စက်တင်ဘာ(၂၇)ရက်စနေနေ့ကစစ်တွေမြို့ ပေါ်တွင်လမ်းလျှောက်စီတန်းမေတ္တာပို့ခဲ့ကြသည့်
သံဃာတော်များထဲမှ သံဃာတော် (၇) ပါးကို အာဏာပိုင်များက ယမန်နေ့ ညပိုင်းတွင်
ဖမ်းဆီးခေါ်ဆောင်သွားကြောင်း စစ်တွေမြို့ ခံများက ပြောသည်။
စက်တင်ဘာလ (၂၇) ရက်ကို န.အ.ဖ.စစ်အစိုးရက ပတ္တနိက္ကုစ္ဇန ကံဆောင် သံဃာတော်များအား ကျောင်းတိုက်များအထိ လိုက်လံဖမ်းဆီး သတ်ဖြတ်မှုများ နှစ်ပတ်လည်နေ့အဖြစ် စစ်တွေ သံဃာတော်များက အမိန့်ရှိသည်။ မြန်မာစစ်အစိုးရက သံဃာတော်များအား နှိမ်နင်းသည့် နှစ်ပတ်လည်တွင် လုံခြုံရေးများ ထူထူထပ်ထပ်ချထားသည့်ကြားမှ စစ်တွေမြို့ခံ သံဃာတော်များကို ယခုကဲ့သို့ ဖမ်းဆီးခြင်းဖြစ်သည်။
“ဦးဇင်းတို့က စီတန်းလှည့်လည်မေတ္တာပို့တယ်ဆိုပေမယ့် အာဏာပိုင်တွေနဲ့ ထိပ်တိုက် ရင်မဆိုင်ချင်တာကြောင့် အသံတိတ်၊ စိတ်ထဲကပဲ မေတ္တာပို့ပြီး လမ်းလျှေက်ခဲ့ကြတာပါ။ ဒီလိုငြိမ်းချမ်းစွာ စီတန်းလှည့်လည်တာကိုတောင် လက်မခံဘဲ သံဃာတွေကို ဖမ်းဆီးတယ်ဆိုတော့ နအဖ အစိုးရဟာ ဘယ်လောက်တောင် မိုက်ရိုင်းသလဲ စဉ်းစားသာကြည့်ကြပါတော့” ဟု စစ်တွေသံဃာတော်တပါးက မိန့်ကြားသည်။
အဆိုပါစီတန်းလှည့်လည်မူကို မြင်တွေ့သည့် စစ်တွေမြို့ ခံ မျက်မြင်သက်သေတဦးကမူ-
“သံဃာတော်တွေဟာ အော်ဟစ်ခြင်းကြွေးကြော်ခြင်း မရှိခဲ့ကြပါဘူး။ ပိုစတာတွေဘာတွေလည်း ကိုင်ဆောင်ထားတာ မတွေ့ရပါဘူး။ အသံတိတ် စုပေါင်းလမ်းလျှေက်သွားကြတာပါ။ ဒါကိုတောင် ညပိုင်းမှာ ကျောင်းတိုက်ထဲကို ၀င်ပြီးသံဃာတော် (၇) ပါးကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ကြားတယ်။ အာသောကာရုံကျောင်းတိုက်က နယ်လှည့် ဓမ္မကထိက ဆရာတော် ဘဒ္ဒန္တဓမ္မ၀ံသ ကိုလည်း (၂၇) ရက် ညပိုင်းကတခါ (၂၈) ရက် မနက်ပိုင်း တခါလာပြီး မေးမြန်းစစ်ဆေးနေကြတယ်” ဟု ပြောသည်။
ယနေ့VOA နှင့်တွေ့ဆုံမေးမြန်းခန်းတခုတွင်စစ်တွေသံဃာတော်များကမြန်မာပြည်ငြိမ်းချမ်းရေး
နှင့်ဒီမိုကရေစီရရှိရေးအတွက်ငြိမ်းချမ်းစွာဆက်လက်ဆန္ဒပြသွားမည်ဟုပြောကြား
သွားခဲ့ပါသည်။
Easter Sunday is almost here. What US stores will be open?
21 minutes ago

No comments:
Post a Comment