7.12.2008

“သမုဒ္ဒရာဝမ်းတထွာ”














ဒင်ကျီးတဝမ်းဗျိုင်းတဝမ်းဆိုတဲ့စကား
မှတ်သားခဲ့ဘူးတယ်။
ဒင်ကျီးဆိုတဲ့ငှက်ဟာ
တဝမ်းစာပြည့်ရှာဖို့
ငုတ်လိုက်ရတဲ့ရေ
မိုးသောက်ရောင်နီပျို့ကတည်းက
ညအိပ်တန်းပြန်ချိန်ထိပဲလေ။
ဗျိုင်းကတော့
ကတွတ်ပေါက်ကစောင့်
ငါးရောက်အလာမှာ
ဟော…………….
ဖြတ်ကနဲ့ဆို
သူကောက်မြိုပြီးသွားပြီ။
လောကမှာ
ဒင်ကျီးလိုဗျိုင်းလိုလူစားတွေ
အများကြီးတွေ့ခဲ့ဘူးတယ်
လူခြင်းတူပေမယ့်
အသက်ရှူကွဲပြားတဲ့အခါ
ဘဝကံခြားနားလို့
ရပ်တည်မှူတွေမတူကွဲပြားတာ
ကျွန်တော်နားလည်ခံစားနိုင်ပါတယ်။
ဒါပေမယ့်
အဲဒီဒင်ကျီးခမျာ
လည်ပင်းမှာကြိုးချည်ခံရရှာလို့
သူပင်ပန်းစွာငုတ်ရှာတဲ့ငါးကို
ခေါင်းပုံဖြတ်စားတဲ့သူတွေကိုမြင်တဲ့အခါ
ကျွန်တော့်ရင်မှာနာကျင်လာတယ်။
လူတွေဟာ
သမုဒ္ဒရာဝမ်းတထွာဆိုသမို့
ရှာဖွေလို့တော့မဆုံးနိုင်ဘူးပေါ့။
တကယ်စမ်းစစ်ကြည့်တော့
စားရတာက
မနက်တနပ်ညတနပ်ပါပဲ
အဲဒီထမင်းနှစ်နပ်မှာ
ရသာတဏှာကပ်လို့
အမြတ်ထုတ်တတ်တဲ့လူစားတွေ
တကယ်များမလာဖို့သာ
ကျွန်တော်ဆုတောင်းနေမိပါတယ်။
လူအချင်းလှည့်ဖြားခြင်းကင်းစွာ
ကမ္ဘာကြီးကျမ်းမာပါစေ။

ရွက်စိမ်း

No comments:

Post a Comment