10.05.2008

'No regrets': Win Tin


'I'm now a politician. I have to continue my duties inevitably,' Win Tin said. -- PHOTO: AP
YANGON - WITH the colour fading from his hair and lines wrinkling his face, Myanmar's newly freed political prisoner, Win Tin, still manages to defy his 79 years.

Despite suffering numerous serious ailments while locked away for 19 years in Yangon's notorious Insein prison, the former journalist remains spry and said he has never regretted his move into politics.

'I never regret leaving journalism to become a politician,' Win Tin told AFP in an interview at his friend's home where he is staying.

'The passion for informing people, for wanting their prosperity and to free them of problems is the same. Both require sacrifice. So I have no sorrow at all,' he said with a smile.

Win Tin was Myanmar's longest serving political prisoner when the military junta released more than 9,000 inmates from its jails on September 23 in an amnesty ahead of elections promised for 2010.

He became a newsman in 1949, aged 19, working as a reporter and sub-editor for national and international newspapers, and turned to politics during the 1988 pro-democracy uprising against the ruling military that has governed the country since 1962.

Win Tin was one of the founders of the pro-democracy opposition National League for Democracy (NLD) party together with Nobel peace laureate Aung San Suu Kyi, who remains detained at her lakeside home.

But he never witnessed the party's landslide victory in 1990 elections - a win never recognised by the junta - because he was imprisoned in July 1989 for his role as Aung San Suu Kyi's advisor, and for his letters to the then-United Nations envoy to Myanmar.

Nineteen years locked away have taken their toll on Win Tin's health. He now suffers from heart disease, a hernia, and has lung and eye problems, yet he said he will continue to work for the NLD.

'I have no health problems recently. I have to keep my spirits strong,' he said.

He said he was tortured in prison - hooded during long interrogations, deprived of sleep and subjected to beatings. He had been kept in solitary confinement since 1996, only seeing his family for 15 minutes every fortnight.

On his release last month the NLD welcomed him to their 20th anniversary meeting, chanting 'Long Live U Win Tin' as he arrived.

The NLD ruling committee invited him to rejoin the board, and while he has not yet decided to accept, he said he will stay in politics.

'I'm now a politician. I have to continue my duties inevitably,' he said.

'I have my duty as I founded a political party, I cannot leave it. I had to apply my beliefs and spirit during my 19 years in prison.' Campaigners say around 2,000 dissidents remain in Myanmar's prisons and Win Tin now wants to focus on their release.

'Many people have sacrificed their lives. Many people are still in prisons.

I can not tolerate my sorrow for these people,' Win Tin said.

'We have to continue our mission. We have to acknowledge their gratitude, sacrifice and fighting,' he said.

'I have told the authorities they can re-arrest me if they do not like what I am saying.' But Win Tin believes dialogue between the authorities and the pro-democracy group is the best way to secure the prisoners' release and pursue democratic reforms ahead of 2010 elections.

The junta won a widely-criticised national referendum in May, allowing the government to change the constitution and paving the way for 2010 elections that bar Aung San Suu Kyi from standing. She has been under house arrest for most of the past two decades.

Win Tin said he would seek the help of UN Secretary-General Ban Ki Moon in pushing for the prisoners' release and securing talks with the junta, when he visits Myanmar in December.

'Dialogue is the only way forward ahead of 2010 (elections). If the elections go ahead as planned, it cannot be a success,' he said. -- AFP

World Teacher's day celebrated







































































World Teacher's Day celebrated at Hsa Thoo Lei Learning center Mae Sot this morning lead by
Burmese Migrant Teacher's Association .
ွှ့There are 54 migrant schools around Thai border area and nearly 500 migrant teachers working there.
They are standing with a few a mount of salary and try for the future of children who are luck
of chance to learn inside Burma.
ကမ္ဘာ့ဆရာများနေ့ကျင်းပ

ကမ္ဘာ့ဆရာများနေ့အခမ်းအနားကိုယနေ့နံနက်ကမဲဆောက်ရှိဆာသူလေကျောင်းဝင်း
တွင်ကျင်းပခဲ့ပါသည်။အခမ်းအနားကိုBMTAမှဦးစီးကျင်းပခြင်းဖြစ်ပြီးထိုင်းနိုင်ငံနယ်စပ်
ရှိကျောင်းအသီးသီးမှဆရာဆရာမများတက်ရောက်ကြသည်။
အခမ်းအနားတွင်သက်ကြီးဝါကြီးဆရာများအားဂါရဝပြုခြင်း၊ဆရာများနေ့အထိမ်းအမှတ်
ပြိုင်ပွဲဆုရကျောင်းသားကျောင်းသူများကိုဆုချီးမြှင့်ခြင်း၊အဆိုပြိုင်ပွဲများစသည်ဖြင့်စည်
ကားသိုက်မြိုက်စွာကျင်းပခဲ့ပါသည်။
ထိုင်းနိုင်ငံနယ်စပ်ဒေသတွင်Migrantကျောင်းပေါင်း၅၄ကျောင်းရှိပြီးဆရာဆရာမဦးရေ
၅၀၀ခန့်ရှိပါသည်။
အကြောင်းအမျိုးမျိုးကြောင့်ပြည်တွင်းတွင်ပညာသင်ကြားခွင်မရသောကလေးငယ်များ
အနာဂါတ်ဘဝသာယာစေရေးအတွက်ရှေ့ရှုကာကြိုးစားဆောင်ရွက်နေကြခြင်းဖြစ်ပြီး
ဆရာဆရာမများသည်စတိုင်ပင်ခေါ်အနည်းငယ်မျှသောထောက်ပံ့ကြေးဖြင့်ရပ်တည
်ဆောင်ရွက်နေကြခြင်းဖြစ်ပါသည်။

အနှစ်သာရကို ကွေ့မရှောင်စေချင်ပါ မောင်မောင်သန်း(၂-၁၀-၀၈)

ဆောင်းပါးရေးဖို့ အကြိမ်ကြိမ် စိတ်ကူးခဲ့ပေမယ့် မရေးဖြစ်ခဲ့ဘူး။ ရေးချင်စိတ်က မကြာမကြာလှုံ့ဆော်နေတာကြောင့် ခုတော့ မရေးမဖြစ် ရေးလိုက်မိပါတယ်။

ရေးချင်တာက နိုင်ငံရေးအကြောင်းပါ။ ခုတလော၊ ဆိုလိုတာက ရှစ်လေးလုံးကာလရဲ့ ဒီဘက် ၂ဝဝဝ ပြည့်နှစ်လွန် ကာလမှာ ဗမာပြည်အခြေအနေက တော်တော်လေးရှုပ်ထွေးလာတာနဲ့အမျှ အသံဗလံတွေကလည်း ပိုဆူညံလာတယ်။ ပြောတဲ့အကြောင်းအရာတွေကလည်း ပိုရှုပ်ထွေးလာတယ်။ ပြောတဲ့လူတန်းစားနဲ့ လူအမျိုးအစားတွေကလည်း ပိုစုံ လာတယ်။ ဒီလိုစုံတာကတော့ မီဒီယာက တင်ပေးသလောက်ပါ။ ဥပမာ- ရေဒီယိုအင်တာဗျူးတွေဆိုပါတော့ တယ်လီ ဖုန်းနဲ့ပြောကြတယ်။ ဗမာပြည်လိုတိုင်းပြည်မျိုးမှာ တယ်လီဖုန်းနဲ့ပြောဖို့ဆိုတာ တော်ရုံလူ တတ်နိုင်တာမှ မဟုတ်ဘဲ။ အီးမေးလ်နဲ့ ဆက်သွယ်ဖို့ဆိုတာကတော့ ပိုလို့တောင် ခက်ပါသေးတယ်။

မဆလခေတ်ကို အမှတ်ရမိသေးတော့။ မဆလခေတ်မှာ မနက်ခင်း လက်ဖက်ရည်ဆိုင်တွေမှာ၊ ရုံးတွေမှာ၊ လမ်းဘေး အရက်ဆိုင်တွေမှာ နိုင်ငံရေးအကြောင်းပြောသံတွေ ကြားကြားနေရပါတယ်။ အမယ်၊ သိန်းဖေမြင့်လို မဆလ ဆရာကြီး တယောက်ကတောင် ဗိုလ်တထောင် သတင်းစာမှာ “ပွင့်ပွင့်လင်းလင်းပြောပါရစေ” ဆိုတဲ့ ပင်တိုင်ဆောင်းပါးရှည် အခန်း ကနေပြီး ဝေဖန်ရေးတွေ ဘာတွေ အာဘောင်အာရင်းသန်သန်နဲ့ ရေးတာတွေ့ရတယ်။ အဲဒီတုန်းက သူက နိုင်ငံရေး သိပ္ပံကျောင်းအုပ်ကြီးတောင် ဖြစ်နေသေးတယ်။ သူဝေဖန်တာတွေ ဖတ်ကြည့်လိုက်တော့ ဟုတ်ပါတယ်။ ဝေဖန်တာတွေ ပါပဲ။ စနစ်ကြီးတခုလုံးကို ဝေဖန်တာမဟုတ်ဘဲ လူကိုဝေဖန်တာပါ။ မဆလခေတ်မှာ “မူကောင်းတယ်၊ လူမကောင်းလို့” ဆိုတဲ့ စကားကို မဆလ လူကြီးမင်းတွေ ပြောတတ်ကြပါတယ်၊၊

မဆလခေတ်ရဲ့ ဖုံးမနိုင်ဖိမရ နိုင်ငံရေးဆိုးကျိုးတွေ ပေါ်လာတိုင်း ဒီလက်သုံးစကားနဲ့ “စနစ်” သို့မဟုတ် “မူ” (မဆလ စနစ် သို့မဟုတ် မူ) ကို ကာကွယ်လေ့ရှိပါတယ်၊၊ “လူကိုဝေဖန်ပါ မူကိုတော့ မဝေဖန်ပါနဲ့” ပညတ်ချက်ကိုလည်း မဆလ ပါတီအမာခံတွေ လိုက်နာလေ့ရှိပါတယ်။ အဲဒီတုန်းက မဆလ အမာခံလုပ်ဖူးခဲ့ကြသူတွေ အမှတ်ရကြဦးမှာပါ။ လူကို ဝေဖန်ပါဆိုပေမယ့် ထိပ်သီးလူတွေ ဖြစ်ကြတဲ့ ဦးနေဝင်းတို့၊ ဦးစန်းယုတို့ကို ဝေဖန်တာတော့ မတွေရဖူးပါ။ အာဏာရှင် စနစ်ဆိုတာကို စိတ်ထဲက အသိအမှတ်မပြုရဲတာတောင် အသွေးအသားက သိနေတယ်ထင်ပါရဲ့။

ဒီနေရာမှာ မဆလစနစ်ကြီးကို မတူတဲ့ လူထုလူတန်းစားအလွှာအလိုက် ဘယ်လိုတုံ့ပြန်ကြသလဲဆိုတာကို ကွဲကွဲပြားပြား၊ ခြားခြားနားနား တွေ့ရပါတယ်။

ကျောင်းသားတွေ ဘယ်လိုတုံ့ပြန်ကြပါသလဲ။ အာလုံးသိကြတဲ့အတိုင်ပါပဲ။ မဆလပါတီရယ်လို့ မဖော်စပ်ရသေးခင်၊ စစ်တပ် အာဏာသိမ်းသိမ်းချင်းမှာပဲ ကျောင်းသားတွေက ဆန့်ကျင်ခဲ့လို့ မကြာခင်မှာဘဲ အာဏာသိမ်းစစ်တပ်က တမင်ရန်စပြီး ရက်ရက်စက်စက် သတ်ဖြတ်နှိမ်နင်းတာကို ခံလိုက်ရပါတယ်။ ကျောင်းသားသမဂ္ဂဆိုတဲ့ ကျောင်းသား ထုကို စုစည်းထားတဲ့ အဖွဲ့အစည်းနဲ့ နိုင်ငံရေးလေ့ကျင့်ထားတဲ့ ကျောင်းသားတွေသာ စစ်အစိုးရကို ဆန့်ကျင်ကြတာ မဟုတ်ပါဘူး။ ကျောင်းသားသမဂ္ဂနဲ့တကွ ကျောင်းသားသမဂ္ဂအဆောက်အအုံပါ ဖယ်ရှားခံလိုက်ရတဲ့ နောက်ပိုင်းမှာ လည်း ညီတော်ကျောင်းသားတွေက စစ်အစိုးရကို ဆန့်ကျင်ခဲ့ကြတာ ၁၉၆၉ ခုနှစ် ကျွန်းဆွယ်အားကစားပွဲ ကျောင်းသား ဆန္ဒပြပွဲကအစ ၁၉၈၈ ခုနှစ် ရှစ်လေးလုံးအရေးတော်ပုံ အထိပါပဲ။

သံဃာ့လှုပ်ရှားမှုကို ကြည့်ရင်လည်း သံဃာတော်တွေဟာ ကျောင်းသားတွေနဲ့ မရှေးမနှောင်းမှာဘဲ စစ်အစိုးရကို ဆန့်ကျင်ခဲ့ရုံသာမက နောင် စစ်အစိုးရဆန့်ကျင်ရေး လူထုလှုပ်ရှားမှုတွေမှာ သင်င်္ကန်းရောင် တထိန်ထိန်နဲ့ တက်တက် ကြွကြွပါဝင်ခဲ့ကြတာချည်းပါပဲ။ သံဃာတော်တွေဟာ လူထုလှုပ်ရှားမှုတွေမှာသာမက သာမန်အချိန်တွေမှာလည်း စစ်အစိုးရကို အကောင်းပြောသူတွေ မဟုတ်ကြပါဘူး။ သံဃာတော်အများစုဟာ လယ်သမားမျိုးရိုးက လာကြပြီး လယ်သမားတွေ ကပ်တဲ့ဆွမ်းကို ဘုဉ်းပေးနေကြရသူတွေပါ၊၊ (လယ်သမားလူတန်းစားရဲ့တုံ့ပြန်မှုကို နောက်ပိုင်းမှာ တင်ပြပါမယ်။)

အာဏာသိမ်းပြီးနောက်ပိုင်းမှာ လူထုကို လိမ်ညာမှိုင်းတိုက်ဖို့အကြံနဲ့ စစ်တပ်ဟာ “မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ” ကို ကြေညာပြီး ဆိုင်ဘုတ်ထူခဲ့ရုံသာမက ၁၉၇၄ ခုနှစ်မှာ အခြေခံဥပဒေအရ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရပါလို့ တဖက်သတ်ကြေညာပြီး စစ်အာဏာရှင်စနစ်ကို ဆက်လက်ထိန်းသိမ်းထားခဲ့ပါတယ်။ ဒါကို ဗမာပြည်တပြည်လုံးကရော ကမ္ဘာကပါ ဟာလာဟင်းလင်းမြင်သွားအောင် ရဲရဲရင့်ရင့် သွေးမြေကျခံပြီး ဖွင့်ချပြလိုက်သူတွေကတော့ အလုပ်သမား တွေပါပဲ။ အဲဒီနှစ်က ကုန်ဈေးနှုန်းတွေ အဆမတန် ခုန်တက်လာခဲ့ပါတယ်။ (ခု ကုန်ဈေးနှုန်းတက်နေပုံနှုန်းလောက်တော့ မဆိုးသေးပါဘူး)။

ဗိုလ်နေဝင်းနဲ့ သူ့ရဲ့ဘောင်းတော်ညိတ်စိတ်တော်သိ သတင်းစာတွေကတော့ စီးပွားရေးအကျပ်အတည်းက ကမ္ဘာမှာလည်း ဖြစ်နေတာပဲလို့ ထမင်းရေပူလာ လျှာလွှဲပါတယ်။ မြို့ပေါ် အလုပ်သမားတွေက ဆန်ဝယ်စားကြရတော့ အကြီး အကျယ်ထိခိုက်ပါတယ်။ ဆန်အရောင်းအဝယ်ကိုလည်း စစ်အစိုးရက ပိတ်ပင်ထားသေး၊ အလုပ်အမားတွေအတွက်လည်း အစိုးရဈေးနှုန်းနဲ့ ဆန်ရောင်းမပေးတော့ အလုပ်အမားတွေခမျာရတဲ့ လုပ်ခ လခနဲ့ ဆန်ကိုတောင် ဝအောင် ဝယ်မစားနိုင်ကြတော့ အဲဒီ ၁၉၇၄ ခုနှစ် မေလနဲ့ ဇွန်လတွေမှာ ဆန္ဒပြကြပါတော့တယ်။ ဗမာပြည်တပြည်လုံး စက်ရုံ အလုပ်ရုံရှိတဲ့နေရာတိုင်းမှာ အလုပ်သမားသပိတ်တွေ ပေါ်ခဲ့ပါတယ်။

လယ်သမားတွေကတော့ စစ်အစိုးရ တက်တက်ချင်းမှာပဲ နူရာဝဲစွဲဆိုသလို နဂိုကမှ အခြေမလှရှာတဲ့ဘဝဟာ အပုံကြီး ပိုဆိုးသွားခဲ့ပါတယ်။ ပညာမတတ်လို့ နိုင်ငံရေးသိပ္ပံပညာတို့၊ သတင်းအချက်အလက်တို့၊ ကိန်းဂဏန်း ဖော်ပြချက်တို့ကို မသိနားမလည်ရှာပေမယ့် စစ်တပ်အာဏာသိမ်းအပြီး သူတို့ခံစားလိုက်ရတဲ့ လက်တွေ့ဘဝကြောင့် စစ်အစိုးရဟာ မကောင်းဆိုးဝါးကောင်ဆိုတာကို သူတို့ကောင်းကောင်းကြီး သဘောပေါက်ပါတယ်။ သူတို့ရဲ့ ဘောဂဗေဒ တွက်ချက်နည်းက လွယ်လွယ်လေးပါ။ ဥပမာ- စစ်အစိုးရမတက်ခင်က စပါးတတင်း ရောင်းရင် (၃ ကျပ်ရပါတယ်) ဆီတပိဿာ (၃ကျပ်ပေးရပါတယ်) ဝယ်စားနိုင်ပါတယ်။ စစ်အစိုးရတက်ပြီးနောက်ပိုင်းမှာ ဆီဈေးဟာ တပိဿာ (၇ဝ၊ ၈ဝ) ကျပ် တက်သွားတဲ့အထိ စပါးဈေးက ဒီအတိုင်းပဲ ရှိနေခဲ့ပါတယ်၊၊

ဒီနေရာမှာ စာရေးဆရာကြီး ဦးရန်အောင်ပြန်ပြောပြတဲ့ လယ်သမားကြီးတယောက်ရဲ့ စကားကို ပြန်သတိရမိပါတယ်။ “စပါးဈေးက ကြိုးချည်ထားတဲ့ နွားလိုပဲ နေရာမရွေ့ဘူး။ ကုန်ဈေးနှုန်းကတော့ ကြိုးလွှတ်ထားတဲ့မျောက်လိုပဲ တက်ချင် တိုင်းတက်နေတယ်” တဲ့။ ဒီတော့ လယ်သမားတွေဟာ စစ်အစိုးရကောင်းကြောင်း မပြောကြသလို စစ်အစိုးရဆီကလည်း သူတို့ဘဝ ကောင်းရာကောင်းကြောင်းအတွက် ဘာမျှော်လင့်ချက်မှ မထားခဲ့ကြပါဘူး။

စစ်အစိုးရ တက်တက်ချင်း စစ်တပ်ရဲ့ စီးပွားရေး အနိုင်ကျင့်မှုဒဏ်ကို ကိုယ်ထိလက်ရောက် ခံလိုက်ရသူတွေကတော့ ကုန်သည်တွေ၊ ကုန်ခြောက်နဲ့စတိုးဆိုင်ပိုင်ရှင်တွေ၊ လုပ်ငန်းရှင်အငယ်စားတွေပါပဲ။ စားကုန်တွေကို “ပြည်သူပိုင်” သိမ်း တယ်လို့ အမိန့်ကြော်ငြာစာတွေ တနေ့တမျိုးထုတ်ပါတယ်။ လက်ရင်းအနေနဲ့ ခံရသူတွေက အသိမ်းခံရသူတွေဆိုပေမယ့် ကုန်ပစ္စည်းရှာပါးမှုဒဏ်ကို တတိုင်းပြည်လုံး အလူးအလဲခံခဲ့ရပါတယ်၊။ ဒါပေမယ့် ပစ္စည်းအ သိမ်းခံရတဲ့ ဆိုင်ရှင်တွေ၊ အရောင်းအဝယ်ကန့်သတ်ပိတ်ပင်ခံရတဲ့ကုန်သည်တွေက နောက်ပိုင်းမှာ နာလန်ထူနိုင်လာပါတယ်။ မှောင်ခို ဈေးကွက် ကြီးပေါ်လာလို့ပါပဲ။ ဒီလူတန်းစားဟာ နိုင်ငံရေးဘက်ကို စိတ်ဝင်စားမှုနည်းပါတယ်၊၊ စီးပွားရေးအရ ပြန်လည်ရပ်တည် လာနိုင်တော့ နိုင်ငံရေးဆိုတာ ကိုယ်နဲ့ဘာဆိုင်လို့လဲ ဆိုတဲ့သဘောထားနဲ့ စီးပွားရေးကိုပဲ ခေါင်းမဖော်တမ်း လုပ်ပါတယ်၊၊ မိမိတို့ရဲ့စီးပွားရေးလုပ်ဆောင်ချက်တွေဟာ နိုင်ငံရေး စနစ်တခုနဲ့၊ အဲဒီနိုင်ငံရေးစနစ်က စီးပွားရေးပေါ်လစီအောက်က ပြေးမလွတ်ဘူးဆိုတာကို သဘောမပေါက်ကြ ပါဘူး။ သဘောပေါက်ချင်ပုံလည်း မရပါဘူး။ နောက်ဆုံးမှာ ထွက်ပေါက် ပိတ်သွားတော့မှ သဘောပေါက်လာကြပါတယ်။

ပညာတတ်လူတန်းစားတွေဟာ ထောင်လွှားစရာ ဥစ္စာဓနမရှိကြပေမယ့် ငါသိတယ်၊ ငါတတ်တယ်ဆိုတဲ့စိတ်ထားနဲ့ ထောင်လွှားတတ်ကြပါတယ်။ ရှစ်လေးလုံးအရေးတော်ပုံ မတိုင်ခင်အထိ ပညာတတ်လူတန်းစားထဲမှာ စစ်အစိုးရကို ဆန့်ကျင်သူတွေဟာ အနည်းတကာ့ အနည်းစုလေးပါ။ သူတို့တွေဟာ စစ်အစိုးရကို ဆန့်ကျင်တိုက်ဖျက်ဖို့ မဆိုထားနဲ့ စစ်အစိုးရဟာ ဆိုးရွားတယ်လို့တောင် ရဲရဲမမြင်တတ်ကြပါဘူး။ မဆလရဲ့နိုင်ငံရေးအကြောင်းကို ပြောဆိုဆွေးနွေးကြ တဲ့အခါ “မူကောင်းတယ်၊ လူမကောင်းဘူး” ဆိုတဲ့ စကားနဲ့ နိဂုံးချုပ်တတ်ကြပါတယ်။ သူတို့ဟာ စစ်အာဏာအုပ်စိုးမှု အစောပိုင်းကာလ၊ အလယ်ပိုင်းကာလနဲ့ နောက်ဆုံးအပိုင်းရဲ့ နှစ်အတော်များများအထိ ဟိုဝန်ကြီးမကောင်းကြောင်း၊ ဒီဝန်ကြီးမကောင်းကြောင်း၊ ဟိုပါတီကောင်စီပုဂ္ဂိုလ်မကောင်းကြောင်း၊ ဒီပါတီကောင်စီပုဂ္ဂိုလ်မကောင်းကြောင်းတွေ လောက်သာ ပြောတတ်ကြပါတယ်။ မဆလ အစိုးရတခုလုံးမကောင်းဘူးဆိုတဲ့ ကောက်ချက်ကို မချရဲကြပါဘူး။ မဆလစနစ်ထဲမှာ ကိုယ့်စိတ်ကူးယဉ်အိမ်မက်တွေ၊ မျှော်မှန်းချက်တွေ ချထားနိုင် ကြသူတွေဖြစ်ကြလို့ ဒီအိပ်မက်၊ ဒီမျှော်မှန်းချက်တွေပေါ်ကနေရပ်တည်ပြီး နိုင်ငံရေးကိစ္စကို စဉ်းစားတတ်ကြပါတယ်။

ဘယ်သူတွေက ဘယ်လိုမျှော်မှန်းချက်တွေထားထား၊ ဘယ်သူတွေက လေညာကနေ နေသာသပဖြစ်နေနေ စစ် အာဏာရှင်စနစ်ရဲ့ တနေ့တခြား အရစ်တိုးဖိနှိပ်မှုတွေ၊ လုယက်မှုတွေရဲ့ နောက်ဆုံးအဆင့်မှာ စစ်အာဏာရှင်ကို ဆန့်ကျင်ရမယ်ဆိုတဲ့ ဆုံမှတ်မှာ ဆုံတွေ့ကြပါတော့တယ်။

ခုတော့ ရှစ်လေးလုံးအရေးတော်ပုံကြီးရဲ့ ပညာပေးမှုအရ စစ်အုပ်စုနဲ့ လက်ဝေခံလုပ်စုတစုကလွဲရင် တိုင်းပြည်ရဲ့ လူမှုအင်အားစုတွေမှန်အမျှဟာ စစ်အစိုးရကို ဆန့်ကျင်တိုင်ဖျက်ရမယ်ဆိုတဲ့ အသိတရားတော့ရှိနေကြပါပြီ၊ ခိုင်ခိုင်မာမာ ရှိနေကြတာပါ။ သွေးတွေ၊ အသက်တွေနဲ့ရင်းပြီး ရယူခဲ့ရတဲ့ သင်ခန်းစာပါ။ ဒါပေမယ့် စစ်အာဏာရှင်စနစ်ကို ဘယ်လို တိုက်ဖျက်ကြမလဲဆိုတဲ့ မေးခွန်းအတွက်တော့ အဖြေထုတ်ရပါလိမ့်ဦးမယ်။ အကြမ်းမဖက်ရေးလား၊ စစ်တပ်ရဲ့ အကြမ်း ဖက်မှုကို အကြမ်းဖက်မှုနဲ့တုံ့ပြန်ရေးလား။

ဥပဒေတွင်း (စစ်အစိုးရရဲ့ ရွေးကောက်ပွဲမှာ ပါဝင်ပြီး “ပူးသတ်” ရေးလုပ်မယ်လို့ ကြွေးကြော်ရင်တော့ ၁၉၂ဝ ပြည့်နှစ် ပတ်ဝန်းကျင်က ဂျီစီဘီအေ ဝံသာနု အသင်းချုပ်ကြီးရဲ့ “တူ၊သာ၊သင်း” အုပ်စုဟာ ၉၁ ဌာနအုပ်ချုပ်ရေးရဲ့ ငါးထောင်စား အမတ်ရာထူးတွေယူပြီး “ပူးသတ်” သွာလိုက်ကြတာ နောက်ဆုံး ဘာတွေဖြစ်သွားကြသလဲဆိုတာ သမိုင်းမှာ ပြန်ကြည့် ပါ။) တိုက်ပွဲလား။ ဥပဒေပတိုက်ပွဲလား။ ကုလသမဂ္ဂနဲ့ နိုင်ကာတကာအသိုင်းအဝန်းရဲ့ ကြားဝင်မှုလား။ အမေရိကန်ရဲ့ စစ်ရေးအရ ဝင်ရောက်တိုက်ခိုက်ပေးမှုလား။

ဘယ်နည်းနဲ့ စစ်အစိုးရကို တိုက်ဖျက်မှာလဲ။

ကိုယ်ရပ်တည်ထားတဲ့ သို့မဟုတ် မျှော်မှန်းထားတဲ့ အကျိုးစီးပွားပေါ်ကနေ မစဉ်းစားဘဲ တကယ် လုပ်သင့်၊ တကယ် ဖြစ်နိုင်ခြေလည်းရှိတဲ့ နည်းလမ်းကို ဝိုင်းဝန်းစဉ်းစားကြဖို့လိုပါတယ်။ ခက်ခဲပေမယ့် တိုင်းပြည်အတွက် တကယ်လုပ် သင့်တာဆိုရင် စွန့်လွှတ်စရာရှိ စွန့်လွှတ်ပြီး လုပ်ကြရမှာပါပဲ။ ဆွေးနွေးရာမှာလည်း အနှစ်သာရကို ကွေ့ရှောင်ပြီး မဆွေးနွေးသင့်ပါ။ တိုင်း ပြည်အတွက် စိတ်ကောင်းစေတနာကောင်းထားပြီးဆွေးနွေးမှ အဖြေမှန်ပေါ်မှာဖြစ်ပါတယ်။

By NEJ