5.04.2009

တပ်ချုပ်ကြီးကို ခြောက်လှန့်နေသော မေလပုံရိပ်များ

ဆောင်းပါး
မင်းလွင် (ရှမ်းပြည်)
တနင်္လာနေ့၊ မေလ 04 2009 14:51 - မြန်မာစံတော်ချိန်



ဦးထွန်းလွင်၏ မျက်နှာမှာ စိုးရိမ်စိတ်ကြောင့် အနည်းငယ် နီမြန်းလေသည်။ နောက် ၁ဝ နာရီဆိုလျှင် ဧရာဝတီတိုင်း၏ ကံကြမ္မာမှာ မည်သို့ဖြစ်မည်ကို မတွေးရဲလောက်အောင် ပူပန်နေပေမယ့် စိတ်ကို ရှည်ရှည် ထားပြီး တပ်ချုပ်ကြီး ထွက်အလာကို စောင့်မျှော်နေရသည်။

ဒု-တပ်ချုပ်ကြီးကိုလည်း အကြောင်းစုံ ဆွေးနွေး တင်ပြသော်လည်း ဆုံးဖြတ်ချက် မပေးနိုင်ဘဲ ပေါ့ပျက်ပျက် နိုင်လှသော စကားကြောင့် စိတ်မကောင်း ဖြစ်ခဲ့ရသည်။ လူပေါင်း သန်းနှင့်ချီသော ကြမ္မာဆိုးကို ဂရုမစိုက်ဘဲ မကြာမီ ကျင်းပတော့မည့် လူထုဆန္ဒ ခံယူပွဲတွင် မသမာသောနည်းဖြင့် အနိုင်ရရှိရေးကိုသာ အာရုံ ရောက်နေသည်။ အခုပဲကြည့်လေ၊ နေ့လယ်ကြောင်တောင်ကြီးမှာတောင် စကားပြောလိုက်တိုင်း အနံ့ဆိုး အရက်နံ့က ထွက်နေသည်။ မသင်္ကာသော မျက်နှာဖြင့်လည်း မေးခွန်း ထုတ်လိုက်သေးသည်။

''သေချာရဲ့လား၊ မုန်တိုင်းသတင်းက''၊ ''ဒီအချိန်မှာ ပြည်သူလူထုတွေကို စိတ်မခြောက်ခြားစေချင်ဘူး''၊ ''အခုလုပ်မယ့် ဆန္ဒခံယူပွဲဟာ ဒို့တပ်မတော်အတွက် အရေးပါဆုံး အချိန်ပဲကွ''၊ ''ခင်ဗျား တင်ပြတဲ့ အရေးပေါ် အခြေအနေ ထုတ်ပြန်ဖို့ဆိုတာဟာ တပ်ချုပ်ကြီးနဲ့ပဲ ဆိုင်တယ်''၊ ''သူ့ကို သွားဆွေးနွေး တင်ပြလိုက်ပါ''။

မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားရေးမှူး ဦးထွန်းလွင်တယောက် လေးလံသော ခြေလှမ်းများဖြင့် ဒု-တပ်ချုပ်မှူးကြီး မောင်အေး အိမ်မှ ထွက်လာပြီး တပ်ချုပ်ကြီး အိမ်ဘက်သို့ ခြေဦးလှည့်လိုက်သည်။ အိမ်တအိမ်နှင့် တအိမ် တမိုင်ကျော် ကွာဝေးနေပြီး နေအိမ်နှစ်လုံးကြားတွင်လည်း စစ်ဆေးရေးဂိတ် ၃ ခုကို ဖြတ်ကျော်ခဲ့ရသည်။ နောက်ဆုံးဂိတ် အရောက်တွင်လည်း ၅ မိနစ်ခန့် ကားကို ရပ်တန့်ပေးရပြီး လာရင်းကိစ္စ၊ အဆင့်ရာထူးများကိုပါ မေးမြန်းစစ်ဆေးခြင်း ခံနေရသည်။

ကွန်မန်ဒိုတပ်ခွဲ ၅ ခွဲဖြင့် ခြံရံထားသော တပ်ချုပ်ကြီးအိမ် ရောက်တော့ ဧည့်ဆောင်၌ တပ်ချုပ်ကြီး ထွက်အလာကို စောင့်မျှော်နေရသည်။ တနာရီတိတိ ကြာသည်ထိ တပ်ချုပ်ကြီး ထွက်ပေါ်မလာခဲ့ပေ။ ဘုရား ဝတ်ပြုခန်းတွင် ရှိနေခြင်း မဟုတ်ဘဲ၊ မည်သူမျှ အကြောင်းကြားပိုင်ခွင့် မရှိသော ကိုယ်ပိုင် သီးသန့်ခန်းတွင် အနားယူနေကြောင်း သိရှိရ၍ လက်မြှောက် အရှုံးပေးကာ နောက်ကြောင်း ပြန်လှည့်ခဲ့ရသည်။ မိမိအနေဖြင့် အသိပေး တင်ပြခြင်းကို တရားဝင် ဖြစ်အောင်တော့ လုပ်ရမည်ဟူသော စိတ်ဖြင့် နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ ဥက္ကဋ္ဌရုံးသို့ နောက်ဆုံး ဝင်ရောက်အကြောင်းကြားရာ တပ်မှူးကြီးရွှေမန်း၊ တပ်မှူးကြီးမြင့်ဆွေတို့ကို တွေ့ရ၍ အားတက်မိသွားသည်။ တပ်ချုပ်ကြီးကို တင်ပြခွင့် မရခဲ့ပေမဲ့ မပြေးသော်လည်း ကန်ရာရှိဆိုသလို တပ်မှူးနှစ်ဦးအား အစီရင်ခံ တင်ပြရာတွင် အိန္ဒိယ မိုးလေဝသ သတင်းဌာန၏ အရေးပေါ် သတိပေးချက်အရ ဘင်္ဂလားပင်လယ်အော်တွင် အစပျိုးဖြစ်ပေါ်နေသော မုန်တိုင်းသည် အားကောင်းလာပြီး အရှေ့မြောက်ဘက်သို့ ရွေ့ရှားနေကြောင်း၊ လေတိုက်နှုန်း မိုင် ၈ဝ မှ ၁ဝဝ အကြားတွင် ရှိပြီး လှိုင်းကြီးရုံတင်မက ဒီရေပါ ကုန်းတွင်းပိုင်းသို့ ဝင်ရောက်လွှမ်းနိုင်ကြောင်း၊ အထူးသဖြင့် ဧရာဝတီမြစ်ဝကျွန်းပေါ် ဒေသအဖို့ အရေးပေါ် ကြေညာချက် ထုတ်ပြီး၊ ပြင်ဆင်ထားနိုင်လျှင် ၁ဝ နာရီခန့် အချိန်မီသေးကြောင်း၊ ဧရာဝတီ ရေတပ်စခန်း ဌာနချုပ် (ဧရတခ) ကလည်း မုန်တိုင်းတိုက်ခတ်မည့် လဏ္ခာများ ရှိနေ၍ မိုးလေဝသဌာနသို့ တနာရီ တကြိမ် ပုံမှန် သတင်းပေးပို့နေကြောင်းတို့ကို တပ်မှူးကြီးနှစ်ဦးအား ရှင်းလင်းတင်ပြပြီး အရေးပေါ် ကြေညာချက် ထုတ်ပြန်နိုင်ဖို့အတွက် တပ်ချုပ်ကြီးကို ထပ်ဆင့်အကြောင်းကြားရန် စစ်ကူတောင်းခံခဲ့သည်။

မေလ ၂ ရက်နေ့

မြန်မာ့သဘာဝ ဘေးဆိုးများတွင် အဆိုးဆုံးသော မုန်တိုင်းဒဏ်ကို ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသတွင် ခံစားလိုက်ရသည်။ မုန်တိုင်းသတင်းများကို ပြည်ပ အသံလွှင့်ဌာနများတွင် အကျယ်တဝင့် ကြိုတင်ကြေညာ ထားသော်လည်း မိမိတို့ မိုးလေဝသဌာနမှ အမှန်အတိုင်း ထုတ်ပြန်ချင်သော်ငြားလည်း နေပြည်တော်မှ ပိတ်ဆို့မှုများကြောင့် သိက္ခာကျဆင်းခဲ့ရသည်။ မိုးလေဝသဌာနသုံး ရဟတ်ယာဉ် တစီးကတော့ မင်္ဂလာဒုံ ကွင်းထဲတွင် အထီးကျန်စွာဖြင့် ရပ်တန့်နေရှာသည်။ အခြားသော လေယာဉ်များ အထူးသဖြင့် တပ်ချုပ်ကြီးနှင့် စီးပွားရေး သာမက လူမှုရေးများတွင် ပါဝင်ပတ်သက်နေသူ မောင်တေဇပိုင် လေယာဉ်များမှာ ထူးထူးခြားခြား မတွေ့ရပေ။ နောက်မှ သိရှိရသည်မှာ မိမိ နေပြည်တော်မှအပြန် ညနေခင်းကတည်းက မန္တလေးသို့ ပြောင်းရွှေ့သွားမှန်း သိခဲ့ရသည်။ အရေးပေါ် ကြေညာချက် ကြိုတင်ထုတ်ပြန်ဖို့ သွားရောက်စောင့်ဆိုင်းနေစဉ် လုံးဝ ထွက်အတွေ့မခံဘဲ လေယာဉ်များ ရွှေ့ပြောင်းရေးအတွက်ကိုတော့ တပ်ချုပ်ကြီး အမိန့်ပေးခဲ့သည်မှာ ယုတ္တိ လုံးဝ မရှိချေ။

မုန်တိုင်း စတင်တိုက်ခတ်ကတည်းက မိမိဌာနနှင့် ဧရာဝတီ ရေတပ်စခန်းဌာနချုပ်မှာ အဆက်အသွယ် လုံးဝ မပြတ်ခဲ့ချေ။ ရေတပ်ဦးစီးချုပ် ဒု-ဗိုလ်ချုပ်ကြီး စိုးသိန်း ကိုယ်တိုင် ဆက်သွယ်ရေးစက်မှ တိုက်ရိုက် မိမိနှင့် အဆက်အသွယ် ရနေပြီး၊ မုန်တိုင်းအခြေအနေကို တနာရီ တကြိမ် ပေးပို့နေသောကြောင့် နေပြည်တော် ကိုလည်း ထပ်မံအစီရင်ခံနေရသည်။ ဗိုလ်ချုပ်စိုးသိန်းမှာ ဗိုလ်ကြီးအဆင့်ဖြင့် ဥရောပတွင် ရေတပ်ဆိုင်ရာ စစ်ပညာကို လေ့လာသင်ယူနေစဉ် မိမိနှင့် သိကျွမ်းခဲ့ရသည်။ ထိုစဉ်က မိမိမှာလည်း မိုးလေဝသဆိုင်ရာ လေ့လာဆည်းပူးရန် နိုင်ငံတော်စရိတ်ဖြင့် ဥရောပတခွင် ရောက်ရှိနေချိန် ဖြစ်သည်။

''ခင်ဗျာ့ဌာနနဲ့ ကျနော်တို့ ရေတပ်က လင်မယားလိုပဲနော်။ နောက်များလည်း မကြာမကြာ တွေ့ကြရဦးမယ်''။ သတ္တုသံပါသော အသံ၊ နှုတ်ဆက်ဖော်ရွေခြင်းနှင့် ခန့်ညားသော ဥပဓိရုပ်ပိုင်ရှင် ဗိုလ်ကြီးစိုးသိန်းကို မိမိဥရောပတွင် စတင်ခင်မင်ခဲ့ရသည်။ အထူးသဖြင့် မိမိကြည့်မရသော စစ်သားများထဲတွင် ထူးထူးခြားခြား ဗိုလ်ကြီးစိုးသိန်းမှာ ခင်မင်စရာ ကောင်းနေသည်။

ဗိုလ်ကြီးစိုးသိန်းမှာ ယခုတော့ ကာကွယ်ရေးဦးစီးချုပ် (ရေ) ရာထူးကြီး ရနေသလို မိမိမှာလည်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားရေးမှူး တာဝန်ကို ထမ်းဆောင်နေရသည်။ အမြဲတမ်းလိုလို တာဝန်အရ ဆက်ဆံနေရပြီး ယခု မုန်တိုင်းကာလတွင် တိုက်ရိုက်ဆက်သွယ် စကားပြောနေရသည်။ အရေးပေါ် အခြေအနေ ထုတ်ပြန်ရန် တပ်ချုပ်ကြီးကို သွားလျှောက်ဖို့လည်း ဗိုလ်စိုးသိန်းမှာ အကြံဉာဏ် ပေးခဲ့ရှာသည်။ သို့သော် မျှော်မှန်းသလို တပ်ချုပ်ကြီးက ထွက်မတွေ့သောကြောင့် မုန်တိုင်းကို အန်တုစောင့်ကြည့်နေရုံသာ ရှိကြောင်း နှစ်ဦးသား တိုင်ပင်ကြသည်။

မုန်တိုင်းလွန်သော်

''ကျနော့် (ဧရတခ) ရေတပ်တော့ ပျက်ပြီ''၊ ''စာရင်းချုပ်အရ စစ်သင်္ဘောကြီးငယ် ၃၆ စီး မြုပ်သွားတယ်။ ကိုစိုးဝင်း (ဝန်ကြီးချုပ်ဟောင်း) တရုတ်သွားတုန်းက ဟိုက မီးရထားတွဲ ၁၅ဝ ကျော် လက်ဆောင်ပေးလိုက်တယ်။ ကျနော့်ကိုတော့ ရေယာဉ်ကြီး ၄ စီး ပေးတယ်။ ၂ စီးကတော့ ကိုကိုးကျွန်းမှာ ကပ်ထားလို့ မုန်တိုင်းဒဏ်က လွတ်သွားတယ်။ ဟိုင်းကြီးကျွန်းက ၂ စီးကတော့ နစ်တဲ့အထဲ ပါသွားပြီ။ ပြည်သူကိုကယ်ဖို့ မဆိုထားနဲ့ ကိုယ့်ဟာကိုယ်တောင် မဆယ်နိုင်ဘူးဗျာ''

ဗိုလ်စိုးသိန်းမျက်နှာမှာ နှမြောစိတ်ကြောင့် မကောင်းလှပေ။ မိမိမှာလည်း နေပြည်တော်သို့ အမြန်ဆုံး လာရန် ဆင့်ဆိုထားသောကြောင့် လာမဲ့ဘေး ပြေးတွေ့ရဦးမည်။ မသွားခင် ကိုယ့်ဘက်က မှားယွင်းမှု မရှိအောင် ပြင်ဆင်ထားရန်လည်း သူငယ်ချင်း ဗိုလ်စိုးသိန်းက သတိပေးရှာသည်။

တပ်ချုပ်ကြီး၏ ဟန်ဆောင်ပူပန်ခြင်း
''ဒီလောက်အထိ ဖြစ်လိမ့်မယ်လို့ ကျနော် လုံးဝ မမျှော်လင့်ဘူးဗျာ။ အဓိက မိုးလေဝသဌာနမှာ တာဝန် အရှိဆုံးပါ။ ညွှန်မှူးထွန်းလွင်ကို တာဝန်ရှိသလိုသာ ဆက်လုပ်လိုက်ပါ''၊ ''လောလောဆယ် နာဂစ်ဒေသကို သိန်းစိန်နဲ့ လွှတ်ထားလိုက်ပါ''

အချိန်မီ သတိပေး ပျက်ကွက်မှုကြောင့် ညွှန်မှူးထွန်းလွင်ကို ဖြုတ်ရန် တပ်မှူးကြီး သူရရွှေမန်းနှင့် တွဲဖက် တပ်မှူးမြင့်ဆွေတို့ကို မှာကြားပြီး တပ်ချုပ်ကြီးတယောက် ဥက္ကဋ္ဌရုံးမှ ထွက်ခွာသွားသည်။ ကျန်ရစ်ခဲ့သော တပ်မှူး ၂ ဦး တယောက်မျက်နှာ တယောက်ကြည့်ကာ ခေါင်းကိုက်ခဲသွားလေတော့သည်။ တကယ်တော့ ညွှန်မှူး ထွန်းလွင် ကြိုတင်၍ အစီရင်ခံခဲ့သည်။ မိမိတို့ကိုလည်း သေချာ ရှင်းလင်းတင်ပြခဲ့သည်။ ထွက်မတွေ့ဘဲ အခန်းအောင်း နေသူက တပ်ချုပ်ကြီးဖြစ်ကြောင်း သဘောပေါက်သည်။ မည်သူ့တွင် တာဝန်ရှိသည်ကို မေးနေစရာ မလိုပါ။ တပ်မှူး ၂ ဦးစလုံး တစုံတခုကို ဆုံးဖြတ်ချက် ချလိုက်သည်။

မတည်မြဲသော ရာထူးသင်္ခါရ
မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားရေးမှူး ရာထူးကို ဦးထွန်းလွင်တယောက် မဆုံးရှုံးခဲ့ပါ။ သူငယ်ချင်းဖြစ်သူ ရေတပ်ချုပ်ကြီးမှာ ရာထူးနှစ်ဆင့်ကျကာ စက်မှု (၂) ဝန်ကြီး ရာထူးသို့ လျှောကျသွားသည်။ အံ့သြစိတ် ကြောင့်လည်း သူငယ်ချင်း၏ ရင်ဖွင့်သံကို မျှဝေခံစားပေးနေရသည်။

''ပထမတော့ ကျနော်လည်း သူတို့ စစ်သဘောင်္တွေ ရောက်လာလို့ စိတ်နည်းနည်း တိုသွားတယ်''၊ ''နောက်မှ သူတို့ဘက်က ရှင်းပြတယ်။ ထိုင်းနဲ့လုပ်မယ့် (Cobra Gold) စစ်ရေးလေ့ကျင့်တာကို ရွှေ့ဆိုင်းလိုက်ပြီး နာဂစ်အတွက် လာတာတဲ့။ ရေယာဉ်ပေါ်မှာ လက်နက်မပါဘဲ၊ ကယ်ဆယ်ရေးပစ္စည်း တင်ဆောင်လာတယ် ဆိုတာကို တက်ပြီး စစ်ဆေးဖို့လည်း ဖိတ်တယ်လေ''၊ ''ခင်ဗျားပဲ စဉ်းစားကြည့်ပါဗျာ။ အခုအချိန်မျိုးမှာ ကိုယ်က ပြည်သူတွေကို ကယ်ဖို့နေနေသာသာ ကိုယ့်ဟာကိုယ်တောင် မကယ်နိုင်ဘဲ ဒုက္ခဖြစ်နေတာပဲလေ။ အကူအညီ မှန်သမျှ များများနဲ့ မြန်မြန် လက်ခံရမှာပဲဗျ။ ကျနော်တင်မကဘူး၊ ဧရာဝတီ ရေတပ်စခန်း တခုလုံးက သူတို့ သင်္ဘောတွေ လာကပ်တာကို ဝမ်းသာနေကြတယ်''

ရေတပ်ချုပ်ကြီး၏ စိတ်ဓာတ်ကို ချီးကျူးလေးစားမိသည်။ အနောက်တိုင်းတခွင် ပညာသင်ခဲ့ဖူးတာကြောင့် ခေတ်မီ စိတ်ထားနှင့် ပကတိ အခြေအနေတွင်လည်း အမှန်ဘက်တွင် ရပ်တည်ခြင်း ဖြစ်သည်။ သို့သော် ဆန့်ကျင်ဘက် စိတ်ထားရှင် နေပြည်တော် တပ်ချုပ်ကြီးက ရေတပ်ချုပ်ကြီးသည် အမေရိကန် စစ်သဘောင်္များကို ဆိုက်ကပ်ခွင့်ပေးခြင်း၊ စစ်သင်္ဘောများနှင့် နေ့စဉ် ဆက်သွယ် စကားပြောခြင်း၊ အမေရိကန် ရေတပ်ဦးစီးချုပ်အား မင်္ဂလာဒုံ လေယာဉ်ကွင်းတွင် ကြိုဆိုစဉ်က မိမိအား လူစိတ်မရှိသယောင် ပုံစံမျိုး ပြောဆိုသွားခြင်း စသော ပြစ်ချက်များ သတ်မှတ်ကာ ကာကွယ်ရေးဦးစီးချုပ် (ရေ) ရာထူးမှ ထုတ်ပယ်ခဲ့သည်။ မတတ်နိုင်လွန်း၍ ကျန်ရေတပ်ကေဒါများ ပူညံပူညံ လုပ်မည်စိုး၍ စက်မှု (၂) ဝန်ကြီး ရာထူးပေးကာ ချွေးသိပ်ခဲ့သည်။

အတိတ်ပုံရိပ် အိမ်မက်ခြင်း
စံအိမ်တော်ဘေးတွင် စိုက်ထားသော ထင်းရှူးပင်မှာ သဘာဝအတိုင်း စိုက်ပျိုးထားခြင်း မဟုတ်ဘဲ အပင်ကြီးကို ကရိန်းဖြင့် ဆွဲနုတ်ကာ ကျင်းတူး၍ စိုက်ပျိုးထားခြင်းကြောင့် အရွက်များမှာ အချိန်တိုအတွင်း ခြောက်သွေ့နေသည်။ လေတိုက်လိုက်တိုင်း သစ်ရွက်ခြောက်မြည်သံကြောင့် တပ်ချုပ်ကြီး၏ စိတ်ကို ခြောက်ခြားစေသလို ဖြစ်နေသည်။ ယခုလည်း စံအိမ်တော်မှာ ကိုးကွယ်ပူဇော်နေသော သထုံမြို့မှ အလံတရာ ဆရာတော် ရောက်ရှိနေသည်။ ယခင် ရွှေဝါရောင် လူသတ်ပွဲအပြီးတွင်လည်း စိတ်ခြောက်ခြားနေ၍ ဆရာတော်ကို ပင့်ဖိတ်၍ တရားရေအေး တိုက်ကျွေးခိုင်းဖူးသည်။ အခုတော့ သက်သာမည် မထင်ပါ၊ တသက်လုံး ဖုံးခဲ့သမျှသည် ဘူးပေါ်သလို ပေါ်နေပြီ။

မိမိ၏ သမီးတော်လေး ကိုယ်ဝန်နှင့် မင်္ဂဆောင်စဉ်က ဗီဒီယိုခွေမှာ လက်ကျန် ထောက်လှမ်းရေးများ လက်ဆော့လိုက်သဖြင့် ကမ္ဘာတဝှမ်း ပျံ့သွားခဲ့သည်။ တိုက်တိုက်ဆိုင်ဆိုင် ခေါင်းကိုက်နေချိန်တွင် လူဆိုးကြီး ဆက်ဒမ်ဟူစိန်ကို ကြိုးပေးသတ်လိုက်တော့ နှလုံးရောဂါပါဖြစ်ပြီး စင်္ကာပူဆေးရုံသို့ လစ်ရတော့သည်။ စကာင်္ပူ ဆေးတန်ခိုးကြောင့် ရောဂါသက်သာခဲ့ပေမယ့် ယခုအချိန်မှာ နာဂစ်အကျိုးဆက်ကြောင့် မိမိအပေါ် တကမ္ဘာလုံး အော့နှလုံးနာ ဖြစ်နေသည့် ရောဂါကို ဘယ်ဆေးဝါးမျိုးနှင့်မျှ သက်သာမည် မထင်ပါ။ အခံရအခက်ဆုံးမှာ မိမိမွေးထားသော တပ်မှူး ၂ ဦးက မိမိအမိန့်ကို အာခံကာ ညွှန်မှူးထွန်းလွင်ကို ဖြုတ်ချခြင်း မပြုဘဲ ထွန်းလွင် အစီရင်ခံစာကို ကဗျည်းထိုး မှတ်တမ်းတင်ထားသည်။ ရေခြားမြေခြား ရောက်နေသော ထောက်လှမ်းရေး အောင်လင်းထွဋ်ကလည်း ဖုံးကွယ်ထားခဲ့သော လူသတ်ပွဲကို အစပျိုး ဖော်ထုတ်နေလေပြီ။ တခြားသူ တဦးတယောက်ဆို တော်ပါသေးသည်။ အခုတော့ တရားခံပြ သက်သေအဖြစ် ကမ္ဘာကို ကြေညာနေပြီ။

ဂြိုဟ်မွှေသည့် မေလ
ဒီလဒီကာလ ရောက်လေတိုင်း စိတ်သောက ရောက်ရစမြဲ ဖြစ်သည်။ ၁၉၉ဝ ခုနှစ်ကတည်းက မိမိတို့ကို အလဲထိုး အနိုင်ယူခဲ့သော ရွေးကောက်ပွဲအောင်ပွဲက အခုထိ ခြောက်လှန့်နေသည်။ မိမိ၏ လက်စွဲတော် လူမိုက်များက လိုသည်ထက် ပိုမို၍ လက်လွန်သွားသော ဒီပဲယင်း ရိုက်သတ်ပွဲကြောင့် ကမ္ဘာက အယုံအကြည် ကင်းမဲ့ခဲ့ရသည်။ ၉ဝ ရွေးကောက်ပွဲကို ချေဖျက်နိုင်ရန် အင်တိုက်အားတိုက် လုံးပမ်းခဲ့ရသော ဆန္ဒခံယူပွဲကလည်း ထင်သလောက် ဖြစ်မလာဘဲ ပိပိရိရိ မသေသပ်မှုကြောင့် အရှက်ကွဲနေရသည်။ လွန်ခဲ့သောနှစ် မေလက တိုက်ခတ်သော နာဂစ်ကြောင့်လည်း အကြင်နာတရား ကင်းမဲ့သည့် ကမ္ဘာ့အဆိုးဝါးဆုံး ပုဂ္ဂိုလ်ဘွဲ့ကို ရရှိစေခဲ့သည်။

မကြာမီ ရင်ဆိုင်ရမည့် စိန်ခေါ်မှုမှာ လွတ်ရက်စေ့၍ ပြန်လွှတ်ပေးရတော့မည့် တက္ကသိုလ်ရိပ်သာလမ်း နေအိမ်အကျယ်ချုပ် ပြဿနာဖြစ်သည်။ လွှတ်ပေးလိုက်ရရင်လည်း ကြွတက်လာမည့် လူထုလှိုင်းသည် မိမိတို့ကို ရိုက်ခတ်သွားနိုင်သည်။ ဆက်လက်ထိန်းထားလျှင်လည်း အကျယ်ချုပ်လက်နက် ထိပ်တုံးကို မိမိကိုယ်တိုင် ထမ်းပိုးရတော့မည်။ ထို့ပြင် ကလော်တုတ် ဆဲဆိုကြမည့် နိုင်ငံတကာ အသိုင်းအဝိုင်းမှ လက်ညှိုးများကိုလည်း အံမတုဝံ့ပေ။ အဆိုးဝါးဆုံးမှာ မိမိမွေးထားခဲ့သော တပည့်ကျော်များကလည်း မယုံကြည် စိတ်မချရသေး၊ မိမိသာ အာဏာမဲ့သွားလျှင် ဆရာကြီး ဦးနေဝင်းကဲ့သို့ ဖြစ်သွားနိုင်သည်။ အာဏာကို ဆက်ဆုပ်ကိုင် ထားသောကြောင့်လည်း မိမိရုပ်မှာ ဘီလူးကဲ့သို့အလား ထင်မှတ်နေရသည်။

သောကကင်းငြိမ်းရန်မှာ ဗုဒ္ဓတရားရေအေး တိုက်ကျွေးရန် ခေါ်ထားသော သထုံ အလံတရာ ဆရာတော်ကလည်း ပင့်ဖိတ်လို့မရ။ နောက်ဆုံး အားကိုးရာဖြစ်သော ကြင်သူသက်ထား မကြိုင်ကြိုင်က ဘေးနားမှနေ၍ မေတ္တာသုတ်ကို ရွတ်ဖတ်ပေးနေရှာသည်။ မေတ္တာသုတ်ကို နားစွင့်ရင်း ဘုရားအာရုံ ပြုလိုက်သောအခါ မနောစိတ်တွင် ဘုရားပေါ်မလာဘဲ ရွှေဝါရောင်ကာလက ရိုက်သတ်ခဲ့သော မေတ္တာသုတ် ပိုင်ရှင် သံဃာတော်များ၏ ပုံရိပ်ကသာ မင်းမူနေပါတော့သတည်း။ ။

မြန်မာ့သတင်း ကမ္ဘာ့သတင်း

Director of Homeland Security Janet Napolitano (r), Dr. Richard Besser  (l) at the White House, 26 Apr 2009

ဝက်တုပ်ကွေး ဗိုင်းရပ်စ်ပိုးဟာ စောစောပိုင်းက လူတွေ ကြောက်ရွံ့ စိုးရိမ်ခဲ့ကြသလောက် ကူးစက် ရောဂါအဖြစ် ပျံ့နှံ့နိုင်တဲ့ အနေအထားရှိချင်မှ ရှိလိမ့်မယ်ဆိုတဲ့ သတင်း ထွက်ပေါ်နေပါတယ်။ အမေရိကန် ကျန်းမာရေး အရာရှိတွေကတော့ ဒီကိစ္စကို အထူး သတိထားပြီး တုံ့ပြန်ကြပါတယ်။



NEJ / ၄ မေ ၂၀၀၉



ဧပြီ (၂၉) တွင် ကျင်းပပြီးစီးခဲ့သည့် အန်အယ်လ်ဒီ စုံညီအစည်းအဝေးအပြီး ထုတ်ပြန်ကြေညာခဲ့သည့် ရွှေဂုံတိုင် ကြေညာစာတမ်းနှင့်ပတ်သက်၍ အလာအလာကောင်းများရှိသည်ဟု ယူဆရကြောင်း ပြည်တွင်းထုတ် ဂျာနယ်တစောင်၏ အယ်ဒီတာ့အာဘော်တွင် ဖော်ပြထားသည်။....အပြည့်အစုံသို့
စစ်ရေးက ပြည်တွင်းဂျာနယ်များအား သတင်းပိတ်ပင် ဆိုးဆေးသုံး ငါးပိသတင်း ကြိုတင်ဖော်ပြခွင့်မပြု
မင်းနိုင်သူ / ၄ မေ ၂၀၀၉
ပြည်တွင်းဂျာနယ်များက သတင်းများကြိုတင်ရရှိ၍ သတင်းဖော်ပြရေးသားလိုသော်လည်း စာပေစိစစ်ရေးက သတင်းထုတ်ပြန်ခွင့်မပြုခဲ့ကြောင်း ပြည်တွင်းမှ ဂျာနယ် အယ်ဒီတာတဦးက ပြောသည်။ ငါးပိများတွင် စားသုံးသူများ၏ ကျန်းမာရေးကို ထိခိုက်စေနိုင်သော Rhodamine-B ပါရှိ ကြောင်း သတင်းရေးသားမှုက စာပေစိစစ်ရေး..အပြည့်အစုံသို့

နာဂစ်တနှစ်ပြည့်အလှူ မပြုလုပ်နိုင်သူများ

NEJ / ၄ မေ ၂၀၀၉
ယမန်နှစ် မေ (၂) ရက်တွင် နာဂစ်မုန်တိုင်းကြောင့် အသက်ဆုံးရှုံးသွားသူများအား တနှစ်ပြည့် အလှူမပြုလုပ်နိုင် သူ များပြားကြောင်း ဘိုကလေးမြို့နယ် မလော့ကျေးရွာခံများ က ပြောသည်။ မုန်တိုင်းကြောင့် မိသားစု (၁၀) ဦးအထက် အသက်ဆုံးရှုံးခဲ့ရသည်ကို တနှစ်ပြည့်တွင် မကျွတ်မလွတ် ဖြစ်နေပါက ရောက်ရာအရပ်က ...အပြည့်အစုံသို့
အနားတောင်းစနစ်မဲ့ လက်ဝှေ့ပွဲတွင်
ဂျပန်က သရေနှင့် အရှုံးရရှိ

NEJ / ၄ မေ ၂၀၀၉ မေလ (၂) ရက်နေ့နှင့် (၃) ရက်နေ့က ရန်ကုန် သုဝဏ္ဏအား ကစားပြိုင်ကွင်းတွင် အနားတောင်း စနစ်မပါသော မြန်မာ-ဂျပန်ရိုးရာ လက်ဝှေ့ပွဲကို ကျင်းပခဲ့သည်။ လက်ဝှေ့ပွဲကို မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ၊ အားကစားဝန်ကြီးဌာန ..အပြည့်အစုံသို့


ပြည်သူ့ပြည်ချစ်ပါတီ ဒု-ဥက္ကဋ္ဌနှင့်အဖွဲ့ နအဖထံသွားရောက်ပူးပေါင်း
NEJ / ၄ မေ ၂၀၀၉
ပြည်သူ့ပြည်ချစ်ပါတီ (ပီပီပီ) အဖွဲ့၏ ဒု-ဥက္ကဋ္ဌ ဦးအုန်းသော်သည် အဖွဲ့ဝင် (၂၀) နှင့်အတူ မြဝတီတပ်စခန်းမှ တဆင့် နအဖထံ သွားရောက်ခဲ့သည်ဟု အဖွဲ့၏ဥက္ကဋ္ဌ ဦးသန်းစိန်က ပြောသည်။ ပြီးခဲ့သည့် ကြာသပတေးနေ့က မဲဆောက်မှတဆင့် မြဝတီသို့ လက်နက်မဲ့သွားရောက်ခဲ့ခြင်း ဖြစ်ပြီး ၎င်းတို့နှင့်အတူ အဖွဲ့၏.....အပြည့်အစုံသို့

အထူးအစည်းအဝေးရဲ့ ထူးခြားချက်

ရဲဘော်ဖိုးသံချောင်း / ၄ မေ ၂၀၀၉

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အထူးအစည်းအဝေးက တော့ ပြီးသွားပါပြီ။ ပြည်သူတွေဟာ သူတို့မဲတွေ သွန်ပေးခဲ့တဲ့ အဖွဲ့ချုပ်မို့ ဒီအစည်းအဝေးကို အာရုံထားစောင့်ကြည့်ခဲ့ပါ တယ်။ အထူးသဖြင့် ဒီကာလဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အဖို့ ကြီးမားတဲ့အခက်အခဲ၊ ကြီးမားတဲ့စမ်းသပ်မှုနဲ့ တွေ့ကြုံရမှာ သေချာနေတဲ့အတွက် ပြည်တွင်းပြည်ပက ပိုပြီးအာရုံစိုက်ခဲ့ကြပါတယ်။....အပြည့်အစုံသို့

ဂျပန်နှင့် ထိုးသတ်ပွဲတွင် မြန်မာ လက်ဝှေ့ကျော်များ အနိုင်ရ

မြန်မာ-ဂျပန် နိုင်ငံတကာ မြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲကို ရန်ကုန်မြို့ သုဝဏ္ဏ အမျိုးသား အားကစားရုံ၌ ယခုလ ၂ ရက်နှင့်...

ဆောင်းပါး

နှင်း ယွန်း နွေ ဦး

ဒေါက်တာနိုင်အောင် ဦးဆောင်သည့် ABSDF ဗဟိုသည် ဒေါင်းဂွင် ကျပြီးသည့်နောက် “တရုတ်ကုန်း” သို့ ရွှေ့ခဲ့၏။ တရုတ်ကုန်းက “နန့်စွယ်”...

ပြည်တွင်းသတင်း

ထိုင်းဘက်မှ သယ်လာသည့် လက်နက်များ ဖမ်းဆီးရမိ

ရှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့တွင် ထိုင်းနိုင်ငံဘက်မှ ဝင်ရောက်လာသည့် ထိုင်းနိုင်ငံသားပိုင် ကားတစီးပေါ်မှ လက်နက်များအား မြန်မာနယ်စပ် အာဏာပိုင်များက ယနေ့ မွန်းလွဲပိုင်းတွင်...

အင်တာဗျူး

ယူဒီပီ ဘယ်လဲ၊ ဘာလဲ (ဦးသုဝေ နှင့် အင်တာဗျူး)

ဝါရင့် နိုင်ငံရေးသမားကြီး ဦးသုဝေက စစ်အစိုးရ၏ ၂ဝ၁ဝ တွင် ကျင်းပမည်ဆိုသော ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရေးအတွက် ပါတီထောင်သည်ဆိုသော သတင်းစကားက...

အလိုချင်ဆုံးက … တာရိုး

ယခုအချိန် အခါတွင် မည့်သည့်အရာကို အလိုချင်ဆုံး ဆန္ဒပြင်းပြ နေသလဲဟု တစုံတယောက်က မေးမြန်းလာခဲ့လျှင် သူတို့ရွာနှင့် ကိုက် ၃၀ ခန့်သာကွာဝေးသည့် ပင်လယ်မှ ဒီရေလှိုင်း မ၀င်လာနိုင်စေရန်
ဆက်ဖတ်ရန် ...

အထက်ပါ တုပ်ကွေးများ သတိပြုပါ

E-mail Print

ငါးပိမှာလည်း ဆိုးဆေးတွေ့

ငါးပိမှာလည်း ဆိုးဆေးတွေ့

မြန်မာလူမျိုးတို့ နှစ်ခြိုက်စွာ စားသုံးလေ့ရှိသည့် စိမ်းစားငါးပိနှင့် ငါးပိထောင်းများတွင် ဘေးအန္တရာယ် ဖြစ်စေနိုင်သော ဆိုးဆေး (Rhodamine B) များပါဝင်နေသဖြင့် ရောင်းဝယ် စားသုံးခြင်း

အပစ်ရပ်အဖွဲ့များ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းမည်

စစ်အစိုးရနှင့် အပစ်ခတ် ရပ်စဲထားသော တရုတ် - မြန်မာနယ်စပ် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များကို ၂၀၁၀ ရွေးကောက်ပွဲ အပြီးတွင် နယ်ခြားစောင့် တပ်ဖွဲ့များအဖြစ် အသွင်ပြောင်း

မုန်တိုင်းဒဏ်ခံ အဆောက်အဦးများ မပြီးစီးနိုင်သေး

မြစ်ဝကျွန်းပေါ် ဒေသတွင် တည်ဆောက်နေသော ဆိုင်ကလုန်း မုန်တိုင်းဒဏ်ခံ အဆောက်အဦး (Cyclone shelter) များသည် မုန်တိုင်းတိုက်ပြီး တနှစ်ပြည့်ချိန် အထိ ပြီးစီးမှုမရှိသေး

Burma's News World's News



Woman wearing a mask walks on the beach near the US-Mexico border in Tijuana, Mexico, on 3/5/09
Cases of swine flu are confirmed in more than half of US states, as countries are urged to stay vigilant over the outbreak.

Pakistan says the Taleban are holding 2,000 villagers as human shields to stop an offensive in the north-west.

European Union economies will shrink by 4% this year - much more than originally forecast, the European Commission says.




WHO Director-General Margaret Chan (file photo)
Mon. 04 May 2009 1005 UTC

WHO Chief: Swine Flu Could Return 'With a Vengeance'

Margaret Chan's remarks come despite the Mexican government's insistence the disease has reached its peak and is declining

Full Story »

Hotel workers push cart loaded with foods to sealed-off hotel where Mexican travelers are being held under quarantine in Beijing, 04 May 2009

China Denies Discriminating Against Mexicans Audio Clip Available

Chinese authorities say quarantine of 70 Mexican travelers not aimed at Mexican citizens, but meant to protect public health, prevent a swine flu epidemic in China

Nepal's prime minister speaking to Indian business leaders at Taj Mahal Hotel in New Delhi, 15 Sep 2008

Nepal's PM Announces His Resignation

Decision comes after the president blocked an attempt by his Maoist government to fire the country's army chief

Afghanistan

Militants Kill 18 in Eastern Afghanistan

Afghan officials say bomb blast and separate militant attack took place in Zabul province

U.S. Defense Secretary Robert Gates testifying on Capitol Hill, 30 Apr 2009

Gates: Arab Allies Should Not Worry About Possible US-Iran Rapprochement

US Defense secretary heads to Middle East for talks with Egyptian, Saudi leaders


Armed Ceasefire Groups to be ‘Border Guard Force’

By WAI MOE
The Burmese military plans to incorporate armed ethnic ceasefire groups into a border guard force within the Tatmadaw (Burmese armed forces) after the 2010 election.

Asia Urged to Rethink Growth Policies amid Crisis

By STEPHEN WRIGHT
Asia's governments must spend more on social safety nets and reduce their reliance on export-driven growth, finance officials said at an annual meeting of ADB in Bali.

EU-Japan Calls for Progressive Changes in Burma

By THE IRRAWADDY
Leaders of the EU and Japan have called for an inclusive political process in Burma and the release of political prisoners at a summit in Prague.
NARGIS ANNIVERSARY

Junta Censors Nargis Anniversary Reports

By MIN LWIN
Burma’s censorship board has severely restricted reports marking the anniversary of Cyclone Nargis that do not portray a positive image of the government.

Contaminated Shrimp Paste Brands Banned in Burma

By ARKAR MOE
Burma’s Ministry of Health has banned the sale of 37 brands of shrimp paste, warning that they contain a dangerous chemical dye.

Nyan Win Calls in Cuba for End to Sanctions

By SAW YAN NAING
Burmese Foreign Minister Nyan Win has called in a Cuba speech for an end to sanctions on developing countries, claiming such punitive measures transgressed international law.

Railway route underway from Sittwe to Ann

5/4/2009

By Tun Kyaw, Sittwe : Railway engines are being brought to Sittwe to facilitate transportation between Sittwe and Ann, where railway tracks are being built, according to a report. full story


Security Tightened on Western Border

5/4/2009

Maungdaw: Security is being tightened on the western Burmese border with additional armed forces being deployed along the border and the Buthidaung - Maungdaw motor road since yesterday, reports a witness. full story


Five years in prison for ex-police officer

5/4/2009

Mauangdaw: A retired police officer was sentenced to five years in prison by the Maungdaw District Court on Friday, as he was in contact with a Bangladesh-based media group in exile, a colleague of his said. full story


Mass Burmese migrant arrest 'due to high crime rate'

May 4, 2009 (DVB)–The high crime rate amongst Burmese migrants in Thailand could be the reason behind the mass arrest of over 300 migrants last week, said the chairman of a organisation dealing with migrant issues. - more


A media behind bars: press freedom after the cyclone

Francis Wade

May 4, 2009 (DVB)–Yesterday, international media watchdogs and analysts were united in their criticism of the deteriorating state of the world’s media. - more


Intelligence chief meets with ceasefire groups

May 4, 2009 (DVB)–Senior Burmese intelligence officials last week met with six ceasefire groups to discuss their participation in next year’s elections and the possibility that the groups will disarm, say observers. - more


'Deep Scars' Left by Nargis

2009-04-30

A year after Cyclone Nargis tore through Burma, untold thousands of victims are still homeless and grieving.