12.02.2008

World AIDS Day အထိမ်းအမှတ်ဆောင်းပါး

ကိုရွှေတို့အတွက်သေခြင်းတရားဗဟုသုတ ကျော်သောင်း

သေခြင်းတရား………ငယ်ရွယ်တုန်းကတော့ ကိုယ်နဲ့မဆိုင်တဲ့ကိစ္စလို့ တွေးထင်ခဲ့ပေမယ့်

မမြဲတဲ့သင်္ခါရ၊အစိုးမရတဲ့လောက အကြောင်းအတော်အတန်သိလာတဲ့အခါ၊ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ မလွဲမသွေကြုံရမယ့်ကိစ္စ၊ဆိုတာကို သိလာခဲ့ကြရတယ်။

ဒီဆောင်းပါးမှာ၊ သက်ဆိုင်ရာဘာသာအသီးသီးရဲ့  မွေးဖွားခြင်းနဲ့ သေခြင်းတရားအကြား ပြုမူနေထိုင်မှု၊

ကြိုတင်ပြင်ဆင်မှုတွေကို ပြောကြားလိုခြင်းမဟုတ်ပဲ၊ ထိုင်းမှာသေကြရတဲ့ မြန်မာရွေ့ ပြောင်း

အလုပ်သမားတွေနဲ့မြန်မာနိုင်ငံမှာသေကြရတဲ့ မြန်မာတွေရဲ့ ထူးထူးခြားခြားကွာဟမှုကို တင်ပြချင်ပါတယ်။ ပြီးတော့ မြန်မာနိုင်ငံမှာ ကျနော်သဂြိုလ်ခဲ့ဖူးတဲ့(ခုခံအားကျဆင်းမှုရောဂါ (အေ အိုင်ဒီအက်)ရောဂါသည် အလောင်းများကို ဘယ်လိုစီမံခဲ့တယ်ဆိုတာကို အဓိကပြောပြချင်လို့ပါ။

ကျနော်တို့ ရခိုင်ဒေသ၊ စစ်တွေ၊ ကျောက်ဖြူ၊ တောင်ကုတ်၊ သံတွဲ ၊ ဘူးသီးတောင်၊ မောင်တော၊

မြို့ တွေဟာနေရာအစုံက လူတွေဝင်ထွက်သွားလာ၊ ရောင်းဝယ်ဖေါက်ကားတဲ့မြို့ တွေပါ။ လေယာဉ်၊ မော်တော်ကား၊သင်္ဘောဆိပ်တွေနဲ့  လူမျိုးပေါင်းစုံလှုပ်ရှားနေကြတဲ့နေရာပါ။ ခုဆိုရင်၊ အမ်းမြို့ ၊

မာန်အောင်မြို့  ရမ်းဗြဲမြို့ နဲ့အခြားမြို့ တွေမှာလည်း ဒီအခင်းအကျင်းတွေ ရှိလာနေခဲ့ပါပြီ။

ဒီလိုကမ္ဘာ့ဆက်နွယ်စီးပွားကုန်သွယ်မှုကြောင့် ကုရာနထိ ဆေးမရှိတဲ့ HIV ရောဂါဟာ နေရာတိုင်းကို

အတားအဆီးမဲ့ဝင်ရောက်လာခဲ့ပါတယ်။ နောက်တစ်နည်းက ၁၉၈၀ ပြည့်လွန်နှစ်တွေကစပြီး ရခိုင်

ဒသကလူငယ်အတော်များများတို့ဟာ ထိုင်းနိုင်ငံကိုလာရောက် အလုပ်လုပ်ကိုင်ခဲ့ကြပါတယ်။

အဲဒီ၁၉၈၀ နဲ့ ၁၉၉၀ နှစ်ဝန်းကျင်ကာလကဆို။ ထိုင်းကိုသွားပြီး အလုပ်မလုပ်တဲ့လူဆိုရင် အသုံးမကျတဲ့လူတွေလို့တောင် လွဲမှားစွာမြင်တတ်ကြပါတယ်။

ထိုင်းနိုင်ငံမှာ၂နှစ်၃နှစ်၅နှစ် အလုပ်ပြီပြန်လာကြသူတွေမှာ။ အပြင်ပန်းအမြင်အနေနဲ့

နောက်ဆုံးပေါ်ကက်ဆက်ကြီးတွေ၊ အ၀တ်အထည်အကောင်းစားတွေ၊ ရွှေဆွဲကြိုး၊

ရွှေလက်စွပ်တွေ ပါလာတာတွေ၊ မလာခင်ကလည်း ဘယ်ရွာကဘယ်သူမှာ မြန်မာငွေ ဘယ်နှစ်သိန်းပို့လို့……ဘယ်သူမှာချဲပေါက်လို့ငွေပို့လိုက်တာ၊

ရွာမှာလယ်ဘယ်နှစ်ဧက၊ ကျွှဲနွားဘယ်မျှ၊ ရွှေဘယ်နှစ်ကျပ်သားဝယ်နိုင်တယ်…..

စသည် စသည်….တို့ဟာ တောမှာနေထိုင်ကြတဲ့လူတွေအတွက် တကယ့်အထင်

ကြီးမက်မောစရာပါ။

အသင့်အတင့် အဆင်ပြေလာကြတဲ့လူတွေဟာ၊ မိမိရဲ့ ဒေသမှာပါလာတဲ့ ငွေတွေနဲ့စီးပွားရေး

လုပ်ငန်းတွေ လုပ်ကြတယ်။ အချို့ ကတစ်နှစ်လောက်လုပ်ကိုင်ကြည့်လို့ အဆင်မပြေရင်

ထိုင်းနိုင်ငံ(ရှမ်းကမ်း)ကို ပြန်ပြီးသွားကြပါတယ်။ ဒီအခါမှာ ဆွေမျိုးတော်စပ်သူတွေ၊

ရွာသားတွေက အရင်ရောက်ဖူးသူနဲ့ ထိုင်းနိုင်ငံကိုလိုက်ပါသွားကြ

ပါတယ်။ မိသားစုတွေကလည်း လိုလိုလားလားထည့်ကြပါတယ်။

အချို့ ဆိုရင် မိမိမှာလုပ်ကိုင်စားသောက်မှု အဆင်ပြေကြပေမယ့်၊ သူများတွေရောက်ဖူးတာကို

အားကျလို့လိုက်သွားကြသူလည်းရှိကြပါတယ်။ ရခိုင်ပြည်တစ်ခုလုံးရှိ ရွာတိုင်းက ထိုင်းနိုင်ငံမှာ

အလုပ်လုပ်နေသူမရှိတဲ့ရွာ မရှိသလောက် ဖြစ်နေကြပါပြီ။ အလားတူးတနင်္သာရီတိုင်း၊ မွန်ပြည်နယ်

နှင့် ကရင်ပြည်နယ်တို့ကလည်း ရွာတိုင်းကရှိနေကြရုံမက ယခုအခါ မြန်မာတစ်နိုင်ငံလုံးဒေသအစုံမှ မြန်မာများရောက်ရှိနေကြပြီး ဖြစ်ပါတယ်။

အယင်ကမြန်မာနိုင်ငံမှာ HIV ရောဂါနဲ့သေကြတာကို သတိမထားကြပေမယ့် ၁၉၉၀ပြည့်လွန်

နှစ်တွေမှာ လူတွေသတိထားလာခဲ့ကြပါတယ်။

သာမန်လူတွေ သတိထားလာကြတဲ့အချက်တွေက၊ ထိုင်းနိုင်ငံမှာအလုပ်လုပ်ပြီး သေကြတဲ့

သူတွေရဲ့လက္ခဏာတွေဟာ အားလုံးနီးပါးတူနေကြလို့ပါ။ သူတို့တွေဟာ ရောဂါပေါ်လာလို့ရှိရင်၊

မကြာမကြာချောင်းဆိုးလာတယ်၊ မကြာမကြာဖျားတတ်တယ်၊ အမြဲမပြတ် အနွေးထည်ဝတ်လာ

တယ်၊ လက်ရှည်င်္အကျီတွေ ၀တ်လာတယ်၊ လူတွေရှိတဲ့နေရာတွေကို ရှောင်လာတယ်၊ အလုပ်

မလုပ်နိုင် ဖြစ်လာကြတယ်၊ သေခါနီးမှာ အလွန်ပိန်ချုံးသွားကြတယ်။ အချို့ ဆို ခန္ဓာကိုယ်က အသားတွေပွင့်ထွက်လာတယ်၊ မျက်နှာနဲ့ကြောတွေမှာ ရေယုံ၊မက်ခရုတွေပေါက်လာတယ်။ အဲဒီလိုရောဂါပေါ်နေတဲ့ အိမ်ကိုမိသားစုအရင်းအချာကလွဲရင် အခြားလူတွေအသွားအလာမပြု

တော့ပဲ ရှောင်ရှားလာခဲ့ကြတယ်

ကျေးလက်တောရွာ အတော်များများတွေဟာ ရှေ့ ဟောင်းထုံးတမ်းစဉ်လာကို မလွန်ဆန်သေးကြ

တာကြောင့်HIV ရောဂါနဲ့ သေဆုံးတဲ့လူတွေကို ဘုန်းကြီးပင့်ပြီး သရဏဂုံမတင်ကြတော့ဘူး၊

ရှေ့ ခေတ် ၀မ်းရောဂါနဲ့ သေဆုံးသူတွေလို ချက်ချင်းသဂြိုလ် လိုက်ကြပါတယ်။ ဒီလိုသဂြိုလ်တဲ့

နေရာမှာလည်း ရိုးရိုးသေးဆုံးသူတွေလိုလူအများ ၀ိုင်းဝန်းမဆောင်ရွက်ကြပဲ၊ မိသားစုအရင်းအခြာ

တွေကသာ သဂြိုလ်ကြရပါတယ်။

ကျနော်တို့ရွာမှာ HIV ရောဂါနဲ့ သေဆုံးသူနှစ်ဆယ်နီးပါး ကျနော်သဂြိုလ်ခဲ့ဖူးပါတယ်။ ရပ်ရွာရဲ့ 

သာရေးနာရေးတွေမှာ ဦးဆောင်ဦးရွက်ပြုနေရတဲ့ လူတစ်ယောက်ဖြစ်တာကြောင့် ရိုးရိုးရောဂါနဲ့ပဲ

သေသေ၊ HIV နဲ့ပဲသေသေ ရွာမှာရှိနေရင် မလွတ်တမ်း လုပ်ကိုင်ရပါတယ်။ထိုင်းမှာ ယခုလက်ရှိ

အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာရွေ့ ပြောင်း အလုပ်သမားများအနေနဲ့ မိမိရပ်ရွာမှာ HIV
နဲ့သေဆုံးသူများနဲ့ကြုံရင် လုပ်တတ်ကိုင်တတ်အောင် ကျနော့်အတွေ့အကြုံကို ဝေငှချင်ပါတယ်။

လူနာသေဆုံးသွားလို့ သဂြိုလ်ရတော့မယ်ဆိုရင်၊ သေဆုံးသူရဲ့ မိသားစုကို သဂြိုလ်ဖို့လိုက်မယ့်

လူအရေအတွက် နဲ့လုံလောက်မယ့်၊ အရက်/ဆေးလိပ်/ကွမ်းနဲ့ လူတွေစိတ်ထဲသန့်အောင်

အရက်ပျံပုလင်း အ၀ယ်ခိုင်းပါတယ်။ပြီးတော့ ရောက်ရှိနေသူတွေအထဲက လူအချို့ ကိုဝါးကဒ်

ကျစ်ခိုင်းပါတယ်၊ ၀ါးမရှိရင်လည်း ပျဉ်နဲ့အခြားသစ်တိုသစ်သားတွေနဲ့ ကဒ်ကျစ်ခိုင်းပါတယ်၊ ပျဉ်ပြားရှိသူတွေကျတော့ အခေါင်းလုပ်ပါတယ်။ ပြီးတော့အလောင်းကိုကိုင်တွယ်ကြမယ့်လူတွေကို အရက်အသင့်အတင့် သောက်စေပါတယ်၊ အရက်ပျံတွေကိုလည်း ခြေလက်တွေကိုဆွတ်လိမ်းစေပါတယ်။ ပြီးတော့ အလောင်းကို ကိုင်တွယ်သူတွေမထိစေပဲ ဖျာစကိုဝိုင်းဝန်း ကိုင်တွယ်စေပါတယ်။ တံဘိုးလျှို ပြီးကြိုးတွေနဲ့ စည်းနှောင်လိုက်ပါတယ်။

ညဆိုရင်လည်း လုံလောက်တဲ့မီးတုတ်တွေ၊ မီးအိမ်တွေသုံးပြီး မြေမြုတ်မဲ့သချိုင်းကို ထမ်းသွားကြပါတယ်။
အလောင်းကို တိုင်းထွာပြီး တွင်းကိုနက်နက်နဲ့ ကျယ်ကျယ်တူးစေပါတယ်။ အဆင်ပြေနိုင်တဲ့ အနေအထားကို
ရတဲ့အခါ။ တံဘိုးလျှို ပြီးသား အတိုင်းမြေတွင်းမှာ တင်လိုက်ပါတယ်။ မြေတွင်းထဲသို့ အလောင်းချောင်ချောင်
ချိချိကျသွားနိုင်တဲ့အနေအထားရှိတဲ့အခါ စည်းနှောင်ထားတဲ့ကြိုးတွေကို တပြိုင်တည်းခုတ်ဖြတ်လိုက်ကြ
ပါတယ်။ လိုက်ပါပိုဆောင်ကြသူတွေနဲ့ မြေသားတွေကို သေသေချာချာပြန်ဖို့ပြီး ကျောက်တုံးကျောက်ပြားတွေ
သစ်ခက် ဆူးခက်တွေနဲ့ အပေါ်ကအုပ်လိုက်ပြီးတော့ သဂြိုလ်ခြင်းအလုပ်ကို အပြီးသတ်လိုက်ကြပါတယ်။

ကိစ္စတွေပြီးတော့ သဂြိုလ်ကြတဲ့လူတွေဟာ၊ ရေချိုးသန့်စင်ပြီး ခြေလက်တွေကို အရက်ပျံတွေနဲ့

တစ်ကြိမ်ဆွတ်လိမ်းကြပါတယ်။ ပြီးတော့ မူးအောင်သောက်ပြီး လမ်းခွဲကြတော့တာပါပဲ။
ထိုင်းမှာကတော့ ဘယ်လိုလူမျိုး ဘယ်လိုရောဂါနဲ့ပဲသေသေ ထိုင်းတွေထုံးစံအတိုင်း ဘုန်းကြီးတွေက
သရဏဂုံတင်တယ်၊ မှန်စီရွှေချဘုံပြသာဒ်နဲ့ မီးသဂြိုလ်စက်မှာ သဂြိုလ်တယ်။


နေခြင်းလည်းကွာ သေခြင်းလည်းခြားတဲ့ သူများတိုင်းပြည်မှာ ငွေလာရှာရင်း၊ ရောဂါယူမသွားကြဖို့

သတိအမြဲထားကြရပါမယ်။ကိုယ်ရွာမှာ HIV ရောဂါနဲ့ သေဆုံးသူနဲ့ကြုံရင်လည်း အန္တရာယ်ကင်းစွာ လုပ်ကိုင်ဆောင်ရွက်နိုင်ကြပါစေ ။ ။

No comments:

Post a Comment