10.17.2008

တတ်လည်းတတ်နိုင်ကြပါပေတယ်။


ဒီသတင်း၂ ခုကို တွဲဖတ်လိုက်မိပြီးကတည်းက နအဖ စစ်အစိုးရကို အလွန်ဒေါပွနေမိသည်။ ဒီကောင်တွေတော့ လုပ်ချလိုက်ပြန်ပြီပေါ့။ စစချင်းတော့ “နအဖ ကို သောက်မြင်ကပ်ကပ်နဲ့ တမင်လုပ်ကြံဖန်တီး လိုက်တာ များလား” လို့တောင် ထင်လိုက်မိသေးသည်။ နောက်တော့ “ဟာ -- မဟုတ်သေးပါဘူး ဒီသတင်းဌာနတွေက ငါတို့ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေပါ၊ နအဖလို မိုးလုံးပြည့်မုသာဝါဒတွေ ရေးနေ/ပြောနေသူတွေမဟုတ်ပါဘူး၊ မှန်းစမ်း အသေအသေအချာပြန်ဖတ် ကြည့်ဦးမှ”

ဖြစ်ပုံကဒီလို။ မိုးမခ သတင်းဌာနမှ သတင်းတပုဒ် ကျနော့်မေးလ်ထဲပို့ လာသည်။ ခါတိုင်းလည်းပို့ နေကြ။ ဘာမှမထူးဆန်း။
၂၀၀၈ မေလ ၂ ရက်နေ့က မြန်မာပြည်အောက်ပိုင်းကို တိုက်ခိုက်ဖျက်ဆီးခဲ့သည့် နာဂစ်မုန်တိုင်းကို အများပြည်သူတို့ ကြိုတင်သိရှိစေရန် သတိပေး အကာအကွယ်ပေးရန် ပျက်ကွက်ခဲ့သည့် အုပ်ချုပ်သူ စစ်အစိုးရက ၎င်း၏ မိုးလေ၀သဌာနက တာဝန်ရှိသူ ဦးထွန်းလွင်ကို ယခုနှစ်အတွင်း ထူးချွန်သော ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ ချီးမြှင့်ရန် စီစဉ်နေသည်ဟု ပြည်တွင်းဝန်ထမ်းအချို့က ခန့်မှန်းပြောဆိုနေသည်ဟု ဆိုသည်

သည်သတင်းဖတ်ပြီးတော့ ဘာထူးဆန်းလိုက်တာမှတ်လို့  သူ့ လူသူ သူတီထွင်တဲ့ ဆုပေးတာတာများ သတင်းလုပ်ရတယ်လို့ ပေါ့။ နှာတောင် နည်းနည်းကောက်မိလိုက်သေးသည်။ နောက်တနေ့ မနက် မိုးလင်းတော့ သည်သတင်းဌာနကဘဲ ပို့ လာသည့် “ပြည်တွင်းက ဖတ်မိသမျှ ဂျာနယ်အပိုင်းအစ”ကို ဖတ်လိုက်ရတော့မှဘဲ အဆက်အစပ်ရသွားပြီးသကာလ ပြုံးစေ့စေ့ဖြစ်ရတော့သည်။

နောက်ကြောင်းတော့ နည်းနည်းလေးပြန်ပါရစေ။ ၁၉၈၀ ပြည့်နှစ်တ၀ိုက်။ ဗမာပြည်တွင် တယ်လီဗွီးရှင်းတွေပေါ်ဦးစ။ ရပ်ကွက်များ တွင် တအိမ်စနှစ်အိမ်စ တီဗွီပိုင်သူများနှင့်တီဗွီပြစားသည့် ရုံငယ်လေးများလည်း အလျှိုအလျှိုမှိုလိုပေါက်။ မိုးချုပ်လို့အိမ်သားတွေစုံချိန် တီဗွီရှေ့  ထိုင်ငေးသူငေး တီဗွီရုံတွေဆီသွားသူသွားကြ။

မိုးလင်းလို့  လဘက်ရည်ဆိုင်တွေဈေးတွေမှာ ညက တီဗွီမှာဘာတွေပြသွားကြောင်း သတင်း ကြေညာသူက ဘာတွေဘယ်လိုဝတ်ထားကြောင်း အပြန်အလှန်ဖေါက်သည်ချကြ။ ပုံပြင်အသစ်တခုကို စကြားကာစ ကလေးများလို တတွတ်တွတ်ပြန်ပြောကြနှင့် ပျော်စရာလိုလိုဘာလိုလို။ ထိုကာလများတွင် ဆိုဗီယက်ယူနီယံနှင့် အမေရိကန်ပြည်ထောင်စုတို့ ကလည်း စစ်အေးကြီးအဆုံးသတ်ပြီး စစ်ပူကြီးပြန်နွေးဖို့ အရေး နှစ်ပြည့်တစ်ပြည်ရွှေလမ်းငွေလမ်းဖေါက်နေချိန်။ အင်္ဂလန်က မာဂရက်သက်ချာကလည်း သူ့ ဝန်ကြီးအဖွဲ့ ဝင်တွေကို တကမ္ဘာလုံးရှေ့ မှာ ကလေးတွေကိုငေါက်သလို ငေါက်ငေါက်ပြနေချိန်များ။ အမေရိကန်သမ္မတ ရော်နယ်လ်ရီဂန် နှင့် ဆိုဗီယက်ခေါင်းဆောင် ဂေါ်ဘာချော့ဗ်တို့  ပုံများကလည်း ဂြိုလ်တုသတင်းတွင် မမြင်ချင့်တဆုံး။ ကလေးတချို့ က ဂိုဘာချော့ဗ်ကို “ကိုဘ ချော” တဲ့ တချို့ ကလည်း “နဖူးမှာ ဗမာပြည်မြေပုံနှင့် ဘဘကြီး”ဟု ခေါ်ရလောက်အောင် ရင်းနှီးကျွမ်းဝင်နေကြချိန်ဖြစ်သည်။ ထိုအချိန်မှာ ဦးထွန်းလွင်ဆိုသည့် ပုဂ္ဂိုလ်ကျော်ကြီးကို စတင်တွေ့ ဖူးခြင်းဖြစ်သည်။

“မိုးလေ၀သ သတင်းများကိုကြေညာပါတော့မယ်ရှင်” ဟု သတင်း ကြေညာသူကပြောပြီးသည်နှင့် မြေပုံနောက်ခံကားချပ်ကြီးတချပ်နှင့်အတူ တိုက်ပုံတွေဘာတွေ သပ်သပ်ရပ်ရပ်ဝတ်ထားသူ လူတစ်ယောက်ပုံ ပေါ်လာမည်။ ပြီးတော့ လက်ထဲကတုတ်တချောင်းနှင့် ဟိုထောက်ဒီထောက် ထောက်ထောက်ပြကာ ဘာကဘယ်လို ဘယ်ချမ်းသာတွေ ပြောမည်။ ထိုကဏ္ဍကား (အမှန်လည်းနည်းသဖြင့်) လူကြိုက်အနည်းဆုံးဖြစ်သမို့  ပိတ်ထားလိုက်ကြတာများသည်။

ကလေးတွေကသူ့ ကို “တုတ်ထောက်တဲ့ ဦးလေးကြီး” ဟုခေါ်သည်။ ကလေးစကား၊ သဘင်သည်စကား၊ အရူးစကား မှန်တတ်ကြောင်း ယခုတော့လက်တွေ့ မို့  မငြင်းသာတော့။ ယခုတော့ သည်ဦးလေးကြီး တကယ်ပင်တုတ်ထောက်နေလေပြီ။သို့ ကလို တုတ်ထောက်တဲ့ ဦးလေးကြီးကား ထင်ပေါ်၍ နေပြည်တော်ကကောက်ချေပြီ။

နောက်ဆိုလျှင် ဒေါက်တာထွန်းလွင်ဟု မခေါ်ပါက မင်းပြစ်မင်းဒဏ်သင့်တော့မည်။ အနှီပုဂ္ဂိုလ် မြတ်ကြီးကား နာဂစ်မလာမီက “လာတော့မယ်၊ လာတော့မယ်” နှင့် ဗမာပြည်သူများအား ကြိုတင်၍ အာပေါက်မတတ် ပြောနေသည့်ကြားက သူ့ စကားလည်းမယုံ လိုက်လည်းလုပ်ရကောင်းမှန်းလည်း မသိရှာသူ နာဂစ်စာမိတို့ အား ကြီးစွာသော ကရုဏာဖြင့် စုတ်တသပ်သပ်ဖြစ်နေရှာ၏။

“ဖြစ်မှာပေါ့။ ရေဒီယိုလေးတလုံးတောင် မ၀ယ်နိုင်ကြတဲ့ဟာတွေ၊ ရှိတဲ့လူတွေကြ တော့လည်း တို့ အစိုးရ မကောင်းလုပ်တာတွေကို ကောင်းပါတယ်လို့ မပြောတဲ့ ပြည်ပအသံလွှင့်ဌာနတွေကိုဘဲ လိုက်နား ထောင်နေတာကိုး နည်းတောင်နည်းသေး” ဟုလည်း မေတ္တာတော်ထားရှာပါသည်။ အဆိုပါ ပညာကျော်ကြီး၏ ဂုဏ်ထူးဘွဲ့ ထူးတို့ နှင့် ဇာတိပုညဂုဏ်မာနကား ဤသို့ တည်း။

၁၉၄၈ ဇန္န၀ါရီ ၁၇ တွင် စစ်ကိုင်းတိုင်းအတွင်း မွေးဖွားခဲ့ပြီး အမေရိကန် တက္ကသိုလ်တခုက မိုးလေ၀သဆိုင်ရာ ပါရဂူဘွဲ့ စာတမ်းတင်နိုင်ခဲ့သည်ဟု ဆိုသည်။ မြန်မာ့ရုပ်မြင်သံကြား ပေါ်ထွန်းလာချိန်တွင် မိုးလေ၀သခန့်မှန်းသူဖြစ်ခဲ့သည်။ ၂၀၀၃ ခုနှစ်တွင် စစ် အစိုးရက စက်မှုထူးချွန် ဒုတိယဆင့်ချီးမြှင့်ပေးခဲ့သည်။ ၂၀၀၆ တွင် နိုင်ငံတကာမိုးလေ၀သနှင့် ဇလဗေဒအသင်းကြီး၏ အမြဲတမ်းအသင်းသား ဖြစ်လာသည်။ ၂၀၀၇ တွင် အာရှ သဘာဝဘေးဒဏ်ကာကွယ်ရေးနှင့်ပြင်ဆင်ရေးကောင်စီဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်သည်။ ယခု နေပြည်တော် မိုးလေ၀သဌာန၏ ညွန်ချုပ်အဖြစ် ဆောင်ရွက်လျက်ရှိသည်။

ပြည်တွင်းပြည်ပ ဂျာနယ်များ၊ သတင်းဌာနများက အဆိုပါပုဂ္ဂိုလ်ကြီးအား နာဂစ်အကြောင်းမေးလာလျင် ဝေ့လည်ကြောင်ပတ် လုပ်တန်လုပ်၊ အရူးကွက်နင်းလိုနင်း၊ ရူးချင်ယောင်ဆောင်လိုဆောင်နှင့် သခင့်အလိုတော်ကျဖြေကြားရင်း ဘောင်းတော်ညှိတ်စိတ်တော်သိ ပညာကျော်ကြီး တပါးဖြစ်ခဲ့၏။

“ခေတ်မကောင်းလို့ ရူးချင်ယောင်ဆောင်ရင်း ခေတ်လည်းကောင်းရော တကယ်ရူးသွားသူများ” အကြောင်း စာအုပ်များရှိခဲ့လျှင် ထို မင်းတိုင်ပင်အမတ်ကြီးအား ဝေမျှကြပါလေကုန်။ ထားလိုက်ပါတော့။ သဘာဝဘေးရန်တွေကနေ လူတွေကို ကြိုတင်ကာကွယ်နိုင်ဖို့  ပိုက်ဆံတွေ လူတွေ အချိန်တွေဘယ်လောက်ကုန်ရ ပင်ပမ်းရသည်ကို အများသိပြီးသားမို့  ဘာမှမပြောလိုတော့ပါ။ ထိုမျှ အပင်ပမ်းခံ ငွေကုန်ခံလုပ်နေသည့် သိပ္ပံပညာရှင်များနှင့် ကမ္ဘာတ၀ှမ်းလုံးမှ အစိုးရများကလည်း မိုက်လုံးကြီးလေစွ။ ယခုမူ ငွေလည်းမကုန် အချိန်လည်းမဆုံး လူလည်းမပမ်းမည့် မုန်တိုင်းရန် ကြိုတင်ထောက်လှမ်းရေးစနစ်သစ်ကြီးအားရှာဖွေထုတ်ဖေါ်ကာ ၂၀၀၈ ခုနှစ် အောက်တိုဘာ ၁၄ ရက်နေ့  ထုတ် ပန်းသတင်းဂျာနယ်မှတဆင့် ဒေါက်တာထွန်းလွင်က ဤသို့ ဖေါ်ထုတ်လိုက်ပါပြီ။

သတင်းရေးသူက ဇော်လင်းထွဋ်။ သတင်းခေါင်းစဉ်ကား ဤသို့ တည်း

ရောဂါသည်များကိုကြည့်ကာ မုန်တိုင်းဖြစ်နှိုင်ခြေရှိ မရှိကိုသိနှိုင်

သတင်းသားကမုန်တိုင်းဖြစ်ပေါ်နှိုင်ခြင်းရှိ မရှိကို မိမိတို့ ပတ်ဝန်းကျင်ရှိ ရောဂါသည်များအခြေအနေကို ကြည့်ခြင်းဖြင့် သိရှိနှိုင်ကြောင်းမိုး/ဇလ ညွှန်ချုပ် ဒေါက်တာ ထွန်းလွင်ကပြောသည်။ ထိုရောဂါများမှာ လိပ်ခေါင်း ၊ ဒူလာရောဂါနှင့် ပန်းနာ ရင်ကြပ်ရောဂါများဖြစ်ပြီး အဆိုပါရောဂါခံစားနေရသူများသည် မုန်တိုင်းဖြစ်ပေါ်လာနှိုင်သည့် အခြေအနေတွင် ပြောင်းလဲ လာသောရာသီဥတုဖြစ်စဉ်များကို ခံစားနှိုင်စွမ်းမရှိကြောင်း သိရသည်။“ဒီရောဂါသည်တွေက မုန်တိုင်းကိုယ့်ဆီလာတဲ့အခါမှာ ဖြစ်ပေါ်လာတဲ့ အပူရှိန်မြင့်တက်လာခြင်း၊ ရေငွေ့ များလာခြင်းနဲ့ ဖိအားကျသွားခြင်းဆိုတဲ့ အချက် ၃ ချက်ကို တွဲပြီးခံစားလိုက်ရတဲ့အခါမှာ လူဟာခံနှိုင်ရည်မရှိဘူး၊ ရောဂါရှိတဲ့သူတွေဆိုရင် ပိုသိသာတယ်၊ ဒါတွေဟာ ဘာကိရိယာမှ မပါဘဲ ကိုယ့်အသိနဲ့ ကိုယ်သိနှိုင်ပါတယ်” --------“

ဒီလိုလေဖိအားပြောင်းလဲမှုတွေကို သိရှိထားမယ်ဆိုရင် မုန်တိုင်းမိမိတို့ ဆီ လာနှိုင်မယ် မလာနှိုင်ဘူးဆိုတာ သိနှိုင်မယ်၊ မုန်တိုင်းတခု ကိုယ့်ဆီကို ချဉ်းကပ်လာပြီဆိုရင် တိမ် ၃ မျိုးအရင်လာမယ် ...............”


ထိုမျှ တော်တတ်ကောင်းမွန်သည့်ပညာရှင်အား ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ ကလေးလောက်သာ ချီးမြှင့်ရကောင်းမှန်းသိရှာသည့် ဗိုလ်သန်း ရွှေက နောက်တနေ့ တွင် ကျင်းပသည့် ၀န်ကြီးများအဆင့်အစည်းအဝေးသို့  ညွှန်ချုပ်ကြီးအား တက်ရောက်ပါရန် အားမနာလျှာမကျိုး ဖိတ်ကာ ၀န်ကြီးများအား “တို့ တိုင်းပြည်မှာငွေကုန်စရာမလိုတော့တဲ့အပြင် နိုင်ငံခြားငွေတွေသောက်သောက်လည်းရမယ့် စီမံကိန်းတစ်ခုကို ငါချမှတ်လိုက်မယ် စက်မှု၊ ကျမ္မာရေး၊ နိုင်ငံခြားသွင်းကုန်ထုတ်ကုန်နဲ့ သယ်ယူပို့ ဆောင်ရေးဝန်ကြီးတွေ ဒေါက်တာထွန်းလွင်နဲ့ ပူးပေါင်း အကောင်အထည်ဖေါ်ရမယ်၊ လိုက်မှတ်ပါ၊

(၁)စံချိန်မီ လိပ်ခေါင်း၊ ဒူလာနှင့် ပန်းနာရင်ကြပ်ရောဂါသည်များ ထုတ်လုပ်ရေး

(၂)ပြည်တွင်းပြည့်မီအောင်ထုတ်လုပ်ပြီးပါက ၎င်းရောဂါသည်များအား ပင်လယ်ကမ်းစပ်များနှင့် မုန်တိုင်းမကြာမကြာ တိုက်ခတ် တတ်သည့်နေရာများသို့  ပြောင်းရွှေ့ နေရာချထားပေးရေး၊

(၃)ပြည်တွင်းပြည့်မီပိုလျှံပါက ပြည်ပသို့ တင်ပို့ ရောင်းချပေးနိုင်ရေး တို့ ဖြစ်တယ်၊ စီမံကိန်းမအောင်မြင်လို့ ကတော့ ကိုယ့်ဘ၀ကိုယ်တွေးထားကြ”

ဟု ပြောကာ ဦးထွန်းလွင်ကိုလက်တွဲလျှက် ကြပ်ပြေးနေပြည်တော်ဆီသို့  ပြန်လည်ကြွချီတော်မူစဉ် လမ်း၌ “ အင်း --- တပ်ကို ဘယ်လိုလုပ်ရကောင်းမလဲ။ ပြည်ပပို့ ကုန်ထဲ ထည့်လိုက်ရင်တော့ ငါ ဒေါ်လာတွေရမယ်။ တော်ကြာနေ တပ်မရှိပြန်ရင်လည်း ဆက်ကိုင်ထားဖို့ ခက်မယ်။ တခုတော့ရှိတယ် လူတွေကို ထမင်းများများငတ်အောင် လုပ်ထားနိုင်ရင် တပ်သားသစ်ရဖို့ က မခက်ပါဘူးလေ။ ပြည်ပပို့ ကုန်ထဲ ထည့်လိုက်တာဘဲကောင်းပါတယ်”

မျိုးမြင့်ချို

Aid groups blast ASEAN-led report on Myanmar relief effort

Photo

This picture taken from a helecopter in July 2008 shows a general view of an area affected by cyclone Nargis



©2008 Google - Map data ©2008 MapData Sciences Pty Ltd, PSMA, AND, Europa Technologies - Terms of Use

Aid groups blast ASEAN-led report on Myanmar relief effort

JAKARTA (AFP) — A coalition of humanitarian groups heavily criticised Thursday a report on Myanmar's cyclone disaster, saying it glossed over the junta's obstruction of aid and human rights abuses.

The Burma Partnership, which represents 19 aid organisations, released an "alternative" report to provide what it said was a more accurate picture of the response to Cyclone Nargis, which left 138,000 people dead or missing in May.

"When we studied the Post-Nargis Joint Assessment report prepared by the UN, ASEAN and the Burmese regime, we realised that it failed to describe the obstruction of aid and human rights abuses committed by the military regime in the areas affected by the cyclone," Khin Ohmar of the Burma Partnership told a press conference.

"As independent civil society organisations, we felt the need to tell the other side of the post-Nargis story."

The generals ruling Myanmar, formerly known as Burma, drew international outrage by refusing to allow a foreign-led aid response in the immediate aftermath of the storm.

But they dropped their resistance after coaxing from Association of Southeast Asian Nations (ASEAN) chief Surin Pitsuwan.

The official joint report was released to much fanfare at an ASEAN conference in Singapore in July.

But Ohmar said it failed to highlight issues such as blocking and misappropriation of aid and substandard treatment of survivors at relief camps.

It omitted cases of human rights violations such as orphans turned into child soldiers, survivors forced to do reconstruction work and farm land confiscated by the military regime, she said.

The coalition's recommendations include an independent system to monitor aid distribution and for all relief agencies to make public their activities.

"We hope international governments will consider using the new report to ensure funding reaches people who need the most help and that the recovery process will be implemented with the most transparency and accountability," Ohmar said.

Thai MP and coalition member Kraisak Choonhavan criticised Surin for failing to meet the organisers to discuss the alternative report.

He said he felt "let down" by Surin's late cancellation of a meeting in Jakarta, home to the ASEAN secretariat.

"They did not give any reason for cancelling. I feel let down and it makes it necessary for us to be more vocal. I am very disappointed," he said.

Former Youth Members Urge NLD to Prepare for 2010

Leaders of Burma’s main opposition party, the National League for Democracy (NLD), should prepare the party for the 2010 general elections, according to an adviser for the youth members of the NLD who resigned on Thursday.

Former youth adviser Khin Htun called on the NLD to hold regular meetings and negotiations, and to discuss its political role ahead of 2010. The people of Burma are not interested in the reshuffling going on within the party at the moment, he said.

“The Burmese public only want to know how the NLD will approach the election in 2010 and how the party intends to lead the country,” he said.

Khin Htun urged the NLD to air discussions on the junta-drafted constitution as well as lobbying and campaigning for the support of the people. He also called on the party to hold dialogue with ethnic leaders and members of the Committee Representing the People’s Parliament (CRPP).

Htaung Kho Thang, a member of the CRPP and the United Nationalities League for Democracy, said on Friday that he agreed with Khin Htun and said that he and other ethnic leaders, including members of the CRPP, would willingly cooperate with the NLD leadership.

Htaung Kho Thang also said that the resignation on Wednesday of more than 100 of the NLD’s youth members would have a negative impact on the NLD’s followers.

“Young people are the driving force of a party,” he said. “If the youth don’t support the party, the party will be weakened.”

However, a veteran Burmese politician, Thakin Chan Htun, insisted that the constant restrictions imposed on the NLD by the military junta is the reason why its leaders are unable to prepare successfully for democracy in Burma.

More than 100 youth members of the NLD from about 19 townships in Rangoon Division resigned on Thursday, complaining that they were being excluded by the party’s top leaders from the decision-making process.

The resignations came a day after NLD Chairman Aung Shwe appointed six new youth advisors and assigned 10 others to lead youth activities for the party.

Khin Htun said that another NLD leader, Win Tin, who recently returned to the NLD after 19 years in Insein prison, will unofficially help to reconcile the former youth members with the party’s leadership.

Despite the resignations, Khin Htun said that the former NLD members would not seek asylum in foreign countries, but would continue to support the struggle for democracy in Burma.

Former Youth Members Urge NLD to Prepare for 2010

Leaders of Burma’s main opposition party, the National League for Democracy (NLD), should prepare the party for the 2010 general elections, according to an adviser for the youth members of the NLD who resigned on Thursday.

Former youth adviser Khin Htun called on the NLD to hold regular meetings and negotiations, and to discuss its political role ahead of 2010. The people of Burma are not interested in the reshuffling going on within the party at the moment, he said.

“The Burmese public only want to know how the NLD will approach the election in 2010 and how the party intends to lead the country,” he said.

Khin Htun urged the NLD to air discussions on the junta-drafted constitution as well as lobbying and campaigning for the support of the people. He also called on the party to hold dialogue with ethnic leaders and members of the Committee Representing the People’s Parliament (CRPP).

Htaung Kho Thang, a member of the CRPP and the United Nationalities League for Democracy, said on Friday that he agreed with Khin Htun and said that he and other ethnic leaders, including members of the CRPP, would willingly cooperate with the NLD leadership.

Htaung Kho Thang also said that the resignation on Wednesday of more than 100 of the NLD’s youth members would have a negative impact on the NLD’s followers.

“Young people are the driving force of a party,” he said. “If the youth don’t support the party, the party will be weakened.”

However, a veteran Burmese politician, Thakin Chan Htun, insisted that the constant restrictions imposed on the NLD by the military junta is the reason why its leaders are unable to prepare successfully for democracy in Burma.

More than 100 youth members of the NLD from about 19 townships in Rangoon Division resigned on Thursday, complaining that they were being excluded by the party’s top leaders from the decision-making process.

The resignations came a day after NLD Chairman Aung Shwe appointed six new youth advisors and assigned 10 others to lead youth activities for the party.

Khin Htun said that another NLD leader, Win Tin, who recently returned to the NLD after 19 years in Insein prison, will unofficially help to reconcile the former youth members with the party’s leadership.

Despite the resignations, Khin Htun said that the former NLD members would not seek asylum in foreign countries, but would continue to support the struggle for democracy in Burma.

Woman Activist Jailed in Rangoon မခင်မိုးအေးနှင့် ကိုကျော်စိုးအား ထောင်ဒဏ်ချမှတ်

Accused of illegally handling foreign currency, Khin Moe Aye, 40, a prominent social and political activist, was sentenced to three years imprisonment, along with former student leader Kyaw Soe, at Rangoon’s Insein prison court on Thursday, according to her lawyer, Khin Maung Shein.

Former political prisoners Khin Moe Aye and Kyaw Soe were arrested by military intelligence officers in Kyaikto Township in Rangoon’s northeastern suburbs on December 12.

Khin Moe Aye

Khin Moe Aye has been imprisoned by the military junta three times before. Her first arrest was in 1990 when she was jailed for one or two months. She was rearrested in December 1991 for her role in leading student demonstrations in honor of Aung San Suu Kyi winning the Nobel Peace Prize. She was sentenced to 10 years in jail, but was released in May 1992.

While continuing her pro-democracy activities, she was arrested again in February 1998 and was sentenced to seven years imprisonment for assisting an author, Aung Tun, in documenting a history of the Burmese student movement. She was released on May 4, 2003.

Kyaw Soe

In recent times, Khin Moe Aye has worked to provide aid, food and education to orphaned children and has founded an orphanage in Rangoon.

Tate Naing, secretary of the Thailand-based Assistance Association for Political Prisoners-Burma (AAPP), told The Irrawaddy on Friday that Khin Moe Aye actively participated in the 1988 popular uprising as a student leader of Rangoon University’s student union and was an active member of the All Burma Federation of Students Unions.

“She was often pressured by the military authorities for her involvement in social and political activities,” he said.


မခင်မိုးအေးနှင့် ကိုကျော်စိုးအား ထောင်ဒဏ်ချမှတ်

၂၀၀၇ ခုနှစ် ဒီဇင်ဘာလကတည်းက မွန်ပြည်နယ် ကျိုက်ထီးရိုးရင်ပြင်တွင် ဖမ်းဆီးခြင်းခံခဲ့ရသည့် မခင်မိုးအေးနှင့် ကိုကျော်စိုး (တော်ကီ) တို့ကို အင်းစိန်ထောင်တွင်ရုံးထိုင်သည့် စမ်းချောင်းမြို့နယ်တရားရုံးက နိုင်ငံခြားငွေ လက်ဝယ် တွေ့ရှိမှုဖြင့် ယမန်နေ့က အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၃ နှစ်စီချမှတ်လိုက်သည်ဟု ၎င်းတို့၏ အကျိုးဆောင်ရှေ့နေ ဦးခင်မောင်ရှိန်က ဧရာဝတီကို ပြောသည်။

၂၀၀၇ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် မခင်မိုးအေးနှင့် ကိုကျော်စိုးတို့ကို မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် စအဖ က ဖမ်းဆီးခဲ့ပြီး နိုင်ငံခြားငွေလဲလှယ်မှုအက်ဥပဒေ ပုဒ်မ ၂၄ (၁) နှင့် တရားစွဲဆိုခဲ့သည်ဟု ဦးခင်မောင်ရှိန်က ပြောသည်။

ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက် ရေးအသင်း၏ အတွင်းရေးမှူး ဦးတိတ်နိုင်က “သူတို့ကို စဖမ်း ကတည်းက ဘာကြောင့်ဖမ်းတယ်ဆိုတာ အကြောင်းပြချက်မရှိဘူး၊ စစ်ဆေးတွေ့ရှိချက်တွေအရ ဘာပြစ်မှုမှ ကျူးလွန်ခဲ့တာမတွေ့ရဘူး၊ အာဏာပိုင်က ထောင်ချမယ်ဆိုတဲ့ရည်ရွယ်ချက်ရှိတဲ့အတွက် စွပ်စွဲချက်တွေတပ်၊ ပုဒ်မတွေဆင်ပြီး ထောင်ချတာပါ” ဟု ပြောသည်။

မခင်မိုးအေးသည် ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကတည်းက ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂတွင် ပါဝင်ခဲ့သူ တဦးဖြစ်ပြီး ကျောင်းသားအရေး၊ ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီရေးတို့ကို တစိုက်မတ်မတ် လုပ်ဆောင်ခဲ့သူ ဖြစ်သည်။

“၁၉၉၁ ခုနှစ် ဒေါ်အောင်ဆန်းစုကြည် နိုဘယ်ငြိမ်းချမ်းရေးဆုရတဲ့အချိန်တုန်းက ရန်ကုန်တက္ကသိုလ်မှာလုပ်တဲ့ ထောက်ခံပွဲ ကို ဦးဆောင်ခဲ့သူတဦးလည်း ဖြစ်တယ်။ အဲဒါကြောင့် အဖမ်းခံရတယ်။ ထောင် ၁၀ နှစ်ကျခဲ့တယ်” ဟု ဦးတိတ်နိုင်က ပြောသည်။

မခင်မိုးအေးသည် အကျဉ်းထောင်တွင် နှစ်ပြည့်မနေရဘဲ၁၉၉ ၂ ခုနှစ်တွင် ပြန်လည်လွတ်မြောက်လာခဲ့သော်လည်း မြန်မာ နိုင်ငံကျောင်းသားသမိုင်းစာအုပ်ကို ကိုအောင်ထွန်းက ရေးသားပြုစုနေစဉ် အကူအညီပေးခဲ့သဖြင့် ၁၉၉၈ ခုနှစ် ဖေဖော်ဝါရီ လတွင် နောက်တကြိမ်အဖမ်းခံရသည်။ ၂၀၀၃ ခုနှစ် မေလတွင် ပြန်လည်လွတ်မြောက်လာခဲ့သည်။

ဒုတိယအကြိမ် ထောင်မှလွတ်မြောက်လာပြီးနောက်ပိုင်း ဒီမိုကရေစီရေးလုပ်ငန်းများကို အားပေးကူညီသကဲ့သို့ လူမှုရေး လုပ်ငန်းများကိုလည်း ဆက်လက်လုပ်ဆောင်ခဲ့သူ ဖြစ်သည်။ အဖမ်းမခံရမီက အာဏာပိုင်တို့၏ ခေါ်ယူစစ်ဆေးခြင်းနှင့် ဖိအားပေးခံရမှုများ ကြုံခဲ့ရသည်။

ကိုကျော်စိုးသည်လည်း နိုင်ငံရေးအကျဉ်းသားဟောင်းတဦးဖြစ်ပြီး ၎င်းအား စစ်အစိုးရက ထောင် ၃ နှစ် ချခဲ့သည်။

ကိုကျော်စိုးသည် ၁၉၉၀ ခုနှစ် ကိုဖုန်းမော် ၂ နှစ်ပြည့်အခမ်းအနားဖြစ်မြောက်ရေး ၁၉ ဦး ကော်မတီတွင် ပါဝင်ခဲ့သော ကြောင့် တခြားကော်မတီဝင်များနှင့်အတူ အဖမ်းခံခဲ့ရသည်။

ထောင်မှပြန်လည်လွတ်မြောက်လာပြီးနောက် ဒီမိုကရေစီရေးနှင့် ကျောင်းသားရေးရာကိစ္စများကို ဆက်လက်လုပ်ဆောင် ခဲ့သူ ဖြစ်သည်။

မုန်တိုင်းသင့် ကလေးငယ်များ၏နောက်ဆုံးအခြေအနေ

ဧရာဝတီတိုင်းအတွင်း နေထိုင်သည့် ကလေးငယ် အများစုမှာ နာဂစ်မုန်တိုင်း တိုက်ခတ်ပြီး နောက်ပိုင်း ၅ လနီးပါး ကြာလာ သည့်တိုင် မုန်တိုင်း တိုက်ခတ်စဉ် ကြုံတွေ့ရသည့် အဖြစ်ဆိုးံများကြောင့် စိတ်ဝေဒနာ ခံစား နေရဆဲဖြစ်ပြီး ပုံမှန်အနေ အထား ပြန်လည် မရောက်ရှိနိုင်သေးဘဲ ပညာရေး၊ ကျန်းမာရေးနှင့် စားဝတ်နေရေး များတွင်လည်း အခက်အခဲများ ကြုံတွေ့နေရဆဲဖြစ်ကြောင်း ပြည်တွင်း၊ ပြည်ပ အန်ဂျီအို များထံမှ သိရှိရ သည်။

ဧရာဝတီတိုင်းမှ နာဂစ်ဒဏ်ခံခဲ့ရသည့် ကလေးငယ်များမှာ ကလေး သဘာဝ ပြေးလွှား ဆော့ကစားခြင်း၊ နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်ခြင်း၊ စူးစမ်းမေးမြန်းခြင်း များကို လုပ်ဆောင်မှုနည်းပါးပြီး တဦးတည်း ငေးငိုင်ခြင်း၊ စာသင်ခန်းများတွင် စိတ်ပါ လက်ပါ ပညာသင်ကြားနိုင်မှုမရှိကြကြောင်း သိရသည်။

၎င်းဒေသရှိ ကလေးငယ်များသည် ရာသီဥတုအခြေအနေကို လွန်စွာသတိထားပြီး အနည်းငယ် လေတိုက်ခြင်းနှင့် ကောင်းကင်အုံ့မှိုင်းခြင်းများ ရှိလာချိန်တွင် ငိုယိုခြင်း၊ အလွန်အမင်း ကြောက်ရွံ့ခြင်းများလည်း ဖြစ်နေသည် ဟု မုန်တိုင်းသင့် ဒေသများတွင် ကလေးသူငယ် အရေးဆောင်ရွက်နေသည့် ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေ အဖွဲ့(UNICEF) ဧရာဝတီ တိုင်းရုံးခွဲများမှ မြန်မာဝန်ထမ်းများက ပြောသည်။

“ခုထက်ထိကလေးငယ်တွေ မှာ စိတ်ဝေဒနာတွေရှိနေပါတယ်။ မုန်တိုင်းသင့်ဒေသက ကလေးတွေက သာမာန်ကလေး တွေလို ကစားပျော်ရွှင်တာနေကြတာ မျိုးနည်းတယ်။ သူတို့မှာ အကြောက်တရား အရမ်းကို ကြီးစိုးနေတယ်” ဟု လပွတ္တာ မြို့နယ်ကျေးရွာများရှိ မုန်တိုင်းသင့် ကလေးငယ်များ ပညာသင်ကြားရေးဆိုင်ရာ လုပ်ငန်းခွင်များတွင် ပါဝင်ဆောင်ရွက် နေသည့် စေတနာ့ဝန်ထမ်း တဦးက ပြောသည်။

“လပွတ္တာကျေးရွာ မူလတန်းကျောင်းတွေက ကလေးတွေအတွက် ဘယ်လိုမှ လုံခြုံမှုမရှိဘူး။ တာလပေါ်လင်စကို ပတ်ပတ် လည်ကာပြီး သွပ်မိုးထားတာ။ ပြီးတော့ ထိုင်စရာမရှိဘူး။ ကလေးတွေက မြေကြီးမှာ ဖျာခင်းထိုင်ပြီး စာသင်ရတာပါ” ဟု လပွတ္တာမြို့ခံများကပြောသည်။

ကျေးရွာပေါင်း ၅၀၀ နီးပါးရှိသော လပွတ္တာမြို့နယ်တွင် အစိုးရ မူလတန်းနှင့် ပုဂ္ဂလိက တွဲဘက်မူလတန်း ၃၆၅ ကျောင်း ရှိပြီးသော ကျောင်းအများစုမှာ တာပေါ်လင်စ ပတ်ပတ်လည် ကာရံပြီး သွပ်မိုးထားသည့် လုံခြုံမှုမရှိသော ကျောင်း အဆောက်အအုံများသာ ဖြစ်ကြောင်း မြို့ခံများက ပြောသည်။

“ကုမ္ပဏီတွေကလည်း အဖြစ်သဘောပဲ လုပ်ပေးသွားတာလေ။ ကျောင်းဆောက် ပေးတယ် ဆိုပြီး တာပေါ်လင်စ ကာပြီး သွပ်မိုးပေးသွားတာ။ ဒီလိုကျောင်းမျိုးတွေဟာ ကလေးငယ်တွေ အတွက် ဘယ်လိုမှ လုံခြုံမှုမရှိဘူး။ ပြီးတော့ စာအုပ်စာတမ်း လိုအပ်ချက်၊ သင်ကြားရေးဆရာ၊ ဆရာမ လိုအပ်ချက်တွေလည်း အများကြီး” ဟုလပွတ္တာမြို့နယ်ရှိ ပညာရေးဝန်ထမ်း တဦးက ပြောသည်။

မုန်ုတိုင်းဒဏ်သင့် ကလေးငယ်များ၏ စိတ်ဓာတ်ရေးရာ အခြေအနေများ မူလ အနေအထား ပြန်လည် ရောက်ရှိအောင် ဆောင်ရွက်ရန် အထူးလိုအပ်နေချိန်တွင် ပြည်တွင်းပြည်ပ အစိုးရမဟုတ်သော အဖွဲ့ အစည်းများက ယင်းလိုအပ်ချက်ကို တစိတ်တပိုင်း ပါဝင်ဖြည့်ဆည်း နေသော်လည်း စစ်အစိုးရကမူ တစုံတရာ ဆောင်ရွက်ခြင်း မရှိကြောင်း ပြည်တွင်း အန်ဂျီအိုများမှ စေတနာ့ဝန်ထမ်း လူငယ်များကပြောသည်။

“ကုလသမဂ္ဂနဲ့ ပြည်တွင်းပြည်ပ အန်ဂျီအိုတွေက တတ်နိုင်သလောက်လုပ်နေကြတယ်။ ဒါပေမယ့် အစိုးရပိုင်းကတော့ တအားကိုငြိမ်သက်လွန်းတယ်။ မုန်တိုင်းဖြစ်ပြီး ၃ လကျော် လောက်ကတည်းက ဘာဆိုဘာတခုမှ မလုပ်တော့ဘူး” ဟု လပွတ္တာမြို့နယ်၊ ကျေးရွာတခုရှိ တွဲဘက်မူလတန်း ကျောင်းဆရာတဦးက သုံးသပ်သည်။

အခြေခံပညာ ဦးစီးဌာန ၀န်ထမ်းတဦးကလည်း “ကလေးတွေရဲ့ စိတ်ဝေဒနာကို ကုသဖို့ ကလေးကစားကွင်း၊ ဥယျာဉ်နဲ့ ကလေးပျော် နေရာဌာနလေးတွေအ များကြီး ဖန်တီးပေးဖို့ အရေးကြီးတယ်။ ပြီးတော့ ကလေးတွေရဲ့ စိတ်ဝေဒနာတွေကို ကုသပေးဖို့ စနစ်တကျ သင်တန်းပေးထားတဲ့ ဆရာ၊ ဆရာမတွေလည်း အများကြီး လိုအပ်ပါတယ်” ဟု ပြောသည်။

မုန်တိုင်းသင့်ဒေသမှ ကလေးငယ်များ ပညာသင်ကြားနိုင်ရန် အခမဲ့ပညာရေး စနစ် ဖြစ်ရန်လိုအပ်ပြီး သက်ဆိုင်ရာ ကလေးငယ်၏ မိသားစု စားဝတ်နေရေး ပြေလည်ရန်လည်း အရေးကြီးကြောင်း အဆိုပါ ပညာရေးဝန်ထမ်းက ပြောပြသည်။

“ခုဆိုရင် တဖြည်းဖြည်း ကုလသမဂ္ဂနဲ့ အိုင်အန်ဂျီအိုတွေက ရိက္ခာထောက်ပံ့တာတွေနဲ့ တခြားကူညီရေး အစီအစဉ်တွေကို ရပ်ဆိုင်းလာကြပြီ။ မိသားစုတွေ စားဝတ်နေရေး ခက်ခဲလာရင် ကလေးတွေ ပညာ သင်ကြားရေးကလည်း လုံးဝထိခိုက် လာမှာပါ။ အဲဒီတော့ မိသားစုတွေရဲ့စားဝတ်နေရေး ခိုင်မာမှု ရှိလာတဲ့ အချိန်ထိ ကူညီထောက်ပံ့မှုတွေ ပေးဖို့ လိုပါတယ်” ဟု မုန်တိုင်းသင့် ဒုက္ခသည်များကိုကူညီနေသည့် ရန်ကုန်သား လူငယ်တဦးက ဆိုသည်။

မဵိုးဆက်သစ်လူငယ်တဦးကို အိမ်မှာလက်ထိပ်ခတ် ဖမ်းဆီးသွား

2008-10-16

မဵိဳးဆက္သစ္လူငယ္မဵား အစည်းအ႟ုံးအဖွဲ့ဝင် ကိုကေဵာ်သူမဵိုးမြင့် (ခေၞ) ကိုအာကာကို အာဏာပိုင်တွေက အောက်တိုဘာ ၁၃ ရက်နေႛက ရန်ကုန် ကမာ႟ရွတ်္ဘမို့နယ် လှည်းတန်းနေအိမ်မှာ လာရောက် ဖမ်းဆီးသွားတယ်လိုႛ အဖွဲ့ပြောခွင့်ရသူ ကိုမိုးသွေးက ပြောပၝတယ်။


“အိမ်မှာပဲ လက်ထိပ်ခတ်္ဘပီး ခေၞသွားတာပဲ သူတိုႛ တခၝတည်း။ တခဵို့ ဆိုလိုႛရှိရင်တော့ ဒီအတိုင်းပေၝ့၊ ခဏေမးခဵင္လိုႛ ဘာညာဆို႓ပီး ဒီတိုင်း လက်ထိပ်မခတ်ပဲ ခေၞသွားတတ်တာ ရှိတာကိုး။ အခုကတော့ မဟုတ်ဖူး အိမ်မှာလ္ဘာပီးတော့ တခၝတည်း လက်ထိပ်တွေဘာတွေခတ်္ဘပီးတော့ ဆွဲခေၞသွားတာ။ ”

Generation Wave ဟာ အဖွဲ့အစည်း ဖွဲ့ခဲ့တဲ့ တနှစ်ပြည့်အထိမ်းအမှတ်နဲႛ ရန်ကုန်နဲႛ တခြားနယ်္ဘမို့တွေမှာ စစ်အစိုးရ ဆန်ႛကဵင်စာတွေဖြန်ႛဝေလှုပ်ရှားန္ဘေပီး ဒီတလ အတွင်းမှာ အဖြဲႚရဲ့ လႈပ္ရွားမႈေတြနဲႛ ဆက်နွယ်္ဘပီး ဖမ်းဆီးခံရသူ စုစုပေၝင်း ၉ ဦး ရှိသွား္ဘပီလိုႛ ကိုမိုးသွေးက ပြောပၝတယ်။

ဒီမိုကရေစီ ရှေႚလုပ်ငန်းစဉ် တိတိကဵကဵ သတ္မွတ္ဖိုႛ္ဘဗိတိသျှအမတ် တောင်းဆို

ဗြိတိသျှနိုင်ငံ အတိုက်အခံပၝတီရဲ့ လွတ်တော်အမတ်တဦးက မြန်မာစစ်အစိုးရကို ဒီမိုကရေစီရေး ရှေ့လုပ်ငန်းစဉ်တွေနဲႛ ပတ်သက်္ဘပီး သတ်မှတ်ခဵက် တိတိကဵကဵထားေပးဖိုႛ တောင်းဆိုလိုက်ပၝတယ်။
ဒီမိုကရေစီနဲႛ လူႛအခွင့်အရေးတွေ တိုးမြၟင့်ဆောင်႟ရွက်ဖိုႛ ဗြိတိန်အောက်လွတ်တော်တွင်း ဆွေးနွေးပွဲမှာ လွတ်တော်အမတ်မစ္စတာ ဒေးဗစ် လစ်ဒင်တန်က ဒီကိစ္စကို တောင်းဆိုလိုက်တာ ဖြစ်ပၝတယ်။မြန်မာနိုင်ငံမှာ နာဂစ်မုန်တိုင်းအ္ဘပီးရက်ပိုင်း ဒုက္ခသည်တွေကယ်ဆယ်ရေးကိစ္စမှာ စစ်အစိုးရက ပိတ်ပင် ဟန်ႛတားခဲ့တာဟာ ကိုယ်ခဵင်းစာစိတ်ကင်းမဲ့္ဘပီး၊ ရက်စက်လွန်းတဲ့ အပြုအမူတွေဖြစ်လိုႛ မိမိတိုႛအေနနဲႛ အတော်လေးကို တုန်လှုပ် ခြောက်ခြားမိခဲ့တယ်လိုႛ မစ္စတာ လစ်ဒင်တန်က ဆိုပၝတယ်။
အဲဒီအပြင် လာမဲ့ ဒီဇင်ဘာလကဵရင် ကုလသမဂ္ဂ အတွင်းရေးမှူးခဵုပ် မစ္စတာ ဘန်ကီမွန်း မြန်မာနိုင်ငံကို သွားမဲ့ကိစ္စကို မစ္စတာ လစ်ဒင်တန်က ကြိုဆိုလိုက်ပၝတယ်။ ဒၝပေမဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရော၊ မစ္စတာ ဘန်ကီမွန်းကိုပၝ မြန်မာစစ်အစိုးရဆီကနေ ရှေ့လုပ်ငန်းစဉ်အခဵိန် သတ်မှတ်ခဵက် တိတိကဵကဵရေအာင္ ေဆာင္႟ရြက္ဖိုႛ ၿဗိတိသွ်အစိုးရ အေနနဲႛ ဖိဖိစီးစီး တိုက္တြန္းေပးပၝလိုႛ တောင်းဆိုလိုက်ပၝတယ်။
္ဘပီးခဲ့တဲ့နှစ်မှာ လုံခြုံရေးကောင်စီက မြန်မာ စစ်အစိုးရကို တောင်းဆိုထားတာတွေထဲက အခဵက်တခဵက်ဖြစ်တဲ့နိုင်ငံရေးအကဵဉ်းသား အားလုံးလွှတ်ပေးဖိုႛ ကိစ္စကို စစ်အစိုးရအနေနဲႛ ပထမဆုံးဆောင်ရွက်ဖိုႛ လိုတယ်လိုႛလည်း မစ္စတာ လစ်ဒင်တန် က ဆိုပၝတယ်။ အဲဒီအပြင် ဒီသီတင်းပတ်မှာကဵင်းပမဲ့ ထိပ်သီးညီလာခံမှာ မြန်မာ့အရေးကို အဓိကိစ္စရပ်တခုအဖြစ်ဆွေးနွေးဖိုႛနဲႛ အောက်တိုဘာလ ၂၄ ရက်နေ့မှာ ကဵင်းပမဲ့ အာရှ-ဥရောပညီလာခံမှာမြန်မာကိစ္စကို ဦးစားပေးဆွေးနွေးအောင် ဆောင်႟ရွက်ဖိုႛ ဗြိတိန်အစိုးရကို တိုက်တွန်းလိုက်ပၝတယ်။
အခုလို ဗြိတိသျှအောက်လွှတ်တော်မှာ မြန်မာ့အရေးကို အလေးထားဆောင်႟ရွက်ဖိုႛ တိုက်တွန်းကြတာကို ဗြိတိန်အခြေစိုက် CSW လိုႛေခၞတဲ့ ကမႝာ့ ခရစ်ယာန်သွေးစည်း ညီညွတ်ရေးအဖွဲႚကလည်း ထောက်ခံကြိုဆိုကြောင်း ကြေညာလိုက်ပၝတယ်။

ဖွံ့ဖြိုးလာနေတဲ့ မြန်မာသတင်း မီဒီယာ လောက

သန်းစိုးလှိုင်
အောက်တိုဘာ ၁၅၊ ၂၀၀၈

"သတင်းရေးသူတွေဟာ ပြင်ပမီဒီယာနဲ့ ဆက်သွယ်တာဟာ နိုင်ငံရေးလုပ်တာလည်း မဟုတ်သလို အစိုးရဆန့်ကျင်ရေး လုပ်တာလည်း မဟုတ်ပါဘူး။ သတင်းသမားရဲ့ သဘာဝအတိုင်း တင်းကျပ်လွန်းတဲ့ စိစစ်ရေး မူဝါဒကြောင့် ဖေါ်ပြခွင့်ရှိတဲ့ နေရာမှာ ဖေါ်ပြဖို့ကြိုးစားကြတာပါ။"

မကြာသေးသောကာလမှ စတင်ကာ ဖွံ့ဖြိုးလာတဲ့ မြန်မာပုံနှိပ်သတင်း မီဒီယာလောကဟာ အခုဆို အရှိန်ရနေပြီလို့ ပြောလို့ရပါတယ်။ နေ့စဉ် သတင်းစာလိုမျိုး ထုတ်ခွင့်ရှိရင်တောင် ထုတ်ဝေနိုင်တဲ့ ဂျာနယ်တိုက်တွေ ရှိနေပြီလို့ ဆိုနိုင်ပါတယ်။ နေ့စဉ် သတင်းစာအနေနဲ့ လုပ်ကိုင်ခွင့်အတွက် လက်ရှိ စာပေစိစစ်ရေးရဲ့ ချုပ်ကိုင်မှုတွေကို အများကြီး ပြောင်းလဲ လျှော့ပေါ့မှသာ နေ့စဉ် သတင်းစာ အကောင်အထည်ပေါ်နိုင်မှာပါ။ လွန်ခဲ့တဲ့နှစ်ကတောင် ဂျာနယ် တိုက်ကြီးနှစ်ခုကို နေ့စဉ်သတင်းစာ ထုတ်ခွင့်ပေးမယ်ဆိုတဲ့ သတင်းများ ထွက်ပေါ်ခဲ့ဖူးပါတယ်။ ဒါပေမယ့် ထုတ်ဝေခွင့်ပြုပြီးမှ သတင်းမီဒီယာရဲ့ စီးဆင်းမှုကို ချုပ်ကိုင်ဖို့ ခက်ခဲသွားမှာ၊ ပြန်ရုပ်သိမ်းရင်လည်းပဲ သိက္ခာကျစရာတွေ ဖြစ်လာမှာမို့ ခွင့်မပြုခဲ့ပါဘူး။

အခုလည်း လူအင်အား၊ ငွေအင်အား ရှိတဲ့ ဂျာနယ်တိုက်တတိုက်ဟာ တပတ်မှာ ဂျာနယ် ၂စောင်၃စောင် ထုတ်နေတာမို့ တပတ်မှာ ၇စောင်ထုတ်ရင် သတင်းစာ ဖြစ်ရောပေါ့လို့ လွယ်လွယ် ကောက်ချက်ချသံတချို့ ကြားဖူးပါတယ်။ နေ့စဉ်သတင်းစာနဲ့ တစ်ပတ်တစ်စောင် ထုတ်ရတဲ့ ဂျာနယ် ၇စောင်နဲ့က သတင်းလတ်ဆတ်ပုံချင်း ကွာပါတယ်။ အပတ်စဉ်ထုတ် ဂျာနယ်တစ်စောင်ချင်းတိုင်းက သတင်းတွေဟာ အနည်းဆုံး ၂ရက် ၃ရက်ကနေ ၇ရက်ထိ စောင့်ပြီး ထည့်ရတဲ့ သတင်းတွေ ဖြစ်နေပြီး နေ့စဉ်သတင်းစာဆိုရင်တော့ သတင်းတစ်ပုဒ်ဟာ ၂၄နာရီထက် ပိုပြီးစောင့်စရာမလိုတဲ့အတွက် ပိုပြီးလတ်ဆတ်ပါတယ်။

စစ်အစိုးရက ပုဂ္ဂလိက သတင်းဂျာနယ်တွေကို ပြီးခဲ့တဲ့ ဆယ်စုနှစ်တစ်ခု ၀န်းကျင်ကာလအတွင်း ထုတ်ဝေခွင့်ပေးခဲ့ပြီး ယခုနေမှာ သတင်းမီဒီယာတွေဟာ သူတို့ထင်ထားတဲ့အတိုင်း လိုသလို ထိန်းချုပ်လို့ မရဘဲ၊ မီဒီယာရဲ့ သဘာဝအတိုင်း လွတ်လပ်မျှတမှုကို တောင်းဆိုလာပြီး အဲဒီလို အခြေအနေမျိုး မရတောင်မှ သွယ်ဝိုက်တဲ့နည်းနဲ့ စာဖတ်သူတွေဆီ အဖြစ်အပျက်မှန် အခြေအနေမှန် တင်ပြဖို့ ကြိုးစားလာကြပါတယ်။

ပိုင်ရှင်တွေကတော့ သူတို့ရဲ့ ငွေကြေးမြှုပ်နှံမှုကို ထိခိုက်မှာ စိုးရိမ်လို့ အစိုးရရဲ့ ငြိုငြင်မှုကို မခံလိုကြပါဘူး။ သတင်းထောက်တွေနဲ့ တခါတရံ အယ်ဒီတာတွေက စွန့်စွန့်စားစား သွားရောက် ရယူထားတဲ့ သတင်းတွေကို စာဖတ်ပရိတ်သတ်ဆီ တနည်းနည်းနဲ့ အရောက်ပို့ချင်ကြတာ သဘာဝပါ။

ဒီသဘာဝတရားကို ရှေ့ကနေ ပိတ်ဆို့တားဆီးနေတာကတော့ စစ်အစိုးရရဲ့ စာပေစိစစ်ရေးဌာနပါ။ ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ မကြာခဏဆိုသလို ခွင့်မပြုတဲ့ သတင်းထည့်လို့၊ ခွင့်မပြုတဲ့ သတင်းဓာတ်ပုံဖေါ်ပြလို့ ဆိုပြီး ဂျာနယ်တွေ ခဏနားခံရတာ၊ အယ်ဒီတာ နှုတ်ထွက်ပေးရတာတွေ မကြာမကြာ ပေါ်ထွက်ခဲ့ဖူးပါတယ်။ ဒါပေမယ့် သတင်းထောက် အဖမ်းခံရတာမျိုးတော့ တကြိမ်မှ မဖြစ်ပွားခဲ့ပါ။

ထိန်းချုပ်ဖို့ခက်ခဲလာတဲ့ သတင်းစီးဆင်းမှု
ပြီးခဲ့တဲ့ သြဂုတ်လအကုန် စက်တင်ဘာလဆန်းမှာတော့ သင်္ဃန်းကျွန်းမြို့နယ်က လူသတ်မှု သတင်းရေးတဲ့ ဖလားဝါးစ် နယူးစ် ဂျာနယ်က သတင်းထောက် စောမြင့်သန်းကို ဖမ်းဆီးလိုက်ပါတယ်။ သတင်းရေးတဲ့ အတွက် ပထမဆုံး အဖမ်းခံရတဲ့ သတင်းထောက်လို့ ဆိုနိုင်ပါတယ်။ ဖမ်းဆီးရတဲ့ အကြောင်းကတော့ လူသတ်မှုသတင်း ဂျာနယ်မှာ ဖေါ်ပြပြီးနောက် ရန်ကုန်တိုင်းရဲက ကိုစောမြင့်သန်းကို ခေါ်ပြီး အခုဖေါ်ပြတဲ့ သတင်းကြောင့် အထက်က လူကြီး အရမ်း စိတ်ဆိုးနေတယ်၊ ခင်ဗျားတို့ကို ဖမ်းလို့ရတယ်၊ ဂျာနယ်တိုက်ကို ပိတ်အောင်လည်း အရေးယူလို့ရတယ်၊ စီးပွားပျက်အောင် လုပ်လို့ရတယ်ဆိုတဲ့ စကားလုံးအသုံးအနှုန်းတွေ သုံးပြီး ကြိမ်းမောင်းပါတယ်။ အဲဒီလို ကြိမ်းမောင်းတဲ့ အကြောင်းကို အဲဒီနေ့ညနေမှာ ချင်းမိုင်အခြေစိုက် ဧရာဝတီ သတင်း ၀က်ဘ်ဆိုက်မှာ သတင်းပါရှိလာလို့ ရန်ကုန်တိုင်းရဲက အဲဒီကိစ္စကို အကြီးအကျယ် စိတ်ဆိုးပြီး ပြည်ပကိုသတင်းပို့မှုနဲ့ ရက်ပိုင်းအတွင်း ဖမ်းဆီးခဲ့ပါတယ်။

ဖမ်းဆီးသူတွေကတော့ ကိုစောမြင့်သန်း ဧရာဝတီ သတင်းဌာနဆီ သတင်းပေးပို့တယ် ဆိုတဲ့ အထောက်အထားတခုမှ မထုတ်ပြနိုင်ပါဘူး။

ကိုစောမြင့်သန်းက ဧရာဝတီရဲ့ မေးမြန်းချက်ကို ဖြေကြားတာ၊ ဒါမှမဟုတ် အင်တာနက်ကတဆင့် ဆက်သွယ်တာတွေနဲ့ ပတ်သက်တဲ့ အထောက်အထားလည်း တခုမှ မရှိပါဘူး။ သက်ဆိုင်ရာ သတင်းဌာန ဖြစ်တဲ့ ဧရာဝတီသတင်းဌာနကလည်း ကိုစောမြင့်သန်းဟာ သူတို့သတင်းဌာနနဲ့ ဆက်စပ်မှု မရှိကြောင်း သတင်းထဲမှာ ထုတ်ပြောထားပြီး ဖြစ်ပါတယ်။

စင်စစ်တော့ ရဲတွေကလည်း စောမြင့်သန်း သတင်းပို့တာ မဟုတ်မှန်း သိပါတယ်။ ဘယ်သူဘယ်ဝါရဲ့ လက်ချက်ဆိုတာကို မဖေါ်ထုတ်နိုင်တော့ ဖမ်းလို့ရတဲ့သူကို ဖမ်းလိုက်တာပါ။ ကိုစောမြင့်သန်းက ဓားစာခံ အဖြစ်ခံရတဲ့သဘော သက်ရောက်ပါတယ်။

နောက်တချက်ကတော့ ဒီကိစ္စကို အထက်လူကြီး (ဒုတိယဗိုလ်ချုပ်ကြီး မြင့်ဆွေ) ကျေနပ်ဖို့ အရေးယူတဲ့ သဘောလည်း ဖြစ်ပါတယ်။ ပြည်ပသတင်းမီဒီယာတွေနဲ့ ဆက်သွယ်တာကို ပြင်းပြင်းထန်ထန်အရေးယူမယ် ဆိုတဲ့ စကားကို သတင်းမီဒီယာကသူတွေဆီ သိစေချင်တဲ့ ရည်ရွယ်ချက်ဆိုတာ ထင်ရှားပါတယ်။ အရပ်စကားနဲ့ ပြောရင်တော့ စံပြအရေးယူတယ်ဆိုတဲ့ သဘောပါ။ ကိစ္စတခုနဲ့ တိုက်ရိုက်သက်ဆိုင်သည်ဖြစ်စေ မဆိုင်သည်ဖြစ်စေ နီးစပ်တဲ့သူကို အရေးယူအပြစ်ပေးပြီး ကျန်တဲ့ ပြည်သူတွေကို ခြိမ်းခြောက်လိုတဲ့ဟာမျိုးကို ပြည်တွင်းမှာတော့ စံပြအနေနဲ့ အပြစ်ပေးခံရတယ်လို့ ဆိုကြပါတယ်။

သတင်းထောက်နဲ့ သတင်းအမှန် ဖေါ်ပြခွင့်
သတင်းထောက်တွေ ပိုပြီး နိုးကြားလာတာ၊ ပိုပြီးပွင့်လင်းလာတာဟာ ပြီးခဲ့တဲ့ ၂၀၀၇ခုနှစ် စက်တင်ဘာ သံဃာ့တော်လှန်ရေး နဲ့ နာဂစ်မုန်တိုင်း အဖြစ်အပျက်တို့ရဲ့ အကျိုးသက်ရောက်မှု အများကြီးပါတယ်လို့ သတင်းမီဒီယာလောကသားတွေက ကောက်ချက်ချကြပါတယ်။ အဆိုပါ သမိုင်းဝင် အဖြစ်အပျက်တွေက သတင်းထောက်တွေ၊ သတင်းအယ်ဒီတာတွေကို လှုပ်နှိုးလိုက်သလို ဖြစ်စေခဲ့ပါတယ်။ အဆိုပါ အဖြစ်အပျက်တွေ မတိုင်မီက သတင်းထောက်တွေဟာ အစိုးရ၀န်ကြီးဌာန ရုံးတွေနဲ့ ကုန်သည်ကြီးများအသင်း၊ ငါးလုပ်ငန်းအသင်း စတဲ့ နေရာတွေကိုသာ ပုံမှန်ဝင်ထွက်သွားလာပြီး သတင်းရေးသား ခဲ့ကြပါတယ်။

စက်တင်ဘာ အရေးအခင်း ဖြစ်ပျက်တဲ့ အချိန်မှာ ဒီလောက် လူတွေ စိတ်ဝင်စားတဲ့ သတင်း၊ အဖြစ်အပျက်ကို ဘာကြောင့် ရေးသားခွင့် ဖေါ်ပြခွင့် မရသလဲ ဆိုတာကို မေးခွန်းထုတ်လာကြပါတယ်။ နိုင်ငံရေး အသိအမြင်များလည်း နိုးကြားလာပါတယ်။

အလုပ်ရှင် ဂျာနယ်တိုက်ပိုင်ရှင်တွေက စက်တင်ဘာ အရေးအခင်းနဲ့ တစုံတရာ အရေးယူခံရရင် မိမိဘာသာ တာဝန်ယူ ဖြေရှင်းဆိုတဲ့ သဘောမျိုး ပြောဆိုပေမယ့်လည်း စက်တင်ဘာ အဖြစ်အပျက်ကို မျက်မြင်ကိုယ်တွေ့ လိုက်လံကြည့်ရှုပြီး ပြည်တွင်းကသာမက ပြည်ပနိုင်ငံအသီးသီးကပါ အဖြစ်အပျက်တွေကို သိရှိအောင် တတ်နိုင်သလောက် တင်ပြခဲ့ကြပါတယ်။

တဖန် ယခုနှစ် မေလ နာဂစ် ဆိုင်ကလုန်းမုန်တိုင်း ရဲ့ အဖြစ်အပျက်တွေကိုလည်း မီဒီယာသမားတွေ တာဝန်ကျေအောင် တင်ပြခဲ့ကြပါတယ်။ မုန်တိုင်း ဖြစ်ခါစ တစ်ပတ်ဝန်းကျင်လောက် ပြည်တွင်းဂျာနယ်တွေမှာ ရုပ်ပုံရော သတင်းပါ အတိုင်းအတာတခုအထိ ဖေါ်ပြခွင့် ရရှိခဲ့ပြီးနောက်မှာတော့ စိစစ်ရေးက တင်းတင်းကြပ်ကြပ် ကိုင်တွယ် ဖြတ်တောက်ခဲ့ပါတယ်။ အဲဒီလို အဖြစ်အပျက်တွေကို တွေ့ကြုံခဲ့တဲ့ ပြည်တွင်း မီဒီယာ သမားတွေဟာ အတော်လေး အတွေ့အကြုံရင့်ကျက်လာတယ်လို့ ဆိုနိုင်ပါတယ်။

စစ်အစိုးရရဲ့ မထင်မှတ်ထားတဲ့ အကျိုးဆက်
စစ်အစိုးရကလည်း ပြည်တွင်းမီဒီယာ သမားတွေကို သူတို့ ကောင်းကောင်း ထိန်းချုပ် ကိုင်တွယ် နိုင်တယ်လို့ ယူဆထားခဲ့တာ လျှော့တွက်ရာရောက်ခဲ့မှန်း အခုတော့ သဘောပေါက်စ ပြုပါပြီ။ စာပေစိစစ်ရေးနဲ့ မှတ်ပုံတင်ဌာနဟာ ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ကနေ ပြန်ကြားရေး ၀န်ကြီးဌာနလက်အောက်ဆီ ပြောင်းပြီး မကြာမီ ၂၀၀၅၊ ၂၀၀၆ ခုနှစ် ၀န်းကျင်မှာ ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဆန်းက ပုဂ္ဂလိက သတင်းဂျာနယ် လိုင်စင် ဒါဇင်နဲ့ချီပြီး ခွင့်ပြုခဲ့ပါတယ်။ ကမ္ဘာကို ပုဂ္ဂလိကမီဒီယာတွေ မြန်မာပြည်မှာ ရှိတယ်ဆိုတာကို ပြချင်တာရယ်၊ အခြားတဘက်မှာလည်း အစိုးရရဲ့ သတင်းစာနဲ့ တီဗွီကို ဘယ်သူမှ အဖက်လုပ်ပြီး မကြည့်ကြလို့ ပုဂ္ဂလိကမီဒီယာကိုခွင့်ပြုပြီး အဲဒီမှာ စစ်အစိုးရရဲ့ ၀ါဒဖြန့်ချက်တွေကို အခမဲ့၊ မထည့်မနေရနဲ့ ထည့်သွင်းနိုင်မယ်လို့ တွက်ဆပြီး ခွင့်ပြုခဲ့တာပါ။

သူတို့မျှော်လင့်ထားတဲ့ အချက်တွေကို လုပ်ဆောင်လို့ ရသလောက် ရပေမယ့်လည်း အခြားတဘက်မှာ သူတို့ ထိန်းချုပ်လို့မရတဲ့ သတင်းစီးဆင်းမှုရဲ့ ရလဒ်ကို ယခုတော့ မျက်မြင်တွေ့ရှိနေရပါပြီ။

တိုးတက်လာတဲ့ သတင်းနဲ့ ပြန်ကြားရေး နည်းပညာဟာ မြန်မာပြည်ကိုလည်း အနည်းဆုံးအတိုင်းအတာနဲ့တော့ ရိုက်ခတ်လာပါတယ်။ အင်တာနက်၊ ဒစ်ဂျစ်တယ် ဓာတ်ပုံ၊ ကွန်ပျူတာ၊ မိုဘိုင်းဖုန်း၊ ဂြိုဟ်တု ဆက်သွယ်ရေးတွေဟာ အခုမျက်မှောက်ခေတ်ရဲ့ မီဒီယာကို များစွာ အကျိုးပြုပါတယ်။

ရန်ကုန်၊ မန္တလေး၊ စစ်တွေ၊ မော်လမြိုင်၊ ကော့သောင်း၊ မူဆယ်မှာ ဒီနေ့ဖြစ်ပျက်တဲ့ သတင်းကို ဒီနေ့မှာတင် စာသားဖြစ်စေ၊ ရုပ်ပုံဖြစ်စေ၊ အသံနဲ့ဖြစ်စေ ကမ္ဘာက သိနိုင်ပါပြီ။

စစ်အစိုးရနဲ့ မီဒီယာလုပ်ငန်းရှင်တွေက ပုဂ္ဂလိက သတင်းမီဒီယာတွေကို ရည်ရွယ်ချက်အသီးသီးနဲ့ ထူထောင်ခဲ့ပါတယ်။ သူတို့ ထူထောင်ခဲ့တဲ့ ပုဂ္ဂလိက သတင်းမီဒီယာဟာ သူတို့ ပဲ့ကိုင်ချင်သလို ကိုင်လို့ မရဘဲ မီဒီယာရဲ့ သဘာဝအတိုင်း သူ့လမ်းကြောင်းကိုသူလျှောက်ဖို့ ကြိုးစားတာကို ယခုအဖြစ် အပျက်တွေက သက်သေပြနေပါတယ်။

သတင်းရေးသူတွေဟာ ပြင်ပမီဒီယာနဲ့ ဆက်သွယ်တာဟာ နိုင်ငံရေးလုပ်တာလည်း မဟုတ်သလို အစိုးရဆန့်ကျင်ရေး လုပ်တာလည်း မဟုတ်ပါဘူး။ သတင်းသမားရဲ့ သဘာဝအတိုင်း တင်းကျပ်လွန်းတဲ့ စိစစ်ရေး မူဝါဒကြောင့် ဖေါ်ပြခွင့်ရှိတဲ့ နေရာမှာ ဖေါ်ပြဖို့ကြိုးစားကြတာပါ။ စစ်အစိုးရစွပ်စွဲသလို သတင်းရောင်းစားတာလည်း မဟုတ်။ သတင်းရဲ့ ပင်ကိုယ်သဘာဝ၊ သတင်းသမားရဲ့ ပင်ကိုယ်သဘာဝအရ လွတ်လပ်မှု နဲ့ အများအကျိုး ဆောင်ရွက်လိုမှုတွေကြောင့် အန္တရာယ်ကြားကနေ လုပ်ကိုင်နေကြတာပဲ ဖြစ်ပါတယ်။ ။