Showing posts with label သတင်းပဒေသာ. Show all posts
Showing posts with label သတင်းပဒေသာ. Show all posts

7.02.2011

ဒေါ်အောင်ဆန်းစုကြည် သြစတြီးယား နိုင်ငံခြားရေးဝန်ကြီးနှင့် သွားရောက်တွေ့ဆုံ

ရန်ကုန်၊ ဇူလိုင် ၂။

သြစတြီးယား နိုင်ငံခြားရေးဝန်ကြီး Kevin Rudd သည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သြစေကြီးယား သံအမတ်ကြီး၏ နေအိမ်တွင် ယနေ့နံနက် ၁၁ နာရီမှ နေ့လည် ၂ နာရီ အထိ တွေ့ဆုံဆွေးနွေးခဲ့ပြီး သံမတ်ကြီး Ms. Bronte Moules က နေ့လည်စာ ဖြင့် တည်ခင်း ဧည့်ခံခဲ့ပါသည်။
တွေ့ဆုံဆွေးနွေးမှုနှင့် ပါတ်သက်၍ နှစ်ဖက်လုံးက ထုတ်ပြန်ပြောကြားရန် ငြင်းဆိုခဲ့ပါသည်။
သြစကြီးယား နိုင်ငံခြားရေးဝန်ကြီး၏ ခရီးစဉ်သည် ၂၀၀၂ ခုနှစ်က လာရောက်ခဲ့သော Alexander Downer ၏ ခရီးစဉ်နောက်ပိုင်း ကိုးနှစ်အတွင်း ပထမဆုံး နိုင်ငံခြားရေးဝန်ကြီး ခရီးစဉ် ဖြစ်ပါသည်။
နိုင်ငံခြားရေးဝန်ကြီးသည် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် မနေ့က နေ့လည်ပိုင်းက နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ ဦးသိန်းစိန်နှင့် မတွေ့ဆုံခင်ကလည်း နိုင်ငံခြားရေးရုံးတွင် နိုင်ငံခြားရေးဝန်ကြီး ဦဝဏ္ဏမောင်လွင်နှင့်လည်း နေ့လည် ၁၂ နာရီတွင် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ နိုင်ငံပိုင် သတင်းစာများက စီးပွါးရေးဆက်ဆံမှုအတွက် ဆက်ဆံမှုနှင့် ရင်းနှီးမှု တည်ဆောက်ခြင်း ဖြစ်သည်ဟု ရေးသားဖေါ်ပြခဲ့ ကြပါသည်။
Kevin Rudd သည် ဇွန်လ ၃၀ ရက်နေ့က မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ပြီး ယနေ့ ညနေပိုင်းတွင် ပြန်လည် ထွက်ခွါမည် ဖြစ်ပါသည်။
ပြည်တွင်းသတင်းထောက်(ရွှေဝါရောင် သတင်းလွှာ)

ရပ်ထားရသော ရေအားလျှပ်စစ် စီမံကိန်းများကြောင့် ကချင်ဒေသ စစ်ရေးတင်းမာလာနေ

ရန်ကုန်၊ ဇူလိုင် ၁။
တိုက်ခိုက်ရေးအင်အား ရှစ်ထောင်ခန့်ရှိသည့် အင်အားကြီးများသော KIA တပ်များ၏ ဆန့်ကျင်မှုကြောင့် ကချင်ပြည်နယ်အတွင်း ဆောက်လုပ်နေသော ရေအားလျှပ်စစ် စီမံကိန်းများကို လုံခြုံရေး အခြေအနေအရ ရပ်တန့်ထားရသည်ဟု ကချင်ပြည်နယ်မှလာသော သတင်းပေးပို့ချက် များမှ သတင်းရရှိပါသည်။
ရေအားလျှပ်စစ် စီမံကိန်း ၇ ခုထဲမှ တရုတ်နိုင်ငံ Datang ( Yunnan ) United Hydropower Developing ( DUHD ) ကုမ္ပဏီနှင့် မြန်မာ့ အမှတ်(၁) လျှပ်စစ်စွမ်းအင် ဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်နေသည့် တာပိန်ရေအားလျှပ်စစ် စီမံကိန်း၊ Lashsa ရေအားလျှပ်စစ် စီမံကိန်းနှင့် ၂၀၀၉ ဒီဇင်ဘာ ၂၁ က စီမံကိန်းဖွင့်ပွဲ ပြုလုပ်ခဲ့သော မြန်မာနိုင်ငံ၏ အကြီးဆုံး မြစ်ဆုံရေအား လျှပ်စစ် စီမံကိန်းများကို ယခုအခါ ရပ်ဆိုင်း ထားလိုက်ရပြီ ဖြစ်ပါသည်။
မြစ်ဆုံရေကာတာကို တရုတ်နိုင်ငံမှ China Power Investment ( CPI ) ကုမ္ပဏီနှင့် မြန်မာ့ လျှပ်စစ်စွမ်းအင် ဝန်ကြီးဌာနနှင့် Asia World ကုမ္ပဏီတို့မှ တာဝန်ယူ ဆောင်ရွက်နေခြင်းဖြစ်ပြီး မီဂါဝပ် ၆၀၀၀ ထွက်ရှိမည့် စီမံကိန်းဖြစ်ပြီး ပြီးဆုံးခဲ့လျှင် မြန်မာ့ အကြီးဆုံးနှင့် ကမ္ဘာ့ ၁၅ခုမြောက် အကြီးဆုံး ရေအားလျှပ်စစ်စီမံကိန်း ဖြစ်လာမည် ဖြစ်ပါသည်။
ထိုသို့ရပ်ဆိုင်းထားရခြင်းကြောင့် ဦးသိန်းစိန်အစိုးရက အပစ်ရပ် KIA အဖွဲ့ကို တိုက်ခိုက်ရန်အတွက် စစ်သားများနှင့် လက်နက်ခဲယမ်းမီးကျောက်များကို မြစ်ကြီးနားသို့ အခုရက်များအတွင်း စေလွှတ် တင်ပို့ နေသည်ဟု သတင်းများက ဆိုပါသည်။
တချိန်တည်းမှာပင် ဆိုးရွားနေသော လက်ရှိအစိုးရနှင့် KIA တို့ကြား ပြေလည်စေရေး ကြိုးပမ်း အဖြေရှာ နေမှုအပေါ် ကချင်ပြည်နယ် ပါလီမန်နှင့် စစ်ကိုင်းဒေသကြီး ပါလီမန်တို့်တွင် ဆွေးနွေးချက်များကို ပယ်ချ လိုက်ပြီ ဖြစ်ပါသည်။
KIA တပ်ဖွဲ့များသည် ဇွန်လ ၁၄ ရက်နှင့် ၁၆ ၇က်များအတွင်းက တံတား ၂၅ စင်းကို ချိုးဖျက်ခဲ့သလို၊ မြစ်ကြီးနား မန္တလေးသွား ရထားလမ်းမှ ရထားကူး ပိန်ချောင်း တံတားကို ဇွန်လ ၂၁ ရက်နေ့က ထပ်မံ ဖေါက်ခွဲခဲ့ရာ ယခုအခါ မြစ်ကြီးနားနှင့် မန္တလေး ရထားလမ်း ရပ်တန့်နေပြီဟု မြစ်ကြီးနား မြို့ခံတဦးက ပြောကြောင်း  သတင်းပေးပို့ချက်က ဆိုပါသည်။ 
ပြည်တွင်းသတင်းထောက်(ရွှေဝါရောင် သတင်းလွှာ) 

ဂျပန်ပါလီမန် ဒုတိယဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကို သွားရောက်တွေ့ဆုံ

ရန်ကုန် ၊ ဇွန် ၂၉။
ဂျပန် နိုင်ငံခြားရေးရာ ပါလီမန် ဒုတိယဥက္ကဌ Ms. Makiko Kikuta သည် ဒေါ်အောင်ဆန်းစုကြည်နှင့် ယနေ့နေ့လည်ပိုင်းက NLD ပါတီ ဌာနချုပ်တွင် တနာရီကျော် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

ဆွေးနွေးမှုနှင့် ပါတ်သက်သော အသေးစိတ် အချက်အလက်များကို ထုတ်ပြန်ခြင်း မရှီသော်လည်း ဆွေ့ဆုံဆွေးမှုသည် ရင်နှီးမှုကို မြန်မာအစိုးရနှင့် ဂျပန်အစိရုးကြားတွင်သာမက ဂျပန်နှင့် မြန်မာပြည်သူများ ကြားတွင်ပါ တည်ဆောက် သွားနိုင်ရေးကို အလေးထားခဲ့သည်ဟု ဒေါ်အောင်ဆန်းစုကြည်ကဆိုပါသည်။
ထို့အတူ မြန်မာနိုင်ငံသားများကိုယ်စား ဂျပန်ငလျှင်နှင့် ရေးဘေးဒဏ် ခံစားခဲ့သူများအတွက် စာနာ ထောက်ထားကြောင်း ပြောပြခဲ့သည်ဟုလည်း ဆိုပါသည်။ အခြားဆွေးနွေးသည် ကိစ္စများကိုမူ ဂျပန်ဘက်မှ အများပြည်သူ သိရန် ထုတ်ဖေါ်စေလိုခြင်း မရှိဟုလည်း ဆိုပါသည်။
Ms.Makiko Kikuta သည် မနေ့က နံနက်စောစောပိုင်းတွင် နေပြည်တော်တွင် ကျင်းပခဲ့သည့် ဂျပန်အစိုးက မြန်မာအစိုးရသို့ စားသောက်ကုန်များကို ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်မှ တဆင့် လွဲပြောင်းပေးအပ်သည့် အခမ်းအနား အစီအစဉ်ကိုလည်း တက်ရောက်ခဲ့ပါသည်။
ထိုအစီအစဉ်မှ မြန်မာနိုင်ငံသို့ ဂျပန်နိုင်ငံက ဒေါ်လာ ၅.၈ သန်း တန်ဖိုးရှိ စားသောက်ကုန် တန်ချိန် ၁၇၀၀ နှင့် စားသုံးဆီ ၁၆၂၅ တန်ကို လှူဒါန်းခဲ့ပါသည်။ ဂျပန်နိုင်ငံသည် ၂၀၁၀ နှစ်ဦးပိုင်းလည်း အမေရိကန်ဒေါ်လာ ၅.၄၈၉ သန်း တန်ဖိုးရှိ စားသောက်ကုန် ၁၀၀၀ တန်နှင့် ပဲ ၄၁၆၄ တန်ကို လှူဒါန်းခဲ့ဖူးပါသည်။ ထိုလှူဒါန်းပွဲတွင် Ms. Makiko Kikuta က ယခုလာရောက်ခြင်းသည် ဂျပန်နှင့် မြန်မာအကြား ဆက်ဆံမှုကဏ္ဍအသစ်တခု ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း ပြောပြခဲ့ပါသည်။ ထိုနောက် အထောက်အကူပစ္စည်းများ အတွက် စာရွက်စာတမ်းများကို ကမ္ဘာ့စားနပ်ရိက္ခာ အဖွဲ့မှ ဌာနေ တာဝန်ခံထံ ပေးအပ်ခဲ့ပါသည်။
ထိုအခမ်းအနားကို နယ်စပ်ဒေသရေးရာနှင့် စက်မှုဖွံ့ဖြိုးတိုးတက်ရေး ပြညန်ထောင်စုဝန်ကြီး ဦးသိန်းဌေးနှင့် အဆင့်မြင့် ဝန်ကြီးများ တက်ရောက်ကြကြောင်း သိရပါသည်။
သူမသည် ထိုနောက်ပိုင်းတွင် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် ပြည်သူလွတ်တော် ဒုတိယပြောရေးဆိုခွင့်ရှိသူ ဦးနန္ဒကျော်စွာ တို့နှင့်လည်း သီးခြားတွေ့ဆုံဆွေးနွေးခဲ့သည်ဟု ဆိုပါသည်။
သူမသည် ယနေ့ညနေပိုင်းတွင် ဂျပန်နိုင်ငံသို့ ပြန်လည်ထွက်ခွာမည်ဟု သတင်းရရှိပါသည်။ 
ပြည်တွင်းသတင်းထောက် (ရွှေဝါရောင် သတင်းလွှာ) 

6.21.2011

ဥရောပသမဂ္ဂ ကိုယ်စားလှယ်အဖွဲ့ ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံ

ရန်ကုန် ၂၁ ဇွန် ၊ ၂၀၁၁ ။
ဥရောပ သမဂ္ဂ အထူးအကြံပေးပုဂ္ဂိုလ် ရောဘတ် ကူးပါး (Robert Cooper) ဦးဆောင်သော အဖွဲ့သည် ယနေ့ ညနေပိုင်းက မြန်မာ့ ဒီမိုကရေစီ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ နေအိမ်တွင် နှစ်နာရီကြာခန့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
ယနေ့ည ၈နာရီခန့်တွင် ပြီးဆုံးခဲ့သော တွေ့ဆုံဆွေးနွေးပွဲ အပြီးတွင် ဥရောပ သမဂ္ဂ၏ ကိုယ်စားလှယ်များက သတင်းထောက်များကို ဆွေးနွေးပွဲနှင့် ပါတ်သက်သော အသေးစိတ် အချက်အလက်များကို ပြောပြရန် ငြင်းဆိုခဲ့ပါသည်။
သတင်းထောက်များက ဒေါ်အောင်ဆန်းစုကြည်ကို ဥရောပသမဂ္ဂက မြန်မာနိုင်ငံအပေါ် စီးပွါးရေး ပိတ်ဆို့မှုများကို ရုတ်သိမ်းရန် ပြင်ဆင်နေသလားဆိုသည့် မေးမြန်းချက်အပေါ် ဒေါ်အောင်ဆန်းစုကြည်က လွန်ခဲ့သည့် လအနည်းငယ်ကမှ ဥရောပ သမဂ္ဂက သူတို့၏ စီးပွါးရေး ပိတ်ဆို့မှုကို သက်တမ်းတိုးခဲ့ခြင်းသာ ဖြစ်သည်ဟု သူမအနေဖြင့် နားလည်ကြောင်း သတင်းထောက်များကို ပြောပြခဲ့ပါသည်။
သူမအနေဖြင့် ဥရောပ သမဂ္ဂ ကိုယ်စားလှယ်များကို လက်ရှိ တိုင်းရင်းသား လူမျိုးစုများကို စစ်အုပ်စုက တိုက်ခိုက်နေသော စစ်ရေးဆိုင်ရာ အကြပ်အတည်းများ အကြောင်းကို ပြောပြခဲ့ပြီး ထိုအကြပ် အတည်းများကို ပြေလည်ရန်မှာ တွေ့ဆုံဆွေးနွေး အဖြေရှာရေးသာ ဖြစ်သည်ဟု ပြောပြခဲ့ကြောင်း သတင်းထောက်များကို ပြောပြခဲ့ပါသည်။
ပြည်တွင်းသတင်းထောက် (ရွှေဝါရောင် သတင်းလွှာ)

အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး ခရီးစဉ် မြန်မာ တီဗီထုတ်လွှင့်

ရန်ကုန်၊ ဇွန် ၂၁။

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး S.M Krishna သည် ယနေ့ညနေ ငါးနာရီက မြန်မာအစိုးရ ဒုတိယသမ္မတ (၁) သီဟသူရ တင်အောင်မြင့်ဦးနှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်ဟု စစ်အုပ်စု အစိုးရပိုင် တီဗီင်္မှ ယနေ့ညနေ ၈နာရီ သတင်းတွင် ကြေငြာသွားခဲ့ပါသည်။ ထိုသို့ တွေ့ဆုံဆွေးနွေးပွဲသို့ မြန်မာ့ ငါးလုပ်ငန်းနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီး ဦးတင်နိုင်သိန်းနှင့် မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့လည်း တက်ရောက်ခဲ့သည်ဟု ဆိုပါသည်။
ထိုသို့တွေ့ဆုံဆွေးနွေးမှုသည် မြန်မာနိုင်ငံနှင့် အိန္ဒယနိုင်ငံတို့ ပိုပို ကျယ်ပြန့်စွာ ပူးပေါင်းဆောင်ရွက် နိုင်ရေး အတွက် ရည်ရွယ်သည်ဟု အမည် မဖေါ်လိုသူ မြန်မာ အစိုးရ အရာရှိတစ်ဦးက ဆိုပါသည်။
ထိုခရီးစဉ်အတွင်း ဒေါပုံမြို့နယ်တွင် အိန္ဒိယနိုင်ငံ၏ အကူအညီဖြင့် တည်ဆောက်ခဲ့သော တန်ချိန် ငါးရာဆန့်မည့် စပါးသိုလှောင်ရုံများ၏ တည်ဆောက်မှု စာရွက်စာတမ်းများကိုလည်း အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးထံပေးအပ်ခဲ့သည်ဟု တီဗီသတင်းက ဆိုပါသည်။

6.20.2011

ကြံ့ဖွံ့ အစိုးရ ဒုတိယ သမ္မတ ဥရောပ သမဂ္ဂ ဒုတိယဥက္ကဌကို နေပြည်တော်တွင် တွေ့ဆုံ

ရန်ကုန်၊ ဇွန် ၂၀ ။
ဥရောပ သမဂ္ဂရဲ့ ဒုတိယ ဥက္ကနှင့် နိုင်ငံခြားရေးရာ အထူးအကြံပေးပုဂ္ဂိုလ် ရောဘတ် ကူးပါး (Robert Cooper) ဦးဆောင်သော သံတမန် အဖွဲ့သည် နိုင်ငံတော် ဒုတိယ သမ္မတ (၁) သီဟသူရ ဦးတင်အောင်မြင့်ဦးနှင့် ယနေ့ ညနေ ၄နာရီက နေပြည်တော် တွင် တွေ့ဆုံခဲ့ကြောင်း မြန်မာ အစိုးရ တီဗီက ယနေ့ည ၈နာရီ သတင်းတွင် ကြေငြာသွားခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ၏ သံတမန် Mr. David Lipman လည်း တက်ရောက်ခဲ့သည်ဟု ဆိုပါသည်။
ထိုကဲ့သို့ ဒုတိယ သမ္မတနှင့် မတွေ့ဆုံခင် ယနေ့ နေ့လည်ပိုင်း ၂နာရီ ၃၀ က နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့ကြောင်းလည်း ကြေငြာသွားခဲ့ပါသည်။ 
ပြီးခဲသော ဧပြီလက ဥရောပ သမဂ္ဂက မြန်မာနိုင်ငံအပေါ် စီးပွါးရေးပိတ်ဆို့ထားမှုကို တနှစ် သက်တမ်းတိုး ခဲ့သော်လည်း မြန်မာအစိုးရသစ်၏ သဘောထားကို သိရှိနိုင်ရန် တွေ့ဆုံဆွေးနွေးရန် လာရောက်ခြင်း ဖြစ်သည်ဟု ဆိုပါသည်။
ဥရောပ သမဂ္ဂ၏ သံတမန် အဖွဲ့ဝင်များသည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် မနက်ဖြန်ညနေ ၆ နာရီတွင် သွားရောက်တွေ့ဆုံ ဆွေးနွေးမည်ဟု ဆိုပါသည်။
ပြည်တွင်းသတင်းထောက် (ရွှေဝါရောင် သတင်းလွှာ) 

4.23.2011

မြန်မာ့သတင်း ကမ္ဘာ့သတင်း

Syrian anti-government protesters march during a demonstration following Friday prayers near Damascus, April 22, 2011
ဓာတ်ပုံ AP

ဆီးရီးယားရဲတွေ ပစ်ခတ်လို့ ဆန္ဒပြသူ ၇၀ ကျော်သေဆုံး

ဆီးရီးယားမှာ အစိုးရဆန့်ကျင့် ဆန္ဒပြမှုတွေ ဆက်လက်ဖြစ်ပွားနေပြီး လုံခြုံရေးရဲတွေရဲ့ ပစ်ခတ်မှုကြောင့် လူ ၇၅ ဦးထက်မနည်း မနေ့က သေဆုံးခဲ့ပါတယ်။
သတင်းအပြည့်အစုံ | နားဆင်ရန်
အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းများအား အရှိန်တိုးမြှင့်လုပ်ဆောင်ကြပါရန် တိုက်တွန်းနှိုးဆော်ချက်



ဈေးသည်များကို NLD အတိုးမဲ့ ချေးငွေ ထုတ်ချေး

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်၏ ကူညီပံ့ပိုးမှုဖြင့် အဖွဲ့ချုပ် ဗဟိုအမျိုးသမီး အဖွဲ့သည် ငွေကျပ် ၁၀ သိန်းကို
ငွေကြေးအစားထိုး ပစ္စည်းသုံးလျှင် အရေးယူခံရမည်

ငွေကြေးအစားထိုး ပစ္စည်းသုံးလျှင် အရေးယူခံရမည်

ကျပ် ၁၀၀ တန်၊ ကျပ် ၂၀၀ တန် ငွေစက္ကူများ ရှားပါးနေသောကြောင့် ဈေးဝယ်စင်တာများ၊ မြို့တွင်း ပြေးဆွဲနေသော ယာဉ်လိုင်းများက ကူပွန်များ၊ ဆေးလိပ်၊ ကော်ဖီမစ်၊

၈၈ ကျောင်းသား ခေါင်းဆောင်များ ကျန်းမာရေး ဆိုးဝါးနေ

ရှမ်းပြည်နယ် ကျိုင်းတုံထောင်၌ ထောင်ဒဏ် ၆၅ နှစ် ချမှတ်ခံထားရသည့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်သည် နှလုံးရောဂါကြောင့် မူးဝေသည့်

ထိုင်းနှင့် မြန်မာ တချိန်တည်း ရုပ်သံလိုင်းပြတ်တောက်မှုဖြစ်

ထိုင်းနိုင်ငံတွင် အာဏာသိမ်းမည် ဆိုသော ကောလာဟလ သတင်းများ ထွက်ပေါ်ခဲ့ပြီး ထိုင်း ရုပ်သံလိုင်းတချို့ ပြတ်တောက်ခြင်း များရှိသကဲ့သို့ မြန်မာနိုင်ငံတွင်လည်း မြန်မာ့
2011-04-22

လူငယ်ကွန်ရက် လှုပ်ရှားမှုမှာ ပြည်ပရောက် မြန်မာများ ပါဝင်ဖို့ NLD တိုက်တွန်း

2011-04-22
မြန်မာ လူငယ်ကွန်ရက်အဖွဲ့တွေ ဆောင်ရွက်နေတဲ့ လက်မှတ်ရေးထိုး တောင်းဆိုတဲ့ လှုပ်ရှားမှုမှာ ပြည်ပနိုင်ငံတွေမှာ ရောက်နေတဲ့ မြန်မာနိုင်ငံသား တွေ ပါဝင်ကြဖို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဒီကနေ့ တိုက်တွန်းလိုက်ပါတယ်။
2011-04-23

အမေရိကန်တွေ မြန်မာစာ မြန်မာစကား သင်

အမေရိကန်နိုင်ငံမှာ မြန်မာတွေ အနေများတဲ့ ဖို့ဝိန်းမြို့မှာ အမေရိကန် အရာရှိတွေက ဗမာစာ ဗမာစကားကို စိတ်ဝင်တစား သင်ယူနေကြပါတယ်။
2011-04-23

ပုဂ္ဂလိကကျောင်းတွေ ဖွင့်ခွင့်ပေး

လာမယ့် စာသင်နှစ်မှာ မြန်မာအစိုးရက ပုဂ္ဂလိက ပညာသင်ကျောင်းတွေကို တရားဝင် ဖွင့်လှစ်ခွင့် ပေးတော့မယ်လို့ သိရပါတယ်။
2011-04-23

အမျိုးသား ပြန်လည်သင့်မြတ်ရေး ဆောင်ရွက်ဖို့ RNDP ခေါင်းဆောင် ပြောကြား

မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး ဖြစ်ပေါ်လာဖို့ လက်မှတ်ထိုး မေတ္တာရပ်ခံစာ ပေးပို့တဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးခေါင်းဆောင်တွေရဲ့ သဘောထားကို သမ္မတသစ် ဦးသိန်းစိန်အစိုးရ အနေနဲ့ ဆောင်ရွက် ပေးနိုင်မယ်လို့ မျှော်လင့်ကြောင်း ရခိုင် တိုင်းရင်းသား များ တိုးတက်ရေးပါတီက ပြောကြားလိုက်ပါတယ်။
2011-04-23

မလေးရှားမှာ မြန်မာအလုပ်သမားတွေ ဆန္ဒပြ

မလေးရှားနိုင်ငံ ဂျိုဟိုးပြည်နယ်က ကြွေထည်ပစ္စည်း ထုတ်လုပ်တဲ့ INNO CERAMITEC စက်ရုံက မြန်မာ အလုပ်သမားတွေဟာ မတရား ခိုင်းစေခံရမှု၊ အလုပ်သမား အခွင့်အရေး ဆုံးရှုံးမှုတွေနဲ့ ပတ်သက်ပြီး အလုပ်မဆင်းဘဲ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြရာမှာ အာဏာပိုင်တွေက အကြမ်းဖက်ဖြိုခွဲပြီး ဆန္ဒပြခေါင်းဆောင် ၂ ဦးကို ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
လက်မှတ် ၅ဝဝ ကျော်ကို သမ္မတထံ ပို့မည်
theinsein1s၅ ရက်ကြာ ကောက်ခံခဲ့သည့် နိုင်ငံရေး အကျဉ်း သားများ လွတ်မြောက်ရေး လက်မှတ် ၅ဝဝ ...

သုတစွယ်စုံစာပေဆု နာမည်ကြီး စာရေးဆရာများ ရရှိ
၆ ကြိမ်မြောက် သုတစွယ်စုံ စာပေဆုကို ဧပြီလ ၂ဝ ရက်နေ့တွင် ကြေညာရာ မောင်ခင်မင် ...
လမ်းဂိတ်နှင့် နွေစပါးကိစ္စ ရှမ်းပြည်နယ် အစိုးရ ပယ်ဖျက်
SNDPရှမ်းပြည်နယ်အစိုးရ ရှိလာပြီးနောက် မန္တလေး- မူဆယ် လမ်းတလျှောက် စစ်ဆေးရေး ...
ဝက်နားရွက်ပြာအကြောင်း နေပြည်တော်တွင် ပညာပေး
ဝက်နားရွက်ပြာရောဂါ ဧပြီလဆန်းပိုင်းမှစ၍ ကူးစက်ပျံ့နှံ့နေသဖြင့် မွေးမြူရေးနှင့် ...ကြံ့ဖွံ့က အလောင်းလုမှု ကြုံရဟု ဦးကျော်သူ ပြော
နာရေး ကူညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကို တွေ့မြင်ရစဉ်။နာရေးကူညီမှု လုပ်ရာတွင် ကြံ့ခိုင်ဖွံ့ဖြိုးရေးက လာရောက် အလောင်းလုမှုများကို ကြုံတွေ့ ...

လက်တော့ပ်ကို ရထားပေါ်သယ်ရင် တန်ဆာဆောင်ဖို့လို
Train-headမြန်မာနိုင်ငံက ရထားပေါ်ကို သင်၏ ခရီးဆောင် ကွန်ပြူတာ လက်တော့ပ်အား ယူသွားပါက ...
ဒေါ်စု၏ ကမ္ဘာတွင်းသို့ ခေတ္တ ဝင်ရောက်ခြင်း
Aung San Suu Kyiမြန်မာ့ဒီမိုကရေစီ လှုပ်ရှားမှုရဲ့ သူရဲကောင်းဖြစ် တဲ့ သူဟာ စားပွဲပေါ် သူ့လက်တွေကို ...
ထောက်လှမ်းရေး မျက်လုံးအောက်က နိုင်ငံ
Photographedအဖြစ်အပျက်က ရယ်စရာကောင်းပေမယ့် ကျမ လည်း နည်းနည်းတော့ လန့်လာပါတယ် ...
ထိုင်းတွင် တရားမဝင် လုပ်သားများ မှတ်ပုံတင်ခွင့် ခွင့်ပြုမည်
တရားမဝင် ရွှေ့ပြောင်း လုပ်သားများအတွက် မှတ်ပုံတင် အသစ်ပြုလုပ်ခွင့်ကို မကြာခင် ဖွင့်လှစ် ...

ထိုင်း-မြန်မာ အထူး စီးပွားရေးဇုန် ဖြစ်လာမည့် မဲဆောက်

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် တည်ထောင်မည့် အထူး စီးပွားရေးဇုန် စီမံကိန်းအတွက် ကျွမ်းကျင်သူများအဖွဲ့ ငှားရမ်းရန် ဘတ်ဂျက်ကို ထိုင်းအစိုးရက အတည်ပြုလိုက်...

more

 

more

 

more

 

more

 

more

 

more

 

more
ငါးနှစ်အတွင်း မိုဘိုင်းဖုန်း အဆ ၃၀ နီးပါး တိုးပွားအောင်လုပ်မည်ဟုဆို
မိုးမခ အထောက်တော်၊ ရန်ကုန်
ဧပြီ ၂၃၊ ၂၀၁၁
ယမန်နေ့က နေပြည်တော် သမ္မတရုံးတွင် ကျင်းပသည့် အထူးစီမံကိန်းများ အကောင်အထည်ဖေါ်ရေး အဖွဲ့၏ ညှိနှိုင်း အစည်းအဝေးတွင် ဆက်သွယ်ရေး ၀န်ကြီးက လာမည့် ငါးနှစ်အတွင်း မိုဘိုင်းဖုန်း လိုင်းပေါင်း သန်း ၃၀ ဖြစ်အောင် လုပ်မည်ဟု ပြောဆိုလိုက်သည်။
အပြည့်အစုံသို့ ...
 
စင်္ကာပူက မြန်မာအိမ်တွင်းမှုအလုပ်သမတွေရဲ့ ဘ၀ တစေ့တစောင်း
မိုးမခအထောက်တော် စင်္ကာပူ
ဧပြီ ၂၃၊ ၂၀၁၁
အခု ပြောချင်တာက အယင်လတုန်းက မြန်မာအမျိုးသမီးတွေအချို့ စင်္ကာပူပြည်ပမှာ အိမ်တွင်းမှုအလုပ်သမ (ရိုးရိုးအခေါ် - အိမ်ဖော်) အဖြစ် အလုပ်ပွဲစားတွေကတဆင့် လာရောက် အလုပ်လုပ်ကိုင်နေကြတဲ့ အကြောင်းကို ဆက်ရေးမှာ ဖြစ်ပါတယ်။ စင်္ကာပူက အလုပ်အေဂျင်စီ၊ စင်္ကာပူ အစိုးရ၊ စင်္ကာပူက အိမ်ထောင်စုများ (မြန်မာမိသားစုတွေ အပါအ၀င်) က အိမ်တွင်းမှုအလုပ်သမ ဈေးကွက်ကို အားပေးတယ်၊ လိုအပ်တယ်။ သည်လုပ်ငန်းဟာ အစိုးရ၊ အိမ်ထောင်စု၊ အလုပ်သမားအေဂျင်စီ၊ အလုပ်သမားများအတွက် ၀င်ငွေ ဒေါ်လာ စင်္ကာပူ သန်းချီတဲ့ စီးပွားရေးလုပ်ငန်းကြီး ဖြစ်ပါတယ်။ 
အပြည့်အစုံသို့ ...
 
ယခင်သန်းရွှေ၏ အထူးစီမံကိန်းများ အကောင်အထည်ဖေါ်ရေးအဖွဲ့ဥက္ကဌ ဦးသိန်းစိန်ဖြစ်လာ
မိုးမခအထောက်တော် ရန်ကုန်
ဧပြီ ၂၃၊ ၂၀၁၁
ယခင် နအဖ စစ်အစိုးရ ဥက္ကဌဖြစ်သူ ဗိုလ်ချုပ်မှူးကြီး သန်းရွှေတာဝန်ယူခဲ့သည့် အထူးစီမံကိန်းများ အကောင်အထည်ဖေါ်ရေး အဖွဲ့ဥက္ကဌရာထူးကို လက်ရှိ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အားလွှဲအပ်ခဲ့ သည်ကိုယနေ့ထုတ် အစိုးရ သတင်းစာဖေါ်ပြချက် အရသိရှိရသည်။
ယနေ့ထုတ် သတင်းစာတွင် အဆိုပါ အဖွဲ့၏ ၂၀၁၁ ခုနှစ်အတွက် ပထမဆုံး အကြိမ် အစည်းအဝေးတွင် ဥက္ကဌဖြစ်သူ ဦးသိန်းစိန်ဟု ဖေါ်ပြပါရှိပြီး လမ်းတံတားဖေါက်လုပ်ရေး၊ ရေနံနှင့် သဘာဝဓါတ်ငွေ ထုတ်လုပ်မှု၊ စက်မှုလုပ်ငန်း စီမံကိန်းများ တယ်လီဖုန်း ဆက်သွယ်ရေး နှင့်ပတ်သက်သည့် ကိစ္စများဆွေးနွေးခဲ့သည်ဟု ဖေါ်ပြထားသည်။
အဆိုပါရာထူးမှာ ဆယ်စုနှစ်တစ်ခုကျော်ကြာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေတာဝန်ယူထားသည့် ရာထူးဖြစ်သည်။

အပြည့်အစုံသို့ ...
 
အစိုးရသစ်က “လွတ်ငြိမ်းချမ်းသာခွင့်”ပေးပါ့မလား
တူမောင်ညို
မိုုးမခ၊ ဧျပီၤ ၂၃၊ ၂၀၁၁
နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေး၊“လွတ်ငြိမ်းချမ်းသာခွင့်” စတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီး အခုတလောမှာ တောင်း ဆိုချက်တွေထုတ်ပြန်ကြ၊ လက်မှတ်ရေးထိုးတဲ့လှုပ်ရှားမှုတွေလုပ်ဆောင်ကြ စတဲ့ကိစ္စတွေကို ကျနော့်မိတ်ဆွေနဲ့ကျနော် သူ့အမြင် ကိုယ့်အမြင်ဆွေးနွေးဖြစ်ပါတယ်။ အဲဒီလိုပြောဆိုဆွေးနွေးတာတွေကို မိတ်ဆွေများလည်းစိတ်ဝင်စားတယ်ဆိုရင်ဖြင့် ပါဝင်ဆွေးနွေး ပြောဆိုနိုင်ဖို့ တင်ပြလိုက်တာပါ။

(ကျနော် )                 လွန်ခဲ့တဲ့ မတ်လ ၁ ရက်နေ့က “လွတ်ငြိမ်းချမ်းသာခွင့်”အကြောင်း ခင်ဗျားနဲ့ကျနော် ဆွေး နွေးကြရာမှာ “ဆက်စပ်ဆွေးနွေးစရာတွေပေါ်လာတဲ့အခါ ထပ်ပြီးဆွေးနွေးကြသေးတာပေါ့ဗျာ” လို့ ပြောပြီးအဆုံးသတ်ခဲ့ကြတယ်နော်။ ယခုတလောဖြစ်ပေါ်လာနေတဲ့ကိစ္စတွေက ခင်ဗျားနဲ့ ကျနော် ဆက်လက်ဆွေးနွေးဖို့လိုအပ်လာနေပြီဗျ။
အပြည့်အစုံသို့ ...
 
ကာတွန်း ၀င်းဖေ - ရှင့်ကြောင့်
ဧပြီ ၂၃၊ ၂၀၁၁
လွန်ခဲ့သည့် အနှစ် ၅၀ ခန့်က လူထုသတင်းစာတွင် ထည့်သွင်းဖော်ပြခဲ့သော ကာတွန်းဖြစ်သည်။
http://moemaka.com/index.php?option=com_content&task=view&id=8494&Itemid=121

4.18.2011

မဲဆောက်တောင်ယာမှာ မင်းသုဝဏ် မူကြိုကျောင်းသစ်ဖွင့်

ဧပြီ ၁၇
မဲဆောက်မြို့ မယ်ကုကျေးရွာ ၈ရပ်ကွက် အနီး တောင်ယာများတွင် အလုပ်လုပ်ကိုင်နေကြသော မြန်မာ အလုပ်သမား များ၏ ကလေးငယ်များ ပညာသင်ကြားနိုင်ရန် ဆရာမ ဒေါ်မြသန္တာ ဦးစီး၍ မင်းသုဝဏ် မူကြိုကျောင်း အား မဲဆောက်ဒုမြို့နယ်မှူး လာရောက်ပြီး ယနေ့ ဖွင့်လှစ်ပေးလိုက်ကြောင်း သိရှိရသည်။
ကျောင်းတာဝန်ခံ ဒေါ်မြသန္တာ က“ ဒီနေ့ ကျောင်းဖွင့်တယ် လာမယ့် ၂၀ ရက်နေ့ ဆိုရင် ကျောင်းအပ်တာ လက်ခံမယ်။ ကိုယ်ဖါသာကိုယ် ငွေစုပြီးတော့ တချို့ကျောင်းသားမိဘတွေ အကူအညီနဲ့ ဒီကျောင်းကို ဆောက်တာပါ။
ကျောင်းသား ၇၀ လောက် ဆန့်မယ်ရှင့်၊ ကျမအရင် ပြည်ချစ်ကျောင်းနဲ့ ၄၈ ကီလိုကျောင်းမှာ အခလုံးဝမယူပဲ ကျောင်းပြခဲ့ပါပတယ်၊ ဒီမှာ ကလေးတွေ စာမသင်ရတာကိုမြင်လို့ ကျမတတ်နိုင်တာကို လုပ်မယ်ဆိုပြီး ကိုယ်ထူ ကိုယ်ထလုပ်တာပါ” ပြောသည်။
ဆရာမကြီး ဒေါ်မြသန္တာ နှင့်အတူ အခြားစေတနာ့ဝန်ထမ်း ဆရာမ ၂ဦးနှင့် ဆရာဦးမြတ်မင်းက အချိန်ပိုင်းပြသမည်ဖြစ်ကြောင်းသိရှိရသည်။
ဆရာဦးမြတ်မင်းက “ကျနော်တို့ ဒီမူကြိုကျောင်းကို ဖွင့်လိုက်တော့ တစ်အချက် သူတို့အတွက် အလုပ်အကိုင် အဆင်ပြေသွားတယ်။ နှစ်အချက် ပညာရေးကျမ္မာရေး လူနဲ့ လူ့ပတ်ဝန်းကျင်းမှာ ကလေးတွေလိမ္မာ ပါးနပ်စွာနဲ့ ဖြတ်သန်းနိုင်ရမယ်။ သုံးအချက်က ကျနော်တို့ မင်းသုဝဏ်ကျောင်းက မူကြိုပြီးလို့ အခြားကျောင်းကို ပြောင်းသွားတဲ့ ကလေးတွေဟာ အခြားကလေးတွေထက် ထက်မြက်ထူးချွန်နေရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီကျောင်းက ဖွင့်လှစ် ရတာဖြစ်ပါတယ်၊ ကလေးမိဘတွေမပေးနိုင်တဲ့ စေတနာ၊ ၀ါသ နာ အနစ်နာဆိုတဲ့ နာသုံးနာနဲ့ ပါ” ဟု ပြောသည်။
တောင်ယာများတွင် အလုပ်လုပ်ကိုင်နေကြသည့် မြန်မာအလုပ်သမား အိမ်ထောင်သည်များတွက် ခလေးများမွေးဖွားပါက အမျိုးသားကအလုပ်လုပ်ကာ အမျိုးသမီးက ကလေးငယ်ကို ပြုစု စောင့်ရှောက်နေရသဖြင့် ဇနီးမောင်နှံ ၂ဦးစလုံး အလုပ်မလုပ်သည်ကို ထိုင်းထောင်ယာပိုင်ရှင်များက သဘောမကျကြချေ။ ယခု ကဲ့သို့ တောင်ယာများအနီး မင်းသုဝဏ်မူကြိုကျောင်း ဖွင့်လှစ်လိုက်သဖြင့် မယ်ကုကျေးရွာအနီး ပတ်ဝန်းကျင်မှ မြန်မာအလုပ်သမားများအတွက် အထူးအဆင်ပြေသွားနိုင်ကြောင်း တက်ရောက်လာသည့် ကလေးမိဘ တစ်ဦးကပြောသည်။
တာ့ခ်ခရိုင်မဲဆောက်မြို့နယ်အတွင်း မြန်မာရွှေ့ပြောင်းအလုပ်သမား တက်ရောက်သင်ကြားနိုင်သည့် ကွန် ပျူတာ အပါအ၀င် အသက်မွေးဝမ်းကျောင်း (မှတ်ပုံတင်ပြီးနှင့် မတင်ရသေးသော ကျောင်းများပါ) စုစုပေါင်း မဲဆောက်မြို့နယ် အတွင်း ၁၀၀ ၀န်းကျင်ခန့် ရှိသည်။ မူကြိုမှ အထက်တန်းကျောင်းသားများအထိ ကျောင်းသားပေါင်း နှစ်သောင်းဝန်းကျင်ခန့် ရှိကြောင်း ထိုင်းပညာရေး ကော်မီတီစါရင်းအရ သိရသည်။ ကျောင်းသားဦးရေ ၈၀ရှိမှ ထိုင်းအာဏာပိုင်များက အသိအမှတ်ပြုသဖြင့် မဲဆောက်မြို့နယ်အတွင်း စာသင်ကျောင်းများကို အတိအကျ ပြောဆိုနိုင်ရန် ခက်ခဲသည်။
တာ့ခ်ခရိုင် ၆မြို့နယ်အတွင်း မြန်မာရွှေ့ပြောင်း အလုပ်သမားပေါင်း ၄သိန်းကျော်ခန့် ရှိကြောင်း မဲဆောက် အခြေစိုက် JACBA စာရင်းအရသိရှိရသည်။

4.12.2011

မြန်မာ့သတင်း ကမ္ဘာ့သတင်း

မြန်မာဒုက္ခသည် ပြန်ပို့ရေး ထိုင်းအစိုးရ ကုလနဲ့ဆွေးနွေး

ထိုင်းနိုင်ငံက မြန်မာဒုက္ခသည် ၁သိန်းကျော် နေရပ်ပြန်ပို့နိုင်ရေး ကုလသမဂ္ဂနဲ့အတူ ပူးတွဲလုပ်ဆောင်နေပြီလို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။
သတင်းအပြည့်အစုံ | နားဆင်ရန်
ထိုင်းက ဒုက္ခသည် တသိန်းကျော် ပြန်ပို့မည်

ထိုင်းက ဒုက္ခသည် တသိန်းကျော် ပြန်ပို့မည်

ထိုင်း-မြန်မာ နယ်စပ်ရှိ ဒုက္ခသည် စခန်း ၉ ခုတွင် နေထိုင်လျက်ရှိသော ဒုက္ခသည် တသိန်းကျော်ကို ထိုင်းအစိုးရက မြန်မာနိုင်ငံ သို့ ပြန်ပို့နိုင်ရန် စီစဉ်နေသည်။ ထိုင်းအစိုးရ
ယခုနှစ် သင်္ကြန် အဆိုတော်များ ၀င်ငွေထိခိုက်

ယခုနှစ် သင်္ကြန် အဆိုတော်များ ၀င်ငွေထိခိုက်

ယခုနှစ် သင်္ကြန်မဏ္ဍပ်များတွင် အနုပညာရှင်းများ လိုက်လံ ဖျော်ဖြေခွင့် နည်းပါးသွားခြင်းကြောင့် ၀င်ငွေထိခိုက်သည်ဟု  ဂီတအသိုင်းအ၀န်းတွင် ပြောဆိုနေ

ထိုင်းရောက် မြန်မာများ နှစ်ကူး အိမ်ပြန်စရိတ်ကြီးမြင့်

အတာသင်္ကြန်ကာလ အိမ်ပြန်ကြသည့် ထိုင်းနိုင်ငံရောက် မြန်မာ အလုပ်သမားများ နယ်စပ် မြ၀တီမြို့ မှတဆင့် နေရပ်ပြန်ရန်အတွက် ယာဉ်စီးခများကို မော်တော်ယာဉ်

မြန်မာဘီယာ ဥပဒေကို လက်တလုံးခြား ကြော်ငြာလုပ်

မြန်မာရိုးရာ အတာသင်္ကြန်တွင် အရက်၊ ဘီယာ၊ ဆေးလိပ်၊ စီးကရက်များ ကြော်ငြာခွင့်မရှိဟု အာဏာပိုင်များက ပြဌာန်းထားသော်လည်း မန္တလေးသင်္ကြန်၌  မြန်မာဘီယာက

‘ဝ’ ဒေသတွင် စစ်ရေးပြင်ဆင်ထား

အခြေအနေ တင်းမာနေသည့် အစိုးရတပ်များနှင့် ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) တပ်များသည် ၎င်းတို့ ရင်ဆိုင်ထားသည့် နေရာများတွင် စစ်ရေးပြင်ဆင်မှုများ

မစ္စတာကင်တာနာ အစိုးရသစ်ထံ ဗီဇာတောင်း

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ သောမတ်စ် အိုဟေးကင်တာနာသည် မြန်မာအစိုးရသစ်ထံ ပြည်ဝင်ခွင့်ဗီဇာရရှိရေးအတွက်

စာရေးဆရာကြီး ပါရဂူ ဈာပန ပို့ဆောင်သူများပြား

ကွယ်လွန်သူ စာပေပညာရှင် စာရေးဆရာကြီး ပါရဂူ၏ ဈာပနအား မူလ သတ်မှတ်ချိန် ၅ နာရီထက် စော၍ ယမန်နေ့ညနေ ၄ နာရီခွဲတွင် ရေဝေးသုသာန်၌ သင်္ဂြိုဟ်ခဲ့ရာ

လင်းနို့ချေး လုပ်ငန်းအတွက် လာဘ်ပေးရ

မွန်ပြည်နယ်အတွင်းမှ လင်းနို့ဂူများတည်ရှိရာ မြို့နယ်၊ ကျေးရွာများ၏ အာဏာပိုင် ရာထူး နေရာများ ရရှိရေးအတွက် သက်ဆိုင်ရာ ခရိုင်နှင့် မြို့နယ်အဆင့် တာဝန်ရှိသူများကို

ဝေဒကဝိ အခါပေး မင်္ဂလာဆြာတေ၏ ၂၀၁၁ သင်္ကြန်စာတော်ကြီး

ဝေဒကဝိ အခါပေး မင်္ဂလာဆြာတေ၏ ၂၀၁၁ သင်္ကြန်စာတော်ကြီး သုဝဏ္ဏ၊ သာကေတ၊ မြောက်ဥက္ကလာ၊ ဒေါပုံ၊ နေပြည်တော်။ တောင်ဒဂုံ၊ ယုဇန၊ ပျဉ်းမနား၊ မင်္ဂလာဒုံ၊ လယ်ဝေး ၊တောင်ဥက္ကလာ စပယ်ယာတို့ သံကုန်ကာ လူသာခေါ်ရင်း
ဆက်ဖတ်ရန် ...တီးတိုး ငွေကြေးများ အပိုင်း (၄)
’ကျနော်က ကျောင်းဆရာ အလုပ်နဲ့ အသက်မွေးတာ အနှစ် ၃ဝ နီးပါး ရှိသွားပါပြီ။ မူလတန်းပြနဲ့တင် ...

ဦးမောင်မောင် ပြည်တော်ပြန် မပြန် (ဦးဇော်ထွန်းနှင့် အင်တာဗျူး)
ဦးမောင်မောင် မြန်မာပြည် ပြန်သည်ဟု စွပ်စွဲသူ ဦးဇော်ထွန်းအား မဇ္ဈိမက ဆက်သွယ် မေးမြန်း ...
ပြည်တော်ပြန် မပြန် (ဦးမောင်မောင်နှင့် အင်တာဗျူး)
NCUB ၏ အထွေထွေ အတွင်းရေးမှူး မြန်မာနိုင်ငံသို့ ၂ဝဝ၈ ခုနှစ်က သုံးကြိမ် သွားရောက်ခဲ့ကြောင်း ..
ဒေါ်ခင်မာအေး ၃ နှစ်မြောက် ဆွမ်းကျွေးပွဲ (ခင်ပွန်းသည် ဦးလှရွှေနှင့် အင်တာဗျူး)
Daw-Khin-Mar-Aye-Interviewsနိုင်ငံရေး အကျဉ်းသားဟောင်း ဒေါ်ခင်မာအေး ကွယ်လွန်မှု ၃ နှစ်မြောက် ဆွမ်းကျွေးပွဲကို ...ရွှေ့ပြောင်းများအရေး ဦးစားပေးချင်သည့် AMDP မွန်ပါတီ
mon-party-logoမွန်လူထုအတွင်း စားဝတ်နေရေးအတွက် ပြည်ပထွက်ကာ အလုပ်လုပ်ကိုင်သူ ...

EU သို့ ခရီးသွားပိတ်ဆို့မှု ရုပ်သိမ်းမည်ဟု အေပီ ဖော်ပြ
thei-sein-speak-sဥရောပသမဂ္ဂ EU အဖွဲ့ဝင် နိုင်ငံများသို့ မြန်မာအစိုးရအဖွဲ့ဝင်အချို့ ခရီးသွားလာခွင့် ...

မြန်မာဒုက္ခသည်များ ပြန်ပို့ရေး ထိုင်း-မြန်မာ ဆွေးနွေး
Mae-La-refugee-camp-sထိုင်း-မြန်မာ နယ်စပ်တလျှောက်ရှိ ဒုက္ခသည်စခန်း ၉ ခုလုံးကို ပိတ်ပစ်ရေး ...

ဆီးနိတ်အမတ်က မြန်မာ-မြောက်ကိုရီးယား ဆက်ဆံရေး စုံစမ်းစေလို
ကြီးထွားလာသည့် မြန်မာ-မြောက်ကိုရီးယား ဆက်ဆံရေးကို စုံစမ်းစစ်ဆေးရန် ...
တိုက်ပွဲများ ရပ်စဲချင်သည့် ကရင်ပါတီ
ပြည်နယ် ဖွံ့ဖြိုး တိုးတက်ရေးအတွက် ကရင် လက်နက်ကိုင် အဖွဲ့များနှင့် စစ်တပ်အကြား အပစ်အခတ် ရပ်စဲစေလိုကြောင်း ...
သံချပ်မထိုးရန် အစိုးရသစ် တားမြစ်
သမ္မတ ဦးသိန်းစိန် အစိုးရသစ်က သင်္ကြန်ပွဲတော် ရက်များအတွင်း ရိုးရာ အစဉ်အလာတခု ဖြစ်သော ...

more

 

more

 

more

 

more

 

more

 

more

 

more

 

more

 

more

 

more

 

more
2011-04-11

ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် အာဏာသိမ်း စစ်ခေါင်းဆောင် ဖြစ်လာနိုင်

2011-04-11
မြန်မာ့တပ်မတော်ရဲ့ ကာကွယ်ရေး ဦးစီးချုပ်သစ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ဟာ သူ့ရဲ့ ပထမဆုံး မိန့်ခွန်းကို ဧပြီ ၈ ရက် ပြီးခဲ့တဲ့ သောကြာနေ့က ရှမ်းပြည်နယ် ဗထူးတပ်မြို့မှာ ကျင်းပတဲ့ ဗိုလ်သင်တန်းဆင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
2011-04-11

ဘိုကလေးမှာ လေဆင်နှာမောင်းတိုက်ခတ်

ဧပြီလ ၁၀ ရက်နေ့ ညနေ ၄ နာရီလောက်က ဧရာဝတီတိုင်း ဘိုကလေးမြို့နယ်အတွင်း လေဆင်နှာမောင်း တိုက်ခတ်ခဲ့တဲ့အတွက် ပျဉ်ဘိုးကြီးကျေးရွာမှာ စာသင်ကျောင်း တကျောင်း အပါအဝင် အိမ်ခြေ ၂၀ လောက် ပျက်စီး သွားကြောင်း သတင်းရရှိပါတယ်။
2011-04-11

အမေရိကန်နိုင်ငံ ဖို့တ်ဝိန်းမြို့မှာ မြန်မာတဦး အသတ်ခံရ

အမေရိကန်နိုင်ငံ အင်ဒီယားနားပြည်နယ် ဖို့တ်ဝိန်းမြို့မှာ မြန်မာလူမျိုးတဦး အသတ်ခံရတာနဲ့ ဆက်စပ်ပြီး သံသယ ရှိသူတဦးကို ဧပြီ ၁၀ ရက် မနေ့က မနက်ပိုင်းမှာ ရဲက ဖမ်းဆီး လိုက်တယ်လို့ သိရပါတယ်။
2011-04-11

ကုလအထူးကိုယ်စားလှယ် ကင်တားနား ဗီဇာတောင်းထား

မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေကို ရှေ့လအတွင်း သွားရောက်စုံစမ်း လေ့လာနိုင်ဖို့ မြန်မာအစိုးရသစ်ထံ စာရေး တောင်းဆိုလိုက်ပြီလို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားက RFA ကို ပြောကြားပါတယ်။
2011-04-11

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးသံတမန် ခန့်အပ်တာဝန်ပေး

အမေရိကန်သမတ ဘာရက် အိုဘားမားဟာ လက်ရှိ ပင်တဂွန်စစ်ဌာနချုပ်က အရာရှိတဦးဖြစ်သူ မစ္စတာ Derek Mitchell ကို မြန်မာနိုင်ငံဆိုင်ရာ အထူးသံကိုယ်စားလှယ်အဖြစ် ခန့်အပ်တာဝန်ပေးဖို့ ပြင်ဆင်နေပါတယ်။
2011-04-11

လွတ်ငြိမ်းချမ်းသာခွင့် မျှော်လင့်လျက်ရှိ

မြန်မာနိုင်ငံမှာ အစိုးရသစ် တက်လာတာနဲ့အတူ နိုင်ငံရေး အကျဉ်းသားတွေလည်း အထွေထွေ လွတ်ငြိမ်း ချမ်းသာခွင့်ရဖို့ မျှော်လင့်နေကြတယ်လို့ လားရှိုးထောင်မှာ အကျဉ်းကျနေတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ၂၀၀၇ မျိုးဆက် ကျောင်းသူ မဟန်နီဦးကို ထောင်ဝင်စာ သွားတွေ့ခဲ့တဲ့ ဖခင်ဖြစ်သူ ဦးထွန်းဦးက ပြောပါတယ်။
2011-04-10

ဂျပန်ငလျင်ဒဏ် ခံရသူများအတွက် ဆုတောင်းပွဲကျင်းပ

ဂျပန်နိုင်ငံက မြေငလျင်နဲ့ ဆူနာမီဒဏ် ကြောင့် သေဆုံး၊ ပျောက်ဆုံးခဲ့တဲ့ ဂျပန် ပြည်သူတွေကို ရည်စူးတဲ့ ဆုတောင်းပွဲ တရပ်ကို တိုကျိုမြို့ တာကာဒါးနိုး ဗားဗား အရပ်မှာ ဒီကနေ့ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။
2011-04-10

မီးဘေးအန္တရာယ် ကာကွယ်ဖို့ ရွာပြင်ထွက် ချက်ပြုတ်ရမယ့် အမိန့်ထုတ်

မီးဘေး ကာကွယ်တဲ့အနေနဲ့ ကျေးရွာ တွေမှာ ရွာအပြင်ဘက် ထွက်ပြီး ချက်ပြုတ်ဖို့ မကွေးတိုင်း အတွင်း မြို့နယ် အားလုံးလိုလိုမှာ သက်ဆိုင်ရာ က အမိန့် ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။