12.25.2008

သူတိုအတွေး သူတို့အမြင်(ဆောင်းပါး)

မေ့မရသောဆရာ့အမှာစကား

လူဆိုတာ မွေးဖွားလာ ပြီးသည်မှ သေဆံးသည် အထိ မျှော်လင့်ချက် ရှိတတ်ပါသည်။ လူတို့ ၏ မျှော်လင့်ချက်တို့ ပြည့်စုံမူ ရှိရန်ကား မလွယ်ပါ။ အများအားဖြင့် မပြည့်စုံသော ဘဝကို ပိုင်ဆိုင်သူ တစ်ယောက် အတွက်ပေါ့။ မပြည့်စုံသော ပြည့်စုံသော ဆိုသည်မှာ မြန်မာတို့ အပြောနဲ့ ဆိုရင် ငွေကြေး ဥစ္စာ ကြွယ်ဝ သူများကို ပြည့်စုံ တယ်ဟု သုံးပြီး မပေါမရှား သူများကို ကြတော့ မပြည့်စုံဟု သုံးနှုန်း ကြတာပါ ။ ကျနော်လို မြို့မကျ တော မဟုတ်တဲ့ နေရာ ဒေသမှာ မွေးဖွား ရှင်သန်လာ သူတစ်ယောက် မှာတော့ ပြည့်စုံမှု ဆိုတာ ဝေလာမှာ ဝေးရောပေါ့။ ဒါတောင် အဖေ့ရဲ့ ရိုးသား ကြိုးစားမှု တွေကြောင့် လူတစ်လုံး သူတစ်လုံး အဖြစ်နဲ့  မျက်နှာ ပန်းလှ ရှင်သန် နိုင်ခဲ့တာပါ။ လူချင်းသာတူတယ် ဘဝချင်းတော့ ကွာမှာပေါ့ ဆိုတာက ဒါကြောင့်မိုနဲ့  တူပါရဲ့လို့ မြန်မာတို့ ပါးစပ်ဖျားမှာ ရေပန်းစားနေတာ။

အဖေကတော့ ပြောဖူးတယ် "သား လူဆိုတာုံကြည်ချက်ရှိရတယ်၊ ခိုင်မာတဲ့ စိတ်ဓါတ်ကို မွေးရမယ်" တဲ့။ တကယ်ဆို အဖေက ပြောနေတာ ပဲရှိတယ်။ ဘာရယ်ဆိုတာ ကျနော် တကယ်မသိခဲ့။ဘယ်သိမလဲ အဖေ ဒီစကားကို ပြောတာက ကျနော် သိတတ်စ ကတည်း ကလေ။ နောက်ပြီး အိပ်ရာဝင် ချိန်ဆို အဖေက မကြာမကြာ ပုံပြောပြတယ်။ အဖေပြောတဲ့ ပုံတွေက တစ်ထောင့်တစ်ည စာရင်းမဝင် တောင်မှ အနော်ရထာ၊ မင်းကျန်စစ်၊ ရဲဘော်သုံးကျိပ်၊ ဖဆပလ၊ သီပေါဘုရင် ကျဆုံးခန်းမှစ ရွှေတိဂုံ၊ မဟာမြတ်မုနိ ဘုရားသမိုင်း တွေနဲ့ ဗုဒ္ဓဝင်၊ မဟော်သဓာ သရဲအကြောင်း အလယ်ငပျင်းဝတ္တု အဆုံးပါဘဲ။ တကယ်ပါ ရေးနေရင်ဆုံးမှာ မဟုတ်ဘူး။ အဖေ အပြော ကောင်းလို့ လားတော့ မသိ ကျနော်တော့ ခုတောင် နားထောင်ချင် ပါသေးတယ်။

အမှန်တော့ အဖေ ကျနော်တို့ ကို အမြဲ ပုံပြောခဲ့ ခြင်းဟာ ကျနော်တို့ ကို ဆုံးမမူ တစ်မျိုးပါလား ဆိုတာခုမှ သိတာပါ။ ဒါကြောင့်နဲ့  တူပါတယ်။ ပညာရှိများက "လက်ဦးဆရာ မည်ထိုက်စွာ၊ ပုဗ္ပာစရိယ မိနှင့်ဘ" ဟု ဆိုခဲ့ ကြတာကိုး။ အဖေက ကျနော့်တို့ ကို ဆဲဆို ရိုက်နှက်ခြင်း မရှိဘဲ ပြောဆိုခြင်းဖြင့်သာ သွန်သင် ဆုံးမပါသည်။ အဖေ ပြောသည်မှာ စာကို တတ်အောင် သင်ကြပါ။ ငါ့သားများ လိမ္မာရင် ငါကျွေးရကျိုး နပ်ြီ။ ငါ ပင်ပန်း ခံရကျိုး နပ်ပြီတဲ့။ အဖေ ပြောသည်မှာ ရိုးရှင်း၏ သို့ သော် လေးနက်သော အဓိပ္ပါယ် များကားပြည့်နှက် နေပါ လိမ့်မည်။ တကယ်လို့ အဖေပြောသော လိမ္မာခြင်း ဆိုသည်မှာ နေရာတိုင်းတွင် လိမ္မာစေခြင်းကို စကား တစ်လုံးတည်းနဲ့ ညွန်းဆို ထားသောကြောင့် ဖြစ်ပါသည်။ အဖေ့ ဆိုလိုချက်ကို ဘာကြောင့် သိလာရသလဲ ဆိုရင် အဖေ့သား စာမေးပွဲ ဖြေတာ အမှတ်ပြည့် မရခဲ့ဘူးဆိုရင် အဖေက သားမှ မလိမ္မာတာ။ အဖေ ဟိုနားက ဘယ်သူ ကဖြင့် သားကို စစနေတယ် ဆိုလည်း သားမှ မလိမ်မာတာ။ အဖေ အမေက အမြဲအိမ်မှာဆို ဆူနေတာဘဲ ဆိုလည်း သားမှ မလိမ္မာတာတဲ့။ အဖေရဲ့ လိမ္မာမှုက ဆရာတော် ဦးဝိစာရရဲ့ အမှာစကား"လိမ်မာရစ်ကြပါ" ကိုများ ညွန်းဆိုသွား လေသလား ဆိုတာကိုတော့ ကျနော် အလယ်တန်း ကျောင်းသား ဘဝ ရောက်ပြီး ချိန်တွင် စဉ်းစား ကြည့်မိပါသည်။

အဖေ ဆုံးမခဲ့သော စကားနဲ့  ကျနော်တို့  သမိုင်း ဆရာပြောသော စကား မတူခဲ့သော အချက်လည်း တစ်ခု ရှိခဲ့သည်။ အဖေက သားစာတတ်အောင် သင်ပါဟု ဆိုသော်လည်း ဆရာကမူာတတ်တာ မကောင်းဘူးကွ။ အထူးသဖြင့်ပည့်တို့ သမိုင်းကို မတတ် ချင်နဲ့  သမိုင်းကို တတ်လာရင်၊ သိလာရင် အစမှာ ဒေါပွတယ် နောက်တော့ အကျဉ်း ရောက်လိမ့်မယ် တဲ့။ ဆရာက ဒီလောက်သာ ပြောသည်။ ကျနော်တို့  ကလည်း ဆက်ပြီး မမေးခဲ့။ ဆရာပြောသော စကားများဟာ ဆယ်တန်း အောင်သည် အထိ ရှုပ်ထွေး စေခဲ့သည်။

လူ့ လောက ကြီးသည် ရှုပ်ထွေးသည်။ လူတွေက လောကကို "ရှုပ်ထွေးပွေလီသည်" ဟုလည်းဆိုကြ ပြန်သည်။ မြတ်ဘုရား ကတော့ ရဟန်းများနဲ့  လောက လူသားများကို "ချစ်သားတို့ လောက အကြောင်းကိုကား မစဉ်းစား သင့်ရာ ဤလောကသည် အလွန်ပင် ရူပ်ထွေး၏ စဉ်းစားသူကိုလည်း အများ က ကဲ့ရဲ့ကြကုန့် အံ့” တဲ့။ ဟုတ်ပါမည်။ ကျနော် အလယ်တန်း ပြီးဆုံး ခါနီးမှာ ဒီမိုကရေစီ တောင်းဆိုသည့် ဆန္ဒပြပွဲများ ဖြစ်လာသည်။ တောရောမြို့ ပါ လူတွေ အများကြီး ချီတက် ဆန္ဒပြ ကြသည်။ ဒီမိုကရေစီကို ဘာကြောင့် ဒီလူတွေဒီလို တောင်းကြ သည်ကိုကား မစဉ်းစားနိုင်ခဲ့။ သမိုင်းဆရာ ကလည်း ဒီမိုကရေစီ ဆိုတာ လူသားအားလုံးရဲ့ ဆန္ဒကို ပူးပေါင်း အုပ်ချုပ်ထားသည့် အုပ်ချုပ်ရေးကို ခေါ်သည်လို့  ပြောခဲ့သည်။ သို့ သော်လည်း ကျနော်ရဲ့ စိတ်ထဲမှာ စွဲမြဲ စေသော စကားအဖြစ်မှ အပ ကျန်သော ခံစားချက် တစ်စိုးတစ်စိမှ မရှိခဲ့။

အဖေ ပြောခဲ့သော ယုံကြည်ချက် ကျနော့်မှာ အားနည်းလို့  များလားတော့ မသိပါ။ ကျနော် ယုံကြည် တာကတော့ တစ်နှစ်တစ်တန်း စာမေးပွဲ အောင်မြင်ရေး သာဖြစ်သည်။ ဆယ်တန်း အောင်ပြီး တက္ကသိုလ်ကို ခြေချ လာသောအခါ တိတ်တခိုး ဖွဲ့ စည်းထားသည် ဆိုသည့် ကျောင်းသားသမဂ္ဂကို တွေ့ ရသည်။ တက္ကသိုလ် သည် ကျနော်တို့ ၏ စိတ်ဓါတ်များကို မြှင့်တင် ပေးရာ ကျောင်းတော် ဖြစ်သလို ကျနော်တို့  အားလုံး၏ အမြင်များကို ပေါင်းစပ်ပေး နိုင်သော နတ်မျက်စိ တစ်ခုလည်း ဖြစ်ခဲ့သည်။

ကိုလိုနီ ပညာရေး စနစ်ကို ရန်ကုန် တက္ကသိုလ် ကျောင်းသားများ သပိတ်မှောက် ခဲ့သည်မှာ လူတန်းစား ပေါင်းစုံပညာ မသင်ကြားနိုင်ဘဲ ပညာသင်ယူရေး စားရိတ် ကြီးမြင့် မှုကြောင့် ဖြစ်သည်။ နယ်ချဲ့ တို့ သည် မြန်မာ့မြေမှ ရရှိသော ဘဏ္ဍာများကို မြန်မာ ပြည်သူတို့ ၏ အကျိုးကိုကား အသုံးမပြုခဲ့ မိမိတို့ ၏ ကိုယ်ကျိုးရှာမှု တို့ ကိုသာ ပြုသဖြင့် ပြည်သူလူထုများမှာ မွဲပြာကျ ဆင်းရဲခဲ့ကြ ရသည်။ ယနေ့ မြန်မာ နိုင်ငံကို အုပ်ချုပ်နေသူ များ သည် ကား နယ်ချဲ့ များ မဟုတ်ခဲ့။ သို့ သော် ဆယ်တန်း အောင်ပြီးသော သူတိုင်း တက္ကသိုလ် မတက်နိုင်ခဲ့။ မြန်မာပြည် မှ ရရှိနေသော သယံဇာတ များမှာလည်း ရတာကိုသာ သိပြီး သုံးတာ မရှိဘဲ ပျောက်ဆုံး နေပါပြီကော။

လယ်သမား လယ်လုပ်ရင်း ထမင်းငတ်လာသည်။ အလုပ်သမား များအတွက်ကား အလုပ်မရှိ။ ရှိသော အလုပ်သည်ကား မစားလောက်သာ။ ကျနော်တို့  အတွက် လိုအပ်ချက် များကို ပြောဆိုရေးသား ဆွေးနွေးခွင့် မရှိ။ ဇာဂနာ့ အပြောနဲ့ ပြောရင် မှန်ကန်သူ ကွဲနေသည်။ ကျနော်တို့ ၏ ရှေ့ တွင်မြင်နေ ရသော အရာ အားလုံး မှာ ကျနော်တို့ အတွက် မကျေနပ်မူ များနဲ့ သာ ပြည့်နှက်လာသည်။ ကျနော်တို့ အား ကူပါ ကယ်ပါ အော်နေ သည့် ဒုက္ခသည်များ သို့ နှယ် တောင်းပန် နေသည့်အလား ခံစားလာရသည်။ ကျနော်တို့ ၏ စိတ်ဓါတ်များ သည်ကား အားငယ်မှုနဲ့  အတူ နိုးထလာကြသည်။

ကျနော်တို့ လိုချင်သည်မှာ လူသားအားလုံး တန်းတူ အခွင့်အရေး ဖြစ်လာသည်။ ဆုံးရူံးနေသော အခွင့် အရေးကို လိုချင်သည်။ တက္ကသိုလ်မှာ သင်သော ဘာသာရပ် တစ်ခု မဟုတ်သော်လည်း အာဏာရှင် တို့ ၏ လုပ်ရပ်က ကျနော်တို့ ကို ဘာသာရပ် တစ်ခုအား သင်နေရသည့် အလား တက်မြောက် လာကြသည်။ ပြည်သူတို့ ၏ ဘဝ ဖူလုံ ရေးသည်ပင် လျှင် ကျနော်တို့ ၏ အရေး ဖြစ်လာသည်။ ကျနော်တို့ သည်ကား ပြည်သူမှ မွေးသော ပြည်သူ့ သားများ ဖြစ်ကြ ၍သာ ဖြစ်သည်။ ကျနော်တို့  တက္ကသိုလ်သို့  လာကြသည်မှာ ပညာ သင်ကြားရေး အတွက်သာ ဖြစ်ပါသည်။ နိုင်ငံရေး လုပ် သပိတ်မှောက်ရန် မဟုတ်ပါ။

ကျနော်တို့ လိုချင်သော ပညာရေးကို ကျနော်တို့  မသင်ကြား နိုင်ဘဲ မြန်မာ့ နိုင်ငံရေး နယ်ပယ်မှ အာဏာရှင် တို့ အား ဆန့် ကျင်လာရ သည်မှာ သင်တို့ ၏ လုပ်ရပ်များက ဆန့် ကျင်ခိုင်း နေသောကြောင့်သာ ဖြစ်ပါသည်။ ကျနော့်တို့ တွင်ကား အပြစ်မရှိ သင်တို့ တွင်သာ အပြစ်ရှိသည်ဟု ဆိုရမည်သာ ဖြစ်ပါသည်။ တက္ကသိုလ်ဆိုတာ တကယ်တော့ စာပေ ကိုဘဲ သင်ပေးသော ကျောင်းတော် တစ်ခု မဟုတ်ပါ။ လူတစ်ယောက်၏ ဘဝ တစ်ခုကို ပြောင်းလဲ ပေးနိုင်သည့် အတွေး အခေါ်များ ကိုပါ ဆရာ မသင်သော်လည်းမိမိ အလိုအလျောက် တတ်မြောက် စေနိုင်သော ကျောင်းတော် ကြီးလည်း ဖြစ်ပါသည်။ ခေတ်အဆက်ဆက်တွင် မြန်မာ ပြည်သူ လူထုများ၏ အကျိုးအတွက် ရှေ့ တန်းမှ ရပ်တည်ကာ မြန်မာ့ နိုင်ငံရေးကို ဦးဆောင်သူ များမှာလည်း တက္ကသိုလ် ကျောင်းသား များ ဖြစ်ကြပါသည်။ ကျနော်တို့  အားလုံးသည် တက္ကသိုလ် ရောက်လာပြီ ဆိုတာနဲ့ မြန်မာ့ နိုင်ငံရေး နှင့် ရင်းနှီး လာကြသည်မှာ မြန်မာ့ သမိုင်းကြောင့် သာ ဖြစ်မည်ဟု ကျနော် ထင်မြင်မိပါသည်။ သမိုင်းသည် ကျနော်တို့  အတွက် အဖြေရှာ ရမည့် ပုံသေနည်း တစ်ခု မဟုတ်သော်မှ အမှန်ကို လွှဲမှားစေမည့် ပုစ္ဆာတစ်ပုဒ် မဖြစ်စေခဲ့ပါ။

ရှေးက မရနိုင် ခဲ့သော ငြိမ်းချမ်းရေးသည် တို့ တတွေရှာဖွေရမည့် တာဝန်သာ ဖြစ်သည်။ နောင်တော်များ ဖောက်ခဲ့သော လမ်းအားတို့ များ လျှောက်ရမည်သာ ဖြစ်သည်။ အကိုကြီးများ ပြုခဲ့သော ကတိသစ္စာ တရားများ မှာ ကျနော်တို့  အတွက် အားဆေး တစ်ခွက် ဖြစ်စေ ခဲ့ပါသည်။

ဤသည်ကိုပင် တက္ကသိုလ်တွင် ဆရာ မသင်ပေး သော်လည်း ကျောင်းသားများ အတွက်အလိုအလျောက် တက်မြောက် လာသော ပညာရပ်များသာ ဖြစ်ပါသည်။ ကျနော် ယနေ့ ထက်တိုင် မေ့မရသည်မှာ သမိုင်းဆရာပြောခဲ့သော "စာတတ်တာ မကောင်းဘူးကွ၊ အထူးသဖြင့် သမိုင်းကို မတတ်စေနဲ့ "ဟူသော စကားပင် ဖြစ်ပါသည်။

ဆရာ့ကိုရှိခိုးဦးညွတ်လျှက်
(ပညာကျော်)

No comments:

Post a Comment