သော့အိမ်က “ပွဲ”
ကိုရင်မောင်ရေ
ကျုပ်တော့ ခုတလော “အငြိမ့်လွမ်းနာ”ကျနေတယ်ဗျာ။ စိတ်ထဲ ပျံလွန်တော်မူသွားတဲ့ ရွာဦးကျောင်းဆရာတော်ကြီး တောင်သတိရမိသေးတော့။ မှတ်မိသေးလား။ ဆရာတော်ကြီးရှိတုန်းကများဆို ရွာမှာ ပွဲလေးလမ်းလေးများ တခုခုပေါ်လို့  သွားလျှောက်တိုင်း “အိမ်း… အငြိမ့် လေးတော့သွင်းကွာ” လို့  မိန့်
တတ်တာလေ။ ကျုပ်နဲ့ များ အစေးကပ်ပါ့။ “အရှင်ဘုရား… ဒီတစ်ခေါက်တော့ ဆောင်းမင်းသမီးလေး ၀င်းဝင်းအေးရဲ့ “ဆောင်း” အငြိမ့်ဆို ကောင်းမယ်ဘုရာ့” ဘာညာနဲ့  မိချောင်းမင်း ရေခင်းပြ သွားသွားလုပ်ရတာအမော။ တကယ်က သူကကျုပ်ထက်တောင် ပါးသေး။ လှစ်လှစ်လေးရယ်။ ဒါပေသိ “ ဟေ့…. တကာတို့ ၊ ဟိုတယောက်ကတော့ ပြောနေပါလား။ “ဆောင်း” အငြိမ့် ကောင်းမယ်ဆိုဘဲ” ဒီလိုသာမိန့် ၊ အများညီညီ မညီညီ ဒီတချီတော့ “ဆောင်း” သာငှားလိုက်ပေရော့။ အငြိမ့်ဆို ကျုပ်အသေအလဲကြိုက်တာ ခင်ဗျားလည်းအသိသား။ အပြင် ပြန်ရောက်ရင် အငြိမ့်တွေ တ၀တပြဲကြည့်လိုက်မဟဲ့လို့  မောင်းတင်လာတာဗျာ။ အပြင်လည်းရာက်ရော သောက်ကျိုးနည်း၊ ဘယ်မလဲ အငြိမ့်၊ မူးလို့ တောင်ရှူစရာမရှိဘူး။ ဗွီဒီယိုအငြိမ့်ခွေတွေတော့ တွေ့  ပါရဲ့ ။ ကြည့်ကြည့်ပြန် တော့၊ ခလေးတွေ ပြော သလို ဘာဖီလင်မှမလာဘူး။ တချို့ ပြက်လုံးတွေများ ချက်အောက်ကကို မတက်တတ်တော့ဘူး။ မောင်နဲ့ နှမ သားနဲ့ အမိ ထိုင် ကြည့်ဖို့ တောင်မျက်နှာပူစရာကြီးရယ်။ လူကိုလည်း အတင်းဂလိထိုးရယ်ခိုင်းလားရယ်ခို
ပွဲဆိုလို့ သော့အိမ်ထဲကပွဲအကြောင်း ခင်ဗျားကို ပြောပြရဦးမယ်။ အထဲမှာ ပွဲကြည့်ရဖို့ လား၊ ဝေးစွခြောက်ပါး။ ကျုပ်တို့ ဟာ ကျုပ်တို့  လုပ်ခဲ့တဲ့ပွဲဗျ။ ဇတ်ပွဲ အငြိမ့်ပွဲတော့မဟုတ်ပါဘူး။ ကျုပ်တို့ ဆိုလို့  ကျုပ်ပါတယ်မထင်နဲ့ ။ ကျုပ်ကပရိသတ်ပွဲငတ်နေတဲ့ ကောင်သက်သက်။ ကျုပ်အဲသလောက်မစွမ်းတာ ခင်ဗျားလည်းသိသားနဲ့ ။ ဒီလိုဗျ။ ၂၀၀၂ သင်္ကြန်လို့ မှတ်တယ်။ နေရာ ကတော့ဗျာ သုပဏ္ဏကဂဠုနရာဇာ ရဲ့  ဘူမိနက်သန်မှာပေါ့။ ကျုပ်တို့ “အိမ်” ကိုလည်း ကမ္ဘာ့ကြက်ခြေနီအဖွဲ့ က မျက်နှာဖြူတွေ အ၀င်အထွက်ကလည်း ခပ်စိတ်စိတ်ကလေး ရှိလာနေချိန်မျိုးလေဗျာ။ ဟေ့လူရေ…. အိမ်ရှင်တွေက ကျုပ်တို့ ပွဲလေးလုပ်မယ် ဆိုတော့ အင်တင်တင်နဲ့ ၊ ပေးမလုပ်ချင်ဘူး။ မလုပ်ပါနဲ့ လို့  တော့လည်း အတင်းကြီးမတားဘူး။ တဖက်လှည့်နဲ့  လူကြီးတွေ ကတဆင့် ထိန်းထိန်းသိမ်းသိမ်းလေးတော့လု
ကိုယ့်လူတွေကလည်း သိတဲ့အတိုင်း၊ အူယားနေတဲ့ကောင်တွေ။ ဆိုတော့… သိကြားမင်းနားကင်းကြီးနဲ့ လာတောင်မရဘူးမှတ်။ လူကြီးတွေက ထိန်းထိန်းသိမ်းသိမ်းလေးလုပ်ကြေ
အက ကလည်း ကောင်းသလားမမေးနဲ့။ ဒီကောင်မို့ ရှာရှာဖွေဖွေ ဘယ်ကဘယ်လို ကြံဖန်ပြီး အထဲသွင်းထားတယ်မသိပါဘူး။ ဘရာစီယာတွေ၊ ဘော်လီတွေ၊ မိန်းမအ၀တ်အစားတွေ၊ နှုတ်ခမ်းနီမိတ်ကပ်တွေလူးလို့ ။ နောက်ခံကားလိပ်က အထဲကရရာ အရောင်တွေနဲ ဆေးရောင်စုံခြယ်ထားတဲ့ ပုံစံစောင်တွေပေါ့ဗျာ။ တိုက်ခန်းကျဉ်းလေးထဲက ရှေ့ ထွက်လာတော့ မိန်းမလိုအ၀တ် အစားတွေ နှုတ်ခမ်းနီပါးနီတွေဆိုးလို့ ။ နွဲ့  တဲ့ နွဲ့ တဲ့နဲ့ ။ ကိုသက်ဦးကြီးဆို သူတို့ ကြည့်ပြီး တဟားဟားနဲ့ ။ ကိုဗရှီးက လူကောင် က သေးသွယ်သွယ်၊ မျက်တောင်က ကော့ကော့၊ မျက်လုံးမျက်ဖန်ကကောင်းကောင်း မိန်းမလိုဝတ်လိုက်တော့ မဆိုးဘူး။ ကိုစိုးထိုက်ကတော့က လူက ဂလန်ဂလား၊ မျက်ခွက်ကလည်းအပြောင်စား၊ မျက်နှာကရှည်ရှည်နဲ့ မိန်းမလို သူနွဲ့ တော့ ကို့ ရို့  ကားယားနဲ့ ၊ ရယ်ရတာ အူ့ ကိုတက်ရော။ တရုပ်မကြီးကတော့ လူက ဖြူဖြူဖွေးဖွေး၊ ခပ်ဖိုင့်ဖိုင့်လေးရယ် သူလည်း မျက်နှာတော့ အတော်ပြောင်တာ။ ကကြရောဆိုပါတော့။ ဟာဝိုင်အီ ကျွန်းသူလေးများအက..တဲ့။ မဆိုးပါဘူးကြည့်ကောင်းသား။ ညီလည်းညီတယ်။ ပရိသတ်ရှေ့ တိုးလာလိုက်၊ လိုက်ကာနား ပြန်ဆုတ်လိုက်ပေါ့။ ပါးစပ်တီးလုံးတွေကလည်း မြိုင်မြိုင်ဆိုင်ဆိုင်။ ကရင်းနဲ့  ငတိတွေက ကြည့်နေသူတွေကို မျက်စပြစ်လိုက်ဘာလိုက်နဲ့  ခရာတာတာကလုပ်သေး။ တောက်လျှောက် ဟုတ်နေ တာ။ ကျုပ်ကလည်း ထိုင်ကြည့်နေတာ။ ကျုပ်ဘေးမှာက တခြားလူကြီးတွေနဲ့ အတူ ပေါက်ခေါင်းက ဆရာကြီး ဦးစောနေဒွန်း လည်းထိုင်လို့ ။(ခုတော့ ကွယ်လွန်ရှာပါပြီ) သွားကျိုးပါးကျိုးနဲ အားရပါးရရယ်ရင်း ကျုပ်ကိုတောင် လှည့်ပြောလိုက်သေးတယ် “ဒီကောင်တွေ အတော်ပျော်နိုင်တဲ့ကောင်တွေ” တဲ့။ ကရင်းနဲ့ သီချင်းလည်းဆုံးတော့မယ် ပရိသတ်ကလည်း သဘောတွေ ကျနေတုန်း၊ ဗြုန်းဆို… တီးလုံးတိကနဲရပ်၊ သူတို့ ကလည်း ပရိသတ်နဲ့  အနီးဆုံးရှေ့ နားကိုအရောက်၊ မျက်နှာနားတောင် ကပ်တော့မယ့်နီးနီး၊ မောင်တွေက ဘာလုပ်လိုက်တယ်မှတ်သလဲ။ ၀တ်ထားတဲ့ ဂါဝန်လိုဟာကြီးတွေကို ဇတ်ကနဲ အပေါ်ကို လှန်တင်လိုက်တာဗျား။ ပရိသတ်လည်း ရုတ်တရက်တော့ တိတ်ကျသွားတယ်။ ပြီးမှ“ ဟား.. ဟေး.. ဝေး.. ၀ါး” နဲ့  ၀ိုင်းဩဘာပေးလိုက်ကြတာ ဆူညံပြီးပွဲကိုကျရော။ ကောင်းလိုက်တဲ့ ဟာသကွက်ကလေးဗျာ။ ကျုပ်မမေ့ဘူး။ အောက်ခံ ဘောင်းဘီတွေတော့ ကိုယ်စီဝတ်ထားတာပေါ့ဗျ၊ ခင်ဗျားကလည်း။
နောက်တကွက်မှတ်မိနေသေးတာက ကိုညွှန့် ဇော်(သူလည်းအထဲမှာ ကျဆုံးသွားရှာတဲ့ရဲဘော်ပါ)။ သူက မြန်မာ့ရုပ်မြင်သံကြား သတင်းကြေညာသူနဲ့  အင်တာဗျူးဖြေသူ လုပ်တဲ့အခဏ်းဗျ။ ရရာကတ္ထူ စက္ကူပြားတွေနဲ့  လူ့ ကိုယ်တပိုင်းစာဆန့် တဲ့အရွယ် ရုပ်မြင်သံကြားပုံတခုကို အသင့်ထောင်ထားတယ်။ အံမယ်… ကဒ်ပြားမှာ တီဗွီခလုပ်တွေဘာတွေတောင် ဆွဲထားသေး။ သူက အနောက်က ၀င်ရပ်လိုက်တော့ ရင်ခေါင်းအထက်ပိုင်းက၊ ဖန်သားပြင်ပုံဖေါက်ထားတဲ့အပေါက်
သူလည်းမျက်နှာတော့ ပြောင်ချော်ချော်ရယ်။ မိတ်ကပ်တွေ အဖွေးသားနဲ့ ။ ရှေ့ ကကြည့်နေတဲ့ တယောက်က ထတဲ့ပြီး စက္ကူပေါ်က တီဗွီခလုပ်ကို လှည့်လိုက်တယ်။ ခဏလေးနေတော့ ကိုညွှန့် ဇော်မျက်နှာကြီးက တီဗွီအပေါက်ထဲကနေ စပ်ဖြီးဖြီးနဲ့  ပေါ်လာတယ်။ စာရွက်တွေဘာတွေကိုင်လို့ ။ ပြီးတော့ ခပ်တည်တည်နဲ့  ရွာကသူကြီးနဲ့  သူ့ ကောင်တွေအကြောင်းကို တွယ်တာဗျ။ ရုန့် ရင်းကြမ်းတမ်းတာ တလုံးမှမပါဘူး။ ချက်အောက်ကိုမရောက်ဘူး ပြက်လုံးတွေက။ အားလုံးလည်း သဘော တွေကျလို့  တ၀ါးဝါး.. တဟားဟား… ပေါ့ဗျာ။ အဲဒီအချိန်တုန်းက ရွာမှာ သူကြီးထက်တလကြီးတဲ့ ဟိုရာအိမ်ခေါင်းက လူတွင်ကျယ်လုပ်နေချိန်ဗျာ။ သူကြီးထက်တောင် “ဓါး” ထက်နေတဲ့ကောင်လေ။ အဲဒီကောင်ပြောဖူးတာ မှတ်မိလား “မြန်မာ့အားကစားကမ္ဘာကိုလွှမ်းေ
ကျုပ်တော့ ဒီဇတ်မမြည်ပွဲမမြောက်လေးကို ခုထက်ထိမေ့မရဘူး။ အခုတော့ အဲဒီတုန်းက အတူနေခဲ့ကြသူတွေက မရှိတဲ့သူတွေလည်းမရှိကြတော့ပါဘူ
No comments:
Post a Comment