Showing posts with label ထုတ်ပြန်ကြေငြာချက်. Show all posts
Showing posts with label ထုတ်ပြန်ကြေငြာချက်. Show all posts

3.13.2012

ဟံသာဝတီ ဦးဝင်းတင် ဖေါင်ဒေးရှင်း ထုတ်ပြန်ကြေငြာချက်

ဟံသာဝတီ ဦးဝင်းတင် ဖောင်ဒေးရှင်း
Hanthawady U Win Tin Foundation
ဟံသာဝတီဦးဝင်းတင် ဖောင်ဒေးရှင်းကိစ္စနှင့်ပတ်သက်၍ ဆရာကြီး ဟံသာဝတီ ဦးဝင်းတင်နှင့် သတင်းစာ ဆရာမောင်ဝံသ၊ ဦးကျော်အောင် (ကျော်ထက်အောင်-ရွှေပြည်တန်)တို့ ၈.၁.၂၀၁၂ (တနင်္ဂနွေနေ့)တွင် ၃၂၊ စိန်ခြယ်လမ်း၊ တာမွေနေအိမ်၌လည်းကောင်း ၈.၃.၂၀၁၂ (ကြာသာပတေးနေ့) တွင် အရိယာ မဂ္ဂင်လမ်း၊ကျောက်ကုန်းနေအိမ်၌လည်းကောင်းတွေ့ဆုံ တိုင်ပင်ပြီး အောက်ပါအတိုင်း ထုတ်ပြန်ကြေညာရန် သဘောတူဆုံးဖြတ်ပါသည်။

ရည်ရွယ်ချက်
ဆရာကြီးဟံသာဝတီဦးဝင်းတင်၏မွန်မြတ်သောလုပ်ငန်းစဉ်များဖြစ်သည့် နိုင်ငံရေးအကျဉ်းသားများနှင့် ၄င်းတို့၏ မိသားစုများအား ကူညီထောက်ပံ့ရေးနှင့် ဘ၀တူ စာနယ်ဇင်းသမားများအား ကူညီ ထောက်ပံ့ရေး အစီအစဉ်များကို စနစ်တကျ အကောင် အထည်ဖော် ဆောင်ရွက်ပေးရန်နှင့် ယင်းလုပ်ငန်းများကို အရှည် သဖြင့် ဆက်လက် ဆောင်ရွက်သွားရန်။

၁။ ၁၁.၁၂.၂၀၁၁ နန်းယုတွေ့ဆုံပွဲတွင် ပဏာမဖွဲ့စည်းခဲ့သည့် ဟံသာဝတီ ဦးဝင်းတင် ဖောင်ဒေး ရှင်း ဖြစ်မြောက်ရေး (ယာယီ)အဖွဲ့ဝင်များထဲမှ အထောက်အကူပြုနိုင်မည့်သူများနှင့် အခြားသင့်တော်သူ များဖြင့် -
(က) နာယကအဖွဲ့၊
(ခ) လုပ်ငန်းဖော်ဆောင်ရေးအဖွဲ့(အလုပ်အဖွဲ့)
(ဂ) လုပ်ငန်းအထောက်အကူပြုရေးအဖွဲ့ ဟူ၍ ဖွဲ့စည်းရန်၊
၂။ ဖောင်ဒေးရှင်းအတွက် ရန်ပုံငွေကို-
(က) ဟံသာဝတီ ဦးဝင်းတင်၏ စာအုပ်စာတမ်းများထုတ်ဝေခြင်းနှင့် မူပိုင်ခွင့်တို့မှ ရရှိသည့်ဝင်ငွေ
(ခ) ပြည်တွင်းပြည်ပစေတနာရှင်တစ်ဦးချင်းထံမှ လစဉ်ပုံမှန်လှူဒါန်းငွေ
(ဂ) ပြည်တွင်းပြည်ပမှ တစ်လုံးတခဲတည်းလှူဒါန်းငွေ
(ဃ) ရန်ပုံငွေပွဲများအပါအ၀င်အခြားနည်းလမ်းများဖြင့် ရှာဖွေခြင်းမှရရှိသည့်ရန်ပုံငွေတို့ဖြင့် စုဆောင်း ထူထောင်ရန်၊
၃။ ရန်ပုံငွေစုဆောင်းကောက်ခံရေးနှင့် လုပ်ငန်းအကောင်အထည်ဖော်ရေး (ထောက်ပံ့ငွေပေးအပ်ရေး) တို့အတွက် ပြည်တွင်းပြည်ပတွင် နိုင်ငံအလိုက်၊ မြို့နယ်ဒေသ အလိုက် ထောက်ကူပြုအဖွဲ့ခွဲများဖွဲ့စည်း၍ တာဝန်သတ်မှတ်ပေးရန်၊
၎။ ဖောင်ဒေးရှင်း မတည်ငွေအဖြစ် ကျပ်ငွေ သိန်း(၁၀၀) သတ်မှတ်လျာထားရန်၊
၅။ ရန်ပုံငွေစုဆောင်းရရှိငွေ သိန်း၁၀၀ မပြည့်မီသေးသည့်တိုင် ရရှိပြီးသည့် ရန်ပုံငွေထဲမှ မတည်ငွေရင်း အတွက် စုဆောင်းဖြည့်တင်းရင်း ကူညီထောက်ပံ့ရေး အစီအစဉ်များကို စတင်ဆောင်ရွက် သွားရန်၊
၆။ ထောက်ပံ့ရေးအစီအစဉ်ကို အောက်ပါအတိုင်းပြုလုပ်သွားရန်၊
(က) လက်ရှိအကျဉ်းကျခံနေရဆဲ နိုင်ငံရေးအကျဉ်းသားများ
(ခ) အကျဉ်းကျခံနေရဆဲ နိုင်ငံရေးအကျဉ်းသားများ၏မိသားစုများ
(ဂ) နိုင်ငံရေးအကျဉ်းသားဟောင်းများနှင့် မိသားစုများ ယင်းတို့အနက်မှ အမှန်တကယ်
လိုအပ်သူများကို စိစစ်ရွေးချယ်ပြီး ဦးစားပေး ထောက်ပံ့ကူညီရန်။

(ဃ) စာနယ်ဇင်းသမားများအနက်ကျန်းမာရေးအတွက်အမှန်တကယ်ထောက်ပံ့ ရန် လိုအပ်သူများ။
(င) စာနယ်ဇင်းသမားမိသားစုများအနက် ပညာရေးအထောက်အပံ့ အမှန်တစ်ကယ်လိုအပ်သူများ စသူတို့ အတွက် ထောက်ပံ့ကူညီရန်၊
(စ) ဆရာကြီး ဟံသာဝတီဦးဝင်းတင်၏ ဆန္ဒအရသော်လည်းကောင်း၊ဖောင်ဒေးရှင်း လုပ် ငန်းဖော်ဆောင်ရေးကော်မတီ (အလုပ်အဖွဲ့) ဆုံးဖြတ်ချက်အရသော်လည်းကောင်း အခြား လိုအပ် မည့် ထောက်ပံ့ လှူဒါန်းမှုများကို ပြုလုပ်သွားရန်၊
၇။ ဖောင်ဒေးရှင်း အမှတ်တံဆိပ်(LOGO)နှင့် အလှူငွေလက်ခံဖြတ်ပိုင်းများ ပြုလုပ်ရန်၊

ဖွဲ့စည်းခြင်း
၈။ ဆရာကြီးဦးဝင်းတင်နှင့် ၈၊ ၁၊ ၂၀၁၂ နှင့် ၈.၃.၂၀၁၂ နေ့ ညှိ့နှိုင်းချက် အရ ဟံသာဝတီ ဦးဝင်းတင် ဖောင်ဒေးရှင်း ဦးဆောင် အဖွဲ့ကို အောက်ပါပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းလိုက်ပါသည်။

(က) နာယကအဖွဲ့
၁။ ဒဂုန်တာရာ
၂။ သခင်သိန်းမောင်(၀ါးခယ်မ)
၃။ ဦးသော်(ကြေးမုံ)
၎။ ဟံသာဝတီဦးဝင်းတင်

(ခ) အလုပ်အဖွဲ့
၁။ ဦးအုန်းထွန်း (ဘဏ္ဍာထိန်း) ၀၁ ၅၇၈၀၂၇
၂။ ဦးမောင်မောင်ခင် ၀၁ ၆၄၆၂၄၄
၃။ ဦးသာဘန်း ၀၁ ၅၀၃၉၆၄
၎။ ဦးမိုးသူ ၀၁ ၃၇၆၄၃၅
၅။ မောင်ဝံသ (ဘဏ္ဍာထိန်း) ၀၁ ၃၇၃၂၁၀ ၊ ၀၉၅၀၄၀၉၉၄
၆။ ဦးကိုကိုကြီး (ဟန်ဂေရီ) ၀၉၅၁၆၂၄၃၇
၇။ ဦးကျော်အောင်(ရွှေပြည်တန်) ၂၀၀၂၇၆၊ ၇၀၃၂၂၀၊ ၀၉၇၃၁၂၄၂၂၂
၈။ ဦးစိန်ရွှေ ၀၉၅၁၄၈၃၄၂
၉။ ဦးမျိုးမြင့်ညိမ်း ၀၉၅၀၀၉၉၂၁
၁၀။ ဦးမြင့်လွင်(စိုးအုပ်) ၀၁ ၂၄၂၅၃၁
၁၁။ ဦးအောင်သိန်း (ဥပဒေ အတိုင်ပင်ခံ) ၀၉၅၁၃၈၄၇၃
၁၂။ ဒေါ်ဖြူဖြူသင်း ၀၉၅၀၂၄၀၅၆
၁၃။ ဦးဇော်မင်းကျော် ၀၉၅၀၇၉၆ရ၈
၁၄။ ဦးဇော်မျိုးအောင် ၀၉၅၀၅၃၃၅၅
၁၅။ ဦးမောင်မောင်နိုင် ၀၉၅၁၂၈၈၈၆၊၀၉၇၃၁၈၈၈၆

(ဂ) လုပ်ငန်းအထောက်အကူပြုအဖွဲ့
၁။ ဦးအုန်းကြိုင် ၀၉၄၃၀၂၇၃၇၆
၂။ ဦးသိန်းတန် ၀၁ ၂၂၄၃၂၈
၃။ ဖျာပုံနီလုံဦး ၀၁ ၇၂၆၉၆၃
၎။ ဦးနေ၀င်း(နေ၀င်းစံ) ၅၈၄၁၁၃
၅။ ဦးစိုးမြင့် ၀၉၇၃၀၃၈၀၉၅
၆။ ဦးရဲထွဋ် ၀၉၅၀၇၈၁၉၃
၇။ ညောင်ဦးဖိုးချို ၀၁ ၅၄၅၃၂၃
၈။ ဦးစိုးညွန့်(တော်ဝင်နှင်းဆီ) ၀၁ ၅၄၂၇၁၉ / ၀၁ ၅၄၂၇၂၀ /၀၉၅၀၁၃၆၂၃
၉။ ဦးအောင်ထိုက်(စိတ်တိုင်းကျ) ၅၃၅၅၆၄
၁၀။ ဦးမိုးဝင်း ၀၁ ၂၀၉၀၁၇
၁၂။ ကိုဖုန်း ၀၉၄၃၁၃၁၉၆၆
၁၃။ ညီပုလေး(မန္တလေး) ၀၂ ၃၉၇၁၇ / ၀၂ ၆၀၁၃၆
၁၄။ ညီစေမင်း(မန္တလေး) ၀၂ ၃၉၇၁၇
၁၅။ ဦးဆန်နီ ၀၉၅၀၁၅၁၈၅
၁၆။ ဦးသက်စိန်(ဖြူး)

အထောက်အကူပြု အဖွဲ့ကို ပြည်တွင်းပြည်ပမှ လုပ်အားပေးနိုင်သူများဖြင့် လိုအပ်သလို ဆက်လက် တိုးချဲ့ သွားမည် ဖြစ်ပါသည်။

မှတ်ချက်
အလုပ်အဖွဲ့ဝင်များထဲမှ ဦးအုန်းထွန်းနှင့်မောင်ဝံသတို့က ဘဏ္ဍာထိန်းများ အဖြစ်ဆောင်ရွက် ရန်၊ ဖောင်ဒေးရှင်း ရန်ပုံငွေများကို ၄င်းပုဂ္ဂိုလ်နှစ်ဦး၏ အမည်ဖြင့် ဘဏ်တွင် ငွေစာရင်း ဖွင့်လှစ်ထားရှိရန်၊ ဦးကျော်အောင် (ရွှေပြည်တန်)က လုပ်ငန်းညှိနှိုင်းရေးမှူး (coordinator) အဖြစ်ဆောင်ရွက်ရန်၊ ဦးအောင်သိန်းက ဥပဒေ အတိုင်ပင်ခံအဖြစ် ဆောင်ရွက်ရန်၊ သင့်လျော်သူတစ်ဦးအား စာရင်းစစ်အဖြစ် ခန့်အပ်တာဝန်ပေးရန် ဆရာကြီး ဦးဝင်းတင်က တိုက်တွန်း အကြံပေးသည့်အတိုင်း ဆက်လက်ဆောင်ရွက် သွားပါမည်။

ရက်စွဲ ၁၂.၃.၂၀၁၂ မတ်လ

8.12.2011

ဝါရင့် နိုင်ငံရေးသမားကြီးများ၏ ထုတ်ပြန်ကြေငြာချက်

Photobucket
Photobucket

5.27.2011

တိုင်းရင်းသား ကိုယ်စားပြု အမြင် သဘောထား (စိုင်းစောအောင် SNLD)

Sai Saw Aung

၂၀၁၀ ရွေးကောက်ပွဲ ဘာကြောင့် မဝင်ခဲ့သလဲ (ဖြိုးမင်းသိန်း)

၂၀၁၀ ရွေးကောက်ပွဲ ဘာ့ကြောင့်မ၀င်ခဲ့သလဲ

5.21.2011

ABMA ဂျာနယ် အတွဲ ၂ အမှတ် ၁၀

ABMA Journal Volume 2 No 10

3.04.2011

ပြည်သူ့ ဘဏ္ဍာများသုံးစွဲမူဆိုင်ရာ လွှတ်တော်တွင်း ပြဌာန်းချက် NLD ပါတီဝေဖန်

ယနေ့ မတ်လ ၄ ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန်ကြေငြာခဲ့သော NLD ၏ ထုတ်ပြန်ကြေငြာချက်တွင် NLD က ပြညန်သူ့ ဘဏ္ဍာငွေများကို ပြည်သူ့လွှတ်တော်၏ ဆုံးဖြတ်ချက်အရမဟုတ်ပဲ သုံးစွဲနိုင်ရန် ဖေဖေါ်ဝါရီ ၁၁ ရက်နေ့က ထုတ်ပြန်ခဲ့သော မြန်မာနိုင်ငံတော်ပြန်တမ်းတွင် ထုတ်ပြန်ခဲ့သည့်အပေါ် ဝေဖန်ပြောဆိုခဲ့ပါသည်။
NLD ၏ ထုတ်ပြန်ကြေငြာချက်
Photobucket

1.19.2011

Life Under the Junta: Evidence of Crimes Against Humanity in Burma’s Chin State

Burma-full-rpt-Chin-state%2Epdf                                                                   

11.30.2010

NLD ၏ထုတ်ပြန်ကြေငြာချက်

Photobucket
ဗိုလ်ချုပ်ဈေးတွင် ဈေးဝယ်နေကြသော ဒေါ်အောင်ဆန်းစုကြည်နှင့် သားဖြစ်သူ
၂၉ နိုဝင်ဘာ ၊ ၂၀၁၀။
ဒေါ်အောင်ဆန်းစုကြည် အနေနှင့် နိုင်ငံခြားသတင်းဌာန တစ်ခုက ထုတ်ပြန်ခဲ့သလို မြန်မာ စစ်အာဏာာပိုင် များ၏ လူ့အခွင့်အရေး ချိုးဖေါက်မှုများကို နိုင်ငံတကာ ရာဇဝတ် တရားရုံးတွင် တရားစွဲဆိုရေး ကိစ္စကို ဒေါ်အောင်ဆန်းစုကြည်က ကန့်ကွက်သည်ဟူသော ပြောဆိုရေးသားချက်သည် မဟုတ်မမှန်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ယနေ့ ထုတ်ပြန်ကြေငြာချက်ထုတ်၍ ငြင်းဆိုခဲ့ပါသည်။
ထိုထုတ်ပြန်ချက်ကို RFA သတင်းဌာနမှ ထုတ်ပြန်ကြေငြာခဲ့ပြီး ထိုကြေငြာချက်သည် နိုင်ဝင်ဘာလ ၂၃ ရက်နေ့ထုတ် နယူးယောက်တိုင်း သတင်းစာ၏ ရေးသားချက်ကို ကိုးကား၍ ဖေါ်ပြခဲ့ခြင်း ဖြစ်ပါသည်။
ပြည်တွင်းသတင်းထောက် (ရွှေဝါရောင် သတင်းလွှာ)

11.29.2010

Press statement by the Special Adviser to the Secretary-General on Myanmar

VN Press Statement Yangon 28 Nov                                                                   

11.20.2010

အမျိုးသားပြန်လည်သင့်မြတ်ရေးလိုလားသူများနှင့် ဒီမိုကရေစီအင်အားစုများ၏ ‘သက်ကြီးဝါရင့်နိုင်ငံရေးသမားများသို့ အကြံပေးတင်ပြမေတ္တာရပ်ခံချက်’

‘သက်ကြီးဝါရင့်နိုင်ငံရေးသမားများသို့ အကြံပေးတင်ပြမေတ္တာရပ်ခံချက်’

လေးစားအပ်ပါသော ဘဘတို့ခင်ဗျား...

လွန်ခဲ့တဲ့ နှစ်ပေါင်း၆၀ခန့် ဗိုလ်ချုပ်အောင်ဆန်းကျဆုံးပြီး အမျိုးသားစည်းလုံးညီညွတ်ရေး ပြိုကွဲသွားပြီး နောက် ပြည်တွင်းမှာရှိတဲ့ တိုင်းရင်းသားတွေ၊ လက်နက်ကိုင်အဖွဲ့အစည်းတွေ မြန်မာ့နိုင်ငံရေး အင်အားစုတွေကြား၊ အမုန်းတရားတွေ၊ သံသယတွေ၊ အာဃာတတွေ တဖြည်းဖြည်း ကြီးထွားလာခဲ့တာ ယနေ့ဆို အမြင့်ဆုံးအချိန်ရောက်နေပါပြီ။ နိုင်ငံရေး ထိပ်တိုက်တွေ့ဆုံမှုတွေ၊ ပြည်တွင်းစစ်ကို အစပျိုးစေမယ့် စစ်ပွဲတွေကလည်း နယ်စပ်ဒေသတွေမှာ တစထက်တစ ကျယ်ပြန့် ဖြစ်ပေါ်လာနေပါတယ်။ တဖက်မှာလည်း စီးပွားရေးက ကမ္ဘာ့အလယ်မှာ အဆင်းရဲဆုံး နိုင်ငံအဖြစ် လျော့ကျသွားခဲ့ရုံသာမက ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး အစရှိတဲ့ နယ်ပယ်အသီးသီးမှာလည်း ကမ္ဘာ့အနိမ့်ဆုံးအဆင့်ကို သက်ဆင်းကျရောက် သွားခဲ့ရပါပြီ။
အဲဒီလို ဘက်စုံအကျပ်အတည်းကြီးကို တပ်မတော်အစိုးရရဲ့ မကြာမီက ကျင်းပပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲနဲ့ဖြစ်ဖြစ် နောက်ဆက်တွဲပေါ်ပေါက်လာမယ့် ပြည်သူ့လွှတ်တော်နဲ့ အရပ်သားအစိုးရဆိုတဲ့ နိုင်ငံရေးအခင်းအကျင်းတွေနဲ့ပဲဖြစ်ဖြစ် ဖြေရှင်းလို့ရနိုင်မှာမဟုတ်ပါ။ ဒီလိုဘက်စုံအကျပ်အတည်းတွေနဲ့ ပြည့်နှက်နေတဲ့ ကျနော်တို့နိုင်ငံအတွက် လက်ငင်း လိုအပ်ချက်ကတော့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ မြန်မာ့နိုင်ငံရေးခေါင်းဆောင်များ၊ တိုင်းရင်းသားလူမျိုးစု ခေါင်းဆောင်များ၊ တပ်မတော် ခေါင်းဆောင်များ အတူတကွ လက်တွဲပူးပေါင်းကာ မြန်မာတနိုင်ငံလုံးအကျိုးအတွက် ပြည်သူလူထုကြီး အကျိုးအတွက်၊ သံသယတွေ အာဃာတတွေ အမုန်းတရားနဲ့ မာန်မာနတွေ ဘေးဖယ်ပြီး ညီညီညွတ်ညွတ် စုပေါင်းဆွေးနွေး အဖြေရှာရေးပဲဖြစ်ပါတယ်။
လွတ်လပ်ရေးမရခင်ကာလ ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်တဲ့ ပင်လုံညီလာခံမှာ တိုင်းရင်းသား ခေါင်းဆောင်တွေ မြန်မာနိုင်ငံရေး ခေါင်းဆောင်တွေနှင့်အတူ တပ်မတော်ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ပြီး ညှိနှိုင်းဆွေးနွေးသဘောတူ လက်မှတ်ရေးထိုးနိုင်ခဲ့တဲ့အတွက် မြန်မာနိုင်ငံလွတ်လပ်ရေးရခဲ့တဲ့ သာဓကရှိခဲ့ပါတယ်။
ယခုလတ်တလော အခြေအနေအရ မြန်မာတနိုင်ငံလုံးရဲ့ ပြဿနာကို ဖြေရှင်းရမှာဖြစ်တဲ့အတွက် အဆိုပါ ပင်လုံညီလာခံကဲ့သို့သော အမျိုးသားညီလာခံစစ်စစ်တခု ကျင်းပပြီး ကျွန်ုပ်တို့နိုင်ငံအတွင်းမှာ ကြီးထွားလာနေတဲ့ အာဃာတတွေ၊ သံသယတွေ၊ အမုန်းတရားတွေကိုလျော့ချပြီး လက်ရှိရင်ဆိုင်နေရတဲ့ အခက်အခဲတွေ၊ နောင်ရင်ဆိုင် လာရမယ့် အခက်အခဲအကျပ်အတည်းတွေကို စုပေါင်းဖြေရှင်းဖို့ လိုအပ်ပါတယ်။
ညီလာခံဆိုတာ ကိုယ်နဲ့နီးစပ်ရာ အဆင်ပြေရာတွေစုခေါ်ပြီး ကိုယ့်အကျိုးအတွက်၊ ကိုယ်လိုချင်ရာ ကိုယ်ဆုံးဖြတ်တာမျိုးမဖြစ်စေရပါဘူး။ အဲဒီလိုလုပ်ခဲ့ရင်လဲ သံသယတွေ အာဃာတတွေ အမုန်းတရားတွေ တိုးပွား လာရုံသာမကပဲ ပိုမိုနက်ရှိုင်းတဲ့ အကျပ်အတည်း အခက်အခဲတွေကို ကြုံတွေ့ရမှာမို့ သက်ဆိုင်သူ အာလုံးနဲ့တကွ အဲဒီအကြပ်အတည်းရဲ့ဒဏ်ကို ကိုယ်တိုင်တွေ့ကြုံခံစားနေရတဲ့ ပြည်သူတွေအနေနဲ့ကလည်း လက်ခံမှာမဟုတ်ပါဘူး။ ဒါ့ကြောင့် လက်ရှိရင်ဆိုင်ကြုံတွေ့နေရတဲ့ အမျိုးသားရေး အကျပ်အတည်းကြီးကို အမှန်တကယ်ဖြေရှင်းပေးနိုင်တဲ့ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးကိုလည်း အမှန်တကယ် ကိုယ်စားပြုနိုင်မယ့် အမျိုးသားညီလာခံစစ်စစ် တခုဖြစ်ဖို့တော့ လိုအပ်ပါတယ်။
လွန်ခဲ့တဲ့ အောက်တိုဘာ(၂၄)ရက်နေ့က စစ်ကိုင်းတိုင်း ကလေးမြို့မှာ ဇိုမီးအမျိုးသားကွန်ကရက် ၂၂နှစ်ပြည့် နှစ်ပတ်လည် အထိမ်းအမှတ်အခမ်းအနားပြုလုပ်စဉ် တမျိုးသားလုံးရဲ့ အကျပ်အတည်းကို ဖြေရှင်းဖို့အတွက် ဒုတိယ ပင်လုံညီလာခံခေါ်ဆိုဖို့ သဘောတူလက်မှတ်ရေးထိုးနိုင်ခဲ့ကြပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင်များ၊ ၀ါရင့်နိုင်ငံရေးသမားကြီးများ၊ တိုင်းရင်းသားခေါင်းဆောင်များနဲ့ ဒီမိုကရေစီ အင်အားစုများ သဘောတူလက်မှတ်ရေးထိုး တာတွေ့ရပါတယ်။ တိုင်းရင်းသားများအပါအ၀င် တနိုင်ငံလုံးမှာရင်ဆိုင်နေရတဲ့ အထွေထွေအကျပ်အတည်းကြီးကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ဖို့ ဖိတ်ခေါ်တာလို့ ယူဆပါတယ်။ ဒုတိယပင်လုံညီလာခံလို့ အမည်တပ်တာလဲ ပထမပင်လုံညီလာခံမှာလို စုပေါင်းပြီး ညီညီညွတ်ညွတ်နဲ့ နယ်ချဲ့လက်အောက်က လွတ်လပ်ရေးရယူပေးနိုင်ခဲ့သလိုမျိုး ဒုတိယ ပင်လုံညီလာခံ (ညီလာခံစစ်စစ်) ကျင်းပပြီး ပြည်တွင်းမှာလိုအပ်နေတဲ့ “ငြိမ်းချမ်းရေး”ကို အဓိကထား စုပေါင်းအဖြေရှာပြီး ရယူနိုင်ဖို့ ရည်ရွယ်တယ် လို့သိရပါတယ်။
ကချင်တိုင်ရင်းသားခေါင်းဆောင်ကြီး ဆမားဒူးဝါးဆင်ဝါးနောင်ရဲ့ မိန့်ခွန်းတစ်ခုမှာ ‘နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုး တိုးတက်တယ်ဆိုတာ အဲဒီနိုင်ငံမှာရှိတဲ့ သယံဇာတပစ္စည်းတွေနဲ့ မဆိုင်ပါဘူး။ အဲဒီနိုင်ငံအတွင်းမှာရှိတဲ့ ပြည်သူ လူထုကြီးရဲ့ စည်းလုံးညီညွတ်မှုနှင့်ပဲ ဆိုင်ပါတယ်’ လို့ပြောခဲ့ပါတယ်။ အဲဒီစည်းလုံးညီညွတ်မှုသာ မရှိဘူးဆိုရင်ဖြင့် ဘယ်လောက်အားကြီးတဲ့ အစိုးရတက်တက်၊ ဘယ်လောက်ကောင်းတဲ့ ၀ါဒနဲ့ အုပ်ချုပ်အုပ်ချုပ် နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ လုံးဝလုပ်နိုင်မှာမဟုတ်သလို အေးချမ်းမှုလဲရှိမှာမဟုတ်ပါဘူး။
နိုဝင်ဘာ (၁၃)ရက်နေ့က မြန်မာ့ဒီမိုကရေစီခေါင်းဆောင် နိုဘယ်ငြိမ်းချမ်းရေးဆုရှင်၊ တိုင်းရင်းသားအားလုံး ပြည်သူလူထုအားလုံးကသာမက တစ်ကမ္ဘာလုံးကပါ တခဲနက်ထောက်ခံနေတဲ့ ၁၉၉၀ခုနှစ်အထွေထွေ ရွေးကောက်ပွဲမှာ တောင်ပြိုကမ်းပြိုနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ် အကျယ်ချုပ်က လွတ်မြောက်ခဲ့ပါပြီ။
၎င်းလွတ်မြောက်လာချင်းချင်းမှာပဲ အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်ကို အကောင်အထည် ဖော်မယ့်အကြောင်းနဲ့ အဲဒီလိုဖော်ဆောင်ရာမှာလည်း ဒီမိုကရေစီကို အမှန်တကယ်လိုလားသူ မည်သည့် နိုင်ငံရေး အင်အားစုနဲ့မဆို လက်တွဲ ဆောင်ရွက်သွားပါ့မယ်လို့ ပြောကြားထားခဲ့တဲ့အလျောက် အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် အမျိုးသား ညီလာခံစစ်စစ်ဖြစ်တဲ့ ဒုတိယ ပင်လုံညီလာခံကြီး အကောင်အထည်ဖော် ပေါ်ပေါက်လာရေးမှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဦးဆောင်ဦးရွက် ပြုနိုင်လိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်။
တဆက်တည်းမှာပဲ ယနေ့နိုင်ငံအုပ်ချုပ်ရေးမှာ တာဝန်ယူနေကြတဲ့ တပ်မတော်ခေါင်းဆောင်ကြီးများကို ပန်ကြား လိုတာကတော့ -
ယနေ့နိုင်ငံတော်မှာ အမျိုးသားပြန်လည်သင့်မြတ်ရေးဖော်ဆောင်နိုင်ဖို့ အရေးတကြီး လိုအပ်နေပါတယ်။ အမျိုးသား ခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်း တည်ထောင်မွေးဖွားပေးခဲ့တဲ့ မြန်မာ့တပ်မတော်ရဲ့ ခေါင်းဆောင်ကြီးများအနေနဲ့ နိုင်ငံနဲ့ပြည်သူလူထုအပေါ်မှာ အမှန်တကယ်စေတနာရှိတယ်ဆိုရင် ယခုကဲ့သို့ တိုင်းပြည်နဲ့လူမျိုးအတွက် အမှန်တကယ် အရေးလည်းပါ လိုလည်းလိုအပ်တဲ့ အထက်ပါအမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်ကြီး လက်တွေ့ အောင်အောင်မြင်မြင် အကောင်အထည် ဖော်နိုင်ရေးအတွက် နိုင်ငံနဲ့ ပြည်သူလူထုအကျိုးကို ရှေးရှုပြီး အရေးပါတဲ့ အခန်းကဏ္ဍတခုကနေ တာဝန်သိသိ သစ္စာရှိရှိ ပါဝင်ဆောင်ရွက်ပေးပါရန် ကျနော်တို့အလေးအနက် တိုက်တွန်းပါတယ်။ ဖိတ်လည်း ဖိတ်ခေါ်ပါတယ်။ အမျိုးသားညီလာခံပေါ်ပေါက်လာရေး ကြိုးပမ်းဆောင်ရွက်နေသူတွေကိုလည်း ကူညီပေးဖို့ တောင်းဆိုပါတယ်။
တပ်မတော်ခေါင်းဆောင်ကြီးများအနေနဲ့ အဆိုပါအမျိုးသားညီလာခံစစ်စစ် ပေါ်ပေါက်အောင် ပါဝင်ကူညီ ကြိုးပမ်း ဆောင်ရွက်မယ်ဆိုရင်ဖြင့် ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာရဲ့ ထောက်ခံမှု၊ ယုံကြည်မှုကို ရမှာဖြစ်ပြီး မြန်မာနိုင်ငံ အနေနဲ့လည်း အလွန်မင်္ဂလာရှိတဲ့ နိုင်ငံအဖြစ် ကမ္ဘာ့အလယ်မှာ ဂုဏ်ယူဝင့်ထည် နိုင်မှာပါ။
လေးစားအပ်ပါတဲ့ ၀ါရင့်သက်ကြီးနိုင်ငံရေးခေါင်းဆောင်များခင်ဗျား…
အသက်အရွယ်ကြီးရင့်လို့ဖြစ်စေ ကျန်းမာရေးမကောင်းလို့ဖြစ်စေ၊ နိုင်ငံရေးတာဝန်တွေကို စွန့်လွှတ်ပြီး အနားမယူကြပါနဲ့ဦးလို့ မေတ္တာရပ်ခံပါရစေ။ နယ်ချဲ့ကိုတော်လှန်ခဲ့ကြတဲ့ လွတ်လပ်ရေး အရယူပေးနိုင်ခဲ့ကြတဲ့ ဖက်ဆစ်နဲ့ အာဏာရှင်စနစ်ကို အစဉ်အဆက် ဆန့်ကျင်တိုက်ပွဲဝင်ခဲ့ကြတဲ့ တာဝန်တွေကို ကျေပွန်စွာ ထမ်းဆောင်နိုင်ခဲ့ပေမယ့် ကျန်ရှိနေတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး ဒီမိုကရေစီစနစ်စစ်စစ် ပေါ်ပေါက်ရေးနဲ့ ထာဝစဉ် တည်တံ့ခိုင်မြဲမယ့် ငြိမ်းချမ်းရေးမျိုးပေါ်ပေါက်သည်အထိ ကိုယ်တိုင်ပါဝင်၍ဖြစ်စေ အကြံဉာဏ်များပေး၍ဖြစ်စေ မိမိတို့တတ်နိုင်သလောက် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ဆက်လက်၍ လက်တွဲပါဝင်ဆောင်ရွက်ပေးကြပါရန် အလေးအနက် မေတ္တာရပ်ခံ ပန်ကြားအပ်ပါတယ်။

မြန်မာပြည်ငြိမ်းချမ်းပါစေ -
(အမျိုးသားပြန်လည်သင့်မြတ်ရေးလိုလားသူများနှင့် ဒီမိုကရေစီအင်အားစုများ)

10.31.2010

အရေးကြီးပြီ၊ ပြတ်သားကြပါစို့


(၁) ၈၈ အရေးတော်ပုံကြီးရဲ့ မဟာသူရဲကောင်း ရဟန်းပြည်သူ၊ ကျောင်းသားအပေါင်းတို့ နိုးထကြလော့။
(၂) စစ်အာဏာရှင်အလိုကျ ပြင်ဆင်ထားသော ရွေးကောက်ပွဲကို မပါဝင် မပူးပေါင်း၊ မဲမပေးဘဲနေခြင်းဖြင့် သပိတ်မှောက်ကြလော့။ အကယ်၍ မဲမပေးမဖြစ် မဲပေးရပါက ပယ်မဲများဖြစ်အောင် လုပ်ကြကုန်လော့။
(၃) သင်တို့ အသီးသီးက တဦးချင်းစီဖြစ်စေ၊ အစုအဖွဲ့လိုက်ဖြစ်စေ ၈၈ ဒီမိုကရေစီအရေးတော်ပုံကြီးကို သစ္စာရှိစွာဖြင့် နီးစပ်ရာ ရဟန်းရှင်လူ ပြည်သူ၊ ကျောင်းသား၊ တပ်မတော်သားတို့ကို စည်းရုံးပြီး ရှင်းပြကြကုန်လော့။ သပိတ်တိုက်ပွဲမှာ ပါဝင်နိုင်အောင် အားထုတ်ကြကုန်လော့။
(၄) ကိုယ်ကိုးကွယ်သည့် ဘုန်းကြီးကိုပင် ကိုယ်ပြန်သတ်ခဲ့တဲ့ စစ်အစိုးရ၊ ကိုယ့်တိုင်းရင်းသားများ၊ ကိုယ့်လူမျိုး၊ ကျောင်းသားများကို ရက်ရက်စက်စက် ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခဲ့သော စစ်အာဏာရှင် သက်ဆိုးရှည်ရေးကို အတည်ပြုပေးရာ ရောက်သည့် မဲပေးခြင်းအလုပ်ကို ကန့်ကွက်ရှုတ်ချကြလော့။
(၅) လူထုက ဘယ်ပါတီကို မဲပေးပေး အဓိက အာဏာရသွားမှာနဲ့ ဆက်အုပ်ချုပ်မှာကတော့ စစ်တပ်ကိုယ်တိုင်နဲ့ စစ်တပ်ကထောင်ထားတဲ့ (ကြံ့ဖွံ့)ပါတီပါပဲ။
(၆) ကျန်တဲ့ အရပ်သားအမည်ခံ အချောင်သမားတွေ၊ သစ္စာဖောက်တွေကတော့ အရိုးအရင်း ကိုက်ကြပေါ့။ လွှတ်တော်ရဲ့ ခုံကြိုခုံကြားကနေ ‘ဝေလေလေ’ အော်ရသူ အဆင့်လောက်ပါ။ သင်္ကြန်အမြောက် ဖောက်ကြပေါ့။
(၇) ဘာကြောင့် ဒီလိုပြောရတာလည်း ဆိုရင် လွှတ်တော်ကိုယ်စားလှယ် (၁၁၇၁) နေရာမှာ စစ်တပ်က ၂၅% ယူထားပြီး စစ်တပ်ပါတီ(ကြံ့ဖွံ့)က ပြိုင်ဘက်မရှိ နေရာ (၅၄) နေရာ ယူထားကြပြီ။ (၂၈၃ + ၅၄ = ၃၃၇ နေရာ)
(၈) ဒါကြောင့် န.အ.ဖရဲ့ မျက်လှည့်ဝိုင်းမှာ (စစ်ဘီလူးရဲ့ လူယောင်ဆောင်ပွဲကြီးမှာ) နိုင်ငံရေးနားမယောင်ကြပါနဲ့။ မဲပေးသင့်မသင့် သေချာစဉ်းစားကြပါ။
(၉) ဒီမိုကရေစီ ဘက်တော်သားတို့ ကြားထိုင်နေရမယ့်အချိန်၊ တွေဝေနေရမယ့် အချိန်မဟုတ်တော့ဘူး။
ပြတ်ပြတ်သားသား ဆုံးဖြတ်ရမယ့် အချိန်ရောက်ပြီ။
(၁၀) န.အ.ဖ စစ်အာဏာရှင်နဲ့ ဒီမိုကရေစီဘက်တော်သားတို့ အားပြိုင်ပွဲ၊ မကြမ်းမဖက် အနုနည်းနဲ့ တိုက်ပွဲကြီးစလေပြီ။
(၁၁) ကြိုက်တဲ့နည်းနဲ့ သူတို့အနိုင်ယူပါစေ၊ မဲမပေးတဲ့သူများရင် တို့နိုင်ပြီး စစ်အာဏာရှင်ရှုံးပြီ။
(၁၂) ပြည်တွင်း ပြည်ပမှာ အရှက်ကွဲပြီ။ သူတို့ကို တရားဝင်အုပ်စိုးမှု (Legitimacy) ကို ပြည်သူတွေများစုက မကျေနပ်ကြတာပေါ်သွားပြီ။
(၁၃) နောင်တိုက်ရမယ့် ဒီမိုကရေစီရေးတိုက်ပွဲတွေအတွက် စစ်အာဏာရှင်တို့ ပွဲဦးထွက် အကြီး အကျယ်ရှုံးပြီ။
(၁၄) ပြည်သူတို့ တွေဝေမနေကြနဲ့။ န.အ.ဖ စစ်အာဏာရှင်ကို အကြမ်းမဖက်၊ အနုနည်းနဲ့ ရွေးကောက်ပွဲ သပိတ်မှောက်သောနည်းဖြင့် တိုက်ပွဲဝင်ကြလော့။
(၁၅) သင့်မဲများဖြင့် စစ်အာဏာရှင်တို့ကို ပြည်တွင်းနဲ့ နိုင်ငံတကာမှ အသိအမှတ်ပြုစေမည့် အလုပ်မျိုး မလုပ်မိကြပါစေနဲ့။
(၁၆) ဤသို့ သပိတ်မှောက် ဆန္ဒပြနည်းနဲ့ ဒီမိုကရေစီဘက်တော်သားများ၊ တိုင်းရင်းသားများနှင့် စစ်အာဏာရှင်တို့ တွေ့ဆုံဆွေးနွေးပွဲဖြစ်အောင် တိုက်ပွဲဝင်ကြပါစို့။
(၁၇) လူထုခေါင်းဆောင် ‘ဒေါ်အောင်ဆန်းစုကြည်’ ရဲ့ အောက်ပါ အမှာစကားလေးကို တင်ပြရင်း တပ်လှန့်နှိုးဆောက်လိုက်ပါတယ်။
နိုင်ငံသားတိုင်း မဲပေးပိုင်ခွင့်ရှိသလို၊ မဲမပေးဘဲ နေပိုင်ခွင့်လည်းရှိသည်။ အတင်းအဓမ္မမဲပေးခိုင်းခြင်းသည် ဥပဒေကို ချိုးဖောက်ခြင်းဖြစ်သည်။
(သပိတ်တိုက်ပွဲများ ကော်မီတီ) 
ပြည်တွင်းမှ မေးဖြင့်ပေးပို့လာသဖြင့် ထပ်ဆင့်ဖြန့်ဝေခြင်းဖြစ်ပါသည်။

မဲရုံသို့ မသွားခြင်းဖြင့် ဒီမိုကရေစီရေးနှင့် အမျိုးသားရေးတာဝန်ကို ထမ်းဆောင်ကြ


(၁) ၂၀၁၀ ခု၊ နိုဝင်ဘာ(၇)ရက်နေ့တွင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲများဆိုသည့် အတုအယောင် ရွေးကောက်ပွဲကြီးကို ကျင်းပတော့မည် ဖြစ်ပါသည်။
(၂) ယင်းရွေးကောက်ပွဲများတွင် အောက်ပါ ပါတီအဖွဲ့အစည်းများ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ရာ ယင်းပါတီများသည် ပြည်သူတို့၏ တန်ဖိုးမဖြတ်နိုင်သော မဲလက်မှတ်များကို ပေးသင့်သည့် ပါတီများ မဟုတ်ကြောင်း အောက်ပါအတိုင်း တင်ပြအပ်ပါသည်။
(က) “ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ”
ယင်းပါတီသည် စစ်အာဏာရှင်တစုတို့က နိုင်ငံတော်အာဏာကို အလွဲသုံးစားပြုကာ ကြီးမှူးတည်ထောင်ခဲ့သည့် ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းကြီးကို ဖျက်သိမ်း၍ ယင်းအသင်း၏ ရန်ပုံငွေများ၊ ပိုင်ဆိုင်ပစ္စည်းများ၊ လုပ်ပိုင်ခွင့်များကို တရားဥပဒေမဲ့ သိမ်းယူကာ တည်ထောင်ထားသည့် ပါတီဖြစ်ပါသည်။ ယင်းပါတီသည် စစ်အာဏာရှင်များက “စွမ်းအားရှင်” အမည်ခံ လူဆိုးလူမိုက်များကို လက်သပ်မွေးပြီး ရဟန်းသံဃာတော်များ၊ ဒီမိုကရေစီအင်အားစုများကို ရက်စက်စွာ သတ်ဖြတ်ညှဉ်းပန်း နှိပ်စက်စေခဲ့သော ပါတီဖြစ်ကြောင်း ကုန်ဈေးနှုန်းကျဆင်းရေး ဆန္ဒပြုမှု၊ ဒီမိုကရေစီရေးတောင်းဆို ဆန္ဒပြုမှု၊ ၂၀၀၇ခု၊ သံဃာတော်များ၏ ပြည်သူများခံစားနေရသည့် ဒုက္ခအပေါင်းမှ လွတ်မြောက်စေရန် မေတ္တာပို့သ လှည့်လည်ဆန္ဒဖော်ထုတ်မှု စသော အရေးတော်ပုံများတွင် ကြံ့ခိုင်ရေးပါတီဝင်များနှင့် လက်ပါးစေ “စွမ်းအားရှင်” များ၏ ရက်စက်စွာ ဒီမိုကရေစီဘက်တော်သားများကို သတ်ဖြတ်ရိုက်နှက်မှုများက သက်သေခံလျက်ရှိပါသည်။
(ခ) “တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တ.စ.ည)”
စစ်အာဏာရှင် ဗိုလ်နေ၀င်းဦးဆောင်၍ ၁၉၆၂ ခုနှစ်တွင် နိုင်ငံတော်အာဏာကို မတရားသိမ်းယူလျက် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မ.ဆ.လ)ကို တည်ထောင်ခဲ့ပါသည်။ ယင်း မ.ဆ.လ ပါတီလမ်းစဉ်ကြောင့် တတိုင်းပြည်လုံး ဒုက္ခတွင်းနစ်၍ ကမ္ဘာတွင် အဆင်းရဲဆုံး (ဖွံ့ဖြိုးမှု အနိမ့်ကျဆုံး) နိုင်ငံဖြစ်ပြီး ယနေ့တိုင် ထိုင်း၊ မလေးရှား၊ စင်ကာပူ စသည့် နိုင်ငံများတွင် ပြည်သူများသည် ကျွန်ခံနေရခြင်း၊ ပြည့်တန်ဆာဘ၀ရောက်ရခြင်း စသော အဖြစ်ဆိုးများကို ဖြစ်ပေါ်စေခဲ့ပါသည်။ မ.ဆ.လ ပါတီသည် ကျောင်းသား၊ အလုပ်သမားများစွာကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သော ပါတီဖြစ်ပါသည်။ ယင်း တ.စ.ည ပါတီသည် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီပိုင် တနည်းအားဖြင့် နိုင်ငံတော်ပိုင် ငွေကြေးများ။ ပစ္စည်းများနှင့် တစ်ကွ အဆိုပါ မ.ဆ.လ ပါတီ၏ မူဝါဒများကို ဆက်ခံထားသော ပါတီဖြစ်ပါသည်။
(ဂ) “ဒီမိုကရေစီ ဘက်တော်သားအမည်ခံ ခါတော်မှီ နိုင်ငံရေးပါတီများ”
ယင်းပါတီများသည် ပြည်သူများ၏ ဒုက္ခအဖုံဖုံနှင့် ငိုကြွေးမြည်တမ်းနေရသော သောက၊ ပရိဒေ၀များကို မျက်ကွယ်ပြုလျက် တိုင်းပြည်အား ထာဝရ စစ်ကျွန်ပြုမည့် ၂၀၀၈ခု၊ အခြေခံဥပဒေကို “ လေးစားလိုက်နာပါမည်” ဟူသော ကတိကို စစ်အာဏာရှင်များထံ ရိုကျိုးစွာ ပေးအပ်ပြီး တည်ထောင်ခဲ့ကြသော အချောင်သမား၊ ကိုယ်ကျိုးရှာ ပြည်သူ့သစ္စာဖောက်များ၊ “အရိုးကလေးပဲ ကိုက်ရကိုက်ရ” စစ်အာဏာရှင်၏ လက်ဝေခံပြုလုပ်လိုသူများဖြင့် ဖွဲ့စည်းထားသော ပါတီများဖြစ်ပါသည်။ မိုးသံကြား၍ ထအော်ကြသော ဖားများဖြစ်၍ သီလကြောင်၊ အကျင့်ပျက် အခွင့်အရေးသမားများဖြင့် ပြည့်နှက်နေသော ပါတီများဖြစ်ပါသည်။ လွှတ်တော်တွင် တစုံတရာကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်စွမ်း မရှိမှန်းသိလျက် ပြည်သူ့မဲကို လိမ်ညာယူရန် ကြံဆောင်နေကြသော လူလိမ်လူညာများပိုင် ပါတီများဖြစ်ပါသည်။
(ဃ) “တသီးပုဂ္ဂလများ”
ယင်းပုဂ္ဂိုလ်များတွင် အများစုသည် တိုင်းပြည်ဒုက္ခရောက်ချိန်တွင် စစ်အာဏာရှင်နှင့် ပူးပေါင်းပြီး ကိုယ်ကျိုးရှာ၊ ချမ်းသာလာခဲ့ကြသောသူများ၊ စစ်အာဏာရှင်ကို မျက်လုံးစုံမှိတ် ထောက်ခံကာ “ဘယ်သူသေသေ ငတေမာပြီးရော” ဆိုသည့် စကားနှင့်အညီ စစ်အာဏာရှင်၏ ဒေါက်တိုင်အဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ကြသော ပုဂ္ဂိုလ်များ ဖြစ်ကြပါသည်။
(၃) မည်သူ့ကိုမျှ မဲမပေးဘဲ ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့သောကြောင့် ဒီမိုကရေစီပန်းတိုင်သို့ ရောက်ခဲ့သော နိုင်ငံများ အများအပြားရှိခဲ့ပါသည်။
(၄) ရွေးကောက်ပွဲသပိတ်မှောက်ခြင်းကြောင့် အောက်ပါ နိုင်ငံများသည် စစ်မှန်သော ဒီမိုကရေစီကို ရရှိခဲ့ကြပါသည်။ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကို အစိုးရက ပြုလုပ်ပေးခဲ့ကြရပါသည်။
(က) ၁၉၉၇ ခုနှစ်၊ အင်ဒိုနီးရှား ရွေးကောက်ပွဲသပိတ်အပြီးတွင် ရွေးကောက်ပွဲဥပဒေနှင့် သမ္မတ အာဏာဆိုင်ရာ ပြောင်းလဲမှုများ ထွက်ပေါ်ခဲ့ပါသည်။
(ခ) ၂၀၀၀ ပြည့်နှစ်၊ ဟေတီရွေးကောက်ပွဲသပိတ်အပြီးတွင် ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲ စီမံခန့်ခွဲရေးအဖွဲ့အစည်းတခု ပေါ်ထွက်လာခဲ့ပါသည်။
(ဂ) ၁၉၉၆ ခုနှစ်၊ ဘင်္ဂလားဒေ့ရှ် ရွေးကောက်ပွဲသပိတ်အပြီးတွင် နောင်ကျင်းပမည့် ရွေးကောက်ပွဲမျာွးမတိုင်မီ ကြားနေအိမ်စောင့်အစိုးရ ကြိုတင်ဖွဲ့စည်းရေးဆိုင်ရာ ဥပဒေထွက်ပေါ်လာပါသည်။
(ဃ) ၁၉၉၇ ခုနှစ်၊ မောရစ်တေးနီးယား ရွေးကောက်ပွဲသပိတ်အပြီးတွင် နိုင်ငံရေးပါတီများက ပြည်သူ့ဘဏ္ဌာငွေသုံးစွဲခွင့်ဘတ်ဂျက် ချမှတ်ခြင်း ပြုလုပ်နိုင်ခဲ့သည့် ဥပဒေ ပေါ်ထွက်ခဲ့ပါသည်။
(၅) စစ်အာဏာရှင်၏ “၂၀၀၈ ခု၊ အခြေခံဥပဒေကို လေးစားလိုက်နာပါမည်” ဟူသော စစ်ကျွန်ခံကတိကိုပြုပြီး ၂၀၁၀ ရွေးကောက်ပွဲဝင်ခြင်းမှတပါး အခြားမရှိဟူသော လိမ်ညာလှည့်စားမှုများကို ပြုခဲ့ကြသော ကိုယ်ကျိုးရှာသမားများသည် အထက်ပါနိုင်ငံများ၏ ဒီမိုကရေစီရေးဖြစ်ပေါ်တိုးတက်မှုကို မျက်ကွယ်ပြု၍ လူထုကို လိမ်ညာ “မဲ” တောင်းနေကြကြောင်း ထင်ရှားသိသာပါသည်။
(၆) အထက်တွင် ဖော်ပြခဲ့သော ပါတီများ၊ ပုဂ္ဂလိကများနှင့် ပတ်သက်သည့် သမိုင်းရေးဆိုင်ရာ အကြောင်းပြချက်များကြောင့် ယင်းပါတီများနှင့် ပုဂ္ဂလိကများကို မဲပေးရန် မဲရုံသို့ မသွားသင့်ပါ။ လူယုတ်မာ၊ လူရမ်းကားများနှင့် အချောင်သမားများအား အားပေးအားမြှောက်မလုပ်သင့်။ မိမိပေးသော မဲဖြင့် မိမိကိုယ်ကို စစ်ကျွန်ပြုရန်၊ စစ်အာဏာရှင်လက် “၀ကွက်အပ်သည့် အလုပ်” ကို မလုပ်ကြပါနှင့်။

(၇) အထက်တွင် ဖော်ပြခဲ့သော အကြောင်းပြချက်များ၊ ဖြစ်ရပ်များကြောင့် စစ်မှန်သော ဒီမိုကရေစီကို မြတ်နိုးကြသော လူထုကြီးသည် ၂၀၁၀ ခု၊ ရွေးကောက်ပွဲကို လုံးဝသပိတ်မှောက်ကြပါ။ ဒီမိုကရေစီရေးနှင့် အမျိုးသားရေးတာဝန်ကို ထမ်းဆောင်ကြပါ။
(၈) မဲဆန္ဒရှင် ပြည်သူများ မည်သူ့ကိုမျှ ကြောက်စရာမလိုပါ။ အမျိုးသားလွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ - ၂(ဍ္ဎ) အရ မဲပေးခြင်းမပြုဘဲ နေနိုင်ပါသည်။ ပုဒ်မ - ၆၁ (ခ) (ဂ) တို့အရ အတင်းအကျပ်မဲပေးစေလျှင် ထောင်ဒဏ်တစ်နှစ်၊ ငွေဒဏ် ကျပ်တသိန်း ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားပါသည်။
ရဟန်းရှင်လူ ကျောင်းသားပြည်သူများ တပ်ပေါင်းစု


ပြည်တွင်းမှမေးဖြင့် ပေးပို့လာသဖြင့် ထပ်ဆင့်ဖြန့်ဝေပေးခြင်းဖြစ်ပါသည်။



10.26.2010

သီရိလင်္ကာရောက် မြန်မာကျောင်းသားရဟန်းတော်များ သဘောထားထုတ်ပြန်

By abma | October 26, 2010
တရားမမျှတသော နအဖ စစ်အာဏာရှင်များ၏ ၂၀၁၀-ရွေးကောက်ပွဲအား မထောက်ခံကြောင်း
သီရိလင်္ကာရောက် မြန်မာကျောင်းသား ရဟန်းတော်များ အဖွဲ့ (MSMA) ၏
ထုတ်ပြန်ကြေငြာချက်ကို မေမေ့သား ရှင်ဝါ ဖတ်ကြားနေစဉ်


မြန်မာကျောင်းသား ရဟန်းတော်များ နအဖ အလံသစ်အား မီးရှို့နေစဉ်



Msma Statement