တက်တက်စင်မှားပါတယ်။ မုန်တိုင်းကြောင့် သိန်းဂဏန်းချီတဲ့ပြည်သူတွေ သေကျေဒဏ်ရာရ ပစ္စည်း အိုးအိမ်တွေ ပျက်စီးဆုံးရှုံးသွားကြရပါတယ်။ အခြေမဲ့အနေမဲ့နဲ့ ဘ၀တွေပျက်ကြရပါတယ်။ ဒုက္ခပင် လယ်ကြော မျောကြရရှာပါတယ်။ မုန်တိုင်းသင့်ပြည်သူများအတွက် ပြန်လည်ထူထောင်ရေးကို အ ရေးတယူနဲ့ အလေးမူကာ ထိထိရောက်ရောက်လုပ်ဆောင်ပေးရမဲ့အစား နအဖ ကတော့ မေလ ၁၀ ရက်နေ့ ဆန္ဒခံယူပွဲမှာ ထောက်ခံမဲအပြည့်အ၀ရရှိရေးအတွက်သာ အာရုံစိုက်လုံးပမ်းခဲ့ပါတယ်။ သာ မန်ပြည်သူတွေကို သားစဉ်မြေးဆက် ‘စစ်ကျွန်’အဖြစ်သွတ်သွင်းဖို့ သူတို့ရဲ့ ဒီဥပဒေ အတည်ပြုရေးအ တွက်သာ မသမာတဲ့နည်းမျိုးစုံနဲ့ ကြိုးပမ်းအားထုတ်ခဲ့ပါတယ်။
အတိတ်သမိုင်းမှာ မြန်မာနိုင်ငံဟာ နယ်ချဲ့လက်အောက်မှာ ‘သူ့ကျွန်’ဘ၀ရောက်ခဲ့ရပါတယ်။ နယ်ချဲ့ အုပ်ချုပ်သူများဟာ မြန်မာပြည်သူတွေ’ကျွန်သက်’ရှည်ရေးအတွက် ၁၉၃၀ ပြည့်နှစ်တ၀ိုက်မှာ ဒိုင်အာ ခီအုပ်ချုပ်ရေး (ပူးတွဲတာဝန်ခံ ပြုပြင်ပြောင်းလဲရေး)ကိုထွင်ပေးပြီး ရွေးကောက်ပွဲလုပ်ပေးခဲ့ပါတယ်။ နအဖ စစ်အစိုးရရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို လေ့လာကြည့်လိုက်ရင် ‘ကျွန်သက်’ရှည်စေမဲ့ ဒီ ဒိုင် အာခီအုပ်ချုပ်ရေးနဲ့ အခြေခံသဘောတရား တူနေပါတယ်။ ရည်ရွယ်ချက်လဲ ဆင်နေပါတယ်။
“သမိုင်းတကျော့ပြန်”လို့ဆိုရမှာပေါ့။
“ဒိုင်အာခီ အုပ်ချုပ်ရေးဆိုတာ ဥပဒေပြုကောင်စီ၊ မင်းတိုင်ပင်အမတ်များ၊ ပူးတွဲတာဝန်ယူရသော အစိုး ရအဖွဲ့ဝင်များ စတဲ့ အဆောင်အယောင်တွေ အပြည့်ရှိပေမဲ့ ဗြိတိသျှအစိုးရကခန့်တဲ့ ဘုရင်ခံနှင့် အိုင် စီအက် အရာရှိများလက်ထဲမှာသာ အချုပ်အခြာအာဏာရှိတယ်။ဥပဒေပြုကောင်စီရွေးကောက်ပွဲမှာ ပြည်သူတွေရဲ့အင်္ဂလိပ်နဲ့ ကုလားကုန်သည်ကြီးများကို အထူးအခွင့်အရေးတွေပေးထားတယ်။အင်္ဂလိပ်ကုန်သည် ၁၀၀ အတွက် အမတ်တယောက် ရွေးကောက်ခွင့်ရှိရင် မြန်မာ ၃၀,၀၀၀ အတွက်
အမတ်တယောက်ရွေးခွင့်ရှိတယ်။” လို့ ဆရာကြီး သိန်းဖေမြင့်က ၁၉၃၀ တ၀ိုက် မြန်မာပြည်နိုင်ငံရေး သမိုင်း’ မှာ ဖော်ပြခဲ့ပါတယ်။ နယ်ချဲ့ အုပ်ချုပ်သူတွေရဲ့ထိန်းချုပ်မှု၊ ခြယ်လှယ်မှုတွေလွှမ်းမိုးကြီးစိုးတဲ့ ယန္တရားပဲဖြစ်ပါတယ်။
အခု နအဖရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဟာလဲ ဒိအတူပဲ စစ်တပ်ရဲ့ထိန်းချုပ်မှု ၊ ခြယ်လှယ်မှုတွေလွှမ်း မိုးကြီးစိုးတဲ့ ယန္တရားနဲ့ အုပ်ချုပ်သွားမှာ ဖြစ်ပါတယ်။ လွှတ်တော်မှာလဲ စစ်ဘက်က ၂၅%ယူထားပြီး အရပ်ဘက်က ၇၅% ရှိမှာဖြစ်ပါတယ်။ ဒီ ၇၅%ထဲမှာ စစ်ဘောင်းဘီချွတ်ပြီးရွေးကောက်ပွဲအနိုင်ရလာ မဲ့ စစ်ဗိုလ်ထွက်အမတ်တွေ၊ စစ်တပ်ရဲ့သြဇာလွှမ်းခံကြရမဲ့ စစ်တပ်အလိုတော်ရိ အရပ်သားအမတ် တွေ အတော်များများ ပါရှိလာဦးမှာပါ။ ဒိုင်အာခီအုပ်ချုပ်ရေးအဖွဲ့အတိုင်းပါပဲ။ ဒိုင်အာခီက ‘သူ့ကျွန်’ သက်ဆိုးရှည်ရေးအတွက် ထွင်ခဲ့တာပါ။ နအဖရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေက ‘စစ်ကျွန်’သက်ဆိုးရှည် ရေးအတွက် ပြင်ဆင်တာပါ။
နအဖက လမ်းပြမြေပုံလမ်းစဉ် ၇ ချက်နဲ့ သာမန်ပြည်သူတွေကို သားစဉ်မြေးဆက် စစ်ကျွန်ပြုမဲ့ ‘မြန်မာ့ဒီမိုကရေစီလမ်းစဉ်’ကို သူတို့စိတ်ကြိုက် ဇွတ်အတင်း အကောင်အထည်ဖော်ကြပါတယ်။ ဒီ လမ်းပြမြေပုံကို နှောက်ယှက်မဲ့ ပျက်စီးစေမဲ့အခြေအနေတွေမပေါ်ပေါက်ရအောင်လို့မတရားတဲ့ဥပ ဒေတွေ၊ အမိန့်အာဏာတွေနဲ့ ထုတ်ပြန်ချုပ်ခြယ်ခဲ့ပါတယ်။ အတိုက်အခံပြုသူများကို မတရားဖမ်းဆီး အရေးယူ ဖိနှိပ်လျက်ရှိပါတယ်။ ဒီလိုအခါသမယမှာ စစ်အာဏာယန္တရားပဲ အသာစီးအနိုင်ရမယ်လို့တွက်ဆကြတဲ့ “မူယောင်ဝါး” တဲ့ ”အူကြောင်ကျား” ”လူထောင်လွှား”တွေက တစခန်းထလာကြပါတယ်။ စစ်အုပ်ချုပ်သူတွေနဲ့လက် တွဲလုပ်ကြည့်၊ ပူးပေါင်းကြည့်၊ ဘာမှမရှိတာထက်စာရင်တော်သေးတယ်၊ စသဖြင့် ဆိုပြီး စစ်အာဏာ ယန္တရားရဲ့ ရုပ်သေးရုပ်တွေအဖြစ် နိုင်ငံရေးစင်ပေါ် တက်လှမ်းဘို့ ခြေလှမ်းတွေပြင်လာကြပါတယ်။ အတိတ်သမိုင်းက ဒိုင်အာခီအုပ်ချုပ်ရေးတုန်းကလိုပါပဲ။
၁၉၃၀ တ၀ိုက် မြန်မာပြည်နိုင်ငံရေး သမိုင်း’မှာ အခုလိုဖော်ပြထားပါတယ်။ “ကောင်စီဝင်လိုသူ၊ ဒိုင်အာခီသပိတ်မမှောက်သူ ပြည်သူပြည်သားပါတီ ခေါ်တဲ့ ၂၁ ဦးပါတီကပြော တယ်၊ ဒိုင်အာခီ လက်ခံပြီး အလုပ်လုပ်ကြည့်။ အတွေ့အကြုံရပြီး တစတစ တိုးတက်သွားရမယ်။ ဒိုင်အာခီနဲ့ပူးပေါင်းရင်း ဒိုင်အာခီရဲ့အပြစ်တွေကို ပြုပြင်သွားရမယ်။ ဒါကြောင့် သူတို့ဟာ ပူးသတ်သ မားတွေပါလို့ လူထုကိုရှင်းပြကြတယ်။
“၂၁ ဦးတွေ အထူးဝါယမစိုက်ပြီး တိုက်ပွဲဝင်တဲ့ကိစ္စတခု ရှိသေးတယ်။ ရာထမ်းမှုထမ်းတွေထဲမှာ အင်္ဂ လိပ်၊ ကုလားနှင့် ကုလားကပြားများ လွှမ်းနေတာကို မြန်မာများနှင့် အစားထိုးရေး ဖြစ်တယ်။ အဲဒီ ခေတ်တုန်းက လယ်ဝန်ရာထူးတခုကို မြန်မာတယောက်ယောက်က ရတာကိုတောင် ဂုဏ်ထူးဆောင် သတင်းတခုအနေနှင့် ပြောစားနေကြရတယ်။ ၂၁ ဦးပါတီက ကောင်စီထဲဝင်သွားပြီး အမတ်အများစု ဟာ မြန်မာများဖြစ်နေတာတောင်မှ အမတ်အများက မဲဖြင့်တင်မြှောက်ရတဲ့ဥက္ကဌဟာ အင်္ဂလိပ်တ လှည့်၊ အင်္ဂလိပ်ကပြားတလှည့် ဖြစ်နေသေးတယ်။
“၁၉၃၀ ပြည့်နှစ်တ၀ိုက်ကျတော့ ဂျီစီဘီအေ ခေါင်းဆောင်များက ၂၁ ဦးပါတီရဲ့ ဥပဒေပြုကောင်စီ တွင်းလုပ်ရပ်များကို လက်ညှိုးထိုးပြပြီး‘ဘယ့်နှယ်လဲ ပူးသတ်ဆရာကြီးများ၊ ကောင်စီဝင်ပြီး ဒိုင်အာခီ မျိုးဖြုတ်မယ်ဆိုသော်လည်း မျိုးမပြုတ်ဘဲ ခင်ဗျားတို့သာပြုတ်နေပါပကောလား’ စသည်ဖြင့် သရော် ကြပါတယ်။ သရော်စရာပါဘဲ။ ၂၁ ဦးပါတီဝင်နှင့် အခြားအချို့အမတ်များမှာ ပြည်သူလူထုရဲ့ အခြေခံ အကျိုးစီးပွါးကို နယ်ချဲ့ဖိနှိပ်ချုပ်ခြယ်မှုမှ လုံးဝအကာအကွယ်မပေးနိုင်ကြဘူး။ ဗုဒ္ဓဘာသာဘုန်းတော် ကြီးများကို ထောင်ချပြီး သင်္ကန်းဆွဲချွတ်တာကိုတောင် ကြည့်နေကြရတယ်။ ဒါကြောင့် ပြည်သူလူထု အများစုဟာ ဂျီစီဘီအေကိုဘဲ ဆက်လက်ထောက်ခံကြတယ်။ ၂၁ ဦးဘက်ကို ပါမသွားကြဘူး။”
၁၉၃၀ ပြည့်နှစ်တ၀ိုက်မှာ ကမ္ဘာ့စီးပွါးရေးကပ်ကြီးဆိုက်လာခဲ့ပါတယ်။ နိုင်ငံရေးနိုးကြားမှုအမြင်တွေလဲ ရှင်သန်ခဲ့ကြပါတယ်။ မျိုးချစ်ခေါင်းဆောင်ကောင်းများလဲ ပေါ်ထွန်းလာခဲ့ကြပါတယ်။ နယ်ချဲ့စိုးမိုးသူ များလဲ ဖိအားပေးတောင်းဆိုမှုများစွာနဲ့ကြုံကြရလို့ ကိုလိုနီနိုင်ငံများကိုအုပ်ချုပ်ရတာ အခက်အခဲတွေ ကြုံကြရပါတယ်။ နောက်ဆုံးမှာ လွတ်လပ်ရေးပေးပြီး ကိုလိုနီနိုင်ငံများကို လက်လွှတ်လိုက်ရပါတယ်။
အခုအချိန်မှာလဲ ကမ္ဘာ့စီးပွါးရေးကပ်ကြီးဆိုက်နေပြီလို့ဆိုနိုင်ပါတယ်။ နအဖလဲ ဖိအားမျိုးစုံနဲ့ ရင်ဆိုင် နေရပါပြီ။ မြန်မာပြည်သူများလဲ နိုင်ငံရေးနိုးကြားမှုအမြင်တွေ ရှင်သန်လျက်ရှိနေပါပြီ။ မျိုးချစ်ခေါင်း ဆောင်ကောင်းများလဲ ပေါ်ထွန်းလျက်ရှိနေပါပြီ။ သမိုင်းတကျော့ ပြန်လာတော့မှာ ဧကန်မလွဲပါ။
မောင်မောင်လှကြိုင်
၂၀၀၈ စက်တင်ဘာ ၃၀
၂၀၀၈ စက်တင်ဘာ ၃၀
No comments:
Post a Comment