10/1/2008
|
| ရခိုင်ပြည်နယ် တောင်ကုတ်မြို့တွက် ဆန္ဒပြပွဲများ ဆက်လက် ပေါ်ပေါက်မည်ကို စိုးရိမ်သဖြင့် လုံခြုံရေးကို အထူး ထင်းကျပ်ထားဆဲ ဖြစ်သည်။ အမည်မဖေါ်လိုသူ ဒီမိုကရေစီ အရေး လှုပ်ရှား သူတဦးက “တောင်ကုတ်မြို့ပေါ်က ဒေသခံ ရဲတွေတော့ မဟုတ်ပါဘူး။ သံတွဲတို့ မအီတို့ဘက်က လာတဲ့ ရဲတပ်သား ၅၀ လောက်နဲ့ လုံခြုံရေးကို တင်းကျပ်ထားတာပါ။ တချို့လမ်းဆုံ လမ်းခွတွေမှာဆိုရင် သံဆူးကြိုးတွေကို ခုချိန်ထိ ကာရံထားတဲ့အတွက် လမ်းသွားလမ်းလာတွေ ဒုက္ခ ဖြစ်နေကြရပါတယ်။” ဟုပြောသည်။ ၎င်းပြင် အဆိုပါ ရဲတပ်သားများမှာ ရိက္ခာမလုံလောက်သဖြင့် စီးပွားရေး လုပ်ငန်းရှင်များ၊ ဈေးဆိုင်များမှ ငွေများ အတင်းကောက်ခံပြီး စားသောက်ရေး ကိစ္စကို ဖြေရှင်းနေကြရကြောင်း သူက ပြောသည်။ “သူတို့အတွက် အထက်အာဏာပိုင်တွေက ရိက္ခာတွေကို စီစဉ်ပေးတာမရှိတာကြောင့် မြို့ပေါ်က ဈေးဆိုင်တွေ၊ စီးပွားရေးသမားတွေဆီက ငွေတွေကို အတင်းကောက်ခံပြီး သူတို့ရဲ့ စားရေး သောက်ရေးကို ဖြေရှင်းနေတာကို တွေ့ရပါတယ်။ လူထုတွေက သူတို့အတွက် ၀န်ထုပ် ၀န်ပိုးတွေ ဖြစ်နေကြရပါတယ်။” တောင်ကုတ်မြို့တွင် ဒီမိုကရေစီ အရေး တက်ကြွစွာ လှုပ်ရှားနေသည့် လူငယ် တဒါဇင်ကျော်အား အာဏာပိုင်များက ဖမ်းဆီး ထောင်ချထားပြီး ဖြစ်သော်လည်း ဆက်လက်ပြီး လုံခြုံရေးကို တိုးမြှင့်ချထားသဖြင့် လူထု အတွင်း နားမလည်အောင် ဖြစ်နေကြောင်း သူက ပြောသည်။ တောင်ကုတ်မြို့မှာ ရခိုင်ပြည်နယ်အတွင်း ဒီမိုကရေစီရရှိရေးအတွက် တက်ကြွစွာလှုပ်ရှားနေသော မြို့တမြို့ ဖြစ်သဖြင့် အာဏာပိုင်များဘက်က လုံခြုံရေးကို တိုးမြှင့် ချထားပြီး အခြေအနေကို မျက်ခြေ မပြတ်စောင့်ကြည့်နေကြောင်း သတင်းရရှိသည်။ |
Easter Sunday is almost here. What US stores will be open?
17 minutes ago

No comments:
Post a Comment