11.08.2008

ကြားသမျှမြင်သမျှအချိုးမကျတာလေးတွေ

ဋ် မှာအမြဲ…ငရဲမှာအပ

စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေးကြီး၏ ဦးဆောင်ဆရာတော် တပါးဖြစ်သောအရှင်ဂမ္ဘီရ၏ ဖခင်ဖြစ်သူအား သားဖြစ်သူကို ထောင်ချရမည့် တရားလိုပြ သက်သေအဖြစ် ထွက်ဆိုစေရန် တရားရုံး အမိန့်ဖြင့် ဆင့်ခေါ်ထားခြင်းဆိုတဲ့ သတင်းတစ်ရပ်ကို VOAနံနက်ပိုင်း အစီအစဉ်က ကြေငြာသွားတာ ... ကိုတောသား ကြားလိုက်ရပါတယ်။

ဒီလို ဥာဏ်နီဥာဏ်နက်မျိုးတွေ ထွက်တတ်တဲ့ နအဖနဲ့တို့ရဲ့ အပေါင်းအပါများကို ဘယ်လိုစကားလုံး မျိုးနဲ့ဂုဏ်ပြုရမလဲ မသိအောင် ဖြစ်ရပါတယ်။

ကိုတောသားဆီမှာ ရှိတဲ့ မြန်မာဝေါဟာရ အဘိဌာန် ထဲလဲမတွေ့...... တသက်လုံးဖတ်ထား မှတ်ထားတာလေးတွေ ညှစ်ထုတ်လဲ စဉ်းစားမရ.... ခက်..... ခက်ရချည်ရဲ့ဗျာ။

ယုတ်မာတယ် ပြောလို့လဲ မလုံလောက် .....ကောက်ကျစ်တယ် ပြောရင်လဲ မပြည့်စုံ...... ကိုတောသား ဒီတခါဥပမာပေးတာ နဲနဲကြမ်းရင် ကန်တော့ပါရဲ့... စာဖတ်သူများခင်ဗျား....။

ပြည့်တန်ဆာမနဲ့ ဝရမ်းပြေးစပ်ကျတဲ့ သန္နေသား ဘဝမှာ ဖိုးတွမ်တိက ကြားကားဝင်ဆွဲ ............အဲဒီလိုက မွေးတော့တခါ ဖဲဝိုင်းကြိုဖဲဝိုင်းကြား... အမှိုက်ပုံ ကြိုကြား ကြီးပြင်းလာရတဲ့ အစားမျိုးတွေ တောင် ဒီလိုညစ်ပတ် ပြောင်မြောက်ယုတ်မာတဲ့ အတွေးမျိုး တွေးနိုင်ပါ့မလား မသိပါဘူးခင်ဗျာ.............။

ကိုယ့်သားသမီး တွေကိုတော့ ရွှေလိုဥထား.......... ရုပ်ကြမ်းကြီးတွေနဲ့ ပုံမလာ ပန်းမလာကြီးတွေကို စိန်စီပြီး အစွံထုတ်..... ကိုယ့်ဥတော့ ကိုယ်သိတတ်လိုက်တာ....။

သူများကျတော့ အဖေအိုကြီးက ကိုယ့်သား ထောင်ကျဖို့ ထွက်ဆိုပေးရမတဲ့ .....သွားမထွက်ပြန်ရင်လဲ ...အိုကြီးအိုမနဲ့ အဖမ်းခံရဦးမယ်....။

ကိုတောသားတို့က မြန်မာဗုဒ္ဓဘာသာဆိုတော့ ကျမ်းမာချမ်းသာစွာနဲ့ ယုတ်မာနိုင်ကြပါစေလို့... မေတ္တာ ပို့ပေးရကောင်းမလား .....ယမမင်းကြီးကိုပဲ အဝီစိငရဲ အောက်မှာ နောက်တထပ်လောက် ကန်ထရိုက်ငှားပြီး အမြန်ဆောက်ထားပါလို့ အကြံပေးရင် ကောင်းမလား....။

ဘာပဲဖြစ်ဖြစ်..... သာဓုပါဗျာ…. သာဓုပါ…….

ကိုယ့်အလှည့်ကျတော့ မနွဲ့စတမ်းပေါ့ …….ဝ ဋ် မှာအမြဲ …ငရဲမှာအပဆိုတဲ့ စကားလေးလဲ အရှိသားပဲ ..နော့…….

ကျေးဇူးမီဒီယာ

အဲဒီသတင်းနဲ့ တဆက်တစပ်ထဲ ကိုတောသား ဆက်စဉ်းစားမိတာက မီဒီယာတွေရဲ့ တန်ဘိုး အကြောင်းပါ ........ခေတ်မှီတိုးတက်နေတဲ့ အခုအချိန်မှာ သတင်းဌာနတွေဟာ သတင်းတွေကို အချိန်နဲ့ တပြေးညီ ထုတ်ပြန်ပေးနေတာ အားရစရာပါ......။

တကမ္ဘာလုံးမှာ မီဒီယာတွေကို ဖုံးထားလို့ရတဲ့ ဆိတ်ကွယ်ရာဆိုတာ မရှိတော့ဘူး လို့တောင် ဆိုရမှာပါ..... မတရားဖိနှိပ် ညှင်းပန်းခံရမှုတွေ... သဘာဝ ဘေးအန္တရာယ် ကြုံ့တွေ့ရမှုတွေ ....တိုက်ပွဲဖြစ်ပွါးမှု.... ဗုံးခွဲတိုက်ခိုက်ခံရမှု... စသည်.. စသည်ဖြင့် နေ့စဉ်စုံလင်စွာ သတင်းတွေ၊ ...သတင်းသုံးသပ်ချက်တွေ... သတင်းဆောင်းပါးတွေ... အစုံအလင် တင်ဆက်နေကြတာ အားရစရာပါ....။

စစ်ရေးကျွမ်းကျင်သူ....... နိုင်ငံရေး ကျွမ်းကျင်သူတွေကလဲ တွေ့ဆုံမေးမြန်းခန်း အမျိုးမျိုးတွေမှာသုံးသပ် ဖြေကြားပေးနေတာ အင်မတန်မှ ဗဟုသုတရစရာပါ...။

ကိုတောသားတို့ ဆိုတာက သေနတ်ပြောင်းတောင် ဘယ်နား အပေါက်ရှိတယ် ဆိုတာမသိ.... နိုင်ငံရေးဆိုလဲ ကကြီးခကွေးလောက် သိတာကိုးခင်ဗျ…။

အဲဒီကကြီးခကွေးနဲ့ပဲ နားလည်အောင် မနည်းတွေးနေရတာ ဆိုတော့...... အဲဒီလိုပညာရှင်များ မိန့်ကြားပေးမှ နားလည်ကြရတာ ကျေးဇူးကြီးလှပါတယ် ခင်ဗျာ…။

စောဒကတက်တာတော့ မဟုတ်ဘူးပေါ့ ခင်ဗျာ…မီဒီယာက နအဖကို လက်ထောက်ချ ပေးသလိုတော့ မလုပ်သင့်ဘူး ထင်ပါတယ်........ မီဒီယာရဲ့ စောင့်ထိန်းရမဲ့ စည်းကမ်းတွေထဲမှာ ဒါမပါရင်တော့ မသိဘူးပေါ့နော်…။

တခါလား ကိုတောသား ကြားလိုက်မိတယ်… G-Waveလို့ခေါ်တဲ့ အဖွဲ့က လူငယ်ရှစ်ယောက် စာရွက်ဝေတဲ့ ကိစ္စနဲ့ အဖမ်းခံရတဲ့အခါ မီဒီယာတခုက ဗျူးထားတဲ့ သတင်းလေးပါ… ဒီလှူုငယ်တွေက စာရွက်တွေကို တနေ့လုံးဝေတဲ့ အကြောင်း ညနေ၄နာရီလောက်မှာ လူစုခွဲပြီး အိမ်ပြန်တဲ့ အခါမှာ နောက်က လိုက်လာတယ်လို့ ယူဆရတဲ့ အကြောင်း အဲဒီညမှာပဲ ဝင်ဖမ်းသွားတဲ့ အကြောင်းတွေ ပြည့်ပြည့်စုံစုံ တင်ပြပေးသွားပါတယ်......။

တခုကောင်းတာက အဲဒီလိုပြင်ပက လူက ပြည့်ပြည့်စုံစုံ ပြောပြပေးတော့လဲ ထောက်လှမ်းရေးက ရိုက်နှက် စစ်ဆေးစရာ မလိုတော့ဘူးပေါ့ ခင်ဗျာ.. မင်းတို့ဖမ်းခံရရင် ငါတော့ အဲဒီလို ဖေါ်ထုတ် လိုက်မယ်မင်းတို့က..... ဝန်သာခံလိုက်လို့ မှာထားပုံရပါတယ်.....။

ကိုတောသားတောင် မျက်ရည်ကျလောက်အောင် ကြည်နူးမိပါတယ်… ဒီလိုလေခင်ဗျာ... ဟိုခမျာတွေမှာ အဲလို၈ယောက်လုံး ဖမ်းတာကလဲ မသိထား.. ကိုယ်စာရွက်ဝေတာကို အသေအချာ သိလို့ ဖမ်းတာလဲ မသိထားရင်…။

မင်းတို့ စာရွက်ဝေတယ် မဟုတ်လားမေးလိုက်.. ငြင်းရင်ထုလိုက်…. မင်းနဲ့အတူ ဘယ်သူတွေပါ သေးလဲ မေးလိုက်… မပါဘူးပြောရင် ထုလိုက်နဲ့… အင်း…… သာဓုပါခင်ဗျား….. ဒါလဲ ကျေးဇူး မီဒီယာပါ…။

နောက်ဆက်တွဲလေး သတင်းပေးစရာ ရှိတာက….ဒီ SAFFRONTOWARD ထဲမှာပဲ ဖေါ်ပြထားတဲ့... သတင်းလေးတပုဒ်ပါ… သူတို့ ဘယ်သတင်းဌာနက ကူးထားလဲတော့ ကိုတောသားလဲ မမေးတော့ပါဘူး.. NLDလူငယ်တွေ ဦးဝင်းတင်နဲ့.... တွေ့ဆုံဆွေးနွေးတဲ့ သတင်းမှာပါ။

ဖေါ်ပြချက်တွေ အရဆို သတင်းက ပြီးနေပါပြီ.. ပေးပို့သူက အောက်ပါအတိုင်းလေး ဆက်ဖြည့်စွက် ထားပါတယ်.. သတင်းတိုမှာ စိုးလို့ ထင်ပါရဲ့ခင်ဗျာ.. သူ့မူရင်းလေးအတိုင်း ဖေါ်ပြပေးလိုက်ပါတယ်….။

“နှုတ်ထွက်လူငယ်များသည် ကလေးစစ်သားကိစ္စ၊ အဓမ္မလုပ်အားပေး ခိုင်းသည့်ကိစ္စများနှင့် ပတ်သက်ပြီး ကုလသမဂ္ဂသို့ စာပေးပို့ရန် စီစဉ်နေသည်ဟုပါ စုံစမ်းသိရသည်”တဲ့ ခင်ဗျ...။

လုပ်တောင် မလုပ်ရသေးပဲ အခုလို သတင်းပေးတဲ့အတွက်... ထောက်လှမ်းရေးကလဲ ကျေးဇူး တင်နေမှာပါ…..ဘာပဲဖြစ်ဖြစ် ကိုတောသားကတော့...... ကျေးဇူးမီဒီယာပါ...လို့ ပြောပါရစေ..
သာဓုပါခင်ဗျာ….သာဓုပါ……။


ကိုတောသား(မဲဆောက်)

No comments:

Post a Comment