11.23.2008

မအိုနိုင်တဲ့“ခွပ်ဒေါင်းပျို”



(၂၀၀၈-၁၁-၁၁)

‘တစ်’လေးလုံးနေ့မှာ


‘ရှစ်’လေးလုံးခေါင်းဆောင်တွေခမျာ
ရှည်ကြာတဲ့ ထောင်ဒဏ်များ

မတရားခံစားစေတဲ့

မတရားသူကြီးတွေက

မတရားအမိန့်တွေ ပလူပျံလျက်

လက်သံတွေ ပြောင်လှ

တသက်စံစေ ထောင်ချ ၊ ။


နောင်တ ရစရာမလို

ထောင်ချတာကိုရင်ဆိုင်

မအိုနိုင်တဲ့ ‘ခွပ်ဒေါင်းပျို’များ

‘တွန်သံချို’အာဇာနည်တေးသားတွေ

ကမ္ဘာတည်ရေးသွားမဟေ့

အလေးထား မမေ့နဲ့ နအဖ ။ ။

နိုင်ငံရေးနည်းလမ်းကို

နိုင်ငံရေးနည်းလမ်းနဲ့မဖြေရှင်း


ဖိနှိပ်ခြင်း ခြိမ်းခြောက်ခြင်း ရက်စက်စွာ

လက်နက်သာအားကိုး

ဓားမိုးတဲ့ဥပဒေကို

အများအကျိုး ဥပက္ခာပြု ကျင့်သုံး ၊ ။

‘ဖိရင် ကြွမယ်’

‘ထိရင် ချမယ်’ နောက်မတွန့်


ကြောက်ရွံ့ခြင်းမှလွတ်ကင်းအောင်

ရှေ့ဆောင်ကာလမ်းပြ

တွေ့မရှောင်ပါ စွမ်းပကားနဲ့

မတရားတဲ့အမိန့်တွေစီမံလဲ

မတရားတဲ့အမိန့်တွေ ဖီဆန်ကာ

စစ်အာဏာရှင်စံနစ်ကို ဖြိုနိုင်မဲ့

မအိုနိုင်တဲ့ ‘ခွပ်ဒေါင်းပျို’ထုံး ။ ။

“ ၈၈ နှစ်မြောက် အမျိုးသားနေ့ အမှတ်တရ ”

ကြိုင်လှမောင်မောင်

၂၀၀၈-၁၁-၂၂

No comments:

Post a Comment