11.21.2008

သူတို့အတွေးသူတို့အမြင်

အသီးတစ်ရာ အညှာတခု

ငယ်ငယ်တုန်းကကြားခဲ့ဖူးတဲ့သီချင်း၊ဖတ်ခဲ့ဖူးတဲ့ကဗျာ၊မှတ်လည်းမှတ်မိ၊မြင်လည်း
မြင်ယောင်နေဆဲပါ။ တစ်မိထဲ မွေးဖွားခဲ့ကြတဲ့ညီအစ်ကို မောင်နှမချင်းသာမက
အမွှာမွေးချင်းပင်လျှင်ဘ၀ပေးချင်းကွာခြားစွာ လူ့ဘ၀ကိုဖြတ် သန်းသွားကြရတာ
တွေကို ကျနော်တို့ပတ်ဝန်းကျင်မှာအားလုံးမြင်တွေ့ဖူးကြမှာပါ။

ရှစ်လေးလုံး(သို့မဟုတ်)တစ်ပါတီအာဏာရှင်စနစ်ကိုလူထုနည်းနဲ့လက်တွေ့ကျကျ
ဖြုတ်ချခဲ့နိုင်ခဲ့တဲ့ ပြည်သူ့ အောင်ပွဲ။ဒီမိုကရေစီလူထုအုံကြွမှုကြီးကိုယခုလက်ရှိအ
သက်သုံးဆယ်ကျော်နဲ့အထက်အရွယ်မှာရှိ နေကြသူ တွေအားလုံးအနည်းနဲ့အများ
တွေ့ ဖူး၊မြင်ဖူး၊ပါတ်သက်ခဲ့ဖူးသူချည်းဆိုရင်မှားမယ်မထင်ပါဘူး။

ဒါ့အပြင် ပင်ကိုယ်စိတ်ကြောင့်ဖြစ်ဖြစ်၊ မိဘအသိုင်းဝိုင်းကြောင့်ဖြစ်ဖြစ်၊ ခံစားချက်၊
ခံယူချက်တွေကြောင့်၊ မျိုး ဆက်သစ်တွေတောင်မှ တော်လှန်ရေးနယ်ပယ်မှာ
အတောင်အလက်စုံလို့ ရှေ့ တန်းကိုထွက်လာခဲ့ကြပြီး မြန်မာနိုင်ငံရဲ့  အ ရှေ့ 
အနောက် တောင်မြောက် အရပ်လေးမျက်နှာမှာ အာဏာသက်ကြာ မြန်မာစစ်
အစိုးရ ကိုတော်လှန်နေကြ တဲ့တိုင်းရင်းသားတော်လှန်ရေးအင်အားစုများသာမက
အဖွဲ့များစွာလည်းတိုက်ပွဲဝင်နေ ကြတာအားရစရာ ကောင်းပါတယ်။

ထိုထိုသော အရောင်အမျိုးမျိုး ခေါင်းစဉ်အသွယ်သွယ်တပ်ပြီး စစ်အာဏာရှင်ပြုတ်
ကျရေးလှုပ်ရှားနေကြ သူတွေ ထဲမှာ၊ ဘယ်နှစ်ဖွဲ့၊ဘယ်နှစ်ယောက်၊ဘယ်မျှအထိ
မြန်မာမြေပေါ်က စစ်အာဏာရှင်ပြုတ်အောင် အသက်ပေး၍ ဘ၀ပေး၍
တိုက်မည်၊ဒီမိုကရေစီမရမချင်းငါမသေ၊ငါမနေဆိုတဲ့ တိုင်းပြည်နဲ့လူမျိုးအတွက်
ပေးဆပ်ရဲသူ၊ ပေး ဆပ်လိုသူ၊ ဘယ်လောက်ရှိသလဲ၊ဘယ်သူတွေလဲ၊ကြည့်ဖို့
လိုအပ်နေတယ်ထင်လို့ ကျ နော်တို့ပတ်ဝန်းကျင်၊ တော်လှန်ရေးအခင်းအကျင်းတို့
ကိုလေ့လာစောင့်ကြည့်တော့၊ အနေအထားအမျိုးမျိုးတွေကိုမမြင်ချင်အဆုံး၊ မသိချင်အဆုံးသိလာရတော့တယ်၊ပုဂ္ဂိုလ်စွဲ၊လူမျိုးစွဲမပါ၊ဓမ္မဓိဌာန်ကျကျ
ပြောချင်တယ်၊ ကိုယ့်အမြင်၊ ကိုယ့်အရေးအသားအတွက်ကိုယ်တာဝန်ယူပါတယ်။

မသိတဲ့လူတွေ၊အံ့သြကုန်မယ်၊ဟုတ်တဲ့လူတွေဒေါသထွက်ထာထက်ကျော်လွန်မယ်၊
လွတ်လပ်စွာရေးသားထုတ်ဝေမှု၊လိုလားကြသူတွေ၊ဟုတ်မဟုတ်သက်သေထူဖို့တော့
လိုပါလိမ့်မယ်။တီကောင်ကိုဆားနဲ့ပက်သလိုများဖြစ်သွားရင်၊အားတော့နာပါတယ်။အမှန်
ကိုခံနိုင်တဲ့သတ္တိနဲ့ကိုယ်အမှားကိုကိုယ်သိလို့ပြင်ဆင်ရင်တော့အကျိုးရှိပါလိမ့်မယ်။ခပ်ပါး
ပါးလေးပဲဆားပွင့်နည်းနည်းပက်ကြည့်ကြစို့ရဲ့ ။ ရှစ်လေးလုံးလူထုအုံကြွမှုကြောင့်
ဦးနေ၀င်းရဲ တစ်ပါတီအာဏာရှင်စနစ်ပြည်သူ့ခြေဖ၀ါးအောက်ဘုန်းဘုန်းလဲခဲ့ရသော်
လည်း၊အတွေ့အကြုံနည်းပါးတဲ့ခေါင်းဆောင်ငယ်တွေရဲ့ အားနည်းချက်တွေ၊နိုင်ငံရေး
သမားကြီးတွေရဲ့သူရဲဘောကြောင်မှုတွေကြောင့်အရပ်သားအစိုးရတစ်ရပ်ကိုမတည်
ထောင်နိုင်ခဲ့ကြပါ။အခြေအနေကိုသိတဲ့စစ်အာဏာရှင်တွေကအကွက်စေ့စေ့အာဏာ
သိမ်းလိုက်တော့လှုပ်ရှားတက်ကြွသူများဟာမြန်မာပြည်မှာဆက်လက်နေထိုင်လို့မဖြစ်
နိုင်တော့တာကြောင့်နီးစပ်ရာအရပ်လေးမျက်နှာကိုအိုးပြစ်၊အိမ်ပြစ်၊မိသားစုများကိုထား
ရစ်ခဲ့ပြီးထွက်ခွာလာခဲ့ကြရတယ်။စစ်အာဏာသိမ်းပြီးနောက်ပိုင်း၊ပညာတစ်ပိုင်းတစ်စနဲ့
ထွက်ခွာလာခဲ့ရတဲ့ကျောင်းသား/ကျောင်းသူတွေဟာငယ်ရွယ်နုပျိုထက်မြက်တန်ဖိုးရှိတဲ့
အသက်အရွယ်တွေကို၊ အစားဆင်းရဲ၊ အနေဆင်းရဲစွာနဲ့ပေးဆပ်ခဲ့ကြရတယ်။ ဘဝ
တွေပျက်၊ အသက်တွေသေခဲ့ကြရပေမယ့်အပြောကျယ်တဲ့တော်လှန်ရေးခရီးကြမ်း
ကိုယခုတိုင်ကူးခတ်၊လှော်ကြရဆဲဖြစ်တယ်။

တဖြည်းဖြည်းချင်း ကျောင်းသား/ကျောင်းသူများ၊တက်ကြွလှုပ်ရှားသူများစွာထွက်ခွာ
မစဲဖြစ်နေခဲ့တယ်။ ၁၉၉၀ပြည့်ရွေးကောက်ပွဲရလဒ်ကိုအကောင်အထည်ဖေါ်ဆောင်ခြင်း
မရှိရုံသာမကပါတီများကိုအတင်းအကျပ် ဖျက်သိမ်း၊ ရွေးကောက်ခံပြည်သူ့လွှတ်တော်
ကိုယ်စားလှယ်တွေရဲစီးပွားရေး၊သားသမီးအရေးကိစ္စများကိုဖိအာပေးအကျပ်ကိုင်ပြီး
နုတ်ထွက်ခိုင်းတယ်။ဖမ်းဆီးထောင်ချတယ်။နောက်ဆုံးတော့နိုင်ငံရေးပါတီဝင်တွေ၊
လွှတ်တော်ကိုယ်စားလှယ်တွေအတော်များများလည်းပြည်ပကိုထွက်ခွာလာခဲ့ကြ
ရတယ်။

နိုင်ငံရဲစီးပွားရေးကို စနစ်တကျစီမံခန့်ခွဲဖို့ မတတ်တာရယ်၊ သွင်းကုန်/ထုတ်ကုန်နဲ့
အကျိုး အမြတ်များစွာ ရှိတဲ့ စီးပွားရေးလုပ်ငန်းကြီးတွေကိုလည်း ဗိုလ်ချုပ်ကြီများ
မိသားစုတွေကသာ လက်ဝါးကြီးအုပ်လုပ်ကိုင်နေကြတာကြောင့် တစ်နေ့ထက်
တစ်နေ့စီးပွားရေးကျပ်တည်းမှုတွေ မြင့်တက်လာခဲ့တယ်။ မြန်မာနိုင်ငံသားတွေဟာ
ပြည်ပ ထွက်ခွာအလုပ်လုပ်ကိုင်လာကြရတယ်။

ဒီလိုနဲ့ နိုင်ငံရေး စီးပွားရေး ဘာသာရေး အမျိုးမျိုးသောအကြောင်းတွေကြောင့်
အိမ်နီချင်းတိုင်းပြည်တွေမှာမြန်မာရွေ့ ပြောင်းအလုပ်သမားတွေ မရှိတဲ့နိုင်ငံဆိုတာ
မရှိတော့ပါဘူး။ ထိုင်းတစ်နိုင်ငံတည်းမှာ မြန်မာအလုပ်သမားသန်းချီရှိနေတယ်လို့
အင်ဂျီအိုတွေနဲ့ ထိုင်းအစိုးရတို့က ပြောနေကြတယ်။

ပြည်တွင်းကအဖိနှိပ်ခံ မြန်မာနိုင်ငံသားတွေဟာ၊ စစ်အာဏာရှင်လက်အောက်က
တစ်နေ့လွတ်မြောက်နိုးနဲ့မျှော်လင့်လာလိုက်ကြတာအနှစ် နှစ်ဆယ်တိုင်ခဲ့ပါပြီကော။
ပြည်သူတွေမှာ နေစရာမရှိ၊စားစရာမရှိ၊၀တ်စရာမရှိ၊ပညာမသင်နိုင်၊ဆေးဝါးကုသ
စရာမရှိ၊ဘ၀လုံခြုံရေးမရှိ။ နောက်ဆုံးကိုယ်အသက်ကိုတောင် အာမခံမရှိတဲ့
အခြေအနေကို တဖြည်းဖြည်းရောက်လာခဲ့ရတယ်။ စစ်အာရှင်တွေဟာသူတို့အာဏာ
တည်မြဲရေးအတွက် လုပ် သထက်လုပ်ပြီး၊ခိုင်သထက်ခိုင်ခန့်လာခဲ့တယ်။အာဏာ
တည်မြဲရေးအတွက်ဘုန်းကြီးမကလို့၊ မြတ်စွာဘုရား ကိုယ်တော်တိုင်ကြွလာရင်လည်း၊
ပစ်သတ်ဖမ်းဆီးမှာပဲ။ ရှင်းတယ်၊ ရန်သူကို ရန်သူလိုအပြတ်ရှင်းတယ်။

အတိုက်အခံတွေကော ဘယ်လောက်ရောက်နေကြပြီလဲ။ တိုင်းပြည်ကကိုထွက်လာ
ကြတုန်းကတော့ အာဏာ ရှင်ပြုတ်ကျရေးဆိုခဲ့ကြပေမယ့်အနေကြာ၊အဖြေရှာလာ
ရတာက၊ (၁)လုံခြုံရေး (၂) စာဝတ်နေရေး (၃)အလုပ် အကိုင်ရရှိရေးတွေက
မရှိမဖြစ်လိုအပ်လာခဲ့တယ်။

ဒါကြောင့် နီးစပ်ရာ။ ရရာလုပ်ငန်းခွင်နေရာအသီးသီးမှာ ၀င်ရောက်ပြီတော့
အသက်မွေးကြရတော့တယ်။အဆက်အစပ်၊ ၀ါသနာ၊ အဆင့်အတန်းအရည်အချင်း
အလိုက် အချို့ ကအင်ဂျီအိုကိုယ်ပိုင်ထောင်၊ အချို့ ကအင်ဂျီအိုတွေမှာဝန်ထမ်းဝင်လုပ်၊
အချို့ ကသတင်းမီဒီယာနယ်ပယ်၊ အချို့ ကငတ်တစ်လှည့်ပြတ်တစ်လှည့်
နိုင်ငံရေးဆက်လုပ်၊ အချို့ တတိယနိုင်ငံတွေကိုထွက်ခွာသွားခဲ့ကြတယ်။ ဒီမိုကရေစီ
တော်လှန်ရေးကြီးနှစ်တွေကြာလာတော့လည်း တစ်ချို့ ကစိတ်ကုန်၊ တချို့ က
မိုက်ကုန်ကြတော့တာပဲ။ သားစဉ်မြေးဆက် လက်နက် ကိုင်တော်လှန်ရေးဆင်နွှဲ
လာခဲ့ကြတဲ့အချို့ တပ်တွေကနအဖပေးတဲ့တစ်နပ်စာ၊တစ်သက်စာအခွင့်အရေးကိုသွား
ရည်ကျပြီး တောထဲမှာအာဏာရှင်ကိုတိုက်ခိုက်ရင်းသေသွားခဲ့တဲ့ ဖခင်ရဲ့ မြေစာပုံနဲ့
စစ်သားတွေ မုဒိမ်းကျင့်လို့ မိမိကိုယ်သတ်သေသွားခဲ့တဲ့ညီမလေးရဲ့ မြေစာပုံ
တွေကိုကျောခိုင်းပြီးအကာအကာမဲ့နေကြတဲ့ရပ်ရွာကကိုယ့်လူမျိုးတွေကိုလစ်လျုရှုလိုက်
ကြတာတွေရှိလာတယ်။ဒီအထဲမှာအချို့ ကကိုယ်နယ်ကထွက်ကုန်ကိုထုတ်၊ကိုယ့်လူမျိုး
ကိုဒုက္ခပေး၊ အချို ကအနှစ်နှစ်အလလစားသောက်နေထိုင်၊မွေးဖွားကြီးပြင်းလာခဲ့တဲ့
နယ်မြေမျက်နှာကိုမှမထောက်၊ နအဖ နဲ့ပေါင်းပြီးတော့လာတိုက်ကြသူတွေလည်းရှိရဲ့ ။

(လူဟစ်တာကတော့၊ နိုင်ငံရေးကိုနိုင်ငံရေးနည်းအတိုင်း ဖြေရှင်းမှရမယ်ဆိုပဲ။ ပြီးတော့
လက်နက်ကိုင်တဲ့ဗုဒ္ဓဘာသာအဖွဲ့ဆိုတာလည်းရှိတယ်ဆိုပဲ။ဘယ်ဘုရားက လက်နက်ကိုင်
ခိုင်းလဲမသိဘူး။)တော်လှန်ရေးနယ်မြေမှာနေခဲ့ပြီးနအဖ ထံမှာဒူးထောက်အလင်းဝင်ဖေါက်
ပြန်သွားကြသူများလည်းရှိခဲ့ကြတယ်။ နယ်စပ်ဒေသမှာလုံခြုံရေးစိတ်မချရလို့ တတိယနိုင်ငံ
ကိုထွက်ခွာသွားကြသူများစွာလည်းရှိခဲ့တယ်။

ဖွံ့ဖြိုးပြီးနိုင်ငံကြီးတွေရဲ့တတိယနိုင်ငံအခြေချစီမံကိန်းကြီးပေါ်လာတော့၊ဒုက္ခသယ်အစစ်ထက်
စခန်းတာဝန်ခံ/ပွဲစားတွေနဲ့လက်ဝါးရိုက်ပြီး ထွက်သွားကြတဲ့ဒုက္ခသည် အတုတွေကအများကြီး။
မဲဆောက်ဘန်ကောက် ၊ ချင်းမိုင် မြို့ တွေမှာ အိမ်ဖေါ်လုပ်ရင်း၊ ပန်းရံလုပ်ရင်း၊ ပွဲစားလုပ်ရင်း၊
ဒေါ်အောင်ဆန်းစုကြည်မိန့်ခွန်းတွေနားထောင်၊ လွတ်မြောက်နယ်မြေထုတ်စာစောင်တွေအာ
ဂုံဆောင်ပြီးလုပ်သွားလိုက်ကြတဲ့နိုင်ငံရေးဒုက္ခသည်အတုတွေ အတုတွေ မရေတွက်နိုင်အောင်ပါ။
အတုဖြစ်ဖြစ်၊အစစ်ဖြစ်ဖြစ်တတိယနိုင်ငံကို ထွက်ခွာသွားကြသူတိုင်းပြောခဲ့တဲ့စကားတွေက
စာအုပ်ရရင်ပြန်လာမယ်၊ အလုပ်လုပ်ရတာနဲ့ကိုယ့်အဖွဲ့၊ ကိုယ်လူတွေကိုပြန်ပြီးထောက်ပံ့မယ်
လို့ပြောခဲ့တာပါ။

တတိယနိုင်ငံရောက်မှဒီကောင်တွေ(နအဖ)တွေကိုအပြုတ်ချမယ်။ ဆိုတာတောင်ပါသေးတယ်။
ဒါပေမယ့်ဒုက္ခသည်အဖြစ်တတိယနိုင်ငံကို ရောက်သွားကြတဲ့လူတွေထောက်ပံ့လို့ထိုင်း၊
မလေးရှား၊အိန္ဒိယနိုင်ငံတွေမှာထုတ်ဝေနေရတဲ့စာစောင်၊ ရပ်တည်နေရတဲ့အဖွဲ့လို့မကြားမိသေးဘူး။

ကျနော်နဲ့ရင်းနှီတဲ့မိတ်ဆွေတစ်ယောက်ကပြောတယ်(တတိယနိုင်ငံကိုထွက်သွားကြသူတွေ
ဟာသူတို့စီးနင်းလိုက်ပါသွားတဲ့ လေယာဉ်ပေါ်မှာကျွေးတဲ့အစာရေစာတွေထဲမှာ မေ့ဆေး
တွေပါတယ်)ဆိုပဲ။ဟိုခုန်ဒီကူးနဲ့အရည်အချင်းရှိလို့ဖြစ်ဖြစ်၊ အပေါင်းအသင်းရှိလို့ဖြစ်ဖြစ်အ
ချို့ ဆိုလစာကောင်းတဲ့အင်ဂျီအိုဝန်ထမ်းလုပ်နေကြတယ်၊သတင်းမီဒီယာနယ်ပယ်ကိုဝင်
ရောက်သွားကြတယ်။အဖွဲ့အစည်းကြီးကြီး၊ပညာတတ်အသိုင်းအ၀ိုင်းတွေက အဆီနဲ့
တ၀င်းဝင်း၊မီဒီယာတွေမှာနားတောင်လို့ကောင်းပေ့ စကားလုံးတွေနဲ့ နေ့တိုင်းပြော
နေကြတယ်။

ပါးစပ်ကစည်းလုံးရေး၊ တန်းတူရေး၊ ငတ်နေကြတဲ့တော်လှန်ရေးနယ်ပယ်က
ရဲဘော်အစစ်အမှန်တွေကို ထမင်းတစ်နပ်ကျွေးဖူးကြပါရဲ့ လား။ ရုံးခန်းခမ
ပေးနိုင်တဲ့အလုပ်သမားအဖွဲ့လေးတွေ၊ တော်လှန်ရေးသမားတွေကို ဆေး
လိပ်တစ်ထုပ်၊ အခန်းခတစ်လစာများပေးဖူးကြရဲလားမေးကြည့်ကြပါ။

(သူတို့ပြောနေကျစကားတစ်ခုက နိုင်ငံတကာမိသားစုတွေနဲ့ ကုလသမဂ္ဂ
တွေကို ကျနော်တို့ပြောနေတယ်)အဆင့်သင့်လို့မီဒီယာသမားလို့ပြောနေ
ကြတဲ့ လူတွေကကော၊မီဒီယာလွတ်လပ်ခွင့်ဘာညာပြောနေကြတယ်
ပြည်ပမှာမဟုတ်တာလုပ်နေကြတဲ့သူတွေရဲ့ အရှုပ်အထုပ်တွေကိုကော
ဖေါ်ပြဖူးတာရှိကြရဲ့ လား။ ပါတီအဖွဲ့အစည်းတွေမှာလုပ်ခဲ့ပေမယ့်
တစ်နေ့က ပဲသတင်းထောက်လုပ်တယ်။ ဒီနေ့ဆိုရင် (ပရော်ဖက်ရှင်နယ်
သတင်းထောက်၊ကျုပ်ကသတင်းသမား၊နိုင်ငံရေးနဲ့မဆိုင်ဆိုပဲ)
(ပြောနေကျစကားကသတင်းသမားဆိုတာ နအဖမကောင်းတာ
ကိုပြောပြီး ဒီဘက်ကလူတွေ မဟုတ်တာလုပ်တာကို ပြောရင်နအဖ
အားရသွားမယ်တဲ့)အစပိုင်းကပြောခဲ့သလို ရှစ်လေးလုံးနဲ့
တစ်နည်းမဟုတ်တစ်နည်း ပါဝင်ပါတ်သက်ခဲ့ကြတဲ့ လူတွေအချင်းချင်း
နယ်စပ်မှာတစ်နှစ်တောင်လက်နက်မကိုင်ခဲ့ဖူးဘူး၊ ဘာသာစကားတတ်လို့၊
အဆက်အစပ်ကောင်းလို့၊ အင်ဂျီအို မှာလခကောင်းကောင်းရလို့ဝင်လုပ်တယ်။

အင်ဂျီအိုမှာလုပ်ရင်အန်ဂျီအိုဝန်ထမ်းပေါ့၊အရည်အချင်းရှိလို့ဖြစ်တာ။ ကိုယ်က
အင်ဂျီအိုမှာလုပ်နေတာ၊ နအဖ အနှစ်နှစ်ဆယ်အုပ်ချုပ်နေတာကို၊ သူတို့အနှစ်
နှစ်ဆယ်တော်လှန်ရေးလုပ်နေတယ်လို့ ပြောင်းပြန်ပြောနေသူတွေလည်း ရှိပါရဲ့ ။

အလုပ်သမားအရေးလုပ်တဲ့လူကလည်း အလုပ်သမားခေါင်းဆောင်။ အလုပ်သမား
အေ၇းဆောင်ရွက်သူ၊ ဒါမှမဟုတ် နိုင်ငံတကာအလုပ်သမားအဖွဲ့ နဲ့အခြားနိုင်ငံတကာ
သိအောင် လော်ဘီလုပ်ရင်လည်းလုပ်တယ်ပေါ့။

ရှင်းရှင်းလေးပဲ။ခုတော့ဒီလိုမဟုတ်ကြဘူး။ ကိုယ်ရပ်နေတဲ့အရပ်ဒေသ၊ လုပ်နေတဲ့
အလုပ်ကို ပုတ်သင်ညိုလိုအရောင်တွေပြောင်းချင်သလို ပြောင်းနေကြတော့တယ်။
နိုင်ငံရေးသမားနဲ့တွေ့တော့ကျုပ်က စစ်အစိုးရကိုတော်လှန်နေတာအနှစ်နှစ်ဆယ်ရှိပြီ။
(ကိုယ်လုပ်နေတာက အင်ဂျီအိုဝန်ထမ်း၊အသံလွှင့်(သို့မဟုတ်)ပုံနှိပ်မီဒီယာ)
နိုင်ငံရေးသမားတွေကလည်း ကျုပ်ကပြည်သူ့လွှတ်တော်ကိုယ်စားလှယ်(မန်းဒိတ်ရ)
ငါတို့ကိုကျော်လုပ်လို့မရ။ငါအမတ်၊သူငါးမူး စတိတ်မင့်ထုတ်နေတာသိတယ်မဟုတ်လား။

ထိုင်းမှာအချို့  အဖွဲ့ အစည်းတွေရှိတယ်။ နိုင်ငံတကာအပါအ၀င်၊ ဒေသခံထိုင်းလူမျိုးတွေနဲ့
အသစ်အသစ်သောလူတွေ၊ အဖွဲ့တွေနဲ့မိတ်ဆက်ပေးရမယ့်အစား၊ အချင်းချင်းရိုင်းပင်းကူညီ
ကြရမယ့်အစား၊ ငါလုပ်နေတယ်ငါတို့အဖွဲ့သာ လုပ်နိုင်တယ်ဆိုတာမျိုးတွေလုပ်နေကြတယ်။

နအဖလုပ်သလိုပြည်ထောင်စုဖြစ်နေတယ်။ ငါတို့အောက်မှာလုပ်။ အာဏာရှင်ဆန်ဆန်
လို့ပဲဆိုဆို၊ ကိုယ့်ကိုကိုယ်ရှေ့ တန်းတင်ချင်သူလို့ပဲပြောပြော၊ တစ်ကိုယ်
ကောင်းဆန်ချင်ကြတယ်။ ထိုင်းနိုင်ငံမှာမြန်မာအလုပ်သမားသန်းချီရှိတာ
ဒီအလုပ်သမားအဖွဲ့လောက်နဲ့နိုင်မနိုင်စဉ်းစားသင့်ကြပါတယ်။ နေရာတိုင်းမှသမဂ္ဂတွေ
အားကောင်းလေကောင်းလေပဲမဟုတ်လား။ အဆင်အစပ်ရှိလာလို့ထိုင်းရှေနေတွေ၊
ထိုင်းအလုပ်သမားသမဂ္ဂတွေကို အလုပ်သမားကိစ္စတစ်ခုပေါ်လာလို့ တိုက်ရိုက်များ စကားပြောမိရင်နောင်တော်အဖွဲ့တွေ၊အစ်မတော်အဖွဲ့တွေကရွှေစိတ်တော်အလိုမကျရုံမျှ
မကခေါ်၍ပင်ဆဲတော့တာပဲဗျာ။ပူးတွဲဆောင်ရွက်ဖို့နေနေသာသာ၊ဒီကိစ္စဘယ်လိုလုပ်ရင်
ကောင်းမလဲ၊ဘယ်အဖွဲ့တွေနဲ့ လုပ်ရင်ကောင်းမလဲလို့ အကြံဉာဏ်ကလေးတောင်းမိပါ
တယ်၊အဲဒီစ္စနဲ့ပါတ်သက်တဲ့ဓါတ်ပုံတွေအထောက်အထားတွေကိုအီးမေးပို့ပေးဖို့ညွှန်ကြား
တတ်ကြပါတယ်။ဖြစ်နေတဲ့အလုပ်သမားတွေမှာရှိ/မရှိ နဲ့အလုပ်သမားအရေးလုပ်နေကြ
တဲ့သူတွမှာ၊အီးမေးသုံးနိုင်ရဲ့ လား၊အလုပ်သမားတွေကတစ်နေရာမှာ၊ဆိုတာ
တွေကိုနားလည်းပေးခဲကြတယ်။ဒါဖြစ်ချင်ရင်ဒါတွေပေးဆိုတဲ့သဘော။ဘယ်လိုလုပ်၊
ဘယ်ကိုဆက်သွယ်ပါဆိုတာလေးလောက်ပြောဖို့အရေး၊မြန်မာနိုင်ငံကရုံးတွေမှာလိုပါပဲ။

လုပ်နေကြသမျှ၊လုပ်နိုင်ကြသမျှအကောင်းတွေ၊လူတော်တွေချည်းပါပဲ။ ဒါပေမယ့်ကိုယ်
လုပ်တာကိုပြောပါ။ငါတို့တွေမြန်မာနိုင်ငံဒီမိုကရေစီရရှိရေးကိုလုပ်နေကြတာလား၊နိုင်ငံ
ရေးသမားလား၊အလုပ်သမားအရေးဆောင်ရွက်နေသူလား၊လူ့အခွင့်အရေးလား၊အင်ဂျီအို
မှာလုပ်နေတဲ့ဝန်ထမ်းလား၊သတင်းဌာနမှာလုပ်နေတဲ့မီဒီယာလုပ်ငန်းလား၊စာရေးဆရာ
လားခွဲခွဲခြားခြားကိုယ်ဘယ်နေရာမှာလဲ၊ဆိုတာလေးကိုတော့ဝန်ခံဖို့၊သိဖို့လိုအပ်
ပါတယ်။လုပ်နေတဲ့အလုပ်အတိုင်းမှန်မှန်ကန်ကန်ပြောသင့်ပါတယ်။

အလားတူ မိမိဆက်ဆံနေတဲ့လူကိုလည်း နိုင်ငံရေးသမားလား၊လူ့အခွင့်အရေးးသမားလား၊
သတင်းမီဒီယာသမားလား၊အင်ဂျီအိုမှာလုပ်နေတဲ့ဝန်ထမ်းလား၊အလုပ်သမားအရေးဆောင်
ရွက်နေတဲ့လူလား၊အလုပ်သမားအရေးကိုမဆောင်ရွက်ပဲလော်ဘီလုပ်နေတဲ့အဖွဲ့လား၊စာရေး
ဆရာလားသေသေချာချာ၊သိသိမှတ်မှတ်ဆက်ဆံ၊ဖို့လိုအပ်မယ်လို့ထင်ပါတယ်။မိမိကိုယ်လည်း
ခွဲခြားမသိ၊ကိုယ်ဆက်ဆံရသူကိုလည်းခွဲခြားမမြင်၊ဆိုတော့၊ထိုပုဂ္ဂိုလ်တွေကိုတော့မသိ၊အပြင်
လူတစ်ယောက်အနေနဲ့ ရူးကြောင်ကြောင်ဖြစ်သွားနိုင်ပါတယ်။မြန်မာနိုင်ငံဒီမိုကရေစီ
ရရှိရေးလည်း အဖျားရှူးသွားနိုင်ပါတယ်။

ကိုယ်လက်ရှိရောက်ရှိနေတဲ့အနေအထားမှာ ကိုယ့်ဘ၀ကြီးပွါးချမ်းသာရေးလား၊မြန်မာနိုင်ငံ
အဖြစ်အပျက်ကိုပြ/ပြောပြီး ဒိုနာတွေဆီက ဒေါ်လာရှာနေတာလား၊ကိုယ်နာမည်ကြီးဖို့အ
တွက်လား၊တကယ်ဖြစ်ချင်တကယ်လုပ်အဟုတ်ဖြစ်ရမည်ဆိုတဲ့စကားကိုစံထားပြီးတိုင်း
တာရင် အထက်ကအချက်တွေနဲ့အချိန်ကုန်နေခဲ့ကြတာလား၊ဒီမိုကရေစီရအောင်၊မြန်မာ
မြေပေါ်မှာ စစ်အာဏာရှင်ပြုတ်ကျအောင် ကျားခဲ ကျားကုတ်လုပ်ခဲ့ရဲ့ လား၊လုပ်နေရဲ့ လား၊သိရှိကြလိမ့်မယ်လို့ယူဆပါတယ်။ပြည်ပမှာအဖွဲ့ အစည်းတွေမှန်သမျှ၊လုပ်နေ
ကြသူတော်တော်များများကိုဖုန်းဆက်ကြည့်ပါလား။အောင်မြလေး………ဖုန်းတောင်ပြော
ဖို့မအားကြပါတဲ့ ၊အဲဂလောက်တိုင်းပြည်လွတ်မြောက်ရေးအတွက်အဖွဲ့အစည်းတိုင်း
လူပုဂ္ဂိုလ်တိုင်းလုပ်နေကြမယ်ဆိုရင်၊ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့ဟာပုံပြင်ထဲကိုရောက်
သင့်ပါပြီ။

ဂွအကျဆုံးကကိုယ်လုပ်တဲ့အလုပ်ကိုကိုယ်မသိသေးကြတာလားမသိချင်ယောင်ဆောင်
တာလား၊ကျနော်ထင်တာကတော့သူတို့တွေအလုပ်ရှုပ်နေတာဟာ။မဟုတ်တာအတွက်
လည်းလုပ်နေကြသလို၊ဟုတ်တာတွေအတွက်လည်းလုပ်နေရလို့ထင်ပါတယ်အဲဒီမှာ၊လူ
တစ်ယောက်ကအလုပ်နှစ်ခုကိုလုပ်၊သိစိတ်က၊မသိစိတ်ကိုလိမ်၊နေရလေတော့၊ကိုယ့်စါရင်း
ကိုကိုယ်ရှင်းရင်း၊အလုပ်တွေပိနေကြတယ်လို့ထင်ပါတယ်။ဒီမိုကရေစီအရေးတိုက်ပွဲဝင်နေ
ပါတယ်ဆိုတဲ့ပုဂ္ဂိုလ်တွေ ကဒီမိုကရေစီနဲ့မိုင်ပေါင်းဘယ်လောက်အကွာ ပင်လယ်ပြင်ကို
ဗဟိုပြုနေကြသလဲ၊အာဆီယံ၊နဲ့ကုလသမဂ္ဂလေပြေ လေညှင်းလောက်ကိုတော့ နအဖ တို့ကအပျင်းပြေပေါ့။အီးယူနဲ့အမေရိကန်လေပြင်းတို့ကိုလည်းကျွန်းသစ်ထီးရိုးနဲ့သဘာဝ
ဓါတ်ငွေ့ပိတ်စကိုမိုးပြီး၊ကျောက်စီးပတ္တမြားစီးချယ်ပြီးထီးကိုင်းတွေရဲ့ အဖျားမှာ
တရုတ်၊ရုရှားနဲ့ကိုးရီးယားဘုသီးလေးတွေတပ်ဆင်ထားတဲ့ထီးကိုဆောင်းထားလေ
တော့၊နအဖအာဏာ၊တစ်လက္မတောင်မရွေ့ နိုင်ခဲ့ပါဘူး။နအဖကိုနာဂစ်တိုက်ခတ်မှုလောက်
ဒါမှမဟုတ်ဆူနာမီပင်လယ်လှိုင်းလုံးတို့လိုပြင်းအား မရှိလို့ကတော့တုတ်တုတ်လှုပ်
မှာမဟုတ်ဆိုတာကိုလက်ခံကြဖို့လိုမယ်ထင်ပါတယ်။

နအဖတို့ကသူတို့အာဏာကိုထိပါးလာသူတွေ၊ထိပါးမဲ့အဖွဲ့တွေကို၊ဘယ်လိုချေမှုန်းရမယ်၊ဘယ်
လိုအပြတ်ရှင်းရမယ်၊ဒီနည်းနဲ့မရရင်၊ဟိုနည်းနဲ့ရှင်းပြစ်ရမယ်ဆိုတာ၊စီမံကိန်းချ၊အကွက်ချပြီး
အတိုက်အခံအင်အားစုဟူသမျှတို့ကိုပြတ်ပြတ်သားသားချေမှုန်သုတ်သင်းပစ်ပါတယ်။ကျွန်ုပ်
တို့အတိုက်အခံတွေဘက်ကတော့၊ကုလသမဂ္ဂလုံခြုံရေးကောင်းစီကအရေးယူလာမှာကိုယခု၊
နှစ်နှစ်ဆယ်တိုင်အောင်မျှော်လင့်နေကြတာကလွဲပြီးအခြားလမ်းကြောင်းများအဆင်သင့်ပြင်
ဆင်နေကြတာမတွေ့ရသေးပါဘူး။နအဖတို့ကတော့တရားတာတွေ/မတရားတာတွေကို
ထည့်စဉ်းစားသူတွေမဟုတ်ဘူး။

၂၀၁၀မှာနန်းသိမ်းပွဲခံမယ်ဆိုတာမြင်နေရပြီ။အတိုင်အခံအုပ်စုတွေဘက်က၂၀၀၉မှာငါတို့
စစ်အာဏာရှင်ကိုပြုတ်အောင်တိုက်မယ်ဆိုတဲ့စိန်ခေါ်နိုင်လောက်တဲ့သတ္တိရှိသေးဟန်မတူသေး
ပါဘူး။အစီအစဉ်တွေရှိဟန်မတူသေးဘူး။ဘာအတွက်ဘာလုပ်ရမယ်ဆိုပြီးနိုင်ငံတကာအင်ဂျီ
အိုတွေဆီမှာငွေရှာဖို့လောက်သာအကွက်ရှာနေကြတာတွေရှိပါတယ်။

အဖိနှိပ်ခံမြန်မာနိုင်ငံသားများအတွက်သာတကယ်ပြတ်ပြတ်သားသားရည်ရွယ်ရင်တော်လှန်
ရေးဒီအသီးတွေဟာမြန်မာနိုင်ငံဒီမိုကရေစီရရှိရေးအညှာတစ်ခုတည်းအတွက်ထာဝရလှပ
ဝေဆာနေမှာပါ။

၂၀၁၀ ဆိုတာ ရက်ပေါင်းငါးရာတောင်မရှိတော့ဘူးဆိုတာကိုတော့
အမြဲသတိရှိကြစေချင်ပါတယ်ဗျာ….။

ပေးပို့သူ….မင်းရန်နိုင်(ဘန်ကောက်)

No comments:

Post a Comment