1.18.2009

CAC(BURMA) သတင်း ထုတ်ပြန်ကြေငြာချက်


ဒီမိုကရေစီ အရေးလှုပ်ရှားသူများနှင့် မြန်မာနိုင်ငံသားများ ခင်ဗျား


၂၀၀၉ စုစည်းလှုပ်ရှားမှုကော်မတီ၏ ချမှတ်ထားသောမူ ဖြစ်သည့် အတုအယောင် ရွေးကောက်ပွဲကို တိုက်ဖျက် ရန်အတွက် အဓိကကျသော လုပ်ငန်းစဉ်တရပ်အဖြစ် ၁၉၉၀ခုနှစ်တွင် ရွေးကောက် တင်မြှေက် ထားသော ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များ၊ ဒီမိုကရေစီအရေး လှုပ်ရှားသူ ခေါင်းဆောင်များ၏ ညီညွတ် ပြတ်သား သော ဦးဆောင်မှုတရပ် လိုအပ်နေသည်ဟု ကျွန်ုပ်တို့ ကော်မတီမှ အလေးအနက် ယုံကြည်ပါသည်။

ထို့ကြောင့် ကျွန်တော်တို့ ၂၀၀၉ စုစည်းလှုပ်ရှားမှု ကော်မတီမှ ဆောင်ရွက် လျှက်ရှိသော ၁၉၉၀ခုနှစ်တွင် ရွေးကောက် တင်မြှောက် ထားသော ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များ၊ ဒီမိုကရေစီအရေး လှုပ်ရှားသူ ခေါင်းဆောင် များကို လက်မှတ်ရေးထိုး တောင်းဆိုထားသည့် တောင်းဆိုစာအား ပြည်တွင်းပြည်ပမှ မဲဆန္ဒရှင်ပြည်သူများ၏ လက်မှတ်ပေါင်း ၃၀၀ကျော် နှင့်အတူ ဒဗ်ဗလင်သို့ အစည်းအဝေး တက်ရောက်မည့် ပြည်သူလွှတ်တော် ကိုယ်စားလှယ် ဦးခွန်မြင့်ထွန်း၏ လက်သို့ ပေးအပ်လိုက်ပြီး ဖြစ်ပါကြောင်း အသိပေး တင်ပြအပ်ပါသည်။

နောက်နောင်တွင်လည်း ပြည်သူလူထုများအား စစ်ကျွန်ဇာတ်သွင်းရန် နှင့် စစ်အာဏာရှင် စနစ်ကို ခိုင်မာစေရန် ဆောင်ရွက်နေသည့် နအဖတို့၏ ၂၀၁၀ အတုအယောင် ရွေးကောက်ပွဲအား တိုက်ဖျက်နိုင်မည့် နည်းလမ်း များကို ဆက်လက် အကောင်အထည်ဖေါ် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း အလေးအနက် အသိပေး ကြေငြာ အပ်ပါသည်။

ပြည်တွင်းပြည်ပရှိ ဒီမိုကရေအရေးလှုပ်ရှားသူများ၊ စစ်မှန်သော ဒိမိုကရေစီကို လိုလားသူများအနေဖြင့် ကျွန်တော်တို့နှင့် ပူးပေါင်း ဆောင်ရွက်၍ဖြစ်စေ မိမိတို့ သီးခြားအစီအစဉ် များဖြင့် ဖြစ်စေ ပြည်သူလူထုများ၏ အကျိုးအတွက် ၂၀၁၀ အတုအယောင် ရွေးကောက်ပွဲကို တားဆီး တိုက်ဖျက်သွားကြပါရန် အလေးအနက် တိုက်တွန်းတောင်းဆို အပ်ပါသည်။၂၀၀၉ စုစည်းလှုပ်ရှားမှုကော်မတီ အနေဖြင့် ဦးတည်ချက်တူညီသူများ အားလုံးနှင့် ပူးပေါင်း ဆောင်ရွက်သွားရန် အမြဲ အဆင်သင့်ရှိပါကြောင်း ကိုလဲ အသိပေးအပ်ပါသည်။

၂၀၁၀ အတုအယောင် ရွေးကောက်ပွဲသည် နအဖတို့၏ စစ်အာဏာရှင် စနစ် သက်တမ်းရှည်စေရေး အတွက် တခုတည်းသော ထွက်ပေါက်သာ ဖြစ်ပြီး၊ ပြည်သူလူထုများ အတွက်မူ ငရဲသို့ အဝင် တံခါးပေါက်သာ ဖြစ်ပါကြောင်း အသိပေး တင်ပြလိုက်ပါသည်။

“ထွက်ပေါက်ကိုသာ စဉ်းစားမနေပဲ ဖေါက်ထွက်ဖို့ ကြိုးစားကြ”

“အတုအယောင် ရွေးကောက်ပွဲကို တခဲနက် ဆန့်ကျင် တိုက်ပွဲဝင်ကြ ”

အလုပ်အမှုဆောင်အဖွဲ့

2009 Collective Action Committee (BURMA)

ဆက်သွယ် စုံစမ်းရန်နှင့် မိမိတို့ သဘောထား အမြင်များကို ပေးပို့ရန်အတွက်

cacburma@gmail.com သို့ ဆက်သွယ် နိုင်ပါသည်။

ပြည်တွင်းမှ ပေးပို့ထားသော လက်မှတ်အချို့





No comments:

Post a Comment