11.08.2008

ဒေါက်တာစိန်ဝင်းနှင့်ဘလော့ဂါများသို့  အိတ်ဖွင့်ပေးစာ ၊

ဒီအိတ်ဖွင့်ပေးစာဟာအီးမေးမှတဆင့်ကျွန်တော်တို့ထံရောက်ရှိလာတာဖြစ်
ပါတယ်။ခေါင်းစဉ်မှာပါတဲ့အတိုင်းဒေါက်တာစိန်ဝင်းနှင့်ဘလော့ကာများသို့
အိတ်ဖွင့်ပေးစာအမည်နဲ့ရောက်ရှိလာတာဖြစ်ပါတယ်။
ကျွန်တော်တို့ဘလော့ဟာပြည်သူလူထုတွေရဲ့အမြင်အတွေးနဲ့ခံစားချက်များ
ကိုအဓိကဖေါ်ပြပေးလိုရင်းဖြစ်ပါတယ်။အဲဒီအတွက်လဲအတွေးအမြင်များကို
ဖိတ်ခေါ်ချက်ကိုလည်းကောင်း၊သူတို့အတွေးသူတို့အမြင်ကဏ္ဌအနေဖြင့်
လည်းကောင်းဖေါ်ထုတ်တင်ဆက်ပေးထားပါတယ်။
ယခုတွေးထင်မြင်ယူဆချက်နဲ့ပါတ်သက်ပြီးမည်သူမဆိုထောက်ခံရေးသား
လိုလျှင်ဖြစ်စေ၊ကန့်ကွက်ရေးသားလိုလျှင်ဖြစ်စေကျွန်တော်တို့ရဲ့အီးမေး
saffrontoward@gmail.comသို့ပေးပို့နိုင်ပါကြောင်းအသိပေးအပ်ပါသည်။
ယခုရေးသားဖေါ်ပြချက်သည်saffrontoward group ၏အမြင်ကိုဖေါ်ပြခြင်း
မဟုတ်ကြောင်းလဲသိစေအပ်ပါသည်။

ဒေါက်တာစိန်ဝင်း နှင့် ဘလော့ဂါ များသို့
အိတ်ဖွင့် ပေးစာ

ကျုပ်မြန်မာပြည်သူတဦးပါ..။ ကျုပ်အသက် က အခုဆို ( ၆၀ ) နားနီးနေပြီ ။ ကျုပ်တို့ ပြည် သူတွေ လို ချင် ခဲ့တဲ့ ဒီမိုကရေစီ အရေး က အလှမ်းဝေးလိုက်တာဗျာ.။ နှစ်တွေ လဲ ကြာ ပြီ..။ ဒီမိုကရေစီအရေး ဆောင် ရွက် နေကြတဲ့  ပြည်တွင်း က ပုဂ္ဂိုလ်ကြီးတွေ ကိုရော.ပြည်ပက ပုဂ္ဂိုလ်တွေ ကို ကျုပ် အရမ်း လေးစား တာဗျ။ ပြောရရင်ကျုပ်တို့ လိုချင်နေတဲ့ ဒီမိုကရေစီစနစ် ကို ဒီလိုသူတွေ က သာအရယူပေးနိုင်လိမ့်  မယ်..လို့ ကို ယုံကြည် ထားတာ.။ အခုဆိုရင်အနှစ် ( ၂၀ ) တောင်ကျော် လာပြီ..။ တနေ့ရလိမ့်နိုးတနေ့ ရလိမ့်  နိုးနဲ့ အခုထိမျှော်နေဆဲပါဗျာ။ ပြည်တွင်းပြည်ပ က လှုပ်ရှားမှု့ တွေ ကို လဲ မျက်ခြေမပျက် ဘူးအသံလွှင့်  ဌာနတွေ နိုင်ငံရေးနဲ့ နီးစပ် တဲ့သူတွေ ဆီ ကနေ အမြဲနားစွင့် နေတယ်ဗျ။ ကျနော်ပြောချင်တာက ခင်ဗျားတို့  တွေ ရဲ့ လုပ်ဆောင်နေမှု့  တွေ ကို ..ကျနော်တို့  ပြည် သူတွေ က လဲ မျက် ခြေမပျက်ပါဘူးဆိုတာပါ.။

အဲဒီမှာ ကျနော်တို့  ရဲ့ အမြင်လေးတွေ ကိုလဲ တင် ပြချင်တယ်ဗျ။ ပြည်တွင်းအနေအထားမှာဆို ရင် တော့  ခင်ဗျားတို့ လဲ သိ တဲ့အတိုင်းပေါ့ ဗျာ.။ ဒီမိုကရေးစီအရေးကြိုးပမ်းနေသူတွေ ဟာ အခုဆိုရင်..ထောင်ထဲ မှာ နဲ့ အပြင် မှာ နဲ့က ထောင်ထဲ မှာလူပိုများနေတယ်.။ မတရားအမှု့ ဆင် ဖမ်းတာ တွေ ။ မတော်မတရား ပုဒ်ထီး ၊ ပုဒ်မတွေ နဲ့ အမျိုးအမျိုး ဖမ်းဆီးနေတာ.။ ကျနော်တော့  ဗျာ.ပြည်သူတယောက် အနေနဲ့ တဖြည်းဖြည်းနဲ့ မျှော်လင့် ချက်မဲ့လာသလိုပဲ ။ ပြောရရင်အားငယ်လာတယ်ပေါ့ ဗျာ။ ကျုပ်တို့  တွေ ကို ခင်ဗျား တို့  ဒီအတိုင်းပဲ ထားတော့  မှာ လား။ ဒီလိုပဲ နေနေကြတော့  မှာလား.။ ပြည်ပကို ရောက် သွား တဲ့ တော်လှန်ရေးသမားတွေ ဆို ကျုပ်နေ့  တိုင်းမေတ္တာ ပို့  တယ်ဗျ။ ကျန်းမာကြပါစေ.. ချမ်းသာကြပါစေ ရယ်လို့ ။ ခုလိုခေတ်မှာအင်တာနက် ခေတ်ရောက်လာပြီ ဆိုတော့  ကျနော်တို့  တွေအတွက် ပိုတောင်ကောင်းသေး တယ်.။ ဘာလို့ လဲ ဆိုတော့  သတင်းစာမျက်နှာလေးတွေများလာကိုးဗျ။ ကျုပ်ရုံးမှာ က လဲ သဌေးက အင်တာနက်ချိတ်ပေးထားတော့ ပို အဆင် ပြေတာ ပေါ့ဗျာ။ ပြည်ပ က ကိုယ်ပိုင်ဘလော့ လေးတွေဟာ ပို ပြီးလွတ်လပ်တယ်..ပိုပြီးပွင့် လင်းတဲ့သဘောဆောင်တယ်လို့  ထင် မိတယ်ဗျာ။ ဘာမဆို ကိုယ် ပြော ချင်တာ..တင်ပြချင်တာတွေ ကို ဘယ်သူ့  ဆီမှာ ခွင့် တောင်းစရာမလိုဘူးတဲ့ ဆို လို့  ဗျ..။ အဲဒါဆိုလဲ ဗျာ ပွင့်  ပွင့် လင်းလင်းပြောကြစေချင်တယ်။ ဟိုတလောက ဆိုရင် ကုလသမဂ္ဂမှာ မြန်မာ စစ်အစိုးရ ကို တရားဝင် အစိုးရ မဟုတ်တဲ့အကြောင်းကိုတင်ပြမယ်ဆိုတုန်းကလေ..ကျုပ်ဗျာဘယ်လိုပြောရမလဲ..ဒီတခါတော့ပြည်ပပုဂ္ဂိုလ်ကြီးတွေ က အပြတ်ဆော်ပြီ..ဆိုပြီးတော့ ..ကျုပ်တို့ ရဲ့ စကားဝိုင်းလေးတွေမှာ မပါမဖြစ်ပေါ့။ ကျုပ်ကတော့  ခပ်ကြွားကြွားကို ပြောထားတာ.ဒီတခါတော့  ဒီအစိုးရ ..ခွေးကျကျ မှာသေချာပြီဆို ပြီးစကားဝိုင်းတွေ ထဲမှာ ကျုပ်က ..ဒီကိစ္စနဲ့ပါက်သက် ရင် နဲနဲ မှအပြောမခံ ဘူး။ တချို့  က မေးလာ သေး တယ်.. ဟုတ်ပါ့ မလားမောင်ကာလု..ရယ် တဲ့။ အဲလိုပြောလာတဲ့သူဆိုရင် ကျုပ်က အပြတ်ပြောချလိုက်တာဗျ။ ခင်ဗျားတို့  ကြည့် နေ ကုလသမဂ္ဂ ရဲ့ အစည်းဝေးပြီးတာ နဲ့ စစ်အစိုးရဟာ ခွက်ဆွဲတောင်းစားရကိန်းဆိုက်မယ်လို့  အမှတ်အပြည့်ပေးလိုက်တာ..ခုတော့ ဗျာဘယ်နဲ့ပြောပါလိမ့် ကျုပ်ဖြင့် လူကြားထဲ့မျက်နှာတောင်မပြရဲတော့  ဘူး.။ အဲဒီအစီစဉ်မအောင်မြင်သေးဘူးတဲ့ ဗျာဘာလို့ လဲဆိုတော့  ဒေါက်တာစိန်ဝင်းကလက်မှတ်မထိုးလို့ တဲ့ဗျ.။ ကျုပ်ကို ကုလားမနိုင်ရခိုင်မဲတယ်ပြောချင်ပြောဗျာ..ကျုပ်ကတော့ ..ဒေါက်တာစိန်ဝင်းဆို တဲ့ ကုလသမဂ္ဂ မှာနေရာရနေတဲ့ မြန်မာပြည်ကိုယ်စားလှယ်ကြီးကို ခုနေများတွေ့ရင် မျက်နှာ ကိုလက်သီးနဲ့တောင် ထိုးလိုက် ချင်တယ်. ကျုပ်အသက် ( ၆၀ ) နားနီးနေပေမယ့်လူတယောက် ကို တော့  တချက် ထဲနဲ့ ဖင် ထိုင်ကျအောင် ထိုးနိုင်ပါသေးတယ်ဗျ..။ ဘယ်နှယ့်ဗျာ.အာဇာနည်းမျိုး ရိုးမပီသ လိုက်တာ..ဗိုလ်ချုပ်အောင်ဆန်းရဲ့ အကိုကြီး ဦးဘ၀င်းက မွေးတာ တဲ့။ သူ့ညီမ တ၀မ်းကွဲ အောင်ဆန်းစုကြည် ဆိုရင်လဲ အခုထိ အထိမ်း သိမ်း ခံ နေရတုန်း.။ စကားမစပ်ပြောရဦးမယ်..ကျန်ခဲ့တဲ့နှစ်ရက်လောက်က ပဲဒေါ်အောင်ဆန်းစုကြည်နေတဲ့ အိမ်ရှေ့ လမ်းကဖြတ်သွားတော့  ကျုပ်ရင်ထဲဆို့  သွားတယ်ဗျာနှစ်တွေအကြာကြီး ဒီအိမ်ထဲနေနေရတာကျုပ်ဆိုရင်တော့ နေနိုင်မှာမဟုတ်ဘူး..။ သူကတော့ ရည်မှန်းချက်တွေ တသီကြီးနဲ့ အစီစဉ်တွေ ချထားမှာပဲ.. လို့တွေးမိတယ်..အပြင် မှာဘာတွေဖြစ်နေလဲ ဆိုတာကိုသူမလောက်ဘူးထင်တယ်ဗျာ.. သူ့  အကို တယောက် ကတော့ ပြည်သူအတွက် မပြောနဲ့ သူ့ညီမ အတွက် တောင် လွတ်အောင် လုပ်ချင်ပုံ မရဘူး။ ထိုင်ခုံနေရာ ပျောက်မှစိုးနေလားမသိဘူး။ နှစ်တွေ လဲကြာပြီကျုပ်ရေးလိုက်တဲ့ဒီစာကို ဒေါက်တာစိန်ဝင်း. .ခင်ဗျား ဖတ်မိရင်တော့ ..စိတ်မကောင်းမဖြစ်နဲ့ဗျာ..ကျုပ်ရင်ထဲက အမှန်အတိုင်းပြောတာဗျ..။ ဒီကိစ္စ ကို ပြည်ပ က အနေနီးစပ်တဲ့..သူတွေ ..လက်တွဲလုပ်နေတဲ့သူတွေ က လဲ မပြောကြဘူးလားဗျာခင်ဗျားတို့  ပါတကျိတ် ထဲတဥာဏ် ထဲ လားဘာတွေ ကို မက်မောနေကြတာလဲဘာတွေ တွေ ဝေနေကြတာလဲ..ခင်ဗျားတို့  ကြိုးပမ်း နေကြတာတွေ က ခင်ဗျားတို့  အတွက်လားကျုပ်တို့  အတွက် လား.ကျုပ်တို့  ကထင်ထားတာက ..ခင်ဗျားတို့  ရဲ့ အနှစ်နာခံမှု့ တွေ ကြိုးစားနေမှု့  တွေ က ကျုပ်တို့  ပြည် သူတွေ အတွက် လို့ ထင်နေ တာဗျ.. အရင်က အမှတ် အပြည့်ပေးထားတာအခုတော့ ဗျာ။ ကျန်တဲ့ သူတွေ လဲ ကျုပ်ပြော လိုက်ချင် တယ်ဗျ..ငခုံးမ တကောင် ကြောင့်တော့တလှေလုံးမပုတ်စေနဲ့ပေါ့ ဗျာ။ ကျန်တဲ့သူတွေ က ကြိုးစားကြစေချင်တယ်အောင်မြင်အောင် ဆောင်ရွက်စေချင်တယ်ကျုပ်တို့ပြည်သူတွေ ရဲ့အကျိုးကို အမှန်တကယ်လိုလား တယ်ဆိုရင် ပေါ့ဗျာ.. ကျားကြောက်လို့ရှင်ကြီးကိုး..ရှင်ကြီးကျားထက်ဆိုး..ဆိုသလိုဖြစ်နေမလားပဲ

ကျုပ်..သတင်းဌာနတွေ က လွဲရင်..ကျုပ်ဖတ်လေ့ ဖတ်ထ ရှိတဲ့ဘလော့ တွေကို ..ကျုပ်အကုန်ပို့  ထားတယ်..ကျုပ်ရဲ့ ရင်တွင်းစကားပြည်သူတွေ ရဲ့ ဆန္ဒတွေ ကို ခင်ဗျားတို့ အလေးထား မထားသိချင် တယ်ပြောရရင်ခင်ဗျားတို့ ဘလော့ တွေ ကို လဲသွေးတိုး စမ်းလိုက်တာပဲဗျ။ အမှန် အတိုင်းပြောရဲ့တဲ့သူတွေ ဘယ်နှစ်ယောက် ရှိလဲလို့ ပြည်တွင်းက စစ်အစိုးရ မဟုတ်တာလုပ်နေတာတွေ တော့ ..အသံကုန် အော် တယ်..ခင်ဗျားတို့  ထဲ က မဟုတ်တာ..လုပ်တာကျတော့ ငြိမ်နေကြတယ်မဟုတ်လား. .ကျုပ်အထင်ပြောရ ရင်တော့ ခင်ဗျားတို့ ဘလော့တွေ့ဟာ မီဒီယာတခု ပဲ အဂတိလိုက်စားမှု့  မရှိရဘူး..မှန်တယ်ထင်ရင် ပြောရဲ ကြရမယ်..ကျုပ်ရေးတာကိုဖော်ပြလိုက်တဲ့အတွက် ခင်ဗျားတို့ ကကျုပ်ကို..ထင်နေကြလိမ့်မယ်ကျုပ်ကို.. ဒီလူကရော ဘာတွေလုပ်လို့  လဲလို့ကျုပ်လုပ်တာကျုပ်ပြောမယ်ကျုပ်ဘယ်ပါတီ ဘယ်အဖွဲ့အစည်း ကမှ မဟုတ်ဘူးဒါပေမယ့်..ခင်ဗျားတို့  တွေရဲ့အမာခံပြည်သူတဦးပဲ..ဟိုးအရင်ထဲက နေ ခုချိန်ထိ ခင်ဗျားတို့ရဲ့ အမာခံပြည်သူပဲ. .နောက်ပိုင်းအချိန်ဆိုရင်တော့  ပြောင်းလဲချင်ပြောင်းလဲ ..သွားလိမ့်  မယ်အဲဒါကတော့  ခင်ဗျားတို့ ရဲ့ လုပ်ရပ် အပေါ်မူတည်နေတယ်..ဗျ..ခင်ဗျားတို့  ကိုကြည့် ရတာ လူများပြီးပွဲမစည်ဘူးဖြစ်နေတယ်။ အင်းကျုပ်..ပြောချင်တာ တွေပြောလိုက်ရလို့တော်တော်လေးတော့  ပေါ့ သွားပြီ..မဟုတ်ရင် ကျုပ်ရင်တွေ တင်းကျပ် နေတယ်. မျိုသိပ်ထားရတာတွေများနေတယ်ခုတော့……..

                မောင်သက်ပြင်း

                ( အင်းယားမြေ )

                ( ၇ . ၁၁ . ၂၀၀၈ )

2 comments:

  1. ဦးလေးပြောတာမှန်ပါ့ဗျာ။ ကျွန်တော်လဲဒီ ကိစ္စကိုမကျေမနပ်ဖြစ်နေတာကြာပြီ။ အဲ့လိုမျိုး တရားဝင်အစိုးရမဟုတ်ကြောင်းကို အစောကြီး ကတည်းကတင်ပြရမှာ
    အခုနောက်တောင်ကြနေသေးတာ။ဒါကို လက်မှတ်မထိုးတာဘာလို့များလဲမသိဘူးဗျာ။

    ReplyDelete
  2. Ya, me too. I felt the same as U Thet Pyinnn. I've just read your open letter today. ( By the way, forgive me for my unability of Burmese typing).

    ReplyDelete