12.25.2008

သူတိုအတွေး သူတို့အမြင်(ကဗျာ)

ကာလ

ညတစ်ညကို ဆေးရောင်ချယ်ပေးရုံနဲ့

နံနက်ခင်းဖြစ်မလာနိုင်ဘူး…

ငါတို့ အချိန်နည်းနည်းစောင့်ရလိမ့်မယ်၊


ကလေးတစ်ယောက်ရဲ့ခေါင်းထဲကို

အသိဥာဏ်တွေသွတ်သွင်းပေးရုံနဲ့

လူကြီးဖြစ်မလာနိုင်ဘူး…

ငါတို့ အချိန်နည်းနည်းစောင့်ရလိမ့်မယ်၊


အပင်လေးကိုရေလောင်းပေးရုံနဲ့

ပန်းပွင့် ဖြစ်မလာနိုင်ဘုး…

ငါတို့ အချိန်နည်းနည်းစောင့်ရလိမ့်မယ်


ရေတွင်းတူးပြီးပြီးချင်းမှာ

ရေကြည်သောက်ချင်လို့မရနိုင်ဘူး…

ငါတို့ အချိန်နည်းနည်းစောင့်ရလိမ့်မယ်၊


မင်းကိုကိုယ်သိပ်ချစ်တယ်လို့

ပြောပြီးပြီးချင်းမှာ

သူ့ရဲ့နှူတ်ခမ်းလေးတွေချိုမြိန်ရဲ့လားဆိုတာ

စမ်းသပ်လို့မရနိုင်သေးဘူး…

ငါတို့ အချိန်နည်းနည်းစောင့်ရလိမ့်မယ်၊


နံနက်ခင်းတစ်ခု…

လူကြီးတစ်ယောက်…

ပန်းပွင့်တစ်ပွင့်…

ရေကြည်တစ်ပေါက်…

သူ့တစ်ယောက်အတွက်…

ငါတို့ အချိန်နည်းနည်းစောင့်ရလိမ့်မယ်၊


ဒီလိုနဲ့ပဲ…

ငါ စောင့်နေခဲ့တာ

နှစ်များစွာကြာလှပေါ့။

ABS88
အိးမေးဖြင့်ပေးပို့လာသောကဗျာဖြစ်ပါသည်။

No comments:

Post a Comment