မစ္စတာဂမ်ဘာရီနှင့် အန်အယ်လ်ဒီ ခေါင်းဆောင်ပိုင်း ဒုတိယအကြိမ် ထပ်မံတွေ့ဆုံခွင့်ရသည့် အတွက် အထိုက်အလျောက် ကျေနပ်အားရမှုရှိကြောင်း၊ ဗုဒ္ဓဟူးနေ့က ပထမအကြိမ် ဆွေးနွေးခဲ့ပြီး မစ္စတာဂမ်ဘာရီ နအဖထံ တင်ပြတောင်းဆိုမည့် အစီအစဉ် (၅) ရပ်ကိုပင် ယနေ့ ထပ်မံဆွေးနွေး ခဲ့သည်ဟု အန်အယ်လ်ဒီက ပြောသည်။
အန်အယ်လ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာဝင်းနိုင်က ရှင်းပြရာတွင် “ဟိုတနေ့က အဲ့ဒီကိစ္စတွေ ဆွေးနွေးဖို့ သိပ်အချိန်မရဘူးလေ။ ခုမှ စဆွေးနွေးတာပါ။ ဆွေးနွေးပွဲက မပြီးပြတ်သေးတော့ ဘာမှသတင်းမထုတ်ပြန်သေးဘူး။ ကျနော်တို့ နောက်ထပ်တွေ့ဖို့ အစီအစဉ်ရှိတယ်။ ဘယ်တော့ လည်းတော့မသိသေးဘူး။ အဓိကတော့ ဒီနေ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသား တွေလွှတ်ပေးရေးကို စဆွေးနွေးတယ်” ဟု ပြောသည်။
ဲပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့ကလည်း အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်များနှင့် မစ္စတာဂမ်ဘာရီတို့ တွေ့ဆုံခဲ့သော်လည်း အပြန်အလှန်ဆွေးနွေးခွင့် အပြည့်အ၀မရသဖြင့် အားရကျေနပ်မှုမရှိဟု အန်အယ်လ်ဒီက ပြောခဲ့သည်။
မစ္စတာဂမ်ဘာရီ၏ အစီအစဉ် (၅) ချက်မှာ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်း သားများအားလုံး ပြန်လွှတ်ပေးရေး၊ ဒေါ်အောင်ဆန်းစုကြည်နှင့် နအဖတို့အကြား တိုက်ရိုက် တွေ့ဆုံဆွေးနွေးနိုင်ရေး၊ တိုင်းပြည် ဆုတ်ယုတ်နေသည့် စီးပွားရေးအခြေအနေ အကူအညီ ပေးရန်၊ မစ္စတာဂမ်ဘာရီ၏ ကိုယ်စားလှယ် ရန်ကုန်၌ ထားရှိပေးရေးနှင့် လာမည့်ဒီဇင်ဘာ၌ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကိုယ်တိုင် မြန်မာနိုင်ငံ လာရောက်၍ မြန်မာနိုင်ငံရေးကိစ္စ ဆွေးနွေး ရန်တို့ဖြစ်သည်။
ကုလသမဂ္ဂကိုယ်စားလှယ်နှင့် ယနေ့ ထပ်မံတွေ့ဆုံသည့် အန်အယ်လ်ဒီ ခေါင်းဆောင်များမှာ ပါတီ ဥက္ကဋ္ဌ ဦးအောင်ရွှေ၊ အတွင်းရေးမှူး ဦးလွင်၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးညွှန့်ဝေ၊ ဦးသန်းထွန်း၊ ဦးစိုးမြင့်တို့ဖြစ်ကြသည်။ ယနေ့မွန်းလွဲ (၂) နာရီခန့်က အစိုးရဧည့်ဂေဟာ၌ ဒုတိယ အကြိမ် ထပ်မံတွေ့ဆုံခြင်းဖြစ်သည်။
Easter Sunday is almost here. What US stores will be open?
20 minutes ago

No comments:
Post a Comment