(အပိုင်း ၃)
ဗိုလ်ချုပ်နှင့် ကိုယ်စားလှယ်အဖွဲ့ ဝင်များ အလုပ်တာဝန်မှ အားလပ်သော ညနေများတွင် ကျမကို ဗိုလ်ချုပ်တို့ တည်းခိုနေသော ဟိုတယ်ဧည့်ဆောင်၌ ထမင်းစားရန် ဖိတ်ခေါ်လေ့ရှိပါသည်။ ထမင်းစားသောက်ပြီးသောအခါ ဓာတ်မီးလင်းဖို ခပ်မှိန်မှိန်လေးကို ဝိုင်းရံကာ စစ်မဖြစ်မီကအကြောင်းများ၊ ဂျပန်များထံမှစစ်ပညာသင်ကြားစဉ်
ဗိုလ်ချုပ်အောင်ဆန်းနှင့်မိသား
ဗိုလ်ချုပ်အောင်ဆန်းကစုစုကို ပွေ့ ချီထားစဉ်
ထိုဌာနမှ ဘာသာစကားအမျိုးမျိုးဖြင့်ဂျပန်များ သိမ်းပိုက်ထားသောအာရှနယ်မြေများ
ထိုဓာတ်မီးလင်းဖို မှိန်မှိန်လေးကို ဝိုင်းရံနေကြသည့် လူစုထဲ ပါဝင်သူများမှာ ဗိုလ်ချုပ်နှင့် သူ၏ ကိုယ်ရံတော်၊ ကိုယ်စားလှယ်အဖွဲ့  ဝင်အချို့၊ ဘီဘီစီ၌ အလုပ်လုပ်နေသော မြန်မာတဦးနှင့် ရံဖန်ရံခါ ကျမကဲ့သို့သော ဧည့်သည်များဖြစ်ကြပါသည်။ ရဲဘော် သုံးကျိပ်ဝင်တဦးဖြစ်ပြီး၊ ဂျပန်ခေတ်ကာလအတွင်းက အမည်ခံအရလွတ်လပ်သောမြန်မာနိုင်
စကားအနည်းငယ်စဲသောအချိန်များ၌ သူက ဂျပန်တွင်နေစဉ်က တတ်ခဲ့သော အလွမ်းအဆွေးသီချင်းများဆိုပြီး၊ ကျမတို့က မြန်မာသီချင်းများ ဆိုကြပါသည်။ ဗိုလ်ချုပ်က သူ၏မိသားစု၊ ဇနီးနှင့်သားသမီးသုံးယောက်အကြော
ကိုယ်စားလှယ်အဖွဲ့  မပြန်မီ ရက်အနည်းငယ်အလိုတွင် မိမိတို့ပြီးစီးလုပ်ဆောင်နိုင်
အသံလွှင့်မည့်နေ့တွင် ကျမတို့က ဗိုလ်ချုပ်နှင့် သူ၏ကိုယ်ရံတော်တို့အား ဘီဘီစီ စားသောက်ဆိုင်၌ဆုံပြီး နေ့လည်စာအတူ စားရန်ဖြစ်ပါသည်။ ထိုနေ့ လည်စာစားပွဲမှာ ပျော်ရွှင်အားရဖွယ်မဟုတ်ခဲ့ပါ။ ထမင်းစား စားပွဲသည် ဆိတ်ငြိမ်နေပြီး ဗိုလ်
ဤအဖြတ်အတောက်များကို လက်ခံလိုက်ရမည်လော၊ အသံလွှင့်အစီအစဉ်ကိုပဲ ဖျက်သိမ်းလိုက်ရမည်လောနှင့်ဗို
ကိုယ်စားလှယ်အဖွဲ့၏ အလုပ်လည်း ပြီးဆုံး၍ပြန်ချိန်လည်း နီးလာလေပြီ။ ဗိုလ်ချုပ်အား ဧည့်ခံကြည်ရှုခဲ့သော အင်္ဂလိပ်များနှင့် လုပ်ဖော်ကိုင်ဖက်များအတွက် ဧည့်ခံပွဲကြီးကျင်းပပါသည်။ ဧည့်ပရိသတ်လည်းအတော်များပါသည်။ ဗြိတိသျှပါလီမန်အမတ်များ၊ ကိုယ်စားလှယ်အဖွဲ့၏ အလုပ်ကိစ္စအဝ၀ အဆင်ပြေချောမွေ့စေရန် တာဝန်ယူခဲ့သော အဆင့်မြင့်အရာရှိကြီးများ၊ သတင်းစာ အယ်ဒီတာများ၊ သတင်းထောက်များ၊ စာရေးဆရာများ၊ မြန်မာပြည်နှင့်မြန်မာပြည်၏ အနာဂတ်တွင် စိတ်ဝင်စားကြသူများနှင့် လာရောက်နိုင်သော မြန်မာမှန်သမျှတို့အသီးသီးပါဝင်
မြန်မာသီချင်းတပုဒ်တို့ ဖြစ်ပါသည်။ ယခု ပြန်လည်တွေးကြည့်သောအခါ နောက်ဆုံးတပုဒ်ကိုသာ ဆိုခဲ့သင့်သည်ဟု ကျမ ထင်မိပါသည်။ သို့သော်လည်း ထိုသီချင်း ကို မြန်မာများကသာ နားလည်နှစ်သက်ကြမည်ဖြစ်ပါသည်။ ထိုသီချင်းမှာ ကျမတို့ အားလုံးသိကြသော လှိုင်ထိတ်ခေါင်တင်၏ စိန်ခြူးကြာညောင်ဘောလယ် ဖြစ်ပါသည်။ ပရိသတ်က ယဉ်ကျေးစွာဩဘာ ပေးကြပါသည်။ ထို့နောက် ဗိုလ်ချုပ်က ကျမကို စင်မြင့်ပေါ်မှ ဆင်းရန် လာခေါ်ပြီး၊ ကျမ၏ အဆိုကို သူ မည်မျှသဘောကျ နှစ်သက်ကြောင်း ပြောပါသည်။
အောင်ဆန်းဦး၊ ဒေါ်ခင်ကြည်၊ အောင်ဆန်းလင်းနှင့် စုစု ထိုင်နေသူ၁၉၄၈ ခုနှစ်
စုစု ခြောက်နှစ်သမီးအရွယ်၁၉၅၁ ခုနှစ်
ကိုယ်စားလှယ်အဖွဲ့  အထူးလေယာဉ်နှင့် လန်ဒန် မြို့မြောက်ပိုင်းရှိ စစ်ဖက်ဆိုင်ရာလေဆိပ်မှ ထွက်ခွာသွားချိန်၌ တတိုင်းပြည်လုံး နှင်းစိုင်နှင်းခဲများနှင့် ဖုံးလွှမ်းထားဆဲပင် ဖြစ်ပါသည်။ နှုတ်ဆက်ရန် အဆင့်မြင့်အင်္ဂလိပ်အရာရှိများ အဖွဲ့ကြီးတဖွဲ့ ရောက်နေပါသည်။ ကျမတို့ မြန်မာအချို့လည်း ကိုယ်စားလှယ်များ၊ အခြားသူများနှင့်အတူ ဟုန်းဟုန်းတောက်နေသည့် မီးလင်း ဖိုကြီး၏ အပူရှိန်နှင့်နွေးနေသော ဧည့်ကြိုခန်းမကြီး၌ သွားရောက်စုဝေးနေပါသည်။ ကျမတို့အားလုံး ဝိုင်းထိုင်စကားပြော ကြပါသည်။ ခဏကြာသောအခါ ဗိုလ်ချုပ်က အင်္ဂလိပ်များအကြားမှ ထလာပြီးကျမတို့နှင့် စကားပြောပါသည်။ ကျမကိုပြုံးပြီး “ကျနော်တို့ နှင့် ဗမာပြည်ကိုလိုက်ခဲ့ပါလား” ဟု ပြောပါသည်။ ထို့ နောက် ကျမတို့ အပေါင်းအဖော်တစု နှင်းခဲများအကြားရပ်ပြီး ကိုယ်စားလှယ်အဖွဲ့ လေယာဉ်ရှိရာသို့လျှောက်၍ ထွက်ခွာသွားနေသည်ကို ငေးမျှော်ကြည့်ရင်း လက်များဝှေ့ရမ်း နှုတ်ဆက် ကြပါသည်။ ဆောင်းနေ့ကလေး၏ လွမ်းဖွယ့်အသွင်နှင့် မိတ်ဆွေများနှင့် ခွဲခွာရခြင်း၊ အထူးသဖြင့် ဗိုလ်ချုပ်နှင့် ခွဲခွာရခြင်း တို့ကြောင့်ကျမတို့ တတွေ ဝမ်းနည်းတသသ ဖြစ်နေကြပါသည်။ ဗိုလ်ချုပ်ခမျာ တိုတောင်းလှသော ဘဝသက်တမ်းလေးမျှသာ ကျန်တော့သည်ကိုကား ကျမတို့ မည်ကဲ့သို့မျှ မမှန်းဆမိခဲ့ကြပါ။ ဂျပန်ခေတ်နှင့် စစ်ဒဏ်တို့ကြောင့်ပျက်စီးယိုယွ
နှစ်စဉ်နှစ်တိုင်း တနိုင်ငံလုံး သတိတရယူကျုံးမရ ဖြစ်ရသော အာဇာနည်နေ့ ၊ ၁၉ဇူလိုင်၁၉၄၇ ခုနှစ် ဖြစ်ပါသည်။
No comments:
Post a Comment