ပြောဆိုဆွေးနွေးမှူများဟာကာယကံရှင်များရဲ့ကိုယ်တိုင်အတွေးအမြင်များသာဖြစ်ပြီးကျွန်တော်တို့ရဲ့အာဘော်
မဟုတ်ကြောင်းအသိပေးအပ်ပါတယ်။
မည်သူမဆိုမိမိတို့အယူအဆအတွေးအမြင်များကိုပေးပို့နိုင်ပါတယ်။
သို့ 
ဗွီအိုအေ- ပေးစာပြန်စာ ကဏ္ဍ
16.08.08 နေ့ က တိုက်ရိုက်လေလှိုင်း အစီအစဉ်ကို နားထောင်ပြီး ကျွန်တော်အမြင်ကို စာရေးလိုက်ပါတယ်။
" အပြုတ်တိုက်ရေး " နဲ့  " တွေ့ ဆုံဆွေးနွေးရေး " ဆိုတာတွေသည် လမ်းစဉ် မဟုတ်ပါ။ လမ်းစဉ်အဖြစ် တသမှတ်တည်းခံယူကျင့်သုံးရမည့် အရာများ မဟုတ်ကြပါ။ ဒီမိုကရေစီရရှိရေးတိုက်ပွဲကာ
ဦးကျော်ဇံသာပြောတဲ့ လက်နက်စွဲအပြုတ်တိုက်ရေးကို လမ်းစဉ်အဖြစ်လိုက်နာကျင့်သုံးခဲ
ပြောတဲ့တွေ့ ဆုံဆွေးနွေးရေးကို လမ်းစဉ်အဖြစ် ကျင့်သုံးနေခဲ့ကြသည်မှာ အနှစ် ၂၀ ပင် ရှိနေပြီ၊ မအောင်မြင်သေးပါဟု ဆိုတာလည်း မှန်ပါသည်။
ဒီလိုဆိုရင် ကျွန်တော်တို့  ဒီမိုကရေစီတော်လှန်ရေးသည် လမ်းဆုံးနေပြီလား၊ ဘာကြောင့် ဒီလောက်ကြာပြီး မအောင်မြင်ကြရတာလည်း၊ ဘာတွေလွဲနေ၊ မှားနေ သလဲ၊ မသုံးသပ်ကြတော့ဘူးလား။
ဒီကနေ့  အခြေအနေအရ တွေ့ ဆုံဆွေးနွေးရေးကို ရှေ့ တန်းတင်ထားခြင်းသည် မှန်ကန်တယ်လို့  ထင်ပါတယ်။ ဒါပေမယ့် စစ်အစိုးရကို တွေ့ ဆုံဆွေးနွေးရေး စားပွဲကို ရောက်အောင်တွန်းပို့  ပေးနိုင်တဲ့ အခြေအနေတွေကို မဖန်တည်းနိုင်ဖြစ်နေပါတယ်။ ဒါဟာ အင်မတန်ခက်ခဲပါတယ်။ ခက်ပေမယ့် မဖြစ်နိုင်တဲ့ အရာတော့ မဟုတ်ပါဘူး။ ကျွန်တော့်အမြင်ကိုပြောရရင် စစ်အစိုးရနဲ့ ပါဝါတူဖို့ ကို အတိုက်အခံတွေဘက်က ကြိုးစားကြရပါလိမ့်မယ်။ တပြိုင်နက်တည်းမှာလည်း စစ်အစိုးရ အင်အားချိနဲ့ ဖို့ ၊ ထိတ်လန့် ကြောက်ရွံ့ ဖို့ လည်း
လုပ်ရပါလိမ့်မယ်။ စစ်အစိုးရမှာ စစ်အင်အား၊ လက်နက်၊ ငွေနဲ့  သူ့ ကို ဝိုင်းရံဖေးမနေတဲ့ နိုင်ငံတွေရှိတယ်။ ကျွန်တော်တို့ ဘက်မှာ Man Power လူထုအားပဲ ရှိပါတယ်။ လူထုအားဆိုတာကလည်း သုံးချင်သလိုသုံးလို့  မရနိုင်သလို လူထုအားသည်သာ ပဓါနဆိုတဲ့ ၁၉ ရာစုက အတွေးအခေါ်လည်း ခေတ်မမှီတော့ပါဘူး။
ဒီတော့ စစ်အစိုးရရဲ့ ပါဝါကို ယှဉ်ဖို့ က ကျွန်တော်တို့ မှာ မိတ်ဆွေကောင်းနိုင်ငံကြီးတခုကို ရှာဖို့ လို
ပါတယ်။ ဒါကတော့ အမေရိကန်ပေါ့ဗျာ။ သူ့ ဘက်က ထိထိရောက်ရောက်နဲ့  လိုအပ်တဲ့ ကူညီပံ့ပိုးမှု့ ရဖို့ ကတော့
ကျွန်တော်တို့  ပြည်ပရောက်ရောက်အတိုက်အခံအဖွဲ့ အစည်းများရဲ့ အရည်အချင်းပေါ်မှာပဲ မူတည်ပါတယ်။ ဒါမှမဟုတ် အကူအညီရအောင်လုပ်နိုင်တဲ့ တတိယ အင်အားစုတရပ်ပေါ်ပေါက်ဖို့  လိုပါတယ်။ အဲသည်လို စစ်အစိုးရနဲ့  ပါဝါတူ အကူအညီတခုကို ရပြီဆိုရင် စစ်အစိုးရသည် ဆွေးနွေးရေးစားပွဲကို မုချတက်လာရမှာ ဖြစ်ကြောင်း တင်ပြလိုက်ပါတယ်။
No comments:
Post a Comment