1.01.2009

Saffron People's Movement Group ၏ သဘောထား ထုတ်ပြန်ချက်

Saffron People's Movement Group အဖွဲ့ဝင်များ အနေဖြင့် ယနေ့ထုတ်ပြန် ကြေညာသွားသော Collective Action Committee (BURMA) ၂၀၀၉ စုစည်း လှုပ်ရှားမှု ကော်မတီ၏ သဘောထား ထုတ်ပြန်ချက်အပေါ် အလေး အနက် ယုံကြည် လက်ခံပါကြောင်း ထုတ်ဖေါ်ကြေညာ အပ်ပါသည်။

န အ ဖ တို့ ပြုလုပ်မည့် အတုအယောင် ရွေးကောက်ပွဲသည် မြန်မာပြည်ကို စစ်ကျွန်ဘဝသို့ အပြီးတိုင် သွတ်သွင်းမည့် အစီအစဉ်၏ နောက်ဆုံးအဆင့်သာ ဖြစ်ပြီး မြန်မာ့ဒီမိုကရေစီ အရေးအတွက် တစုံတရာ အကျိုး ရှိမည်ဟု ကျွန်တော်တို့ မယုံကြည်ပါ။

သို့ဖြစ်ပါ၍ န အ ဖ တို့၏ အတုအယောင် ရွေးကောက်ပွဲကို အပြီးတိုင် ဖျက်သိမ်းနိုင်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်မှုများတွင် ကျွန်တော်တို့ အဖွဲ့ဝင်များ အနေနှင့် ကိုယ်စွမ်းရှိသမျှ ပူးပေါင်း ပါဝင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် CAC(BURMA) ၏ လှုပ်ရှား ဆောင်ရွက်မှုများကို ဆက်လက်ထုတ်ပြန် ကြေညာ ပေးသွားမည် ဖြစ်ကြောင်း အသိပေး ကြေညာအပ်ပါသည်။

No comments:

Post a Comment