Showing posts with label သူတို့အတွေးသူတို့အမြင်. Show all posts
Showing posts with label သူတို့အတွေးသူတို့အမြင်. Show all posts

2.23.2010

ကျော်သူရဲ့ ပြိုင်ပွဲ




အမှည့် . . . ကြွေ. . .ခြွေခြင်း။
အချိန်တန်လို့ ကြွေအချိန် မတန်ဘဲ ခြွေ . . . စသည်ဖြင့် နိဒါန်း ပျိုးလိုက်၍ “ပြိုင်ပွဲ” ဟူသော ခေါင်းစည်းနှင့် လားလားမှ မဆိုင်ဟု ဆိုပါလိမ့်မည်။




အမှည့်ကြွေ ။ ။

လူရယ်လို့ဖြစ်လာပြီး ကမ္ဘာမြေပြင်ကို ရောက်ရှိ ဘဝဘဝတွေကို ဖြတ်သန်းလှော်ခတ်ရင်းနှင့် မီးစာလည်းကုန် ဆီလည်းခမ်း ဖြစ်ခြင်းပျက်ခြင်း တို့သည် သဘာဝတရားပင်ဖြစ်တော့သည်။


အမှည့်ခြွေ ။ ။

လူရယ်လို့ဖြစ်လာပြီး ကမ္ဘာမြေပြင်ကို ရောက်ရှိ ဘဝဘဝတွေကို ဖြတ်သန်းလှော်ခတ်ရင်းနှင့် မီးစာလည်းမကုန်၊ ဆီလည်း မခမ်းဘဲနှင့် ဖြစ်ခြင်း၊ ဖျက်ခြင်း တို့သည် သဘာဝတရားကို ဆန့်ကျင်ခြင်းပင် ဖြစ်သည်။


ကြွေချိန်မတန်ဘဲနှင့် ကြွေ

အမှည့်မလွန်ဘဲနှင့် အခြွေခံရခြင်းပင် ဖြစ်တော့သည်။

မှည့်၍ကြွေသော “အမှည့်ကြွေ” ကို မပြောလိုပါ။

ယင်းသည် တရားသဘောတရားနှင့်အညီ ဖြစ်ခြင်းပျက်ခြင်းပင် ဖြစ်တော့သည်။

မမှည့်ဘဲနှင့် အခြွေခံရသော . . . အမှည့်မလွန်သေးဘဲနှင့် အခြွေခံရသော “အမှည့်ခြွေ” ကိစ္စကိုသာ တွေးတော မိတော့သည်။


အခြွေခံချင်၍ ခြွေခြင်းခံရသည်လား . . . . . ?

အခြွေမခံချင်ဘဲနှင့် ခြွေခြင်းကို ခံရသည်လား . . . . . ?

ခြွေသင့်ခြွေထိုက်၍ ခြွေခြင်းကို ခံရသည်လား . . . . . ?

မခြွေသင့်မခြွေထိုက်ဘဲနှင့် ခြွေခြင်းကို ခံရသည်လား . . . . . ?


ဤတွင် . . . . . မခြွေသင့် မခြွေထိုက်ဘဲနှင့် အခြွေခံရသူတို့ ကိုယ်စား ကျွန်တော် ပြောပါတော့မည်။ ကမ္ဘာ မြေပြင်ကို ရောက်ရှိပြီး ဘဝဘဝတွေ လှော်ခတ်ကြရာဝယ် . . . . . မိမိအတ္တအတွက် လှုပ်ရှားကြသော . . . . . အတ္တဟိတ။ အများအတွက် လှုပ်ရှားကြသော . . . ပရဟိတ စသည်ဖြင့် (နှစ်) မျိုးခွဲထုတ်နိုင်တော့သည်။


အတ္တဟိတ . . . အများအတွက် တစ်ချက်ကလေးမှ လှည့်မကြည့်သော အတ္တလူသား ။

မိမိကောင်းကျိုးတစ်ခုတည်းကိုသာ ရည်ရွယ်လှုပ်ရှား ရုန်းကန်နေသော လောဘလူသား ။

မိမိသည်သာ မိမိ၏ ကိုးကွယ်ရာဖြစ်သည်ဟူသော ဗုဒ္ဓ၏ဆုံးမသြဝါဒကို တလွဲဆံပင်ကောင်း၍ မိမိအတွက်မှ လွဲ၍ ကျန်လူများကို ရန်လုပ်၊ ဂုံးချော၊ မြှောက်ထိုးပင့်ကော် လုပ်သော ဒေါသလူသား။

မိမိအကျိုးရှိမည့် အလုပ်၊ မိမိစီးပွားဖြစ်မည့် လုပ်ရပ်များကိုသာ မည်သူ့ကိုမျှ မငဲ့ဘဲ အရိုးကြေကြေ၊ အရည် ခမ်းခမ်း လှုပ်ရှားနေသော မောဟလူသား။


ထို . . . ထိုသော အတ္တသမား၊ အတ္တလူသားများသည် မှည့်ရုံတင်မက ပုတ်ချင်ပုတ်ပါလေ့စေတော့ . . . ဥပက္ခာ ပြုသင့်သည် မဟုတ်ပါလား။


ယင်းတို့သည် . . . ဆန်ကုန်မြေလေး ပင်ဖြစ်တော့သည်။ ထိုသူ . . . ထိုလူသားတို့ ကြွေလွင့်သွားခြင်း၊ အခြွေခံရခြင်းအတွက် ပူဆွေးဝမ်းနည်းစရာ မလိုပေ။မိမိတို့၏ မျက်ရည်များကိုပင် အားနာစရာဖြစ်တော့သည်။


ပရဟိတ ။ ။ အများအတွက် . . . ဘဝဘဝတွေကို လှော်ခတ်ရုန်းကန်နေသော ပရဟိတလူသား။ ပြည်သူအတွက် . . . ဘဝဘဝတွေကို နှစ်မြုပ်ရုန်းကန်နေသော ပရဟိတလူသား။

တိုင်းပြည်အတွက် . . . ဘဝဘဝတွေကို အဆုံးခံ၍ ကြံ့ကြံ့ခိုင်နေသော ပရဟိတလူသား။

ကမ္ဘာကြီးအတွက် . . . ဘဝဘဝတွေကို ပေးဆက်၍ ရဲရင့်ပြတ်သားစွာ ရင်စည်းခံ၍ စွန့်လွှတ်အနစ်နာခံနေ သော ပရဟိတလူသား . . . စသည်ဖြင့် နည်းလမ်းပေါင်းစုံနှင့် အများအတွက် အဖက်ဖက်မှ ပေးဆပ်နေသော ပရဟိတလူသားများ . . . များစွာရှိနေဆဲ . . . ရှိနေဦးမည် ဖြစ်သည်။


ထို . . . ထိုသော . . . ပရဟိတစစ်စစ်လူသားများသည် စွန့်လွှတ်ခြင်းများစွာ၊ ပေးဆပ်ခြင်းများစွာတို့ဖြင့် လုပ်ဆောင်ပေး နေသော လူသားများ (အဖြူထည်လူသားများ) ဖြစ်သည့်အတွက် “မကူညီချင်နေပါ၊ မနှောက်ယှက်ပါနှင့်” ဟူသော စကားနှင့်အညီ အဖြူထည်ကို အရောင်မဆိုးမိရန် အညစ်အထေးမပေရန်၊ အပွန်းအပဲ့ အထိအခိုက်မဖြစ်ရန် အထူးအရေးကြီးလှသည်။


မမှည့်ခင် . . . မကြွေစေလိုပါ။

မမှည့်ခင် . . . အခြွေမခံလိုပါ။

မှည့်သော်ငြားလည်း . . . အခြွမခံလိုပါ။

သဘာဝအရ . . . မှည့်ပြီးမှကြွေကြွေလျှင်မှည့်လို့သာ ဖြစ်သင့်သည်။


မနာလို ဝန်တိုစိတ်မွေးခြင်း၊ မစ္ဆိယစိတ်ပွားများခြင်း၊ အပျက်သဘောဆောင်ခြင်း၊ ဂုံးချောခြင်း၊ သပ်ရှိုခြင်း၊ သိမ်းသွင်းခြင်း၊ မှိုင်းတိုက်ခြင်း၊ ခုတုံးလုပ်ခြင်း၊ အငြိုးအတေးကြီးခြင်း စသည့်ဓမ္မလမ်းကြောင်းကို ဖီဆန်၍ ဘုရားမကြိုက်သော လူမဖြစ်ရန် သတိရှိဖို့ သတိထားဖို့၊ အထူးလိုအပ်နေပြီ ဖြစ်သည်။ ဆုတ်ကပ်အချိန် ကာလကြီးသို့ ရောက်ရှိနေသောကြောင့် အဓမ္မဝါဒီကို ရှောင်ကြရန် ထပ်ခါ ထပ်ခါ သတိပေးခြင်းသာဖြစ်သည်။


မိမိကိုယ်ကိုလည်း ထပ်ခါထပ်ခါ ဆင်ခြင်ပွားများနေရဆဲပင် ဖြစ်သည်။

ကိုယ်ပြုသောကံ . . . ပဲ့တင်သံ ကိုယ့်ထံပြန်လာမည် ဖြစ်သည်။ပရဟိတလူသားများ အနေနှင့်လည်း အတ္တဟိတ လူသားများ၏ ထောင်ချောက်ထဲ၊ သတ်ကွင်းထဲ မဝင်မိဖို့ အထူးသတိထားရမည်။ အတ္တဟိတ သမားများ အနေနှင့်လည်း မိမိ၏အတ္တကိစ္စရပ်ကိုသာ စိတ်ထက်သန်ပါက ကိုယ့်လမ်းကြောင်း ကိုယ်လျှောက် ရုံပင် ဖြစ်သည်။


သို့သော် . . . ပရဟိတသမားများ၏ ပေးဆပ်မှုလမ်းကြောင်းများကို ဖျက်ဆီးခြင်း၊ ဟန့်တားခြင်း၊ နှောက်ယှက်ခြင်း စသည့် အဓမ္မဝါဒီလမ်းစဉ်ကို မလုပ်သင့်ပေ။


မိမိတို့၏ သမိုင်းကြောင်းလှပအောင် မိမိတို့၏ လုပ်ရပ်များကသာ ဖော်ကျူးပေးမည်ဖြစ်သည်။ ငှက်တစ်သောင်း . . . တစ်သိန်း . . . တစ်သန်း စသည်ဖြင့် နားနေနိုင်သော ပရဟိသစ်ပင်ကြီးမှ အကိုင်း၊ အခက်၊ အသီးတို့ကို ဘာကြောင့်များ ခုတ်ထွင်၊ ရှင်းလင်း၊ ဆွတ်ခူးချင်ပါသနည်း . . . ?


မိမိတို့ကိုယ်တိုင် ဖြူစင်သန့်ရှင်းသော သီလနှင့်နေထိုင်သွားမည်ဆိုပါက မိမိတို့တွင်လည်း ငှက်တစ်သိန်း၊ တစ်သန်းမက ငှက်ပေါင်းကုဋေ နားနေနိုင်မည့်၊ လူ့လောကကြီးကို အလှဆင်နိုင်မည့် လူသားအားလုံး အားကိုးရာ မြတ်နိုးရာ . . . အထွဋ်အထိပ်နေရာ တစ်နေရာသို့ ရောက်ရှိမည် ဖြစ်တော့သည်။


ဒါကြောင့် . . . ပြိုင်ကြပါ

ကိုယ်ကျင့်တရား . . . ပြိုင်ကြပါ

သီလလုံခြုံရေး . . . ပြိုင်ကြပါ

အကြင်နာရှိရေး . . . ပြိုင်ကြပါမေတ္တာထားရေး . . . ပြိုင်ကြပါ

ကရုဏာထားရေး . . . ပြိုင်ကြပါ

မုဒိတာထားရေး . . . ပြိုင်ကြပါ

သစ္စာတရား . . . ပြိုင်ကြပါ

ဒီပြိုင်ပွဲဟာ . . . ဓမ္မပြိုင်ပွဲ . . . အရှုံးမရှိ။ ပြိုင်ပြီဆိုကတည်းက နိုင်နေပြီဖြစ်သည်။


သို့တည်းမဟုတ် . . .


တရားမဲ့ရေး . . . ပြိုင်မလား။


အာဃာတထားရေး . . . ပြိုင်မလား။

မစ္ဆိယစိတ်ထားရေး . . . ပြိုင်မလား။

ယုတ်မာရက်စက်ရေး . . . ပြိုင်မလား။

ထိုပြိုင်ပွဲသည်ကား . . . အဓမ္မဝါဒီပြိုင်ပွဲပင် ဖြစ်တော့သည်။ ပြိုင်ပြီဆိုကတည်းက ရှုံးနေပြီဖြစ်သည်။


ဒါတွေကြောင့် . . . ဓမ္မဝါဒီ ပရဟိတလူသားများ အချိန်မတန်ဘဲနှင့် ကြွေလွင့်သွားမှုသည် လူသားတိုင်း အတွက် အကြီးကျယ်ဆုံးသော ဆုံးရှုံးမှု၊ နစ်နာမှုပင် ဖြစ်သည်။အဓမ္မဝါဒီ အတ္တလူသားများ အချိန်အတန်၍ဖြစ် စေ၊ အချိန်မတန်ဘဲနှင့် ဖြစ်စေ လွင့်စင်သွားမှုသည်ကား ဖြစ်ပျက်သဘောသာ ဆောင်တော့ သည်ဟု မှတ်ယူ လိုက်တော့သည်။


သူတို့အတွက် . . . ကမ္ဘာမြေကြီးကတောင် ကျေးဇူးတင်မည် ဖြစ်သည်။“အဓိပ္ပာယ်မဲ့သော လူတစ်ယောက်ကို ထမ်းပိုးထားရသည့် ဝဋ်ကြွေးမှ လွတ်ပြီ” ဟုပင် သတ်မှတ်ပေလိမ့်မည်။


ထို ထိုသော အကြောင်းအချက်များကို သုံးသပ်လိုက်သော် . . . မိမိရေးခဲ့သော (ဟိတ်!) ကို ပြန်မြင်ယောင် မိတော့သည်။

ဟိတ်!ကိုယ့်လမ်း . . .

ကိုယ်သွားကိုယ့်အလုပ် . . .

ကိုယ်လုပ်ကိုယ့်တာဝန် . . .

ကိုယ်ကြေကိုယ့်သီလ . . .

ကိုယ်လုံကိုယ့်သမိုင်း . . . ကိုယ်ရေး

ဒါပဲ . . . ကျော်သူ


မြန်မာပြည်သူပြည်သားများ၊ ကမ္ဘာသူ ကမ္ဘာသားများ သောကကင်းဝေး ငြိမ်းချမ်းသာယာရေးကို ရှေ့ရှု လျက် . . . ဓမ္မပြိုင်ပွဲ ဆင်နွှဲကြရန် . . . ဦးတည်လျှက် . . .


အချိန်မတန်ဘဲ အခြွေခံခဲ့ရသော သက်ရှိထင်ရှား ပရဟိတ သူရဲကောင်း လူစွမ်းကောင်း အာဇာနည် ပုဂ္ဂိုလ်များအား အစဉ်လေးစားဦးညွတ်လျက် . . . ။


ကျော်သူ

1.29.2010

ဟေတီ ကယ်ဆယ်ရေးက မြန်မာနာဂစ်ထက် ပိုမိုသာလွန်

Friday, 29 January 2010 17:35 ဆိုင်မွန် ရောက်ဂ်နင်း
ပို့တ် အော်ပရင့်စ် (PORT-AU-PRINCE)၊ ဟေတီ။

ဟေတီ ကပ်ဘေးသို့ ကယ်ဆယ်ရေး အကူအညီများ နှေးကွေး နေသည်က နာမည်ပျက် အရှက်တကွဲ အကျိုး နည်း ရမည့်ကိစ္စ မဟုတ်သော်မှ အတော်လေးတော့ ရှက်စရာ ကောင်းနေပြီ ဖြစ်သည်။

ငလျင်ဒဏ်ကြောင့် ပြိုကျ ပျက်စီးသွားသော ပို့တ် အော်ပရင့်စ် ရှိ ကက်သိုလစ် ဘုရားရှိခိုး ကျောင်း တကျောင်း ရှေ့တွင် ဟေတီ တဦး ၀တ်ပြုဆုတောင်း နေစဉ် (ဓာတ်ပုံ - AP)

ပြီးခဲ့သည့် အပတ်အတွင်း မိမိတွေ့ခဲ့ရသမျှ ငလျှင် ဘေးမှ ကံကောင်း ထောက်မ၍ အသက်ရှင် ကျန်ရစ်ကြရ သူများအနေနှင့် အစားအစာ၊ ရေနှင့် အခြေခံ အမိုးအကာ ကဲ့သို့သော ကယ်ဆယ်ရေး ပစ္စည်းများ အမျိုးအမည် တခုမျှ မရရှိကြသေး သူများ ရှိနေသလို၊ သူတို့ နေထိုင်ရာ မြို့ဘက်ပိုင်းဆီသို့ ကယ်ဆယ်ရေး လုပ်သား တဦးတလေမျှ ရောက်မ လာ ကြသေးသည်ပင် ရှိနေသည်။ မိမိသည်ပင် ပထမဦးဆုံး တွေ့ရ သည့် နိုင်ငံခြားသား ဖြစ်သည်ဟု တချို့သူများက ဆိုနေကြဆဲပင်။ ဤ အချိန်သည် သဘာဝ ကပ်ဘေးကြီး ကျရောက်ပြီး တပတ် ကျော်လွန် လာသည့် အချိန်ဖြစ်သည်။

ဤအချက်များကို လုံးဝအလိမ်အညာဟု ငြင်းပယ်လိုက်ရန်လည်း ဖြစ်နိုင်ပါသည်။ လူတချို့က အရေးပေးခံလိုသည့် အတွက်ကြောင့် သူတို့၏ လမ်း၊ ရပ်ကွက်များ ပစ်ပယ်လျစ်လျူရှုခံရကြောင်း ချဲ့ကား ပြောခြင်းဖြစ်သည်ဟုလည်း ယူဆ နိုင်ပါသည်။ မည်သို့ပင် ဆိုစေ ဤသို့ နေရာတိုင်းတွင် တွေ့နေ ကြားနေရသည့် စောဒကတက် တောင်းဆို နေမှုများက ချဲ့ကားပြောသည်ထက်စာလျှင် အမှန်အတိုင်း ပြောနေ ခြင်း ပိုဖြစ်တန်ရာသည်။

ဟေတီအစိုးရ ကိုယ်နှိုက်က ရဲစခန်းတဲငယ်တခုအတွင်း စည်းဝေး စုဆုံနေကြရပြီး ကြောက်ရွံ့နေသည့် သမ္မတ ရီနေး ပရီဗယ် (Rene Preval)က လူအများ၏ လိုအပ်ချက်ကို အချိန် နှင့် တပြေးညီ အရေးပေးမဖြည့်ဆည်းပေးနိုင်သည့်အတွက် ဝေဖန်ပြစ်တင်ခံနေရသည်။

ပို့တ် အော်ပရင့်စ် မြို့တော်ရှိ နိုင်ငံတကာလေဆိပ်ကလည်း ပြေလမ်းတကြောင်းသာ ရှိသည်။ ငလျှင်လှုပ်စဉ် ကာလအတွင်း လေယာဉ်ထိန်းချုပ်ရေး မျှော်စင်ကလည်း ပျက်စီးသွားခဲ့သည်။ ဆိပ်ကမ်းကလည်း ဆိုးဆိုး ရွားရွားပျက်စီးခဲ့ကာ ပြီးခဲ့သည့် သောကြာနေ့တိုင် အသုံးမပြုနိုင်ဘဲ ရှိနေခဲ့သည်။

အမေရိကန်ပြည်ထောင်စု၏ စစ်တပ်ကိုလည်း ဝေဖန်မှုများ ရှိနေပါသည်။ လေဆိပ်ကို စတင် ထိန်းချုပ်စဉ် နေ့များက ကယ်ဆယ်ရေး ကုန်တင်လေယာဉ်များထက်စာလျှင် စစ်တပ်လေယာဉ်များကို ဦးစားပေးနေ ခဲ့သည်ဟု ဝေဖန်ကြသည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်နှင့် နောက်ပိုင်းတွင် သူ၏ ခင်ပွန်း ကုလသမဂ္ဂ၏ ဟေတီ အထူး သံကိုယ်စားလှယ် ဘီလ်ကလင်တန် ရောက်လာသည့် ခရီးစဉ်တွင် လေဆိပ် နှင့် လေပိုင်နက်ကို ခေတ္တ ယာယီပိတ်ပင် ထားမှု အပေါ် ဝေဖန်မှုများလည်း ရှိခဲ့သည်။

ဟေတီပြည်သူများ၏ လိုအပ်ချက်ကို ဖြည်းဖြည်းချင်း တိုး၍ ဖြည့်ဆည်းလာနိုင်ပြီ ဖြစ်သော်လည်း ကြီးမား လှသည့် ငလျင် ဒဏ်ကြောင့် ထောက်ပံ့ရေးနှင့် အခြေခံ အဆောက်အဦများလည်း ပျက်စီးခဲ့ရာ NGOများ ကချည်း ဖြေရှင်းရန် မဖြစ်နိုင်ပါ။ NGOများအနေဖြင့် ဘဏ္ဍာရေး အပါအ၀င် တခြားသော အရင်းအမြစ်များကိုပါ အကန့်အသတ်ကြီးစွာ ရင်ဆိုင် နေကြရ သောကြောင့် ဖြစ်သည်။ ဤကိစ္စများကို ဖြေရှင်းနိုင်ရန်လည်း အစိုးရ များနှင့် နိုင်ငံတကာ အဖွဲ့အစည်းကြီးများကို မှီခို နေကြရသေးသည်။

သို့သော်လည်း ဤသို့ နှောင့်နှေးကြန့်ကြာနေမှုများနှင့် အခက်အခဲများက မြန်မာနိုင်ငံတွင် ၂၀၀၈ ခုနှစ်၊ မေလက ဖြစ်ပွားခဲ့ သည့် နာဂစ်မုန်တိုင်းမျှ ဆိုးပါ၏လောဟု စောကြောဖွယ် ရှိနေသည်။ ဧရာဝတီမဂ္ဂဇင်းက သဘာဝကပ်ဘေး နှစ်ခုစလုံးတွင် မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရသူ တဦး၏ အမြင်ကို မေးကြည့်နိုင်ခဲ့သည်။

GOAL အဖွဲ့၏ အရေးပေါ် ကယ်ဆယ်ရေး ညှိနှိုင်းဆောင်ရွက်ရေးမှူး ဘရိုင်ယန် ကက်ဆေး (Brian Casey) က ငလျင်ဘေး ကြီးသင့်ပြီး ၃ရက်အကြာတွင် ပို့တ် အော်ပရင့်စ် သို့ ဆိုက်ရောက်လာခဲ့သည်။ တကယ်တော့ ပိုစော ၍ ရောက်လာသင့် သည်။ သို့သော်လည်း လေဆိပ်ကိုယ်နှိုက်က ပျက်စီးသွားသည့်အတွက်ကြောင့် လေယာဉ် များ မဆင်းနိုင် ဖြစ်နေရသည်။ နယ်စပ်ချင်းကပ်လျက် ကားဖြင့်သွားလျှင် ၅ နာရီခရီးကြာ ဒိုမီနီကန် သမ္မတနိုင်ငံ ဆန်တို ဒိုမင်းဂိုးသို့ လေယာဉ်များက လမ်းကြောင်းလွှဲ ပျံသန်းဆင်းသက်ခဲ့ကြရသည်။

နှိုင်းယှဉ်ချက်အရ ဆိုရလျှင် နာဂစ်မုန်တိုင်းသတင်း ကြားကြားချင်း သူက အငတ်ဘေးကျရောက်နေသည့် အီသီယိုပီးယား မှ ချက်ချင်းထွက်ခွာ၍ ရေလုံးအမြင့် ၃. ၅မီတာ၊ လေတိုက်နှုန်း တနာရီ ၁၃၅ မိုင်နှုန်းဖြင့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ ကို တိုက်ခတ်ဖျက်ဆီးခံခဲ့ရသည့် နောက်တနေ့ညတွင် ဘန်ကောက်သို့ ရောက်လာခဲ့သည်။ ခန့်မှန်းရသည်မှာ ဤမုန်တိုင်း အတွင်း လူပေါင်း ၁၄၀,၀၀၀ ကျော်၏ အသက်များလည်း တိုက်ခတ်လွင့်စင်ခဲ့ပုံရသည်။ သို့သော်လည်း ယခုတိုင် ကိန်း ဂဏန်း အတိအကျကို မသိရှိနိုင်ခဲ့။ ဟေတီရှိ ယခု ငလျင်ဘေး အသေအပျောက်ကိုမူ ၂ သိန်းခန့်အထိ ရှိနိုင်သည်ဟု အစိုးရကိန်းဂဏန်းများက ခန့်မှန်းကြသည်။

"ကျနော်တို့ ထိုင်းနိုင်ငံမှာ ၉ ရက်ကြာ မြန်မာပြည်ဗီဇာရဖို့အရေး အချည်းအနှီး စောင့်နေရတယ်၊ ၁၀ ရက်မြောက်နေ့မှာ သီရိလင်္ကာမှာလျှောက်ရင် ဗီဇာရနိုင်တယ်လို့ ကြားတော့ ကိုလံဘိုကို ပြေးကြရပြန်တယ်"ဟု မစ္စတာ ဘရိုင်ရန် ကက်ဆေး က ပြောသည်။

ဗီဇာရရှိသည်နှင့် ကက်ဆေးနှင့် သူ၏ GOAL အဖွဲ့မှ လုပ်ဖော်ကိုင်ဖက်များက လေဘေးမုန်တိုင်းသင့်ပြီး ၁၂ ရက်ကြာမှ ရန်ကုန်သို့ ခြေချနိုင်ခဲ့ကြသည်။ ဤသို့နောက်ကျနေသော်မှ သူတို့က အရေးပေါ်ကာလ နိုင်ငံအတွင်းသို့ ပထမဦးဆုံး ရောက်ရှိလာကြသည့် ကယ်ဆယ်ရေးလုပ်သားများတွင် အပါအ၀င် ဖြစ်နေသေးသည်။ ဆိုလိုသည်မှာ မြန်မာနိုင်ငံတွင် လုပ်ငန်းများရှိနေပြီးသား လက်တဆုပ်စာ ကုလသမဂ္ဂ ဌာန များနှင့် အနည်းစု NGOအဖွဲ့များကို ထည့်သွင်းပြောဆိုခြင်း မဟုတ်ပေ။

"နာဂစ်မှာ အကူအညီပေးဖို့ ထိုင်းနိုင်ငံကို ရောက်လာတဲ့သူတွေ ရာနဲ့ချီတယ်၊ အများစုက ဒီထက်ပိုပြီး ဘာမှ ဆက်လုပ် လို့မရဘူး။ ကျနော်ပြောနေတာက အသက်တွေအများအပြား ကယ်ဆယ်ခဲ့ဖူးတဲ့ အဖွဲ့အစည်း ကြီးတွေ ကို ပြောတာပါ။ သူတို့ကိုယ်တိုင်လည်း ၀င်လို့ မရကြဘူး"ဟု ကက်ဆေးက ဆိုသည်။

ဧရာဝတီမဂ္ဂဇင်းက ပို့တ် အော်ပရင့်စ်ရှိ ကက်ဆေးနှင့် ဟေတီငလျင်ကြီးဖြစ်ပြီး၍ ၁၀ ရက်အကြာတွင် မေးမြန်းစကား ပြောဆိုနိုင်ခဲ့သည်။ ကယ်ဆယ်ရေးလုပ်ငန်းများက နှောင့်နှေးကြန့်ကြာနေသည်ဟု ၀န်ခံရဖို့ ရှိနေသော်လည်း၊ ကက်ဆေး က ပြောသည်မှာ "GOAL အဖွဲ့ထံကနေ လူပေါင်း ၇,၀၀၀ လောက်က အစားအသောက်၊ အမိုးအကာတွေ ရကြပြီ။ နောက် ထပ် ၄၈ နာရီအတွင်းမှာပဲ ငွေကြေးတစုံတရာ ၀င်ငွေရစေဖို့ အလုပ်လုပ်တဲ့စနစ် (Cash for Work Projects) ကို စတင်နိုင် မယ်"ဟု ဆိုသည်။

ဤကဲ့သို့ အချိန်မျိုးမှာ နာဂစ်မုန်တိုင်းဖြစ်ပြီးစ ကက်ဆေးနှင့် သူ၏လုပ်ဖော်ကိုင်ဖက်များ မြန်မာနိုင်ငံတွင်း ၀င်ခွင့်ရရန် အတွက် စောင့်ဆိုင်းနေကြရဆဲ အချိန်မျိုးဖြစ်သည်။

"ကျနော်တို့ ရန်ကုန်ကိုရောက်တော့ မြို့က အမှောင်ထဲမှာ၊ နောက်ထပ် ၇ ပတ်တိုင်တိုင် လျှပ်စစ်မီးက လာလိုက် ပျက် လိုက်နဲ့ပဲ"ဟု ကက်ဆေးက ပြောကြားလိုက်ပြီး မြန်မာစစ်အစိုးရက အိမ်နီးချင်းနိုင်ငံများသို့ လျှပ်စစ် တင်ပို့ ရောင်းချရငွေ ဒေါ်လာသန်းထောင်ချီ၍ ၀င်နေစဉ် တွင် မြန်မာလူထုမှာမူ လျှပ်စစ်မီး မရှိဘဲ နေထိုင် နေကြရသည်ဟုလည်း ဆိုသည်။

ဟေတီနိုင်ငံနှင့် မတူသည့်အချက်က မြန်မာနိုင်ငံက သဘာဝ သယံဇာတပေါကြွယ်ဝသည်။ သို့သော်လည်း အကြမ်းဖက်မှု များနှင့် အရည်အချင်းမရှိသည့် စစ်ခေါင်းဆောင်များ လက်တွင်းတွင် နစ်မွန်းဆုတ်ယုတ် နေရသည်။ ဟေတီနိုင်ငံတွင် လည်း မကောင်းသည့် အစိုးရ အုပ်ချုပ်မှုနှင့် ပတ်သက်၍ ၀မ်းနည်းဖွယ် ရှည်လျားသော သမိုင်းကြောင်း ရှိပါသည်။ သို့ သော် ထိုနိုင်ငံ ခေါင်းဆောင်များက သဘာဝ အရင်းအမြစ်များကိုရောင်းစား မှီခိုမည့်အစား၊ နိုင်ငံတကာဖွံ့ဖြိုးရေး အကူအညီ များအတွက် လက်ဖြန့် တောင်းရ မည်ကို ရှက်မည့်သူများ မဟုတ်ပေ။

မြေငလျင်ဒဏ် မခံရမီကပင် အနောက်ကမ္ဘာခြမ်းတွင်အဆင်းရဲဆုံး နိုင်ငံတခုဖြစ်ပြီး အကြိမ်ကြိမ် စစ်အာဏာ သိမ်းမှုများ၊ တန်ပြန်စစ်အာဏာသိမ်းမှုများ၊ အစိုးရရဲများနှင့် ပြည်သူ့စစ် လက်နက်ကိုင်များ၊ အကြမ်းဖက် လူမိုက်ဂိုဏ်းများ၏ ရမ်းကား နှိပ်စက်မှုများကြောင့်လည်း ဟေတီနိုင်ငံက ယိုယွင်းကျဆင်းနေခဲ့ရသည်။

ဝေငှပေးသည့် အစားအစာ များကို အလုအယက် တောင်းခံယူနေသော ဟေတီ ငလျင် ဒုက္ခသည်များ (ဓာတ်ပုံ - Getty Images)

မြန်မာ နိုင်ငံတွင် နာဂစ် မုန်တိုင်း ဒဏ်ခံ ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသသို့ အရေးပေါ် ကယ်ဆယ်ရေး အကူအညီများ အရောက် ပေးပို့နိုင်ရေး အတွက် GOAL အဖွဲ့က အမိုး အကာများ၊ သန့်ရှင်းရေးနှင့် ဆေးဝါးပစ္စည်း သေတ္တာများကို ရန်ကုန်တွင် မတန်တဆ ဈေးနှုန်းဖြင့် ၀ယ်ကြရသည်။ တချို့သော မြန်မာနိုင်ငံသား စေတနာ့ ၀န်ထမ်းများက ကပ်ဘေးသင့် ဒေသ များသို့ အကူ အညီ ပစ္စည်းများကို သယ်ဆောင် ပို့ပေးခဲ့ ကြသည်။ ဤအချိန်တွင် သူတို့အဖွဲ့က အချိန်ကုန် ခက်ခဲ ပင်ပန်း သည့် တရားဝင် NGO အဖြစ် မှတ်ပုံ တင်နိုင်ရေး လုပ်ငန်းစဉ်ကြီးကို ဆောင်ရွက် နေကြရပြန်သည်။

"ကျနော်တို့နဲ့ပူးပေါင်းလုပ်ကိုင်ကြတဲ့ ဒေသခံအဖွဲ့တွေက နိုင်ငံခြား အဖွဲ့အစည်းတွေနဲ့ အလုပ်လုပ်ကြရတာ စိတ်မသက် မသာ ဖြစ်နေကြတယ်၊ သူတို့က ကူညီချင်ပါတယ်။ သူတို့ အများစုက သူငယ် ချင်းတွေ၊ မိသားစုတွေ မုန်တိုင်းထဲမှာ အသက်ဆုံးရှုံးခဲ့ရတယ်။ သူတို့က ဘာတွေ လိုအပ်နေတယ်ဆိုတာလည်း သိကြတယ်"ဟု ကက်ဆေးက အမှတ်တရ ပြန်ပြောသည်။ ထိုဒေသခံများသည် မြန်မာစစ်တပ်၏ စောင့်ကြည့်ခံနေရမှုများ၊ ခြိမ်းခြောက်ခံရမှုများကို အကြောင်းပြု၍ နောက်ဆုတ်သွားကြသည်ဟုလည်း ဆိုသည်။

"တချို့မြန်မာတွေက ကျနော်တို့နဲ့ စကားပြောရမှာ အင်မတန်စိုးရိမ်နေကြတာ တွေ့ရတယ်။ ကျနော်တို့လည်း သတင်း အချက်အလက်တွေ မရတော့ဘူး၊ သူတို့က ကျနော်တို့နဲ့ တတွဲတွဲ ဖြစ်နေတာ အမြင်မခံလိုကြဘူး။ အာဏာပိုင်တွေ ဘက်က သင်္ကာမကင်း ဖြစ်လာမှာကို စိုးရိမ်တယ်"ဟု ကက်ဆေး က ပြောသည်။

"ဒုက္ခသည်တွေရှိတဲ့ နေရာအထိ ကျနော်တို့ သွားလို့ မရဘူး။ အဲသည်တော့ ကျနော်တို့ကိုယ်တိုင် ဝေငှ ပေးဖို့ဆိုတာလည်း မဖြစ်နိုင် ဘူး။ ကျနော်တို့ မစောင့်ကြည့်နိုင်ဘူး။ ဆန်းစစ်တာတွေ မလုပ်နိုင်ဘူး။ အကူ အညီတွေက တကယ်လိုအပ်နေသူ တွေ လက်ထဲ ရောက်သလား၊ မရောက်သမလား သေချာ မစစ်ဆေးနိုင်ဘူး၊ အဲဒါကြောင့်ပဲ အလှူရှင်တွေ အစိုးရတွေက ကျနော်တို့ကို ငွေထောက်ပံ့ပေးဖို့ ခက်လာကြတယ်"ဟုလည်း သူက ဆက်ပြောသည်။

ကက်ဆေးက"ဟေတီ ကယ်ဆယ်ရေးမှာ ယေဘုယျပြောရင် အားနည်းချက်တွေ ရှိနေပေမယ့်လည်း မြန်မာပြည်မှာ ကျနော်တို့ ၄ လ ကူခဲ့တာထက်စာရင် ဟေတီမှာ ၉ ရက်အတွင်း ပိုလို့ ကူညီနိုင်တယ်"ဟု ဆိုသည်။

"အခု ဟေတီမှာ ရှိနေတဲ့ အခက်အခဲက မြန်မာပြည်နဲ့ ကွာခြားတယ်။ ဟေတီက အခြေခံ အဆောက်အဦး စနစ်တွေက ငလျင်မတိုင်ခင်ကတည်းက ဒီလောက် မကောင်းဘူး။ ဒါတွေက ဇန်န၀ါရီလ ၁၂ ရက်မှာ အကုန် ဖျက်ဆီးခံလိုက်ရတယ်"ဟု သူက ပြောသည်။

သဘာဝကပ်ဘေးဒဏ်ကြောင့် ပါသလို၊ တဘက်တွင်လည်း လုံခြုံရေးစိုးရိမ်ရသည့် အခြေအနေကြောင့် ကယ်ဆယ်ရေး လုပ်ငန်းများ ပိတ်ဆို့နေကြရသည်။ သို့သော်လည်း မြန်မာပြည်တွင် တွေ့ခဲ့ရသော အခက်အခဲ များကတော့ လူက ဖန်တီး ထားသည့်ကိစ္စများဟု ကက်ဆေးက ပြောသည်။

"တကယ့် အရေးကြီးတဲ့အချိန်မှာမှ အစိုးရက ကန့်လန့်ခံနေ တယ်"ဟုလည်း သူကဆိုသည်။

ကက်ဆေးက ပြောရာတွင် အကူအညီများ နိုင်ငံတွင်းရောက်ရှိရေးနှင့် နိုင်ငံအနှံ့ ရောက်ရေးအတွက် ဟေတီအစိုးရ သို့ မဟုတ် ဗျူရိုကရေစီ ယန္တရားများက အနှောင့်အယှက် အဟန့်အတားပြုခြင်း မရှိဟု ပြောသည်။ ရန်ကုန်တွင်နေခဲ့သော ၇ ပတ်ကြာ ကာလနှင့် နှိုင်းယှဉ်၍လည်း"GOAL အဖွဲ့က အဲဒီမှာ စုစုပေါင်း ၄ လကြာတယ်။ ကျနော်တို့ကို မြို့တော်က လွဲပြီး အပြင်ထွက်ခွင့် မပေးဘူး"ဟု သူက ရှင်းပြသည်။

သို့တိုင် ငလျင်ပြီးနောက်ပိုင်း လူထုကို ကူညီကယ်ဆယ်ရန် မစွမ်းနိုင်သေးသည့်အတွက်ကြောင့် ဟေတီအစိုးရကို ပြစ်တင် ဝေဖန်မှုများ အကျယ်အပြန့် ရှိနေပါသည်။

ပြီးခဲ့သည့် အပတ်က ကျနော်တွေ့ဆုံမေးမြန်းနိုင်ခဲ့သော ငလျင်ဒဏ်မှ ကံကောင်းထောက်မ၍ ရှင်ကျန်ရစ် သူများက သဘာဝ ကပ်ဘေးပြီးနောက်ပိုင်း သူတို့ခေါင်းဆောင်များက ပုန်းအောင်းနေကြသည်ဟု ပြောဆို ခဲ့ကြသည်။ တချို့သူများ ကမူ အကူအညီများကို ဟေတီအစိုးရဌာနများ လက်ထဲ မထည့်ပေးရေးအတွက် စာရေးသားရန် အကြံပြုကြသည်။ တချို့ သော လေ့လာဆန်းစစ်သူများ၏ ပြီးခဲ့သည့် ၃-၄ နှစ်အတွင်း ဟေတီတွင် တိုးတက်မှုရှိလာခဲ့သည်ဟူသော သုံးသပ်ချက် များနှင့် ပတ်သက်ပြီး ကျနော်က ဝေဖန် ငြင်းပယ်သည့် ကိစ္စအပေါ်တွင်လည်း မေးခွန်းထုတ်ကြသည်။

ပို့တ် အော်ပရင့်စ်မြို့တော် ကာဖိုးခရိုင် (Carrefour district) နှင့် နီးကပ်နေသည့် ငလျင်ဒဏ် အဆိုးရွားဆုံး ခံရသော ဖွန်တာမာရာရှိ ပယ်ရီ ရော်နယ်ဒ် (Pierre Ronald) က ပြောရာတွင်"ရေဒီယိုမှာ ကြားရတာက အမေရိကန်နဲ့ တခြားနိုင်ငံ တွေ က ဟေတီကို ဒေါ်လာ ဘီလီယံပေါင်းများစွာ (ဖွံ့ဖြိုးရေးအကူအညီအနေနဲ့) နှစ်စဉ် ပေးနေတယ် ပြောတယ်။ ကျနော် တို့ လည်း ဘာမှ မတွေ့ရဘူး။ လုံးဝလိမ်တာ မဟုတ်ရင်တော့ ဒီငွေတွေ တနေရာရာကို ရောက်သွားပြီပဲ။သေချာတာက ဒီကို တော့ ပို့တာမဟုတ်ဘူး"ဟု သူက ဒါဇင်အနည်းငယ်ခန့်ရှိ ဒုက္ခသည် မိန်းမနှင့်ကလေးများ နေ့လယ်ခင်းနေရောင်ဒဏ် ကို ပလတ်စတစ် အမိုးအောက်တွင် ခိုလှုံနေ ကြရသည့် ပလာဇာ တနေရာအား လက်ညှိုးညွှန်ရင်း ပြောသည်။

ဟေတီအစိုးရကို ဝေဖန်သူများ ရှိကြပါသည်။ သူတို့ဝေဖန်နေကြသည်မှာလည်း မှန်သည့်အချက် ဖြစ်သည်။ သို့သော် လည်း အနည်းဆုံးတော့ ဤသို့ဝေဖန်နေကြသည်မှာ အစိုးရက ကြားဝင်ဟန့်တားနေသောကြောင့် မဟုတ်ပေ။

ကက်ဆေး၏ နှိုင်းယှဉ်ချက်အရဆိုလျှင် မြန်မာစစ်အစိုးရကမူ ကယ်ဆယ်ရေးလုပ်သားများကို မြစ်ဝကျွန်းပေါ် ဒေသ မရောက်နိုင်ရန် နှောင့်ယှက်ခဲ့သည်ဟု ဆိုသည်။ လူပေါင်း ၃ သန်းခန့်ကို အိုးမဲ့အိမ်မဲ့ ပြစ်ထားပြီး ပျက်စီး သွားသည့် ဒေသတခုလုံးကိုလည်း လက်ပိုက်ကြည့်နေသည်ဟု ပြောသည်။

နှစ်နှစ်ခန့် ကြာသည့်တိုင် လူထုကို ကယ်ဆယ်ရန်လာသည့် အကူအညီများအား ပိတ်ဆို့ဟန့်တားရုံမျှသာမက၊ ကပ်ဘေး ကာလနှင့် နောက်ပိုင်းတွင် လျစ်လျူရှုနိုင်သည့် မြန်မာစစ်အစိုးရ၏ လုပ်ရပ်ကို သူ ယခုတိုင် နားမလည် နိုင်သကဲ့သို့ ဒေါသဖြစ်နေရသေးသည်ဟုလည်း ဆိုသည်။

"သေသူတွေရဲ့အလောင်းတွေ ရေကန်ထဲမှာ၊ မြစ်ချောင်းတွေထဲမှာ မျောနေတာ ဒီအတိုင်းထားတော့ ရေကြောင့် ကူးစက် တဲ့ရောဂါတွေ ပျံ့ပွားအောင် တမင်အားပေးနေသလို ဖြစ်နေတာပေါ့။ ဆေးဝါး အထောက်အပံ့တွေကို အကူအညီပေးဖို့ တားဆီးနေတာ၊ လျစ်လျူရှုထားတာတွေ ရှိနေတော့ ဒီရောဂါဘေးတွေကနေ လူတွေ ခုခံကာကွယ်လို့ မရအောင် လုပ်ထား သလို ဖြစ်နေတယ်"ဟု ကက်ဆေးက ပြောဆိုသည်။

"ကျနော် အသေအချာ ယုံကြည်နေတာကတော့ နာဂစ်ဆိုင်ကလုန်းမုန်တိုင်း ပြီးတဲ့နောက်မှာ စစ်အစိုးရ ကိုယ်နှိုက်က နောက်ထပ် အရေးပေါ်ကပ်ဘေးတခုကို ဖန်တီးရှာဖွေနေသလိုပဲ။ ရောဂါဘေးတွေ၊ ငတ်မွတ် ခေါင်းပါးမှု၊ သောက်သုံး ရေပြတ်လပ်မှု၊ လျစ်လျူရှု ထားမှုတွေက ဒုတိယမုန်တိုင်းရဲ့သေမင်းတမန်လှိုင်းလုံးလို လိုက်လာတယ်"ဟုလည်း ကက်ဆေး က ပြောသည်။

စစ်အစိုးရအနေဖြင့်မူ သူလိုချင်သည့် ရလဒ်ကို ရခဲ့ပြီဟု ဆိုနိုင်ပါသည်။

SIMON ROUGHNEEN ရေးသားသည့် Haiti Aid Response Far Better than Nargis ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြ ပါသည်။

1.06.2010

၂၀၁၀ အရေး ကျွန်တော့် အတွေးအမြင်များ

Photobucket

အတိုက်အခံတွေမှာ အမျိုးမျိုး ပိတ်ပင်ခံနေရတာတွေ ရှိနေဆဲမှာပဲ မြန်မာ့အရေး ဆွေးနွေးပွဲ ကျင်းပရေး ကော်မတီ ဆိုသူတွေက လာမယ့် ဇန်နဝါရီလ ၁၆ ရက်နေ့မှာ ဆွေးနွေးပွဲ ထပ်မံလုပ်ဦးမယ်လို့ ဖိတ်စာတွေ ထပ်မံ ဝေနေပြန်ပါပြီ။
ဒေါ်အောင်ဆန်းစုကြည် နှင့်တကွ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေးနဲ့ ဒေါ်အောင်ဆန်းစုကြည် ကမ်းလှမ်း ထားတဲ့ တွေ့ဆုံဆွေးနွေး အဖြေရှာရေးနဲ့ ပါတ်သက်ပြီး တခွန်းတပါဒမှ မပြောသွားတဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ လွတ်လပ်ရေးနေ့ သဝဏ်လွှာမှာ အခု ၂၀၁၀ မှာ ရွှေးကောက်ပွဲကို မဖြစ်မနေ ကျင်းပသွားမှာ ဖြစ်တယ်လို့ တရားဝင် ပြောကြားသွားခဲ့တဲ့ အပေါ် နိုင်ငံတကာနဲ့ အတိုက်အခံတွေရဲ့ ဝေဖန်ချက်တွေ အဆက် မပြတ် ထွက်ပေါ် လာနေဆဲမှာပဲ မြန်မာ့အရေးဆွေးနွေးပွဲ ကျင်းပရေး ကော်မတီလို့ အမည်ခံထားတဲ့ သူတွေရဲ့ ဖိတ်စာကို ပြည်တွင်းမှာ လိုက်လံ ဝေနေခဲ့တာ ဖြစ်ပါတယ်။
အဲဒီသူတွေနဲ့ ပါတ်သက်ပြီး ပြည်တွင်း ပြည်ပက အတိုက်အခံတွေနဲ့ ဝဘ်ဆိုက်တွေရဲ့ သုံးသပ်ချက်တွေနဲ့ သူတို့ရဲ့ လက်ရှိ အနေ အထားတွေကို ကျွန်တော်တို့ရဲ့ မေးလက်တာတွေမှာ တင်ပြ ပေးပို့ခဲ့ပြီးဖြစ်လို့ အကျယ် ချဲ့ပြီး မပြောလိုတော့ ပါဘူး။
ကျွန်တော်တို့ အနေနဲ့ တခု တင်ပြလိုတာကတော့ အဲဒီသူတွေဟာ သူတို့ရဲ့ လုပ်ရပ်တွေ ထုတ်ပြန် ကြေငြာချက်တွေနဲ့ ပါတ်သက်ပြီး သတင်းဌာနတွေက ထုတ်ပြန်ပေးစေချင်တဲ့ ဆန္ဒနဲ့ သတင်းသမားတွေကို လိုက်လံ ဆက်သွယ် နေတာ ဖြစ်ပါတယ်။
သူတို့ရဲ့ လုပ်ရပ်နဲ့ ပြောဆိုချက်တွေက သူတို့ဟာ ၂၀၁၀ မှာ ရွေးကောက်ပွဲ ဝင်နိုင်ဖို့အတွက် ပြည်သူလူထုတွေ သူတို့ အဖွဲ့အပေါ် စိတ်ဝင်စားမှု ရှိလာအောင် လုပ်ဆောင်နေတယ်ဆိုတာ ထင်ရှားစွာ တွေ့ရပါတယ်။ ၈၈ မျိုးဆက်တွေ ပါတယ်၊ ဘယ်သူတွေ လာတက်တယ် စတဲ့ အချက်တွေနဲ့ ပြည်သူလူထုတွေက သူတို့ ရွေးကောက်ပွဲ ဝင်တဲ့အခါ ထင်ယောင်ထင်မှား မဲထည့်လေမလားဆိုတဲ့ ရည်မှန်းချက်နဲ့ အခွင့်အရေး မက်မောတဲ့ နာမည်ပျက် ပြီးသား လူတွေကို အသုံးချပြီး လုပ်နေတာ ဖြစ်တယ်လို့ ကျွန်တော်တို့ ဘလော့က သုံးသပ်ပါတယ်။
အဲဒီ လုပ်ဆောင်မှုတွေကို နအဖဆီက တရားဝင် ခွင့်ပြုချက် တောင်းပြီးမှ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ နအဖ ကလည်း ဘယ်သူမှ ဆေးဖေါ်ကြောဘက် မလုပ်တဲ့ သူတို့ရဲ့ ၂၀၁၀ ရွေးကောက်ပွဲကို အသိအမှတ်ပြုတဲ့လူရှိ နည်းလား ဆိုတဲ့ ရည်မှန်းချက်နဲ့ ခွင့်ပြုထားခဲ့တာပါ။
အဲဒီ အမျိုးသားနိုင်ငံရေး ဆွေးနွေးပွဲ ကော်မတီဆိုသူတွေ နားမလည်သေးတဲ့ အချက်ကို ကျွန်တော်တို့ အနေနဲ့ ဟိုက်လိုက် လုပ်ပေးချင်တာက နအဖဟာ လာမည့် ၂၀၁၀ ရွေးကောက်ပွဲကို တခြားလူတွေကို ကြိုးတုပ်ထားပြီး တကောင်ထဲ ပြေးခိုင်းထားတဲ့ သူတို့ရဲ့ခိုင်းနွားကြီး ကြံဖွံ့က လွဲရင် ဘယ်သူကိုမှ အနိုင်မပေးပါဘူးဆိုတာ ပါပဲ။
သူတို့တို့က ကိုယ့်ကိုကိုယ် ထင်တလုံးနဲ့ စစ်ကျွန်စာရင်း ပြေးသွင်းပေမယ့် သူတို့တို့ရမှာက အေးလွင်တို့လို သိပ်ကဲ လာရင် နွားကြိမ်နဲ့ အရိုက်ခံရမယ်။ နောက် လိုအပ်တယ်ထင်ရင် နွားသတ်ရုံ အပို့ခံရမယ် ဆိုတာပါပဲလို့ ထောက်ပြ ချင်ပါတယ်။
အဲဒီကြားထဲမှာ NLD ရွေးကောက်ပွဲ ဝင်မှ ဖြစ်မယ်ဆိုတဲ့ အတွေးအခေါ်ကို ဖြန့်ဝေလာတဲ့ သူတွေကိုလည်း တဆက်တည်း ပြောပြချင်တာ တခုရှိပါတယ်။ အဲဒီရေးတဲ့ ဆောင်းပါးကိုလည်း ကျွန်တော်တို့ မေးလက်တာမှာ ဖေါ်ပြထားပါတယ်။ အဲဒီဆောင်းပါးရှင်ဟာ ပရိုပိုစယ်စားနေတဲ့ နိုင်ငံရေး အဖွဲ့အစည်း တချို့ကို ပုတ်ခတ် ပြောဆို ထားပေမယ့် အဲဒီ ဆောင်းပါးရှင် ပြောတဲ့ အယူအဆဟာ အဲဒီ ပရိုပိုဆယ် ပေးနေတဲ့ နိုင်ငံခြားနဲ့ NLD အခက် တို့ အချက်ဆိုတဲ့ ပြည်တွင်း ပုဂ္ဂိုလ်များရဲ့ အတွေးအခေါ်တွေကပဲ လာတာ ဖြစ်ပါတယ်။ နိုင်ငံခြားသား အချို့က (အထူးသဖြင့် ပရိုပိုစယ်ပေးနေတဲ့ အဖွဲ့တွေက ရွေးကောက်ပွဲ ဝင်ပြိုင် သင့်တယ် ဆိုတဲ့ အချက်ကို တော်တော်လေး ဖိပြောတာ ကျွန်တော်တို့ တွေ့ရပါတယ်။ )
သူတို့ရဲ့တွက်ကိန်းထဲမှာ ဖွဲစည်းပုံ အခြေခံ ဥပဒေက ဘာပဲပြောပြော ၂၀၁၀ရွေးကောက်ပွဲမှာ စစ်ဗိုလ် တမတ်သား မကလို့ ငါးမူးသားပဲ ဖြစ်ဖြစ် ရွေးကောက်ပွဲမှာ ကျွန်တော်တို့ အတိုက်အခံတွေဘက်က ဝင်ပြိုင်မှ အတိုက်အခံတွေ ကိုထောက်ခံတဲ့သူတွေက မဲတွေပေးကြမယ်။ နောက် မဲရတဲ့ အမတ်တွေမှာ ပြောရေးဆိုခွင့် လုပ်ပိုင်ခွင့် အထိုက်အလျှောက်ရမယ် ဆိုတာပါ။ အဲဒီအချက်ကို သူတို့ ကိုးကားချက်ပေးတာက အနှစ်နှစ်ဆယ် ကျော် အတွင်းမှာ ကျွန်တော်တို့ အတိုက်အခံတွေက အပြောင်းအလဲဖြစ်အောင် ဘာမှ မလုပ်နိုင်ဘူး။ လက်ရှိ မှာလဲ အပြောင်းအလဲ ဖြစ်အောင်မလုပ်နိုင်ဘူး ။ ဒါကြောင့် ၂၀၁၀ ထဲမှာ ဘာပဲ ဖြစ်ဖြစ် ရွေးကောက်ပွဲဝင်ပြီး အပြောင်းအလဲကို ရှာသင့်တယ် ဆိုတဲ့ သူတို့ရဲ့ နိုင်ငံခြားပေတံကြီးနဲ့ တိုင်းပြီးပြောတာပါ။
သူတို့သိတာ မဲလိမ်ရင် တိုင်လို့ရတယ်။ ရွေးကောက်ပွဲ မတရားမှုတွေကို သူတို့ နိုင်ငံခြားတွေမှာ စာနယ်ဇင်းတွေ ဒါမှမဟုတ် သက်ဆိုင်ရာ လူ့အခွင့်အရေး ဆိုင်ရာ အဖွဲ့အစည်းတွေက ဝိုင်းတင်ပြလိုက်ရင် အပြောင်းအလဲ တွေ ပြန်ဖြစ်နိုင်တာကိုး။
ဒါဆိုရင် ကျွန်တော် တခုတင်ပြချင်တာက ၁၉၉၀ တုန်းက NLD ရွေးကောက်ပွဲမှာ လူထုမဲ ဆန္ဒနဲ့ အပြတ်အသတ် အနိုင်ရခဲ့ပြီး အဲဒီတုန်းက နဝတ က အာဏာ မလွဲပေးတဲ့ အချိန်မှာ အဲဒီ ပုဂ္ဂိုလ်ကြီးများ ဘာတွေ ပြောင်ပြောင် မြောက်မြောက် လုပ်ပေးနိုင်ခဲ့ပါသလဲ။ ဒီထက်စစ်မှန်တဲ့ လူထုဆန္ဒကို ကျွန်တော်တို့ မြန်မာ နိုင်ငံသားတွေ ဘယ်လို ပြပေးရမှာပါလဲ။
ကမ္ဘာ့ အမြင့်ဆုံးဆိုတဲ့ ကုလသမဂ္ဂ အဖွဲ့ကြီးမှာ ဘာတွေ လုပ်ပေးနိုင်ခဲ့ပါသလဲ။ ပြန်ပြောပြစရာ မလိုတော့ ပါဘူး ခင်ဗျား။
၂၀၀၈ ခုနှစ် နာဂစ် လေမုန်တိုင်းကြီး တိုက်ခတ်လို့ လူတွေ သိန်းနဲ့ချီ သေပြီး သန်းနဲ့ချီ ဒုက္ခတွေ ပင်လယ် ဝေနေချိန်မှာ ဗေဒင်ဆရာပေးထားတဲ့ အခါတော် ပျက်မှာစိုးလို့ အလောင်းပုံပေါ်မှာ ဖြစ်အောင်လုပ်သွားတဲ့ မဲဆန္ဒပေးပွဲ ကိုကော အဲဒီ လူကြီးမင်းများက ဘာတွေ ပြောင်ပြောင်မြောက်မြောက် ပြောဆိုပေးခဲ့ပါသလဲ။ မဲပေး တဲ့ အချိန်မှာကော ဘယ်လို လေ့လာသူမျိုးတွေကို လက်ခံခဲ့လို့ ဘယ်လိုစံနဲ့ လက်ခံပေးခဲ့တာပါလဲခင်ဗျား။
အားလုံးကို ခြုံပြီးပြောရရင် အနောက်တိုင်းက ပေတံကြီးအတိုင်း ပြောနေတဲ့ အချက်အလက်တွေ စံတွေအတိုင်း ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲမှာ ကျွန်တော်တို့ ပြည်သူတွေ ကြိုးစားပေးခဲ့ပါပြီ ခင်ဗျား။
အဲဒီအပေါ်မှာတောင် ဘာမှ မလုပ်ပေးနိုင်ပဲနဲ့ အနောက်တိုင်းက ပုဂ္ဂိုလ်ကြီးတွေနဲ့ ပြည်တွင်းပြည်ပက မြန်မာ့ နိုင်ငံရေး ပညာရှိများက ဘာတွေများ ကျွန်တော်တို့ ပြည်သူတွေကို လုပ်စေချင်ပါသလဲ။ တကယ်လို့များ NLDကို ၂၀၁၀ ရွေးကောက်ပွဲ ဝင်စေချင်ရင် သို့ ခင်ဗျားတို့ အမြှီးပြတ်သလို ပြတ်စေချင်ရင် ကျွန်တော့် အနေနဲ့ NLD ကိုယ်စား အာမ ခံချက် နှစ်ခုပဲ တောင်းပါမယ်။
ပထမ တချက်က UN အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ၂၀၁၀ ရွေးကောက်ပွဲမှာ တရားမျှတတဲ့ အခြေခံ အချက်တွေ ရစေပါမယ်လို့ အာမခံချက်ပေးပါ။ နောက်တချက်က ဒီမိုကရေစီ နိုင်ငံများရဲ့ ဦးဆောင်လို ဖြစ်နေတဲ့ အမေရိကန် သမ္မတ အိုဘားမား အာမခံချက်ပေးပါ။ (လက်ရှိမှာတော့ အိုဘားမားက နအဖလုပ်မယ့် ရွေးကောက် ပွဲကို ဒီအတိုင်းဆို အယုံအကြည် မရှိကြောင်း ပြောသွားခဲ့ပါပြီ။ ) သူတို့တောင်းတဲ့ တရားမျှတတဲ့ အခြေခံ အချက်တွေကို နအဖက လက်ခံ လိုက်လျှောပေးမယ်ဆိုရင် ၊ ဒါမှမဟုတ် ဒေါ်အောင်ဆန်းစုကြည်က တောင်းဆိုထားတဲ့ တွေ့ဆုံ ဆွေးနွေး အဖြေရှာရေးမှာ လက်ခံဆွေးနွေး အဖြေရှာကြမယ်ဆိုရင် ဒါမှမဟုတ် သူတို့ တင်ပြထားတဲ့ ရွှေဂုံတိုင် ကြေငြာချက်ကို နအဖက လက်ခံဆွေးနွေး ပေးနိုင်မယ်ဆိုရင် ဒါဟာ သင့်တင့် မျှတတဲ့ အခြေခံမူ မဟုတ်ဘူးလို့ ဘယ်နိုင်ငံခြား ဆရာကြီးများနဲ့ ၊ အာဏာယူချင်ကြတဲ့ ဆရာ့ ဆရာကြီးများ ငြင်းရဲ ပါသလဲ ခင်ဗျား။
ကိုလိုနီခေတ်က မြန်မာ့နိုင်ငံရေး ခေါင်းဆောင်များ ပြောခဲ့ကြတဲ့ အင်္ဂလိပ်အခက် ဗမာ အချက် ဆိုပြီး တိုင်းပြည် လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့ကြတဲ့ ပုံစံမျိုးကို ပုံတူကူးလို့ NLD အခက် တို့အာဏာရဖို့ အတွက်ဆို လုပ်နေကြမယ် ဆိုရင်ဖြင့် ခင်ဗျားတို့လဲ ဘာမှမဖြစ် တိုင်းပြည်အတွက်လဲ ဘာမှ မဖြစ်ပဲ စစ်ကျွန်သက်ကတော့ ဆက်ဆက်လို့ ရှည်နေဦးမယ် ဆိုတဲ့အကြောင်း တင်ပြလိုက်ရပါတယ် ခင်ဗျား။ ။
(မှတ်ချက် ။ ။ ရွှေဝါရောင် သတင်းလွှာ၏ ပြည်တွင်းသတင်းထောက်ပေးပို့သော အချက်အလက်များအပေါ် အခြေခံ၍ ရေးသားခြင်း ဖြစ်ပါသည်။ နောက်တချက် အထူးပြု ပြောလိုသည်မှာ ကျွန်တော့် အနေဖြင့် ဘယ်တုန်း ကမှ NLD ပါတီဝင် အဖြစ်ဝင်ရောက်ခဲ့ဘူးခြင်း မရှိပါ။ ထို့အတူ ကျွန်တော်တို့ မေးလက်တာမှာလည်း မည်သည့် ပရိုပိုစယ်မှ ရ၍ လုပ်ဆောင်နေခြင်း မဟုတ်ပဲ မိမိတို့၏ နိုင်ငံသား တာဝန်သိ စိတ်ဖြင့်သာ ကိုယ်ပိုင် ငွေကြေးဖြင့် ဆောင်ရွက်နေခြင်း ဖြစ်ပါသည်။ )

ရွက်စိမ်း

1.03.2010

တပ်မတော်သားချင်းတော့ မတူပါလေ

ရဲဘော်ဟောင်းလှစိန်

ဇန်န၀ါရီ ၃၊ ၂၀၁၀

၂၀၀၉ ခုနှစ် ခရစ်စမတ်နေ့ မှာ သမ္မတ အိုဘားမား နဲ့ သမ္မတကတော်တို့က နိုင်ငံကို မိန့်ခွန်းပြောပါတယ်။ မိန့်ခွန်း ပြောတဲ့နေရာမှာ မိသားစု နဲ့ ဝေးကွာတဲ့ နေရာတွေမှာ တာဝန်ထမ်းဆောင် နေကြတဲ့ တပ်မတော်သား တွေကို အဓိကထားပြီးတော့ အားပေးစကား၊ ဂုဏ်ပြုစကား၊ ကျေးဇူးစကားနဲ့ တနိုင်ငံလုံးက ဝိုင်းပြီး တတ်နိုင်တဲ့ ဘက်ကနေ ပံ့ပိုးကြဖို့ပြောသွားပါတယ်။

အမေရိကန်သမ္မတဟာ အရွေးကောက်ခံ ပုဂ္ဂိုလ်ပါ။ စစ်တပ်က ဗိုလ်ချုပ်ကြီး၊ ဗိုလ်ချုပ်မှူးကြီးမဟုတ်ပါဘူး။ အမေရိကန် နိုင်ငံဟာလဲ ဒီမိုကရေစီနိုင်ငံပါ။ စစ်တပ်အုပ်ချုပ်တဲ့ နိုင်ငံ မဟုတ်ပါဘူး။ ဒါပေမယ့် တပ်မတော်သား တွေကို တန်ဖိုးထားပါတယ်။ နိုင်ငံရဲ့ လုံခြုံရေးအတွက် အသက်ကိုစွန့်ထားတဲ့လူတွေအဖြစ်နဲ့ ဂုဏ်ပြုပါတယ်။ တပ်မတော်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ စစ်မှုထမ်းဟောင်းတွေရဲ့ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ အလုပ် အကိုင် အဖက်ဖက်က ဖြည့်စီးပေးပါတယ်။

မြန်မာနိုင်ငံလို စစ်တပ်က အုပ်ချုပ်နေတဲ့နိုင်ငံ အစိုးရက စစ်မှုထမ်းဟောင်းတွေကို ဘယ်လိုဖြည့်ဆီးပေးပါသလဲ။ ကျန်းမာရေးအတွက် ဘာတွေ အမှန်တကယ် တာဝန်ယူပေးသလဲ။ စစ်မှုထမ်းဟောင်းတွေ စစ်ဆေးရုံတွေမှာ ကုသခွင့်ရှိတယ်ဆိုပေမယ့် ဘယ်လောက်ဂရုစိုက်သလဲ။ မိသားစု အသုံးစရိတ်မလောက်လို့ စာအုပ်လိုက် ရောင်းနေရတဲ့ စစ်မှုထမ်းဟောင်းတွေ ဒုနဲ့ဒေး၊ သူငယ်ချင်း ဗိုလ်ချုပ်တွေထံမှာ ပါမစ်လိုက်တောင်း နေရတဲ့ အရာရှိ အငြိမ်းစားတွေ ဒုနဲ့ဒေးပါ။

အဲဒါ ဘာဖြစ်လို့လဲ။ နိုင်ငံတော်အစိုးရဆိုတဲ့ လက်ရှိဗိုလ်ချုပ်ကြီးတွေကလို့ စစ်မှုထမ်းဟောင်းတွေကို တာဝန် မယူလို့ပါ။ ခေတ်စကားနဲ့ ပြောရရင် “စားပြီး နားမလည် …” လုပ်နေတာပေါ့။ တိုက်ပွဲမှာ သက်စွန့်ဆံဖျား တိုက်ခိုက် ပေးခဲ့တာတွေကို တာဝန်မယူတဲ့သဘောပါ။ လက်ရှိတာဝန်ထမ်းဆောင်နေသူတွေ အငြိမ်းစား ယူရင်လဲ စာအုပ်လိုက်ရောင်းတဲ့ ဘဝ၊ ပါမစ်လိုက်တောင်းတဲ့ဘဝ ကို ရောက်ကြရမှာပါ။

အမေရိကန်သမ္မတက သူရဲ့နှစ်သစ်ကူး အားလပ်ရက်မှာ စစ်တန်းလျားတွေကို သွားရောက်လည်ပတ်ပါတယ်။ ပေါ့ပေါ့ပါးပါး သာမန်ဝန်ထမ်းတစ်ယောက် အနေနဲ့ ရဲဘော်တွေ၊ အရာရှိအရာခံ အကြပ်တပ်သားတွေနဲ့ ဘားတိုက်မှာ ထမင်း အတူစားပါတယ်။ သူ့အတွက် သီးသန့် စားပွဲနဲ့ အစားအသောက်တွေ ပြင်ဆင်မပေး ရပါဘူး။ ရဲဘော်တွရေဲ့ ထမင်းဝိုင်းမှာ အတူဝင်စားရင်း လွတ်လွတ်လပ်လပ် စကားပြောဆိုကြပါတယ်။ ရဲဘော် တွေရဲ့ တကယ့်ဘဝကို ခံစားကြည့်ပါတယ်။ စစ်တပ်အုပ်ချုပ်တဲ့ လက်ရှိမြန်မာနိုင်ငံမှာ ဘယ်ဗိုလ်ချုပ် တယောက်ကများ ရဲဘော်တွေနဲ့ ထမင်းတစ်ဝိုင်းထဲ စားဖူးပါသလဲ၊ ရဲဘော်တွေရဲ့ တကယ့်ဘဝကို ခံစား ကြည့်ဖူးပါသလဲ။

အမေရိကန်နိုင်ငံမှာ တပ်မတော်သားတဦး တာဝန်ထမ်းဆောင်ရင်း ကျဆုံးသွားရင် အလောင်းကို ရတဲ့နည်းနဲ့ ယူပြီး မိသားစုဆီကို ပို့ပေးပါတယ်။ (အလောင်းမရနိုင်တော့ရင်တောင် အရိုးကို ရအောင် ပြန်ယူပါတယ်။ ဗီယက်နမ်စစ်ပွဲကို နမူနာကြည့်ပါ။) ပြီးတော့ စစ်သင်းချိုင်းမှာ တစ်ခမ်းတနား သင်ဂြိုလ်ပါတယ်။ သမ္မတ ကိုယ်တိုင်က လက်မှတ်ရေးထိုးပြီး ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့ပါတယ်။ စစ်အစိုးရအုပ်ချုပ်တဲ့ မြန်မာ နိုင်ငံမှာ ဘယ်လိုဆက်ဆံခံရသလဲ ဆိုတာ လက်ရှိဗိုလ်ချုပ်မှူးကြီးကတော် ဒေါ်ကြိုင်ကြိုင် အသိဆုံးပါ။ တပ်ရေး ဗိုလ်ကြီး၊ တပ်ရင်းမှူးဇနီး (အလွန်ဆုံးပေါ့) လာပြီးအကြောင်းကြား၊ ဝမ်းနည်းကြောင်းပြော၊ ရက်လည်ပြီးတာနဲ့ တပ်ကထွက်ပေတော့ ပြီးရင် အဆင်ပြေသလို ကြည့်နေပေတော့။

ဒီလောက်ဆိုရင် ဒီမိုကရေစီနိုင်ငံက တပ်မတော်သားတယောက်ရဲ့ဘဝနဲ့ စစ်အစိုးရအုပ်ချုပ်တဲ့ နိုင်ငံက တပ်မတော်သားတယောက်ရဲ့ ဘဝ အကြမ်းဖျင်းလောက်တော့ မှန်းလို့ရပါပြီ။ ဗုဒ္ဓဘာသာမှာ ဗုဒ္ဓက "သူဟာ လမ်းပဲ ညွှန်ပေးလို့ရတယ် ကိုယ့်ဟာကိုယ်ကြိုးစားရမှာ" လို့ ပြောခဲ့သလို ခရစ်ယာန်ဘာသာမှာလဲ ဘုရားသခင် ဆီချည်းကပ်မှ ဘုရားသခင်က ကယ်တင်ပေးနိုင်တယ် လို့ ဆိုပါတယ်။ (မူဆလင်ဘာသာမှာလဲ ဒီအတိုင်း ဆင်ဆင်ပဲ ဖြစ်မယ်လို့ ယူဆပါတယ်။) လက်ရှိတပ်မတော်သားတွေ အနေနဲ့ တပ်က အငြိမ်းစားယူပြီးရင် စာအုပ်ရောင်းစားချင်သလား၊ အပတ်စဉ်အတူတူ သူငယ်ချင်းတွေဆီမှာ ပါမစ်လိုက်တောင်းမလား။ နိုင်ငံတော်ရဲ့ အစီအစဉ်နဲ့ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး အဆင်ပြေပြေနေချင်သလား စဉ်းစားကြပါ။ တိုက်ပွဲမှာ အသက်ပေးခဲ့ရရင်လဲ မိသားစုကို ဘယ်လိုထားခဲ့ချင်သလဲ၊ သမ္မတကိုယ်တိုင်က ဂုဏ်ပြုတာကို ခံချင်သလား၊ တပ်ရေးဗိုလ်ကြီးကလာ အကြောင်းကြားပြီး ပြီးသွားတာကို လိုချင်သလား။ လိုချင်တဲ့ ဘဝကို ကြိုးစားမှ၊ လိုချင်တဲ့ဘက်ကို ချဉ်းကပ်ရမှာကတော့ လက်ရှိရဲဘော်တို့ရဲ့တာဝန်ပါပဲ။

12.10.2009

မျက်ကန်းဖော်လံဖားတကောင်ရဲ့ အကျိုးအကြောင်းမဲ့ ဟောင်သံများ

အပြုံးသည်

၁၀ ဒီဇင်ဘာ ၂၀၀၉

ဒီဇင်ဘာ (၉) ရက်နေ့ထုတ် နအဖသတင်းစာမှာ သူတို့ အရိုးအရင်းကျွေးပြီး လက်သပ် မွေးထားပုံရတဲ့ ဖော်လံဖားဆောင်းပါးရှင် ‘ချမ်းမြအေး’ ဆိုသူ မတော် တရော်တွေ ဖားယားပြီး ရေးထားတဲ့ ဆောင်းပါးတပုဒ်ကို ဖတ်လိုက်ရတယ်။ သူ့ရဲ့ “စိတ်ရင်းစေတနာမှန်ပြီး ရိုးသားမယ်ဆိုရင်” ဆိုတဲ့ ဆောင်းပါးကို ဖတ်ပြီးတာနဲ့ ဇာတ်လိုက်ကျော်ကြီး သမိန်ပေါသွပ်လိုပဲ ‘ရယ်ရတယ် ဗြဲ’ လို့ ရေရွတ် လိုက်မိတယ်။ ‘ရယ်ရတယ် ဗြဲ’ ပြီးတာနဲ့ တဆက်တည်း “သြော် … သူခိုးက လူဟစ်ဆိုတဲ့ အပေါက်မျိုးတွေ မကြာမကြာ လုပ်တတ်တဲ့ စစ်အုပ်စုဘက်မှာ ချမ်းမြအေးတို့လို မျက်ကန်းဖော်လံဖားတွေပဲရှိလို့ ဒီကနေ့အထိ နအဖရဲ့ ၀ါဒဖြန့်ချိရေးတွေ မအောင်မြင်တာ ပါလား” လို့ သနားတွေး တွေးပြီး စုတ်သပ်လိုက်မိပြန်ပါတယ်။

ဒီလောက် မြန်မာပြည်သူတရပ်လုံးနဲ့ တကမ္ဘာလုံးက အော့ကြောလန် ချဉ်ဖတ်ဖြစ်နေတဲ့ စစ်အုပ်စုကို ရှေ့မကြည့် နောက်မကြည့် (အင်းလေ … မျက်ကန်းဆိုမှတော့) နင်းကန်စွတ်ဖားနေပုံများ “နိုင်ငံတော်အပိုင်းက မိဘပီပီ သဘောထားကြီးကြီးထားပြီး တတ်နိုင်သမျှ အပြုသဘောဆောင် လိုက်လျောပေးခဲ့တာကို တွေ့နိုင်ပါတယ်” တို့၊ “မိဘဖြစ်တဲ့ အစိုးရအနေနဲ့ကတော့ သဘောထားကြီးကြီးထားပြီး လုပ်သင့်တာ လုပ်ပေးလိမ့်မယ်လို့ မျှော်လင့်ရ ပါတယ်” တို့ အရှက်မရှိ ဖားရေးထားတာ ရယ်စရာပါလား ဟရို့။ အော် … မိဘနဲ့တူတဲ့ အစိုးရပေမို့ပဲ၊ အာဏာ အတွက်ဆို သံဃာတော်တွေလည်း သတ်၊ ကျောင်းသားတွေလည်း သတ်၊ ပြည်သူကိုလည်း သတ်၊ ဘာမဆို သတ်နေဖြတ်နေတဲ့ မိဘမေတ္တာကြီးပါလားလို့ ငိုအားထက် ရယ်အားသန်နေမိတော့တယ်။

တကယ့်တော့ နအဖစစ်အုပ်စုဆိုတာက မျက်ကန်းဖော်လံဖား ချမ်းမြအေး အမွှမ်းတင်သလို မိဘနဲ့တူတဲ့ အစိုးရတော့ မဖြစ်နိုင်ပေဘူး။ ဖြစ်ချင်းဖြစ်ရင် ထမင်းကျွေးတဲ့ လက်ကို ပြန်ကိုက်တဲ့ ခွေးရူး (ခွေးတောင်မှ သခင်ကို သခင်မှန်းသိတတ်တဲ့ ခွေးမျိုးကောင်း မဟုတ်ဘဲ ကျေးဇူးကန်းတဲ့ ခွေးရူးပါ) နဲ့တူတဲ့ စစ်အုပ်စုလို့ပဲ ပြောရပေလိမ့်မယ်။ ဒါ့အပြင် ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားတာ မဟုတ်ဘဲ အာဏာကို လက်နက် အားကိုးနဲ့ အရှက်မရှိ မျက်နှာပြောင်တိုက် လုယူထားတဲ့ သူခိုးဓားပြဂိုဏ်းသာသာမို့ အစိုးရလို့လည်း မခေါ်ဝေါ် ထိုက်ပေဘူး။ စစ်အုပ်စုလို့ ခေါ်ဝေါ်တာတောင် လွန်လှပြီ။ ဒီ့ထက်ယုတ်ညံ့တဲ့ ဝေါဟာရနဲ့ပဲ ထိုက်တန်သူတွေပါ။

နောက်ပြီးတော့ ဗိုလ်သန်းရွှေက ဒေါ်အောင်ဆန်းစုကြည်နဲ့ မဆွေးနွေးရဲ၊ မဆွေးနွေးချင်လို့ ဆီလိုအပေါက်ရှာပြီး အပြစ်တွေဖို့၊ ဟိုကွေ့ဒီရှောင်လုပ်နေတာကို ဒေါ်အောင်ဆန်းစုကြည်က မရိုးသားဘူးဆိုပြီး ချမ်းမြအေးက စွဲချက် တင်ထားပြန်ပါတယ်။ အပြစ်မရှိ အပြစ်ရှာပုံက ဒေါ်အောင်ဆန်းစုကြည် ပို့တဲ့စာ ဗိုလ်သန်းရွှေဆီ မရောက်ခင် ပေါက်ကြားလို့တဲ့။ တကယ်ဆို စာပါ အကြောင်းအရာက ဗိုလ်ချုပ်မှူးကြီးသို့ အိတ်ဖွင့်ပေးစာအနေနဲ့ တရားဝင် လူသိရှင်ကြားထုတ်ပြန်ခိုင်းလို့လည်း ပြဿနာမရှိတဲ့ အကြောင်းအရာပါ ချမ်းမြအေးရယ်။

စာထဲမှာ တိုင်းပြည်အကျိုးအတွက် ဗိုလ်သန်းရွှေနဲ့ လက်တွဲဆောင်ရွက်ချင်တဲ့အကြောင်းနဲ့ နအဖကို ကျေးဇူးတင် တဲ့ အကြောင်း ရိုးရိုးသားသား ရေးထားတာပဲ၊ နှစ်ဘက်စလုံးအတွက် ဘာတွေများ နစ်နာစရာရှိလို့လဲလို့ ဖားလွန်လွန်းတဲ့ (အဲလေ … အပြစ်မဟုတ်တာ အပြစ်လုပ်ရေးနေတဲ့) ချမ်းမြအေးကို မေးစမ်းချင်တယ်။ ကိုယ့်ဘက်က ရိုးသားတယ်ဆိုရင် တကမ္ဘာလုံးမကလို့ အင်္ဂါဂြိုဟ်ကနေပဲ ကြိုသိနေသိနေပေါ့၊ အရေးစိုက် စရာလား (သဘောတူညီမှုမရခင် ဆွေးနွေးဆဲ အကြောင်းအရာတွေ ပေါက်ကြားရင်တော့ တမျိုးပေါ့လေ။ အခု ဟာက ဆွေးနွေးဖို့ ကမ်းလှမ်းတဲ့ဟာပဲ။ စိတ်မဆိုးနဲ့လို့ ဗိုလ်ချုပ်မှူးကြီးကို ပြောလိုက်)။ အဲဒီတော့ ဗိုလ်သန်းရွှေ ဘက်က မရိုးသားလို့သာ စာကို ခိုးကြောင်းခိုးဝှက် ပို့စေချင်တာလားလို့ စဉ်းစားရမလိုဖြစ်နေတယ်။ အဲဒါကြောင့် အမှန်တကယ် မရိုးသားတာ ဘယ်သူလဲ သေချာပြန်စဉ်းစား ချမ်းမြအေးရေ၊ သူခိုးက လူမဟစ်နဲ့လို့ ပြောပါရစေ။။

နောက်ပြီး အထောက်အထား မပါဘဲနဲ့ ဗလာချီစွပ်စွဲရေးသားပုံက “သေချာစွာ လေ့လာသုံးသပ်ကြည့်ရင် တချိန်တုန်းက ပိတ်ဆို့ရေးကို သူမတို့ တောင်းဆိုခဲ့တာ အမှန်ပါပဲ” တဲ့။ သြော် … ဒေါ်အောင်ဆန်းစုကြည် တောင်းဆိုလို့ အမေရိကန်နဲ့ အနောက်နိုင်ငံအစိုးရတွေက ‘ဟုတ်ကဲ့’ လို့ ခေါင်းညိတ်ပြီး စီးပွားရေး ပိတ်ဆို့ ပေးရတာဆိုရင် ကျနော်တို့ခေါင်းဆောင်က စူပါမင်း (အဲလေ … စူပါဝူးမင်း) ပဲနော်။ ဒီလောက်ပါဝါကြီးနေရင် (ဒေါ်အောင်ဆန်းစုကြည် ပြောသမျှ အမေရိကန်၊ အနောက်နိုင်ငံတွေက တသဝေမတိမ်း နာခံလုပ်ဆောင်တယ် ဆိုရင်) မြန်မာပြည်ကို ဒုက္ခပေးနေတဲ့ ဗိုလ်သန်းရွှေတို့လူသိုက် တခါတည်း စိစိညက်ညက်ကျေသွားအောင် နေပြည်တော်ကို ဗုံးလာကြဲဖို့ ကျနော်တို့ခေါင်းဆောင်ကို တောင်းဆိုခိုင်းလိုက်မှနဲ့ တူတယ်နော် (ဤနေရာတွင် စာရေးသူ အကြာကြီး ရယ်နေမိ)။ ချမ်းမြအေးလည်း အရိုးအရင်းကျွေးဖော်ရတဲ့ ကျေးဇူးရှင်တွေနဲ့အတူ ကြိုပြေး ချင် ပြေးဖို့ လိုဏ်ခေါင်းတူးထားပေတော့။

နအဖ အသုံးမကျလို့၊ ရစ်လို့ (စီမံခန့်ခွဲမှုညံ့ဖျင်းလို့) လာရောက်ပြီး ရင်းနှီးမြှုပ်နှံတဲ့ ကုမ္ပဏီတွေ မလုပ်သာ တော့ဘဲ ပြန်ထွက်သွားကြတာကို ချမ်းမြအေး သိပုံမရဘူး။ နောက်ပြီး နအဖစစ်အုပ်စုရဲ့ လူ့အခွင့်အရေး ချိုးဖောက်တာတွေ၊ ဖိနှိပ်ရက်စက်တာတွေ ရပ်တန့်အောင်လို့၊ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုတွေ လုပ်အောင်လို့ အမေရိကန်နဲ့ အနောက်နိုင်ငံတွေက စီးပွားရေးအရ ပိတ်ဆို့အရေးယူထားတာကို ချမ်းမြအေးတယောက် မသိရှာ ဘဲ ဒေါ်အောင်ဆန်းစုကြည်ကြောင့်လို့ အသားလွတ် အထင်ကြီးတာ ကျေးဇူးပါပဲဗျာလို့ ရွဲ့ပြောရမလိုဘဲ။ စဉ်းစဉ်း စားစား၊ ယုတ္တိယုတ္တာရှိရှိလည်း စွပ်စွဲစမ်းပါ ချမ်းမြအေးရယ်။

တကယ့်တော့ ချမ်းမြအေးတို့ရဲ့ ဗိုလ်ချုပ်မှူးကြီးက ရွှေဝါရောင်နဲ့ မျက်ဖြူဆိုက်နေချိန်မှာ ဒေါ်အောင်ဆန်းစုကြည် နဲ့ ဆွေးနွေးပါမယ်ဆိုတဲ့ ကြေညာချက်ကို လိမ်လည်ထုတ်ပြန်ပြီး ထွက်ပေါက်ရှာခဲ့တာပါ။ တနည်းပြောရရင် တွေ့ဆုံဆွေးနွေးရေးဆိုတဲ့ စကားလုံးကို ဗိုလ်သန်းရွှေ ခုတုံးလုပ်ခဲ့တာပါ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တကယ် ဆွေးနွေးချင်လို့ မဟုတ်ပါဘူး။ မဆွေးနွေးချင်လို့လဲ ဒေါ်အောင်ဆန်းစုကြည်ကြောင့် ဖြစ်တာမဟုတ်တဲ့ စီပွားရေး ပိတ်ဆို့ခံရတဲ့ ကိစ္စကြီးကို သူ တမင်တကာ ထည့်သွင်းခဲ့တာပေါ့။ တကယ့်ကို မရိုးမသားလုပ်နေတာက ချမ်းမြအေး ဖားနေတဲ့ ဗိုလ်ချုပ်မှူးကြီးမှ ဗိုလ်ချုပ်မှူးကြီးအစစ်ပါဗျာ။ တွေ့ဆုံဆွေးနွေးချင်တဲ့ ဆန္ဒကို မရှိလို့ သူ အမျိုးမျိုး ကလိန်ကကျစ်လုပ်နေတာပါ။

အဲဒါကြောင့် ချမ်းမြအေးကို ‘ဖားတာလည်း ကြည့်ဖား၊ မရိုးမသား ကလိန်ကကျစ်လုပ်နေတဲ့ သူတွေကို ဖားမိရင် ပါးစပ် ၀ဲစွဲမယ်၊ စာရေးတဲ့လက် နူသွားလိမ့်မယ်’ လို့ စေတနာနဲ့ သတိပေးစကား ပြောကြားလိုက်ပါရစေ။

3.27.2009

ဒေါ်စု ပြန်လွတ်ရင် ဘာဖြစ်မလဲ

E-mail Print
လွန်ခဲ့သောနှစ်မှစ၍ မြန်မာနိုင်ငံ၏ အတိုက်အခံ ခေါင်းဆောင် ငြိမ်းချမ်းရေး နိုဘဲလ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် မကြာမီ ပြန်လည် လွတ်မြောက် လာမည်ဟု ထင်ကြေးပေးကြသည့် ကောလာ ဟလများ တလျှောက်လုံး ထွက်ပေါ်နေခဲ့သည်။

မြန်မာစစ်အစိုးရက ဒေါ်စုကို ချုပ်နှောင်ထားခြင်းမှာ တရားမ၀င်ဟု အနောက်တိုင်း အစိုးရတချို့နှင့် နိုင်ငံတကာရောက် တက်ကြွ လှုပ်ရှားသူ မြန်မာများက စွပ်စွဲနေကြပြီး ဒေါ်စုလွတ်မြောက်ရေး ဖိအားပေး လှုပ်ရှားမှုများကိုလည်း တိုးတက် လုပ် ဆောင်နေကြသည်။

ရန်ကုန်နှင့် ဘန်ကောက်ရှိ သံတမန်အသိုင်းအ၀န်းက ယခုနှစ် မေလတွင် ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက် လာလိမ့်မည်ဟုပင် ပြောဆိုနေခဲ့ကြသည်။ ယခုနှစ်မေလဆိုလျှင် ဒေါ်အောင်ဆန်းစုကြည်ကို အိမ်အကျယ်ချုပ်ချခဲ့သည်မှာ ၆ နှစ်တင်းတင်း ပြည့်ခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း တချို့သော ဝေဖန်သုံးသပ်သူများက ယခုအချိန်တွင် ဒေါ်စုကို ပြန် လွှတ်ပေးခြင်းဖြင့် စစ်အစိုးရတွင် အကျိုးများဖွယ်မမြင်၊ သို့အတွက်ကြောင့် ၂၀၁၀ ရွေးကောက်ပွဲနောက်ပိုင်းတွင်မှ ပြန် လွှတ်ပေးနိုင်ဖွယ်ရှိသည်ဟု ဆိုကြပြန်သည်။

ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာနိုင်ငံ၊ ၁၉၇၅ ခုနှစ် နိုင်ငံတော်လုံခြုံမှု ကာကွယ်ရေး ဥပဒေဖြင့် ထိန်းသိမ်းထားခြင်း ဖြစ် သည်။ ဤဥပဒေပြဌာန်းချက်အရဆိုလျှင် နိုင်ငံတော်အချုပ်အခြာ အာဏာတည်မြဲရေးနှင့် လုံခြုံရေးကို ခြိမ်းခြောက်သူများ၊ ပြည်သူအများ၏ ငြိမ်းချမ်းရေးကို နှောင့်ယှက်သူများကို ၅ နှစ်အထိ ထိန်းသိမ်းထားနိုင်သည်။

ဤဥပဒေအရဆိုလျှင် ဒေါ်စုက ၂၀၀၈ ခုနှစ်၊ မေလ ကတည်းက ပြန်လည်လွတ်မြောက်သင့်နေပြီ ဖြစ်သည်။ သူ့ကို ဆက်လက်ထိန်းသိမ်းထား ခြင်းအားဖြင့် စစ်အစိုးရက သူတို့၏ ဥပဒေကို သူတို့ကိုယ်တိုင် ချိုးဖောက်နေသည်ဟု စွပ်စွဲမှုများလည်း ရှိလာခဲ့သည်။

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် တောမတ်စ် အိုဟေး ကင်တာနာက လွန်ခဲ့သည့်လက သူ မြန်မာနိုင်ငံသို့ သွားရောက်စဉ်တွင် ဒေါ်စုကို ဆက်လက်ထိန်းသိမ်းထားခြင်း ကိစ္စအပေါ် အစိုးရအာဏာပိုင်များထံ မေးခွန်းထုတ်ခဲ့သေးသည်။ မြန်မာနိုင်ငံ တရားသူကြီးချုပ်က ယခုထိန်းသိမ်းချုပ်နှောင် ထားခြင်းသည် စီမံခန့်ခွဲမှုအာဏာနှင့် လုပ်ဆောင်ထားခြင်းကြောင့် ဥပဒေကြောင်းအရ အမှုကို ဗဟိုတရားရုံးချုပ်သို့ မတင်နိုင်ကြောင်းလည်း ကင်တာနာကို ပြန်လည် ဖြေကြားခဲ့သည်။

အစိုးရအရာရှိများကိုယ်နှိုက်ကပင် ဒေါ်စုကို “ဥပဒေကြောင်းအရ တ၀က်တပျက် လျော်ညီသည့်” အနေအထားတွင် ချုပ်နှောင်ထားခြင်းဖြစ်သည်ဟု ပြောဆိုနေကြပြီး နိုင်ငံတကာဥပဒေကျွမ်းကျင်သူများကလည်း ဤသည်မှာ မည်သို့ဆိုလို အဓိပ္ပာယ်ရကြောင်း စောကြော မေးခွန်းထုတ်နေကြသည်။

မြန်မာနိုင်ငံတွင် ဥပဒေနည်းကျ အုပ်ချုပ်သည့် စနစ်မရှိသည့်အတွက်ကြောင့်လည်း စစ်အစိုးရကိုယ်နှိုက်က လေးစားစောင့် ထိန်းမှု မရှိသည့်ဥပဒေကို သူကိုယ်တိုင် လိုက်နာ၍ လွှတ်ပေးပါမည်ဟု ယုံကြည်နေလျှင် ထုံအနေ၍သာ ဖြစ်တော့မည်။ ဒေါ်စုလွတ်မြောက်ရေး တောင်းဆိုချက်များကို စစ်အစိုးရက လိုက်လျောနားထောင်ကာ လွှတ်ပေးမည်ဟု တွေးလျှင် ပို၍ ဝေးပါလိမ့်မည်။

မည်သို့ပင် ဖြစ်စေ ဤကောလာဟလများကြောင့် ဖြစ်လာရသည့် အရေးကြီးသော မေးခွန်းမှာ ဒေါ်အောင်ဆန်းစုကြည် မကြာမီ လွတ်မြောက်လာလေမည်လော ဟူ၍သာ ဖြစ်သည်။

မေး။ ။ တကယ်လို့ ဒီနှစ် မေလမှာ ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာမယ်ဆိုရင် ဘယ်လိုဖြစ်လာနိုင်မလဲ။

ဖြေ။ ။ မြန်မာပြည်သူတွေ အလွန်ဝမ်းမြောက်ပါလိမ့်မယ်။ စစ်အစိုးရကိုလည်း လူတွေက ကျေးဇူးတင် သာဓုခေါ် ကြပါလိမ့်မယ်။ သူ့ကိုဝေဖန်နေတဲ့သူတွေကတောင် အသိအမှတ်ပြုတုံ့ပြန်တာမျိုး ရနိုင်ပါတယ်။ အထူးသဖြင့်တော့ အမေရိ ကန်နိုင်ငံနဲ့ နိုင်ငံတကာမိသားစုဆီကပါပဲ။

မေလမှာ ဒေါ်စု ပြန်လွတ်လာဖို့ဆိုတာ စိတ်ကူးယဉ်တာမျိုးပဲ ဖြစ်နိုင်ပါတယ်။ တကယ်လို့ လွတ်လာရင်တော့ ဗိုလ်ချုပ်မှူး ကြီးက သူ့ကို "လမ်းပြမြေပုံ" လုပ်ငန်းစဉ်မှာ ပါဝင်စေချင်လို့ သာဖြစ်ပါလိမ့်မယ်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကို ရွေးကောက်ပွဲ ၀င်စေချင်လို့ ဆိုတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

အကယ်၍ သူက ၂၀၁၀ ရွေးကောက်ပွဲပြီး နောက်ပိုင်းမှ လွတ်လာမယ်ဆိုရင်တော့ လက်ရှိ စစ်အစိုးရက ဒီကိစ္စကို နောက် အစိုးရလက်ထဲ လွှဲပေးချင်လို့ ဖြစ်ပါလိမ့်မယ်။ ဒါနဲ့ စစ်အစိုးရ ဘာကြောင့် ဒေါ်စုနဲ့ NLD ကို ရွေးကောက်ပွဲ ၀င်စေချင်ရမှာ လဲ။ စဉ်းစားဖို့ လိုပါတယ်။ အခုပွဲက ဗိုလ်ချုပ်သန်းရွှေရဲ့ ရွေးကောက်ပွဲပါ။ သူ့အလိုကျ မဲလိမ်ညစ်ပတ်တာတွေ ဖြစ်လာနိုင်ပါတယ်။

ဖြစ်နိုင်တာက သူပြန်လွတ်လာပြီးတဲ့နောက်ပိုင်းမှာတော့ အမျိုးသမီးတွေ၊ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေ အပါအ၀င် နိုင်ငံ ရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် သူက ဆက်လက် တောင်းဆိုပါလိမ့်မယ်။

သူ့ကို ပြန်လွှတ်ပြီးတဲ့နောက်ပိုင်းမှာတောင်မှ ကျနော်တို့ ထပ်တွေ့ကြရမယ့် လက်တွေ့ပြဿနာက ဒေါ်စု ပြန်ပြီးတော့လည်း အဖမ်းခံရနိုင်ပါသေးတယ်။ နောက်ထပ် ၆ နှစ်ကြာ အိမ်အကျယ်ချုပ် ပြန်ချထားတာမျိုးလည်း ကြုံနိုင်ပါသေးတယ်။

ပိုဆိုးတဲ့ အနေအထား မျှော်လင့်ထားနိုင်တာက ဒေါ်စုကိုယ်တိုင် ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက် တိုက်ခိုက်မှုတွေနဲ့ ကြုံရနိုင် တာပါပဲ။ အခု သူအဖမ်းမခံရခင် ၂၀၀၃ ခုနှစ်ကလည်း ဖြစ်ခဲ့ပြီးပါပြီ။ စစ်အစိုးရ လိုလားတဲ့ လူအုပ်စုတွေက သူ့ကားတန်း ကို ဒီပဲယင်းမှာ တိုက်ခိုက်ခဲ့ကြပါတယ်။ တချို့ လေ့လာသူတွေနဲ့ သံအမတ်တွေ ထင်ကြတာက ပြန်လွတ်လာရင်တောင် ရန်ကုန်မြို့ထဲ လောက်ပဲ သွားလာခွင့် ကန့်သတ်ထားတာမျိုးလည်း ကြုံရနိုင်ပါသေးတယ်။

မေး။ ။ တချို့မြန်မာ့အရေး လေ့လာသူတွေ ပြောကြတာက သူ့ကို NLD ပါတီကနေ ခဏနားသင့်တယ်လို့ ဆိုကြပါ တယ်။ အဲသည်အစား သူက နိုင်ငံရဲ့ခေါင်းဆောင်တဦးအနေနဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် စစ်အစိုးရနဲ့ အတူ ပူးပေါင်းလုပ်ဆောင်ဖို့ အင်အား ပိုသုံးသင့်တယ်လို့ ဆိုနေပါတယ်။

ဖြေ။ ။ ကုလသမဂ္ဂအထူးသံ မစ္စတာ အီဗရာဟင် ဂန်ဘာရီကတဆင့် ဒေါ်စုထုတ်ပြန်ခဲ့တဲ့ ၂၀၀၇၊ နိုဝင်ဘာလ ကြေညာ ချက်ကို ကြည့်ရင်၊ ဒီမေးခွန်းအတွက် အကောင်းဆုံး အဖြေပေးထားတယ်လို့ ဆိုနိုင်ပါတယ်။ သူပြောတာက ဒီမို ကရေစီ နိုင်ငံ (လူမှုအဖွဲ့အစည်း) တွေမှာ နိုင်ငံရေးပါတီတွေရဲ့ အခန်းကဏ္ဍကို ကောင်းကောင်းသိထားတယ်။ သူ့ပါတီက လူတွေရဲ့ စွန့်လွှတ် အနစ်နာခံမှုတွေကိုလည်း လေးလေးနက်နက် ကျေးဇူးတင်တယ်။ သူက ဒီပါတီရဲ့ အထွေထွေအတွင်း ရေးမှူးတဦး လည်းဖြစ်တဲ့အတွက်ကြောင့် ဒီပါတီဝင်တွေရဲ့ ဆန္ဒလိုလားမှုတွေ၊ ချမှတ်ထားတဲ့ မူဝါဒတွေက သူ့ကို ဦးဆောင် လမ်းညွှန်နေတယ် လို့ ဆိုပါတယ်။

ဒါပေမယ့်လည်း အခုအချိန်က ဒီမိုကရေစီရေးအတွက် သွေးစည်းကြရတော့မယ့် အချိန်၊ သူ့တာဝန်ကလည်း မတူကွဲပြားတဲ့ နိုင်ငံရေးအင်အားစုတွေ၊ အုပ်စုတွေ အသီးသီးရဲ့ အကျိုးစီးပွားတွေ၊ ထင်မြင်ချက်တွေကို တစိုက်မတ်မတ်နဲ့ လေးလေး နက်နက် ထည့်သွင်းစဉ်းစား ရတော့မယ့်ကာလဖြစ်တယ်။ အထူးသဖြင့် တိုင်းရင်းသား လူမျိုးစုတွေရဲ့ ကိစ္စကိုလည်း ထည့်သွင်းစဉ်းစားရမယ့်အချိန် လို့ သူကပြောခဲ့ပါတယ်။

ဒေါ်စုအနေနဲ့ သူ့ပါတီကနေ ခဏနားသင့်သလားဆိုတဲ့ အကြံပေးချက်တွေကတော့ တနိုင်ငံလုံးက လုံးဝဆန့်ကျင်ကြမှာပါ ပဲ။ ဒါပေမယ့် သူဖော်ပြခဲ့တာကတော့ အကယ်၍ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက်၊ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ဖြစ် ထွန်းတိုးတက်စေရေးအတွက် လေးနက်စဉ်းစားဖွယ်ရှိတဲ့၊ အပြုသဘောဆောင်တဲ့ အကြံပြုချက်တွေရှိ လာရင်တော့ လေး လေးနက်နက် ထည့်သွင်းစဉ်းစားမယ်ဆိုတာ ဖော်ပြခဲ့ပါတယ်။ ဒေါ်စုမရှိရင် NLD ပါတီဆိုတာ အသက်မဲ့သွားမှာပါပဲ။ သူ့ ဘက်ကရော၊ ပါတီဘက်ကပါ အပြန်အလှန် လိုအပ်နေကြပါတယ်။

မေး။ ။ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ဒေါ်စုရပ်တည်ချက်က ဘယ်လိုရှိမလဲ။

ဖြေ။ ။ အကယ်၍ NLD ပါတီရဲ့ ထုတ်ပြန်ကြေညာချက်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ စဉ်းစားချက်ကို ထင်ဟပ်နေမယ်လို့ ယူဆရင်တော့ (ဒါပေမယ့် သူဘယ်လို စဉ်းစားနေတယ်ဆိုတာ ဘယ်သူမှ မသိပါဘူး) သူက စစ်အစိုးရရေးထားတဲ့ ဖွဲ့စည်းပုံကို သဘောတူမှာ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း NLD ပါတီက ဖွဲ့စည်းပုံ ပြန်လည်သုံးသပ်ဖို့ တောင်းဆိုထားပါတယ်။ ဒါကပါတီရဲ့ ပျော့ပြောင်းညင်သာမှုကို ပြတာပါ။

မေး။ ။ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုနဲ့ ပတ်သက်ရင် ဘယ်လိုသဘောထားနိုင်မလဲ။ အနောက်နိုင်ငံတွေက ချမှတ်ထားတဲ့ ပိတ်ဆို့ဒဏ်ခတ်ရေးမူတွေကို သူ့အနေနဲ့ အနည်းအကျဉ်း သြဇာသက်ရောက်နိုင်မယ် ထင်ပါသလား။

ဖြေ။ ။ ဒီမေးခွန်းအတွက် အဖြေကတော့ ဖေဖေါ်ဝါရီလက ထုတ်ပြန်ခဲ့တဲ့ NLD ပါတီရဲ့ အထူးထုတ်ပြန်ကြေညာချက်ကို ဖတ်ဖို့ လိုပါတယ်။ NLD က ပြောတာက ဒေါ်စုက ကြားခံဆက်သွယ်ရေးအရာရှိ ဦးအောင်ကြည်ကတဆင့် အချိန်မရွေး ပူးပေါင်းဆောင်ရွက်မယ်ဆိုတာ အာဏာပိုင်တွေကို ပြောထားတယ် ဆိုပါတယ်။ “ထိပ်တိုက်ရင်ဆိုင်ရေး။ အလုံးစုံပျက်သုဉ်း ရေး၊ စီးပွားရေးပိတ်ဆို့မှုနဲ့ ပိတ်ပင်မှု” တွေ ရှောင်လွှဲနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ပါမယ်လို့ ပြောထားပြီးသားပါ။ စစ် အစိုးရက ဒီအချက်တွေကို ဒေါ်စုကလုပ်တယ်ဆိုပြီး စွပ်စွဲထားပါတယ်။

“သို့ဖြစ်ပါ၍ ယင်းကိစ္စရပ်များကို အဆုံးအဖြတ်ပေး နိုင်ကြမည့် ပုဂ္ဂိုလ်ကြီးနှစ်ဦးတို့သည် လက်တွေ့ကျကျ မလွှဲမသွေ တွေ့ဆုံဆွေးနွေးကြပါရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က စိတ်စေတနာကောင်းမွန်စွာဖြင့် တိုက်တွန်းကြောင်း ထပ်မံ၍ အလေးအနက် ကြေညာလိုက်ပါသည်” လို့ ပါတီ ကြေညာချက်က ဆိုထားပါတယ်။

ဒေါ်စုနဲ့ အစိုးရရဲ့ ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်ကလည်း သူတို့ တွေ့ဆုံဆွေးနွေးပွဲမှာ စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှု ကိစ္စတွေ ဆွေးနွေးခဲ့ကြပါတယ်။ ဒေါ်စုနဲ့ စစ်အစိုးရခေါင်းဆောင်များ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုနဲ့ ပတ်သက်လို့ ပူးတွဲ ကြေညာချက်ထုတ်ဖို့ အကြံပေးတာလည်း ရှိပါတယ်။ ဒါပေမယ့် တချို့သူတွေပြောတာက ဗိုလ်ချုပ်မှူးကြီးသန်းရွှေက သဘောတူချင်မှ တူပါလိမ့်မယ်။

နှစ်ဘက်စလုံးမှာ သံသယနဲ့ မယုံကြည်တာတွေ အကြီးအကျယ် ရှိနေကြပါတယ်။ ဒါကြောင့် တချို့က ယုံကြည်မှု တည် ဆောက်ပေးတဲ့ အစီအစဉ်တွေ အဆင့်မြင့်ခေါင်းဆောင်ပိုင်းမှာ မနှေးအမြန် ပြန်လည်စတင်ဖို့ လိုအပ်တယ်လို့ ဆိုကြ ပါတယ်။ ဒါပေမယ့် ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ ကျနော်တို့ကတော့ အကြံမပြုလိုပါဘူး။ ကုလသမဂ္ဂနဲ့ သူ့တို့ရဲ့ ဘာမှ မသိ နားမလည်တဲ့ အထူးသံကြီးက ခဏနေ ဒီလှည့်ကွက်ထဲ ခုန်ဆင်းပြီးတော့ “ယုံကြည်မှုတည်ဆောက်ရေး” စီမံချက်လုပ်ပြီး လှည့်ရောင်းစားနေပါဦးမယ်။

မေး။ ။ ဒေါ်စု မြန်မာနိုင်ငံက ထွက်သွားသင့်သလား။

ဖြေ။ ။ ဒီလိုဆိုရင် စစ်အစိုးရက သိပ်ပျော်ပါလိမ့်မယ်။ ဒေါ်စုကို လေယာဉ်လက်မှတ်တောင် ၀ယ်ပေးလိုက်ပါဦးမယ်။ ဒါပေမယ့် တလမ်းသွား၊ ပြန်လမ်းမရှိတဲ့ လက်မှတ်မျိုးပေါ့။

သူက နိုင်ငံတကာမှာတော့ အတော်ရေပန်းစား နာမည်ကြီးပါလိမ့်မယ်။ ဒါပေမယ့် သူက ဘုန်းတော်ကြီးဒလိုင်းလားမားလို မျိုးတော့ မဟုတ်ပါဘူး။

သူနာမည်ကြီးတာက ဘယ်လောက်ကြာကြာ ခံမှာလဲ။ စစ်အစိုးရကို အကောင်းပြောနေတဲ့သူတွေ၊ ထောက်ခံတဲ့သူတွေ၊ စစ်အစိုးရဘက်လိုက်ကြမယ့် အစိုးရတွေက ဒေါ်စုကို သေးသိမ်အောင် လုပ်ကြပါလိမ့်မယ်။ သူလုပ်ချင်တဲ့ကိစ္စတွေ မအောင် မြင်နိုင်အောင်လည်း ခြေထိုးဖျက်ဆီးကြပါလိမ့်မယ်။ အာရှတိုက်ကိုတောင် ပြန်လာဖို့ မဖြစ်နိုင်တဲ့ အခြေ အနေဖြစ်သွားနိုင်ပါ တယ်။ ဂျပန်ကိုတောင် လာဖို့ မဖြစ်နိုင်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ အနောက်နိုင်ငံတွေမှာတော့ သူသြဇာအရှိန်အ၀ါကြီး မှာ သေချာပါတယ်။

စစ်အစိုးရကို အကောင်းပြောနေသူတွေ၊ မူဝါဒချမှတ်သူတွေနဲ့ စစ်အစိုးရကို လိုလားတဲ့ တချို့ပညာရှင်တွေက ဒေါ်စုကိုယ်နှိုက်က ပြဿနာရဲ့ အစိတ်အပိုင်းတခုဖြစ်နေပြီလို့ ပြောနေကြပါတယ်။ ဒီလိုဝါဒဖြန့်ချိမှုတွေက အချိန်တခုမှာ ဖြစ်နေနိုင်ပါတယ်။ အဲသည်တော့ ချုပ်ပြောရရင် ဒေါ်စုက မြန်မာပြည်မှာပဲနေပြီး ပြည်တွင်းထဲကပဲ လုပ်သင့်ပါတယ်။

မေး။ ။ မြန်မာလူထုတွေအနေနဲ့ ဒေါ်စုကို ဒီအတိုင်း ဆက်လက်ထောက်ခံနေကြမှာလား။

ဖြေ။ ။ သူ့ဖခင် ဗိုလ်ချုပ်အောင်ဆန်းလိုပဲ ငြိမ်းချမ်းရေးနိုဘဲလ် ဆုရှင်က မြန်မာပြည်သူတွေအတွက် မျှော်လင့်ချက် ဖြစ်နေ မှာပါ။ သူ့ကို ဆက်ပြီးလေးစားနေကြပါလိမ့်မယ်။ အတိုက်အခံတွေနဲ့ ဒီမိုကရေစီ လှုပ်ရှားနေကြသူတွေက သူပြန်လွတ်လာ ရင် တဖန်ပြန်ပြီး အားတက်လာကြပါလိမ့်မယ်။ ဒါကြောင့်လည်း သူ့ကို စစ်အစိုးရက ကြောက် နေရတာပါ။ အကျယ် ချုပ်ဆက်ပြီး ချုပ်နှောင်ထားတာပါ။

မေး။ ။ ဒေါ်စုလွတ်လာရင် သူ ဘာတွေပြောမှာလဲ။

ဖြေ။ ။ တချို့လေ့လာသူတွေ ပြောနေတာက သူရော၊ စစ်အစိုးရခေါင်းဆောင်တွေမှာပါ မူဝါဒတွေမှာ လက်တွေ့ကျကျ ကြည့်သင့်တယ်လို့ ဆိုကြပါတယ်။ သူတို့ပြောတာက တွေ့ဆုံဆွေးနွေးရေး၊ ဒီမိုကရေစီ ဆိုတာတွေ တောင်းဆိုနေတာထက် စာရင်၊ စီးပွားရေးအကြောင်း ပြောသင့်တယ်၊ နိုင်ငံရဲ့ လူမှုကပ်ဘေး ဒုက္ခအကြပ်အတည်းတွေအကြောင်း ပြောသင့်တယ်၊ ဆင်းရဲ မွဲတေမှုအကြောင်း ပြောသင့်တယ် လို့ ဆိုကြပါတယ်။ နောက်ပြီး ဒေါ်စုအခု စီးပွားရေးဒဏ်ခတ် ပိတ်ဆို့မှုကို ဘယ်လို စဉ်းစား နေတယ်ဆိုတာတွေလည်း ပြောသင့်တယ်လို့ သူတို့က အကြံပြုကြပါတယ်။

သူက အခုတခါ စာမျက်နှာသစ်ကို တကယ်ပြောင်းဖို့ အသင့်ဖြစ်နေပြီဆိုတာ ပြဖို့ လိုပါတယ်။ သူက အပေးအယူလုပ်ဖို့ အသင့်ရှိနေတယ်ဆိုတာ အရင်လိုပဲ မပြောင်းလဲကြောင်း ဆက်လက်ပြဖို့ လိုပါတယ်။ သူက တကယ်လက်တွေ့ကျကျ ကျင့်သုံးနိုင်တဲ့ နိုင်ငံရေးသမားကောင်းတဦးဆိုတာ ပြသဖို့ လိုပါတယ်။

သူက NLD ပါတီနဲ့ တနိုင်ငံလုံးက ထောက်ခံသူတွေကို ပြန်လို့ သက်ဝင်တက်ကြွလာစေနိုင်ပါတယ်။ သူက ပထမဦးဆုံး ပါတီက “အန်ကယ်ကြီး” တွေနဲ့၊ ပါတီဝါရင့်ခေါင်းဆောင်တွေ၊ လူငယ်တွေနဲ့ အရင်မျက်နှာစုံညီ ထိုင်ဖို့ လိုပါတယ်။ ပါတီကို ဘယ်လိုပြုပြင် ပြောင်းလဲကြမလဲ၊ ဘယ်လိုအားသစ်လောင်းကြမလဲ၊ NLD ပါတီကို သက်ဝင်လှုပ်ရှားအောင် ဘယ်လိုလုပ် ကြမလဲ ဆွေးနွေးကြရပါလိမ့်မယ်။

သူက စစ်တပ်က အရာရှိ၊ အရာခံ၊ ရဲဘော်တွေကို စကားပြောတဲ့အခါ သတိထားဖို့ လိုပါတယ်။ တချို့အရာရှိတွေက စစ် အစိုးရကို စိတ်ကုန်နေကြပါပြီ။ အပြောင်းအလဲကို မြင်ချင်နေကြပါတယ်။ သူတို့က ဒေါ်စုအပေါ်မှာ အပြောင်းအလဲအတွက် မျှော်လင့်ထားကြပါတယ်။

ဒါပေမယ့် စစ်တပ်ထဲမှာ သူ့ကို နာမည်ဖျက် အပုပ်ချနေတာတွေ ရှိနေနိုင်တာကိုလည်း သတိထားရပါလိမ့်မယ်။ စစ်တပ်အရာရှိ အများစုက သူ့ကို အဆိုးမြင်ကောင်း မြင်နေနိုင်ပါတယ်။ သူတို့ကို နည်းပရိယာယ်အရ ထောက်ခံမှုရလာအောင် ပြန်ကြိုးစား ဖို့ လိုနေပါတယ်။

မေး။ ။ NLD ပါတီက မစ္စတာဘန်ကီမွန်း မြန်မာနိုင်ငံကို မကြာခင်လာလည်မယ့် ကိစ္စကို ကြိုဆိုထားပါတယ်။ ဒါပေမယ့် စစ်အစိုးရက ဒီအစီအစဉ်အပေါ် နှုတ်ဆိတ်နေပါတယ်။ ဘာကြောင့်လို့ ထင်ပါသလဲ။

ဖြေ။ ။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ကုလသမဂ္ဂကို သိပ်နေရာမပေးချင်ပါဘူး။ ဒါပေမယ့် သူက ဒေါ်အောင်ဆန်းစုကြည် ကို မကြာခင်ပြန်လွှတ်ဖို့ စဉ်းစားကောင်း စဉ်းစားနိုင်ပါတယ်။ အကယ်၍ ကုလအကြီးအကဲကို မြန်မာနိုင်ငံထဲ လာခွင့်ပြု လိုက်ရင် မစ္စတာဘန်ကီမွန်းကိုယ်တိုင်က သူ့အိမ်စာ သူလုပ်ဖို့လိုပါတယ်။ ပြန်ထွက်သွားတဲ့အခါ သိသာထင်ရှားတဲ့ ရလဒ်တခုခု ကိုင်ပြီး ထွက်သွားတာမျိုး ဖြစ်အောင် ပြင်ဆင်ဖို့ လိုပါတယ်။ ဒါမှမဟုတ်ရင် သူကိုယ်တိုင်နဲ့ သူ့ခရီးစဉ်လည်း သိက္ခာကျစရာ၊ လူရယ်စရာ ဖြစ်ပါလိမ့်မယ်။

မေး။ ။ ဒေါ်စုအနေနဲ့ မြန်မာပြည် ပြင်ပက ဘယ်သူတွေကို အားကိုးနိုင်မလဲ။

ဖြေ။ ။ သူ့အနေနဲ့ တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံတွေနဲ့ ပတ်သက်လို့ လက်တွေ့ကျတဲ့ မူဝါဒတွေကို ထုတ်ဖော်ပြောဖို့ ပြင် ဆင်ထားသင့်ပါတယ်။ သူတို့က စစ်အစိုးရကို အဓိကပံ့ပိုးရပ်တည်ပေးနေသူတွေပါ။ ၀ါရှင်တန် (အမေရိကန်အစိုးရ) က တော့ အမြဲတမ်း သူ့နောက်က ရှိပါလိမ့်မယ်။ ဒါပေမယ့် တရုတ်နဲ့ အိန္ဒိယကို သူ့နောက်မှာ အပါခေါ်ဖို့ လိုအပ်ပါတယ်။ တရုတ်နိုင်ငံက လက်တွေ့ကျကျ ကျင့်သုံးတယ်ဆိုတာ၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ စစ်အစိုးရကို စိတ်ပျက်နေတယ် ဆိုတာကို သူက လျစ်လျူရှုမထားသင့်ပါဘူး။

ဒါကြောင့်မို့ ဒေါ်စုအနေနဲ့ မြန်မာနိုင်ငံရဲ့ အင်အားကြီးတဲ့ အိမ်နီးချင်းတွေ၊ အာဆီယံနိုင်ငံတွေကို ဖီလာဆန့်ကျင် မတိုက်သင့် ပါဘူး။ သူတို့က လက်တွေ့ကျကျချဉ်းကပ်သလို စီးပွားရေးအရ အကျိုးစီးပွားဖြစ်မှုအပေါ် မူတည်နေကြတာပါ။ အာဆီယံ အဖွဲ့ခေါင်းဆောင်တွေကတော့ ကြိုတင်ခန့်မှန်းရ ခက်ပါတယ်။ ဒါကြောင့်မို့ ဒေါ်စုက ပြောတဲ့စကားဟာ အနောက်နိုင်ငံတွေ ကို ပြောတဲ့စကားထက်စာရင်၊ သူတို့ကို ထိရောက်အောင် ပြောတာက ပိုအရေးကြီးပါတယ်။

သိထားသင့်တာက အာဆီယံခေါင်းဆောင်တချို့က စစ်အစိုးရကို မကြိုက်နှစ်သက်ကြသလို ဒေါ်စုကိုလည်း တခြား ရွေး ချယ်စရာ ခေါင်းဆောင်တဦးအနေနဲ့ မြင်လိုကြပါတယ်။ ဒါကြောင့် ဒေါ်စုက ဒီလိုဖြစ်နိုင်တယ်ဆိုတာ ပြဖို့ လိုပါတယ်။ သူက ဒီလို အသိအမှတ်ပြုထိုက်တဲ့ အင်အားတခုဆိုတာ ပေါ်လွင်လာအောင်လည်း ဆောင်ရွက်ဖို့ လိုနေပါတယ်။

အောင်ဇော်၏ Will Suu Kyi Be Soon Free? And What Then? ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။

3.24.2009

သူတို့အတွေး သူတို့အမြင်များ

သူတို့အတွေး သူတို့ အမြင်များသို့ ပေးပို့သော အမြင်များသည် ပေးပို့သူများ၏ အတွေးအမြင်များသာ ဖြစ်၍ ဤ ဘလော့၏ အာဘော် မဟုတ်ကြောင်း သိစေအပ်ပါသည်။ မည်သူမဆို မိမိတို့၏ အတွေးအမြင်များကို ရေးသား ပေးပို့ နိုင်ပါသည်။ ပုဂ္ဂိုလ်ရေး တိုက်ခိုက် ရေးသားမှုများမှ အပ ဘလော့တွင် ထည့်သွင်း ဖေါ်ပြသွားမည် ဖြစ်ပါသည်။

တန်ဖိုးကိုနားလည်ပါ(ပညာကျော်)


မြန်မာ့စကားပုံတွင် " အမိုက်ကစ ပြသာဒ်မီးလောင်" "ပျားရည်တစ်စက် ပြည်ကိုဖျက်" ဟူ၍ ရှိပါသည်။ အမိုက်က စ ပြသာဒ် မီးလောင်ဆိုသည်မှာ နားလည်လွယ်သော စကားပုံဖြစ်သော်လည်း ပျားရည်တစ်စက် ပြည်ကိုဖျက် စကားပုံ ကို နားမလည်သူ များပါသည်။ ဤစကားပုံမှာ တကောင်း ရာဇဝင်လာ စကားပုံလည်း ဖြစ်ပါသည်။
ရှေးအခါက တိုင်းပြည်တစ်ပြည်တွင် ဆင်းရဲသား တစ်ယောက်သည် ပျားဖွတ် (ပျားရည်ညစ်/ခံ)သော အလုပ်ဖြင့် အသက်မွေး ဝမ်းကျောင်းမှုကို လုပ်ကိုင်နေပါသည်။ တနေ့သော် ပျားဖွတ်သမားသည် တောမှရလာသော ပျားရည်ကို မြို့တွင်း၌ လည်ရောင်း ရင်းမြို့လယ်တွင် ပျားရည်တစ်စက် ကျကျန်ခဲ့ပါသည်။
ပျားရည်တို့သည် ရနံ့ မွေးကြိုင် သင်းပျံ့လှိုင်သော သတ္တိရှိလေရာ ပျားရည်ရနံ့ကြောင့် ပိုးဖလံတစ်ကောင် ရောက်လာပြီး ပျားရည်ကို စုပ်ယူလေသည်။ ပိုးဖလံအား အနီးအနားရှိ အိမ်တစ်အိမ်မှ ကြောင်တစ်ကောင်က မြင်ပြီး လာရောက်ဖမ်းလေ၏။ ထိုကြောင်ကို အနီးရှိ ခွေးတစ်ကောင်က မြင်ပြီး လိုက်ကိုက်လေရာ ကြောင်မှာ သေဆုံးသွားလေသည်။ ကြောင်ကိုကိုက်သော ခွေးအား ကြောင်ပိုင်ရှင်မှ ရိုတ်လေရာက စပြီး ခွေးပိုင်ရှင်နှင့် ကြောင်ပိုင်ရှင်တို့ အချင်းများ ခိုက်ရန်ဖြစ်ကြရာ ခွေးပိုင်ရှင်ဘက်က ဆွေမျိုးများ၊ ကြောင်ပိုင်ရှင်ဘက်က ဆွေမျိုး များ စသည်ဖြင့် ဝိုင်းအုံ ပူးပေါင်း ပါဝင်လာကြရာ၊ သူ့ဘက် ကိုယ့်ဘက် ပူးပေါင်းရင်း တမြို့ လုံးမှ တစ်နိုင်ငံလုံးသို့ ပျံ့ကာ နောက်ဆုံးတွင် ပြည်ပါပျက်ရလေသည်။ ဤသည်ကို အကြောင်းပြု၍ "ပျားရည်တစ်စက် ပြည်ကိုဖျက်" စကားပုံ ဖြစ်ပေါ် လာသည်ဟု သိမှတ်ဖူးပါသည်။
ယခုတလော နှစ်လအတွင်းတွင် မီဒီများ အင်တာနက်များတွင် ပလူပျံ ကြားနေရသည့် သတင်း၊ အီးမေးကို ဖွင့်လိုက်သည်နှင့် တနေ့တွင် ဆယ်စောင်ထက် မနည်းတွေ့  နေရသည်က "ရိုဟင်ဂျာ" အကြောင်းအရာများ ဖြစ်ပါသည်။ အစကတော့ သာမန်အားဖြင့် သာတွေ့ လာရ သော်လည်း ယခုတွေ့ လာရ သည်မှာ ရခိုင်၊ ဗမာ၊ မွန်၊ ရှမ်း၊ လားဟူ၊ ပလောင်၊ ချင်းများပါ ပါဝင်လာပြီး တစ်ဦးကို တစ်ဦး ရန်မူဆဲဆို ရေးသားသည့် စာများကိုပါ ဖတ်လာရပါသည်။
ထို့အပြင် ဘာသာရေးဆိုင်ရာ အဟုတ်၊ မဟုတ်ရေးသား ကြံစည်မှုမျိုး တို့ပါ ပါဝင်လာနေရာ ပြဿနာက တနေ့တခြား ကြီးထွားလာသည်ဟု ဆိုရတော့မည်သာ ဖြစ်ပါသည်။ ဤသို့ ရေးသား ပြောဆိုနေကြသူများကို ပြန်လည်လေ့လာသော် မြန်မာ့နိုင်ငံရေး အင်အားစုများသာ ဖြစ်နေကြသည်ကိုလည်း တွေ့ ရပါမည်။ အချိန် ကာလ အားဖြင့် ယနေ့ အချိန်သည် ကား အားအင် အပြည့်ဖြင့် တိုင်းရင်းသား ပေါင်းစုံ ပူးပေါင်းကာ (၂၀၁၀)ကို ဦးတည်ရမည့် အချိန်တွင် တစ်ဦးနဲ့ တစ်ဦး တစ်ဖွဲ့ နှင့် တစ်ဖွဲ့ သွေးကွဲစေသည့် ပြောဆို ရေးသားမှုမျိုးကိုကား ရှောင်ရှားသင့်သည်ဟုသာ မြင်ပါသည်။ လူသားအချင်းချင်း စာနာသနား တတ်ကြသည်မှာ လူ့သဘဝ အလှအပသာလျှင် ဖြစ်ပါသည်။
ရိုဟင်ဂျာဘဲဖြစ် ဘာဘဲဖြစ်ဖြစ် လူသားဟူသည် လူသားသာလျှင် ဖြစ်ပါသည်။ လူ့ အခွင့်အရေး ကမ္ဘာကို လွှမ်းမိုးနိုင်လေ ကောင်းလေပါဘဲ။ သို့သော်လည်း ယနေ့သည် မြန်မာနိုင်ငံ၏ အာဏာရှင်မှာ နအဖသာ ဖြစ်ပါသည်။ ထို့ကြောင့် ရိုဟင်ဂျာ ဟုတ်မဟုတ် သတ်မှတ် ညှိနိုင်းပေးနိုင်သည်မှာ နအဖသာ ဖြစ်လိမ့်မည်ဟု ကျနော်ထင်ပါသည်။
မိမိတို့ အနေဖြင့် ထိုပြဿနာကို ဖြေရှင်းလိုပါလျှင် ပထမဦးစွာ" နိုင်ငံအာဏာ" ရရှိနိုင်ရေးကို ကြိုးပမ်းပါ။ အာဏာရရှိပါမှ ဤပြဿနာကို မိမိတို့ ညှိနှိုင်း အဖြေရှာနိုင်ပါမည်။ ဒီတော့ မိမိတို့ အနေဖြင့် ဘာမှ မလုပ် ပေးနိုင်သော၊ လုပ်မရနိုင်သော လူအချင်းချင်း တစ်ဦးနဲ့ တစ်ဦး ပြောဆိုရေးသားရန်စောင် ဆဲဆိုနေခြင်း သည်ကား အဘယ်မှာ အကျိုး ဖြစ်စေ ပါမည်နည်း။
ဒီတော့ စာရေးသူတို့ သတိပြုရမည်မှာ နုတ်ခမ်းပဲ့ အချင်းချင်း မီးမုတ်နေခြင်းလား ခုတ်ရာနှင့်ရှရာ တစ်ထပ်တည်း ကျနေပါသလား။ စဉ်းစားဖို့ လိုပါလိမ့်မည်။ စာရေးသူသည် သမိုင်းပညာရှင် တစ်ယောက် မဟုတ်သဖြင့် သမိုင်း ကိုတော့ မပြောလိုပါ လက်ရှိအခြေအနေတခု အပေါ်ကိုသာ အနည်းငယ် သုံးသပ်လိုပါသည်။
မြန်မာနိုင်ငံတွင် သမိုင်းစဉ်ဆက် လက်တွဲလာကြသည့် လူမျိုးများထဲတွင် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ဗမာ၊ ရှမ်းများနှင့် လူမျိုးနွယ်စုဝင် ခမီး၊ ပလောင်၊ ပအို့ စသည့် လူမျိုးစုများ များစွာ တွေ့ရ ပါမည်။ ရိုဟင်ဂျာကိုတော့ တွေ့ဖူးကြလိမ့်မည် မထင်ပါ။ နောက်ပြီး မြန်မာနိုင်ငံအတွင်းတွင် ယနေ့ ထက်တိုင် တရုတ်လူမျိုးများရှိပါသည်။ ရန်ကုန်၊ မန္တလေး၊ မော်လမြိုင် စသည်တို့  တွင် တရုတ်တန်းဆိုသည်မှာ ထင်ရှားစွာ ရှိပါလိမ့်မည်။ ထိုတရုတ်များသည် မြန်မာနိုင်ငံတွင် ယနေ့ အချိန်တွင် အမျိုးလေးဆက် မက ကြာမြင့်စွာ နေထိုင်ပြီးသော်လည်း သူတို့ကို မြန်မာအစိုးရမှ နိုင်ငံခြားသား မှတ်ပုံတင်ကိုသာ ကိုင်ဆောင်ခွင့် ပေးထားပြီး နိုင်ငံခြားသား အဖြစ်သာ သတ်မှတ်ထားပါသည်။ သို့သော်လည်း ထိုသူများသည် နိုင်ငံဝန်ထမ်းအဖြစ် အမှုထမ်းခွင့် ရှိသလို စီးပွားရေး လုပ်ပိုင်ခွင့်လည်း ရှိသည်။ ထို့အတူ မြန်မာနိုင်ငံ တစ်ဝှမ်းလုံးတွင် အစ္စလာန် ဘာသာဝင် မွတ်စလင်များ အများအပြား ရှိပါသည်။ မိတ္ထိလာ၊ လယ်ဝေးမြို့  များတွင် အစ္စလာန် တက္ကသိုလ်များပါ ရှိနေသေးသည်။ ထိုမွတ်စလင် လူမျိုးများကို စီးပွားရေး လုပ်ပိုင်ခွင့် မပြုဘဲ ပိတ်ပင် ထားခြင်း ရှိပါသလား။ နိုင်ငံခြားသား မြန်မာနိုင်ငံဖွား အဖြစ်ဖြင့် သတ်မှတ်ထားပြီး ဖြစ်သည် မဟုတ်ပါလား။ ဘင်္ဂလာဒေ့ရှ် နိုင်ငံတွင် ရခိုင်ရွာများ ရှိပါသည်။ ထိုရွာများမှ ရခိုင်များသည် မြန်မာနိုင်တွင် နိုင်ငံသားအဖြစ်ဖြင့် နေထိုင်ခွင့်ကို မရပါ။ နိုင်ငံဝန်ထမ်း အဖြစ်ဖြင့်လည်း တာဝန်ထမ်းဆောင်ခွင့် မရှိပါ။ ဘင်္ဂလာဖွား ရခိုင်များ ဖြစ်ခြင်းကြောင့် ဖြစ်သည်။ သို့ပါ၍ ရခိုင်ပြည်မှ မွတ်ဆလင်များကိုသာ ရိုဟင်ဂျာဟု သတ်မှတ်ပါသော် မြန်မာ တစ်နိုင်လုံးရှိ မွတ်စလင် များကိုကား မည်သို့ သတ်မှတ်ပါမည်နည်း။ နအဖကတော့ ပြောသည်မှာရှင်းပါသည် ဘင်္ဂါလီလူမျိုး အဖြစ်သာ လက်ခံသည်။
ဘာဘဲဖြစ်ဖြစ်ပါ တမြေတည်းနေသော လူသားများ အချင်းချင်း မေတ္တာတရားဖြင့် ကူညီစောင့်ရှောက်လို စိတ်ထားသည်မှာ ကောင်းမြတ်ပါပေသည်။ မြန်မာနွယ်ဖွား တိုင်းရင်းသား အချင်းချင်း ရန်ဖြစ်ပြိုကွဲရမည့် အဖြစ်မျိုးကိုတော့ မဖြစ်စေလို ပါ။ အမိုက်တို့ သည် တန်ဖိုးမရှိပါ။ ပြသာဒ်တို့ သည် အထွတ် အမြတ်ထားလေးစား ဂုဏ်ယူရမည့် အရာသာဖြစ်ပါသည်။ ထို့ ကြောင့် တန်ဖိုးမရှိသော အမိုက်ကစပြီး ပြသာဒ် မီးမလောင်စေရေး ကြိုတင်ကာကွယ် တားဆီးကြပါရန် မေတ္တာဖြင့် ရေးသား လိုက်၇ပါသည်။
စာရေးသူ၏ အမြင်ကို ရေးဖွဲ့ ခြင်းသာ ဖြစ်သည်။

ပညာကျော်

အမျိုးသား ပြန်လည်သင့်မြတ်ရေး အတွေးအမြင်များ(ဇော်မင်း)
Opinion

3.17.2009

မြန်မာမင်းများဇာတာနှင့်သန်းရွှေပျက်ကိန်(အပိုင်း-၂)


ဗိုလ်ချုပ်၏ မွေးဇာတာနှင့် သက်ရောက်တို့ ကို ကြည့်သော် အကုန်သုဉ်းနေသည်ကို လည်းတွေ့ ရပါမည်။ နက္ခတ်အလိုလည်း စန်းပြုတ် နေပါသည်။ သို့ သော်လည်း ဗိုလ်ချုပ် ကျဆုံးသည်မှာ သူ၏ ကံကုန် ကျဆုံးခြင်းသာ ဖြစ်ပါသည်။ ဗိုလ်ချုပ်အပေါ် မလိုလား မုန်းတီးသော ပြည်သူလည်းမရှိ ရဟန်းသံဃာတော်ကိုလည်း မသတ်ခဲ့ပါဘူး။ တကယ်တော့ လူတစ်ယောက်၏ ဇာတာဆိုသည်မှာ ထိုသူပြုလုပ်ခဲ့သော အတိတ်ကံနှင့် ယခု ပြုလုပ်နေသော ပစ္စုပ္ပန်ကံ များက အရေးကြီးနေပါသည်။
ထို့ကြောင့် ရှေးမင်းတို့ သည် မြို့ သက်၊ နန်းသက် ရှည်စေဖို့  ဟူးရားအတတ်၊ နက္ခတ်ပညာ၊ ဝေဒပညာ၊ ဆန်း ကျမ်း၊ ဂါထာများကိုအသုံးပြုပြီး ဆောင်ရွက်ခဲ့ကြသည်ကို တွေ့ကြရပါလိမ့်မည်။ မြို့ တည် နန်းတည်သာမကဘဲ သက္ကရာဇ်ကို သော်မှ အသစ်ပြုခဲ့ကြ ပုံများကိုပါ တွေ့ကြရပါသေးသည်။
မြို့ သစ်ကို တည်သည် ဆိုသည်မှာ " မြို့ ၏ ပျက်စီးဆုံးရူံးရမည့် အန္တရာယ်မှ လွတ်မြောက်စေရန်၊ မင်းဆက် အဓွန့် ရှည်တည်တံ့စေရန်၊ တိုင်းတစ်ပါးစစ်ဒဏ် အန္တရာယ်မှ လွတ်မြောက်စေရန် "ရည်ရွယ်တည်ထားရခြင်း ဖြစ်ကြောင်း ကိုတွေ့ ရပါသည်။ ဤအကြောင်းများကို အကျယ်လေ့လာလိုသော် "မြန်မာမင်းများ အရေးတော်ပုံ (ဟံသာဝတီမူ)၊ ထီးသုံးနန်းသုံး လက်ရိုးဗေဒင်ကျမ်း (ပီစောင်ကူး) စာမူတို့တွင် တွေ့ရှိနိုင်ပါသည်။
မြို့ သစ်တွင် ဘုရားပုထိုးများကိုပါ တည်ထားကြပြီးလျှင် ကျိန်စာများဖြင့် ကျိန်ဆိုခဲ့ကြပုံ များကိုလည်း တွေ့ရ ပါသေးသည်။ ကျိန်စာဆိုသည်မှာ မိဘုရားဖွားစော ကျောက်စာတွင်တွေ့ရသော ကုသိုလ်ကို အကြောင်းပြုပြီး ရွတ်ဆိုသော စာများ ဖြစ်ပါသည်။ တနည်းအားဖြင့် ဆိုသော် သစ္စာအဓိဌာန်ဟုလည်း ပြောဆိုနိုင်ပါသည်။
ခေတ်စကားနှင့်ပြောလျှင် နအဖတို့ သည်လည်း ခေသူများတော့မဟုတ်ပါ။ သမိုင်းကို ပြောင်းပြန်လှန်ပြီး နန်းသက်ရှည်ရေး ကိုသာ အလေးထားသည်ကို တွေ့ရမည်ဖြစ်သည်။ ဦးနေဝင်းသတိမပြုခဲ့သော "ဆင်း၊ ကျ၊ ပြုတ်၊ တက်"ဟူသော နန်းသုံး ဗေဒင်ဝါဒ ကို စွဲကိုင်ပြီး အာဏာတည်မြဲရေးကို အထောက်အကူ ဖြစ်စေမည့် နည်းလမ်းမှန်သမျှကို ရှာဖွေသည်။ ယတြာ၊မာတြာ၊ ဗေဒင်၊ နတ်ဂိုဏ်း၊ တစ်ခုမှ မလွတ်စေရ အကုန်သုံးပြီး နန်းသက်
ရှည်ရေး အတွက်သာ အာရုံစိုက်သည်။ ဒါကြောင့် ရှေးဗေဒင်ပညာရှိများ တွက်ဆခဲ့သော " ဦး၊ ဆင်၊ သက်၊ ထက်" ရန်ကုန်ပျက် ဆိုသည့် ကိန်းကို သတိထားပြီး မြို့ ရွာအသစ်ကို တည်သည်။ ဤရန်ကုန် ကျဆုံးကိန်းကို မန္တလေး မဟာသင်္ကြန်စာအဖွဲ့ မှ အကြံပေး ပညာရှိတစ်ဦးနှင့် ဆရာတော်ကြီး တပါးထံမှ ရရှိပါသည်။
ဦးဆင်သက်ထက် ဆိုသည်ကို အက္ခရာ ကိန်းတန်းဖွဲ့သော် (၁၃၆၇ ) ကို တွေ့ရမည်ဖြစ်ပါသည်။ ၁၃၆၇ -ကို ဇာတာဖွဲ့သော် နဝင်းပြုတ်ပြီး၊ စန်းပျက်သည်ကို တွေ့ ရမည်။ မဟာဘုတ် အလို ဆိတ်သုဉ်းနေပြီး သောကြာမှာ ရန်များနေသည်။ မြန်မာ့နန်းတွင်း အလိုအရ "ပူးမင်း လက်ထက်" ကျားဆင်ဖျက် ဆိုတာကိုလည်း ဗိုလ်ချုပ်များ ကြောက်ပုံရပါသည်။ ပူးမင်းဆိုသည်မှာ သောကြာသားကို ဆိုလိုသည်။ မြန်မာ့သမိုင်းတွင် သောကြာသားများ
လက်ထက်တိုင်း၌ ထီးသုဉ်းမြို့ သုဉ်းဖြင့် ကြုံခဲ့ရသည်ကို ဆိုလိုခြင်းဖြစ်ပါသည်။ ခုလည်း သန်းရွှေမှာ သောကြာသား ဖြစ်နေရာ ရန်ကုန်ကိုခွါ၍ နေပြည်တော်သို့ ရွှေ့ခြင်းဖြစ်သည်။ ၁၃၆၇-ခုသည် (၂) ကြွင်း နေပြန်ရာ တနင်္လာ (ကျား)ဂြိုလ်၊တနင်္လာ(ကျား) သက်ရောက် ဖြစ်နေပြီး ပုတိတွင် အချုပ်မိနေသည်။
မြို့ နံကို ကြည့်ပြန်ရာ ရန်ကုန်ဆိုသဖြင့် "သက်ရှိကားရင်း၊ သက်မဲ့မှာဖျား" ဆိုသဖြင့်" ရန်ကုန်"တွင် (ကုန်) အရ တနင်္လာသာ ဖြစ်နေပြန်သည်။ ရန်ကုန်ကို ပေါင်းပြန်သော် (ရန်+ကုန်) (၄+၂) ဖြစ်နေပြန်ရာ (၆-သောကြာ) ဖြစ်နေသဖြင့် ဗေဒင်အရ မစွန့်က မုချဖျက်မည်သာဟု ပြောရပါလိမ့်မည်။ အုပ်ချုပ်သူ သန်းရွှေ (သောကြာ)၊ ရန်ကုန်(သောကြာ)၊ မှာတူညီနေပြီး ရောက်ရှိ မြန်မာသက္ကရာဇ် (၁၃၆၇) ဖြစ်သဖြင့် ပေါင်းသော် (၁+၃+၆+၇)=၁၇ (၁+၇)=၈ ဖြစ်နေပြီး ခရာဇ်အလို ၂၀၀၆ ခုနှစ် ဆိုပြန်သဖြင့် သုညကို ပယ်(၂+၆) ဖြစ်နေပြန်ရာ "၈" ဖြစ်နေပြန်သည်။ ရှစ်သည် ထီးနန်း မြို့ရွာသုဉ်းကြောင်း ဖြစ်ယုံသာမက ရာဟုဂြိုဟ်ပါ ဖြစ်နေပြန်သည်။
ဒါကြောင့် ဗိုလ်ချုပ်များ ကြောက်ကာ (၂၀၀၅ -ခုနှစ် နိုဝင်ဘာ ၆ ရက်) မှစပြီး ရန်ကုန်မှ ခွာကြပါသည်။ (၂၀၀၆ ခုနှစ် မတ်လ(၂၇) ရက်)မှာ နေပြည်တော်ကို နာမည်ပေး ကင်ပွန်းတပ်ပြီး မြို့ သစ် ကြေငြာ တည်ထောင်ပါသည်။ ရန်ကုန်ကို ကြောက်ပြီး နေပြည်တော်ကို ပြောင်းပုံကို လေ့လာသော် (မတ်လ ၂၇ ရက် ၂၀၀၆ ) သည် မြန်မာသက္ကရာဇ် (၁၃၆၇-ခု တပေါင်းလ) ဖြစ်သည်ကို တွေ့ ရမည်။ ၁၃၆၇ -တွင် စနေသည် ရာဇဖြစ်နေပြီး သန်းရွှေ(သောကြာ)၏ အညွှန့် ဖြစ်သောကြောင့် (နေပြည်တော်) "စနေ"နံ မြို့ကို တည်ခြင်းဖြစ်ပါသည်။ တပ်မတော်နေ့တွင် ကင်ပွန်းတပ် အမည်မှည့် ခေါ်သည်မှာ" စစ်"စိုးမိုး အဓွန့်ရှည်ရေးအတွက် ဖြစ်သည်။
ဗိုလ်သန်းရွှေသည် (၁၉၃၃ ခုနှစ် ဖေဖေါ်ဝါရီလ-၂ ရက်သောကြာ) သားဖြစ်သည်။ ယခုရောက်ဆဲ သန်းရွှေ၏ ဇာတာနှင့် နေပြည်တော်၏ ဇာတာကို နိုင်းယှဉ်သော် စနေဂြိုလ် စိုးမိုးနေသည်ကို တွေ့ရမည်။ မြို့ဇာတာနှင့် မင်းဇာတာတွင်လည်း သက် ရောက်မှာ အင်္ဂါနှင့် ဗုဒ္ဓဟူး ဖြစ်နေပြန်သည်။
သန်းရွှေ၏ နန်းသက်မှာ (၁၇)နှစ် (၁+၇)=၈ ဖြစ်ပြန်သဖြင့် ရာဟုဖြစ်နေသည်။ မြို့ သက်က (၃)နှစ် ဆိုပြန်တော့ အပုတ်ထဲတွင် အပျက်ဝင်ပြန်သည်။ သန်းရွှေ၏ မူလဇာတာနှင့် ယခုဇာတာ၊ မြို့ ဇာတာကို နိုင်းယှဉ်သော် " စစ် "နံဖျက်ကာ အသက်သုဉ်း နေသည်ကို တွေ့ရမည်။
ထို့ကြောင့် သန်းရွှေက မွေးလလွန်လွန်ချင်း ကြောက်လန့် ကာ ဥပ္ပါတသိန္တိ စေတီတော်ကို အမြန်ဆုံး ထီးတင်ခြင်း ဖြစ်ပါသည်။ ဘုရားတွင် ဌာပနာအဖြစ် " ဈာနမုဒြာ ဗုဒ္ဓပဋိမာနှင့် ဆင်ခံ ရုပ်ပွားတော် ရွှေစင်ပဋိမာ နှစ်ဆူ"ဟု ဆိုသဖြင့်" ဆင် " ကိုဌာပနာအဖြစ်ဖြင့်သွင်းကာ ဗုဒ္ဓဟူး အပျက်ကို ဖေါ်ပြီး နန်းသက်ကို ဆက်ခြင်းဖြစ်သည်။ နောက်တခု အလို စစ်အာဏာ ထာဝရ တည်တံ့ရေးအတွက် ပြည်သူတစ်ရပ်လုံးကို ဆင်ကို ကိုးကွယ်စေပြီး စစ်အာဏာ လွမ်းမိုးကာ ကျွန်ပြုခြင်းလည်း ဖြစ်သည်။
ဥပ္ပါတ သန္တိ စေတီတော် ထီးတင်သည့်နေ့ တွင်လည်း သံဃာတော် (၅၈၃)ပါး (၅+၈+၃)=(၁+၆)=၇ ဖြစ်နေပြန်ရာ စနေအဖျက်ကို သံဃာဖြင့် လွှမ်းပြီး ချုပ်ကိုင်ခြင်း ဖြစ်သည်။ ထီးတင်သည့်နေ့မှာ (စနေနေ့ နံနက်-၇း၀၀) နာရီ အချိန်ဖြစ်၍ အင်္ဂဝိဇ္ဇာ ဗေဒင်အလို ကြည့်သော် ကြာသပတေး အခါဖြစ်နေသည်။ ဗုဒ္ဓါဘိသေက အနေကဇာတင်ပွဲကို "တနင်္လာနေ့"တွင် ပြုလုပ်ပြီး နံနက် ၉း၄၅ မှာ ပြီးစီးသည် ဖြစ်ခြင်း ကြောင့် စနေနေ့-တနင်္လာနေ့) တို့ ၏ အခါအရ အင်္ဂဝိဇ္ဇာပညာအလို "အင်တူ လက်မျှ နဂိုပ"ဆို သည့် ကိန်းတွင် ကျရောက်နေ သဖြင့် လုပ်သမျှ အလုပ် အကြံအစည်များ မအောင်မြင် ဖျက်စီးသည်ဟု ဆိုသည်။ ထို့ကြောင့် ဗိုလ်ချုပ်များမှာ လုပ်သော်လည်း မအောင်ရာ။
ဗုဒ္ဓါဘိသေက အနေက ဇာတင်ပွဲတွင် သံဃာတော် "၁၀၈၀" ပါးဖြင့် နဝင်းချေထားသည် ကိုတွေ့ရ သော်လည်း နေ့ ရက်နှင့် အချိန်တို့၏ အဖျက်ကိုကား မအောင်နိုင်သလို ဘုရားတွင် " ဆင်" ကို ဌာပနာ လိုက်သည်မှာ ဗုဒ္ဓဟူး သက်ရောက်နှင့် စနေဂြိုဟ်ကို ရာဟုပါ အလောက် ပေးသဖြင့် ဤလမှစ "လေးလ"အတွင်းတွင် သန်းရွှေကျဆုံးမည်။ စစ်တပ်တွင်း ပုန်ကန်မှု ပေါ်မည်။ မြန်မာနိုင်ငံ တောင်ပိုင်းဒေသများတွင် ရေဘေးကြုံရမည်။ မီးဘေး ကြုံရမည်။
ပညာကျော်

2.28.2009

ဒေါ်အောင်ဆန်းစုကြည် တပေါင်းလပြည့် လွတ်မည်

(မြန်မာ့နိုင်ငံရေး ဟောစာတန်း)
ပညာကျော် /၂၆ ဖေဖော်ဝါရီ ၂၀၀၉

လူတဦးတယောက်၏ ကံအနိမ့်အမြင့်သည် ကုသိုလ်၊ အကုသိုလ်နှင့် ဆိုင်သလို ထိုကုသိုလ်နှင့် အကုသိုလ်ကိုလည်း ဇာတာ (ကံ) က ပြုလုပ် ပေးတတ်ပါသည်။ လောကသဘောအရလည်း မြဲသောတရား သဘော တို့သည်ကား မရှိကြကုန်ရာသာ ဖြစ်သည်။

မြန်မာစစ်အာဏာရှင်တို့ကလည်း ထာဝရကိုသာ ယုံကြည်ကာ အာဏာ တည်မြဲရေးအတွက် ကြိုးစားနေကြရာ တပေါင်းလပြည့်နေ့မှာ အကျဉ်းသား လွတ်မည်ဟု ကျွန်ုပ်ပြောတော့ ကျွန်ုပ်ကို ရူးများနေပြီလားဟု လူတွေက ပြောကြသည်။

ပြောမည်ဆိုလည်း ပြောကြမည်သာ။ ဗေဒင်ကို ပညာရှင်ဘွဲ့ တတ်ခြင်း မခံရသော ကျွန်ုပ်လို လူက ကမြောက်ကချောက် လျှောက်တွက်နေတော့ မယုံတာလည်း အကြောင်းတော့ မဟုတ်ပါ။ သို့သော်လည်း လွတ်မယ့်လွတ်တော့ အကျဉ်းသားတွေက ကြိုလွတ်လာတယ်။ အကျဉ်းသားလွတ်တော့လည်း ဝမ်းသာရတာ ပေါ့။ ဝမ်းသာသာနဲ့ ဟိုတွက်ဒီတွက် လျှောက်ချက်တွက်တာ ဒီတခါ ဒေါ်စု လွတ်ကိန်းကိုပါ တွေ့နေပြန်သည်။

ယခုနှစ် မြန်မာသက္ကရာဇ် ၁၃၇၀ ခုနှစ်သည် ထူးခြားသော နှစ်တခုဟုဆိုရပါမည်။ အထူးသဖြင့် အုပ်ချုပ်သူ အစိုးရကို ဒုက္ခပေးသော နှစ်လည်းဖြစ်သည်။

၁၃၇၀ ကိုတည် ခုနှစ် (၇) ဖြင့်စားလျှင်၊ (၅) ကြွင်းသည်။ မဟာဘုတ်ထူလျှင် တနင်္ဂနွေမရဏတွင် ကျနေသဖြင့် လူကြီး မင်းအစိုးရတို့ အပြောင်းအလဲရှိသည်။ မင်းအစိုးရကျဆုံးမည်။ မြန်မာစစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ သောကြာသားသည် ပုတိတွင်ရောက်နေခြင်းကြောင့် အောက်လူတို့၏ အတိုက်အခိုက် ခံရမည်။ မြန်မာ၏ ကံကြမ္မာသက်ရောက်မှာလည်း စနေသက်ရောက် ဖြစ်နေခြင်းကြောင့် ကိုးကွယ်ရာမရ ဖြစ်ရ မည်။

၁၃၇၀ ကို အကြေပေါင်းလျှင် (၂) ရသဖြင့် မဟာဘုတ်အလို သန်းရွှေအား အောက်လက်ငယ်သားများက တော်လှန်ပြီး အာဏာသိမ်းရန်လည်း ရှိနေပြန်သည်။

မြန်မာ၏ ဂြိုဟ်မှာလည်း တနင်္လာဂြိုဟ်၊ တနင်္လာသက်ရောက် ဖြစ်နေ၍ မိန်းမဂြိုလ် ဖြစ်သဖြင့် တနင်္လာ၊ သောကြာ၊ စနေ၊ ဗုဒ္ဓဟူးသား တို့၏ အာဏာလု အာဏာသိမ်းယူခြင်းကို ခံရတတ်သည်။

သန်းရွှေ၏ နန်းစံသက်မှာလည်း (၁၇) ဖြစ်နေပြန်၍ ဂြိုလ်မိန်းမ ဖြစ်သလို ရာဟုကြီးစိုးကာ မိန်းမကို ဦးစားပေး ကိုးကွယ်မှ အသက်ချမ်းသာရမည့် ကိန်းဆိုက်နေသည်။

ထိုအချက်ကိုသိသော သန်းရွှေတို့ကလည်း နန်းသက်ကိုဆက် အကျဉ်းလွှတ်ဆိုပြီး စနေနေ့၊ တနင်္လာ အချိန် ညနေ လေးနာရီမှ စတင်ပြီး အကျဉ်းသား (၆,၃၁၃) ဦးကို လွှတ်ပေးခြင်းဖြစ်သည်။

(၂၆.၁.၂၀၀၉) တပို့တွဲလဆန်း (၁) ရက် တနင်္လာနေ့တွင် နေကြတ်ခြင်းကို ကြည့်ပြန်လျင်လည်း ထိုနေ့မှာ ပြဿဒါးဖြစ်ခြင်း၊ နေကြတ်ချိန် ညနေ (၄) နာရီ ဖြစ်သဖြင့် နေ့အလိုအခါကို ကြည့်သော် ဗုဒ္ဓဟူး အခါဖြစ်ပြီး ညနေဆိုသောကြောင့် ရာဟုသာဖြစ်ခြင်း၊ နေကြတ်ခြင်းတို့ကို ဖော်ပြသော အိန္ဒိယ ဗြိုဟဇ်သံကဟိတကျမ်း အလိုနှင့် မြန်မာ့သရ တွက်ရိုးကျမ်း အလိုအရ အုပ်ချုပ်သော မင်းတို့ နာအံ့။ စစ်သူကြီးများ ကျဆုံးအံ့။ စစ်သား များ ပုန်ကန်အံ့ ဟု ဆိုထားသဖြင့် စစ်အစိုးရအဖို့ တပူပေါ်နှစ်ပူဆင့်ကာ ပိုပြီး အရေးတကြီး စဉ်းစားရကိန်း ဆိုက်လာနေတော့သည်။

(၁) မြန်မာ့ မူလဇာတာနှင့် ခုနှစ်ဇာတာကို နှိုင်းယှဉ်သော် ဇာတာနှစ်ခု စလုံးတွင် မင်းဇာတာမှာ အပျက်တွင်ရှိနေပြီး ပြည်သူတို့၏ သြဇာ လွှမ်းမိုးနေခြင်းတို့ကြောင့် ၂၀၀၉ ခုနှစ် အတွင်း တွင် ပြည်သူအများ ဆူပူအုံကြွမည်။ အစိုးရကို ဆန့်ကျင့်မည့် ကိန်းအရတခု။

(၂) မြန်မာသက္ကရာဇ် ၁၃၇၁ ခု နှစ်ဆန်းတစ်ရက်သည် သောကြာဖြစ်ပြီး သင်္ကြန်ကျချိန်မှာ အင်္ဂါနေ့ နံနက် (၃) နာရီ (၁၅) မိနစ် (၃၆) စက္ကန့် ဖြစ်ပြီး တက်ချိန်မှာ ကြာသပတေးနေ့ နံနက် (၇) နာရီ (၂၀) မိနစ် (၁၇) စက္ကန့် ဖြစ်နေပြန်ရာ ကျချိန်မှာ စနေအခါ ဖြစ်နေခြင်း၊ တက်ချိန်မှာလည်း ကြာသပတေးအခါတွင် တက်နေခြင်းကြောင့် နှစ်ဆန်းတစ်ရက်နေ့မှ သောကြာဆိုသည်မှာ ရက်အလိုသာဖြစ်၍ သင်္ကြန် တက်ပြီးချိန်မှ နောက်အချိန် သည်နှစ်ဆန်းအချိန် (ရက်) ဖြစ်သဖြင့် (ကြာသပတေးနှင့် စနေ) မှာ ပြဿဒါးဖြစ်ကာ ဇာတာခွင်အလို တိုင်းကား ပြည်ရွာပျက်စီးခြင်း၊ ရေဘေးကြုံရခြင်း။

(၃) ကောဇာ ၁၃၇၁ ခု၏ ဇာတာအရ သောကြာသား၊ စနေသား၊ တနင်္လာသား မင်းတို့ ကျဆုံးကိန်းတွင် ရှိနေ ပြန်ပြီး၊ ပြည်သူတို့ ထကြွကာ လက်အောက်ငယ်သားတို့၏ တော်လှန်မှုကိုခံရမည်။ တိုင်းတစ်ပါး၏ အတိုက်အခံ ကြောင့် ကျဆုံးရမည့် ကိန်းဆိုက်နေခြင်း။

ဖော်ပြပါ ဇာတာသဘောကို နှိုင်းယှဉ်ပြီး ထိုကိန်းတို့မှ လွတ်မြောက်နိုင်ရေးကို ကြည့်လျှင် “အင်္ဂါကယ်မှ ပြည်ငြိမ် မည်။ တနင်္လာလွတ်မှ ရန်ငြိမ်းမည်" ဟူသော အယူကိုမသုံးလျင် အကုန်ကျဆုံးရမည်ဖြစ်၍-

-အင်္ဂါအလို ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရမည်။
-တနင်္လာအလို ခွန်ထွန်းဦးကို လွှတ်ရန်ရှိသည်။

အင်္ဂါအလို နေ့နမ်ကိုတွက်သော် ဇာဂနာ၊ စုစုနွေး တို့လည်း ပါနိုင်ပြီး၊ တနင်္လာအလို ကိုကိုကြီး တို့ကိုပါ စဉ်းစား ရမည်။ ခွန်ထွန်းဦးကို လွှတ်ခြင်းမှာ တိုင်းတစ်ပါးရန်ကို ကာကွယ်ရန် လူမျိုးခြားကို လွှတ်ပြီး ဓာတ်တူနမ်တူ ပြုခြင်း ဖြစ်သည်။

ဘယ်လတွင် လွှတ်မည်ဆိုလျင် "တပေါင်းလပြည့် အင်္ဂါနေ့တွင် လွှတ်မည်”။

အကယ်၍ တပေါင်းလပြည့် မလွှတ်သော် ၁၃၇၁ ခုဆန်းပြီး ခြောက်လ (သီတင်းကျွတ်လထိ) အတွင်း လွှတ်ရ မည်။

(အကျယ်ရေးလျင် ရှည်မည်စိုးသဖြင့် သဘောတရားကို အကျဉ်းချုံး ဖော်ပြခြင်းဖြစ်သည်။ )

ပညာကျော်
(သတ္တဝါမှန်သမျှ ချမ်းသာရာ ရနိုင်ကြပါစေ။)

2.21.2009

သန်းရွှေ၊ မောင်အေး ဖြုတ်ချရေး စီမံချက်

အောင်လင်းထွဋ် (ထောက်လှမ်းရေးအရာရှိဟောင်း)
(ဘလော့ဂ်အီးမေးလ်သို့ ရောက်ရှိလာသည့် ပို့စ်ကို တင်ဆက်ပေးခြင်းဖြစ်ပါသည်။)


သတင်း

၁။ မြန်မာ့တပ်မတော်တွင် လက်ရှိ တာဝန်ထမ်းဆောင်နေသော အရာရှိကြီးများ၊ အရာရှိငယ်များ၊ အခြားအ ဆင့် များသည် လက်ရှိ မြန်မာနိုင်ငံကို အုပ်ချုပ်နေသော ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး တို့၏ ခေါင်းဆောင်မှုကို စိတ်ပျက်လျက်ရှိပါသည်။

၂။ အထက်ပါ သန်းရွှေနှင့်မောင်အေးတို့ကို ဖြုတ်ချပြီး အခြားစစ်ခေါင်းဆောင်တဦးကို ခေါင်းဆောင်တင်ပြီး နောက် အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးပြီး မြန်မာနိုင်ငံကို ဒီမိုကရေစီနိုင်ငံ အဖြစ် ဖြစ်စေလိုကြောင်း သိရပါသည်။

ရည်ရွယ်ချက်

၃။ သန်းရွှေနှင့် မောင်အေးကို ဖယ်ရှားပြီး တပ်မတော်နှင့် ဒေါ်အောင်ဆန်းစုကြည် ပူးပေါင်းကာ မြန်မာနိုင်ငံ အား ဒီမိုကရေစီကျင့်သုံးသော နိုင်ငံဖြစ်စေရန်။

လုပ်နည်း

၎။ အကြမ်းဖျင်း စီမံချက်။

(က) တပ်မတော်သားများ အတွေးအခေါ်ပြောင်းလဲရေး
(ခ) တပ်မတော်သားများနှင့် ၄င်းတို့မိသားစုများအား အနာဂတ်မျှော်လင့်ချက်များ ပေးရေး
(ဂ) စစ်ခေါင်းဆောင်များ၏ မသမာမှုများကို တပ်မတော်သားများအား အသိပေးရေး
(ဃ) တိုင်းပြည်၏ ဘဏ္ဍာများကို အလွဲသုံးစား ပြုလုပ်နေသော စစ်ခေါင်းဆောင်ကြီးများ၏ လုပ်ရပ်ကို ဖော် ထုတ် ရေး
(င) စစ်ခေါင်းဆောင်ကြီးများ၏ မိသားစုနှင့် တပ်မတော်သား မိသားစုများ၏ ဘ၀ကို နှိုင်းယှဉ်ပြသရေး
(စ) ပြည်တွင်းပြည်ပ အစိုးရ၊ အတိုက်အခံအဖွဲ့အစည်းများအပေါ် ယုံကြည်နားလည်မှုရရှိရေး
(ဆ) မြန်မာနိုင်ငံသား ပြည်သူလူထုအား စစ်ကျွန်ဘ၀မှ လွတ်မြောက်ရေး၊ တပ်မတော်သားတို့တွင်လည်း တာ ၀န်ရှိကြောင်း အသိပေးရေး
(ဇ) စစ်ခေါင်းဆောင်များ၏ မတရားသောအမိန့်များကို ဆန့်ကျင်ပြီး ပြည်သူ့ဘက်သို့ ပူးပေါင်းလာရေး

၅။ အသေးစိတ် စီမံချက်။

(က) တပ်မတော်သားများ အတွေးအခေါ် ပြောင်းလဲရေး။

တပ်မတော်သားများသည် သင်တန်းများ၊ တပ်တွင်း ဆွေးနွေးပွဲများတွင်လည်းကောင်း၊ လစဉ်ဆန္ဒဖော်ထုတ်ပွဲ များတွင်လည်းကောင်း၊ တပ်မှူးကြီးများ တပ်စစ်ဆေးစဉ်အခါများတွင်လည်းကောင်း ညွှန်ကြားချက်တခုအနေ ဖြင့် ဒေါ်အောင်ဆန်းစုကြည် နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် တပ်မတော်ရန်သူအဖြစ် စိတ်ဓာတ်သွင်း ပေးထားခြင်း၊ Brain Wash လုပ်ထားခြင်းကို မဟုတ်မှန်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် တပ်မတော်အပေါ် မည်သို့အကောင်းမြင်ကြောင်းနှင့် တပ်မတော်သားမိသားစုတို့အပေါ်ထားရှိသော စိတ်ကောင်းစေတနာများကို ၄င်းတို့ နားလည်သဘောပေါက်လာအောင် ပထမပြောရပါမည်။ လက်ရှိမြန်မာ့အခြေအနေ၊ ကမ္ဘာ့အခြေအနေ များကို ၄င်းတို့၏ ဦးခေါင်းအတွင်း စဉ်ဆက်မပြတ် နားထောင်နေစေရပါမည်။ စစ်ခေါင်းဆောင်များ၏ လက်ရှိ ကျင့်သုံးနေသော မူဝါဒများသည် မှားယွင်းနေကြောင်းကို စဉ်ဆက်မပြတ် ဦးနှောက်ထဲထည့်ပြီး စဉ်းစားနေစေ ရန် တန်ပြန်ဆောင်ရွက်ရမည် ဖြစ်ပါသည်။

(ခ) တပ်မတော်သားများနှင့် ၄င်းတို့မိသားစုများအား အနာဂါတ်မျှော်လင့်ချက်ပေးရေး

တပ်မတော်သားမိသားစုများ၏ သားသမီးများ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ နေရေးထိုင်ရေး၊ စားဝတ်နေ ရေးချို့တဲ့နေမှုများနှင့် စစ်ခေါင်းဆောင်ကြီးများ၏ သားသမီး၊ မြေးများ၏ဘ၀ကို နှိုင်းယှဉ်ပြီး ဒီစစ်ခေါင်း ဆောင်ကြီးတွေသာ ပြုတ်ကျသွားလျှင် ၄င်းတို့၏ မိသားစုအနာဂါတ်ဘ၀များ မည်သို့မည်ပုံ တိုးတက်လာမည် ဆိုသည့် မျှော်လင့်ချက်များကို အသိပေးရပါမည်။

(ဂ) စစ်ခေါင်းဆောင်ကြီးများ၏ မသမာမှုများကို တပ်မတော်သားများအား အသိပေးရေး

စစ်ခေါင်းဆောင်ကြီးများ၏ မတရားမှုများ၊ ငွေကြေးအရှုပ်များ၊ မိန်းမရှုပ်ထွေးမှုများ၊ စီးပွားရေးမသမာမှုများ၊ မိ သားစုစီးပွားရေးလုပ်ငန်းများ၊ တိုင်းပြည်မှ မတရားရယူထားသော ပစ္စည်းများကို စုံစမ်းဖော်ထုတ်ပြီး တပ်မ တော် သားများအားလုံး သိစေရန်အတွက် ဆောင်ရွက်ပေးရပါမည်။

(ဃ) တိုင်းပြည်ဘဏ္ဍာများကို အလွဲသုံးစားပြုလုပ်နေသော စစ်ခေါင်းဆောင်ကြီးများ၏ လုပ်ရပ်ကို ဖေါ်ထုတ် ရေး

ဓာတ်ငွေ့၊ လယ်ယာ၊ သစ်တော၊ သတ္တု၊ သားငါးတို့မှရရှိသော ဘဏ္ဍာငွေများကို ပြည်သူလူထု၏ လိုအပ်ချက် ပညာရေး၊ ကျန်းမာရေးတို့တွင်အသုံးမပြုဘဲ အခြားနေရာများတွင် သုံးစွဲနေမှုများသည် တပ်မတော်သား မိသားစု များပါ နစ်နာနေရသည်ကို နားလည်အောင်အသိပေးရမည်။

(င) စစ်ခေါင်းဆောင်ကြီးများ၏ မိသားစုနှင့် တပ်မတော်သားမိသားစုဘ၀ကို နှိုင်းယှဉ်ပြသရေး

စစ်ခေါင်းဆောင်ကြီးများ၏ သားသမီး၊ မြေး ဆွေမျိုးများ၏ ပညာရေး၊ နေထိုင်စားသောက်ရေး၊ မတရားကြီး ပွားချမ်းသာနေမှုများ၊ မတရားမှုများ အစရှိသည့်သတင်းများကို ဖော်ထုတ်ပြသပြီး တပ်မတော်သားမိသားစု များ၏ ဆင်းရဲကြပ်တည်းမှုများ၊ နေရေးအခက်အခဲများ၊ စားသောက်ရေးအခက်အခဲများ၊ အနာဂတ်ပျောက်နေ မှုများကို မီးမောင်းထိုးပြပြီး ကွာဟနေမှုများကို အသိပေးရမည်။

(စ) ပြည်တွင်းပြည်ပ အတိုက်အခံအဖွဲ့အစည်းများအပေါ် ယုံကြည်နားလည်မှုရရေး

စစ်အစိုးရမှ သွေးခွဲထားမှုအပေါ် တပ်မတော်နှင့် အတိုက်အခံများအကြား တစုံတရာ နားလည်မှုရရှိရန် ညိနှိုင်း ပေးရပါမည်။

(ဆ) မြန်မာနိုင်ငံ ပြည်သူလူထုအားလုံးအား စစ်ကျွန်ဘ၀မှ လွတ်မြောက်ရေး တပ်မတော်သားတို့တွင်လည်း တာဝန်ရှိကြောင်း အသိပေးရေး

ပြည်သူလူထုဆိုသည်မှာ တပ်မတော်သားများလည်း ပါဝင်ကြောင်း၊ တိုင်းပြည်ဒုက္ခရောက်နေသည်မှာ စစ်ခေါင်း ဆောင် များကြောင့်ဖြစ်ကြောင်း၊ စစ်ကျွန်ပြုခံနေရသူထဲတွင် တပ်မတော်သားများလည်းပါကြောင်း၊ တိုင်း ပြည်ကိုကယ်တင်ရန် တပ်မတော်သားများသည်လည်း အရေးပါကြောင်း တာဝန်ရှိကြောင်းကို စဉ်ဆက်မပြတ် အသိပေး နှိုးဆော်နေရပါမည်။

(ဇ) စစ်ခေါင်းဆောင်များ၏ မတရားသော အမိန့်များကို ဆန့်ကျင်ပြီး ပြည်သူ့ဘက်သို့ ပူးပေါင်းလာရေး

အထက်ဖော်ပြပါ မကျေနပ်ချက်များကို တပ်မတော်သားတို့၏ ဦးနှောက်အတွင်း စွဲမြဲလာပြီဆိုပါက ပထမဦးစွာ မတရားသောအမိန့်များကို တပ်မတော်သားများ ဆန့်ကျင့်လာစေရန် လမ်းညွှန်မှုများ ပြုလုပ်ရပါမည်။ အမိန့်မ နာခံမှုကို စစ်သည်တစ်ဦးချင်းမှသည် တရာ၊ တထောင်၊ တသောင်း ဖြစ်လာစေရန် နည်းလမ်းပေါင်းစုံသုံးပြီး နှိုး ဆွပေးရပါမည်။ ၄င်းတို့၏ မနာခံမှုကို ပြည်သူလူထုကလည်း ထောက်ခံပြီး ပူးပေါင်းဆောင်ရွက်လာလိမ့်မည် ဆိုသည့် ယုံကြည်မှုများရှိအောင် ဆောင်ရွက်ပေးရပါမည်။

အသေးစိတ်စီမံချက်များ အောင်မြင်ခဲ့ပြီဆိုပါက တပ်မတော်မှပေါ်ထွက်လာမည့် ခေါင်းဆောင်နှင့် လူထုခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ကြား ၀င်ရောက်ညှိနှိုင်းပြီး စစ်အာဏာရှင်စနစ်မှ လွတ်မြောက်ရေး ဆောင် ရွက်ရပါမည်။

လိုအပ်ချက်များ

၆။ ခေတ်မီဆက်သွယ်ရေး အထောက်အကူပစ္စည်းများ လိုအပ်ပါသည်။ (ဥပမာ - ကွန်ပြူတာ၊ ဂြိုလ်တုဖုန်း၊ USB)
၇။ အသံလွှင့်ဌာနများမှ ထုတ်လွှင့်ချက်များကို နားထောင်နိုင်ရန် Radio များ။
၈။ စစ်ခေါင်းဆောင်ကြီးများ၏ သတင်းများ၊ လျှို့ ဝှက်ချက်များကို သိရှိနိုင်ရန် ခေတ်မီထောက်လှမ်းရေးပစ္စည်း များ။
၉။ သတင်းများရယူရေး အပါအ၀င် အထွေထွေကိစ္စများတွင် သုံးစွဲရန်အတွက် ငွေကြေးလိုအပ်ပါသည်။


အောင်လင်းထွဋ်
(ထောက်လှမ်းရေးအရာရှိဟောင်း)
နေ့စွဲ - ၂၀၀၉ ခုနှစ် ဇန်န၀ါရီလ (၂၃) ရက်
နေရာ - ၀ါရှင်တန်မြို့ 

2.20.2009

သူတို့အတွေးသူတို့အမြင်

ဗိုလ်ချုပ်ကြီးများသို့ အိတ်ဖွင့်ပေးစာ

မောင်သြ

ဖေဖော်ဝါရီ ၁၉၊ ၂၀၀၉

လေးစားရပါသော ဗိုလ်ချုပ်ကြီးများခင်ဗျား … ယနေ့ဆိုလျင် စစ်ဗိုလ်ချုပ်ကြီးများ တိုင်းပြည်ကို အုပ်ချုပ်လာခဲ့သည်မှာ နှစ်ပေါင်း ၂၀ ကျော် ခဲ့ပါပြီ။ န၀တ အမည်နဲ့ တမျိုး၊ နအဖ အမည်နဲ့ တမျိုး၊ အမျိုးမျိုး အုပ်ချုပ်လာခဲ့ကြပါသည်။ ၁၉၆၂ ခုနှစ်က ရည်တွက်မည်ဆိုလျင် မဆလ (စစ်အစိုးရ)က ၂၆ နှစ်၊ ဗိုလ်ချုပ်ကြီးတို့က ၂၁ နှစ် စုစုပေါင်း စစ်အစိုးရ အုပ်ချုပ်မှုဟာ ၄၇ နှစ် ပင် ရှိခဲ့ပါပြီ။

မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး စသည်များ တိုးတက်ခြင်း၊ ဆုတ်ယုတ်ခြင်းကို အမှန်တကယ် လေ့လာသုံးသပ်လျှင် ဆုတ်ယုတ်ခြင်းသာ ရှိကြောင်း တွေ့ရပါသည်။ ယခင်ပ အရှေ့တောင်အာရှတွင် ချမ်းသာကြွယ်ဝခဲ့သော မြန်မာနိုင်ငံဟာ လူကြီးမင်းများ (စစ်အစိုးရ) လက်ထက်တွင် အဆင်းရဲဆုံးနိုင်ငံ ဖြစ်သွားရသည်ကို ကမ္ဘာနိုင်ငံအားလုံးကပင် အသိအမှတ်ပြုခဲ့ရသလို၊ လူကြီးမင်းတို့ကိုယ်တိုင်လည်း ၀န်ခံပြီးဖြစ်ကြောင်း ငြင်းဆို၍ မရနိုင်ပါ။

ယနေ့ လူကြီးမင်းတို့ အုပ်ချုပ်ခဲ့သော ၁၉၈၈ စက်တင်ဘာလမှ စတင်ပြီး ရေးသားလိုပါသည်။ ၁၉၈၈ အရေးတော်ပုံကြီးမှ မဆလ (စစ်အစိုးရ၊ ဗိုလ်နေ၀င်း အစိုးရ)ကို ဖြုတ်ချနိုင်ခဲ့ပြီး၊ လူကြီးမင်းတို့ န၀တ (စစ်အစိုးရ) တက်လာခဲ့ပါသည်။ ယခင် မဆလအစိုးရထက်တော့ ကောင်းလာလိမ့်မည်လို့ ပြည်သူတွေက ယုံကြည်မျှော်လင့်ခဲ့ကြပါသည်။

လူကြီးမင်းတို့က ၉၀ ခုနှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးကို လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲအဖြစ် အောင်မြင်စွာ ကျင်းပပေးခဲ့ပါသည်။ စစ်မှန်သော ပြည်သူ့ဆန္ဒအပေါ် အာဆီယံနိုင်ငံများအပြင် ကမ္ဘာ့နိုင်ငံများအားလုံးက ချီးကျူးထောက်ခံခဲ့ကြပါသည်။

လူကြီးမင်းတို့ကိုယ်တိုင် ကျင်းပဆောင်ရွက်ပေးခဲ့တဲ့ ရွေးကောက်ပွဲကြီးကို လူကြီးမင်းတို့ကိုယ်တိုင် ၁၉၉၀ ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့မှာ ကြေညာချက် အမှတ် ၁/၉၀ ကို ထုတ်ြပန်ခဲ့ပါတယ်။

အဲဒီကြေညာချက် အပိုဒ် ၁၂ တွင် -

“ပြည်သူလွှတ်တော် ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၃ တွင် လွှ့တ်တော်ကို မဲဆန္ဒနယ်များမှ ဤဥပဒေနှင့်အညီ ရွေးကောက်တင်မြှောက်လိုက်သော လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းစေရမည်”

ယင်းပြဋ္ဌာန်းချက်နှင့်အညီ လွှတ်တော်ခေါ်ယူ ဖွဲ့စည်းခြင်းကို န၀တက ဆောင်ရွက်ပေးမည်ဟု၎င်း -

အပိုဒ် ၂၀ တွင်

“ယနေ့အခြေအနေတွင် ပြည်သူများက ရွေးကောက်တင်မြှောက်လိုက်သော ကိုယ်စားလှယ်များသည် အနာဂတ်ဒီမိုကရေစီနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲကြရန် တာဝန်ရှိသည့် ပုဂ္ဂိုလ်ကြီးများဖြစ်သည်ဟု၎င်း” အတိအလင်း ကြေညာထုတ်ပြန်ခဲ့သည်ကိုလည်း လူကြီးမင်းတို့ သိပြီးဖြစ်ပါသည်။

တိုင်းပြည်ကို အုပ်ချုပ်နေသည့် တပ်မတော်သားကြီးတွေ၊ ယောကျာင်္းရင့်မကြီးတွေ ဖြစ်ကြသည့် လူကြီးမင်းတို့က ကိုယ်ထုတ်ပြန်တဲ့ အမိန့်ကြေညာချက် ဥပဒေများကို ကိုယ်က စောင့်သိ ရိုသေ လေးစားလိုက်နာမှ ပြည်သူများကလည်း စောင့်သိရိုသေ လိုက်နာကြမှာ ဖြစ်သည်။

“ရှေ့ဆောင်နွားလား ဖြောင့်ဖြောင့်သွားမှ၊ နောက်နွားတသိုက် ဖြောင့်ဖြောင့်လိုက်၏” ဆိုတဲ့ စကားလိုပေါ့ ခင်ဗျား။

တိုင်းပြည်အုပ်ချုပ်တဲ့ မင်းပဲ ဖြစ်ဖြစ်၊ အစိုးရပဲ ဖြစ်ဖြစ် “မင်းမှာ သစ္စာ လူမှာ ကတိ” ဆိုတာလို မင်းအစိုးရများဟာ သစ္စာ ကတိတည်ကြည် ဖြောင့်မတ်မှ ပြည်သူက ယုံကြည်လေးစားမှာပါ။

ယနေ့လူကြီးမင်းတို့ ရေးဆွဲပြီးတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်း ၂၀၀၈ ဟာ လူကြီးမင်းတို့ ထုတ်ပြန်ထားတဲ့ ကြေညာချက် ဥပဒေများနဲ့ ညီညွတ်မှု ဆီလျှော်ကိုက်ညီမှု ရှိပါသလား။ လူကြီးမင်းတို့ ပေးထားတဲ့ ကတိက၀တ် စကားများနဲ့ ရေးဆွဲထားတာလား ဆိုတာကို ရိုးဖြောင့်ပြီး လူကြီးလူကောင်းဆန်တဲ့ စိတ်ထားနဲ့ ကြည့်မြင်တတ်ရင် အမှန်တရားဟာ ပေါ်ထွက်လာမှာပါ။

ပြီးတော့ လူကြီးမင်းတို့ရဲ့ စိတ်ကြိုက်၊ လက်ညှိုးထောင်၊ ခေါင်းညိတ် ရွေးချယ်ထားတဲ့ ပုဆိန်ရိုး ကိုယ်စားလှယ်တွေနဲ့ လူကြီးမင်းတို့ ဆန္ဒသဘောထားအတိုင်း တဖက်သတ်ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်း ၂၀၀၈ ဟာ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ဥပဒေနှင့် နည်းဥပဒေများကို ချိုးဖောက်ပြီး ပြည်သူများကို အကြပ်ကိုင်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ လိမ်လည်လှည့်ဖြားခြင်း၊ မလျော်သြဇာသုံးခြင်းများဖြင့် ပြုလုပ်ဆောင်ရွက်ခဲ့တာကို အထက်ကလူကြီးမင်း ဗိုလ်ချုပ်ကြီးများ သိသိနှင့် မသိကျိုးကျွံ ပြုနေတာလယး၊ ဒါမှမဟုတ် “ငါ့လှေ ငါထိုး ပဂိုး ရောက်ရောက်၊ ငါ့မြင်း ငါစိုင်း စစ်ကိုင်း ရောက်ရောက်” ဆိုပြီး မသိဟန်ဆောင်ပြီး အမှန်တရားကို မျက်ကွယ်ပြုမယ်ဆိုရင် အမှန်တရားရဲ့ တုန့်ပြန်မှုဒဏ်ဟာ ပျက်စီးဆုံးရှုံးခြင်းနဲ့ နိဂုံးချုပ်တတ်ပါတယ် ခင်ဗျား။

လူကြီးမင်းများ ပြုလုပ်ခဲ့တဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်း ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပရာမှာ -

(၁) မဲရုံများတွင် နိုင်ငံတကာမှ စောင့်ကြည့်လေ့လာသူများ မရှိဘဲ လူကြီးမင်းတို့၏ လက်ကိုင်တုတ်များဖြစ်သော ရယကအဖွဲ့ဝင်များ၊ ကြံ့ဖွံ့များ၊ စွမ်းအားရှင်များ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များသာ ထားရှိပြီး မိမိစိတ်ကြိုက် ဆောင်ရွက်သွားခြင်း။

(၂) အစိုးရ၀န်ထမ်းများကို ဋ္ဌာနဆိုင်ရာရုံးများတွင် ၀န်ထမ်းများ၏ စစ်မှန်သော ဆန္ဒမပါဘဲ ကြိုတင်ထောက်ခံဆန္ဒမဲများ ရယူခြင်း။

(၃) စက်ရုံ အလုပ်ရုံ အလုပ်သမားများကိုလည်း စက်ရုံ အလုပ်ရုံများတွင် ကြိုတင်ထောက်ခံဆန္ဒမဲများ ပေးစေခြင်း၊ (၀န်ထမ်းအိမ်ယာများနှင့် အလုပ်သမားအိမ်ယာခန်းများတွင် နေသော ၀န်ထမ်းအလုပ်သမားများကို ကန့်ကွက်မဲပေးက နေအိမ်ခန်းများမှ ပယ်ရှားပစ်မည်ဟု ခြိမ်းခြောက်ထားခြင်း ရှိနေပါသည်။)

(၄) ခရီးဝေးသွားသူများ၊ နာမကျန်းသူများ၊ အသက်ကြီးသူများ၊ မသန်မစွမ်းသူများ၏ ဆန္ဒမဲများကို ကောက်မရှင်အဖွဲ့ဝင်များက ၎င်းတို့သဘောဖြင့် ကြိုတင်ထောက်ခံမဲများ ရယူခြင်း။

(၅) ၂၀၀၈ မေလတွင် နာဂစ်မုန်တိုင်းဒဏ်ကြောင့် သေဆုံးခဲ့သူ တသိန်းကျော်၏ ဆန္ဒမဲများ၊ ဒုက္ခရောက်နေသူ ၃ သိန်း ကျော်၏ ဆန္ဒမဲများကို မသမာသောနည်းများဖြင့် ထောက်ခံမဲများ ရယူခြင်း။

(၆) အိမ်ထောင်စုအတွင်းရှိ ထောင်ကျနေသောသူများ၏ ဆန္ဒမဲများလာမထည့်ကြသော သူများ၏ ဆန္ဒမဲများကို စာရင်းကောက်ယူ၍ မဲရုံကော်မရှင်အဖွဲ့ဝင်များမှကိုယ်စား ထောက်ခံမဲများ ရယူခြင်း …

စသည့် မမှန်ကန်သောနည်းများဖြင့် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ နည်းဥပဒေများကို ချိုးဖောက်၍ ဆောင်ရွက်ခြင်းများသည် စစ်မှန်သော တရားမျှတသော ဆန္ဒခံယူပွဲ မဟုတ်ကြောင်း ထင်ရှားနေပါသည်။

ဤကဲ့သို့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်းမှာ ပြည်သူက ရွေးချယ်ထားသော ပြည်သူ့ကိုယ်စားလှယ်များက ရေးဆွဲထားခြင်း မဟုတ်သည်က တကြောင်း၊ ဆန္ဒခံယူပွဲနည်းဥပဒေများကို ချိုးဖောက်၍ မတရားသောနည်းမျိုးစုံဖြင့် တဖက်သတ် ပြည်သူ့ဆန္ဒစစ်စစ် မပါဘဲ လိမ်ညာခြင်း၊ အကြပ်ကိုင်ခြင်း၊ ခြိမ်းခြောက်ခြင်းများဖြင့် ဆောင်ရွက်သွားခြင်းကြောင့် တကြောင်း၊ ၎င်းဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းသည် တရားမျှတမှု မှန်ကန်မှု မရှိကြောင်း ထင်ရှားပါသည်။

ထို့ကြောင့် အင်န်အယ်ဒီ အဖွဲ့ချုပ်မှ စက်တင်ဘာ ၉ ရက် ၂၀၀၈ က ထုတ်ပြန်တဲ့ အထူးကြေညာချက် အမှတ် ၁၈/၉/၀၈ ကို လူကြီးမင်းများက ပြန်လည်သုံးသပ် စဉ်းစား ဆောင်ရွက်ကြမယ်ဆိုရင် ၂ ဦး ၂ ဖက် အနေနဲ့၎င်း၊ တိုင်းပြည်နဲ့ လူမျိုးများ အနာဂတ်အတွက်၎င်း ကောင်းမြတ်တဲ့ အကျိုးတရားများ ရရှိနိုင်ပါလိမ့်မယ်။

ဖေဖော်ဝါရီ ၁ ရက်၊ ၂၀၀၉ က မြန်မာနိုင်ငံသို့ ရောက်ရှိလာသော ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အထူးအကြံပေး ပုဂ္ဂိုလ် မစ္စတာဂန်ဘာရီနှင့် လူကြီးမင်းတို့ တွေ့ဆုံစဉ်က လူကြီူးမင်းတို့ ပြောကြားခဲ့သော …

“စီးပွားရေး ပိတ်ဆို့မှုများ၊ လူ့အခွင့်အရေး ဆုံးရှုံး ထိခိုက်စေသည့် ဗီဇာပိတ်ပင်ထားမှုများကို ကုလသမဂ္ဂအနေဖြင့် ဖယ်ရှားအောင် ဦးစွာ ကြိုးပမ်းသင့်ကြောင်း၊ ခင်မင်ရင်းနှီးသူ တဦးအနေဖြင့် ဥပမာနှိုင်းပြရလျှင်၊ ခြေ ၂ ဖက်ကို ကြိုးများဖြင့် ချည်နှောင်ထားပြီး မြန်မြန်ပြေးခိုင်းသည်နှင့် တူနေကြောင်း၊ သို့သော်လည်း မိမိတို့ နိုင်ငံအနေနှင့် ကုလသမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက်သောအားဖြင့် လုပ်သင့်သည်များကို၊ လုပ်နိုင်သည်များကို ကြိုးပမ်း ဆောင်ရွက်သွားမှာ ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံကို စီးပွားရေးဖွံဖြိုးတိုးတက်ပြီး နိုင်ငံရေးတည်ငြိမ်စေချင်သည်ဆိုလျင် ကုလအနေနှင့် မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့မှုများကို အရင်ဖယ်ရှားပေးရန် ကြိုးစားသင့်ကြောင်း၊ စီးပွားရေးတည်ငြိမ်မှ နိုင်ငံရေးတည်ငြိမ်မည် ဖြစ်ကြောင်း …”

စသည်ဖြင့် ပြောခဲ့ရာ၊ ဤစကားများကို သေချာစွာ ပြန်စဉ်းစားသင့်ပါသည်။

လူကြီးမင်းများက ဥပမာနှင့် တင်ပြသလို ပြန်ပြောရရင် …

“ကျောင်းစည်းကမ်း ချိုးဖောက်သည့် ကျောင်းသား၊ အိမ်စာမလုပ်လာတဲ့ ကျောင်းသားကို အတန်းပိုင်ဆရာက ကြိမ်လုံးနဲ့ ရိုက်ချင်ရိုက်မယ်။ ခုံပေါ်တက် မတ်တတ်ရပ်ခိုင်းပြီး အပြစ်ဒဏ် ပေးမယ်။ ကျောင်းသားက အပြစ်ရှိနေတာကိုး။ ကျောင်းသားက ကျောင်းစည်းကမ်းကို လိုက်နာမယ်၊ အိမ်စာလုပ်လာမယ် ဆိုရင် ဆရာက အပြစ်ဒဏ်ပေးမှာ မဟုတ်ဘူး..”

အဲဒီလိုပဲ လူကြီးမင်းများက ကျူးလွန်ထားတဲ့ လူ့အခွင့်အရေး ချိုးဖောက်တာတွေ၊ မတရားလုပ်အားပေး ခိုင်းစေတာတွေ၊ ကလေးစစ်သားစုဆောင်းတာတွေ၊ နိုင်ငံရေးသမားတွေကို မတရားဖမ်းဆီး၊ ပုဒ်မတွေ အမျိုးမျိုးတပ်၊ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်၊ ဝေးလံလှတဲ့ နယ်အကျဉ်းထောင်တွေကို ပို့၊ အကျဉ်းသားတွေကို နှိပ်စက် ဒုက္ခပေးရုံတင်မက၊ ကျန်ရစ်တဲ့ မိသားစုတွေကိုပါ နှိပ်စက်ဒုက္ခပေးနေတာမျိုးတွေ ဖြစ်နေတယ်။ တရားဥပဒေ အုပ်ချုပ်တာတွေ၊ နိုင်ငံရေးသမားများအပေါ် တရားစီရင်ရာတွင် တရားသူကြီးက မစီရင်ရဘဲ၊ အထက်က အမိန့်အတိုင်း စီရင်ရတာတွေ၊ (အငြိမ်းစားတရားသူကြီး တဦး၏ ပြောပြချက်အရ)၊ ငြိမ်းချမ်းစွာ ဆန္ဒပြ၊ မေတ္တာပို့ခဲ့ကြတဲ့ ရဟန်း သံဃာ ကျောင်းသား ပြည်သူများကို လူကြီးမင်းတို့ရဲ့ ပုဆိန်ရိုး လက်ကိုင်တုတ် ကြံ့ဖွံ့များ စွမ်းအားရှင်းများက မင်းမဲ့စရိုက် ၀င်ရောက် ဖမ်းဆီးပြီး အကြမ်းဖက်မှု၊ ဆူပူမှုလုပ်တာတွေ စတဲ့ လုပ်ရပ်တွေဟာ လူ့အခွင့်အရေးကို အကြီးမားဆုံး ချိုးဖောက်တာပဲ မဟုတ်လား။

လူကြီးမင်းများက လူ့အခွင့်အရေး ချိုးဖောက်သူများကို ပြုပြင်နိုင်မယ်ဆိုရင် ပြီးတော့ ကုလသမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက်မယ် ဆိုရင် ပြီးတော့ ကုလသမဂ္ဂအထွေထွေညီလာခံမှ အကြိမ်ပေါင်းများစွာ ဆုံးဖြတ်ချက် ကြေညာချက်များကို လိုက်နာခဲ့မယ် ဆိုရင် ကုလသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုတွေဟာ အလိုလို ဖယ်ရှားပြီးသား ဖြစ်သွားမှာပါ။

မြန်မာနိုင်ငံ ပြည်သူပြည်သားတွေအပေါ် မိမိကျူးလွန်ထားတဲ့ အပြစ်တွေကို အရင်ကနဦး ဆေးကြောပစ်ရမှာပါ။

လူကြီးမင်းများက …

“ဒီမိုကရေစီသဘောအရ အများစုရဲ့ ဆန္ဒကို အနည်းစုက လက်ခံကြရမှာ ဖြစ်၊ အများစုက အတည်ပြုထားတဲ့ အခြေခံဥပဒေကို သဘောမတူတဲ့ အနည်းစုရဲ့ ဆန္ဒကြောင့် ပြန်လည်ညှိနှိုင်း ပြင်ဆင်ပေးဖို့ ဆိုတာ ဒီမိုကရေစီနည်းလမ်းမကျ၊ ထို့အတူလည်း မဖြစ်နိုင်၊ ဒီမိုကရေစီကို ကြိုက်တယ်၊ လိုလားတယ် ဆိုရင် ဒီမိုကရေစီရဲ့ အနှစ်သာရကို လက်ခံကြရမှာပဲ ဖြစ် …”

စသည်ဖြင့် လူကြီးမင်းတို့ ပြောခဲ့တာ သိပ်မှန်တယ်. လက်ခံကြိုဆိုပါတယ်။ လူကြီးမင်းတို့လည်း ကိုယ်စကားနဲ့ ကိုယ်ပြောသလို လုပ်နိုင်ဖို့ တာဝန်ရှိပါတယ်။

ဥပမာ …

၁ - ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲဟာ စစ်မှန်သော လွတ်လပ်၍ တရားမျှတသော အများပြည်သူရဲ့ ဆန္ဒအမှန် ပါ။ ဘာကြောင့် အဲဒီတုန်းက လူကြီးမင်းတို့က အများစုရဲ့ ဆန္ဒကို လက်မခံခဲ့ရပါသလဲ။

၂ - ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ ၁၅ နိုင်ငံမှ အများစုရဲ့ ဆန္ဒကို ဆန့်ကျင်ပြီး တရုတ်နှင့် ရုရှား ၂ နိုင်ငံက အများစုရဲ့ ဆန္ဒကို ဘာကြောင့် လက်မခံခဲ့ပါသလဲ။

၃ - ၂၀၀၈ ခုနှစ် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲဟာ စစ်မှန်တဲ့ အများဆန္ဒလား၊ မသမာနည်းနဲ့ လုပ်သွားတာလား ဆိုတာ ရှေ့မှာ တင်ပြခဲ့ပြီး ဖြစ်၍ လူကြီးမင်းများ စဉ်းစားသင့်။

၎ - ရေးဆွဲထားတဲ့ အခြေခံဥပဒေကကော ၉၀ ခုနှစ် က ရွေးကောက် တင်မြှောက်ခံရသော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များမှ ရေးဆွဲထားတာလား၊ စစ်အစိုးရရဲ့ လက်ရုန်းတပ်သား တပည့်တွေ၊ လက်ကိုင်တုတ်တွေက ရေးဆွဲထားတာလား။ အမှန်ကို အမှန်အတိုင်း၊ အရှိကို အရှိအတိုင်း သိသင့်ပါတယ်။

၎င်းအပြင် လူကြီးမင်းတို့ရဲ့ အောက်တိုဘာ ၄ ရက်၊ ၂၀၀၇ နေ့စွဲနဲ့ ထုတ်ပြန်ခဲ့သော ကြေညာချက် အမှတ် ၁/၂၀၀၇ မှာ ထိပ်တိုက်ရင်ဆိုင်ရေး၊ အလုံးစုံပျက်သုဉ်းရေး၊ မြန်မာနိုင်ငံအား စီးပွားရေး အဆက်အသွယ်ပြတ်တောက်ရေး၊ အလုံးစုံ ပိတ်ဆို့ရေးဆိုတဲ့ အချက် ၄ ချက်ကို ဒေါ်အောင်ဆန်းစုကြည်က စွန့်လွှတ်ကြောင်း ကြေညာခဲ့ရင် နိုင်ငံတော်အကြီးအကဲ ကိုယ်တိုင် သူမနှင့် တိုက်ရိုက်တွေ့ဆုံမှာဖြစ်ကြောင်းလို့ ဖော်ပြထားတာ တွေ့ရပါတယ်။

အဲဒီအချက် ၄ ချက်က တွေ့ဆုံဆွေးနွေးရေးအတွက် ကြိုတင်စည်းကမ်း သတ်မှတ်ချက်တွေ ဖြစ်မနေဘူးလား။ ပြီးတော့ အဲဒီအချက် ၄ ချက်ကို ဒေါ်အောင်ဆန်းစုကြည်က ပိတ်ဆို့တားဆီးနိုင်စွမ်းရှိသူလား သို့မဟုတ် ပယ်ဖျက်နိုင်စွမ်း ရှိသူလား၊ တကယ် ပိတ်ဆို့တားဆီးထားတာက ဘယ်သူတွေလဲ ခွဲခွဲခြားခြား သိဖို့ လိုပါတယ်။

အကယ်၍ အိမ်ထဲမှာ အကျယ်ချုပ်နဲ့ ထိန်းသိမ်းခံနေရတဲ့သူက ဒီအချက် ၄ ချက်ကို လုပ်နိုင်စွမ်းရှိတယ် ဆိုရင်၊ ပြင်ပမှာ တကယ့်လက်တွေ့ အာဏာနဲ့ အုပ်ချုပ်နေတဲ့ လူကြီးမင်းတို့ စွမ်းရည်က ဘယ်အဆင့်အထိ ကျဆင်းသွားမလဲဆိုတာ စဉ်းစားကြည့်ပါဦး။

လူကြီးမင်းများ ခင်ဗျား …

ကျနော်တို့ နိုင်ငံကို ပြည်ပနိုင်ငံများမှ ပုဂ္ဂိုလ်များ၊ ကုလသမဂ္ဂမှ ပုဂ္ဂိုလ်များ၊ အခြားနိုင်ငံတကာမှ အဖွဲ့အစည်းများမှ လာရောက်ပြီး လူကြီးမင်းများနှင့်ကော၊ အင်န်အယ်ဒီ အဖွဲ့ချုပ်မှ ခေါင်းဆောင်များနှင့်ကော၊ အခြား တိုင်းရင်းသားအဖွဲ့များ၊ တသီးပုဂ္ဂလများနှင့် လာရောက်တွေ့ဆုံကာ မြန်မာနိုင်ငံရေးကို ၀င်ရောက်စွက်ဖက်နေတာ ရှက်စရာလည်း ကောင်းပါသည်။ ဗိုလ်ချုပ်အောင်ဆန်းစကားလို “ဟိုလူ လာ၊ မျက်နှာချိုသွေးရ။ ဒီလူ လာ၊ မျက်နှာချိုသွေးရ” နှင့် နိုင်ငံဂုဏ်သိက္ခာ ကျလှပါသည်။ ကျနော်တို့ ပြည်တွင်းရေးကိစ္စကို ကိုယ့်ဖာသာကိုယ် ဖြေရှင်းပြီး အဖြေရှာချင်ပါသည်။

သို့ပါ၍ ၁၉၉၀ ရွေးကောက်ပွဲကို ကျင်းပပေးခဲ့သော တပ်မတော်ခေါင်းဆောင်ကြီးများနှင့် ၎င်းတို့ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော နိုင်ငံရေးပါတီများ၊ ရွေးကောက်တင်မြှောက်ခံရသော ပြည်သူ့ကိုယ်စားလှယ်များ၊ တိုင်းရင်းသားအဖွဲ့အစည်းများ အမြန်ဆုံး တွေ့ဆုံဆွေးနွေး၍ အဖြေရှာခြင်းသည်သာ အကောင်းဆုံး ဖြစ်ပါသည်။

ကိုယ့်ပြည်တွင်းအင်အားစု အချင်းချင်း၊ အဃာတကင်းကင်းနှင့် စည်းလုံးညီညွတ်စွာ တွေ့ဆုံဆွေးနွေးခြင်းမှ ရရှိလာမည့် ရလာဒ်ကောင်းများ ပေါ်ထွက်လာပါက စောစောက လူကြီးမင်းတို့ တောင်းဆိုထားသော စီးပွားရေးပိတ်ဆို့မှုများ၊ ဗီဇာပိတ်ဆို့မှုများ အလိုလို ပွင့်ထွက်ပျက်ပြယ်သွားနိုင်ပါကြောင်းနှင့် စစ်မှန်စော အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် စည်းလုံးညီညွတ်ရေးများ ရရှိလာနိုင်ပါသည်။

နောက်ဆုံး တင်ပြလိုတာကတော့ ဒုတိယအိမ်ထောင်ပြုချင်ရင် ပထမအိမ်ထောင်ကို တရားဝင် ကွာရှင်းပြတ်စဲပစ်ရပါမယ်။ နို့မို့ရင် ပထမအိမ်ထောင်က အမွေဆက်ခံတောင်းပိုင်ခွင့် ရှိနေပါမယ်။ အဲဒီလိုပါပဲ လူကြီးမင်းတို့က ၂၀၁၀ ရွေးကောက်ပွဲ သွားချင်ရင် ၁၉၉၀ ရွေးကောက်ပွဲကို တရားဝင် ဖျက်သိမ်းပစ်ရပါမယ်။ နို့မို့ရင် ၉၀ ခုနှစ် ရွေးကောက်ပွဲဟာ တရားဝင် တည်ရှိနေတာကြောင့် အမွေရယူပိုင်ခွင့် တောင်းဆိုပိုင်ခွင့်တွေ ရှိနေဦးမှာပါပဲ ခင်ဗျား။

ကိုယ့်နိုင်ငံ၊ ကိုယ့်ပြည်တွင်းရေးကို ပြည်ပမှ လာရောက်ဆွေးနွေး ညှိနှိုင်း ဖြေရှင်းပေးခြင်းထက်၊ ကိုယ့်သွေး၊ ကိုယ့်သား၊ ကိုယ့်ဆွေမျိုးချင်း အဃာတ ကင်းကင်းနဲ့ ဆွေးနွေး အဖြေရှားခြင်း၊ အပြန်အလှန် ယုံကြည်လေးစားခြင်းတို့ဖြင့် အမျိုးသားပြန်လည်စည်းရုံးညီညွတ်မှု တည်ဆောက်ကြပါရန် တိုက်တွန်းလိုက်ရပါသည်။

(မြန်မာပြည်တွင်းက ပေးစာဖြစ်ပါတယ်။ သူရွေးတဲ့ အမည် “မောင်သြ” အမည်နဲ့ မိုးမခမှာ ယခင်စာများ ဖော်ပြခဲ့ဖူးပါတယ်)