9.15.2008

ရွှေဝါရောင်စပါးတွေရင့်မှည့်နေပြီညီမလေး


ငါတို့ ကိုးကွယ်တဲ့ ဆင်းတုကို
ခေါင်းရိုက်ခွဲသူ
ငါတို့  ဦးညွှတ်တဲ့တရားကို
လှံစွပ်နဲ့ ထိုးသူ
ငါတို့ ဝပ်တွားတဲ့ ဝတ္တကမြေကို
ကျည်ဆန်နဲ့ မီးလောင်တိုက်သွင်းသူ ။
လမ်းဘေး
တွေ့ ရာအုတ်ခဲနဲ့  ငါတို့ ပြန်ထုတယ်
ဒါ… အကြမ်းမှုတဲ့လား ။
ကြမ်းကြမ်းဖက်ထားကြ
ငါတို့ ရွက်တွေကို
ကြမ်းကြမ်းဖက်ထားကြ။
ကြမ်းကြမ်းဖက်ထားကြ
ငါတို့ တက်တွေကို
ကြမ်းကြမ်းဖက်ထားကြ ။
ရန်သူကိုရန်သူလို့ မခေါ်ရရင်
ငယ်ငယ်ဖတ်ဖူးတဲ့ ကာတွန်းထဲကလူရိုင်းတွေလို
ယူသန်…. ယူသန် လို့ ခေါ်မယ် ။
မစ္စတာဘန်ကီမွန်းရေ
အသက်ကယ်ဘောမပါတဲ့ ကမ္ဘာကြီးထဲ
ဘီကီနီမဝတ်ဘဲ
ရေနစ်နေတဲ့ ခေတ်တခေတ်ဟာ ငါတို့ ဖြစ်တယ် ။
မြင်ကွင်းတွေဟာ ဟင်းလင်းဘဲ
ဆောင်းဦးပေါက်ကွင်းပြင်မှာတော့
ရွှေဝါရောင်စပါးတွေဝင်းမှည့်နေပြီညီမလေး ။

သစ်ကောင်းအိမ်

No comments:

Post a Comment