွန်တော်တို့မေးတဲ့ လူကြီးတွေကတော့ ကောင်းကင် နက္ခတာရာတွေက ပြတဲ့နမိတ်ကို ယတြာချေလို့လဲ မရဘူး လို့ဆိုပါတယ်။ ဟိုတုန်းကမင်းတွေနဲ့ မတူပဲ ဘုန်းမရှိလို့ ဆင်ဖြူတော်မပိုင်တဲ့အခါ လေယာဉ်ကို ဆင်ဖြူတော် နာမည်တပ်စီးတဲ့ ဘုရင်ရှုးကြီးရဲ့ ပရောဟိတ်ကြီးများကကော ဘယ်လိုဖြေရှင်းကြဦးမလဲ ဆိုတာ စိတ်ဝင်စားစရာပါ။
Photobucket

No comments:

Post a Comment