နှစ်သစ်ကူး အထူး ထုတ်ပြန်ကြေညာချက်



![]() | မြန်မာ့နိုင်ငံရေး ညီညွတ်ကြရန် ရွှေကျင်ဂိုဏ်းချုပ် ဆရာတော်ကြီး သတိပေး NEJ/ ၃၁ ဒီဇင်ဘာ ၂၀၀၈ ယနေ့ မြန်မာ့နိုင်ငံရေးကိုကြည့်လျှင် မိမိ မြန်မာနိုင်ငံထွက် မုန့်ပြားသလက်လေးကိုပင် ညီညီညွတ်ညွတ် တစားပွဲတည်းထိုင်ပြီး အတူမစားနိုင်သည့်အဖြစ် ရောက်နေသည်မှာ ၀မ်းနည်းစရာ ကောင်းသည်ဟု သက်တော် (၉၀) ကျော် မန္တလေးမြို့ ရွှေကျင်သာသနာပိုင်ချုပ် ဆရာတော်ဘုရားကြီး...အပြည့်အစုံသို့ |
မဵက်မှောက်ရေးရာ - သူတိုႛအာဘော် | |
လဲနေသူကို ထူ၊ အားနည်းသူကို အားပေးဖို့ မိုးမခ ၀ိုင်းတော်သားတွေကိုတော့ စာမူတောင်းထားပါရဲ့။ ၂၀၀၈ ကနေ ၂၀၀၉ အကူး ဘာလေးတွေများ ရေးချင် ပြောချင်ပါလိမ့် ဆိုပြီးတော့။ ကိုယ်တိုင်လည်း ရေးရဦးမှာပါပဲ။ ၂၀၀၈ နာဂစ်အလွန်မှာ ပြည်ပစေတနာ့ဝန်ထမ်းကူညီသူတွေထဲက တချို့ ထင်မြင်ချက်ပေးတာက - စစ်တပ်က မြန်မာပြည်သူတွေရဲ့ စိတ်ဓာတ်တွေကို တစစီဖြစ်အောင် ရိုက်ချိုးပစ်လိုက်တာပဲ တဲ့။ နာဂစ် အပျက်အစီးပုံ၊ အလောင်းပုံအောက်က ကုန်းရုန်းထလာရတဲ့ ပြည်သူတွေမှာ သူတို့ အသက်ကလေး ပြန်မွေးရဖို့အရေး စစ်အာဏာပိုင်တွေအောက်မှာ အောက်ကျို့ဝပ်တွားနေလိုက်ရတာ … တဲ့။ ငါတို့မှာလည်း မင်းတို့ပြည်သူတွေကို ကယ်ရဖို့အရေး မင်းတို့စစ်အာဏာရှင် မျက်စောင်းအောက်မှာ မျက်မွှေးတောင် မော်မကြည့်ရဲဘဲ ၀င် ကယ်နေရပါ သတဲ့။ | |
အျပည့္အစုံသိုႛ ... |
Ottara Moon - South East Asia 2008 |
မဵက်မှောက်ရေးရာ - သတင်းဆောင်းပၝး | |
၂၀၀၈ နှစ်ထဲက အရှေ့တောင်အာရှ ၂၀၀၈ ဟာ အရှေ့တောင်အာရှဒေသအတွင်း မထင်မှတ်တဲ့ နိုင်ငံရေး အပြောင်းအလဲတွေ၊ သဘာဝဘေးဒုက္ခတွေ ကြုံတွေ့ခဲ့ရတဲ့နှစ် ဖြစ်ပါတယ်။ ဖိလစ်ပိုင်နိုင်ငံမှာတော့ မြန်နှုန်းမြင့် အင်တာနက်ဆက်သွယ်ရေး ကွန်ရက် ဆောက်လုပ်ရေးအတွက် တရုတ်ပြည် ဆက်သွယ်ရေး ကုမ္ပဏီတစ်ခုနဲ့ စာချုပ်ချုပ်ဆိုခဲ့တဲ့ ကိစ္စမှာ ဖိလစ်ပိုင်သမ္မတ ဂလိုရီယာအာရိုယို(Gloria Arroyo)နဲ့ သူမရဲ့မိသားစုလည်း ပါဝင်ပတ်သက်သလို ရှိခဲ့တဲ့ လာဘ်စားမှုကိစ္စဟာ သတင်းကျော်ကြားသွားပါတယ်။ | |
အျပည့္အစုံသိုႛ ... |
| |
![]() ၂၀၀၈ နာဂစ်အလွန် ငါတို့အားလုံးရဲ့ မျက်နှာများ | |
အျပည့္အစုံသိုႛ ... |
ကျော်ဝင်ပြီးမှ ကြည့်လို့ရတဲ့ ၀က်ဆိုက်တွေကို (RSS) အာရ်အက်စ်အက်စ်နဲ့ ကြည့်ရအောင် တင့်လွင် ဒီဇင်ဘာ ၃၁၊ ၂၀၀၈ နေ့စဉ်လိုလို ၀င်ကြည့်နေတဲ့ သတင်းဝက်ဆိုက်တွေကို နေ့စဉ် (Proxy) ပရောက်စီနဲ့ ကျော်နေရတဲ့ ဒုက္ခ၊ လိုင်းနှေးးရင် သတင်းခေါင်းစဉ်တခုမှ တခု၊ (web page) ၀က်ပေ့ခ်ျ တခုမှတခု ပြောင်းရင်းနဲ့ စိတ်မရှည်နိုင်တော့ပဲ ရပ်လိုက်ရတဲ့ ဒုက္ခတွေက လွတ်ကင်းတဲ့ နည်းတနည်းရှိပါတယ်။ အချိန်ကုန်လည်းသက်သာပြီး နာရီပိုင်းအလိုက် ထပ်မံဖြည့်စွက်တဲ့ သတင်းတွေကိုလည်း ခေါင်းစဉ်နဲ့ အကျဉ်းချုပ် အလိုအလျောက် ထပ်ထပ်ပြီး ဖြည့် စွက်ပေးသွားတဲ့ အတွက် အလုပ်မရှုပ်တော့ပါဘူး။ | |
အဲဒါက ဂျီမေးလ် သုံးစွဲရင်းနဲ့ ဂျီမေးလ်မှာ တွဲလျက်ပါရှိတဲ့ ရီဒါ (reader) ဆိုတဲ့ ဖီချာ တခုပါ။ တကြိမ် ဖြည့်စွက် ထားလိုက်ရုံနဲ့ မိမိမေးလ် သုံးစွဲရင်းနေ့စဉ်ကြည့်လိုတဲ့ သတင်းစာတွေ၊ သတင်းဝက်ဆိုက်တွေ ဒီနေ့တော့ဖြင့် ဘာတွေထူးလဲဆိုတာကို ကလစ်တချက် လုပ်ရုံနဲ့ ချက်ခြင်းသိနိုင်ပါတယ်။ အချို့လည်း သိရှိပြီးသား ဖြစ်ကောင်းဖြစ်မှာပါ။ မသိရသေးသူတွေ အတွက်တော့ လုပ်ဆောင်ချက် အသစ်တခု ဖြစ်မှာပါ။ လုပ်ဆောင်ရမှာကတော့ (GMail) ဂျီမေးလ် standard view အနေအထားမှာ လက်ဝဲဘက် အပေါ်ဆုံးထောင့်က ခေါင်းစဉ်ငယ် (features) တွေထဲက ၅ခုမြောက် reader ကို ကလစ်လုပ်လိုက်ပါ။ အဲဒီနောက် ရီဒါ ၀က်စာမျက်နှာပေါ်လာရင် လက်ဝဲဘက် အပေါ်နားမှာ ရှိတဲ့ Add subscriptions ဆိုတဲ့ အကွက်ကို ကလစ်လုပ်လိုက်ပြီး ပေါ်လာတဲ့ url ဘောက်စ်ထဲမှာ မိမိနေ့စဉ်ကြည့်လိုတဲ့ ၀က်ဆိုက် လိပ်စာများကို ဖြည့်သွင်းနိုင်ပါတယ်။ ဥပမာ အားဖြင့် www.mizzima.com , www.burmanet.org , www.voanews.com/Burmese , www.rfa.org/Burmese www.saffrontoward.blogspot.com စသဖြင့်ပါ။ အချို့သော မြန်မာဘာသာ သတင်းဝက်ဆိုက်တွေက အာရ်အက်စ်အက်စ်အတွက် အသင့်လုပ်ပေးမထားလို့ ထည့်သွင်းလို့ မရတာလည်း အနည်းအကျဉ်းရှိပါတယ်။ သို့ပေမယ့် အများစုကတော့ အာရ်အက်စ်အက်စ် (ရီဒါ) လုပ်ဆောင်ချက် ပါဝင်ကြ ပါတယ်။ မြန်မာသတင်းဝက်ဆိုက်တွေသာမကပဲ မြန်မာဘလော့ဆိုက်တွေကို ထည့်သွင်းထားရင် အလွန်အဆင်ပြေပါတယ်။ ဘလော့အားလုံးကိုလည်း ကျော်မှပဲ ကြည့်ရတဲ့ သဘောရှိတာမို့လို့ ဘာခေါင်းစဉ် အသစ်တက်သလဲ ဆိုတာမျိုးအတွက်တော့ အချိန်ကုန်သက်သာ၊ စိတ်ပင်ပန်းခံစရာမလိုပဲ ကြည့်ရှုနိုင်မှာပါ။ မိမိ subscribe လုပ်ထားတဲ့ ၀က်ဆိုက်လိပ်စာတွေဟာ မိမိရဲ့ မေးလ်အကောင့်နဲ့တွဲလျက်ရှိနေမှာ ဖြစ်ပါတယ်။
နေ့စဉ်ကြည့် ရှုတဲ့အခါမှာတော့ အပေါ်ပိုင်းက Home ကို ကလစ်လုပ်ပြီး ကြည့်ရှုလို့ရသလို မိမိရဲ့ subscriptions တွေကိုကြည့်လိုရင်တော့ အဆိုပါ Home ရဲ့အောက်က subscriptions ဆိုတဲ့ ဖီချာကို ကလစ်လုပ်လိုက်ရင် သူ့အောက်မှာ မိမိတင်ထားတဲ့ ၀က်ဆိုက်လိပ်စာတွေ တန်းစီပေါ်လာပါမယ်။ အဲဒီအထဲက ကြည့်ရှုချင်တဲ့ လိပ်စာကို ကလစ်လုပ်ပြီး ကြည့်ရှုရုံပဲ ဖြစ်ပါတယ်။ အောက်ဖေါ်ပြပါ ၀က်ပေ့ခ်ျ ကတော့ (Google Reader) ဂူဂဲလ်ရဲ့ ရီဒါ နဲ့ မိမိ မှာယူ(subscribed url)ထားတဲ့ ၀က်ဆိုက်များမှ သတင်းခေါင်းစဉ်နဲ့ အကျဉ်းချုပ်များကို မြင်တွေ့ရတာပါ။ မှတ်ချက်၊ ဂျီမေးလ်ကို standard view နဲ့မဟုတ်ပဲ html view မှာတော့ ယခု ဖီချာကို အသုံးချလို့ မရပါဘူး။ |
- ဟားမားစ်နဲ့ အပစ်ရပ်ကမ်းလှမ်းချက်များ အစ္စရေးလ်ပယ်ချ click
- ၂၀၀၉ ထဲ ဆန္ဒပြမှုထပ်လုပ်မယ်လို့ ထိုင်းအစိုးရဆန့်ကျင်ရေး အင်အားစုများက ပြောဆို click
- နိုင်ငံတကာဖိအားပေးမှုနဲ့ မြန်မာစစ်အစိုးရ (ဗွီအိုအေ မျက်မှောက်ရေးရာ) click
- အရှေ့မြောက်တိုင်းမှူးနှင့် '၀'လက်နက်ကိုင်တပ်ဖွဲ့ သဘောတူညီမှုမရ click
- ဖမ်းဆီးထားသော ပဲကုန်သည်ကြီး ၅ ဦးကို ပြန်လွှတ် click
- ဦးသန့်၏ ဓာတ်ပုံမျက်နှာဖုံးများနှင့် ဆောင်းပါးများကို စာပေစိစစ်ရေးက ပယ်ချ click
- ဖမ်းဆီးထားသော မြောက်ကိုးရီးယား ၁၉ ဦးကို ထိုင်းသို့ ပြန်လွှတ်ပေး click
- နာဂစ်အတွက် အရေးပေါ်အကူအညီတွေ လိုနေဆဲ click
- အပစ်အခတ်ရပ်စဲရေး ပြင်သစ်အဆို အစ္စရေးပယ်ချ click
- မြန်မာဘလော့ဂါ ဖိနှိပ်ခံရပုံ RSF ဖော်ပြ click
- လဲနေသူကို ထူ၊ အားနည်းသူကို အားပေးဖို့ (ဆောင်းပါး) click
- ၂၀၀၈ နှစ်ထဲက အရှေ့တောင်အာရှ (သတင်းဆောင်းပါး) click
- ၂၁ ကြိမ်မြောက် စာနယ်ဇင်းသရုပ်ဖော် ပန်းချီဆရာကြီးများ ဂါရပြုပွဲ အမှတ်တရ click
- အမိမြေသို့ (မာမာအေးရဲ့ ကဗျာ) click
- ၂၀၀၈ နာဂစ်အလွန် ငါတို့အားလုံးရဲ့ မျက်နှာများ click
- ကျော်ဝင်ပြီးမှ ကြည့်လို့ရတဲ့ ၀က်ဆိုက်တွေကို (RSS) အာရ်အက်စ်အက်စ်နဲ့ ကြည့်ရအောင် click
- ရွှေပြည်ဌာန သာချင်စွ (အမှတ်တရများ) click
- ခရစ်စမတ်သစ်ပင်စားသော ဂျာမဏီရောက် မြန်မာ့ဆင် (ဓာတ်ပုံသတင်း) click
- ရုပ်ပုံ(ပုံတူ) (မေငြိမ်းရဲ့ ကဗျာ) click
- ငယ်သော်လည်း အနုစိတ် ဆွဲထားသည့် ပန်းချီကား click
- အလုပ်သမလေးဦး နစ်နာကြေးရရှိ click
- ဘင်္ဂလာဒေခ်ျ့နိုင်ငံတွင် ၂၂၄ နှစ်မြောက် ရခိုင်အချုပ်အခြာအာဏာ ကျဆုံးသည့်နေ့ အခမ်းအနား ကျင်းပပြု လုပ် click
- ဘင်္ဂလာဒေခ်ျ့ရွေးကောက်ပွဲ အ၀ါမီလိဂ်ပါတီ တခဲနက်အောင်ပွဲခံ click
- မြန်မာ့နိုင်ငံရေး ညီညွတ်ကြရန် ရွှေကျင်ဂိုဏ်းချုပ် ဆရာတော်ကြီး သတိပေး click
- နေပြည်တော် အာဆီယံကောင်စစ်ဝန်ရုံးဆောက်ဖို့ ကြံစိုက်ခင်းတွေသိမ်း click
- နေပြည်တော် စက်မှု (၁) ၀န်ထမ်းများထံမှ အဓမ္မကောက်ခံငွေ ၀န်ကြီးပြန်ပေး click
- ပြည်သူနှင့်လွတ်လပ်ရေး (အန်အယ်လ်ဒီ ဦးခင်မောင်ဆွေ၏ ဟောပြောချက်) click
- ဒုက္ခသုက္ခတွေ၊ ဆုံးရှုံးမှုတွေအလွန် ၂ဝဝ၉ (ဆောင်းပါး) click
- စစ်သားနဲ့ နိုင်ငံရေး (ဆောင်းပါး) click
- ရွှေကျင်သာသနာပိုင်ချုပ် ဆရာတော်ဘုရားကြီး ဦးအဂ္ဂိယ၏ ၂၀၀၉ ခုနှစ် နှစ်ဆန်းသြ၀ါဒကထာ (အင်တာ ဗျူး) click
- အားတင်းထားပါ (ဆောင်းပါး) click
- မြန်မာ့လွတ်လပ်ရေးအကြောင်း အဖွဲ့ချုပ်၌ ဆွေးနွေး click
- နာဂစ်အလွန် သောက်သုံးရေရှားပါးမှု စတင် click
- နေ့စဉ်ထုတ် သတင်းစာများ ထုတ်ဝေခွင့်ပေးမည်ဟု သတင်းများထွက်ပေါ် click
- နိုင်ငံရေးအကျဉ်းသူ မထားထားသက်ကို ခန္တီးထောင်ပြောင်း click
- မြန်မာ့အရေး နှံ့စပ်ကျွမ်းကျင်သည့် ဘင်္ဂလားဒေ့ရှ်ခေါင်းဆောင် ရွေးကောက်ပွဲနိုင် click
- ဗိုလ်ချုပ်မှူးကြီးထံ အခြေအနေမှန် မတင်ပြ click
- လွတ်ရက်စေ့ မြန်မာအကျဉ်းသား ၁၀၅ ဦး ကော့ဘဇားထောင်တွင် အိမ်ပြန်ခွင့်မရဘဲ ၂ နှစ်ကျော်ကြာ click
- အိန္ဒိယရေနံကုမ္ပဏီ Essar ကစစ်တွေမြို့နယ်တွင် လယ်သိမ်းပြီး ရေနံတူးရန် စတင် click
No comments:
Post a Comment