Showing posts with label အမှတ်တရ. Show all posts
Showing posts with label အမှတ်တရ. Show all posts

6.26.2011

ဆလိုင်းကိုတင်မောင်ဦး အမှတ်တရ

Photobucket

4.21.2010

သံဃာ့တပ်ပေါင်းစု အဖွဲကြီး၏ ABMA ဂျာနယ် အတွဲ ၁။ အမှတ် ၆

“နှာစေးမပစ်လိုက်ကြစေလိုပါ”

စိုးနေလင်း

နိုင်ငံရေးကိုစိတ်ဝင်စားပြီး နိုင်ငံရေးအသိပညာရှိတဲ့သူတွေ၊အမှန်တရား၊တရားမျှတမှု၊ လူ့အခွင့်အရေး၊ ဒီမိုကရေစီရေးကို လိုလားတောင့်တ တက်ကြွလှုပ်ရှားသူတွေနဲ့ နိုင်ငံရေးအတွေ့အကြုံ ရင့်ကျက်သူ ၀ါရှိသူတွေ အနေနဲ့ ကိုယ်က ကိုယ့်ဆန္ဒအလျှောက် ကိုယ့်အမြင်ကိုယ့်အတွေးကို ဖော်ထုတ် ပြောဆိုတာပဲ ဖြစ်ဖြစ် သတင်းစာနယ်ဇင်းတွေက မေးမြန်းလာလို့ အဖြေပေးပြောဆိုရတဲ့ အခါပဲ ဖြစ်ဖြစ် သတိကြီးကြီး ထားသင့်တယ်လို့ ထင်ပါတယ်။
နိုင်ငံရေး အသိပညာရှိသူတွေအတွက်က စဉ်းစားတွေးခေါ် အချက်အလက်ရှာဖွေ လေ့လာ အကဲဖြတ်လို့ ရနိုင်ပေမယ့် နိုင်ငံရေးအသိပညာ ဘ၀အရ အခြေအနေအရ အားနည်းသူ မရှိသူတွေ ဖြစ်တဲ့ သာမန် အခြေခံ ပြည်သူလူထုကြီးကို အမှားအမှန်ရွေးချယ်ဆုံးဖြတ်ဖို့ ခက်ခဲသွားစေတဲ့ တွေဝေသွားစေနိုင်တဲ့ အပြောအဆိုမျိုးကိုတော့ အထူးသဖြင့် ခုလိုမြန်မာနိုင်ငံအတွက် အရေးကြီးတဲ့အခြေအနေမျိုးမှာ သတိထား ရှောင်ရှားသင့်တယ်လို့ ယူဆပါတယ်။
ဒီဆောင်းပါးကို ရေးဖြစ်ဖို့စေ့ဆော်ပေးလိုက်တာကတော့ ဒီဗီဘီ အင်တာနက်စာမျက်နှာ မှာ 12th April 2010နေ့စွဲနဲ့ ဖော်ပြထားတဲ့ “ရွေးကောက်ပွဲပညာပေးရေး လုပ်မှဖြစ်မည်ဟု အမျိုးသားရေး ဦးဝင်းနိုင်က ပြောဆို”ဆိုတဲ့ သတင်းတိုလေးပါ။ ပြည်ပအခြေစိုက် စာနယ်ဇင်းဆရာ နှစ်ဦးရဲ့ ဆောင်းပါးနှစ်ပုဒ်ကိုလည်း ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ ဖတ်လိုက်ရပါသေးတယ်။ ပြည်ပအခြေစိုက် ဖြစ်တဲ့အတွက် ပြည်တွင်းက အခြေခံ ပြည်သူလူထုကြီးအတွက် သက်ရောက်မှု သိပ်မရှိနိုင်တဲ့အတွက် ဆောင်းပါးရေးဖို့အထိ စိတ်မပါခဲ့ပါဘူး။ ကျနော်အထက်မှာ တင်ပြခဲ့တဲ့ သတင်းကတော့ မတော်တဆ ပြည်တွင်းစာနယ်ဇင်း တစောင်စောင်က ဖော်ပြခွင့်ရလို့ ဖော်ပြလိုက်မယ်ဆိုရင် သာမန် အခြေခံပြည်သူလူထု အတွက် မကောင်းတဲ့ သက်ရောက်မှု ရှိနိုင်တဲ့အတွက် ရေးဖြစ်သွားတာပါ။ အဲဒီသတင်းအရ ပြည်သူလူထုကို ရွေးကောက်ပွဲ ပညာပေးရေး လုပ်မှဖြစ်မယ်လို့ အမျိုးသားရေးဦးဝင်းနိုင်က ပြောတာကတော့ ပြဿနာမရှိပါဘူး။ ပညာပေးရေး လုပ်တာက ကောင်းပါတယ်။ ဒါပေမယ့် ဘယ်လိုပညာတွေကို ပေးမှာပါလဲ။ ပြည်တွင်းနိုင်ငံရေး အခြေအနေကို နားလည်သိမှီသူတွေရော ပြည်သူလူထုကြီးက ယုံကြည်အပ်နှံထားတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကရော စစ်အစိုးရထုတ်ပြန်ကြေငြာလိုက်တဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေဟာဘာ၊ ၂၀၁၀ ရွေးကောက်ပွဲဟာ ဘာဆိုတာကို ပြတ်ပြတ်သားသား သိမြင်နားလည် သဘောပေါက်ပြီး ဖြစ်သလို ပြည်သူလူထုကိုလည်း သူတို့ရဲ့ ထင်မြင်ချက်နဲ့ သဘောထားကို ပြတ်ပြတ်သားသား ရှင်းရှင်းလင်းလင်း ဖော်ပြပြောဆိုပြီး ဖြစ်ပါတယ်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်နဲ့ကမ္ဘာ့နိုင်ငံအတော်များများက အစိုးရတာဝန်ရှိပုဂ္ဂိုလ်တွေ သံတမန်တွေကလည်း စစ်အစိုးရရဲ့ ရွေးကောက်ပွဲဥပဒေဟာ ဒီမိုကရေစီ အခြေခံမူတွေနဲ့ မကိုက်ညီဘူး တရားမျှတမှုမရှိဘူးလို့ ဝေဖန်ပြောဆိုထားခဲ့ကြပြီး ဖြစ်ပါတယ်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆေ၁င်နဲ့ လူထုဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ ဗဟိုအလုပ်အမှုဆောင်ကော်မီတီ ၀င်နဲ့ စာရေးဆရာ သတင်းစာဆရာကြီးဦးဝင်းတင်တို့ကလည်း သူတို့ရဲ့ သဘောထားအမြင်ကို လူထုကို ဖော်ထုတ်ပြောဆိုပြီးဖြစ်ပါတယ်။ လူထုကို ရွေးကောက်ပွဲကို ဆန့်ကျင်ဖို့ မဲမပေးဖို့ ပြောရမှာပဲလို့ ပြောပြီးဖြစ်ပါတယ်။ စစ်အစိုးရရဲ့ ရွေးကောက်ပွဲဥပဒေဟာ တရားမျှတမှုမရှိဘူး၊ ထပ်လုပ်မယ့် ၂၀၁၀ ရွေးကောက်ပွဲဆိုတာ ဘာကို ဦးတည်ရည်ရွယ်တယ် စတဲ့ မှန်ကန်တဲ့ နိုင်ငံရေး အသိပညာကို ပေးကြရပါလိမ့်မယ်။ ပေးဖို့လည်း တာဝန်ရှိပါတယ်။
ခု အမျိုးသားရေးဦးဝင်းနိုင် ပြောလိုက်တာက “ကျနော်တို့က ရွေးကောက်ပွဲ ထောက်ခံတာ မထောက်ခံတာ ကျနော်တို့ ဘာမှပြောစရာမလိုဘူး။ တကယ်လို့ ရွေးကောက်ပွဲမဖြစ်ရင်လည်း ကျနော်တို့ပြောစရာမရှိဘူး။ ဖြစ်ရင် တိုင်းပြည်အတွက် အကောင်းဆုံးဖြစ်မလဲ၊ အဆိုးဆုံးထဲက အကောင်းဆုံးဖြစ်နိုင်တဲ့ နည်းလမ်းတွေကို ကျနော်တို့က ရှာကြံပြီးပေးတာပါ။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြည်သူ့ဆန္ဒ မဲပေးကြတုံးက ဒါမျိုး ကျနော်တို့မရလိုက်ဘူး။ အဲတော့ လူထုဟာ သိပ်နာတယ်။ အဲဒါကြောင့်မို့ ကျနော်တို့က တကယ်လို့ဖြစ်လာရင် ကျနော်တို့က လုပ်ပေးမယ်။ ကျနော်တို့ထောက်ခံခြင်း မထောက်ခံခြင်းသည် ကျနော်တို့ အလုပ်မဟုတ်ဘူး” လို့ ပြောလိုက်တာပါ။ 
စစ်အစိုးရရဲ့၂၀၀၈ အခြေခံဥပဒေနဲ့ ထုတ်ပြန်လိုက်တဲ့ ရွေးကောက်ပွဲ ဥပဒေ အရ ကျနော်တို့ရဲ့ ပြည်သူလူထုဟာ ဘာအကောင်းဆုံး ရနိုင်မယ်လို့ ဦးဝင်းနိုင်ထင်ပါသလဲ။ ဦးဝင်းနိုင်အနေနဲ့ တရားမျှတမှု မရှိ ဒီမိုကရေစီ နည်းလမ်းမကျတဲ့ ရွေးကောက်ပွဲဥပဒေနဲ့ ကျင်းပပေးမယ့် ၂၀၁၀ ရွေးကောက်ပွဲဆိုတာကို ထောက်ခံတယ် မထောက်ခံဘူးဆိုတာလောက်ကိုတောင် ပြည်သူလူထုကို ထုတ်ဖော်ပြောဆိုဖို့ အနည်းဆုံး တာဝန်ရှိတယ်လို့ မယူဆတော့ပါဘူးလား။ ဒါတော့မတရားဘူး ဒါတော့တရားတယ် ဆိုတာ ပြည်သူလူထုကို ပြောဖို့ တာဝန်ရှိတယ်လို့ မထင်တော့ပါဘူးလား။ သိပ်မကြာခင်ကပြောခဲ့တဲ့ ဒီမိုကရေစီရမယ်လို့လည်း မထင်တော့ဘူး၊ နိုင်ငံရေး ဆက်မလုပ်တော့ဘူး ဆိုတာကတော့ ကိုယ့်ရဲ့ ကိုယ်ပိုင်အယူအဆ ဆုံးဖြတ်ချက်ပါ။ အဲဒီလို ထင်တာတွေ ဆုံးဖြတ်တာတွေအတွက် ပြောစရာအကြောင်း မရှိပါဘူး။ ပြည်သူလူထုအတွက်လည်း ပြဿနာမရှိပါဘူး။
ဘာဒီမိုကရေစီကိုမှ မပေး ဘာစည်းမျဉ်းဥပဒေကိုမှ လေးစားလိုက်နာမှုမရှိ၊ ဘယ်သူ ဝေဖန်ပြောဆို တောင်းဆိုတာတွေကိုမှ ဂရုမစိုက်ဘဲ သူတို့စစ်အာဏာတည်မြဲရေးအတွက် ဘာပဲလုပ်ရလုပ်ရ ဆိုတဲ့ အစိုးရမျိုးဆီက ဟောပြောခွင့် ပညာပေးခွင့် တောင်းကြည့်မယ်ဆိုတာဟာ အသိတရားရှိရာရော ကျပါသလား။ ၂၀၀၈ ခုနှစ် စစ်အခြေခံ ဥပဒေနဲ့ စစ်အာဏာရှုင်စနစ်နဲ့ တတိုင်းပြည်လုံးကို တရားဝင် ကျွန်ပြုခွင့်ရအောင် လုပ်မယ့် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲက မြန်မာပြည်သူလူထုအတွက် အကောင်းဆုံး တခုခု ရနိုင်စရာများ ရှိပါသေးသလား။ အမှန် အမှား တရား မတရား သိထားတဲ့ သူတယောက်ဟာ အမှန်တရားဘက်က ရပ်တည်ဖို့  အမှန်တရားအတွက် ခုခံပြောဆိုဖို့ တာဝန်မရှိပါဘူးလား။ အထူးသဖြင့် အသက်အရွယ် ရလာပြီဖြစ်တဲ့ နိုင်ငံရေးသမားကြီးတွေကို သေသည်အထိ သမိုင်းကြောင်း ကောင်းစေချင်ပါတယ်။ အမှန်တရားဟာ ပြည်သူလူထုနဲ့ အတူရှိနေပါတယ်။ ပြည်သူလူထုဘက်က ရပ်တည်တာဟာ အမှန်တရားဘက်က ရပ်တည်တာပါပဲ။ အမှန်တရားကို ရဲရဲထောက်ခံ၊ မတရားမှုကို ရဲရဲဆန့်ကျင်သွားမယ်ဆိုရင် သမိုင်းကြောင်းဟာ လှပနေမှာ အသေအချာပဲ ဖြစ်ပါတယ်။

အဓမ္မဟာ ဓမ္မကို ထာဝရ အနိုင်ရ အောင်ပွဲခံ သွားရိုးမရှိပါဘူး။
ABMA Journal Volume 1 No 6.

4.12.2010

တိုက်တွန်းနိုးဆော်ချက်

2.13.2010

(၂၄-၁- ၂၀၁၀)ရက်နေ့ ထိုင်းနိုင်ငံ မဲဆောက် ၊ Tak ခရိုင် အတွင်း ဖမ်းဆီးသတ်ဖြတ်ခြင်းခံရသော မြန်မာ အလုပ်သမား (၈)လောင်း၏ ဓါတ်ပုံမှတ်တမ်း

အသတ်ခံရတဲ့ မြန်မာပြည်သား (၉) ဦးထဲမှ (၈) ဦးရဲ့ အသုဘအခမ်းအနား မဲဆောက်မှာ ကျင်းပ
ပေးပို့ - နေ့သစ်မီဒီယာ

သတင်းဓါတ်ပုံများကို ရွှေနန္ဒ၏ အီးမေးပေးပို့ မှုမှ ရရှိပါသည်။
(၂၄-၁- ၂၀၁၀)ရက်နေ့တွင် ဖမ်းဆီးသတ်ဖြတ်ခြင်းခံရသော ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် ကျိုက်ပေါင် ကျေးရွာနေ
၁။ စောဒီးဒုံ (အသက် ၂၈ နှစ်)
၂။ စောတူအောင် (အသက် ၃၃ နှစ်)
၃။ နော်တင်ချိုအေး (အသက် ၂၈နှစ်)
၎။ မူးချဲချဲ (အသက် ၂၈ နှစ်)
၅။ စောကျော်ဦး (အသက် ၂၇)နှစ် တို့နှင့်
ကရင်ပြည်နယ် ဖားအံမြို့ နယ်။ ထောင်ကလပ်ကျေးရွာနေ
၆။ နန့်ကျွန်အေး (အသက် ၃၂ နှစ်)
၇၊ နန့်အေးချို (အသက် ၂၃ နှစ်)
၈၊ စောအကုံ (အသက် ၂၈နှစ်) တို့၏ ရုပ်ကလပ်ကို ဒီကနေ့ မီးသင်္ဂြိုလ် သွားပါတယ်။ လိုက်ပါပို့ဆောင်သူ မြန်မာ အလုပ်သမားပေါင်း (၁,၀၀၀)နီးပါးခန့် ရှိပါတယ်၊ အောက်မှာ မှတ်တမ်းဓါတ်ပုံများကိုပါ ဖော်ပြပေးလိုက်ပါတယ်၊ မှတ်ချက်။ ။ အသက်ခံရသူ (၉)ယောက်တွင် (၁)ယောက်မှာ ယနေ့အထိပျောက်ဆုံးနေဆဲဖြစ်ပါသည်။





SANY0276

1.03.2010

လွတ်လပ်ရေးသစ္စာအဓိဋ္ဌာန် ကိုးချက်။

အောင်စေသတည်း ….

မြန်မာသက္ကရာဇ် (၁၃၀၉) ခုနှစ်၊ ပြာသိုလပြည့်ကျော် (၉) ရက်၊ ၁၉၄၈ ခုနှစ် ဇန်န၀ါရီလ (၄) ရက်နေ့ ၊ တနင်္ဂနွေ နေ့ ကောင်းမြတ်သော မင်္ဂလာအချိန်အခါ၌ ဤ ငါတို့ မြန်မာနိုင်ငံတွင် လုံးဝလွတ်လပ်သော အချုပ်အခြာ အာဏာပိုင် ပြည်ထောင်စုသမတ နိုင်ငံတော်ကြီး အဖြစ်သို့  ရောက်စေသတည်း။






























၁။ ငါတို့သည် ဤနေ့ ဤအချိန်မှစ၍ ငါတို့အား လွတ်လပ်သောလမ်းသို့ ပို့ဆောင်ခဲ့သော ငါတို့၏ ခေါင်းဆောင်ကြီး ဗိုလ်ချူပ်အောင်ဆန်း ချမှတ်ခဲ့သည့် လမ်းစဉ်အတိုင်း တစ်သွေမတိမ်း ချီတက်မည်။

၂။ ငါတို့ သည် ဤနေ့ ဤအချိန်မှစ၍ ငါတို့ သည် ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီး၏ သစ္စာကို မသွေမဖည် စောင့်ထိမ်းမည်။

၃။ ငါတို့ သည် ဤနေ့  ဤအချိန်မှစ၍ လွတ်လပ်သောနိုင်ငံသားတို့ ၏ မွန်မြတ်သော အခွင့်အရေးကို ခံယူသည့်နည်းတူ လွတ်လပ်သောနိုင်ငံသားတို့ ၏ တာဝန်နှင့် ၀တ္တရားများကိုလည်း မတိမ်းမငဲ့ ထမ်းဆောင်မည်။

၎။ ငါတို့သည် ဤနေ့ ဤအချိန်မှစ၍ ငါတို့ ခေါင်းဆောင်ကြီး ဗိုလ်ချူပ်အောင်ဆန်း၏ လုံ့လ ဥဿဟဖြင့် ရရှိပြီးဖြစ်သော အမျိုးသား ညီညွတ်ရေးကို ကျောက်ဆိုင် ကျောက်ခဲကဲ့သို့  ခိုင်မြဲအောင် ထိန်းသိမ်းမည်။

၅။ ငါတို့သည် ဤနေ့ ဤအချိန်မှစ၍ ငါတို့၏ နိုင်ငံသားဟူသ၍ကို ကြီးငယ် နီးဝေးမခြား တသွေးတသားပြု၍ နည်းများ နိမ့်မြင့် မရှိစေရ။ ညီတူညီမျှ ပြုမည်။

၆။ ငါတို့သည် ဤနေ့ ဤအချိန်မှစ၍ သူတစ်ပါးကိုလည်း မတရားမပြု၊ ငါတို့ အားလည်း မတရားပြုသည်ကို မခံ၊ အသက်နှင့် လဲ၍ ကာကွယ်မည်။

၇။ ငါတို့သည် ဤနေ့ ဤအချိန်မှစ၍ ငါတို့  နိုင်ငံတော်ကြီး၏ တရားဥပဒေများကို ရိုသေစွာ လိုက်နာကျင့်သုံး မည်။

၈။ ငါတို့သည် ဤနေ့ ဤအချိန်မှစ၍ ငါတို့နိုင်ငံနှင့် ငါတို့၏ လွတ်လပ်ရေးကို အသက်နှင့်လဲ၍ ကာကွယ် စောင့်ရှောက်မည်။

၉။ လုံးဝလွတ်လပ်သော ပြည်ထောင်စုသမတနိုင်ငံတော်ကြီး ကမ္ဘာအရှည် တည်မြဲရေးတာဝန်သည် ငါတို့ နှင့် တကွ ငါတို့ သားမြေး နောင်လာအဆက်ဆက်တို့ အပေါ်၌ တည်စေမည်။

ဤ - ငါတို့၏ သစ္စာအဓိဋ္ဌာန် မှန်သည့်အတိုင်း ငါတို့ပြည်ထောင်စု သမတ မြန်မာနိုင်ငံတော်ကြီးသည် ကမ္ဘာ အရှည် တည်စေသတည်း။


(မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော မြန်မာနိုင်ငံသူ နိုင်ငံသားတိုင်း သိရှိစေရန်အတွက် ဖေါ်ပြ အပ်ပါ သည်။

မြန်မာနိုင်ငံ၏ ပြည်သူ့ အချူပ်အခြာအာဏာနှင့် အမျိုးသားတစ်ရပ်လုံး၏ လွတ်လပ်ရေးအား အဓမ္မ သိမ်းပိုက် ထားသော အာဏာရူး လက်ထက်တွင် ဤ လွတ်လပ်ရေးသစ္စာအဓိဋ္ဌာန်များအား သိရှိ လိုက်နာ ကျင့်သုံး ကြသူများ အလွန်ရှားပါးကြပါသည်။

ထိုသို့ ဖြစ်အောင်လည်း အာဏာရူးများမှ မည်သည့်သတင်း မီဒီယာများနှင့် ဌာနဆိုင်ရာ မှတ်တမ်းများတွင်မှ လုံးဝ ဖေါ်ပြပေးခြင်း မရှိပါ။

အာဏာရူး နအဖဗိုလ်ချူပ်ကြီးများဟာ ဤ လွတ်လပ်ရေးသစ္စာအဓိဋ္ဌာန်များအား လိုကိနာကျင့်သုံးရန် ဝေလာ ဝေးစွ ဖောက်ပြန်လျက် ရှိကြပါသည်။

မြန်မာနိုင်ငံသူနိုင်ငံသားများအနေဖြင့် ဤ လွတ်လပ်ရေးသစ္စာအဓိဋ္ဌာန်များအား လိုက်နာကျင့်သုံးကြ၍ ကျွန်ုပ်တို့ မြန်မာနိုင်ငံတော်ကြီး အနာဂတ် တည်တံ့ခိုင်မြဲစေရန်အတွက် ပြည်တွင်းရန်ဖြစ်သည့် နအဖအာဏာရူးများ၏ မတရား လုပ်ဆောင်မှုများကို မခံ၊ အသက်နှင့်လဲ၍ ကာကွယ်စောင့်ရှောက်ကြနိုင်ကြပါစေသတည်း)။

(ရှားပါး မှတ်တမ်းပုံအား ပေးပို့ လာသော အိုးေ၀၈၈ အား အထူးကျေးဇူးတင်ရှိပါသည်)။

နစ်နေမန်းဘလော့မှ

12.06.2009

ဒေါက်တာ စင်သီယာမောင်၏ ၅၀နှစ်မြောက် ရွှေရတု မွေးနေ့ အခမ်းအနား ဓါတ်ပုံများ (၆.၁၂.၀၉)

Photo- Green Leaf
Photobucket

မွေးနေ့အထိမ်းအမှတ် နံရံကပ် စာစောင်တွင် ဖေါ်ပြထားသော ဂုဏ်ပြုကဗျာနှစ်ပုဒ်
Photobucket
Photobucket

11.13.2009

သီရိလင်္ကာနိုင်ငံရောက် နအဖ သန်းရွှေနဲ့  အပေါင်းအပါတစ်သိုက်ရဲ့  အကြောင်း။

(ဓါတ်ပုံများအပေါ် mouse click နှိပ်၍ သန်းရွှေတို့  ဖြစ်ပျက်နေပုံကို အသေးစိတ် ကြည့်မြင်နိုင်ပါသည်)။

နအဖခေါင်းဆောင်ကြီး သန်းရွှေနဲ့  အပေါင်းအပါတစ်သိုက်ရဲ့  သီရိလင်္ကာနိုင်ငံရောက် အခြေအနေ အကြောင်း လေး မပြောခင်လေးမှာ သန်းရွှေလက်ထက် လက်အုပ်ချီကန်တော့တာလေးကနေ စ ပြောရပါလိမ့်မယ်။

မြန်မာပြည်မှာ အနန္တောအနန္တဂိုဏ်းဝင် ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာသမားတွေကို အရိုအသေ အလေး အမြတ် ပြုပြီး လက်အုပ်ချီ ကန်တော့ ကိုင်းရှိုင်းမှု ပြုကြတာ မြန်မာလူမျိုးတွေရဲ့  ချစ်မြတ်နိုးဖွယ် ယဉ်ကျေးမှုပါ။ ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာသမားတွေမှအပ ကျန်သော ရိုသေလေးစားဖွယ် အသက်အရွယ်လိုက်ပြီး ရိုသေ ကိုင်းရှိုင်းမှုပြုကြတာကတော့ မိမိတို့ ထက် အသက်အရွယ်ကြီးသူတွေရှေ့ မှာ ခေါင်းလေးညွှတ် ခါးလေး ကိုင်းပြီး ဖြတ်လျှောက်ကြတာ၊ သိမ်မွေ့ နူးညံ့သော စကားအသုံးအနှုန်းနဲ့  ယဉ်ကျေးပျူငှာစွာနဲ့  ပြောဆိုကြတာ ရှိကြပါတယ်။

ဒါပေမယ့် နအဖ သန်းရွှေလက်ထက်မှာတော့ လက်အုပ်ချီကန်တော့မှုဟာ တန်ဖိုးမဲ့စွာနဲ့  ပေါကြောင်ကြောင် ဖြစ်ရအောင် ဖျက်ဆီးပစ်လိုက်တော့တာပါဘဲ။ သန်းရွှေဟာ ဘုရင်ရူးရူးနေသူပီပီ တိုင်းသူပြည်သားတွေရဲ့  ကန်တော့တာကို ခံယူလိုတဲ့အခါကျတော့ နေရာတိုင်း ကန်တော့ခိုင်းနေ ကန်တော့ခံနေတော့တာဘဲ ဖြစ်ပါ တယ်။ သန်းရွှေကနေ ဖျက်ဆီးပစ်လိုက်တဲ့ မြန်မာတို့ ရဲ့  အနန္တောအနန္တဂိုဏ်းဝင် ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာသမားတွေကိုသာ ရိုသေလေးစားစွာ ကန်တော့တဲ့ ထုံးတမ်းစဉ်လာဟာ နအဖခေါင်းဆောင်တွေက စပြီး အာဏာရာထူး ငွေကြေးဥစ္စာကြွယ်ဝသူ ဘယ်သူဘဲဖြစ်ဖြစ် သဘောကျအောင် ဖားယားပြီး ကန်တော့ကြတဲ့ အနှစ်သာရ မရှိတဲ့ လက်အုပ်ချီကန်တော့မှုကြီး ဖြစ်နေပါတော့တယ်။

နအဖခေါင်းဆောင်တွေ ဘယ်ဌာန ဘယ်ကျောင်းကိုရောက်တယ်ဆိုရင် သူတို့ ထက်ကြီးတဲ့ အဖိုးအဖွား အရွယ်တွေ ကလည်း သူတို့ ကို လက်အုပ်လေးတွေ ချီပြီး ကန်တော့နေရတာတွေ၊ ဆရာဂုဏ်နဲ့ ပြည့်စုံတဲ့ ကျောင်းဆရာ ဆရာမ တွေကလည်း လက်အုပ်လေးတွေ ချီပြီ ကန်တော့ပြနေရတာနဲ့  အတော့်ကို ရုပ်ပျက် ဆင်းပျက် နိုင်လွန်းလှပါတယ်။

အမှန်တကယ် ရိုသေလေးစားထိုက်တဲ့ အကျင့်သီလဂုဏ်၊ သမာဓိဂုဏ်၊ အကြီးအကဲဂုဏ်နဲ့ များ ညီကြရဲ့ လားဆိုတာ ကန်တော့ခံယူနေကြတဲ့ နအဖခေါင်းဆောင်ကြီးများအကြောင်း သူတို့ ကိုယ်တိုင်သိကြသလို အများပြည်သူကလည်း သိကြပါတယ်။ အာဏာပြလို့  လက်အုပ်ချီကန်တော့ခိုင်းတဲ့သူရော လက်အုပ်ချီ ကန်တော့ကြရတဲ့ ကန်တော့သူများရော ကန်တော့ရခြင်း အကြောင်းရင်းကို ဆန်းစစ်ကြည့်ဖို့  ကောင်းပါတယ်။

ဒါမှမဟုတ်ရင်တော့ မြန်မာ့ရိုးရာယာဉ်ကျေးမှုစစ်စစ်ဖြစ်တဲ့ အနန္တောအနန္တငါးပါးဖြစ်တဲ့ ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာသမားတွေကိုသာ အရိုအသေ အလေးအမြတ်ထားပြီး ကန်တော့တဲ့ အနှစ်သာရ ပြည့်ပြည့်၀၀နဲ့  တန်ဖိုးရှိမှုကို ထိခိုက်ပျက်စီးစေသလို၊ ဘုရင်ရူး သန်းရွှေ သဘောကျ ထွင်ထားတဲ့ ဖားယားကန်တော့တာနဲ့  ကိုယ့်ကိုကိုယ် ကျွန်သဘောက်ဖြစ်မှန်းမသိ အဖြစ်ခံနေရတယ်ဆိုတာ သိကြဖို့  လိုပါတယ်။ တကယ်တော့ နအဖ သန်းရွှေတို့ ဟာ ကျူးလွန်ထားတဲ့ လူသတ်မှုတွေ ခိုးမှုတွေကြောင့် သူယုတ်မာတွေ မိစ္ဆာဒိဌိတွေပါ။

ဒီလို နအဖခေါင်းဆောင်ကြီးရဲ့  ဘုရင်ရူး ရူးမှုကြောင့် နေရာတကာ လူတကာကို လက်အုပ်ချီကန်တော့တဲ့ ဖားယား ကန်တော့မှု အကျင့်ယုတ်ကြီးဟာ သန်းရွှေတို့ ရဲ့  ဗိုလ်ချူပ်ကြီးများ အသိုင်းအ၀ိုင်းမှာပါ အကျင့်ပါ နေကြပါတယ်။ မြန်မာနိုင်ငံအတွင်းမှာတင်မကဘဲ နိုင်ငံခြား လူမျိုးခြားတွေနဲ့ ပါ တွေ့ တဲ့အခါ လက်အုပ် ကလေးတွေ ချီပြီး ကန်တော့နေကြတာ တိုင်းပြည်နဲ့  လူမျိုးဂုဏ်သိက္ခာကိုပါ ကျဆင်းစေအောင် အောက်ကျ နောက်ကျ ပြုမူနေကြပါတယ်။ သီရိလင်္ကာကို ရောက်နေတဲ့ နအဖခေါင်းဆောင်ကြီး သန်းရွှေနဲ့  အပေါင်း အပါတွေထဲက အောက်ဖေါ်ပြပုံမှာကြည့်ရင် လက်အုပ်ချီပြီး ဖားယားကန်တော့နေတဲ့ နအဖ ကတော် တစ်ယောက်ကို တွေ့ ရပါလိမ့်မယ်။















နိုင်ငံခြားသားကသာ ခင်ဗျားတို့  မြန်မာလူမျိုးတွေ ဒီလို လက်အုပ်ကလေး ချီပြီးကန်တော့တဲ့ ရိုးရာယဉ်ကျေးမှု အစဉ်အလာ ရှိလို့ ပါလား၊ ဘာကြောင့် ဒီလို လက်အုပ်ချီကန်တော့ရတာပါလည်း မေးရင် ဘယ်လို ဖြေကြ မလည်း။ အရိုအသေပေးတာ သိမ်မွေ့ မှုကို ပြတာပါလို့  ဆင်ခြေပေး ဖြေရင်တောင် မှန်ကန်ပါရဲ့ လား။ အကျင့် သီလ သိက္ခာသမာဓိ မရှိတဲ့ နအဖတွေကနေ အရိုအသေပေးတယ်ဆိုတာ ၊ နအဖတွေဟာ ရဟန်းရှင်လူပြည်သူ အပေါင်းကို ညဥ်းပမ်းနှိပ်စက် သတ်ဖြတ်နေတဲ့သူတွေဆိုတာ တကမ္လာလုံးက သိနေတာမို့  သိမ်မွေ့ တယ်ဆိုတာ ခွေးပါးစပ်က နတ်စကားထွက်ဆိုသလို ဖြစ်နေပါတယ်။ တကယ်တော့ ပြည်ပအားကိုး ပုဆိန်ရိုးဖြစ်နေတဲ့၊ အမျိုးဂုဏ် ဇာတိဂုဏ်မြင့်မားရေးနဲ့  ယဉ်ကျေးမှုအမွေအနှစ်များ အမျိုးသားရေးလက္ခဏာများ ပျောက်ပျက် အောင် လုပ်နေကြတဲ့ နအဖသန်းရွှေတို့ ရဲ့  အရှက်မဲ့လွန်းတဲ့ လက်အုပ်ချီ ဖားယားကန်တော့မှုကြောင့် အခြား သော လူမျိုးများရှေ့ မှာ မိမိတို့  တိုင်းပြည်ဂုဏ် လူမျိုးဂုဏ်ကို အောက်တန်းကျလွန်းစေပါတယ်။

နောက်အကြောင်းအရာတစ်ခုကတော့ ယခုနှစ် ဇွန်လတုန်းက မြန်မာပြည်ကို အလည်ခရီးလာခဲ့တဲ့ သီရိလင်္ကာ နိုင်ငံ သမတဖြစ်တဲ့ Mr. Mahinda Rajapaksa ကို့  မြန်မာ့ဂုဏ်ပြုတပ်ဖွဲ့ နဲ့ ကြိုဆိုခဲ့ရာမှာ ဧည့်သည်မို့ လို့  ရှေ့ က ထားပြီး သန်းရွှေက နောက်ကနေလိုက်ပြီး နေရာပေး အလေးထားကြိုဆိုခဲ့ပေမယ့်၊


















အခု သန်းရွှေ သီရိလင်္ကာကို သွားတဲ့အခါကျတော့ အောက်ဖေါ်ပြပါပုံမှာ သန်းရွှေတစ်ဦးတည်း လျှောက်လှမ်း နေရတာကို တွေ့ မြင်ရပါတယ်။















ကမ္လာ့နိုင်ငံကြီးတွေကို မထွက်လည်ရဲတဲ့ နအဖခေါင်းဆောင်ကြီး သန်းရွှေတစ်ယောက် ကြိုးစားပမ်းစားနဲ့  အဆင် ပြေနိုင်မယ့် နိုင်ငံငယ်လေးတစ်နိုင်ငံကို အထွက်အလည်ပြရလို့  အတော့်ကို အစစအရာရာမှာ အောက်ကျ နောက်ကျ ဖြစ်နေပါတယ်။ နအဖခေါင်းဆောင်ကြီး သန်းရွှေခမျာ သိရီလင်္ကာနိုင်ငံအတွက် အကျိုးရှိနိုင်မယ့် သဘောတူညီမှုတွေကို လက်မှတ်ရေးထိုးပေးရ၊ မျက်နှာပေးလေးပေးရ ဟန်ဆောင်ပြုံးလေး ပြုံးရနဲ့  လုပ်နေရ ပေမယ့် သီရိလင်္ကာနိုင်ငံကို ခရီးရောက်မဆိုက်မှာ ပြဿနာကြုံရတော့တာပါဘဲ။ အသက်အရွယ် ဇရာအို နေပြီဖြစ်တာတောင် အာဏာစည်းစိမ်ကို မက်မောတွယ်တာနေဆဲ နအဖခေါင်းဆောင်ကြီးသန်းရွှေတစ်ယောက် ဗိုက်ပြဿနာဖြစ်လို့  သီရိလင်္ကာနိုင်ငံရဲ့  Kandy General Hospital ကနေ ဆရာဝန် နှစ်ဦးနဲ့  သူနာပြု နှစ်ယောက်ကို တည်းခိုရာနေရာကို ကမန်းကတန်းလွှတ်ပြီး ဆေးကုသပေးလိုက်ရကြောင်း သိရှိရပါတယ်။

သီရိလင်္ကာနိုင်ငံကနေ ဒီလို အဆင့်အတန်းမတူ ကြိုဆိုဆက်ဆံမှုကို ခံရတဲ့ နအဖခေါင်းဆောင်ကြီး သန်းရွှေ အတွက်ကတော့ ရှက်စရာမထင်တဲ့အပြင် အပြုံးပြီတီတီလေးနဲ့  ဂုဏ်ယူပြနေတဲ့ မျက်နှာပေးလေးကို မြင်တွေ့ မိပါတယ်။

















နိုင်ငံခြားကို အလည်ထွက်ပေမယ့် အင်္ဂလိပ်စကားမပြောတတ်တဲ့အတွက် ဒုက္ခရောက်နေတဲ့ သန်းရွှေ တစ်ယောက် စိတ်အိုက်နေတဲ့ မျက်နှာကိုလည်း တွေ့ မြင်ရမှာ ဖြစ်ပါတယ်။


















နောက်တစ်ခုကတော့ ဗုဒ္ဓဘာသာဝင် ရဟန်းသံဃာတွေကို ပြစ်မှားစော်ကားသတ်ဖြတ်မှုကြောင့် ဗုဒ္ဓဘာသာ ၀င် အဖြစ်ကနေ ထုတ်ပယ်ခံရတဲ့ နအဖခေါင်းဆောင်ကြီး သန်းရွှေဟာ ဘာသာတရားကို မြန်မာပြည်တွင်းမှာ ဟန်ပြကိုးကွယ်ပြနေပေမယ့်၊ သီရိလင်္ကာနိုင်ငံရောက်ရှိနေချိန်မှာ Buddhist Temple of the Sacred Tooth Relic ကို ယနေ့ သွားရောက်လည်ပတ်တဲ့အခါမှာ ဘာသာတရားကိုင်းရှိုင်းစွာနဲ့  အရိုအသေပေးနေတဲ့ သီရိလင်္ကာလူမျိုးကတော့ ဦးထိပ်ကို လက်အုပ်ပြီး အရိုအသေပြုနေပေမယ့် သန်းရွှေကတော့ မျက်မှန်လေးကို ကိုင်ပြီး အရိုအသေပေးပါသတဲ့ဗျာ။















အနန္တောအနန္တဂိုဏ်းဝင် ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာသမားတွေကို အရိုအသေ အလေးအမြတ်ပြုပြီး လက်အုပ်ချီ ကန်တော့တာ သန်းရွှေ မလုပ်တတ်တော့လို့ လား၊ ဘုရား တရား သံဃာကို မကန်တော့ရဲတော့ တာလား၊ ဘုရား တရား သံဃာကို မကန်တော့ချင်တော့လို့ လား၊ ပြည်တွင်းမှာတော့ ဟန်ပြ ရိုသေပြရုံ ပြတာမို့  ပြည်ပရောက်ရင် ဂရုစိုက်စရာ မလိုဖူးလို့  ခံယူထားလို့ ဘဲလား ဆိုတာ တွေးစရာပါဘဲ။

People power ဘလော့မှ ကူးယူဖေါ်ပြပါသည်။

8.09.2009

ရှစ်လေးလုံး အမှတ်တရ စုစည်းမှုများ


8888

မျိုးဆက်သစ်လူငယ်များအစည်းအရုံး (Generation Wave) ၏ လှုပ်ရှားမှု။


မျိုးဆက်သစ်လူငယ်များအစည်းအရုံး (Generation Wave) အဖွဲ့ဝင်လူငယ်များသည် နအဖအစိုးရက ဒေါ်အောင်ဆန်းစုကြည်အား မတရားဖမ်းဆီးထောင်ချရန် ကြိုးစားနေခြင်းကို ဆက်လက်ဆန့်ကျင်လျက်ရှိနေပြီး၊ ယမန်နေ့ သြဂုတ်လ (၈) ရက်နေ့ ၂၀၀၉ ခုနှစ်တွင် ပြည် နတ္တလင်း၊ ပေါင်းတလည်၊ ပေါက်ခေါင်း၊ အောင်လံမြို့  နယ် အသီးသီးတို့၏ အခြေခံပညာအထက်တန်းကျောင်းနှင့် လူစည်ကားရာ ဈေးများ စသည့်နေရာတို့တွင် ဒေါ်အောင်ဆန်းစုကြည်ဓါတ်ပုံနှင့်  FREE DAW AUNG SAN SUU KY နှင့် FREE BURMA စာတန်းပါ စာရွက် စာတမ်းတို့ ကို ဖြန့် ကျဲခဲ့ခြင်းတို့  ပြုလုပ်ပါသည်။

ပြည်သူလူထုတရပ်လုံးနှင့် လူငယ်များအနေဖြင့်လည်း နအဖအစိုးရ၏ မတရားဖိနှိပ်မှုများကို နိုင်ငံရေး တက်ကြွလှုပ်ရှားသူများနှင့်အတူ ပူးပေါင်းဆန့်ကျင်၍ အရှိန်မြှင့်လှုပ်ရှားမှုများတွင် ပါဝင်ဆင်နွှဲကြပါရန် အလေး အနက် တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။

"အမျိုးသားခေါင်ဆောင်ဒေါ်အောင်စုကြည်အားခုချက်ချင်းလွတ်"

မျိုးဆက်သစ်လူငယ်များအစည်းအရုံး (Generation Wave)။


Photobucket

8.08.2009

ရှစ်လေးလုံး အမှတ်တရ စုစည်းမှုများ

ဆောင်းပါး၊ ကဗျာ နှင့် ထုတ်ပြန်ကြေငြာချက်များ၊ လှုပ်ရှားမှု ဓါတ်ပုံများ

“အနှစ်နှစ်ဆယ်မှသည်”
ဤဆောင်းပါးကို ပြီးခဲ့သည့် အနှစ်နှစ်ဆယ်ပြည့် ၈၈၈၈ အမှတ်တရ အဖြစ် ရေးသားခဲ့ခြင်းဖြစ်ပါသည်။ ယခု နှစ်ဆယ့်တစ်နှစ် ပြည့်ချိန်သည်အထိ ဆီလျှော်နေသေးသဖြင့် ပြန်လည် တင်ဆက်ပေး လိုက်ပါသည်။ သတင်း အချက်အလက်များ အနေဖြင့်မူ လွန်ခဲ့သော ၁နှစ်ကျော်က ရေးသားခဲ့ခြင်းဖြစ်၍ ယခု အချိန်တွင် ပြောင်းလဲမှု အနည်းငယ် ရှိမည်ဖြစ်ပါသည်။)



အနှစ်နှစ်ဆယ်ဆီသို့
“အနှစ်နှစ်ဆယ်မျှ တိုင်းပြည်အတွက် လုပ်လာပြီးနောက် ကျွန်တော်သည် ကိုယ့်ကိုယ်ပြန်၍ ကြည့်လိုက်သော အခါ ကြိုးတိုက်ထဲသို့ ရောက်နေသည်ကို တွေ့ရလေသည်။”

အထက်ပါစာပိုဒ်မှာ ဗိုလ်မှုးချစ်ကောင်းရေးခဲ့သည့် အနှစ်နှစ်ဆယ်စာအုပ်၏ အဖွင့်စာပိုဒ်ပင် ဖြစ်ပါသည်။ ၁၉၈၈ခုနှစ် လူထုအုံကြွမှုကြီးမှ စခဲ့သော စစ်အာဏာရှင် ဆန့်ကျင်ရေးနှင့် ဒီမိုကရေစီရရှိရေး လှုပ်ရှားမှု၏ ကာလသည်လည်း လာမည့် ဩဂုတ်လ (၈)ရက်နေ့တွင် အနှစ်နှစ်ဆယ်တင်းတင်း ပြည့်တော့မည် ဖြစ်ပါသည်။

အနှစ်နှစ်ဆယ်ကြာ တိုက်ပွဲ ခရီးရှည်ကြီးထဲမှာ ကျဆုံးသူတွေလဲ ကျဆုံးကုန်ကြရပါပြီ။ ကိုဖုန်းမော်တို့လို သမိုင်းဝင်ခဲ့သူတွေ ရှိသလို၊ နအဖ မီးသဂြိုလ်စက်တွေထဲမှာ လူမသိသူမသိ ပြာကျခဲ့ရသူတွေ၊ တောတောင် တွေထဲမှာ တိုက်ပွဲ ဖြစ်ရင်း ငှက်ဖျား နှိပ်စက်ရင်းဖြင့် ခေါင်းချခဲ့ရသူတေ၊ွ နအဖရဲ့ စစ်အကျဉ်းထောင်ထဲမှာ နှိပ်စက် ညှင်းပန်းမှုတွေကို အံတု ကြံ့ကြံ့ခံရင်း ကျဆုံးခဲ့ရသူတွေ အခုတိုင် အကျဉ်းထောင်များ ထဲတွင် ဒူးထောက် အညံ့မခံပဲ ဆက်လက် တိုက်ပွဲဝင် နေသူတွေ ရှိနေသလို အချို့လဲ လူသားချင်းစာနာတဲ့ ကမ္ဘာ့ နိုင်ငံ အနှံ့ အပြားကို ရောက်ရှိနေကြပြီး အချို့ကလည်း နယ်စပ်ဒေသတွေမှာပဲ အားခဲလို့ ရပ်တည် ရုန်းကန်နေ ကြဆဲ တိုက်ပွဲဝင် နေကြဆဲပင်၊ ပြည်တွင်းရှိ ရဲဘော်များကလည်း ဟိုပုန်းဒီခိုနဲ့ အလံမလှဲ စတမ်း တိုက်ပွဲဝင် နေကြဆဲပင်။ ထိုအင်အားစု များကြောင့်လဲ ဒီမိုကရေစီတိုက်ပွဲရဲ့ အရှိန်အဟုန်ဟာ အဆက်မပြတ် ဆက်လက် ဖြစ်ပေါ်နေတယ်လို့လဲ ဆိုနိုင်ပါတယ်။

ကျွန်တော်ကိုယ်တိုင်သည်ပင် နှစ်နှစ်ဆယ်အတွင်း ဘဝပေါင်းစုံ ကျင်လည်ရင်းမှ Migrant ကျောင်းလေး တခုမှာ အနာဂတ်ရဲ့ မျိုးဆက်သစ်လူငယ်တွေကို ပညာသင်ပေးရင်း ဘဝကို ရုန်းကန်နေရဆဲပါ။ နေ့စဉ်နံနက် ကျောင်း တက်ချိန်တိုင်း ကျောင်းရှေ့အလံတိုင်မှာ ထိုင်းအလံကိုတင်၊ ထိုင်းနိုင်ငံတော်သီချင်းကို သီဆို နေကြရတဲ့ ခလေးငယ်တွေကို ကြည့်ရင်းပင် “ဩော်ဘယ်တော့များမှ ငါတို့ခလေးတွေ ကိုယ့်အမိမြေပေါ်မှာ ခြေချ လို့အမိနိုင်ငံတော် အလံကို အလေးပြုခွင့်ရကြမှာလဲ”လို့ တွေးရင်း အမြဲကြေကွဲခဲ့ရပါတယ်။ တကယ် တွေးကြည့်တော့လဲ ဒီကလေးတွေကမှ အေးချမ်းစွာ ပညာသင်ခွင့် ရနေပါသေးတယ်။

နာဂစ်မုန်တိုင်းကြောင့် ကျောင်းပါပျောက်ခဲ့ရတဲ့ ကလေးတွေ၊ မတရားကြီးမြင့်နေတဲ့ ကုန်ဈေးနှူန်းနဲ့ အလှူငွေ အမျိုးမျိုးတွေကြောင့် ကျောင်းတောင် မတက်နိုင်တော့တဲ့ ကလေးတွေက ပြည်တွင်းမှာ အများကြီးပါ်။ ဒီလို ဘဝတွေ မပြီှးဆုံးနိုင်သေးတဲ့ တာဝန်တွေနဲ့အတူ ကျွန်တော်တို့ (၈၈)မျိုးဆက် ကျောင်းသားတွေ ဟာလည်းအသက် လေးဆယ်တန်းတွေ ရောက်လာခဲ့လို့ နောက်မျိုးဆက် ကျောင်းသား လူငယ်တွေက မပြီးသေးတဲ့ တာဝန်တွေကို ဆက်လက် ယူနေကြရပါပြီ ။

ကျွန်တော်တို့တွေ ဘယ်အထိ ခရီးပေါက်ခဲ့ပါပြီလဲ?
အမြင်မှာတော့ တပြည်လုံးမှာ မကြာခဏဆိုသလို ကန့်ကွက်ဆန္ဒ ပြမှုတွေဖြစ်လို့ တကမ္ဘာလုံးက ဝိုင်းဝန်း ကန့်ကွက် ရှုံ့ချကြလို့ နအဖဟာ အကျဉ်းအကျပ်မျိုးစုံနဲ့ ကြုံတွေ့ နေရတယ်လို့ ဆိုနိုင်ပါတယ်။ တနည်းပြောရရင် အခြေစိုက်စခန်းတွေကို တခုပြီးတခု လက်လွတ်ရပြီး နောက်ဆုံး ခံကတုတ်ကနေ မီးကုန်ယမ်းကုန် ခုခံနေရတဲ့ပုံပါပဲ။

တကယ်ကော ကျွန်တော်တို့ အနိုင်ရနေတယ်လို့ယူဆနိုင်ပါသလား ?

အဆင့်ဆင့် အလျော့ပေးလာခဲ့တယ်လို့ ယူဆတယ်ဆိုရင် နအဖရဲ့ ရိုးဖြောင့်တဲ့ လိုက်လျောမှု တခုတ လေမျုား တွေ့ကြပါသလား၊ ၁၉၈၈ ခုနှစ် စက်တင်ဘာလ အာဏာသိမ်းပြီးတဲ့ အချိန်က နိုင်ငံရေးပါတီ ဖွဲ့ခွင့် ပေးမယ် ရွေးကောက်ပွဲ လုပ်ပေးမယ်၊ အနိုင်ရမယ့်လူကို အာဏာလွှဲပေးပြီး စစ်တပ်ဟာ စစ်တန်းလျား ပြန်ရုံပဲလို့ ဦးစောမောင်ပြောခဲ့တာကို မှတ်မိကြဦးမှာပါ။

တကယ်တန်းကျတော့ ရှိသမျှ နိုင်ငံရေးပါတီတွေကို အမျိုးမျိုးသပ်ရှိုဖြိုခွဲ၊ နိုင်ငံရေး ပါတီတွေရဲ့ အရေးပါတဲ့ ခေါင်းဆောင်တွေကို ဖမ်းပြီးမှ ရွေးကောက်ပွဲ ကျင်းပပေးခဲ့တာပါ။ ချည်ပြီးတုတ်ပြီး အပိုင်တွက်ထားတဲ့ ရွေးကောက်ပွဲမှာ ပြည်သူလူထု တရပ်လုံးက NLDကို တခဲနက် ထောက်ခံလိုက်တဲ့အခါ ကျမှ ပြူးတူး ပြဲတဲဖြစ်ပြီး ဦးစောမောင်ကို ဖြုတ်ချလို့ ဦးသန်းရွှေနဲ့ အစားထိုးတာပါ။

တနည်းဆိုရင် ဦးစောမောင်ပြောချင်တာ ပြောခဲ့တာတွေဟာ နောက်လူတွေ တာဝန်ခံမှာ မဟုတ်ဘူးဆိုတဲ့ သဘောပါ။ ကိုယ်ပြောတဲ့စကားတောင် ကိုယ်တာဝန်မယူနိုင်တဲ့ လူတွေက သူတို့ကိုယ် သူတို့အစိုးရလို့ ဆိုချင်ကြပါသေးတယ်။ နောက်တခါ ROAD MAP (၇)ချက်ဆိုတာကို ဦးခင်ညွန့်က ရေးဆွဲပြီး အမျိုးသား ညီလာခံကို ကျင်းပလို့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲကြပြန်ပါတယ်။ ရပ်လိုက် သွားလိုက်နဲ့ အချိန်ဆွဲ လုပ်လာတဲ့ အဲဒီညီလာခံတောင် မပြီးသေးဘူး အချင်းချင်း စားခွက်လုရင်း ဦးခင်ညွန့် ပြုတ်သွားပြန်ပါတယ်။ သူလုပ်ခဲ့တာတွေ အားလုံးထဲက သူတို့အကျိုးရှိနိုင်တဲ့ ဟာတွေကလွဲရင် ကျန်တာတွေ အားလုံး လှစ်လျှူရှုလိုက် ပြန်ပါတယ်။

အမျိုးသားညီလာခံကို (၁၅) နှစ်ကြာကျင်းပပြုလုပ် အားရအောင် အချိန်ဆွဲပြီးမှ သူတို့ အလိုကျ ရေးဆွဲ ထားတဲ့ အခြေခံ ဥပဒေကို အတည်ပြုဖို့ ရွေးကောက်ပွဲလုပ်ဖို့ ဆိုပြီး ကြေငြာချက်တွေ ထုတ်ပြန်တဲ့အခါ အဲဒါဟာ ကောင်းတဲ့ဘက်ကို ရှေ့ရှုတဲ့ အပြောင်းအလဲလို့ ဘယ်လိုမှ ယူဆစရာမရှိပါဘူး။
(၁) ရွေးကောက်ပွဲလုပ်ခဲ့တယ် “၁၉၈၈ မှ ၁၉၉၀ အထိ ”
(၂) အခြေခံဥပဒေရေးဆွဲ “ ၁၉၉၂ မှ ၂၀၀၇ အထိ” ပြီးမှ
(၃) လူထုဆန္ဒခံယူပွဲနှင့်ရွေးကောက်ပွဲ “၂၀၀၇ မှ ၂၀၁၀ အထိ”ဆိုပြီး
န အ ဖ ကတော့ ၂၀၁၀ အထိ အချိန်ဆွဲဖို့ အဆင်သင့်ပြင်ထားပြီးပါပြီ ။

၂၀၁၀ ရွေးကောက်ပွဲပြီးရင်ရော ဘာဖြစ်လာမှာပါလဲ ? အခုလူတွေထဲက အချို့ကို ယူနီဖောင်းချွတ်ပြီး လွှတ်တော်တက်ခိုင်း၊ နောက်က ကာကွယ်ရေး ဦးစီးချုပ်က လိုသလို ကြိုးဆွဲသွားမယ့် စစ်အာဏာရှင် အလိုကျ အစိုးရကိုပဲ ကျွန်တော်တို့ ရကြမှာပါ။ ကုလားကြီးနဲ့ အရာကြီး အခေါ်ဝေါ်သာပြောင်းသွားမယ် ဒါကဒါပါဘဲ ။

ကျွန်တော်တို့ဖက်က လက်ရှိအခြေအနေကရောဘယ်လိုပါလဲ ?

ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးဝင်းတင် ၊ အပါအဝင် NLD ခေါင်းဆောင်တွေ၊ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ်၊ ကိုမင်းဇေယျာစတဲ့ ကျောင်းသား ခေါင်းဆောင်တွေ၊ အရှင်ဂမ္မီရ တို့လို သံဃာတော်တွေ ၊ လူမျိုးစု ခေါင်းဆောင်တွေ၊ ဒီမိုကရေစီလှုပ်ရှား တက်ကြွသူတွေ အားလုံး ဖမ်းဆီး ချုပ်နှောင်ခံနေရဆဲပါ။ ဥပဒေမရှိပဲ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ် အကျယ်ချုပ် တနှစ်သက်တမ်း တိုးလိုက်ပြန်ပါပြီ။ ဘာများ တုံ့ပြန်နိုင်ပါသလဲ?

ဒီပဲယင်းမှာ အကြမ်းဖက် သတ်ဖြတ်ခံရတဲ့သူတွေ ၊ လူမိုက် မွေးပြီး ရိုက်သတ်ခံရတဲ့ ရဲဘော်တွေ ၊ ထောင်ထဲမှာ မတရားနှိပ်စက်ခံရရင်း လက်လွန် သေဆုံးသွားသူတွေ ၊ အခုပြီးခဲ့တဲ့ စက်တင်ဘာမှာ ရိုက်နှက် သတ်ဖြတ် ၊ ဖမ်း ဆီင်္းခံရ သူတွေအတွက်၊ တရားမျှတမှုတွေ ဘယ်မှာပါလဲ ? ပြီးခဲ့တဲ့ REFERNDUM မှာထည့်သမျှ ကန့်ကွက် မဲတွေ အားလုံးကို မဲလိမ်ပြီး ဘယ်နိုင်ငံမှာမှ မကြုံစဖူး ရာခိုင်နှုန်း(၉၀)ကျော် နိုင်ပါတယ်လို့ ကြေငြာသွားခဲ့ ပြီးပြီ ။ အမှန်တရား ဘယ်မှာပါလဲ ?

နာဂစ်မုန်တိုင်းမွှေလို့ သိန်းချီသေပြီး သန်းချီဒုက္ခရောက်နေရတဲ့ ပြည်သူတွေကို ကူညီချင်ကြသူတွေ အပေါ် အမျိုးမျိုး ကန့်သတ်မှုတွေ လုပ်လို့ ဒုက္ခသည်တွေကို ကူညီတဲ့ ပစ္စည်းတွေကို အမျိုးမျိုး အမြတ်ထုတ် နေကြတာ ကျွန်တော်တို့ ဘာများ လုပ်နိုင်ကြ ပါသလဲ? ကန့်ကွက်ရှုံ့ချရုံမှ တပါး အခြားဘာမှ မလုပ်နိုင်ခဲ့ပါ။

ထိုအခြေအနေ အားလုံးအတွက် မည်သူ့တွင် တာဝန်ရှိပါသနည်း?

စီးပွားရေး နယ်ပယ်တွင်တော့ ရှင်းပါသည်။ ကုမ္မဏီကြီးတခုတွင် စီးပွားရေး ပေါ်လစီမှား၍ အရှုံးပေါ် လာခဲ့ပါလျှင် စီမံခန့်ခွဲကြသော CEO နှင့်တကွ ဘုတ်အဖွဲ့အားလုံး နှုတ်ထွက်ကြရုံသာ ရှိပါသည်။ ဥပမာတခု ဆိုရလျှင် ယခုပြုခဲ့သော REFERENDUM တွင် ကျွန်တော်တို့ ပြည်သူလူထုကို မဲရုံကိုသွား၍ ကန့်ကွက်မဲ ပေးကြပါဟု ဦးဆောင်မှုပေးခဲ့သည်။ ထိုပေးခဲ့သော ကန့်ကွက်မဲ အားလုံးကို နအဖတို့က မဲလိမ်၍ ထောက်ခံမဲ လုပ်လိုက်ပါသည်။

၉၂ရာခိုင်နှုန်းကျော် ဆိုသည်မှာ မဲရုံသို့ သွားရောက်သူ အားလုံးနီးပါးဖြစ်ပါသည်။ ထိုပြည်သူလူထု မဲများ အလိမ်ခံရမှုတွင် မဲရုံသွားခိုင်းသူနှင့် မဲလိမ်သူနှစ်ဦးတွင် မည်သူ ပိုတာဝန်ရှိပါသလဲ?

သူခိုးကို ခေါင်းပေါင်းပေါင်း၍ တိုက်ပုံနှင့် ချိတ်ပုဆိုးဝတ်ရုံမျှနှင့်လူကြီးလူကောင်းဟု မည်သူက ယူဆကြ ပါမည်လဲ? သူတိုက်ပုံတွေ ဘာတွေ ဝတ်ထားတာပဲ စိတ်ချရပါတယ်ဟု ပြောသဖြင့် ဂေါပကလူကြီး ခန့်မိသော အခါကျမှ ဘုရားအလှူငွေများ ခိုးပြေးသွားသည့်အခါ သူခိုးကို စိတ်ဆိုးရ မည်လား၊ ဒါမှမဟုတ် ယုံကြည်စွာ အပ်နှံခိုင်းသူကို အပြစ်တင်ရ ပါမည်လား? သို့သော် တိုက်ပွဲဝင်နေကြသော ယခုအခြေ အနေမှာတော့ ဘယ်သူကိုမှ အပြစ်မပုံချနိုင်ပါ၊ ဖြစ်လာသော အခြေအနေပေါ်တွင် အကောင်းဆုံး မည်သို့ ဆက်လက် လုပ်ဆောင်မည်ကှို စဉ်းစားရန်သာ ရှိပါသည်။

လူထုလှုပ်ရှားမှူများနှင့် တာဝန်ခံမှူ

လူထုတိုက်ပွဲများ အရှိန်မြှင့် တင်ကြသည့်အခါ အထိအခိုက် အရှအနာများစွာ ရှိပါသည်။ ရိုက်နှက်သတ်ဖြတ် ဖမ်းဆီးခံ ရသူများ အတွက် တရားမျှတမှု ဖြစ်စေရန် ကြိုးစား ဆောင်ရွက်ပေးရန် လှုံ့ဆော်သူတို့မှာ တာဝန်ရှိသလို၊ လှုပ်ရှားမှုများကြောင့် နေမရသဖြင့် ထွက်ပြေး တိမ်းရှောင်လာရသူများ အတွက် တာဝန်ယူရန်မှာလည်း လှုံ့ဆော်သူတို့ တာဝန်ပင် ဖြစ်ပါသည်။

ပေးဆပ်ခဲ့ရသော အသက်များ၊ ဘဝများစသည့် အရင်းအနှီးများ အတွက် တိုက်ပွဲကို ဆက်လက် အရှိန်အဟုန်မြှင့်ပြီး အောင်ပွဲရသည်အထိ တိုက်ပွဲဝင်ရန် မှာလည်း လှုံ့ဆော်သူများ၏ တာဝန်ပဲ ဖြစ်ပါသည်။ သို့မှသာ ယုံကြည်စွာ အသက်ပေး၊ ဘဝပေး တိုက်ပွဲဝင်ခဲ့သူ တို့အတွက် တာဝန် ကျေပါလိမ့်မည်။ ဤနေရာတွင် နိုင်ငံရေး ခေါင်းဆောင်များကို အလေးအနက် တင်ပြချင်ပါသည်။

နိုင်ငံခြားသွားချင်သဖြင့် ဆန္ဒဝင်ပြခဲ့သူဟူ၍ မရှိပါဟု ကျွန်တော်ရဲရဲကြီး ဆိုရဲပါသည်။ နိုင်ငံခြားသွားချင် သဖြင့် ဒီရောက်မှ ဆန္ဒပြခဲ့ဖူးသူလိုလို ရောယောင်ဟန်ဆောင်သူတို့တော့ရှိချင် ရှိပါလိမ့်မည်။ ပြည်တွင်း၌ နေကြသူများသည် ထိုကိစ္စများကို မသိကြပါ။

လွတ်ရာ နယ်မြေရောက်မှ ဘာနိုင်ငံရေး လှုပ်ရှားမှုမှ လုပ်ခွင့်မရကြပဲ တတိယနိုင်ငံ သွားသည့် တံခါး တပေါက်သာ ဖွင့်ထားပေးသည့် အနေထားမျိုးသည် မဖြစ်သင့်ဟု ဆိုချင်ပါသည်။ သွားချင်သူတွေ သွားကြ သလို နိုင်ငံရေး ဆက်လုပ်ချင်သူတွေလည်း ရှိကြပါသည်။

သို့သော် ဒီနေရာတွင် ဘာရွေးချယ်ခွင့်မှ မရပါ။ လုအမျိုးမျိုး အထွေထွေကို စီစစ် ဆောင်ရွက်ရန်၊ ထိမ်းသိမ်း စောင့်ရှောက်ရန် အတွက် ကြီးမားသော အခက်အခဲများ ရှိခဲ့မည် ဆိုသည်မှာ အသေအချာပင် ဖြစ်ပါသည်။ သို့သော် ထိုအကြောင်းပြချက် တခုတည်းဖြင့် လက်ပိုက် ကြည့်မနေသင့်ပါ။ ရှေ့ဆက်တိုက်ပွဲများတွင် ထိုသို့သော အခြေအနေများ ဆက်လက် ကြုံတွေ့ရန် ရှိပါဦးမည်။ အလေးအနက်ထား စဉ်းစားရမည့် အချက် ဖြစ်ပါသည်။

ကျွန်တော်တို့ ဘာလုပ်နိုင်ပါသလဲ?

တိုက်ပွဲကာလ နှစ်သက်တမ်း ရှည်လာတာနှင့် အမျှ အထိအခိုက် အရှအနာ အဆုံးအရှုံး တွေက များလာ ပါသည်။ အခြေအနေ ပြောင်းလဲနိုင်တဲ့ နိုင်ငံရေးတိုက်ပွဲ၊ လူထုတိုက်ပွဲများကို ပြင်ဆင်တဲ့အခါ ပြီးခဲ့တဲ့ အမှား တွေကို ပြန်သုံးသပ်ေ ရှာင်ရှားရင်း အဆုံးသတ် တိုက်ပွဲကို ဘယ်လိုပြင်မလဲ ဆိုတာ နိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍကို ယူထားသူများမှာ ကြီးလေးတဲ့ တာဝန် ရှိနေပါတယ်လို့ ဆိုချင်ပါတယ်။

ရန်သူတွင် လက်နက်အာဏာ ငွေကြေး လူအင်အား စသည်ဖြင့် ပြည့်စုံသည်မှာ မှန်ပါသည်။ နောက်တခါ နာဇီလို၊ ဖက်ဆစ်လို မိမိအမျိုးသားရေးကို ရှေ့တန်း တင်သူမျိုးပင် မဟုတ်ပဲ မိမိကိုယ်ကျိုး စီးပွားမှလွဲ၍ ဘာမှမစဉ်းစားသည့် လိုအပ်လျှင် ဇတ်တူသားစားရန်ပင် ဝန်မလေးသည့် အာဏာရှုး စစ်အာဏာရှင် ဖြစ် ပါသည်။

ထိုအာဏာရှင်မျိးကို ခေါင်းလေး ဝင်ပါရစေဦး ဆိုသည့် ကုလားအုတ်ပုံပြင် ဇာတ်လမ်းမျိုးဖြင့် ချဉ်းကပ်လျှင် ခေတ်သစ် ကုလားအုတ်ပုံပြင် ထဲကလို အသားပေါ်ခံရရုံ သာရှိပါသည်။ ထိုလူ အမျိုးအစားတွေကို ခဏ တဖြုတ် အသုံးကျချိန်တွင် သုံး၍ မလိုချိန်မှာ ချနင်းပစ်လိုက်မှာ အသေအချာပါ။ ရှေ့က ကြိုးစားခဲ့ဘူး သူများကို ကြည့်ပါ။ ဇတ်တူသား စားသည့် သာဓကများကို ကြည့်ပါ။ လက်ရှိ ဝံသာနုNLDလို လူမျိုးတွေ၊ အေး လွင်တို့လို လူမျိုးတွေ၊ ငါးမင်းဆွေတို့လို လူမျိုးတွေ စသည့် ဖော်လံဖား လူတန်းစားများပင် ဘယ်လောက် ခံမည်လဲ ဆိုတာကို စောင့်ကြည့်ပါဦး။

သို့သော် အင်အားကြီးမားသည် ဆိုသည်တိုင်း ကြောက်စရာမဟုတ်ပါ။ လူထု ထောက်ခံမှူ မရသော ဘယ်လို မတရား အစိုးရများမှ ရေရှည် မတည်တံ့နိုင်ပါ။ ခိုင်မာသော နိုင်ငံရေး ဦးဆောင်မှူ နောက်တွင် ပြည်သူ လူထုများ ညီညွတ်စွာ လိုက်ပါ ဆောင်ရွက်ကြရန်သာ လိုပါသည်။

ဥပမာတခု တင်ပြလိုပါသေးသည်။ တောထဲတွင် အင်အားကြီးမား လှပါသည် ဆိုသော တောဆင်ရိုင်း အုပ်လိုက်ကြီးပင် တောခွေး ကျင်ငယ်ရည်နံ့ ရသည်နှင့် တဆတ်ဆတ် တုန်အောင် ကြောက်ကြရှာပါသည်။ ဆင်နှင့်တောခွေးများ အကောင်ချင်း ယှဉ်လျှင် နှိုင်းစရာပင် မရှိပါ။

သို့သော် တောခွေးများ၏ ညီညွတ်ခြင်းကို ကြောက်ကြခြင်း ဖြစ်ပါသည်။ ဆင်ဖြစ်စေ၊ ကျားဖြစ်စေ ၊ မည်သည့် သတ္တဝါဖြစ်စေ သူတို့ တိုက်ခိုက် သတ်ဖြတ်ရန် ဝန်လေးခြင်းမရှိပါ။ သူတို့ သတ်ကွင်းအတွင်း ဝင်လာသည့် အခါ ကျင်ငယ်ရည် ပန်းသည့် အကောင်က ပန်း၊ ရှေ့ကဝင်သည့် အကောင်ကဝင်၊ နောက်ကဆွဲသည့် အကောင်ကဆွဲ၊ အပေါ်မှ ခုန်ချသည့် အကောင်ကချ၊ ရေဆီမရောက်အောင် လမ်းလွှဲသည့် အကောင်က လွှဲဖြင့်နောက်ဆုံး ဆင်ကြီး ဘုန်းဘုန်းလဲကျမှ အောင်သေအောင်သား စားကြပါသည်။

သူတို့တွင် မတိုက်ခိုက်ခင်မှာ ဆင်သေရင် ဘယ်အပိုင်းကိုမှ ငါကယူမယ် ဆိုပြီး ကြိုတင် ဝေပုံချထားခြင်းလဲ မရှိပါ။ ငါက အုပ်စု ခေါင်းဆောင်မို့ ဝမ်းတွင်းသားတွေကို ငါ့သားသမီးတွေ အတွက် ယူသွားမယ်ဆိုတဲ့ ခေါင်းဆောင်မျိုးလဲ မရှိပါ။ ငါကတော့အန္တရယ်များတဲ့ နှာမောင်းနေရာမှာ နေရလို့ သူကတော့ အနောက် ကပဲ ဝင်ဆွဲလို့ စသည်ဖြင့် လဲမကွဲပါ။ ဆင်ကောင်ကြီးမှ မသေသေးခင် စားအိုးစားခွက်တွေ ကြိုပြင်ထားတဲ့ အကောင်တွေလဲ မရှိပါ။ တိုက်ပွဲမှာ အချောင်ခိုနေပြီး ဆင်သေချိန် ကျမှ ခေါင်းပေါ်တက်ထိုင်တတ်တဲ့ အကောင်မျိုးလဲ မရှိပါ။ ဒီတိုက်ပွဲမှာ ဆင်ကြီးမသေလို့ စိတ်ဆိုးသွားရင် ငါတော့မလွယ်ဘူး ဆိုပြီး စိတ်ဆိုးအောင် မလုပ်ပဲ နေတဲ့ အကောင်လဲ မရှိပါ။သူတို့သိသည်မှာ သူတို့ သတ်ကွင်းပြင် ထားသည့် နေရာသို့ ဝင်လာသည့် မည်သည့် သားကောင်မဆို အပြီးအပြတ် ချေမှုန်း စားသောက်ပြီး မျိုးဆက်ကို ထိန်းသိမ်းရန်သာ ဖြစ်ပါသည်။
အရိုင်းဥပဒေမှာ တောခွေးတွေကို သူတို့ရဲ့ စုစည်း ညီညွတ်မှုကြောင့် တောဘုရင်ဆိုတဲ့ အကောင်ကြီး တွေတောင် ဖိန့်ဖိန်တုန်အောင် ကြောက်ကြရပါသည်။

ကျွန်တော်တို့ဟာ တောခွေးတွေထက် အဆပေါင်းများစွာ အသိဥာဏ် မြင့်မားသော လူသားများ ဖြစ်ကြပါသည်။ မြန်မာပြည်ရဲ့ များစွာသော ပြည်သူလူထုက နအဖကို လက်မခံဘူး ဆိုတာ ၁၉၉၀ပြည့် ရွေးကောက်ပွဲနဲ့ သက်သေပြပြီးပါပြီ။ ငြိမ်းချမ်းစွာ ဆန္ဒဖေါ်ထုတ်တဲ့ နည်းလမ်းများစွာနဲ့ သက်သေပြခဲ့ ပြီးပါပြီ။ ၂၀၀၇ စက်တင်ဘာလက ဖြစ်ပွားခဲ့တဲ့ သံဃာတော်များနဲ့ ကျောင်းသား ပြည်သူများရဲ့ ရွေဝါရောင် တော်လှန်ရေးကြီးဟာ ကမ္ဘာသိပါ။ နိုင်ငံတကာ အသိုင်းအဝိုင်း ကလည်း မြန်မာပြည်သူတွေနဲ့ တသားတည်းရှိတဲ့ အကြောင်းဆန္ဒတွေ ထုတ်ဖေါ်ပြခဲ့ပြီး ဖြစ်ပါတယ်။

မဖြစ်လာနိုင်သေးတဲ့ ကုလသမဂ္ဂတပ်ကြီးတွေ၊ အမေရိကန် တပ်ကြီးတွေ ဝင်လာဖို့ကို စိတ်ကူးမယဉ်တာ ပိုကောင်းပါတယ်။ ကိုယ့်အား ကိုယ်ကိုးပြီး ကျွန်တော်တို့ တကယ် ညီညွတ်ဖို့သာ လိုပါသည်။

အနှစ်နှစ်ဆယ်မှသည်
အနှစ်နှစ်ဆယ်ပြည့်တော့မယ့် အချိန်မှာ ပြည်သူလူထုအတွက် အလိုအပ်ဆုံး အရာကို ပြောရမယ် ဆိုရင် အရည်အသွေး ပြည့်ဝတဲ့ ခေါင်းဆောင်မှုနဲ့ ပီပြင်တဲ့ နိုင်ငံရေး ဦးဆောင်မှုဟာ အရေးတကြီး လိုအပ်နေပါတယ်။ အဲဒီနောက်က ဒီမိုကရေစီအရေး လှူပ်ရှားသူအားလုံးရဲ့ ညီညွတ်မှုနဲ့ လူထုအင်အား ပေါင်းစပ်လိုက်မယ် ဆိုရင် မအောင်မြင်စရာ မရှိဘူးလို့ ဆိုချင်ပါတယ်။

အတွေ့အကြုံ၊ အတွေးအခေါ်ကြီးမားတဲ့ ကျွန်တော်တို့ရဲ့ နိုင်ငံရေးဦးဆောင် ပုဂ္ဂိုလ်များဟာ ပိုပြီး မြင်နိုင် ဦးဆောင်နိုင်မယ် ဆိုတာ ယုံကြည်ပါတယ်။ ကျွန်တော်တို့မှာ ဒေါ်အောင်ဆန်းစုကြည်လို မြန်မာသိ ကမ္ဘာသိ လူထုခေါင်းဆောင်တွေ ရှိပါတယ်။ ဒါပေမယ့် အဲဒီ လူထု ခေါင်းဆောင်တွေ ချမှတ်ထားတဲ့ နိုင်ငံရေး ဦးဆောင်မှူ လမ်းကြောင်းအတိုင်း သူတို့ ဖမ်းဆီးခံနေရချိန်မှာ ဆက်လက်အကောင်အထည် ဖေါ်ပေးမယ့်၊ ဦးဆောင်မှူ ပေးမယ့် ခေါင်းဆောင်ကောင်းတွေ လိုပါတယ်။

စက်တင်ဘာ အရေးအခင်းပြီး ကာစမှာ အမေရိကန် လူမျိုး မိတ်ဆွေတဦးက ကျွန်တော့်ကို မေးဘူးပါတယ်။ စက်တင်ဘာ အရေးတော်ပုံကြီး ဘာလို့ အခြေမှုန်းခံရလဲဆိုတာနဲ့၊ ဘယ်လို အခြေအနေမျိုး ဆိုရင် အနိုင်ရ နိုင်မလဲ ဆိုတာပါ။

သူမေးတဲ့ စိတ်ဝင်စားစရာ မေးခွန်းတွေကို ဖေါ်ပြ ပေးချင်ပါတယ်။
(၁) သံဃာ့ နာယကအဖွဲ့ ခေါင်းဆောင်တွေ ပူးပေါင်းလာရင် အနိုင်ရ နိုင်မလား?
(၂) အခြား ဘာသာရေး ခေါင်းဆောင်များ ပူးပေါင်းပါဝင်လာရင် အနိုင်ရနိုင်မလား?
(၃)စစ်တပ်က ပူးပေါင်းလာမယ် ဆိုရင် အနိုင်ရနိုင်မလား? အနိုင်ရနိုင်မယ် ဆိုရင် ဘယ်အဆင့် လောက်ထိ ပူးပေါင်း ဆောင်ရွက်မှု လိုမလဲ၊ ဥပမာ အောက်ခြေ အဆင့်အထိလား၊ စစ်ဗိုလ် အဆင့်လား၊ ဒုဗိုလ်မှုးကြီး အဆင့်လား၊ ဒါမှမဟုတ် လက်ရှိ အုပ်ချုပ်ရေး ပိုင်းထဲက တယောက်ယောက် ပါဝင်ပူးပေါင်းဖို့ လိုလားစတဲ့ မေးခွန်းတွေပါ။

ကာယကံရှင်ဖြစ်တဲ့ ကျွန်တော်တို့တတွေဟာ ဒီထက်မက ကိုယ့်ကိုကိုယ် မေးခွန်းတွေ ထုတ်ဖို့ လိုပါလိမ့်မယ်။ ဘဝတွေ အသက်တွေနဲ့ ရင်းရတဲ့ တိုက်ပွဲတွေအတွက် အပြန်ပြန် အလှန်လှန် သုံးသပ်ဖို့ လိုပါလိမ့်မယ်။

ကျွန်တော့် အနေနဲ့ အချုပ် ပြောရရင်တော့ ပီပြင်တဲ့ နိုင်ငံရေး ဦးဆောင်မှုနဲ့ လူထုအင်အား (ဆရာ လူထုဦးစိန်ဝင်း စကားနဲ့ ပြောရရင် PEOPLE POWER)နဲ့ ညီညွတ်မှုသာ အဆုံးသတ် တိုက်ပွဲကို အဆုံး အဖြတ် ပေးလိမ့်မယ် ဆိုတာပါပဲ။

ဘယ်လိုအသွင်မျိုးနဲ့ လူထုတိုက်ပွဲလဲ၊ ဘယ်အတိုင်းအတာအထိ တိုက်ကြမလဲ ဘယ်လိုပုံစံမျိုးနဲ့ ဖေါ်ဆောင် ကြမလဲ ဆိုတာကိုတော့ နိုင်ငံရေး ဦးဆောင်သူတွေ ဆုံးဖြတ်ပေးရ မှာပါ။ ဘာဖြစ်လို့လဲ ဆိုတော့ ပြည်သူတွေက သူတို့အတွက် ဒီမိုကရေစီ ဖေါ်ဆောင်ပေးနိုင်မယ်လို့ ယူဆသူတွေကို သူတို့ဆန္ဒနဲ့ ရွေးချယ်ထားပြီး သားပါ။ ပြတ်သားတဲ့ မူတရပ်နဲ့ အတူ လူထုကို ဦးဆောင်ကြ စေချင်ပါတယ်။

အနှစ်နှစ်ဆယ်မှသည် အဆုံးသတ်တိုက်ပွဲဆီသို့ ကျွန်တော်တို့ ဦးတည်မလား?

အနှစ်နှစ်ဆယ်မှသည် အင်ဖန်နတီ ဆီသို့ ဦးတည်မလား? ဆိုတာ ရွေးချယ်ကြဖို့ အချိန်ကျရောက် ပါပြီလို့ တင်ပြလိုက်ရပါတယ်။

D-Wave



21st 8888 Anniversary Statement
Golbal action for Burma ၏ Declaration


My 8888 Poems
၈ လေးလုံးနေ့ နိုင်ငံတကာမှ မြန်မာပြည်သားတို့၏ လှုပ်ရှားမှုများ
သတင်းဓာတ်ပုံ
သြဂုတ် ၈၊ ၂၀၀၉ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ပြုလုပ်သည့် ၈ လေးလုံး ၂၁ နှစ်ပြည့် အထိမ်းအမှတ်၊ လူငယ်များနှင့် စကားဝိုင်း အစီအစဉ်တွင် တွေ့ရသော ကိုခွန်မြင့်ထွန်း။ လွန်ခဲ့သည့် ၂၁ နှစ်က စတင်ပြီး နိုင်ငံရေး လောကထဲသို့ ၀င်ခဲ့သော ကိုခွန်မြင့်ထွန်းက ချင်းမိုင်မြို့ရောက် မြန်မာ လူငယ်တို့၏ မေးမြန်းချက်များကို ပြန်လည် ဖြေကြား ရှင်းလင်းခဲ့သည်။ (photo: Aye Aye)


၈ လေးလုံး လူထုလှုပ်ရှားမှု ၂၁ နှစ်မြောက် နှစ်ပတ်လည်နေ့ ကာလတွင် လုံခြုံရေး တင်းကျပ်ထားသည့် ရန်ကုန်မှ မြင်ကွင်းတခု (photo: AP)

ဂျပန်နိုင်ငံ တိုကျိုမြို့လယ် နှင့် တိုကျိုရှိ မြန်မာသံရုံးရှေ့မှ ဆန္ဒပြပွဲ (photo: Reuters)

တိုကျိုမြို့(photo: Reuters)

တိုကျိုမြို့(photo: Reuters)

တိုကျိုမြို့ မြန်မာသံရုံးရှေ့ နှင့် ဘန်ကောက်မြို့ မြန်မာသံရုံးရှေ့(photo: Reuters) ဘင်္ဂလားဒေ့ရှင်္နိုင်ငံ ဒါကာမြို့(photo: Reuters)

ဘန်ကောက်တွင် ၂၁ နှစ်မြောက် ရှစ်လေးလုံးနေ့ အထိမ်းအမှတ် ဆန္ဒပြ

ဘန်ကောက်တွင် ၂၁ နှစ်မြောက် ရှစ်လေးလုံးနေ့ အထိမ်းအမှတ် ဆန္ဒပြ

ယနေ့ ကျရောက်သည့် ၂၁ နှစ်မြောက် ရှစ်လေးလုံးနေ့ ၌ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မြန်မာသံရုံးရှေ့တွင် Burma Democratic Network က ဦးဆောင်၍ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ စုရုံးဆန္ဒပြခဲ့ကြပြီး မလေးရှား၊ ဂျပန် အစရှိသည့်

မယ်တော်ဆေးခန်းတွင် ကျင်းပပြုလုပ်သည့် (၂၁) နှစ်မြောက် ရှစ်လေးလုံးအ ရေးတော်ပုံ အထိမ်းအမှတ်အခမ်းအနား

8.06.2009

မြိတ်မြို့ မှ လူငယ်များရဲ့  ဂုဏ်ယူဖွယ် ဆုတောင်းမှုလေး

ဇူလိုင်လ (၃၁) ရက်နေ့ က မြိတ်မြို့ က ပေါ်တော်မူစေတီတော်၊ လေးကျွန်းဆီမီးသိမ်တော်ကြီးစေတီတော်နဲ့  အောင်ချမ်းသာ ဘုရားစေတီတော်တို့ မှာ သမိုင်းပေးတာဝန်ကို အသိစိတ်ဓါတ် အပြည်နဲ့  ဆောင်ရွက်ခဲ့ကြတဲ့ လူငယ်တစ်စုရဲ့  ဂုဏ်ယူလေးစားထိုက်ဖွယ် ရဲဝန့် ပြောင်မြောက်တဲ့ လှုပ်ရှားဆောင်ရွက်မှု ဖြစ်ပါတယ်။



နအဖရဲ့  မတရားအမှုဆင် တရားစွဲဆိုခြင်းကို ခံနေရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အမြန်ဆုံး ပြန်လည်လွတ်မြောက်ဖို့ အတွက် ရည်စူးပြီး အဆိုပါ မြိတ်မြို့ က လူငယ်တစ်စုဟာ နံနက်စောစောအချိန် မိုးများ သည်းထန်စွာရွာသွန်းနေတဲ့ကြားကနေ ဖခင် ဗိုလ်ချူပ်အောင်ဆန်းနှင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် ဓါတ်ပုံပါ အင်္ကျီ တီရှပ်များဝတ်ဆင်ကာ ဘုရားစေတီတော်များသို့ သွားရောက်ပြီး ဆုတောင်းမှု ပြုလုပ် ခဲ့ကြပါတယ်။ နအဖလုံခြုံရေးတွေ စောင့်ကြည့်မှတ်တမ်းယူနေပေမယ့် ဆုတောင်းမှုကို ပြီးမြောက်အောင် ဆောင်ရွက်ခဲ့ကြပါတယ်။



ထိုကဲ့သို့  ဆုတောင်းမှုပြုလုပ်ခဲ့ကြသော မြိတ်မြို့ မှ လူငယ်များအား အထူးလေးစား ဂုဏ်ယူပါကြောင်းနဲ တောင်းသော ဆုဖြစ်တဲ့ “လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အမြန်ဆုံးပြန်လည်လွတ်မြောက်ပါစေလို့ ” ဆုတောင်းမှု အလျင်အမြန် ပြည့်ဝပါစေသား။


နစ်နေမန်းဘလော့မှ

7.20.2009

NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်တွင်ကျင်းပသော အာဇာနည်နေ့ အခမ်းအနား မှတ်တမ်း

သဘာပတိ မိန့်ခွန်း
IMAGE0032


IMAGE0033


အာဇာနည်နေ့ ထုတ်ပြန်ကြေငြာချက်
IMAGE0034


IMAGE0039


IMAGE0040


IMAGE0041


IMAGE0042


P1010995


P1020068


P1020064


P1020070


P1010998


P1020002


P1020019


P1020099


P1020010