|
| |
|
By Ka Saw Wah*
Nineteen year old soldier Paw Doh Kho comes from
This incident is nothing extraordinary, however, what the young soldier was quoted as saying is something to be reflected on – “I do not want to shoot at my fellow Karen any longer – enough!” These may be the words of an ordinary young man in the army, nevertheless they are thought provoking. Since 1994 this has been the sad story among Karens. All people value their own life. Yet this is not an isolated incident among our Karen nationals. This is why every Karen has a duty to stop such incidences from occurring. I, the writer of this article, have shed many a tear for our Karen people, I cannot stop thinking about this continuing situation. All Karens should be concerned about their fellow Karen nationals and the present situation. It is the duty of all Karens.
The conflict amongst fellow Karen has been a bloody one. Many a life has been destroyed because of it. It is a most unbecoming and undignified thing. Can we not be unified? This has been, and is, a continual question. Many a person has said to me, “Can you Karens not find unity?” Also, I have heard it said “Can you not stop killing each other, isn’t this enough?” What are we going to do about this? If we Karens from all over the world could get together, we could solve this. We can solve this and be freed from this dire situation.
A long time ago one of our great Karen ancestors, Phu Htaw Mae Bah, called his sons and daughters together, he gave them each a bunch of bamboo and told them to try and break it - not one of them could break it. Then he undid the bunch and he gave a single bamboo rod to one of his children and that child was able to break the bamboo in half. He said to them, “Take a bunch of bamboo together and you cannot break it, but take one stick of bamboo by itself and it is easily broken”. He then said, “You see my children, when you are united, when you are together, you cannot be broken, you cannot be corrupted, and you cannot be destroyed. Therefore, if you are not united, you can be broken, corrupted and destroyed. That is why I say to you my children, be united, stand together and you shall not suffer from the disarray that comes with disunity.”
This is what our ancestor told us. Hence, we the living today, our Karen brothers and sisters all over the world, even though we say lets be united, if we don’t find a way to do it we will never be able to achieve unity. So let us exchange our ideas, let us communicate our thoughts, only then shall we, as a collective, bring about peace and unity for our peoples. Then Paw Doh Kho’s death will not have been in vain. I, Ka Saw Wah, urge you all to be united, let us be one and this problem can be solved.
*Ka Saw Wah is one of the present leaders of the KNLA.
DKBA ၉၉၉ တပ်ရင်း(၁) ဗိုလ်ကတုံး လက်အောက်ခံ တပ်သား ဖားဒို့ခို
မိမိကိုယ် မိမိ အဆုံးစီရင်ခြင်းအကြောင်း
ဖားဒို့ခို ၁၉နှစ် ကော့ကရိတ်မြို့အနီး နန်းရွှေမင် ကျေုးရွာတွင်နေပါတယ်။ ၂၈.၁၁.၀၈ နေ့တွင် ဖားဒို့ခိုသည် တပ်မဟာ(၆) ဘက်သို့ရှေ့တန်းသွားရမည်။ ရှေ့တန်းသို့ သွားလျှင် ကေအင်ယူနှင့် တိုက်ရမည်။ထို့ကြောင့် သူပြောသည် ။
“ကရင်အမျိုးသားအချင်းချင်းတော့ မပစ်ချင်တော့ဘူး။တော်ပြီ အကယ်၍ တကယ် သွားရရင်တော့ ငါ့ကိုယ်ငါ ပြန်ပစ်သတ်မယ်။ ဒါမှ အေးမယ်”
ဟု ပြောခဲ့သည်။ ဤနေ့တွင်ပဲ သူ့ကိုယ်သူ အဆုံးစီရင်လိုက်ပါတယ်။ ဖားဒို့ခိုသည် ဒီကေဘီအေဘိုကတုံး အမိန့်အရ ဒီကေဘီအေတပ်ထဲသို့ အတင်းအဓမ္မ သွတ်သွင်း ခိုင်းစေခံရသူ တဦးဖြစ်သည်။
ဤဖြစ်စဉ်သည် ရိုးရိုးစဉ်းစားလျှင် ရိုးရိုးလေးပဲ ဖြစ်သည်။ ဒါပေမယ့် သူပြောသွားတဲ့ စကားရပ်လေး တခုမှာ စဉ်းစားစရာတွေ ဖြစ်ခဲ့တယ်။
“ကရင့်အမျိုးသား အချင်းချင်းမပစ်ချင်တော့ဘူး”
ဆိုတဲ့ စကားဟာ အညတရ လူငယ်လေးတဦး၏ ရင်တွင်း၌ ဘယ်အတိုင်းအတာအထိလောင်ကျွမ်းခဲ့ သလဲဆိုတာ စာဖတ်သူတိုင်း စဉ်းစား ခံစားလို့ ရပါတယ်။လူသားတိုင်းဟာ ကိုယ့်အသက်ကို ကိုယ်အချစ်ဆုံးပါ။စာရေးသူကိုယ်
ကရင့်အမျိုးသားရေးသည် ကရင့်အမျိုးသားတိုင်းမှာ တာဝန်ရှိ၏။ကရင့်မျိုးသား အချင်းချင်း ပဋ္ဋိပက္ခ ဖြစ်မှုတွင် ဖားဒို့ခို လုပ်ရပ်နှင့် မတူပေမယ့် ဖြစ်ရပ်များစွာရှိခဲ့ပါသည်။ ၁၉၉၄ ခုနှစ် ဒီဇင်ဘာလမှ စ၍ ယနေ့တိုင် ယူကြုံး မရသည့် ဖြစ်ရပ်များစွာ ရှိခဲ့ပါသည်။ ဤအနိဌာရုံ ဖြစ်ရပ်များ ရပ်စဲပစ်ရန် ကျွန်တော်တို့ ကရင် အမျိုးသားများ ဘယ်လို ဝိုင်းဝန်း ဆောင်ရွက် ကြမည်နည်း။
ကရင် အမျိုးသား အချင်းချင်း ပဋ္ဋိပက္ခမှုကြောင့် အသက်သွေး ချွေးများစွာ စတေးခဲ့ရပြီ။ ကရင့် တမျိုးသားလုံး မျက်နှာ ညိုးနွမ်းခဲ့ရပြီ။ မင်းတို့ ကရင်ညီညွတ်အောင် လုပ်လို့မရဘူးလား။ ဤကဲ့သို့ အမေးခံရသည်။ ဒီလောက် သတ်ကြတာ တော်ပြီပေါ့။ ဤကဲ့
အဲဒီတော့ ကျွန်တော်တို့ မည်ကဲ့သို့ လုပ်ကြမည်နည်း။တဦးကောင်း တယောက်ကောင်း လုပ်လို့ မရပါ။ ကမ္ဘာတဝှမ်းလုံးရှိ ကရင့်တမျိုးသားလုံး စည်းလုံးညီညွတ်စွာ ဝိုင်းဝန်းလုပ်ဆောင်ကြသော် ကရင် တမျိုးသားလုံး လိုလား တောင့်တနေသည့် ကရင့် အမျိုးသား သွေးစည်း ညီညွတ်ရေးကို ရရှိမည်ဖြစ်သည်။ တဆက်တည်းမှာပဲ ကရင့်အမျိုးသားများလည်း နေ့တဒူဝ ကိစ္စတွေကို ခါးစည်းပြီး ခံနေရတဲ့ ဘဝမှ လွတ်မြောက် မှာဖြစ်တယ်။
ဟိုးရှေးရှေးတုန်းက ကျွန်တော်တို့အဖိုး ဖူးထောမဲ့ပါက သူ့သားသမီးများကို ခေါ်ပြီး ဝါးလေးတွေ တယောက် တပိုင်းစီ ယူလာ ခိုင်းပါတယ်။ သားသမီးများ ရောက်တော့ ဝါးပိုင်းလေးတွေစုစည်းပြီး အစည်းဖြစ်အောင် ချီခိုင်းထားပြီး တယောက်ပြီးတယောက် ချိုးခိုင်းတယ်။ကျိုးအောင်ချိုးခိုင်းတယ်။ ချိုးလို့မရပါ။
နောက် အဖိုးက - ဝါစည်းးကိုဖြည်ခိုင်းသည်။ဝါးစည်
“ကဲ- မင်းအဲဒီ အစည်းပြေ သွားတဲ့ ဝါးချောင်းတချောင်း ကောက်ပြီးချိုးကြည့်စမ်း။” သားတယောက်က ထင်းချောင်းလေးကို ကောက်ချိုးလိုက်တယ်။ ဝါးပိုင်းလေး ကျိုးသွားတယ်။
ထို့နောက် အဖိုးထော့မဲ့ပါက သားသမီးများကို ဤကဲ့သို့ မှာကြားခဲ့ပါသည်။
“ကဲ သားတို့ သမီးတို့ မြင်တဲ့ အတိုင်းပဲ အစည်းဖြစ်တဲ့ ဝါးပိုင်းလေးတွေကို မင်းတို့ ချိုးလို့ မရဘူး။အစည်းပြေသွားတဲ့ ဝါးပိုင်းလေးတွေကို တချောင်းစီ ကောက်ပြီး ချိုးလို့ရတယ်။ အဲဒီ ဥပမာလေးကို အတုယူကြပါ။ မင်းတို့ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် ရှိကြမယ်ဆိုလျှင် ဘယ်သူမှ ဖျက်ဆီးလို့မရဘူး။ မင်းတို့ညီအကို မောင်နှမတွေ စည်းလုံးမှု မရှိဘူး၊ နားလည်မှု မရှိကြဘူး၊ အကွဲကွဲ အပြားပြား ဖြစ်ကြမယ်ဆိုလျှင် သူများ အနိုင်ကျင့် ခံရမယ်။ ဘဝ အခက်အခဲ အမျိုးမျိုး ကြုံကြရမယ်။ ဒါကြောင့် သားသမီးအားလုံး ဥမကွဲ သိုက်မပျက် စည်းလုံး ညီညွတ်စွာ အသက်ရှင် နေထိုင်ကြပါလို့”အဖိုးက မှာကြားခဲ့ပါတယ်။
ကဲ အဖိုးကတော့ မှာကြားခဲ့ပြီးပြီ။ ဒီတော့ ယ္ခုအသက်ရှင် ကျန်နေသေးတဲ့ ကျွန်တော်တို့ ညီအကို မောင်နှမ တတွေ ဘယ်လိုလုပ်ကြမလဲ။ ကိုယ့်နေရာမှာ ကိုယ်ထိုင်ပြီး စည်းလုံး ညီညွတ်ကြပါလို့ သွားပြောလို့ မရဘူး။ အကြံကောင်း ဥာဏ်ကောင်းတွေ တင်ပြကြပါ။ သဘောထား အမြင်တွေ တင်ပြကြပါ။ တွေ့ဆုံကြပါ၊ ဆွေးနွေးကြပါ၊ အဖြေရှာကြပါ၊ ဒါမှသာ နားလည်မှု ရရှိကြမှာ ဖြစ်ပါတယ်။
ဖားဒို့ခိုတယောက် ကောင်းရာသုဂတိ လားပါစေ
ကရင်အမျိုးသားများ စည်းလုံးညီညွတ်ကြပါစေ
(ကဆောဝါး)
No comments:
Post a Comment