9.21.2008

ချုပ်နှောင်ခြင်းမှလွတ်မြောက်နေသူများ

နိုင်ငံရေးအကျဉ်းသားများနှင့်ပါတ်သက်သောအသိုင်းအဝန်းမှရရှိသောသတင်းများ
အရအင်းစိန်ထောင်အပါအဝင်အချို့အကျဉ်းထောင်များတွင်သက်ကြီးရွယ်အိုနှင့်
နာမကျန်းဖြစ်နေသူအကျဉ်းသားများစာရင်းကိုလိုက်လံကောက်ယူနေကြောင်း
သိရပါသည်။

မည်သည့်အတွက်လိုက်လံကောက်ယူနေသည်ကိုမသိရသော်လည်းထိုအကျဉ်းသား
များကိုနအဖမှသက်ညှာမှုကိုပြသည့်သဘော(ဖိအားတချို့လျှော့ကျစေလို့သည့်
သဘော)၊လက်ကျန်ပြစ်ဒါဏ်များကို့လျှော့ပေါ့ပေးသည့်အနေအထားဖြင့်လွှတ်ပေး
ရန်ဖြစ်နိုင်ကြောင်းယူဆမှုများရှိနေပါသည်။

ထိုသို့ဆောင်ရွက်မှုများထဲတွင်လက်ရှိမတရားစွဲဆိုအမှုဆင်ခြင်းခံနေကြရသော
၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်များ၊NLDအဖွဲ့ဝင်များ၊ကိုဇာဂနာ၊ကိုဇော်
သက်ထွေး၊မစုစုနွေးစသည့်အမှုရင်ဆင်နေရသေးသူများအကျုံးဝင်ခြင်းမရှိသေး
ဟုလည်းသိရပါသည်။

နှစ်ရှည်ထောင်ဒဏ်ကျခံနေရဆဲနိုင်ငံရေးအကျဉ်းသားများထဲတွင်၁၉၈၉ခုနှစ်
ကတည်းကထောင်ဒဏ်ကျခံနေရသူအသက်၇၈နှစ်ကျော်နေပြီဖြစ်သူသတင်းစာ
ဆရာကြီးNLDဦးဝင်းတင်သည်ယခင်နှလုံးရောဂါနှင့်ရင်ကျပ်ရောဂါအတွက်ဆေး
ပုံမှန်သောက်နေရသူဖြစ်ပြီး၊ဆီးကျိတ်ခွဲစိတ်ကုသမှုခံယူထားရဘူးပါသည်။ယခု
အချိန်တွင်မျက်စိတိမ်စွဲသည့်ဝေဒနာကိုခွဲစိတ်ကုသရန်လိုအပ်နေကြောင်းလည်း
သိရပါသည်။

သို့ရာတွင်ဦးဝင်းတင်ကဆေးရုံတက်ဆေးကုရန်ငြင်းဆိုထားကြောင်းသိရပါသည်။
၎င်းနှင့်နီးစပ်သူအချို့၏ပြန်လည်ပြောပြချက်အရထိုသို့ကျမ်းမာရေးမကောင်းခြင်း၊
အသက်အရွယ်ကြီးခြင်း၊ဆေးကုသမှုခံယူရခြင်းကြောင့်အပြစ်ဒါဏ်မှလျှော့ပေါ့၍
လွှတ်ပေးခြင်းကိုလုံးဝလက်ခံမည်မဟုတ်ဟုငြင်းဆိုထားခြင်းဖြစ်ပြီး။ဆေးရုံတက်ရ
သဖြင့်အပြစ်ဒါဏ်မှလျှော့ပေါ့သည့်သဘောဖြင့်လွှတ်ပေးမည်ကိုလည်းလုံးဝလက်
မခံနိုင်သဖြင့်ဆေးရုံတက်မျက်စိခွဲစိတ်ကုသရန်ကိုပါငြင်းဆိုထားခြင်းဖြစ်သည်ဟု
သိရပါသည်။

ဦးဝင်းတင်အားမတရားဖမ်းဆီးအကျဉ်းချထားသည့်လက်ရှိပုဒ်မအရဆိုလျှင်ပင်
ချုပ်နှောင်ထားသည့်ကာလသည်ချထားသည့်အပြစ်ဒါဏ်ထက်ကျော်လွန်နေပြီဟု
သိရပါသည်။ထို့ကြောင့်ဦးဝင်းတင်က၄င်းအားလွတ်ပေးမည်ဆိုလျှင်

(၁)သူ့အားမတရားဆက်လက်ချုပ်နှောင်ရန်၎င်းတို့ထံတွင်ဥပဒေမရှိတော့၍၄င်း။
(၂)ထိုသို့မဟုတ်လျှင်မတရားဖမ်းဆီးခြင်းခံနေကြရသောနိုင်ငံရေးအကျဉ်းသား
အားလုံးကိုချွင်းချက်မရှိလွတ်ပေးခြင်းဖြင့်၎င်းသာလွတ်မြောက်ရန်ဆန္ဒရှိပြီး။
(၃)နအဖမှစာနာထောက်ထားသောအားဖြင့်လွတ်ပေးခြင်းကိုလက်ခံမှလွတ်
မြောက်ရမည်ဆိုလျှင်ထောင်ထဲတွင်ပင်ဆက်လက်နေသွားမည်ဟုပြောဆိုထား
ကြောင်းသိရပါသည်။

မတရားချုပ်နှောင်ခံထားကြရသော်လည်းရဲရင့်စွာလွတ်မြောက်နေကြသူနိုင်ငံရေး
အကျဉ်းသားအားလုံးကိုဤသတင်းဆောင်းပါးဖြင့်ဦးညွတ်ဂုဏ်ပြုလိုက်ရပါသည်။
D-Wave

No comments:

Post a Comment