11.20.2008

ကြေကွဲမှတ်တမ်း

နိုဝင်ဘာလ (၂၀) ရက်၊ နံနက် (၁) နာရီ (၁၀) မိနစ်အချိန်တွင် နှုတ်မဆက်ဘဲ ရုတ် တရက် ထွက်ခွာသွားခဲ့သည့် ကျောင်းသား တပ်မတော် (ABSDF) တပ်ရင်း (၈) မှ ရဲဘော်နေလ (ခ) ရဲဘော်မြင့်အောင် (ခ) ရဲဘော်ဂုရု (၃၆ နှစ်) အတွက် ကျန်ရစ်သူ မိသားစုနှင့် ထပ်တူထပ်မျှ အထူးဝမ်းနည်း ကြေကွဲမိပါကြောင်း မှတ်တမ်းပြုအပ်ပါ သည်။ ရဲဘော်ဂုရုသည် ပွင့်သစ်(ကရိန် ကန်)၊ မြင့်ဇေ၊ ကိုဖိုးဇေ ကလောင်အ မည်များဖြင့် ကဗျာများ၊ ဆောင်းပါးများ၊ ၀တ္တုတိုများ၊ ဟာသများ ရေးသားခဲ့ပြီး www.myintzay.blogspot.com (SHARING THE VARIOUS THOUGHTS) ဘလော့ဂ်ပိုင်ရှင် ဘလော်ဂါ ကိုဖိုးဇေ အဖြစ်လည်း လူသိများသည်။ အနှစ် (၂၀) ဒီမိုကရေစီတိုက်ပွဲအတွင်း လက်နက်ကိုင် တော်လှန်ရေးတာဝန်ဝတ္တရားများကို သစ္စာ ရှိစွာ ထမ်းရွက်ခဲ့သည့် ရဲဘော်ဂုရု ကောင်း ရာသုဂတိလားပါစေ ...။
ဒေါက်တာလွဏ်းဆွေဘလော့မှ

ကြေကွဲမှတ်တမ်း

ကြေကွဲစွာမှတ်တမ်းတင်ထားပါတယ်ဂုရုရေ....ညီလေးရေ...မင်းနဲ့ငါကတမြို့ထဲအတူ
တိုက်ပွဲဝင်ခဲ့ကြဘူးတယ်...ငါပါတီနိုင်ငံရေးလမ်းကြောင်းပေါ်ရပ်တည်ကျန်နေခဲ့ချိန်မှာ..
မင်းကမင်းယုံကြည်ရာနယ်မြေဆီဦးတည်သွားခဲ့တယ်..ငါတို့ရေစက်မကုန်လို့..ပြန်ဆုံ
ချင်တော့တပ်ရင်းတရင်းထဲပြန်တွေ့ကြပြန်ရော..မင်းနဲ့ငါကရေစက်မကုန်ပဲ..အကြိမ်
ကြိမ်..ပြန်ဆုံခဲ့ကြတယ်..။

တို့တွေပြောမနာ..ဆိုမနာနဲ့..ရှိတာလေးတွေဝေမျှစားရင်း...ငှက်ဖျားတက်ရင်း...တိုက်ပွဲ
ဝင်ရင်း...နေခဲ့ရတဲ့..ကရိန်ကန်ချောင်းဘေးက....စခန်းလေးကို...အခု....ငါသတိရနေ
တယ်....။

ဟိုး........ရေးတောင်ပိုင်းက...အရုတောင်တိုက်ပွဲမှာ...မင်းပျောက်ကျန်ခဲ့တော့..အားလုံး
ကကျသွားပြီမှတ်နေချိန်မှာတောင်...မင်းပြန်လာခဲ့တယ်...

အခုလဲပဲ..ငါမျှော်လင့်ချင်တယ်..
.။
ဒီတခါတော့....ပြန်မလာနိုင်မယ့်..လမ်းကိုမင်းအပြီးထွက်သွားပြီပေါ့..ထွက်သွားပြီပေါ့
နော်...။

မင်းဖြတ်သန်းခဲ့တဲ့...မင်းယုံကြည်တဲ့....လမ်းကြောင်းမှာ....မယိုင်မလဲ..ခိုင်ခိုင်မြဲမြဲနဲ့....
ရပ်တည်ခဲ့တာတွေအတွက်...ဂုဏ်ယူပါတယ်.....သူငယ်ချင်းရယ်...ညီလေးရယ်....မင်း
တာဝန်ကြေပါတယ်....။

ရွက်စိမ်း



No comments:

Post a Comment