12.05.2008

သူတိုအတွေး သူတို့အမြင်

ယခုဆောင်းပါးသည် သူတို့အတွေး သူတို့အမြင် အစီအစဉ်သို့ အီးမေးမှ ပေးပို့လာသော ဆောင်းပါး ဖြစ်ပါသည် ဤအစီအစဉ်တွင် ဖေါ်ပြသော ရေးသားချက်များသည် ပေးပို့သူ ကာယကံရှင်များ၏ ကိုယ်ပိုင် ယူဆချက်များသာ ဖြစ်ပြီး ဤဘလော့၏ အာဘော် မဟုတ်ကြောင်း သိစေအပ်ပါသည်။ မည်သူဆို မိမိတို့ တွေးထင် ယူဆချက်များကို ပေးပို့နိုင်ပါသည်။
သာသနာအတွက်လားဥသျှောင်

လောက၌ ဘုရားပွင့်ခြင်းသည် သတ္တဝါအားလုံးတို့၏ အကျိုးအတွက် အကျိုးဆိုသည်မှာကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာရေး အတွက်ဖြစ်သည်။ ၂၀၀၇-ခုနှစ်တွင် ပေါ်ပေါက်လာခဲ့သောသာသနာ့ ဥသျှောင်အဖွဲ့သည် မြန်မာ့သံဃာတော်များ၏ အကျိုးအတွက်ဖြစ်ပြီး မြန်မာ့သံဃာတော် များ၏ ဘေးအန္တရာယ်ကို ကာကွယ် တားဆီးရန်အတွက်ဆိုပြီး အမေရိကန်နိုင်ငံတွင် စတင်ဖွဲ့ စည်းခဲ့သည်ဟု ဆိုသည်။ ကောင်းမွန်သော ရည်ရွယ်ချက် ကောင်းမွန်သော စိတ်ဓါတ်များကို သာဓုခေါ်ပါသည်။ ၂၀၀၇ ခုနှစ် စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေး ဖြစ်ပြီးခါစတွင် ပြည်ပမှာ သာသနာ့ဥသျှောင် အဖွဲ့ ကို ဖွဲ့ စည်းလိုက်ပါပြီ ဆိုသောအခါ စာရေးသူထွက်ပြေး တိမ်းရှောင်နေရသည့် ကာလမှာ အားတခုဖြစ်ခဲ့ရပြီး ထိုအဖွဲ့ ကို တည်ထောင်ခဲ့သူ မစိုးရိမ် ဆရာတော်ကြီး (ပျံလွန်)နှင့် ပီနန်ဆရာတော်ကြီး တို့ ကို အလွန်ပင် ကြည်ညိုမဆုံးလည်း ဖြစ်ခဲ့ရပါသည်။ သို့ သော် သာသနာ့ဥသျှောင်သည် ဘာသာရေးကို အခြေခံသော နိုင်ငံရေးလုပ်ရှားမှု နယ်ပယ်ထဲတွင် ခြေချလာသည်နှင့် ပြည်တွင်းပြည်ပရှိ သံဃာတော်များနှင့် လူပရိတ်သတ်များက ဥသျှောင်ကို စောင့်ကြည့်ရမည့် ကာလတစ်ခု အတွင်းတွင် ထားရှိခဲ့ကြသော်လည်း မစိုးရိမ် ဆရာတော်ဘုရားကြီး ကိုယ်တိုင်ဦးစီးနေ သည့်အတွက် အားလုံးသော သံသယကို ပယ်ပျောက် ကျော်လွန်နိုင် စေခဲ့သည်။

ဂါရဝေါတောစ၊ နိဝါတောစ ဆိုသည့် ပုဒ်အရ သံဃာတော်များတွင် မိမိတို့ ထက် အသက် သိက္ခာကြီးသူများကို ရိုသေကြသည်။လေးစားကြသည်။ အဘယ်ကြောင့်ဆိုသော် မိမိထက် သိက္ခာကြီးသူသည် မိမိတို့ ထက် လောကအကျိုး၊ သာသနာအကျိုးကို သယ်ပိုးပြီးဖြစ်သဖြင့် လေးစားကြည်ညိုခြင်း ဖြစ်သည်။ ဒီတော့ ဥသျှောင်သည် ဘာသာရေး ဆိုသော်လည်း နအဖတို့ ၏ စစ်အာဏာရှင် စနစ်ကို တိုက်ဖျက်ရေး ဆိုသည့်
ခေါင်းစဉ် အောက်တွင် ရောက်ရှိ နေသည့်အတွက် သာဘာရေး အခြေပြု နိုင်ငံရေး အဖွဲ့ အစည်းတခုဟု ဆိုရပေမည်။ အဖွဲ့ အစည်းဟူသည် ဘယ်အဖွဲ့ အစည်းပင်ဖြစ်စေ လူထုလေးစားလောက်သော အဖွဲ့ အစည်း ဖြစ်ဖို့ လိုပါသည်။ သံဃာအဖွဲ့ အစည်းဖြစ်လျှင် သံဃာလေးစားရန် လိုပါသည်။ နိုင်ငံရေးဖြစ်လျှင် နိုင်ငံရေးသမား လေးစားရမည်။ မစိုးရိမ် ဆရာတော်ကြီးနှင့် ပီနန် ဆရာတော်ကြီးတို့ ကို သံဃာရော လူရော လေးစားကြည်ညိုကြ သဖြင့် ဥသျှောင်သည်အချိန်တို ကာလအတွင်း အောင်မြင်ထင်ရှားသော အဖွဲ့ အစည်း ဖြစ်လာခဲ့သည်။

ဥသျှောင်သည် အပြည်ပြည်ဆိုင်ရာ ဖြစ်သည့်အတွက် နိုင်ငံတကာတွင် ဥသျှောင်အဖွဲ့ ကို ဖွဲ့ စည်းနိုင်ခဲ့သည်။ ယခုစာရေးသူပင် ထိုင်းနိုင်ငံ (ဥသျှောင်)အဖွဲ့ ၏ ဒုဥက္ကဌ တာဝန်ကို ထမ်းဆောင်ဖူးသည်။ သို့ သော် ဥသျှောင်အနေဖြင့် ဘာလုပ်ငန်းစဉ်ကိုမျှ အကောင်အထည်ဖေါ် ချမှတ်နိုင်သည်ကို မတွေ့ ရဘဲ ကိုယ့်ဟာနဲ့ ကိုယ် အကောင်အထည်ဖေါ် လုပ်ဆောင်ခဲ့ရခြင်းသာ ဖြစ်ပါသည်။ လွန်ခဲ့သော နိုဝင်ဘာလ (၂၁၊၂၂၊၂၃)တို့ တွင် ဥသျှောင်အဖွဲ့ ချုပ်မှ အမေရိကန်နိုင်ငံ နယူးယောက်မြို့ တွင် ညီလာခံ ကျင်းပခဲ့ပါသည်။ အင်တာနေရှင်နယ် ညီလာခံကို ကျင်းပနိုင်တာ ကောင်းသော ပြယုတ်တခုပင် မဟုတ်ပါလော။ သို့ သော် နိုင်ငံ့တကာဆိုပြီး ဂျာမနီနိုင်ငံမှအပကျန်သည့် နိုင်ငံများမှ သံဃာတော်တပါးမှ ပါသည်ကို တွေ့ ရမည်မထင်ပါ။ အမေရိကန်လို တိုးတက်သော နိုင်ငံကြီးမှာ လူကိုယ်တိုင် မလာသော်လည်း တယ်လီကွန်ယက်နဲ့  တယ်လီဖုန်းချင်း ဆက်သွယ်ပြီး ပြောလို့ ရသဖြင့် နိုင်ငံ့တကာ မဖိတ်လည်း ရပါတယ်။ ပြသနာ မရှိပါဘူး။ ဒီမိုကရေစီ နိုင်ငံမှာ ဒီမိုကရေစီ နည်းကျ လုပ်ခဲ့တာပါ။ အမေရိကတွင် ရှိသမျှ သံဃာတွေ အကုန်လုံးဖိတ်ခဲ့ပါတယ်။ ကိုယ့်အစိအစဉ်နဲ့ ကိုယ် လာဖို့ ပေါ့ ။ လမ်းစားရိတ် မပေးနိုင်လို့ ပါ။ အေးထားပါတော့ ညီလာခံ တက်ရောက်သံဃာ(၂၅)ပါး တက်ရောက်ခဲ့ပါတယ်။ အမူဆောင်အဖွဲ့  ရွေးချယ်သောအခါ ဥက္က္က္က္က္က္က္က္က္က္က္က္က္က္ကဌတစ်ပါး၊ ဒုဥက္ကဌ(၃)ပါး၊ အတွင်းရေးမူး(၃)ပါး၊ ပြန်ကြားရေး(၃)ပါး၊ ဘဏ္ဍာရေးမူး(၃)ပါး၊ ရုံးအဖွဲ့ မူး(၃)ပါး၊ နိုင်ငံခြားရေး၊ သယ်ယူပို့ ဆောင်ရေးဆိုတော့ တက်ရောက်လာတဲ့ သံဃာတွေထဲမှာ ဦးခေမာစာရ (ရဟန်းပျို)နုတ်ထွက်၊ ဦးနာယကနှင့် မြန်မာပြည်တွင်းမှ ရောက်ရှိနေတဲ့ သံဃာ(၂)ပါးမှ ကျန်တာအကုန်လုံးဥသျှောင် အမှုဆောင် ဖြစ်ခဲ့ကြပါတယ်။

အစည်းအဝေး တက်ရောက်သူ(၂၅)ဦး အမူ့ ဆောင်(၃၀)ဖြစ်လည်း ဘာမှတော့ မဖြစ်ပါဘူး။ သာသနာ့ အကျိုးနိုင်ငံ အကျိုးဘဲဖြစ်ပါတယ်။ထူးခြားတာက ဘယ်နိုင်ငံဘယ်အဖွဲ့  အစည်းမှာမှမရှိသေးတဲ့ စံချိန်တင် နေရာရွေးချယ်ရေး စနစ်တွေပါဘဲ။ယခင် ဒုတိယ ဥက္ကဌလုပ်ခဲ့တဲ့ ဆရာတော် ဦးဝီလာသက "ဘဏ္ဍာရေးမူး" ဖြစ်သွားပါတယ်တဲ့။ အဖွဲ့ အစည်းတစ်ခုမှာ တာဝန်ထမ်းဆောင်ရင်း တစ်ဆင့်နိမ့်ရာထူးကို ပြန်လည် ထမ်းဆောင်ခွင့် ဆိုတာ ဘယ်နိုင်ငံ ဘယ်အဖွဲ့ အစည်းမှာ ရှိပါသလဲ။ အမေရိကန်တွင် နေပြီး ဘာလို့  အသိတရား ခေါင်းပါးရပါသလဲ။ တခြားအဖွဲ့ အစည်း တခုတွင်ဆိုက နိမ့်သောရာထူး မြင့်သောရာထူးကို မဆိုလိုပါ။ ရာထူးရှိမှနေရာရှိမှ အလုပ်လုပ်မည်ဆိုလျှင် နအဖကို ဘယ်လိုပြောကြမည်နည်း။ ယိုသူ မရှက်သော်လည်း မြင်သူရှက်လှပါပြီ။

ပြောရင်တော့ ပြီးမယ်မထင်ပါ၊။ ဘာဘဲဖြစ်ဖြစ် စက်တင်ဘာတွင် ခေါင်းရိုက်ခံခဲ့ရတာက ဦးဃောသိတ၊ ဦးကောဝိဒကို သိကြမှာပါ။ဦးပညာဇောတ ဆိုဒါက တပ်ပေါင်းစုက၊ ဦးပညာသာမိ ကလည်း ရခိုင်ခေါင်းဆောင်လေ မေ့နေကြမှာ စိုးလို့ ပြော လိုက်တာပါ။ ကျန်တဲ့ ရွှေဝါရောင် သံဃာအားလုံး ဘဝနဲ့ ရင်းပြီး ရှေ့တန်းက ပါဝင်ခဲ့ ကြတာပါ၊ ထိုင်းငံနိုင်ငံနဲ့  ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယတို့ တွင် ရှိနေကြပါသည်။ ဒီသံဃာတွေကို ဥသျှောင်အနေဖြင့် ကြည့်ရှုပေးပါ ဆိုသည်မှာ ဥသျှောင်ရဲ့အထောက်အပံ့ကို ရမှမဟုတ်ပါ။ ဥသျှောင်ဆိုတာ ဒီသံဃာတွေကြောင့် ဖြစ်လာရလို့ သာ တောင်းဆိုခြင်း ဖြစ်ပါသည်။

အဖွဲ့ အစည်း ဆိုသည်မှာ အဖွဲ့ အစည်းနှင့် တူရပါမည်။ တကယ်သာသနာကို ချစ်သလား။ နိုင်ငံကို ချစ်သလား ကိုယ့်ကိုယ်ကို အသိဆုံး ဖြစ်ပါလိမ့်မည်။ ရွှေဝါရောင်သံဃာများ တကယ်လုပ်ခဲ့သည်ကို ကမ္ဘာက သိပါသည်။ အမေရိကမှာ နေချင်သဖြင့် ဟိုယောင်ယောင် ဒီယောင်ယောင် ဖန်တီးခြင်း မဟုတ်ပါ။ ဒေါတ်တာဘွဲ့  မရပါဘဲ ဒေါက်တာဘွဲ့ ရသည်ဟု လိမ်ညာသူ သံဃာများ ရွှေဝါရောင် တွင် မပါပါ။ သံဃာအချင်းချင်း မစော်ကားပါနဲ့ ။ ရိုသေ ထိုက်လျှင် ရိုသေပါမည်။ ရွှေဝါရောင်ကို မစော်ကားပါနဲ့ ။ မြန်မာ့မြေဖွား မြန်မာ့ သံဃာတော်များသာ ဖြစ်ပါသည်။
ဦးပညာသာမိ
ရွှေဝါရောင်သံဃာတော်

No comments:

Post a Comment