ပဲခူးတိုင်း ကဝမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တဦးဖြစ်သူ ဒေါက်တာ မျိုးဝင်း (၅၄) နှစ်သည် အသည်းကင်ဆာ ရောဂါဖြင့် ယမန်နေ့ မွန်းလွဲ ၃ နာရီတွင် ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့တွင် ကွယ်လွန်သွားသည်။
ဒေါက်တာ မျိုးဝင်းသည် ၁၉၈၈ ခုနှစ် လူထုအုံကြွမှု အပြီးတွင် အာဏာပိုင်များ၏ ၃ နှစ်ခန့် ဖမ်းဆီးထိမ်းသိမ်းခြင်းကို ခံခဲ့ရသည်။
စစ်အစိုးရ အာဏာပိုင်များမှ ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော် ကိုယ်စားလှယ် အဖြစ်မှ နှုတ်ထွက်ပါက အဆင့်မြင့်ရာထူးတိုးပေးခြင်း၊ နိုင်ငံရပ်ခြား ပညာတော်သင် စေလွှတ်မည် ဟု ခေါ်ယူ သိမ်းသွင်းခဲ့သော်လည်း လက်မခံ ငြင်းပယ်ခဲ့သူ တဦးလည်း ဖြစ်သည်။
မြန်မာနိုင်ငံတွင် နေထိုင်ခဲ့စဉ်က ဒေါက်တာ မျိုးဝင်း ကိုယ်ပိုင် ဖွင့်လှစ်ထားသော ဆေးခန်းကို ပိတ်ရန် ဖိအားပေးခံရခြင်း၊ နိုင်ငံရေး လုပ်ဆောင်ခွင့် မရအောင် နှောင့်ယှက်ခြင်း၊ ထောက်လှမ်းရေးများက နည်းမျိုးစုံ နောက်ယောင်ခံလိုက်ကာ နှောင့်ယှက်မှုများ လုပ်ဆောင်ခဲ့သည့်အတွက် ၂ဝဝ၄ ခုနှစ်တွင် ထိုင်း-မြန်မာနယ်စပ်ရှိ မဲဆောက်မြို့သို့ ခုံလှုံရန် ရောက်ရှိလာခဲ့သည်။
ထို့နောက် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီ (NCUB) တွင် အတွင်းရေးမှူး အဖြစ် ၂ဝဝ၄-၂ဝဝ၅ ခုနှစ်အထိ တာဝန်ယူခဲ့ပြီး၊ NCUB ၏ ပြည်တွင်းလုပ်ငန်းစဉ်များ ကော်မတီ (PDC) နှင့် ဆက်စပ် လုပ်ငန်းများတွင် ပါဝင် လုပ်ဆောင်ခဲ့သည်။
သူသည် လက်ရှိ မြန်မာ့လွတ်တော် အမတ်များအဖွဲ့ (MPU) အဖွဲ့ဝင် တဦးဖြစ်ကာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် - (လွတ်မြောက်နယ်မြေ) ဗဟို (NLD- LA) တွင်လည်း မကွယ်လွန်မီ အထိ ဗဟိုကော်မတီ အဆင့်တွင် ပါဝင် လုပ်ဆောင်ခဲ့သူ တဦးလည်း ဖြစ်သည်။
Easter Sunday is almost here. What US stores will be open?
15 minutes ago

No comments:
Post a Comment