12.28.2008

တကယ်တန်ဖိုးရှိတဲ့လူ

ပခုံးနှစ်ဖက်ကြား

ခေါင်းပေါက်ကာမျှလူ

မေထုန်မှီအိပ်စား

ပျော်ပါးကာနေတဲ့လူ---

ကိုယ်အသက်ကိုမငဲ့ကွက်

တိုင်းပြည်အတွက်ပေးဆပ်ရဲတဲ့လူ---

သင်ဟာဘယ်လိုလူလဲ?

ရရစားစားမောက်ကြွားကြွားနဲ့ 

ပေတေတေဂျလေလိုက်တဲ့လူ---

ဘယ်သူသေသေငတေမာပြီးရော

ထင်ရာပြောပြီး

တိုင်းပြည်ဘဏ္ဍာထုတ်ယူခိုးသွား

ဝါးမျိုစားတဲ့လူ---

လူချင်းတူပေမဲ့

တန်ဖိုးချင်းမတူတဲ့လူ---

တိုင်းပြည်တော့နစ်မွန်းမခံ

ဒို့ တွန်းလှန်မယ်ဆိုပြီး

အသက်ကိုပေးဆပ်

ဘဝကိုတိုင်းပြည်အပ်

ကိုယ်ကျိုးမဖက်တဲ့လူ

လူတော့လူသင်ဘယ်လိုလူလဲ?

ကိုယ့်ကိုကိုယ်သေချာစွာမေး

ငါဟာငါ့အတွက်တန်ဖိုးမဲ့တဲ့လူ

ငါဟာငါ့အတွက်တန်ဖိုးရှိတဲ့လူ

ငါဟာငါ့မိသားစုအတွက်တန်ဖိုးမဲ့တဲ့လူ

ငါဟာငါ့မိသားစုအတွက်တန်ဖိုးရှိတဲ့လူ

ငါဟာငါ့မြို့ ရွာအတွက်တန်ဖိုးမဲ့တဲ့လူ

ငါဟာငါ့မြို့ ရွာအတွက်တန်ဖိုးရှိတဲ့လူ

ငါဟာငါ့နိုင်ငံအတွက်တန်ဖိုးမဲ့တဲ့လူ

ငါဟာငါ့နိုင်ငံအတွက်တန်ဖိုးရှိတဲ့လူ

ဒါပေမဲ့လူတော့လူ

ငါဟာဘယ်လိုလူလဲ

တကယ်တန်ဖိုးမဲ့တဲ့လူ

တကယ်တန်ဖိုးရှိတဲ့လူ

လူတော့လူဘယ်လိုလူလဲ?

ရဲရဲသာဖြေ-----

မလိမ်တန်းဖြေ-----

မညာတန်းဖြေ------

တွေဝေမနေနဲ့ ----

ငါလိုချင်တဲ့အဖြေမူ

လရေးနှစ်ချောင်းငင်လူ

တကယ်တန်ဖိုးရှိတဲ့လူ---------


တိုင်းပြည်အတွက် အသက်ကို ပေးဆပ်၊ ဘဝကို တိုင်းပြည်အပ်၊

ထက်မြက်တဲ့ တန်ဖိုးရှိတဲ့ လူများ ပေါ်ပေါက် နိုင်ကြပါစေ။

မင်းသုည

No comments:

Post a Comment