8.18.2008

ပြောပါ


တချို့က

ရိက္ခာအတွက်

မိစ္ဆာဖက်တယ်။

တချို့က

ရိက္ခာအတွက်

သိက္ခာဖျက်တယ်။

တချို့က

ရိက္ခာအတွက်

အိပ်ယာပျက်တယ်။

တချို့က

ရိက္ခာအတွက်

လိပ်ပြာရှက်တယ်။

ကဲ

ကဗျာဆရာ

ဘယ်ထဲမှာ

သင်ပါသလဲပြောစမ်းပါ။

မောင်မောင်ငြိမ်းအေး

No comments:

Post a Comment