4.16.2008

Thai Rice prize up is effective on Burma rice market




Thai rice prizes was up last a few months ago. All kinds of rice prizes raise to nearly twice for retail seal. For example ,middle class of rice 40 kilo packed prize was up 770 Baht to 1000 for hole sale .But for retail sale one kilo of rice prize up 25 to 40 Baht. It became to effective on migrants workers from Burma. They are stand on very low amount of daily income and rice is their main food. They can’t effort for that height price.
So that , they try to find cheaper way . Same quality of Burma rice is cheaper than the Thai rice .For 40 kilo packed of Burmese rice is only 750 Baht for whole sale. That why, Burmese rice started flow to Thailand from border trade way. Each and every where ,most of retail shops in border area they sell only Burma rice because it is cheap. It might be a big problem for Burma rice market. Next planning time will be start at coming raining season of July. Burmese farmer already sale their products .They are not ready for another market demand. Now, most of rice products are in the hand of hole seller merchants in Burma. We can say that they must sell their own rice who gives height prize. Border trade can give height prize than the local trade. That why, the prize of rice became up in Burma.
We’d like to compare different between Thai basic citizens and Burma citizens. The basic income of normal Thai citizen is 3500Baht (nearly 135000Kyats) and for basic income of Burmese citizen is around the 30000Kyats (some are lower than that amount).Rice prize up is bring some difficulties for Thai people but it is bring starvation for Burmese people. They are already suffering economic crisis before this .We hard some news about SPDC action .They blocked to bring rice to border area and also they started collect big amount of rice for their community . But we need to consider it will be really effective? Because they couldn’t control the illegal border trade since many years ago.

We just can pray for that poor people of Burma under control of the SPDC dictatorship. Coming Burma’s New Year may bring some thing batter change for Burma.
D-Wave

ပြည်ပဆန်တင်ပို့သူများက ဈေးကြီးပေးဝယ်နေသဖြင့် ပြည်တွင်း၌ ဆန်ဈေးများဆက်တိုက်တက်
NEJ/ ၁၁ ဧပြီ ၂၀၀၈(http://www.khitpyaing.org/)

ပြည်ပတင်ပို့မည့်သူများ ဈေးကြီးပေး ၀ယ်ယူနေသည့်အတွက် (၂၅) မှတ် ဆန်အပြင် အခြား ဆန်အမျိုးအစားများလည်း ဈေးလိုက် တက်နေကြောင်း မြန်မာနိုင်ငံ ဆန်ကုန်သည်ကြီးများ အသင်းမှ ကုန်သည်ကြီးတဦးက ပြောသည်။
၎င်းက “ ခုရက်ပိုင်း ဆန် နိုင်ငံခြား တင်ခွင့်ရထားတဲ့ ကုမ္ပဏီတွေ သိမ်းကျုံးဝယ်နေလို့ မိုးဇီယာ ဆန်တွေ တပတ်ကျော်အတွင်း တအိတ် ကျပ် (၂,၀၀၀) နီးပါး တက်သွားတယ်။ တနေ့ကို ကျပ် (၂၀၀-၃၀၀- ၅၀၀) တက်နေရင်းနဲ့ ပြီးခဲ့တဲ့ (၁၀) ရက်ကျော်က တအိတ် ကျပ် (၁၅,၀၀၀) လောက် ရှိနေရာကနေ အခုဆို တအိတ် ကျပ် (၁၇,၀၀၀) အထိ ရောက်နေတယ်” ဟု ပြောသည်။
ဘုရင့်နောင် ပွဲရုံတန်းမှ ဆန်ကုန်သည်တဦးကလည်း ယခင်က (၂၅) မှတ် အဆင့်အတန်း အိပ်စ်ပို့ဆန် တတန်လျှင် ဒေါ်လာ (၃၀၀) အောက်သာ ရသော်လည်း ယခုနောက်ပိုင်း ကမ္ဘာ့ဆန်ဈေးတက်လာ၍ ဒေါ်လာ (၄၀၀) ကျော် ရလာကြောင်း၊ ထို့ကြောင့် ဆန်တအိတ်ကို မြန်မာငွေ ကျပ် (၂၀,၀၀၀) ကျော် ဈေးနှုန်းရှိနေကြောင်း၊ ကုမ္ပဏီများက ဈေးကွက်ထဲ၌ ဆန်တအိတ် ကျပ် (၁၃,၅၀၀) မှ (၁၄,၀၀၀) ကျပ်အထိ ပေးဝယ်ပြီး နိုင်ငံခြား တင်ပို့ရန် ကြိုးစားနေကြကြောင်း ပြောသည်။
နအဖစစ်အစိုးရက ဆန်ပိုလျှံ ဒေသများဖြစ်သည့် ဧရာဝတီတိုင်း၊ ပဲခူးတိုင်းနှင့် စစ်ကိုင်းတိုင်းတို့မှ ဆန်တန်ချိန် (၄) သိန်းကို ပြီးခဲ့သည့် ဒီဇင်ဘာ (၂၆) ရက်မှစ၍ ၎င်းတို့နှင့် နီးစပ်သည့် ကုမ္ပဏီ (၂၄) ခုကို ပြည်ပတင်ပို့ခွင့် ပါမစ်များ ထုတ်ပေးခဲ့ကြောင်း အဆိုပါ ဆန်ကုန်သည်က ပြောသည်။
ထိုအချိန်၌ ကမ္ဘာ့ဆန်ဈေးကွက်တွင် ဗီယက်နမ် (၂၅) မှတ်ဆန် တတန် ဒေါ်လာ (၅၀၀) ခန့် ရှိသော်လည်း မြန်မာဆန်က ဒေါ်လာ (၃၀၀) အောက်သာ ရရှိခြင်း၊ ငွေလွှဲစနစ် အဆင်မပြေခြင်း၊ ပြည်တွင်း၌ ဒေါ်လာငွေ တန်ဖိုး ကျဆင်းနေခြင်း စသည့်အချက်များကြောင့် ပြီးခဲ့သည့် မတ်လ (၄) ရက်ထိ ဆန်တန်ချိန် (၁) သိန်းခွဲခန့်သာ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ၎င်းက ဆက်လက် ရှင်းပြသည်။
ဧပြီလဆန်းပိုင်းတွင်မူ ကမ္ဘာ့ဆန်ဈေးကွက်၌ ဆန်တင်ပို့သည့် နိုင်ငံများက တင်ပို့မှု လျော့ချလာ သောကြောင့် ဆန်ဈေး ပြန်လည်မြင့်တက်လာသည့်အတွက် မြန်မာနိုင်ငံမှ ဆန်တင်ပို့ခွင့် ပါမစ် ရထားသည့် ကုမ္ပဏီများက ယခုကဲ့သို့ အလုအယက် ၀ယ်ယူတင်ပို့ လာကြခြင်းဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့မှ စီးပွားရေး ပညာရှင်တဦးက “ဆန်ဈေးတွေ ဈေးထိုးတက်မှာ၊ ဆန်ပြတ်လတ်မှာ သိပ်မစိုးရိမ်ရဘူး။ စစ်အစိုးရက ဆန်စပါးကိစ္စကို အရေးကြီးကိစ္စလို့ သတ်မှတ်ထားပြီး အမြဲမပြတ် စောင့်ကြည့်နေတာ၊ ဆန်ဈေးတက်မယ်၊ ဆန်ပြတ်လတ်မယ်လို့ ယူဆတာနဲ့ ဆန်တင်ပို့မှုကို ချက်ချင်းပိတ်ပစ်မှာ” ဟု ပြောသည်။
ယခုလောလောဆယ်တွင် ဆန်ဈေးများမှာ ယခင်လကထက် (၂၄) ပြည်ပါ ဆန်တအိတ်ကို (၁,၅၀၀) ကျပ်မှ (၂,၀၀၀) ကျပ်ခန့်အထိ မြင့်တက်နေပြီး လက်လီတပြည်ချင်းဈေးမှာ(၅၀) ကျပ်မှ (၁၀၀) ကျပ်ခန့်အထိ မြင့်တက်နေသည်။
ယနေ့ဆန်ဈေးနှုန်း

တောင်ပျံ (၁) အိတ် ယခင် ၂၀,၀၀၀ ကျပ် ယခု ၂၂,၀၀၀ ကျပ်
ဖျာပုံရှယ် (၁)အိတ် ယခင် ၂၄,၅၀၀ ကျပ် ယခု၂၆,၀၀၀ ကျပ်
ဖျာပုံထူးထူးရှယ် (၁)အိတ် ယခင် ၂၆,၀၀၀ ကျပ် ယခု၂၇,၀၀၀ ကျပ်
ပေါ်ဆန်းမွေး (၁) အိတ် ယခင် ၂၂,၀၀၀ ကျပ် ယခု၂၃,၀၀၀ ကျပ်
ဇီယာ (၁) အိတ် ယခင် ၁၅,၅၀၀ ကျပ် ယခု၁၇,၀၀၀ ကျပ်
ငစိန် (၁) အိတ် ယခင် ၁၃,၀၀၀ ကျပ် ယခု၁၃,၅၀၀ ကျပ်

No comments:

Post a Comment