3.13.2012

ဟံသာဝတီ ဦးဝင်းတင် ဖေါင်ဒေးရှင်း ထုတ်ပြန်ကြေငြာချက်

ဟံသာဝတီ ဦးဝင်းတင် ဖောင်ဒေးရှင်း
Hanthawady U Win Tin Foundation
ဟံသာဝတီဦးဝင်းတင် ဖောင်ဒေးရှင်းကိစ္စနှင့်ပတ်သက်၍ ဆရာကြီး ဟံသာဝတီ ဦးဝင်းတင်နှင့် သတင်းစာ ဆရာမောင်ဝံသ၊ ဦးကျော်အောင် (ကျော်ထက်အောင်-ရွှေပြည်တန်)တို့ ၈.၁.၂၀၁၂ (တနင်္ဂနွေနေ့)တွင် ၃၂၊ စိန်ခြယ်လမ်း၊ တာမွေနေအိမ်၌လည်းကောင်း ၈.၃.၂၀၁၂ (ကြာသာပတေးနေ့) တွင် အရိယာ မဂ္ဂင်လမ်း၊ကျောက်ကုန်းနေအိမ်၌လည်းကောင်းတွေ့ဆုံ တိုင်ပင်ပြီး အောက်ပါအတိုင်း ထုတ်ပြန်ကြေညာရန် သဘောတူဆုံးဖြတ်ပါသည်။

ရည်ရွယ်ချက်
ဆရာကြီးဟံသာဝတီဦးဝင်းတင်၏မွန်မြတ်သောလုပ်ငန်းစဉ်များဖြစ်သည့် နိုင်ငံရေးအကျဉ်းသားများနှင့် ၄င်းတို့၏ မိသားစုများအား ကူညီထောက်ပံ့ရေးနှင့် ဘ၀တူ စာနယ်ဇင်းသမားများအား ကူညီ ထောက်ပံ့ရေး အစီအစဉ်များကို စနစ်တကျ အကောင် အထည်ဖော် ဆောင်ရွက်ပေးရန်နှင့် ယင်းလုပ်ငန်းများကို အရှည် သဖြင့် ဆက်လက် ဆောင်ရွက်သွားရန်။

၁။ ၁၁.၁၂.၂၀၁၁ နန်းယုတွေ့ဆုံပွဲတွင် ပဏာမဖွဲ့စည်းခဲ့သည့် ဟံသာဝတီ ဦးဝင်းတင် ဖောင်ဒေး ရှင်း ဖြစ်မြောက်ရေး (ယာယီ)အဖွဲ့ဝင်များထဲမှ အထောက်အကူပြုနိုင်မည့်သူများနှင့် အခြားသင့်တော်သူ များဖြင့် -
(က) နာယကအဖွဲ့၊
(ခ) လုပ်ငန်းဖော်ဆောင်ရေးအဖွဲ့(အလုပ်အဖွဲ့)
(ဂ) လုပ်ငန်းအထောက်အကူပြုရေးအဖွဲ့ ဟူ၍ ဖွဲ့စည်းရန်၊
၂။ ဖောင်ဒေးရှင်းအတွက် ရန်ပုံငွေကို-
(က) ဟံသာဝတီ ဦးဝင်းတင်၏ စာအုပ်စာတမ်းများထုတ်ဝေခြင်းနှင့် မူပိုင်ခွင့်တို့မှ ရရှိသည့်ဝင်ငွေ
(ခ) ပြည်တွင်းပြည်ပစေတနာရှင်တစ်ဦးချင်းထံမှ လစဉ်ပုံမှန်လှူဒါန်းငွေ
(ဂ) ပြည်တွင်းပြည်ပမှ တစ်လုံးတခဲတည်းလှူဒါန်းငွေ
(ဃ) ရန်ပုံငွေပွဲများအပါအ၀င်အခြားနည်းလမ်းများဖြင့် ရှာဖွေခြင်းမှရရှိသည့်ရန်ပုံငွေတို့ဖြင့် စုဆောင်း ထူထောင်ရန်၊
၃။ ရန်ပုံငွေစုဆောင်းကောက်ခံရေးနှင့် လုပ်ငန်းအကောင်အထည်ဖော်ရေး (ထောက်ပံ့ငွေပေးအပ်ရေး) တို့အတွက် ပြည်တွင်းပြည်ပတွင် နိုင်ငံအလိုက်၊ မြို့နယ်ဒေသ အလိုက် ထောက်ကူပြုအဖွဲ့ခွဲများဖွဲ့စည်း၍ တာဝန်သတ်မှတ်ပေးရန်၊
၎။ ဖောင်ဒေးရှင်း မတည်ငွေအဖြစ် ကျပ်ငွေ သိန်း(၁၀၀) သတ်မှတ်လျာထားရန်၊
၅။ ရန်ပုံငွေစုဆောင်းရရှိငွေ သိန်း၁၀၀ မပြည့်မီသေးသည့်တိုင် ရရှိပြီးသည့် ရန်ပုံငွေထဲမှ မတည်ငွေရင်း အတွက် စုဆောင်းဖြည့်တင်းရင်း ကူညီထောက်ပံ့ရေး အစီအစဉ်များကို စတင်ဆောင်ရွက် သွားရန်၊
၆။ ထောက်ပံ့ရေးအစီအစဉ်ကို အောက်ပါအတိုင်းပြုလုပ်သွားရန်၊
(က) လက်ရှိအကျဉ်းကျခံနေရဆဲ နိုင်ငံရေးအကျဉ်းသားများ
(ခ) အကျဉ်းကျခံနေရဆဲ နိုင်ငံရေးအကျဉ်းသားများ၏မိသားစုများ
(ဂ) နိုင်ငံရေးအကျဉ်းသားဟောင်းများနှင့် မိသားစုများ ယင်းတို့အနက်မှ အမှန်တကယ်
လိုအပ်သူများကို စိစစ်ရွေးချယ်ပြီး ဦးစားပေး ထောက်ပံ့ကူညီရန်။

(ဃ) စာနယ်ဇင်းသမားများအနက်ကျန်းမာရေးအတွက်အမှန်တကယ်ထောက်ပံ့ ရန် လိုအပ်သူများ။
(င) စာနယ်ဇင်းသမားမိသားစုများအနက် ပညာရေးအထောက်အပံ့ အမှန်တစ်ကယ်လိုအပ်သူများ စသူတို့ အတွက် ထောက်ပံ့ကူညီရန်၊
(စ) ဆရာကြီး ဟံသာဝတီဦးဝင်းတင်၏ ဆန္ဒအရသော်လည်းကောင်း၊ဖောင်ဒေးရှင်း လုပ် ငန်းဖော်ဆောင်ရေးကော်မတီ (အလုပ်အဖွဲ့) ဆုံးဖြတ်ချက်အရသော်လည်းကောင်း အခြား လိုအပ် မည့် ထောက်ပံ့ လှူဒါန်းမှုများကို ပြုလုပ်သွားရန်၊
၇။ ဖောင်ဒေးရှင်း အမှတ်တံဆိပ်(LOGO)နှင့် အလှူငွေလက်ခံဖြတ်ပိုင်းများ ပြုလုပ်ရန်၊

ဖွဲ့စည်းခြင်း
၈။ ဆရာကြီးဦးဝင်းတင်နှင့် ၈၊ ၁၊ ၂၀၁၂ နှင့် ၈.၃.၂၀၁၂ နေ့ ညှိ့နှိုင်းချက် အရ ဟံသာဝတီ ဦးဝင်းတင် ဖောင်ဒေးရှင်း ဦးဆောင် အဖွဲ့ကို အောက်ပါပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းလိုက်ပါသည်။

(က) နာယကအဖွဲ့
၁။ ဒဂုန်တာရာ
၂။ သခင်သိန်းမောင်(၀ါးခယ်မ)
၃။ ဦးသော်(ကြေးမုံ)
၎။ ဟံသာဝတီဦးဝင်းတင်

(ခ) အလုပ်အဖွဲ့
၁။ ဦးအုန်းထွန်း (ဘဏ္ဍာထိန်း) ၀၁ ၅၇၈၀၂၇
၂။ ဦးမောင်မောင်ခင် ၀၁ ၆၄၆၂၄၄
၃။ ဦးသာဘန်း ၀၁ ၅၀၃၉၆၄
၎။ ဦးမိုးသူ ၀၁ ၃၇၆၄၃၅
၅။ မောင်ဝံသ (ဘဏ္ဍာထိန်း) ၀၁ ၃၇၃၂၁၀ ၊ ၀၉၅၀၄၀၉၉၄
၆။ ဦးကိုကိုကြီး (ဟန်ဂေရီ) ၀၉၅၁၆၂၄၃၇
၇။ ဦးကျော်အောင်(ရွှေပြည်တန်) ၂၀၀၂၇၆၊ ၇၀၃၂၂၀၊ ၀၉၇၃၁၂၄၂၂၂
၈။ ဦးစိန်ရွှေ ၀၉၅၁၄၈၃၄၂
၉။ ဦးမျိုးမြင့်ညိမ်း ၀၉၅၀၀၉၉၂၁
၁၀။ ဦးမြင့်လွင်(စိုးအုပ်) ၀၁ ၂၄၂၅၃၁
၁၁။ ဦးအောင်သိန်း (ဥပဒေ အတိုင်ပင်ခံ) ၀၉၅၁၃၈၄၇၃
၁၂။ ဒေါ်ဖြူဖြူသင်း ၀၉၅၀၂၄၀၅၆
၁၃။ ဦးဇော်မင်းကျော် ၀၉၅၀၇၉၆ရ၈
၁၄။ ဦးဇော်မျိုးအောင် ၀၉၅၀၅၃၃၅၅
၁၅။ ဦးမောင်မောင်နိုင် ၀၉၅၁၂၈၈၈၆၊၀၉၇၃၁၈၈၈၆

(ဂ) လုပ်ငန်းအထောက်အကူပြုအဖွဲ့
၁။ ဦးအုန်းကြိုင် ၀၉၄၃၀၂၇၃၇၆
၂။ ဦးသိန်းတန် ၀၁ ၂၂၄၃၂၈
၃။ ဖျာပုံနီလုံဦး ၀၁ ၇၂၆၉၆၃
၎။ ဦးနေ၀င်း(နေ၀င်းစံ) ၅၈၄၁၁၃
၅။ ဦးစိုးမြင့် ၀၉၇၃၀၃၈၀၉၅
၆။ ဦးရဲထွဋ် ၀၉၅၀၇၈၁၉၃
၇။ ညောင်ဦးဖိုးချို ၀၁ ၅၄၅၃၂၃
၈။ ဦးစိုးညွန့်(တော်ဝင်နှင်းဆီ) ၀၁ ၅၄၂၇၁၉ / ၀၁ ၅၄၂၇၂၀ /၀၉၅၀၁၃၆၂၃
၉။ ဦးအောင်ထိုက်(စိတ်တိုင်းကျ) ၅၃၅၅၆၄
၁၀။ ဦးမိုးဝင်း ၀၁ ၂၀၉၀၁၇
၁၂။ ကိုဖုန်း ၀၉၄၃၁၃၁၉၆၆
၁၃။ ညီပုလေး(မန္တလေး) ၀၂ ၃၉၇၁၇ / ၀၂ ၆၀၁၃၆
၁၄။ ညီစေမင်း(မန္တလေး) ၀၂ ၃၉၇၁၇
၁၅။ ဦးဆန်နီ ၀၉၅၀၁၅၁၈၅
၁၆။ ဦးသက်စိန်(ဖြူး)

အထောက်အကူပြု အဖွဲ့ကို ပြည်တွင်းပြည်ပမှ လုပ်အားပေးနိုင်သူများဖြင့် လိုအပ်သလို ဆက်လက် တိုးချဲ့ သွားမည် ဖြစ်ပါသည်။

မှတ်ချက်
အလုပ်အဖွဲ့ဝင်များထဲမှ ဦးအုန်းထွန်းနှင့်မောင်ဝံသတို့က ဘဏ္ဍာထိန်းများ အဖြစ်ဆောင်ရွက် ရန်၊ ဖောင်ဒေးရှင်း ရန်ပုံငွေများကို ၄င်းပုဂ္ဂိုလ်နှစ်ဦး၏ အမည်ဖြင့် ဘဏ်တွင် ငွေစာရင်း ဖွင့်လှစ်ထားရှိရန်၊ ဦးကျော်အောင် (ရွှေပြည်တန်)က လုပ်ငန်းညှိနှိုင်းရေးမှူး (coordinator) အဖြစ်ဆောင်ရွက်ရန်၊ ဦးအောင်သိန်းက ဥပဒေ အတိုင်ပင်ခံအဖြစ် ဆောင်ရွက်ရန်၊ သင့်လျော်သူတစ်ဦးအား စာရင်းစစ်အဖြစ် ခန့်အပ်တာဝန်ပေးရန် ဆရာကြီး ဦးဝင်းတင်က တိုက်တွန်း အကြံပေးသည့်အတိုင်း ဆက်လက်ဆောင်ရွက် သွားပါမည်။

ရက်စွဲ ၁၂.၃.၂၀၁၂ မတ်လ

8.12.2011

ဝါရင့် နိုင်ငံရေးသမားကြီးများ၏ ထုတ်ပြန်ကြေငြာချက်

Photobucket
Photobucket

7.28.2011

ဒေါ်အောင်ဆန်းစုကြည်၏ အိတ်ဖွင့်ပေးစာ

တိုင်းရင်းသားပြည်သူအပေါင်းတို့ခင်ဗျာ။

အမျိုးသားခေါင်းဆောင်ကြီးနှင့်လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တိုင်းရင်းသားညီအကိုများမှီတင်းနေထိုင်ရာ ပြည်နယ်တချို့မှာ လတ်တလော တောက်လောင်နေတဲ့ စစ်မီးတောက်များ ငြိမ်းအေးသွားစေရေးအတွက် ကိုယ်စွမ်းရှိသမျှ ပါဝင်ဆောင်ရွက်ပေးလိုတဲ့စေတနာနဲ့ သက်ဆိုင်သူများထံ အိတ်ဖွင့်ပေးစာတစ်စောင် ဒီကနေ့ ပေးပို့၊ ထုတ်ပြန်လိုက်ပါတယ်။

လက်နက်ကိုင်ပဋိပက္ခတွေ အမြန်ဆုံးရပ်ဆိုင်းဖို့ ၊ ပြသနာ တွေကိုတွေ့ဆုံဆွေးနွေးအဖြေရှာကြဖို့ အနုးအညွတ်တိုက်တွန်းပန်ကြားထားပါတယ်။ ဒီကနေ့ရက်စွဲနဲ့ထုတ်ပြန်လိုက်တဲ့ ဒီအိတ်ဖွင့်ပေးစာကို နိုင်ငံတော်သမ္မတဦးသိန်းစိန်ထံ တရားဝင်လမ်းကြောင်းက ပေးပို့ပြီးဖြစ်ပါတယ်။ ကျန်ပုဂ္ဂိုလ်များကတော့ ဆက်သွယ်ရန်လမ်းကြောင်းမရှိတဲ့အတွက် အဖွဲ့ချုပ်ပြန်ကြားရေးကပဲ ထုတ်ပြန်ထားပါတယ်။ ရယူလေ့လာဆောင်ရွက်ကြဖို့ မေတ္တာရပ်ခံပါတယ်။

ဦးအုန်းကြိုင်

သတင်းနှင့်ပြန်ကြားရေးဌာန

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
Photobucket
Photobucket

7.02.2011

ဒေါ်အောင်ဆန်းစုကြည် သြစတြီးယား နိုင်ငံခြားရေးဝန်ကြီးနှင့် သွားရောက်တွေ့ဆုံ

ရန်ကုန်၊ ဇူလိုင် ၂။

သြစတြီးယား နိုင်ငံခြားရေးဝန်ကြီး Kevin Rudd သည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သြစေကြီးယား သံအမတ်ကြီး၏ နေအိမ်တွင် ယနေ့နံနက် ၁၁ နာရီမှ နေ့လည် ၂ နာရီ အထိ တွေ့ဆုံဆွေးနွေးခဲ့ပြီး သံမတ်ကြီး Ms. Bronte Moules က နေ့လည်စာ ဖြင့် တည်ခင်း ဧည့်ခံခဲ့ပါသည်။
တွေ့ဆုံဆွေးနွေးမှုနှင့် ပါတ်သက်၍ နှစ်ဖက်လုံးက ထုတ်ပြန်ပြောကြားရန် ငြင်းဆိုခဲ့ပါသည်။
သြစကြီးယား နိုင်ငံခြားရေးဝန်ကြီး၏ ခရီးစဉ်သည် ၂၀၀၂ ခုနှစ်က လာရောက်ခဲ့သော Alexander Downer ၏ ခရီးစဉ်နောက်ပိုင်း ကိုးနှစ်အတွင်း ပထမဆုံး နိုင်ငံခြားရေးဝန်ကြီး ခရီးစဉ် ဖြစ်ပါသည်။
နိုင်ငံခြားရေးဝန်ကြီးသည် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် မနေ့က နေ့လည်ပိုင်းက နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ ဦးသိန်းစိန်နှင့် မတွေ့ဆုံခင်ကလည်း နိုင်ငံခြားရေးရုံးတွင် နိုင်ငံခြားရေးဝန်ကြီး ဦဝဏ္ဏမောင်လွင်နှင့်လည်း နေ့လည် ၁၂ နာရီတွင် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ နိုင်ငံပိုင် သတင်းစာများက စီးပွါးရေးဆက်ဆံမှုအတွက် ဆက်ဆံမှုနှင့် ရင်းနှီးမှု တည်ဆောက်ခြင်း ဖြစ်သည်ဟု ရေးသားဖေါ်ပြခဲ့ ကြပါသည်။
Kevin Rudd သည် ဇွန်လ ၃၀ ရက်နေ့က မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ပြီး ယနေ့ ညနေပိုင်းတွင် ပြန်လည် ထွက်ခွါမည် ဖြစ်ပါသည်။
ပြည်တွင်းသတင်းထောက်(ရွှေဝါရောင် သတင်းလွှာ)

ရပ်ထားရသော ရေအားလျှပ်စစ် စီမံကိန်းများကြောင့် ကချင်ဒေသ စစ်ရေးတင်းမာလာနေ

ရန်ကုန်၊ ဇူလိုင် ၁။
တိုက်ခိုက်ရေးအင်အား ရှစ်ထောင်ခန့်ရှိသည့် အင်အားကြီးများသော KIA တပ်များ၏ ဆန့်ကျင်မှုကြောင့် ကချင်ပြည်နယ်အတွင်း ဆောက်လုပ်နေသော ရေအားလျှပ်စစ် စီမံကိန်းများကို လုံခြုံရေး အခြေအနေအရ ရပ်တန့်ထားရသည်ဟု ကချင်ပြည်နယ်မှလာသော သတင်းပေးပို့ချက် များမှ သတင်းရရှိပါသည်။
ရေအားလျှပ်စစ် စီမံကိန်း ၇ ခုထဲမှ တရုတ်နိုင်ငံ Datang ( Yunnan ) United Hydropower Developing ( DUHD ) ကုမ္ပဏီနှင့် မြန်မာ့ အမှတ်(၁) လျှပ်စစ်စွမ်းအင် ဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်နေသည့် တာပိန်ရေအားလျှပ်စစ် စီမံကိန်း၊ Lashsa ရေအားလျှပ်စစ် စီမံကိန်းနှင့် ၂၀၀၉ ဒီဇင်ဘာ ၂၁ က စီမံကိန်းဖွင့်ပွဲ ပြုလုပ်ခဲ့သော မြန်မာနိုင်ငံ၏ အကြီးဆုံး မြစ်ဆုံရေအား လျှပ်စစ် စီမံကိန်းများကို ယခုအခါ ရပ်ဆိုင်း ထားလိုက်ရပြီ ဖြစ်ပါသည်။
မြစ်ဆုံရေကာတာကို တရုတ်နိုင်ငံမှ China Power Investment ( CPI ) ကုမ္ပဏီနှင့် မြန်မာ့ လျှပ်စစ်စွမ်းအင် ဝန်ကြီးဌာနနှင့် Asia World ကုမ္ပဏီတို့မှ တာဝန်ယူ ဆောင်ရွက်နေခြင်းဖြစ်ပြီး မီဂါဝပ် ၆၀၀၀ ထွက်ရှိမည့် စီမံကိန်းဖြစ်ပြီး ပြီးဆုံးခဲ့လျှင် မြန်မာ့ အကြီးဆုံးနှင့် ကမ္ဘာ့ ၁၅ခုမြောက် အကြီးဆုံး ရေအားလျှပ်စစ်စီမံကိန်း ဖြစ်လာမည် ဖြစ်ပါသည်။
ထိုသို့ရပ်ဆိုင်းထားရခြင်းကြောင့် ဦးသိန်းစိန်အစိုးရက အပစ်ရပ် KIA အဖွဲ့ကို တိုက်ခိုက်ရန်အတွက် စစ်သားများနှင့် လက်နက်ခဲယမ်းမီးကျောက်များကို မြစ်ကြီးနားသို့ အခုရက်များအတွင်း စေလွှတ် တင်ပို့ နေသည်ဟု သတင်းများက ဆိုပါသည်။
တချိန်တည်းမှာပင် ဆိုးရွားနေသော လက်ရှိအစိုးရနှင့် KIA တို့ကြား ပြေလည်စေရေး ကြိုးပမ်း အဖြေရှာ နေမှုအပေါ် ကချင်ပြည်နယ် ပါလီမန်နှင့် စစ်ကိုင်းဒေသကြီး ပါလီမန်တို့်တွင် ဆွေးနွေးချက်များကို ပယ်ချ လိုက်ပြီ ဖြစ်ပါသည်။
KIA တပ်ဖွဲ့များသည် ဇွန်လ ၁၄ ရက်နှင့် ၁၆ ၇က်များအတွင်းက တံတား ၂၅ စင်းကို ချိုးဖျက်ခဲ့သလို၊ မြစ်ကြီးနား မန္တလေးသွား ရထားလမ်းမှ ရထားကူး ပိန်ချောင်း တံတားကို ဇွန်လ ၂၁ ရက်နေ့က ထပ်မံ ဖေါက်ခွဲခဲ့ရာ ယခုအခါ မြစ်ကြီးနားနှင့် မန္တလေး ရထားလမ်း ရပ်တန့်နေပြီဟု မြစ်ကြီးနား မြို့ခံတဦးက ပြောကြောင်း  သတင်းပေးပို့ချက်က ဆိုပါသည်။ 
ပြည်တွင်းသတင်းထောက်(ရွှေဝါရောင် သတင်းလွှာ) 

ဂျပန်ပါလီမန် ဒုတိယဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကို သွားရောက်တွေ့ဆုံ

ရန်ကုန် ၊ ဇွန် ၂၉။
ဂျပန် နိုင်ငံခြားရေးရာ ပါလီမန် ဒုတိယဥက္ကဌ Ms. Makiko Kikuta သည် ဒေါ်အောင်ဆန်းစုကြည်နှင့် ယနေ့နေ့လည်ပိုင်းက NLD ပါတီ ဌာနချုပ်တွင် တနာရီကျော် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

ဆွေးနွေးမှုနှင့် ပါတ်သက်သော အသေးစိတ် အချက်အလက်များကို ထုတ်ပြန်ခြင်း မရှီသော်လည်း ဆွေ့ဆုံဆွေးမှုသည် ရင်နှီးမှုကို မြန်မာအစိုးရနှင့် ဂျပန်အစိရုးကြားတွင်သာမက ဂျပန်နှင့် မြန်မာပြည်သူများ ကြားတွင်ပါ တည်ဆောက် သွားနိုင်ရေးကို အလေးထားခဲ့သည်ဟု ဒေါ်အောင်ဆန်းစုကြည်ကဆိုပါသည်။
ထို့အတူ မြန်မာနိုင်ငံသားများကိုယ်စား ဂျပန်ငလျှင်နှင့် ရေးဘေးဒဏ် ခံစားခဲ့သူများအတွက် စာနာ ထောက်ထားကြောင်း ပြောပြခဲ့သည်ဟုလည်း ဆိုပါသည်။ အခြားဆွေးနွေးသည် ကိစ္စများကိုမူ ဂျပန်ဘက်မှ အများပြည်သူ သိရန် ထုတ်ဖေါ်စေလိုခြင်း မရှိဟုလည်း ဆိုပါသည်။
Ms.Makiko Kikuta သည် မနေ့က နံနက်စောစောပိုင်းတွင် နေပြည်တော်တွင် ကျင်းပခဲ့သည့် ဂျပန်အစိုးက မြန်မာအစိုးရသို့ စားသောက်ကုန်များကို ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်မှ တဆင့် လွဲပြောင်းပေးအပ်သည့် အခမ်းအနား အစီအစဉ်ကိုလည်း တက်ရောက်ခဲ့ပါသည်။
ထိုအစီအစဉ်မှ မြန်မာနိုင်ငံသို့ ဂျပန်နိုင်ငံက ဒေါ်လာ ၅.၈ သန်း တန်ဖိုးရှိ စားသောက်ကုန် တန်ချိန် ၁၇၀၀ နှင့် စားသုံးဆီ ၁၆၂၅ တန်ကို လှူဒါန်းခဲ့ပါသည်။ ဂျပန်နိုင်ငံသည် ၂၀၁၀ နှစ်ဦးပိုင်းလည်း အမေရိကန်ဒေါ်လာ ၅.၄၈၉ သန်း တန်ဖိုးရှိ စားသောက်ကုန် ၁၀၀၀ တန်နှင့် ပဲ ၄၁၆၄ တန်ကို လှူဒါန်းခဲ့ဖူးပါသည်။ ထိုလှူဒါန်းပွဲတွင် Ms. Makiko Kikuta က ယခုလာရောက်ခြင်းသည် ဂျပန်နှင့် မြန်မာအကြား ဆက်ဆံမှုကဏ္ဍအသစ်တခု ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း ပြောပြခဲ့ပါသည်။ ထိုနောက် အထောက်အကူပစ္စည်းများ အတွက် စာရွက်စာတမ်းများကို ကမ္ဘာ့စားနပ်ရိက္ခာ အဖွဲ့မှ ဌာနေ တာဝန်ခံထံ ပေးအပ်ခဲ့ပါသည်။
ထိုအခမ်းအနားကို နယ်စပ်ဒေသရေးရာနှင့် စက်မှုဖွံ့ဖြိုးတိုးတက်ရေး ပြညန်ထောင်စုဝန်ကြီး ဦးသိန်းဌေးနှင့် အဆင့်မြင့် ဝန်ကြီးများ တက်ရောက်ကြကြောင်း သိရပါသည်။
သူမသည် ထိုနောက်ပိုင်းတွင် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် ပြည်သူလွတ်တော် ဒုတိယပြောရေးဆိုခွင့်ရှိသူ ဦးနန္ဒကျော်စွာ တို့နှင့်လည်း သီးခြားတွေ့ဆုံဆွေးနွေးခဲ့သည်ဟု ဆိုပါသည်။
သူမသည် ယနေ့ညနေပိုင်းတွင် ဂျပန်နိုင်ငံသို့ ပြန်လည်ထွက်ခွာမည်ဟု သတင်းရရှိပါသည်။ 
ပြည်တွင်းသတင်းထောက် (ရွှေဝါရောင် သတင်းလွှာ) 

6.21.2011

ဥရောပသမဂ္ဂ ကိုယ်စားလှယ်အဖွဲ့ ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံ

ရန်ကုန် ၂၁ ဇွန် ၊ ၂၀၁၁ ။
ဥရောပ သမဂ္ဂ အထူးအကြံပေးပုဂ္ဂိုလ် ရောဘတ် ကူးပါး (Robert Cooper) ဦးဆောင်သော အဖွဲ့သည် ယနေ့ ညနေပိုင်းက မြန်မာ့ ဒီမိုကရေစီ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ နေအိမ်တွင် နှစ်နာရီကြာခန့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
ယနေ့ည ၈နာရီခန့်တွင် ပြီးဆုံးခဲ့သော တွေ့ဆုံဆွေးနွေးပွဲ အပြီးတွင် ဥရောပ သမဂ္ဂ၏ ကိုယ်စားလှယ်များက သတင်းထောက်များကို ဆွေးနွေးပွဲနှင့် ပါတ်သက်သော အသေးစိတ် အချက်အလက်များကို ပြောပြရန် ငြင်းဆိုခဲ့ပါသည်။
သတင်းထောက်များက ဒေါ်အောင်ဆန်းစုကြည်ကို ဥရောပသမဂ္ဂက မြန်မာနိုင်ငံအပေါ် စီးပွါးရေး ပိတ်ဆို့မှုများကို ရုတ်သိမ်းရန် ပြင်ဆင်နေသလားဆိုသည့် မေးမြန်းချက်အပေါ် ဒေါ်အောင်ဆန်းစုကြည်က လွန်ခဲ့သည့် လအနည်းငယ်ကမှ ဥရောပ သမဂ္ဂက သူတို့၏ စီးပွါးရေး ပိတ်ဆို့မှုကို သက်တမ်းတိုးခဲ့ခြင်းသာ ဖြစ်သည်ဟု သူမအနေဖြင့် နားလည်ကြောင်း သတင်းထောက်များကို ပြောပြခဲ့ပါသည်။
သူမအနေဖြင့် ဥရောပ သမဂ္ဂ ကိုယ်စားလှယ်များကို လက်ရှိ တိုင်းရင်းသား လူမျိုးစုများကို စစ်အုပ်စုက တိုက်ခိုက်နေသော စစ်ရေးဆိုင်ရာ အကြပ်အတည်းများ အကြောင်းကို ပြောပြခဲ့ပြီး ထိုအကြပ် အတည်းများကို ပြေလည်ရန်မှာ တွေ့ဆုံဆွေးနွေး အဖြေရှာရေးသာ ဖြစ်သည်ဟု ပြောပြခဲ့ကြောင်း သတင်းထောက်များကို ပြောပြခဲ့ပါသည်။
ပြည်တွင်းသတင်းထောက် (ရွှေဝါရောင် သတင်းလွှာ)

အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး ခရီးစဉ် မြန်မာ တီဗီထုတ်လွှင့်

ရန်ကုန်၊ ဇွန် ၂၁။

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး S.M Krishna သည် ယနေ့ညနေ ငါးနာရီက မြန်မာအစိုးရ ဒုတိယသမ္မတ (၁) သီဟသူရ တင်အောင်မြင့်ဦးနှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်ဟု စစ်အုပ်စု အစိုးရပိုင် တီဗီင်္မှ ယနေ့ညနေ ၈နာရီ သတင်းတွင် ကြေငြာသွားခဲ့ပါသည်။ ထိုသို့ တွေ့ဆုံဆွေးနွေးပွဲသို့ မြန်မာ့ ငါးလုပ်ငန်းနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီး ဦးတင်နိုင်သိန်းနှင့် မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့လည်း တက်ရောက်ခဲ့သည်ဟု ဆိုပါသည်။
ထိုသို့တွေ့ဆုံဆွေးနွေးမှုသည် မြန်မာနိုင်ငံနှင့် အိန္ဒယနိုင်ငံတို့ ပိုပို ကျယ်ပြန့်စွာ ပူးပေါင်းဆောင်ရွက် နိုင်ရေး အတွက် ရည်ရွယ်သည်ဟု အမည် မဖေါ်လိုသူ မြန်မာ အစိုးရ အရာရှိတစ်ဦးက ဆိုပါသည်။
ထိုခရီးစဉ်အတွင်း ဒေါပုံမြို့နယ်တွင် အိန္ဒိယနိုင်ငံ၏ အကူအညီဖြင့် တည်ဆောက်ခဲ့သော တန်ချိန် ငါးရာဆန့်မည့် စပါးသိုလှောင်ရုံများ၏ တည်ဆောက်မှု စာရွက်စာတမ်းများကိုလည်း အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးထံပေးအပ်ခဲ့သည်ဟု တီဗီသတင်းက ဆိုပါသည်။

6.20.2011

ကြံ့ဖွံ့ အစိုးရ ဒုတိယ သမ္မတ ဥရောပ သမဂ္ဂ ဒုတိယဥက္ကဌကို နေပြည်တော်တွင် တွေ့ဆုံ

ရန်ကုန်၊ ဇွန် ၂၀ ။
ဥရောပ သမဂ္ဂရဲ့ ဒုတိယ ဥက္ကနှင့် နိုင်ငံခြားရေးရာ အထူးအကြံပေးပုဂ္ဂိုလ် ရောဘတ် ကူးပါး (Robert Cooper) ဦးဆောင်သော သံတမန် အဖွဲ့သည် နိုင်ငံတော် ဒုတိယ သမ္မတ (၁) သီဟသူရ ဦးတင်အောင်မြင့်ဦးနှင့် ယနေ့ ညနေ ၄နာရီက နေပြည်တော် တွင် တွေ့ဆုံခဲ့ကြောင်း မြန်မာ အစိုးရ တီဗီက ယနေ့ည ၈နာရီ သတင်းတွင် ကြေငြာသွားခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ၏ သံတမန် Mr. David Lipman လည်း တက်ရောက်ခဲ့သည်ဟု ဆိုပါသည်။
ထိုကဲ့သို့ ဒုတိယ သမ္မတနှင့် မတွေ့ဆုံခင် ယနေ့ နေ့လည်ပိုင်း ၂နာရီ ၃၀ က နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့ကြောင်းလည်း ကြေငြာသွားခဲ့ပါသည်။ 
ပြီးခဲသော ဧပြီလက ဥရောပ သမဂ္ဂက မြန်မာနိုင်ငံအပေါ် စီးပွါးရေးပိတ်ဆို့ထားမှုကို တနှစ် သက်တမ်းတိုး ခဲ့သော်လည်း မြန်မာအစိုးရသစ်၏ သဘောထားကို သိရှိနိုင်ရန် တွေ့ဆုံဆွေးနွေးရန် လာရောက်ခြင်း ဖြစ်သည်ဟု ဆိုပါသည်။
ဥရောပ သမဂ္ဂ၏ သံတမန် အဖွဲ့ဝင်များသည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် မနက်ဖြန်ညနေ ၆ နာရီတွင် သွားရောက်တွေ့ဆုံ ဆွေးနွေးမည်ဟု ဆိုပါသည်။
ပြည်တွင်းသတင်းထောက် (ရွှေဝါရောင် သတင်းလွှာ) 

6.15.2011

တရားဝင်နေထိုင် အလုပ်လုပ်ကိုင်ခွင့်(ဘတ်) အသစ်ယနေ့ စတင် လုပ်ဆောင်ပြီ

Photobucket
ဇွန်လ ၁၅
ယနေ့နံနက်ပိုင်းက ဘန်ကောက်မြို့အနီးရှိ မဟာချိုင်အလုပ်သမားရုံးတွင် ရွှေ့ပြောင်းအလုပ်သမားများ တရားဝင် နေထိုင်အလုပ်လုပ်ကိုင်ခွင့် (ဘတ်)အသစ် လုပ်ကိုင်ခြင်းကို စတင်ပြီး၊ ထိုင်းအလုပ်သမား ၀န်ကြီး နှင့် မြန်မာနိုင်ငံခြားရေး ဒုဝန်ကြီး ဦးမောင်မြင့်တို့ သတင်းစာရှင်းပွဲတစ်ရပ် ပြုလုပ်ခဲ့သည်။
မဟာချိုင် အလုပ်သမားရုံးတွင် One Stop Service တစ်နေရာတည်းတွင် ဘတ်နှင့် ပါတ်သက်သည့် လုပ်ငန်းအားလုံး စီစဉ်ဆောင်ရွက်သည့် ၀န်ဆောင်မှုကို ပေးနိုင်ရန် စီစဉ်ထားသည်။
ထိုင်းအလုပ်သမား ၀န်ကြီးဌာန ၀န်ကြီး ချလုံချိုင်းစီရီအွန် က“ မြန်မာ ကမ္ဘောဒီိယားနဲ့ လာအိုနိုင်ငံက တရားမ၀င် ရောက်ရှိနေကြတဲ့ ရွှေ့ပြောင်း အလုပ်သမားတွေကို ဒီနေ့ ကစပြီးတော့ လုပ်ပေးမှာ ဖြစ်ပါတယ်။
လုပ်ငန်း ထိရောက်မြန်ဆန်ဖို့ အတွက် တစ်နေရာတည်းမှာ လုပ်ပေးဖို့ အတွက် ထိုင်းတစ်နိုင်ငံလုံးမှာ စီစဉ် ထားတယ်၊ တရားဝင် အလုပ်သမားများ ဖြစ်လာလို့ရှိရင် အားလုံးအတွက် အကျိုးရှိမှာဖြစ်တယ်” ဟု ပြောဆို သွားသည်။
အဆိုပါ သတင်းစာရှင်းလင်းပွဲသို့ မြန်မာသံရုံးဝန်ထမ်းအချို့ အပါအ၀င် ထိုင်းအလုပ်သမား ၀န်ကြီးဌာန စီမံခန့်ခွဲရေး မန်နေဂျာနှင့် နိုင်ငံခြား အလုပ်သမားရေးရာဌာနက တာဝန်ရှိသူများနှင့် မဟာချိုင်က ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
မြန်မာ နိုင်ငံခြားရေး ဒုဝန်ကြီးဦးမောင်မြင့်က “ ဘန်ကောက်က သံရုံးမှာထားတဲ့ ၀န်ထမ်းဟာ ကျနော်တို့ ဆင်းရဲတဲ့ နိုင်ငံနဲ့တောင် မတူဘူး။ အစိုးရက နိုင်ငံတကာမှာထားတဲ့ ၀န်ထမ်းတွေထက် အရေအတွက် ပိုများပါတယ်။ နိုင်ငံခြားမှာရှိတဲ့ အလုပ်သမားတွေအတွက် လိုအပ်လို့ရှိရင် လူအင်အား ငွေအင်အားသုံးဖို့ အဆင်သင့်ပါ။ ထိုင်းမှာ အလုပ်သမားတွေ တစ်ခုခုဖြစ်ရင် သိရှိနိုင်အောင် ကျနော်တို့မှာ ပြင်ဆင်ထားတာ မရှိပေမယ့် သတင်းမီဒီယာခေတ်မှာ သတင်းတွေမှာ တွေ့လာလို့ရှိရင် ကျနော်တို့ ချက်ခြင်းဆောင်ရွက်မှာပါ။ မြန်မာ အလုပ်သမားတွေ အနေနဲ့လည်း ကိုယ်တိုင်ဆက်သွယ် အကူအညီတောင်းခံနိုင်ပါတယ်” ဟု ပြောဆိုသွားသည်။
မြန်မာဒုဝန်ကြီးက ယမန်နှစ်က ဘတ်လုပ်ရာသီတွင် အချိန် တစ်လတိုးပေးရန် ထိုင်းအစိုးရကို တောင်းဆိုခဲ့ သကဲ့သို့  မြန်မာအလုပ်သမားများ အနေဖြင့် တရားဝင်လမ်းကြောင်းကို ရောက်ရှိလာသဖြင့် ရသင့်ရ ထိုက်သည့် အခွင့်အရေးများကို အပြည့်အ၀ ရရှိကြမည်ဖြစ်ကြောင်း ထပ်လောင်း ပြောဆိုသွားသည်။
မဲဆောက်မြို့အခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှု ကော်မတီဥက္ကဌ ဦးမိုးကြိုးက“ မဲဆောက်နဲ့ တာ့ခ်ရိုင်အတွင်းက အလုပ်သမားတွေက ဒီ(ဘတ်)ကိုလုပ်ချင်ပေမယ့် ရတဲ့ငွေက အလွန်နည်းနေတာကြောင့် မလုပ်နိုင်ကြဘူးဗျ။ မဲဆောက်နဲ့ တာ့ခ်ခရိုင်အတွင်းမှာ မြန်မာအလုပ်သမား လေးသိန်းလောက် ရှိပေမယ့် စက်ရုံအလုပ်သမားက တစ်သိန်းအောက်ပဲ ရှိပါလိမ့်မယ်။ ကျန်အလုပ်သမား တွေက စိုက်ပျိုးရေးနဲ့ ကျဘမ်း အလုပ်သမားတွေဖြစ်တယ်။ ဒီအလုပ်သမားတွေကို ဘယ်လုပ်ငန်းရှင်ကမှ ဘတ်လုပ်ပေးမှာ မဟုတ်ဘူးဗျ။” ဟု ပြောဆိုသွားသည်။
တရားဝင် မှတ်တင်ထားသည့် စက်ရုံအလုပ်ရုံများ အနေဖြင့် လုပ်ပေးနိုင်ခြေ ရှိသော်လည်း တရားမ၀င် လုပ်ကိုင်နေကြသည့် အိမ်တွင်းမှုလုပ်ငန်းနှင့် တောင်ယာစိုက်ပျိုးရေး လုပ်ငန်း၊ ကျဘမ်း အလုပ်သမားများမှာ ဘတ်လုပ်လိုပါက အငှါးသူဌေးခ ဘတ် ၁၀၀၀ ပေးရကြောင်း ၄င်းက ဆက်ပြောသည်။
ရွှေ့ပြောင်း အလုပ်သမားများ အချိန်ကုန် လူပမ်းမဖြစ်စေရန်နှင့် စရိတ်စက ကုန်ကျသက်သာစေရန်
One Stop Service တစ်နေရာတည်းတွင် လုပ်ကိုင်ပေးရန် စီစဉ်ဖြစ်ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးက ပြောဆို သွားသော်လည်း မဲဆောက်မြို့တွင် မရှိသေးကြောင်း ဦးမိုးကြိုးကပြောသည်။ ဘန်ကောက်နှင့် ထိုင်းနိုင်ငံ တောင်ပိုင်းတို့ တွင်လည်း ယနေ့တွင် One Stop Service လုပ်သည့်နေရာ မရှိသေးကြောင်း အငှါးသူဌေး လုပ်ငန်းလုပ်ကိုင်နေကြသည့် မြန်မာများကပြောသည်။ ထိုင်းအစိုးရက (ဘတ်) လုပ်ခ တရားဝင် ၃၈၀၀ ဘတ်သတ်မှတ်ထားသော်လည်း ဘန်ကောက်၊ မဟာချိုင်၊ ခြုံဖွန် ဖူးခက်၊ ရနောင်းနှင့် အခြားနေရာများတွင် ဘတ် ၅၅၀၀ မှ ဘတ်၆၀၀၀ အထိ အပြင်ပေါက်ဈေးဖြစ်နေသည်။ ထိုင်းအစိုးရ ဘတ် ၂၉၀၀ သတ်မှတ်ထားသည့် မဲဆောက်မြို့တွင် ဘတ်၄၀၀၀ကျော်ခန့် ကုန်ကျမည် ဖြစ်ကြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသူများက ပြောသည်။
မည်သိုပင်ဖြစ်စေ ယနေ့ ထိုင်းနိုင်ငံ အနှံအပြားတွင် တရားဝင်နေထိုင် အလုပ်လုပ်ကိုင်ခွင့် (ဘတ်) လုပ်ငန်းအား စတင် လုပ်ကိုင်နေပြီ ဖြစ်သဖြင့် (ဘတ်)မရှိသည့် အလုပ်သမား ပျော်ရွှင်နေကြကြောင်းလည်း သိရှိရသည်။
ကိုကျော်သောင်းမှ ပေးပို့ပါသည်။ 

6.10.2011

ဝါရင့် နိုင်ငံရေးသမားကြီး သခင်သိန်းဖေ(၉၅)နှစ်ပြည့်မွေးနေ့ကျင်းပ

Photobucket
ဝါရင့်နိုင်ငံရေးသမားကြီးများ၏ ခေါင်းဆောင်သခင်သိန်းဖေ(၀ါခယ်မ)၏ ၉၅နှစ် ပြည့် မွေးနေ့ပွဲကို သခင်သိန်းဖေ နေထိုင်သည့် အမှတ်(၃)ပါရမီလမ်း (ချော်တွင်းကုန်း လမ်း)နှင့် ဦးဘဟန်လမ်းထောင့် နေအိမ်တွင် ၉.၆.၂၀၁၁ ခု ကြာသာပတေးနေ့ နံနက် ၁၀နာရီ ကျင်းပကြောင်း သတင်းရရှိသည်။
အဆိုပါမွေးနေ့ပွဲသို့ ၀ါရင့်နိုင်ငံရေးသမားကြီးများ၊ ဦးတင်ဦး၊ အပါအ၀င် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်များနှင့် အဖွဲ့ဝင်များ၊ တိုင်းရင်းသားခေါင်းဆောင်များ၊ ၆၂-၇၄-၈၈ မျိုးဆက်အင်အားစုများနှင့် အခြားဒီမိုကရေစီအင်အားစုများ တက်ကြွလှုပ်ရှားသူများ ၁၀၀ ကျော်ခန့် တက်ရောက် ကြောင်းသိရှိရသည်။
မွေးနေ့ပွဲတွင် မွေးနေ့ရှင် သခင်သိန်းဖေက နှုတ်ခွန်းဆက်အမှာစကားပြောကြား ပြီး အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ဒီမိုကရေစီအင်အားစုများ ကိုယ်စား ဦးခင်မောင်ကြည်က ဂုဏ်ပြုသ၀ဏ်လွှာ ဖတ်ကြားကာ တက်ရောက်လာသူများထဲမှ ဦးတင်ဦးနှင့် ဦးသန်းတင်တို့က ဂုဏ်ပြုအမှာစကားများ ပြောကြားကြကြောင်း သိရှိ ရသည်။
ထို့နောက် မွေးနေ့ပွဲ တက်ရောက်လာသူများအား ကြက်သားဒန်ပေါက် ထမင်း ဟင်း အအေးတို့ဖြင့် တည်ခင်းကျွေးမွေး ဧည့်ခံကာ ``နောင်လာ နောက်သား ကောင်းစားဖို့ရာ တို့ကိုယ်ကျိုးလုံးလုံးမပါ လမ်းစဉ်ကို နိုင်ငံရေးသမားတိုင်း လိုက်နာကျင့်သုံးပါ’’ ဆိုသည့် သခင်သိန်းဖေ၏ သြ၀ါဒ လက်ရေးမူရင်းနှင့် မကြာသေးခင်က ရိုက်ကူးထားသည့် သခင်သိန်းဖေ၏ မတ်တက်ရပ်ဓာတ်ပုံပါရှိသည့် ပို့စကဒ်များကို တက်ရောက်လာသူများအား အမှတ်တရ လက်ဆောင်အဖြစ် ဝေပေးခဲ့ကြောင်း သတင်းရရှိသည်။

6.07.2011

၇၄-အလုပ်သမားအရေးအခင်း နှစ်ပတ်လည်နှင့် ၇၄-၅-၆ နိုင်ငံရေးအကျဉ်း သားဟောင်းများနေ့ အထိမ်းအမှတ်ကျင်းပ

၂၀၁၁-ဇွန်လ (၆)ရက်နေ့တွင် (၃၇)နှစ်မြောက် အလုပ်သမား အ ရေးအခင်း နှစ်ပတ်လည်နေ့နှင့် ၇၄-၅-၆ နိုင်ငံရေး အကျဉ်းသားများဟောင်းများနေ့ အထိမ်းအမှတ် အခမ်းအနားတစ်ခုအား ရန်ကုန်မြို့ရှိ ၇၄-၅-၆ နိုင်ငံရေး အကျဉ်းသားဟောင်းတစ်ဦး၏ နေအိမ်တွင် ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါ အခမ်းအနားသို့ ၁၉၇၄-အလုပ်သမားအရေးအခင်းနှင့် အဆိုပါအလုပ်သမားအရေးအခင်း နောက်ဆက်တွဲအဖြစ်ပေါ်ပေါက်ခဲ့သည့် ၁၉၇၄-ဒီဇင်ဘာ ဦးသန့်အရေးအခင်း ၁၉၇၅-ဇွန်လ အလုပ်သမားနှစ်ပတ်လည် အရေးအခင်း(ခေါ်) ရွှေတိဂုံ အရေးအခင်းနှင့် ၁၉၇၆-မတ်လ မှိုင်းရာပြည့်အရေးအခင်းသို့တွင် ဖမ်းဆီးထိမ်းသိမ်းခံ ခဲ့ရသည့် အလုပ်သမား/ကျောင်းသား နိုင်ငံရေးအကျဉ်းသားဟောင်းများနှင့် အဆိုပါ နှစ်ကာလများအတွင်း မဆလ စစ်အစိုးရ၏ နည်းမျိုးစုံး ပုဒ်မမျိုးစုံဖြင့် ဖမ်းဆီထိမ်းသိမ်းခံခဲ့ရသည့် နိုင်ငံရေးအကျဉ်းသားဟောင်းများစုံညီစွာ တက်ရောက်ခဲ့ကြသည်။ စုစုပေါင်းနိုင်ငံရေးအကျဉ်းသားဟောင်း-၅၀ နည်းပါးခန့်တက်ရောက်ခဲ့ကြသည်။
တက်ရောက်လာသော နိုင်ငံရေးအကျဉ်းဟောင်းများက ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးလိုလားသူများ၏ မေတ္တာရပ်ခံလွှာတွင် ပါဝင် စုပေါင်းလက်မှတ်ရေးထိုးကြပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် လက်ရှိ အကျဉ်းထောင်အသီးသီးတွင် ဖမ်းဆီးထိန်းသိမ်းခံနေရသော နိုင်ငံရေးအကျဉ်းသားများအားလုံး ချွင်းချက်မရှိလွတ်ပေးရေးကို ပထမဆုံးနှင့် အမြန်ဆုံးဆောင်ရွက်ပေးရန်၊  အလေးအနက် ထပ်မံ တောင်းဆိုလိုက်ကြောင်း သတင်းရရှိသည်။
ထို့ပြင် နှစ်စဉ် ဇွန်လ (၆)ရက်နေ့ကို ၇၄-၇၅-၇၆ အထိမ်းသိမ်းခံ နိုင်ငံရေးအကျဉ်းသားများ နေ့အဖြစ် သတ်မှတ်ကျင်းပသကဲ့သို့ ခေတ်ဟောင်း ခေတ်သစ် နိုင်ငံရေး အကျဉ်းသားများအားလုံးနှင့် သက်ဆိုင်သည့် နိုင်ငံရေးအကျဉ်းသားဟောင်းများနေ့ကို သင့်လျော်သည့် နေ့တစ်နေ့ သတ်မှတ်ကျင်းပသင့်ကြောင်း အဆိုပြု တင်ပြခဲ့သည်ဟု သိရှိရသည်။
အဆိုပါအခမ်းအနားတွင် အသက်အရွယ်ကြီးရင့်နေပြီဖြစ်သော အလုပ်သ မားနိုင်ငံရေးအကျဉ်းသားဟောင်းကြီးများနှင့် အခြား နိုင်ငံရေးအကျဉ်းသား ဟောင်းကြီးများအား ထောက်ပံ့ငွေများပေးအပ်ကြသည့်အပြင် လက်ရှိ အကျဉ်းထောင်များတွင် နိုင်ငံရေးအမှုဖြင့် ဖမ်းဆီးထိန်းသိမ်းခံနေရသည့် ၇၄-၇၅-၇၆ နိုင်ငံရေးအကျဉ်းဟောင်း (၅) ဦး၏ မိသားစုများအတွက်လည်း ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
ပြည်တွင်းသတင်း

5.27.2011

တိုင်းရင်းသား ကိုယ်စားပြု အမြင် သဘောထား (စိုင်းစောအောင် SNLD)

Sai Saw Aung

၂၀၁၀ ရွေးကောက်ပွဲ ဘာကြောင့် မဝင်ခဲ့သလဲ (ဖြိုးမင်းသိန်း)

၂၀၁၀ ရွေးကောက်ပွဲ ဘာ့ကြောင့်မ၀င်ခဲ့သလဲ

5.22.2011

မြန်မာအလုပ်သမားများ တင်ပို့သည့် ထိုင်းရဲကားအား နယ်ခြားစောင့်တပ်က စစ်ဆေးရေးဂိတ်တွင်ဖမ်းဆီး

Photobucket
Photobucket
မေလ ၂၂
ထိုင်းဘာသာပြန် ကိုတီး (ရခိုင့်တံခွန်ဂျာနယ်)
ယမန်နေ့ ညနေပိုင်းက ဘန်ကောက်မြို့သို့ တရားမ၀င်မြန်မာအလုပ်သမား ၁၀ဦး တင်ဆောင်လာသည့် အချုပ်ကားအမှတ် ၄၇၄၊ကားနံပါတ်၃၁-၈၇၅၆ကို တာ့ခ်ခရိုင်နယ်ခြားစောင့် စစ်ဆေးရေးဂိတ် Ban Huai Hin တွင် နယ်ခြားစောင့်တပ်ဖွဲ့ဝင်များက ဖမ်းဆီးလိုက်သည်။
ဖမ်းဆီးရမိသည့် တရားမ၀င် မြန်မာအလုပ်သမား အမျိုးသမီး၎ဦးနှင့် အမျိုးသား၆ဦးတို့မှာ အသက် ၁၇နှင့် ၂၀နှစ် အတွင်းရှိကြသူများဖြစ်သည်။ ကားခေါင်းခန်းအား ဆက်လက်ရှာဖွေရာ ဘတ်ငွေ ၃၄၂၀၀ ကိုလည်း တွေ့ ရှိ သိမ်းဆည်းလိုက်ကြသည်။
လူကုန်ကူးသူများနှင့်အတူ ထိုင်းရဲအရာရှိများ ကိုယ်တိုင် အချုပ်ကားဖြင့် တရားမ၀င် အလုပ်သမားများ ဘန်ကောက်မြို့သို့ တင်ပို့နေကြောင်း သတင်းအရ တာဝန်ရှိသူများက တာ့ခ်ခရိုင်၊ မဲဆောက်မြို့ မယ်ပရပ်ကွက် အနီးတွင်ရှိသော အဆိုပါ စစ်ဆေးရေးဂိတ်တွင် စောင့်ဆိုင်းနေခဲ့ကြသည်။ နံနက် ၉နာရီခန့် က အချုပ်ကားတစ်စီး စစ်ဆေးရေးစခန်း အား ဖြတ်သန်းစဉ် စစ်ဆေးရန် တားဆီးခဲ့သော်လည်း စစ်ဆေးမခံပဲ မောင်းပြေး လွတ်မြောက်သွားခဲ့သည်။ ညနေ၅နာရီတွင် အလားတူ ကားတစ်စီး စစ်ဆေးမခံပဲ မောင်းပြေး လွတ်မြောက်သွားခဲ့ပြန်သည်။
  ထို့ကြောင့် တာဝန်ရှိသူများက လိုက်လံဖမ်းဆီးနိုင်ရန် ကားနှင့်ဆိုင်ကယ်တို့အား အဆင်သင့်ပြင်ဆင်ပြီး စောင့် ဆိုင်းနေခဲ့ကြသည်။ ညနေ၇နာရီတွင် အလားတူကားတစ်စီး မောင်းပြေးသွားပြန်သည်။ ညနေ၇နာရီ၂၀မိနစ်တွင် မောင်းလာသည့်ကားလည်း ထွက်ပြေးပြန်သည်။ တာဝန်ရှိသူများ လိုက်လံပြီး ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။ ဖမ်းဆီးရမိသည့် ကားမောင်းသူမှာ ရိုးရိုးသာမန်ရဲသား ဗွီလာဆ၀န်ဆိုသူ ဖြစ်သည်။ မနေ့က သူတို့ မြန်မာအလုပ်သမား ၇၁ဦး ကို ခွဲပြီးသယ်ဆောင်ခဲ့ကြောင်း ထွက်ဆိုသွားခဲ့သည်။ ဖမ်းဆီရမိသည့် ကားမောင်းသူ ထိုင်းရဲသားနှင့် လူကုန်ကူး ခံရသူများအား ထိုင်းလူကုန်ကူးမှု ဥပဒေအရ ဆက်လက် အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းစာတွင် ရေးသားဖေါ်ပြထားသည်။

5.21.2011

ငါးဖမ်းလှေ အနံ့ဆိုးကြောင့် မြန်မာအလုပ်သမား၂ဦးချက်ခြင်းသေ တစ်ဦးဆေးရုံတင်ရ

Photobucket

မေလ ၂၁
ထိုင်းဘာသာပြန် ကိုတီး (ရခိုင့်တံခွန်ဂျာနယ်)
ထိုင်းနိုင်ငံတောင်ပိုင်း ရေလယ်ကျွန်းတစ်ခုဖြစ်သော ကော့စမီကျွန်းလှေဆိပ်မှ ကိုကက နာဝီအမှတ်(၂) ငါးဖမ်းလှေမှ မြန်မာအလုပ်သမား၂ဦး ငါးအပုပ်နံကြောင့် ရုတ်တရက်သေဆုံးသွားပြီး တစ်ဦးကို ကော့စမီဆေးရုံသို့ အရေးပေါ် ပို့ဆောင်ပေးခဲ့ရကြောင်း ယနေ့ထုတ် ထိုင်းရပ်သတင်းစာတွင် ဖေါ်ပြထားသည်။
ပုံမှန်ကမ်းကပ်နေကျ နေ့ ရက်ဖြစ်သော မေလ ၁၉ ရက်နေ့ ညနေတွင် မှောင်နေသဖြင့် ၂၀ ရက်နေ့ မှ ဆိပ်ကမ်းသို့ ငါးများချရန် ဆိုက်ကပ်ခဲ့သည်။ အသက် ၁၉နှစ်အရွယ် မြန်မာအလုပ်သမား ကိုအငယ်က ငါးပါကင် အဖုံးအား ဖွင့်လိုက်စဉ် ငါးအပုပ်နံ့ ပြင်းပြင်းအား ရှုရိုက်ရသဖြင့် မူးလဲသေဆုံးသွားခဲသည်။ ကိုအငယ် ဆိုသူက ယခုကဲ့သို့ လဲကျသွားသည်ကို မြင်တွေ့ရသော အသက်၁၈ နှစ်အရွယ် မောင်မိုး ဆိုသူက သွားရောက်ဆွဲယူရာ မောင်မိုးပါ ချက်ခြင်းသေဆုံးသွားခဲ့ရသည်။ တပြိုင်တည်းတွင် အသက် ၁၈ နှစ်အရွယ် မောင်ဇော်ဆိုသူမှာ အသက်ဆုံးရှုံးမှု မရှိသော်လည်း အရေးပေါ်ဆေးရုံသို့ ပို့ ဆောင်ပေးခဲ့ရသည်။
အဆိုပါ ၀ါးတန်းလှေများတွင် ရက်ပေါင်းရှည်ကြာ ဖမ်းမိသောငါးများအား ငါးဖမ်းလှေ ၀မ်းဗိုက် အအေးခန်းတွင် သိုလှောင်ထားသည်။ ဖမ်းဆီးရမိသော ငါးမျိုးစုံတို့အား ရေခဲများဖြင့် သိုလှောင်ထားသည့် အအေးခန်း စနစ်ဖြစ်သည်။ ထို့ကြောင့် ရေခဲများ ကုန်ဆုံးသွားလျှင်ဖြစ်စေ၊ ရေခဲနည်းလျှင်ဖြစ်စေ အောက်စီဂျင် ကုန်ဆုံးသွားပြီး အပုပ်နံ့ပြင်းပြင်း (ဂက်စ်)များဖြစ်၍ အအေးခန်း အဖုံးများကိုဖွင့်သည့် အလုပ်သမားများ မကြာခဏ သေဆုံးလေ့ရှိသည်။
လှေပိုင်ရှင်နှင့် လှေပေါ်ကြီးကြပ်သူတို့အား ဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းစာတွင် ရေးသားဖေါ်ပြထားသည်။ အဆိုပါလှေပေါ်တွင် မြန်မာလှေအလုပ်သမားပေါင်း ၃၄ ဦးရှိသည်။

ABMA ဂျာနယ် အတွဲ ၂ အမှတ် ၁၀

ABMA Journal Volume 2 No 10

4.23.2011

Burma's News World's News

Syrian forces shoot at mournersA body is brought out for burial in Syria's Deraa region, 23 April

At least nine people are killed as Syrian security forces open fire at funerals for anti-government protesters killed on Friday, reports say.

US Predator drone (file)First US Predator strike in Libya

The US military confirms the first strike by an unmanned Predator drone aircraft on an unspecified target in Libya.
Burma's junta-backed USDP party has launched a new registration drive using their old tactics of cheap loans and promises of local road building.

Burma’s Union Election Commission will hear all legal cases related to complaints of irregularities in last years election, most of which were filed by junta-backed USDP party candidates.

A timber smuggling ring of more than 70 people—including Forestry Department staff— are detained in the Indo-Burmese border town of Tamu in Sagaing Division.

Rohingya refugees who fled repression in Burma have no protection from abuse, starvation and detention in Bangladesh, says Refugees International.
Documents seen by The Irrawaddy reveal that the regime was bracing itself for civilian unrest in wake of international pro-democracy demonstrations.
Ministry of Defense officials see evidence that Snr-Gen Than Shwe has retained control of Burma's military.
A top Pentagon official has expressed concern over the role of the Burmese military junta in regional weapons proliferation.
A reporter from The Irrawaddy travels to the Kachin Independence Army headquarters and training camps.
Burmese authorities are raiding cyber cafes and pressuring them to stop providing overseas communication.
Child soldiers who desert from the Burmese army to escape mistreatment often end up as sex slaves in the country's prisons.
Traumatized people in the earthquake area face a host of health problems.
Big Brother watches, inspects Danish students’ notebooksRegimets-fotografer-s(Feature) The sun was up high in the sky when our group of Danish students and teachers walked into ...

Inspection checkpoints are reduced in Shan State, increasing productivityInspection time for examining goods at numerous vehicle checkpoints on the Mandalay-Muse Road has been significantly ...
PRRS disease reported in pig farms in Naypyitawblue-ear-pig-disease-sAn outbreak of Porcine Reproductive and Respiratory Syndrome (PRRS) was reported in Naypyitaw in ... Before carrying a laptop or second camera on train, pay your taxtrain-station-rangoon-sIf you want to carry your laptop computer or more than one camera on a train in Burma, if you forget to ...

USDP party vying to compete in free funeral servicesffs-kyaw-thu-sThe head of the popular Free Funeral Services in Rangoon says the Union Solidarity and Development ...
Weekly appeal letters to be sent to President Thein Seinthei-sein-speak-sAn appeal letter urging the new government to release all political prisoners will be sent to President ...
Tay Za: Sanctions ‘obviously unfair’tay-za-richest-private-citizen-s(Business) In a rare interview published in ‘The Future’ magazine in Rangoon, Burmese business tycoon Tay Za ...
Thuta Swesone Literary Award winners announcedThuta-Swesone-sThe winners in the sixth Thuta Swesone Literary Award for a Burmese book published in 2009 were ... MPs blocked from cyclone victims thumbnail

MPs blocked from cyclone victims

Members of Arakan party told they cannot go on fact-finding mission in Myebon town where 10,000 homes were destroyed last year
Chinese dam-builders ‘risking conflict’ thumbnail

Chinese dam-builders ‘risking conflict’

Activists describe Chinese companies as 'reckless' and lament lack of transparency and consultation over dam-building in countries like Burma
Burma shuns Dhaka migrant conference thumbnail

Burma shuns Dhaka migrant conference

Government officials absent from major conference on migrant-sending nations, despite 10 percent of Burma travelling abroad to work

Lifting the veil on Burma’s military

NIC DUNLOP
Despite decades of vilification of the Burmese army, we really know so little about it. Understanding the mindset of the junta is key to unlocking Burma's crisis

မြန်မာ့သတင်း ကမ္ဘာ့သတင်း

Syrian anti-government protesters march during a demonstration following Friday prayers near Damascus, April 22, 2011
ဓာတ်ပုံ AP

ဆီးရီးယားရဲတွေ ပစ်ခတ်လို့ ဆန္ဒပြသူ ၇၀ ကျော်သေဆုံး

ဆီးရီးယားမှာ အစိုးရဆန့်ကျင့် ဆန္ဒပြမှုတွေ ဆက်လက်ဖြစ်ပွားနေပြီး လုံခြုံရေးရဲတွေရဲ့ ပစ်ခတ်မှုကြောင့် လူ ၇၅ ဦးထက်မနည်း မနေ့က သေဆုံးခဲ့ပါတယ်။
သတင်းအပြည့်အစုံ | နားဆင်ရန်
အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းများအား အရှိန်တိုးမြှင့်လုပ်ဆောင်ကြပါရန် တိုက်တွန်းနှိုးဆော်ချက်



ဈေးသည်များကို NLD အတိုးမဲ့ ချေးငွေ ထုတ်ချေး

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်၏ ကူညီပံ့ပိုးမှုဖြင့် အဖွဲ့ချုပ် ဗဟိုအမျိုးသမီး အဖွဲ့သည် ငွေကျပ် ၁၀ သိန်းကို
ငွေကြေးအစားထိုး ပစ္စည်းသုံးလျှင် အရေးယူခံရမည်

ငွေကြေးအစားထိုး ပစ္စည်းသုံးလျှင် အရေးယူခံရမည်

ကျပ် ၁၀၀ တန်၊ ကျပ် ၂၀၀ တန် ငွေစက္ကူများ ရှားပါးနေသောကြောင့် ဈေးဝယ်စင်တာများ၊ မြို့တွင်း ပြေးဆွဲနေသော ယာဉ်လိုင်းများက ကူပွန်များ၊ ဆေးလိပ်၊ ကော်ဖီမစ်၊

၈၈ ကျောင်းသား ခေါင်းဆောင်များ ကျန်းမာရေး ဆိုးဝါးနေ

ရှမ်းပြည်နယ် ကျိုင်းတုံထောင်၌ ထောင်ဒဏ် ၆၅ နှစ် ချမှတ်ခံထားရသည့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်သည် နှလုံးရောဂါကြောင့် မူးဝေသည့်

ထိုင်းနှင့် မြန်မာ တချိန်တည်း ရုပ်သံလိုင်းပြတ်တောက်မှုဖြစ်

ထိုင်းနိုင်ငံတွင် အာဏာသိမ်းမည် ဆိုသော ကောလာဟလ သတင်းများ ထွက်ပေါ်ခဲ့ပြီး ထိုင်း ရုပ်သံလိုင်းတချို့ ပြတ်တောက်ခြင်း များရှိသကဲ့သို့ မြန်မာနိုင်ငံတွင်လည်း မြန်မာ့
2011-04-22

လူငယ်ကွန်ရက် လှုပ်ရှားမှုမှာ ပြည်ပရောက် မြန်မာများ ပါဝင်ဖို့ NLD တိုက်တွန်း

2011-04-22
မြန်မာ လူငယ်ကွန်ရက်အဖွဲ့တွေ ဆောင်ရွက်နေတဲ့ လက်မှတ်ရေးထိုး တောင်းဆိုတဲ့ လှုပ်ရှားမှုမှာ ပြည်ပနိုင်ငံတွေမှာ ရောက်နေတဲ့ မြန်မာနိုင်ငံသား တွေ ပါဝင်ကြဖို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဒီကနေ့ တိုက်တွန်းလိုက်ပါတယ်။
2011-04-23

အမေရိကန်တွေ မြန်မာစာ မြန်မာစကား သင်

အမေရိကန်နိုင်ငံမှာ မြန်မာတွေ အနေများတဲ့ ဖို့ဝိန်းမြို့မှာ အမေရိကန် အရာရှိတွေက ဗမာစာ ဗမာစကားကို စိတ်ဝင်တစား သင်ယူနေကြပါတယ်။
2011-04-23

ပုဂ္ဂလိကကျောင်းတွေ ဖွင့်ခွင့်ပေး

လာမယ့် စာသင်နှစ်မှာ မြန်မာအစိုးရက ပုဂ္ဂလိက ပညာသင်ကျောင်းတွေကို တရားဝင် ဖွင့်လှစ်ခွင့် ပေးတော့မယ်လို့ သိရပါတယ်။
2011-04-23

အမျိုးသား ပြန်လည်သင့်မြတ်ရေး ဆောင်ရွက်ဖို့ RNDP ခေါင်းဆောင် ပြောကြား

မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး ဖြစ်ပေါ်လာဖို့ လက်မှတ်ထိုး မေတ္တာရပ်ခံစာ ပေးပို့တဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးခေါင်းဆောင်တွေရဲ့ သဘောထားကို သမ္မတသစ် ဦးသိန်းစိန်အစိုးရ အနေနဲ့ ဆောင်ရွက် ပေးနိုင်မယ်လို့ မျှော်လင့်ကြောင်း ရခိုင် တိုင်းရင်းသား များ တိုးတက်ရေးပါတီက ပြောကြားလိုက်ပါတယ်။
2011-04-23

မလေးရှားမှာ မြန်မာအလုပ်သမားတွေ ဆန္ဒပြ

မလေးရှားနိုင်ငံ ဂျိုဟိုးပြည်နယ်က ကြွေထည်ပစ္စည်း ထုတ်လုပ်တဲ့ INNO CERAMITEC စက်ရုံက မြန်မာ အလုပ်သမားတွေဟာ မတရား ခိုင်းစေခံရမှု၊ အလုပ်သမား အခွင့်အရေး ဆုံးရှုံးမှုတွေနဲ့ ပတ်သက်ပြီး အလုပ်မဆင်းဘဲ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြရာမှာ အာဏာပိုင်တွေက အကြမ်းဖက်ဖြိုခွဲပြီး ဆန္ဒပြခေါင်းဆောင် ၂ ဦးကို ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
လက်မှတ် ၅ဝဝ ကျော်ကို သမ္မတထံ ပို့မည်
theinsein1s၅ ရက်ကြာ ကောက်ခံခဲ့သည့် နိုင်ငံရေး အကျဉ်း သားများ လွတ်မြောက်ရေး လက်မှတ် ၅ဝဝ ...

သုတစွယ်စုံစာပေဆု နာမည်ကြီး စာရေးဆရာများ ရရှိ
၆ ကြိမ်မြောက် သုတစွယ်စုံ စာပေဆုကို ဧပြီလ ၂ဝ ရက်နေ့တွင် ကြေညာရာ မောင်ခင်မင် ...
လမ်းဂိတ်နှင့် နွေစပါးကိစ္စ ရှမ်းပြည်နယ် အစိုးရ ပယ်ဖျက်
SNDPရှမ်းပြည်နယ်အစိုးရ ရှိလာပြီးနောက် မန္တလေး- မူဆယ် လမ်းတလျှောက် စစ်ဆေးရေး ...
ဝက်နားရွက်ပြာအကြောင်း နေပြည်တော်တွင် ပညာပေး
ဝက်နားရွက်ပြာရောဂါ ဧပြီလဆန်းပိုင်းမှစ၍ ကူးစက်ပျံ့နှံ့နေသဖြင့် မွေးမြူရေးနှင့် ...ကြံ့ဖွံ့က အလောင်းလုမှု ကြုံရဟု ဦးကျော်သူ ပြော
နာရေး ကူညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကို တွေ့မြင်ရစဉ်။နာရေးကူညီမှု လုပ်ရာတွင် ကြံ့ခိုင်ဖွံ့ဖြိုးရေးက လာရောက် အလောင်းလုမှုများကို ကြုံတွေ့ ...

လက်တော့ပ်ကို ရထားပေါ်သယ်ရင် တန်ဆာဆောင်ဖို့လို
Train-headမြန်မာနိုင်ငံက ရထားပေါ်ကို သင်၏ ခရီးဆောင် ကွန်ပြူတာ လက်တော့ပ်အား ယူသွားပါက ...
ဒေါ်စု၏ ကမ္ဘာတွင်းသို့ ခေတ္တ ဝင်ရောက်ခြင်း
Aung San Suu Kyiမြန်မာ့ဒီမိုကရေစီ လှုပ်ရှားမှုရဲ့ သူရဲကောင်းဖြစ် တဲ့ သူဟာ စားပွဲပေါ် သူ့လက်တွေကို ...
ထောက်လှမ်းရေး မျက်လုံးအောက်က နိုင်ငံ
Photographedအဖြစ်အပျက်က ရယ်စရာကောင်းပေမယ့် ကျမ လည်း နည်းနည်းတော့ လန့်လာပါတယ် ...
ထိုင်းတွင် တရားမဝင် လုပ်သားများ မှတ်ပုံတင်ခွင့် ခွင့်ပြုမည်
တရားမဝင် ရွှေ့ပြောင်း လုပ်သားများအတွက် မှတ်ပုံတင် အသစ်ပြုလုပ်ခွင့်ကို မကြာခင် ဖွင့်လှစ် ...

ထိုင်း-မြန်မာ အထူး စီးပွားရေးဇုန် ဖြစ်လာမည့် မဲဆောက်

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် တည်ထောင်မည့် အထူး စီးပွားရေးဇုန် စီမံကိန်းအတွက် ကျွမ်းကျင်သူများအဖွဲ့ ငှားရမ်းရန် ဘတ်ဂျက်ကို ထိုင်းအစိုးရက အတည်ပြုလိုက်...

more

 

more

 

more

 

more

 

more

 

more

 

more
ငါးနှစ်အတွင်း မိုဘိုင်းဖုန်း အဆ ၃၀ နီးပါး တိုးပွားအောင်လုပ်မည်ဟုဆို
မိုးမခ အထောက်တော်၊ ရန်ကုန်
ဧပြီ ၂၃၊ ၂၀၁၁
ယမန်နေ့က နေပြည်တော် သမ္မတရုံးတွင် ကျင်းပသည့် အထူးစီမံကိန်းများ အကောင်အထည်ဖေါ်ရေး အဖွဲ့၏ ညှိနှိုင်း အစည်းအဝေးတွင် ဆက်သွယ်ရေး ၀န်ကြီးက လာမည့် ငါးနှစ်အတွင်း မိုဘိုင်းဖုန်း လိုင်းပေါင်း သန်း ၃၀ ဖြစ်အောင် လုပ်မည်ဟု ပြောဆိုလိုက်သည်။
အပြည့်အစုံသို့ ...
 
စင်္ကာပူက မြန်မာအိမ်တွင်းမှုအလုပ်သမတွေရဲ့ ဘ၀ တစေ့တစောင်း
မိုးမခအထောက်တော် စင်္ကာပူ
ဧပြီ ၂၃၊ ၂၀၁၁
အခု ပြောချင်တာက အယင်လတုန်းက မြန်မာအမျိုးသမီးတွေအချို့ စင်္ကာပူပြည်ပမှာ အိမ်တွင်းမှုအလုပ်သမ (ရိုးရိုးအခေါ် - အိမ်ဖော်) အဖြစ် အလုပ်ပွဲစားတွေကတဆင့် လာရောက် အလုပ်လုပ်ကိုင်နေကြတဲ့ အကြောင်းကို ဆက်ရေးမှာ ဖြစ်ပါတယ်။ စင်္ကာပူက အလုပ်အေဂျင်စီ၊ စင်္ကာပူ အစိုးရ၊ စင်္ကာပူက အိမ်ထောင်စုများ (မြန်မာမိသားစုတွေ အပါအ၀င်) က အိမ်တွင်းမှုအလုပ်သမ ဈေးကွက်ကို အားပေးတယ်၊ လိုအပ်တယ်။ သည်လုပ်ငန်းဟာ အစိုးရ၊ အိမ်ထောင်စု၊ အလုပ်သမားအေဂျင်စီ၊ အလုပ်သမားများအတွက် ၀င်ငွေ ဒေါ်လာ စင်္ကာပူ သန်းချီတဲ့ စီးပွားရေးလုပ်ငန်းကြီး ဖြစ်ပါတယ်။ 
အပြည့်အစုံသို့ ...
 
ယခင်သန်းရွှေ၏ အထူးစီမံကိန်းများ အကောင်အထည်ဖေါ်ရေးအဖွဲ့ဥက္ကဌ ဦးသိန်းစိန်ဖြစ်လာ
မိုးမခအထောက်တော် ရန်ကုန်
ဧပြီ ၂၃၊ ၂၀၁၁
ယခင် နအဖ စစ်အစိုးရ ဥက္ကဌဖြစ်သူ ဗိုလ်ချုပ်မှူးကြီး သန်းရွှေတာဝန်ယူခဲ့သည့် အထူးစီမံကိန်းများ အကောင်အထည်ဖေါ်ရေး အဖွဲ့ဥက္ကဌရာထူးကို လက်ရှိ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အားလွှဲအပ်ခဲ့ သည်ကိုယနေ့ထုတ် အစိုးရ သတင်းစာဖေါ်ပြချက် အရသိရှိရသည်။
ယနေ့ထုတ် သတင်းစာတွင် အဆိုပါ အဖွဲ့၏ ၂၀၁၁ ခုနှစ်အတွက် ပထမဆုံး အကြိမ် အစည်းအဝေးတွင် ဥက္ကဌဖြစ်သူ ဦးသိန်းစိန်ဟု ဖေါ်ပြပါရှိပြီး လမ်းတံတားဖေါက်လုပ်ရေး၊ ရေနံနှင့် သဘာဝဓါတ်ငွေ ထုတ်လုပ်မှု၊ စက်မှုလုပ်ငန်း စီမံကိန်းများ တယ်လီဖုန်း ဆက်သွယ်ရေး နှင့်ပတ်သက်သည့် ကိစ္စများဆွေးနွေးခဲ့သည်ဟု ဖေါ်ပြထားသည်။
အဆိုပါရာထူးမှာ ဆယ်စုနှစ်တစ်ခုကျော်ကြာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေတာဝန်ယူထားသည့် ရာထူးဖြစ်သည်။

အပြည့်အစုံသို့ ...
 
အစိုးရသစ်က “လွတ်ငြိမ်းချမ်းသာခွင့်”ပေးပါ့မလား
တူမောင်ညို
မိုုးမခ၊ ဧျပီၤ ၂၃၊ ၂၀၁၁
နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေး၊“လွတ်ငြိမ်းချမ်းသာခွင့်” စတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီး အခုတလောမှာ တောင်း ဆိုချက်တွေထုတ်ပြန်ကြ၊ လက်မှတ်ရေးထိုးတဲ့လှုပ်ရှားမှုတွေလုပ်ဆောင်ကြ စတဲ့ကိစ္စတွေကို ကျနော့်မိတ်ဆွေနဲ့ကျနော် သူ့အမြင် ကိုယ့်အမြင်ဆွေးနွေးဖြစ်ပါတယ်။ အဲဒီလိုပြောဆိုဆွေးနွေးတာတွေကို မိတ်ဆွေများလည်းစိတ်ဝင်စားတယ်ဆိုရင်ဖြင့် ပါဝင်ဆွေးနွေး ပြောဆိုနိုင်ဖို့ တင်ပြလိုက်တာပါ။

(ကျနော် )                 လွန်ခဲ့တဲ့ မတ်လ ၁ ရက်နေ့က “လွတ်ငြိမ်းချမ်းသာခွင့်”အကြောင်း ခင်ဗျားနဲ့ကျနော် ဆွေး နွေးကြရာမှာ “ဆက်စပ်ဆွေးနွေးစရာတွေပေါ်လာတဲ့အခါ ထပ်ပြီးဆွေးနွေးကြသေးတာပေါ့ဗျာ” လို့ ပြောပြီးအဆုံးသတ်ခဲ့ကြတယ်နော်။ ယခုတလောဖြစ်ပေါ်လာနေတဲ့ကိစ္စတွေက ခင်ဗျားနဲ့ ကျနော် ဆက်လက်ဆွေးနွေးဖို့လိုအပ်လာနေပြီဗျ။
အပြည့်အစုံသို့ ...
 
ကာတွန်း ၀င်းဖေ - ရှင့်ကြောင့်
ဧပြီ ၂၃၊ ၂၀၁၁
လွန်ခဲ့သည့် အနှစ် ၅၀ ခန့်က လူထုသတင်းစာတွင် ထည့်သွင်းဖော်ပြခဲ့သော ကာတွန်းဖြစ်သည်။
http://moemaka.com/index.php?option=com_content&task=view&id=8494&Itemid=121