


နှင်းဆီပန်းပွင့်ကို
လိုချင်တဲ့အခါ။
ဆူးချွန်ဆူးခက်တွေဘယ်လိုပဲစူးစူး
ဆွတ်ခူးရမှာ။
ဆူးစူးလို့လက်သွေးဖြာ
ဘာမှုစရာရှိလဲ
နှင်းဆီပွင့်ကို ရင်မှာပိုက်
နိုင်လိုက်မှာပဲ။
ကြာပန်းကြာပွင့်ကို
လိုချင်တဲ့အခါ
ရေပြင်လွှာဘယ်လောက်နက်နက်
ဆင်းသက်ရမှာ။
ရေ ရွှဲလို့အအေးမိတာ
ဘာမှုစရာရှိလဲ
ကြာပန်းပွင့်ကို ရင်မှာပိုက်
နိုင်လိုက်မှာပဲ။
တခုခုကိုလိုချင်တဲ့အခါ
တခုခုကိုစွန့်လွှတ်ပြီး
ရင်းနှီးရမှာ
အရေးကြီးတာ
ခြေရာပါပဲ
အမှန်တရားကိုချစ်
ဟန်သမားကိုပစ်
အနှစ်စေတနာနဲ့
အသစ်ဖွေရှာကြပါစို့
ရဲသူတို့ပွဲ။
မောင်မောင်ငြိမ်းအေး
No comments:
Post a Comment