10.21.2008

မဆုံးသေးသည့်နောက်ဆုံးအိမ်မက်(၃)ရွက်စိမ်း

သည်အခန်းဆက်ဆောင်းပါးကိုရေးနေစဉ်တွင်မမျှော်လင့်သည့်သတင်းတခုကို
ကြားလိုက်ရသည်။NLDလူငယ်အဖွဲ့ဝင်၁၀၀ကျော်နှုတ်ထွက်ကြသည့်သတင်း။
ထိုသတင်းအတွက်ကျွန်တော်များစွာစိတ်ထိခိုက်မိရသည်။
သြော်…..သမိုင်းကသံသရာကလည်လို့ပင်မဆုံးနိုင်တော့ပြီလား။

မြန်မာနိုင်ငံရေးသမိုင်းတလျှောက်ကွဲလာခဲ့သည့်အကွဲအပြဲများကဘယ်တော့မှ
များဆုံးလေမည်မသိ။မည်သူမှားသည်မှန်သည်ကိုကျွန်တော်မပြောလို။ကွဲကြပြီ
ဆိုကတည်းကဘက်နှစ်ဘက်လုံးတွင်အကြောင်းပြချက်ခိုင်မာစွာရှိကြပေမည်။

နောက်တခုကကျွန်တော်တို့သည်ဗျူရိုကရေစီယန္တယားအသစ်တခု၊အာဏာရှင်
စနစ်နောက်တခုကိုအကောင်အထည်ဖေါ်နေခြင်းမဟုတ်။ဒီမိုကရေစီစနစ်ဆီချီ
တက်နေကြခြင်းပင်။သို့ဖြစ်၍မတူကွဲပြားသောအတွေးအခေါ်အယူအဆများကို
လွတ်လပ်စွာယုံကြည်ခွင့်ရှိကြသည်။လွတ်လပ်စွာသဘောထားကွဲပြားခွင့်ရှိရမည်။
ဒါသည်လဲကျွန်တော်တို့တောင်းဆိုနေကြသည့်အခြေခံလူ့အခွင့်အရေးများထဲ
တွင်ပါသည်။

အာဏာရှင်များတွင်ထိုအဖြစ်မျိုးဖြစ်လေ့မရှိကြ။သူတို့သည်သူတို့၏အဖွဲ့အစည်း
ကိုဆင့်ကဲဆင့်ကဲအမိန့်ပေးအုပ်ချုပ်သည့်စနစ်ကိုကျင့်သုံးသည်။အကြောက်တ
ရားကိုမွေးထားပေးသည်။ထို့ကြောင့်ပြန်လှန်ပြောဆိုခွင့်မရှိ။အမိန့်ကိုငြင်းပယ်
ခွင့်မရှိ။သူတို့အချင်းချင်းကွဲကြသည်ဆိုလျှင်လည်းနှစ်ဖွဲ့ဖြစ်လာသည်မရှိ။

တဖွဲ့နှင့်တဖွဲ့အပြတ်ရှင်းကြရင်းနိုင်သူတို့ကအာဏာဆက်ယူလိုက်သည်။ဥပမာ
စစ်ထောက်လှမ်းရေးနှင့်စစ်တပ်ကွဲကြသည်ပုံမျိုး၊ဦးခင်ညွန့်ကဦးနေဝင်း၏
မျိုးဆက်များကိုအပြတ်ရှင်းလိုက်သည်ပုံမျိုးတွေဖြစ်သည်။

ထိုသို့ဆိုလျှင်ဒီမိုကရေစီအင်အားစုများအတွင်းအကွဲအပြဲတွေဖြစ်လာလျှင်
ရှင်းစရာနည်းမရှိတော့ဘူးလားဟုမေးစရာရှိသည်။အလွန်လွယ်ကူသော
အဖြေရှိပါသည်။ဒီမိုကရေစီအတွက်တိုက်ပွဲဝင်နေကြသူများသည်ဒီမိုကရေစီ
နည်းလမ်းတကျဖြေရှင်းရန်သာရှိပါသည်ဟုပြောရုံပင်။အများဆန္ဒကိုအနည်း
စုကလိုက်နာကြသလိုအနည်းစု၏ဆန္ဒကိုလည်းအများစုကလေးစားကြရ
ပေမည်။

ဒီမိုကရေစီနိုင်ငံကြီးများတွင်Debateကိုအလွန်တန်ဖိုးထားကြသည်။ကျောင်းသား
လူငယ်အဆင့်မှသည်နိုင်ငံရေးသမားအထိထိုDebateလုပ်သည့်အလေ့အထကို
ကျင့်သုံးဆောင်ရွက်ကြသည်။ကျောင်းသားအရွယ်တွင်ထိုအခြေအတင်ငြင်းခုန်
ဆွေးနွေးခြင်းသည်စကားရေလုပွဲသို့ကျဘမ်းစကားပြောပွဲအသွင်ဖြစ်ပြီးနိုင်ငံ
ရေးနယ်ပယ်တွင်တော့ပါလီမန်ထရီဒီဘိတ်(Parliamentary Debate)ဖြစ်
လာသည်။

အလွယ်ဆုံးဥပမာပေးရလျှင်အမေရိကန်စီးပွါးရေးအကျပ်အတည်းအတွက်
ဒေါ်လာသန်းပါင်းမြောက်များစွာသုံး၍ကယ်တင်မည့်အမေရိကန်သမ္မတ၏
အစီအစဉ်ကိုအောက်လွတ်တော်နှင့်အထက်လွတ်တော်တွင်အခြေအတင်
ဆွေးနွေး၍အတည်ပြုချက်ရယူရန်လိုသည်။ထိုလုပ်ငန်းစဉ်အတွက်အဆို
တင်သွင်းသူသည်မိမိ၏အဆိုခိုင်မာကြောင်းအကိုးအကားအထောက်
အထားများဖြင့်သက်သေပြရမည်ဖြစ်သလိုမိမိထောက်ခံမှုရယူလိုသည့်သ
ူများ၏ဆန့်ကျင်ဘက်မေးခွန်းများ(CrossQuestions)များကိုကျေနပ်မှုရရှိ
စေရန်ရှင်းလင်းတင်ပြနိုင်ရမည်။

ဒီမိုကရေစီလုပ်ငန်းစဉ်များနှင့်အသားမကျသေးသောကျွန်တော်တို့အတွက်မူ
ထိုဆန့်ကျင်ဘက်ပြုခြင်းများသည်အတိုက်အခံပြုလုပ်ကြခြင်းဟုယူဆကြသဖြင့်
ထိုသို့အပြင်းအထန်ကွဲလွဲမှုများဖြစ်ပေါ်လာသည့်အတိုက်အခံဘက်နှစ်ဘက်တို့
သည်ကွဲကြလေသတည်းဖြစ်ကြတော့သည်။အဖြစ်ကိုပြောပြနေခြင်းဖြစ်၍
အပြစ်ဆိုနေခြင်းမဟုတ်ပါ။ကျွန်တော်တို့လည်းကွဲခဲ့ကြဘူးပါသည်။

မိုးသီးဇွန်(သို့)ကြိုးမဲ့လေတံခွန်ဂယက်နှင့်လူ့ဘောင်သစ်ပါတီ
နှစ်ခြမ်းကွဲခြင်း


နဂိုကတည်းက၈၈အရေးအခင်းတွင်ဦးဆောင်ခဲ့သူကျောင်းသားခေါင်းဆောင်
များကဦးဆောင်ပါဝင်ခြင်း၊ရွေးကောက်ပွဲမဝင်ပါဟုတရားဝင်ကြေငြာထားခြင်း၊
ပြည်သူလူထုများလက်တွေ့ရင်ဆိုင်နေရသည့်အခက်အခဲများအတွက်ရှေ့
ဆောင်တိုက်ပွဲဝင်ခြင်းတို့အတွက်လူ့ဘောင်သစ်ပါတီ၏အင်အားကြီးမားလာ
မှုနှင့်ပြည်သူများ၏တခဲနက်ထောက်ခံမှုရလာခြင်းသည်ထိုအချိန်ကနဝတတို့ပင်
အံအားသင့်လောက်စရာဖြစ်ခဲ့ရသည်။

ပါတီများဖွဲ့စည်းခွင့်ပေးမှုနှင့်အတူမက်လောက်စရာပေးထားသောအခွင့်အရေး
များကြောင့်ရာနှင့်ချီသောပါတီများပေါ်ပေါက်လာပြီးဒီမိုကရေစီအင်အားစုများ
ပြန့်ကျဲသွားမည်ဟုသူတို့မျှော်လင့်ခဲ့ကြသည်။သို့သော်ပါတီမြောက်များစွာပေါ်
လာခဲ့သည်မှာမှန်သော်လည်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့်လူ့ဘောင်သစ်
ဒီမိုကရက်တစ်ပါတီတို့၏အင်အားသည်ကျောင်းသားပြည်သူတို့၏အခဲနက်
ထောက်ခံမှုကြောင့်သူတို့အတွက်ထိတ်လန့်စရာဖြစ်လာခဲ့သည်။ပို၍ဆိုးရွား
သောအချက်မှာပေါ်ထွက်လာသောပါတီများထဲမှအများစုသည်နဝတအား
မိမိတို့တတ်နိုင်သည့်အင်အားဖြင့်ဆက်လက်ဆန့်ကျင်တိုက်ခိုက်နေကြခြင်း
ဖြစ်သည်။

ထိုအတွက်ထိုပါတီကြီးများအင်အားချိနဲ့စေရန်သပ်လျှိုဖြိုခွဲခြင်းမှတပါးသူတို့တွင်
အခြားနည်းလမ်းမရှိတော့ချေ။ထိုသို့ဖြိုခွဲရန်အတွက်ဒီမိုကရေစီကျင့်သုံးရာတွင်
အားနည်းနေသည့်အချက်အပေါ်အခွင့်အရေးယူ၍၎င်းနဂိုကတည်းကရန်ငါ
စည်းမပျက်သူများကိုသွေးထိုးစည်းရုံးခြင့်ဖြင့်၎င်း၊နည်းအမျိုးမျိုးသုံး၍ဖြိုခွဲရန်
ကြိုးစားခဲ့ကြပေတော့သည်။NLD နှင့်ဦးအောင်ကြီးကွဲခဲ့ခြင်း၊ဗကသ အပြင
်မကသထပ်ပေါ်ပေါက်လာခြင်း၊ရကသနောက်တဖွဲ့ထပ်ပေါ်လာခြင်း၊နောက်
ဆုံးလူ့ဘောင်သစ်ပါတီနှစ်ခြမ်းကွဲခဲ့ရခြင်းတို့ကထိုဖြစ်ရပ်များကထိုဖြစ်ရပ်များ
ကိုသက်သေပြနေပါတော့သည်။ထိုအချိန်တွင်သူတို့အနေဖြင့်ဤနည်းလမ်းမျိုး
မှအပနိုင်ငံရေ့းပါတီများ၏လှုပ်ရှားမှုများကိုတားဆီးပိတ်ပင်ရန်အခြားနည်းလမ်း
မရှိတော့ပါ။

သူတို့ကမဖွင့်ရဲ၍ကျောင်းတွေပိတ်ထားသည်။လူ့ဘောင်သစ်ပါတီဗဟိုကော်မ
တီ၏ဦးဆောင်မှုဖြင့်ပညာသင်ကြားခွင့်မရသည့်ခလေးများကိုကျွန်တော်တို့ ပညာသင်ကြားပေးကြသည်။လူ့ဘောင်သစ်ပါတီရုံးခွဲများရှိရာဒေသတိုင်းရှိ
ဘုန်းကြီးကျောင်းများသည်ခလေးများအတွက်စာသင်ကျောင်းများဖြစ်လာ
ကြသည်။

မဖိနှိပ်ရလျှင်မနေနိုင်သောအကျုင့်ကြောင့်တောသူတောင်သားလယ်သမားများ
ကိုအမျိုးမျိုးအနိုင်ကျင့်ကြသည်။လူ့ဘောင်သစ်ပါတီဝင်များကတောကြိုအုံကြား
ထိဆင်းသွားပြီးလယ်သမားများနှင့်သူတို့ဘဝကိုမျှဝေခံစားကြသည်။သူတို့အရေး
ကိုဖေါ်ထုတ်၍တိုက်ပွဲဝင်ကြသည်။

နအဖကမှေးမှိန်ထားသောသမိုင်းဝင်အခမ်းအနားများကိုကျွန်တော်တို့ကျယ်ပြန့်
စွာကျင်းပကြသည်။ဥပမာ-သူတို့ကမတ်လ(၂၇)ရက်နေ့တမျိုးသားလုံး၏
ဖက်ဆစ်တော်လှန်ရေးနေ့ကိုတပ်မတော်နေ့ဟုကျင်းပသည်။ကျွန်တော်တို့က
ဖက်ဆစ်တော်လှန်ရေးနေ့ဟုအမည်တပ်၍ကျင်းပသည်။ပြည်ထောင်စုနေ့၊
အာဇာနည်နေ့ကဲ့သို့သောသူတို့မှေးမှိန်ထားသည့်အခမ်းအနားများကိုကျွန်တော်
တို့ကကျယ်ပြန့်စွာကျင်းပသည်။ထိုလုပ်ရပ်များကြောင့်လူ့ဘောင်သစ်ပါတီ၏
မြို့နယ်အဆင့်ECများသည်ပင်ရဲစခန်းမရောက်ဘူးသူမရှိ၊စစ်ဒေသရုံးရောက်သူ မဝတရုံးတွင်ခေါ်ယူခြိမ်းခြောက်ခံရသူတွေများလှပေသည်။

ကျွန်တော်တို့ကထိုဖြစ်ရပ်များကိုကျွန်တော်တို့၏တိုက်ပွဲဝင်မှုအပေါ်အသိအမှတ်
ပြုမှုဟုသဘောထားသည်။မတတ်နိုင်တော့သည့်အဆုံးတွင်၁/၈၈၊/၈၈အစရှိသည့်
မတရားအမိန့်များကိုထုတ်ပြန်ကြေငြာ၍ထိန်းချုပ်ရန်ကြိုးစားလာရတော့သည်။

ထိုအချိန်တွင်နအဖတို့အတွက်အလွန်ထိတ်လန့်ခြောက်ခြားစေသည့်အဖြစ်တခု
ပေါ်လာခဲ့သည်။ဒီမိုကရေစီမဟာမိတ်များအဖွဲ့အမည်ရှိအင်အားစုကြီးပေါ်ပေါက်
လာခြင်းပင်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊
အပါအဝင်ဒီမိုကရေစီဘက်တော်သားပါတီများ၏ပေါင်းစည်းမှုဖြစ်သည်။

ထို့ကြောင့်နဝတတို့သည်ဒီမိုကရေစီအင်အားစုများကိုဖြိုခွင်းရန်အပြင်းအထန်
ကြိုးစားတော့သည်။ထိုသို့ကြိုးစားနေစဉ်လူ့ဘောင်သစ်ပါတီ၏အကွဲအပြဲဖြစ်
ပေါ်လာရခြင်းဖြစ်သည်။တကယ်တော့ဖြစ်ရပုံသည်အထူးအဆန်းတော့မဟုတ်။
ပါတီတွင်းဗဟိုကော်မတီချင်းဝေဖန်မှုတခုမှစတင်ခဲ့ခြင်းဖြစ်သည်။

ပါတီဥက္ကဌကိုမိုးသီးဇွန်ကဒေါ်အောင်ဆန်းစုကြည်သို့အိတ်ဖွင့်ပေးစာအမည်
ဖြင့်သူ၏အားမလိုအားမရဖြစ်မှုနှင့်စေတနာကိုအများသိစေရန်ရေးသားဖေါ်
ထုတ်ခဲ့သည်။ထိုအပေါ်ဗဟိုကော်မတီအထွေထွေအတွင်းရေးမှုးကိုမိုးဟိန်းနှင့်
တွဲဘက်အတွင်းရေးမှုးကိုရဲနိုင်အောင်တို့မှထိုဖြစ်ရပ်အပေါ်ကိုအခြခံ၍မိုးသီးဇွန်
(သို့မဟုတ်)ကြိုးမဲ့လေတံခွန်အမည်ရှိစာတမ်းတစောင်ကိုထုတ်ပြန်ကြေငြာခဲ့
လေတော့သည်။

အကယ်၍များကိုမိုးသီးဇွန်သာဆက်ရှိနေသေးလျှင်ထိုပြဿနာသည်ကြီးမား
လိမ့်မည်မထင်။သို့သော်ဖမ်းမည့်ဆီးမည့်အခြေအနေများကြောင့်ကိုမိုးသီးဇွန်
ကတောခိုသွားပြီ။ငါပြန်လာခဲ့မယ်အမည်ရှိကဗျာလေးသာညီလာခံသို့ရောက်
လာတော့သည်။ထိုအချိန်တွင်အရေးပေါ်ခေါ်လိုက်ရသောညီလာခံတွင်ပြဿ
နာကြီးတရပ်ဖြစ်လာတော့သည်။

ရွှေဂုံတိုင်မြို့နယ်ရှိဝါးရုံပင်စခန်းဟုကျွန်တော်တို့ခေါ်သည့်ရန်ကုန်တိုင်းရုံးသည်
လူ့ဘောင်သစ်ပါတီသမိုင်းတွင်အစဉ်အလာရှိသောအခမ်းအနားများစွာကျင်းပ
ခဲ့ဘူးပါသည်။ဒီအကြိမ်တွင်ပါတီကွဲမည့်အခမ်းအနားတရပ်ကိုကျင်းပခဲ့ရပါသည်။
ပို၍ဝမ်းနည်းဖို့ကောင်းသည်မှာထိုအခမ်းအနားသည်ဝါးရုံပင်စခန်းအတွက်
နောက်ဆုံးအခမ်းအနားဖြစ်ခဲ့ရပါတော့သည်။

ယခုအချိန်တွင်မည်သူမှားသည်မှန်သည်ဟုကျွန်တော်မပြောလိုတော့ပါ။သို့ရာ
တွင်ကျွန်တော်တို့နှစ်ဖက်စလုံးဖြေရှင်းဆောင်ရွက်ခဲ့ကြပုံမှားခဲ့သည်ဟုတော့
ပြောရပါတော့မည်။ညီလာခံ၏ဆုံးဖြတ်ချက်မှကိုအောင်ဇေယျ၊ကိုသက်ထွန်း၊
ကိုသက်ဇော်(ကိုဇော်သက်ထွေး)၊ကိုရင်ထွေး၊ကိုဂျင်မီတို့ဦးဆောင်သောဗဟို
ကော်မတီတခုပေါ်ထွက်လာခဲ့သလို၊မကျေနပ်ကြသူများကလည်းကိုမိုးဟိန်း၊
ကိုရဲနိုင်အောင်တို့၏ဦးဆောင်မှုဖြင့်နောက်ထပ်ဗဟိုကော်မတီတခုထွက်ပေါ်
လာတော့သည်။လူ့ဘောင်သစ်ပါတီနှစ်ခြမ်းကွဲခဲ့ပါပြီ။

မည်သူတွေနစ်နာ၍မည်သူတွေအသာရခဲ့သည်ကိုပြော၍မရသော်လည်းပြည်သူ
တွေနစ်နာ၍နဝတအကျိုးအမြတ်ရခဲ့သည်ဟုတော့ကြိမ်းသေပြော၍ရပါသည်။
ထိုပါတီအကွဲအပြဲကိုပထမဦးဆုံးလက်ကမ်းကြိုဆိုခဲ့သူမှာလည်းနဝတ၏ရွေး
ကောက်ပွဲကော်မရှင်ပဲဖြစ်သည်။ပါတီနှစ်ဘက်စလုံးကိုသူတို့ဝမ်းမြောက်ဝမ်းသာ
အသိအမှတ်ပြုခဲ့ကြသည်။

နဝတကတော့သူတို့၏လမ်းစဉ်အတိုင်းတဖက်ကိုအသာချွေးသိပ်ထားပြီးကျန်
တဖက်ကိုခြေမှုန်းရန်ခြေလှမ်းပြင်လာပါတော့သည်။ပါတီသာကွဲခဲ့သော်လည်း
ကျွန်တော်တို့၏တိုက်ပွဲဝင်မှုများကရပ်တန့်မသွားပဲအဆက်မပြတ်ရှိနေခဲ့ခြင်း
လည်းပါပါလိမ့်မည်။ကိုအောင်ဇေယျဦးဆောင်သည့်ကျွန်တော်တို့ဖက်အခြမ်း
သည် နဝတ ၏ခြေမှုန်းဖြိုခွဲခြင်းကိုဦးစွာခံရပါတော့သည်။

ထိုအချိန်တွင်NLDမှစတင်ခဲ့သောမတရားသည့်အမိန့်အာဏာမှန်သမျှတာဝန်
အရဖီဆန်ကြဟူသည့်ဆောင်ပုဒ်ကိုမဟာမိတ်ပါတီတခုအနေဖြင့်ကျွန်တော်တို့
လည်းကိုင်စွဲ၍ဆက်လက်တိုက်ပွဲဝင်ခဲ့ကြပါသည်။

ပထမဦးဆုံးအဖမ်းခံရသူကညီလာခံမှဥက္ကဌဖြစ်လာသူရွှေဘိုသားကိုအောင်
ဇေယျဖြစ်ပါသည်။ပါတီရုံး၏ဝရံတာမှခွပ်ဒေါင်းအလံတော်ကိုဝှေ့ရမ်းပြီး
မောင်းပြန်ကိုဒေါင်းအလံနဲ့တိုက်မယ်ဟေ့ဟူသည့်သူ၏
ကြိမ်းဝါးသံကိုယခုစာရေးနေစဉ်ကြားယောင်နေမိပါသေးသည်။
(ဆက်လက်ဖေါ်ပြပါမည်)
ရွက်စိမ်း

No comments:

Post a Comment