ကိုရင်မောင်ရေ
ကျုပ် အခုတလော စဉ်းစားနေမိတာလေးတွေရှိသဗျ။ ပြောရမယ့်လူတွေကလည်း အရှားသားဆိုတော့ ခင်ဗျားကိုအရင်ဆုံး သွားသတိရမိ တယ်ဗျို့ ။ ဒါ့အပြင် ကျုပ်စကားတွေဆို နားအညောင်းခံပြီး နားထောင်ပေးတဲ့သူတွေထဲမှာ ခင်ဗျားကထိပ်ဆုံးဆိုတော့ ခင်ဗျားကို အဦးဆုံးသတိ ရမိတာလည်းပါတာပေါ့ဗျာ။ နောက်ပြီး ခုဆို ခင်ဗျားတို့ ကျုပ်တို့ အသက်တွေကလည်း ၄ ဆယ်ကျော် ၅ ဆယ်တန်းတွေမို့ လား။ အင်း……. ဒီ အရွယ်ဟာ စကားပြောချင်တဲ့ ချဉ်ခြင်းစတက်တဲ့ အချိန်လို့ ထင်တာပါပဲ။ ပြောချင်တာလေးများ ပြောလိုက်ရရင် လူ့ ကို ချဥ့်ရဲလေးပြေလို့ ။ နေ သာထိုင်သာလည်း တယ်ရှိသကိုးဗျ။ ရွာ့ နောက်ပိုင်းသားတွေကတော့ ဒီအရွယ်မှာ ဘ၀စတာတဲ့။ ကျုပ်ကတော့ ဒီလိုမထင်ပေါင်။ ထားပါ တော့ဗျာ။ ဒါနဲ့  ဟိုတလောက ရွာ့သတင်းတခု ကြားလိုက်တယ်ဗျ။ ခင်ဗျားတို့ ကျုပ်တို့  သက်ငယ်သွားသွားရိတ်နေကျ သက်ငယ်ကျင်း နေရာတွေကို သူကြီးကသိမ်းပြီး သူ့  ဆွေမျိုးတွေ အတွက် ခြံကွက်ရိုက်လိုက်တယ်ဆို။ ဟုတ်လား။ အေးဗျာ ဒီသတင်းကြားတော့ ကျုပ်စိတ် တောင်မကောင်းဘူး။ နောက်ဆို ခင်ဗျားတို့  ဟိုး..တောင်ပေါ်တက်ပြီး အင်ဖက်ပဲတိုးရတော့မလိုပါလား။ အင်ဖက်က ပိုးထိုးလည်းမြန်ပါ ဘိသနဲ့ ။ သက်ငယ်လောက်လည်း ခံတာမဟုတ်ဆိုတော့ ….။ မတတ်နိုင်ဘူးဗျာ။ ခင်ဗျားတို့ မလည်း “ရှိတာလေးနဲ့  လှအောင်ဆင်” ဆိုတဲ့ အသင့်စပ်ပြီးသား အမွဲအားတိုးဆေးကြီးဘဲ ဆက်မှီဝဲနေရရုံသာရှိတော့မပေါ့။ သက်ငယ်ကျင်းတွေ အသိမ်းခံရတာကြားတော့ ကျုပ်စိတ်က ရွာက “သက်ငယ်တဲလေးတွေ” ဆီ ရောက်ရောက်သွားတယ်ဗျို့ ။ တဲ….. ဆိုလို့ ပြောရဦးမယ်။ အိမ်ထက်လည်းသေးပြီး ခနော်ခနဲ့ လည်းနိုင်ပုံရတဲ့ အိမ်ကလေးတွေကို၊ ဆောက်ရာမှာသုံးတဲ့ပစ္စည်းကိုလို
ကျုပ်ရွာမှာနေတုန်းက သူကြီးနဲ့ သူကြီးလူတွေကတဖက်၊ ကျုပ်ကတဖက် ပြဿနာတက်ခဲ့ပြီးနောက် ကျုပ်ကို သူကြီးက ပုလိပ်လက် ကိုအပ် အမှုဆင်ပြီးထောင်ထဲထည့်ခဲ့တာ ခင်ဗျားသိတယ်နော်။ ကျုပ်ကလည်း ခင်ဗျားသိတဲ့အတိုင်း စာတိုငညိုလို ကောင်လေ။ လူကသာ ဘာမှမဟုတ်တာ စာလေးကဗျာလေးတော့ နှစ်သက်တယ်ဗျ။ ကျုပ်ထောင်ထဲရောက်ရော ဆိုပါတော့ဗျာ။ ပဌမတော့ ထောင်ဆိုတာကို လန့်  တန့် တန့် ဗျ။ ဒါပေမယ့် ကိုရင်မောင်ရေ ထောင်ချခံရမှာလည်းသေချာနေပြီဆို
ထောင်ရှေ့ မှာ အချုပ်ကားကြီး ရပ်လိုက်တယ်ဗျာ။ ထောင်အပြင်မှာ ပေါက်တူးတွေဂေါ်ပြားတွေကိုင်ပြီး နေပူကြဲတဲကြီးထဲမှာ အလုပ် လုပ်နေတဲ ပုံစံအ၀တ်အစားနဲ့  ထောင်သားတွေ၊ ယူနီဖေါင်းဝတ် ထောင်ဝန်ထမ်းတွေ၊ ထောင်ဝင်စာတွေ့ ဖို့ တန်းစီစောင့်နေကြတဲ့လူတွေမှ တပုံကြီးရယ်။ အချုပ်ခန်းကျဉ်းကျဉ်းလေးနဲ့တော့
အပါးပါး…. ထုံးရောင်တွေနဲ့ မျက်စေ့တောင်ကျိန်းတယ်။ ရေနံချေးရောင်၊ နီစွေးစွေးအုတ်ရောင်တွေနဲ့ တဖက်တချက်မှာ သစ်ပင် ပန်းပင်တွေအလှစိုက်ထားတဲ့ လမ်းမကျယ်ကြီး။ လမ်းမကြီးကလည်း သန့် ရှင်းသလားမမေးနဲ့  ကျုပ်တို့ ကောက်ပြန့် ထားတဲ့ တလင်းထက် တောင်သန့် သေး။ တိတ်လို့ ဆိတ်လို့  ဒီထဲမှာ လူတွေသောင်းချီပြီးနေတာလို့ ကျိန်ပြောတောင်မယုံဘူး။ ထားပါတော့ ဗူးတံခါးလေးက ထွက် လိုက်တာနဲ့  “ဆဌမ” မြောက် စက်ဝိုင်းခြမ်းပုံသံတံခါးတထပ်။ အဲဒါကိုကျော်တော့ မော်စကိုလမ်းမကြီးလို့ ကျော်ကြားတဲ့ မိန်းဂျေးလ် လမ်းမ ကြီးက၀င်တဲ့ အ၀င်တံခါးတချပ်။ သံတခါးပါဘဲ၊ “သတ္တမ” မြောက်ပေါ့နော။ ကျုပ်က ခပ်တည်တည်ပဲ အဲဒီတံခါးကိုကျော်တော့ လမ်းမကြီးပေါ်တက်မလို့ လုပ်တုန်းရယ်၊ နောက်ကနေ “ဟေ့ကောင်အဲဒါမင်းတို့ လျှောက်ဖို့ မဟုတ်ဘူး၊ ဘေးဆင်းလျှောက်” ဆိုတဲ့ အသံ ထွက်လာတော့မှ လမ်းမကြီးရဲ့ ဘေးမှာ နှိမ့်ထားတဲ့ လူ(၂) ယောက်စာသွားသာရုံ လမ်းကျဉ်းလေးတွေ့ တယ်။ တော်သေးတယ် ကိုရင်မောင်ရေ့ ။ နို့ မို့ ဆို အတွယ်များခံရဦးမလားမသိပါဘူး။ ကျုပ်က သိမှသိဘဲ။ သူတို့ လည်း ကြိုပြောထားတာမဟုတ်။ ဒီလိုနဲ့ လမ်းမကြီး ရဲ့ ဘေး ထောင်အတွင်းနံရံနားကပ်ပြီး လျှောက်လာလိုက်တာ ကိုက် ၁၅၀ ကျော်လောက်ရှိမယ်မှတ်တယ်။ နောက်က “ရပ်” ဆိုလို့ ရပ်လိုက် ရတယ်။ ထောင်ဝါဒါ အကြပ်ကြီးက ကျုပ်ရှေ့ ကျော်တက်ပြီး ညာဖက်နံရံမှာ ဖေါက်ပြီးတပ်ထားတဲ့ လူဝင်ပေါက်တံခါးကနေ အတွင်းကို ချောင်းကြည့်တဲ့ပြီး “ ၅- ည အသစ်” လို့ အော်လိုက်တယ်။ ခနလေးနေတော့ “အဌမ” မြောက် တံခါးပွင့်လာပြီး ထောင်ဝတ်စုံနဲ့ ထောင်သား တစ်ယောက်ပေါ်လာတယ်။ “တိုက်ရုံးသွားမယ်နောက်ကလိုက်ခဲ
လူဟာစကားပြောတဲ့ အကောင်လေဗျာ။ မပြောရရင်တွေးတာပေါ့။ မတွေးနဲ့ လို့ ဘယ်သူကလာတားလို့ ရမှာတုန်း။ တွေးတာပေါ့။ သူများတွေတော့ ဘာတွေးလည်းမသိဘူး။ ကျုပ်ကတော့ ဒီနေ့ ဖြတ်လာခဲ့တဲ့ တံခါးတွေအကြောင်းတွေးတယ်။ တံခါးဘာလို့ ရှိရတာလဲ။ တံခါးဆိုတာဘာလဲ။ တံခါးရဲ့ အဓိပ္ပါယ်ဘာလဲ။ တံခါးမရှိရင်ဘာဖြစ်မလဲပေါ့ဗျာ လိုက်လျှောက်တွေးတာပေါ့ဗျာ။ လား… လား..ကိုရင်မောင်ရေ ဒီတော့မှ “တံခါးမရှိ ဓါးမရှိ” ဆိုတာရဲ့  အဓိပ္ပါယ်ကို ကျုပ်နားလည်သွားတော့တယ်။ ကျုပ်အတွေးက ဒီတင်မရပ်သေးဘူး တံခါးရှိရင် တံခါးကို ပိုလုံအောင်လုပ်ဖို့  မင်းတုပ်တို့  သော့တို့ ပါ လိုလာပြန်သကိုး။ ဒါနဲ့  သော့တွေအကြောင်းတွေးမိပြန်တယ်။ သော့ဆိုတာကိုလည်း ရိုးတိုး ရိပ်တိတ် သဘောပေါက်မိလိုက်တယ်။ တံခါးနဲ့ တိုင်းမှာ သော့မရှိ/မရှိတော့ မသေချာဘူးပေါ့ဗျာ။ ဒါပေမယ့် အဲဒီနေ့ က ကျုပ်ဖြတ်ခဲ့တဲ့ တံခါး တိုင်းမှာတော့ သော့တွေနဲ့ ချည်းဘဲဗျ ကိုရင်မောင်ရ။
ထောင်ဆိုတာလည်း သဲတွေ အုတ်တွေ ကျောက်တွေ သံတွေ သွပ်တွေနဲ့ ဆောက်ထားတယ်။ လူတွေကိုကိုလည်း ကိုလည်း သူ့  သဘောနဲ့ သူ ပြန်ထွက်လို့ မရအောင် ပိတ်လှောင်ထားတယ်။ တနည်းပြောရရင် လူတွေမနေချင်လည်း နေနေရတယ်။ လူလည်းနေတယ်ပေါ့ ဗျာ။ ဒီတော့ သူလည်း “အိမ်” တမျိုးဘဲ။ ဒါပေမယ့် သူ့ မှာ ထူးခြားတာက တံခါးလည်းရှိဓါးလည်းရှိရုံတင်
အဲဒီအချိန်မှာ ကျုပ်မျက်စေ့တွေ ပိတ်ထားသလား ပွင့်နေသလားတော့မမှတ်မိတော့ဘူ၊ မျက်စေ့ထဲမတော့ သော့ခလောက်တွေနဲ့  အိမ်တလုံးသာ မြင်နေရတယ်ဗျာ။
No comments:
Post a Comment