11.14.2008

ခြေသော်လည်းမကြေ


ဒီမိုကရေစီအရေးလှုပ်ရှားသူ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်များကိုထောင်ဒါဏ်၆၅နှစ်တပေါင်းတည်းကျခံစေရန်အမိန်ချမှတ်လိုက်သည်

ဆိုသောစီရင်ချက်သည်အကျဉ်းထောင်အုတ်ရိုးများကိုကျော်လွန်၍ကမ္ဘာ

တဝှမ်းသို့ပြန့်နှံသွားခဲ့သည်ဟုဆိုရပါမည်။

အမိန့်ချမှတ်ခြင်းခံရသူများ၏မိဘဆွေမျိုးသားချင်းများကိုသာမကကမ္ဘာတဝှမ်းလုံးရှိ

ဒီမိုကရေစီနှင့်လူ့အခွင့်အရေးကိုလိုလားသူများ၏နှလုံးသားများကိုခြေမွလိုက်ေ

သည်။တုန်လှုပ်ကြေကွဲစေသည်။စစ်အာဏာရှင်သရုပ်၏အစွန်ဆုံးရက်စက်ကြမ်းကြုတ်

မှုသရုပ်ကိုမီးမောင်းထိုးပြလိုက်ခြင်းပင်ဖြစ်သည်။

နေပြည်တော်တနေရာမှဗိုလ်သန်းရွှေနှင့်တကွသောအာဏာရှင်တစုတို့ထိုအချိန်တွင်

ပြုံးပျော်နေနိုင်သည်လား။ကျွန်တော်တော့လုံးဝမထင်ပါ။ငယ်စဉ်ကဖတ်ခဲ့ဘူးသောမှန်

ကန်ခြင်းနှင့်ရဲရင့်ခြင်းဆိုသောဆောင်းပါးလေးကိုမှတ်မိနေသေးသည်။


မှန်ကန်သူသည်ရဲရင့်နိုင်သည်။ဝင့်ကြွားနိုင်သည်။မည်မျှပင်သြဇာအာဏာရှိသူပင်ဖြစ်စေ

အမှန်တရားနှင့်ကင်းကွာသောမတရားမှု(သို့)မသမာမှုတခုကိုလုပ်မိလေသောအခါ

ရင်ဆိုင်ယှဉ်ပြိုင်ဝံ့သောသတ္တိများဝေးရာသို့ရှောင်ခွာသွားလေ့ရှိသည်။သူတို့ဘာဖြစ်

နေမည်လဲ။ထိုမတရားသောလုပ်ရပ်အပေါ်တုန့်ပြန်သက်ရောက်မှု၏ဒီဂရီမည်မျှရှိလာ

မည်ကိုရင်မ၍စောင့်နေကြရမည်။


ပြည်တွင်းကပဲအုံကြွလာလေမလား။လုံခြုံရေးတွေတိုးမြှင့်ထားရလိမ့်မည်။ပြည်ပကပဲ

အတင်းဝင်စွက်ဖက်လာလေမည်လားဟုအရေးပေါ်တပ်လှန့်ထားရမည်။လူတွေကို

ချုပ်နှောင်ပင်ထားသော်ငြားလည်းတကယ်တော့သူတို့မနိုင်။


ကျွန်တော်မမြင်ရသော်လည်းမြင်ရဘိသကဲ့သို့သိနေသည်။ထိုကျောင်းသား

ခါင်းဆောင်များကြောက်လန့်သွားမည်လား။သူတို့ပြုံးပင်နေပါလိမ့်မည်။၆၅နှစ်

ဆိုသောထောင်သက်တမ်းအတိုင်းဆိုလျှင်သူတို့၏ဘဝများသည်ထောင်ထဲတွင်

ပင်ကုန်ဆုံးကြရမည်။သူတို့ကြေကွဲနေပါမည်လား။သူတို့သည်သံမဏိဖြင့်ဖွဲ့စည်း

ထားသူများမဟုတ်ပါ။သို့ရာတွင်ထိုထောင်အုတ်ရိုးများကသူတို့ကိုမခြောက်ခြား

စနိုင်။အမှန်တရားသည်သူတို့နှင့်တသားတည်းရှိသည်။မြန်မာပြည်သူလူထုများ

နှင့်တကမ္ဘာလုံးရှိဒီမိုကရေစီနှင့်လူ့အခွင့်အရေးကိုတန်ဘိုးထားသူများကသူတို့

ကိုအားပေးနေသည်။ကျွန်တော်မြင်ပင်မမြင်ရသော်လည်းသူတို့ရယ်ပွဲဖွဲ့နေကြ

သည်။


အမြင်မှာနအဖသည်ထိုကျောင်းသားခေါင်းဆောင်များကိုတရားမျှတသည်ဖြစ်စေ

မမျှတသည်ဖြစ်စေ။ဥပဒေနှင့်ညီညွတ်သည်ဖြစ်စေမညီညွတ်သည်ဖြစ်စေ။ထောင်

ဒါဏ်၆၅နှစ်စီအားရပါးရချမှတ်လိုက်ရသည်။ထို့အတွက်လူတွေသူတို့ကိုကြောက်လန့်

သွားမည်ဟုသူတို့မျှော်လင့်ထားသည်။ယခုမှမဟုတ်သူတို့သက်တမ်းတလျှောက်

ထိုသို့ပင်ဖိနှိပ်ကြမ်းကြုတ်စွာဖိနှိပ်ခဲ့ကြသည်။


ကျွန်းဆွယ်၊မှိုင်းရာပြည့်၊ဦးသန့်။၁၉၇၂၊၁၉၇၄စသည်စသည့်အရေးတော်ပုံကြီးများတွင်

ထိုသို့ပင်ဖိနှိပ်ခဲ့ကြသည်။ကြောက်ခဲ့ကြလျှင်၁၉၈၈ကဲ့သို့ကမ္ဘာကျော်အရေးတော်ပုံကြီး

ပင်မပေါ်။ထိုမှကြားထဲတွင်ဆက်လက်ဖိနှိပ်ခြင်းအောက်ဒူးထောက်ခဲ့လျှင်စက်တင်ဘာ

ရွှေဝါရောင်တော်လှန်ရေးပင်မဖြစ်။ထိုအရေးတော်ပုံကြီးများကြားတွင်ကောငြိမ်သက်နေ

ပါသလော။များစွာသောကျောင်းသားပြည်သူများ၏လှုပ်ရှားမှုများကိုနှိမ်နင်းခဲ့ရသည်။

ကြောက်သွားစေချင်သည့်ရည်ရွယ်ချက်ဖြင့်ထိုသို့ပြုလုပ်ခဲ့ပါသည်ဟုဆိုလျှင်ထို

ရည်ရွယ်ချက်သည်လုံးဝမအောင်မြင်ပဲ။စစ်အာဏာရှင်သရုပ်၏ဆိုးယုတ်ညစ်ပတ်

မှုသာလျှင်ဘွားဘွားကြီးပေါ်လာခဲ့သည်ဟုဆိုရမည်။


ထိုကျောင်းသားခေါင်းဆောင်များကိုထောင်တွင်းစီရင်ချက်ချမှုကိုကျွန်တော်မြင်ခွင့်

မရခဲ့သော်လည်း၊ကျွန်တော်မြင်ခဲ့ရဘူးသည့်ထောင်တွင်းစီရင်ချက်ချမှုတခုကိုမျှဝေ

လိုပါသည်။

၁၉၈၉ခုနှစ်ဇူလိုင်လကဖြစ်ပါသည်။ထိုကဲ့သို့ပင်ထောင်တွင်းတရားစီရင်ချက်

ချမှုတခုလည်းဖြစ်သည်။နေရာကထောင်တွင်းတရားရုံးရှိအခန်းငယ်တခု။တခုသာ

သည်မှာထိုအချိန်ကထောင်တွင်းသို့လူအချို့ဝင်ရောက်နားထောင်ခွင့်ရခဲ့သည်။

ထိုအထဲတွင်ကံကောင်းထောက်မစွာကျွန်တော်ပါခဲ့သည်။


အမိန့်ချမည့်အမျိုးသမီးတရားသူကြီးသည်လက်တုန်တုန်၊အသံတုန်တုန်ဖြင့်ကြိုတင်

ရေးထားသောစီရင်ချက်ကိုဖတ်နေသည်။ယခုကျောင်းသားခေါင်းဆောင်များကိုချ

သည့်အမိန့်လိုအပေါ်မှလာသည့်သူတို့အခေါ်အိတ်ပိတ်အမိန့်ဖြစ်ပေမည်။တရား

ခံဝက်ခြံငယ်တွင်ရပ်နေသူကထီမထင်သော၊စိုးရိမ်ပူပန်မှုမရှိသောအပြုံးဖြင့်။အဆိုး

ဆုံးကိုရင်ဆိုင်ရန်အသင့်ပြင်ထားပြီးပုံရသည်။


အမျိုးသမီးတရားသူကြီး၏တည်ငြိမ်မှုကင်းသော၊ထစ်ငေါ့သောအမိန့်ဖတ်နေသံက

လွဲ၍တရားရုံးခန်းငယ်ကတိတ်ဆိတ်နေသည်။စီရင်ချက်ချသံကဆက်၍ထွက်ပေါ်

လာနေသည်

“အဘဦးပု၏သားတရားခံဝင်းတင်သည်ပြစ်မှုကျူးလွန်ကြောင်းထင်ရှား

သဖြင့်ထောင်ဒဏ်သုံးနှစ်ကျခံစေရန်ဤရုံးတော်မှအမိန့်ချမှတ်လိုက်သည်”


ဝေါကနဲဆူညံသွားသောအသံများနှင့်အတူတရားသူကြီးအမျိုးသမီးကသူ့

ပစ္စည်းများကိုကမန်းကတမ်းသိမ်းဆည်း၍သုတ်ချေတင်ထွက်ခွာသွားသည်။

လာရောက်နားထောင်နေသည့်ပရိတ်သတ်များ၊NLDပါတီဝင်များနှင့်

လူ့ဘောင်သစ်ပါတီဝင်များ၏မကျေမနပ်ဆူပူသံများကကျယ်လောင်စွာထွက်

ပေါ်လာသည်။အစောင့်ချထားသောလက်နက်ကိုင်များကရုတ်တရက်ဘာလုပ်

ရမှန်းမသိပဲမှင်သက်မိနေသည်။


ထိုအချိန်တွင်ထိုသို့ဆူညံပွက်လောရိုက်နေသူများအားချော့မော့ထိန်းသိမ်းသူ

တယောက်ပေါ်လာသည်။ထိုသူကတော့ခုနကပင်ထောင်ဒါဏ်သုံးနှစ်ကျခံစေရန်

ချမှတ်ခံရသောNLDဦးဝင်းတင်ပင်ဖြစ်သည်။သူကပင်အပြုံးမပျက်ဘာမှမလုပ်ကြပါ

နဲ့ဟုတားရင်းပြောနေသည်။


“ဒါမတရားဘူးဆိုတာလူတိုင်းသိနေတာပဲ …ရင်ဆိုင်ဖို့အဆင်သင့်ရှိတယ်…….
ဘာမှမလုပ်ကြပါနဲ့” ဟုတားခဲ့သည်။

ထို့နောက်သတိဝင်လာသောအစောင့်အကြပ်များကသူ့ကိုကားပေါ်တင်၍ကားကို

တရကြမ်းမောင်းထွက်သွားသည်။မည်မျှကြောက်နေကြသနည်းဟုဆိုသော်

ဦးဝင်းတင်နှင့်အတူထောင်ဒါဏ်စီရင်ခြင်းခံရသောဒေါက်တာဒေါ်ခင်ဆွေကိုပင်

မေ့လျှော့ထားခဲ့လေသည်။လမ်းတဝက်လောက်ရောက်မှသတိရသဖြင့်ပြန်

လှည့်ခေါ်ကြရသည်။


ထိုNLDဦးဝင်းတင်ကိုပင်ထောင်တွင်းတွင်ပင်နောက်ထပ်မတရားပုဒ်မများဖြင့်

စုစုပေါင်းထောင်ဒါဏ်နှစ်နှစ်ဆယ်အထိချမှတ်ခဲ့သည်။ထိုထက်ပိုမိုသောဆိုးရွား

ယုတ်မာမှုမှာနှစ်ကြိမ်တိုင်တိုင်ထောင်မှလွှတ်ပေးတော့မည့်ပုံစံဖြင့်ထောင်ဘူးဝ

အထိခေါ်ထုတ်လာပြီးမှထောင်ထဲသို့ပြန်လည်ခေါ်သွားခြင်းခံခဲ့ရသည်။တော်ရုံ

စိတ်မခိုင်သူဆိုလျှင်ရူးသွပ်သွားနိုင်လောက်သောယုတ်မာမှုဖြစ်သည်။နောက်ဆုံး

ဘာဖြစ်ခဲ့သည်ကိုအများအသိပင်။ကိုယ့်ယုတ်မာမှုများကိုစိတ်မလုံတော့သ

ဖြင့်ထောင်မှတောင်းပန်၍ပြန်လွှတ်ပေးလိုက်ရခြင်းသာအဖတ်တင်သည်။

ဘယ်သူနိုင်၍ဘယ်သူရှုံးပါသနည်း။ဖြေစရာမလိုတော့သောမေးခွန်းဖြစ်ပါသည်။

ကျွန်တော်ကိုယ်တိုင်မျက်ဝါးထင်ထင်မြင်ခဲ့ရသောအဖြစ်တခုကိုမျှဝေခြင်းဖြစ်သည်။


ကျောင်းသားခေါင်းဆောင်များကိုထောင်ဒါဏ်ချမှတ်ပြီးသည့်နောက်တွင်လည်း

နေ့စဉ်ရက်ဆက်ဆိုသလိုဒီမိုကရေစီအရေးလှုပ်ရှားသူများကိုဆက်တိုက်ထောင်

ဒါဏ်များချမှတ်ခဲ့သည်။သတင်းများကိုနားထောင်လိုက်သည့်အခါတိုင်းထောင်

ဒါဏ်ချမှတ်မှုသတင်းနှင့်တကမ္ဘာလုံးမှဝိုင်းဝန်းဝေဖန်ရှုတ်ချသည့်သတင်းများ

သာကြားနေရသည်။မည်သူနိုင်၍မည်သူရှုံးနေပါသနည်း။


ဒီမိုကရေစီအရေးလှုပ်ရှားသူများကိုထိုသို့ထောင်ဒါဏ်များကြီးလေးစွာချမှတ်

ယုံမျှဖြင့်ဒီမိုကရေစီအရေးလှုပ်ရှားမှုများကြောက်လန့်စွာရပ်တန့်သွားလေ

မည်ဟုယခင့်ယခင်အာဏာရှင်များလိုတထစ်ချယူဆနေဦးမည်ဆိုလျှင်အမှား

ကြီးဆက်မှားနေလေပြီဟုဆိုရပေတော့မည်။ထိုသို့ခြောက်လှန့်တိုင်းသာရပ်

တန့်သွားရမည်ဆိုလျှင်အထက်တွင်ကျွန်တော်တင်ပြခဲ့သလိုရှေးပဝေသဏီ

ကပင်ရပ်တန့်သွားခဲ့ပေပြီ။


္ဆ္တဤနည်းလမ်းဖြင့်ကြိုးစားမည်ဆိုလျှင်တနည်းသာလျှင်ရှိသည်။ထိုနည်းမှာနေပြည်

တော်ကိုထောင်ပိုင်ကြီးရုံးခန်းလုပ်၍တပြည်လုံးကိုအုတ်တံတိုင်းခတ်လိုက်ရန်သာ

ဖြစ်သည်။ထိုသို့မဟုတ်လေလျှင်မြန်မာနိုင်ငံသားတို့၏ဒီမိုကရေစီနှင့်လူ့အခွင့်အ

ရေးများကိုလိုချင်တောင့်တသည့်စိတ်ဆန္ဒများကိုမည်သို့ပင်ခြေသော်လည်း

ကြေလိမ့်မည်မဟုတ်ပေ။



D wave



No comments:

Post a Comment