11.09.2008

နိုင်ငံရေးဟုဆိုလျှင်

လေးစားအပ်ပါသောခေါင်းဆောင်ကြီးများနှင့်
နိုင်ငံရေးဘက်တော်သားများ
အားလုံးသို့


ကျနော်တို့ သည်မြန်မာ့မြေပေါ်တွင်ရှင်သန်မွေးဖွားလာကြသည့်မြန်မာ
နိုင်ငံသားများပီပီဖိနှိပ်ခံဘဝမှလွတ်မြောက်လို သည့်စိတ်ဓါတ်များ
ကိုယ်စီတူညိကြမည်မှာဧကန်မှန်လိမ့်မည်ဟုထင်မြင်ယူဆမိပါသည်။

အာဏာရှင်စနစ်မှလွတ်မြောက်နိုင်ရေးအတွက်ကြိုးစားဆောင်ရွက်ကြသည့်
နိုင်ငံရေးအာဇာနည်များပေါ်ထွက်လာသည်မှာရှစ်လေးလုံးမှစပြီးယနေ့ 
အချိန်ထိအများဆုံးဟုလည်းဆိုနိုင်ပါသည်။

နိုင်ငံရေးလုပ်ရှားသူခေါင်းဆောင်များနှင့်နောက်ပါများတို့မှာပြည်တွင်းတွင်
ဖမ်းဆီးခံရတာတွေရှိနေသလိုပြည်ပတွင်ခိုလုံလုပ်ရှားနေကြသူများလည်း
အမြောက်အများရှိနေကြပါသည်။ထိုသူတို့ ၏ဆောင်ရွက်ချက်များအားလုံး
ကိုကျနော်တို့ ကလေးစားကြပါသည်။

အဘယ်ကြောင့်ဆိုသော်ပြည်သူတရပ်လုံးလွတ်မြောက်ရေးကို
ဆောင်ရွက်နေကြသောကြောင့်ဖြစ်ပါသည်။ထိုသူအားလုံးကို
ပြည်သူတရပ်လုံးကလည်းအားထားယုံကြည်နေကြပါသည်။

ပြည်တွင်းမှလုပ်ရှားသူများမှာအာဏာရှင်တို့ ၏ရန်ကြောင့်
လွတ်လပ်စွာလုပ်ရှားမရနိုင်သည့်အတွက်ထိရောက်သောပြုပြင်
ပြောင်းလဲရေးမဖြစ်နိုင်သည်ကိုနားလည်နိုင်သကဲ့တို့ ကျနော်တို့ 
ပြည်ပလှုပ်ရှားသူများကတနည်းနည်းပြောင်းလဲအောင်ဘာ
ကြောင့်မလုပ်ရှားနိုင်ကြပါသနည်း။

ပြန်လည်သုံးသပ်ကြဖို့ လိုနေပါသည်။ပြည်ပလုပ်ရှားနေကြသည့်
အဖွဲ့ အစည်းပေါင်းများစွာရှိပါသည်။လူပေါင်းများစွာပညာရှင်များ
စွာရှိသည်။သို့သော်အမြင်မတူသဘောထားကွဲပြာနေကြသော
ကြောင့်အလုပ်တွင်မတွင်ကျယ်ဘဲဖြစ်နေကြရသည်။အချုပ်ပြော
ရလျှင်အဖွဲ့ များပြီးအစည်းမရှိဟုဆိုရပါမည်။

ပြည်တွင်းပြည်ပလုပ်ရှားသူများကိုနိုင်ငံတကာကကူညီလိုသည်ဆို
လျှင်ပင်ဘယ်အဖွဲ့ အစည်းကိုကူညီရမည်ဆိုသည်လည်းဝေခွဲမရ
ဘဲရှိကောင်းရှိလိမ့်မည်ထင်ပါသည်။နအဖကိုဘယ်သူကမှမကြိုက်
သော်လည်းသူ့ နည်းသူဟန်ဖြင့်ဘယ်သူ့ ကိုမှဂရုမစိုက်ဘဲသူ့ လမ်း
ကိုသူလျှောက်နေသည်။မကြာမီ၂၀၁၀ကိုရောက်ပါတော့မည်။

ကျနော်တို့ ဘာလုပ်ကြမည်နည်း။ကျနော်တို့ အတွက်လျှောက်ရမည့်
လမ်းတိုတောင်းနေပါပြီ။ရှိသမျှသောအဖွဲ့ အစည်းအားလုံးတို့ မှာဒီမို
ကရေစီရေးအတွက်ဆိုသည့်ဦးတည်ချက်တူညီကြမည်ဆိုလျှင်ယနေ့ 
တစ်စိတ်တည်းတသားတည်းဖြစ်ဖို့ လိုနေပါပြီ။

personal တွေရှိနေတဲ့အဖုအထဲ့တွေကိုအဖွဲ့အစည်းစာမျက်နှာ
ပေါ်သို့ တင်ဆောင်မယူဘဲတစ်ခုတည်းသောလမ်းစဉ်တစ်ရပ်အောက်
မှာပူးပေါင်းပါဝင်လုပ်ဆောင်သင့်ကြပါပြီ။တကယ်လို့ သာဘာမှမလုပ်
ဆောင်နိုင်ခဲ့ဘူးဆိုရင်တို့ တွေအားလုံးသမိုင်းမှာအရိုင်းစာရင်းဝင်များ
ဖြစ်ကြပါလိမ့်မည်။

ဖစ်ခဲ့ပြီးသောကိုယ့်အကြောင်းသူ့ အကြောင်းတွေကိုဘေးဖယ်ထား
ပြီးညီညာလက်တွဲကြပါစို့ လို့ တောင်းဆိုရေးသားလိုက်ပါသည်။

ဒီစာသည်ဘယ်သူတဦးတယောက်ကိုမှမရည်ရွယ်ဘဲမိမိအမြင်ကို
ရေးခြင်းသာဖြစ်သည်။မှားလျှင်ခွင့်လွတ်ကြပါ။

ပညာကျော်

No comments:

Post a Comment