7.02.2008
ဒီကေဘီအေနှင့်နအဖ ပူးပေါင်းတပ်များ ကေအန်ယူနယ်မြေမှ ပြန်လည်ဆုတ်ခွာ
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ဗဟိုအထူးတပ်ရင်း (၂၀၁) တည်ရှိရာ ဝေါ်လေခီး ဒေသအား တနင်္လာနေ့ နံနက် (၄) နာရီက ဒီကေဘီအေနှင့် နအဖ ပူးပေါင်းအဖွဲ့မှ နယ်မြေသိမ်း ပိုက်နိုင်ရေးအတွက် ဝင်ရောက်တိုက်ခိုက်ခဲ့သဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ပူးပေါင်းတပ်ဖွဲ့များသည် ယမန်နေ့ည (၉) နာရီခန့်က ပြန်လည်ဆုတ်ခွာသွားသည်။
ဒီကေဘီအေ တပ်ရင်း (၉၀၇) မှ တပ်ဖွဲ့ဝင် (၃၀) နှင့် မြန်မာစစ်တပ် ခမရ (၅၄၆) မှ တပ်ဖွဲ့ဝင် (၈၀) တို့က ဝေါ်လေခီးဒေသအား လာရောက်တိုက်ခိုက်ခြင်းဖြစ်ပြီး တိုက်ပွဲကာလအတွင်း နအဖစစ်သည် (၂) ဦးနှင့် ဒီကေဘီအေ တပ်ဖွဲ့ဝင် (၁) ဦး ကျဆုံးသည်။ ကေအန်ယူဘက်မှ (၁) ဦးကျဆုံးကာ (၂) ဦး လက်ရဖမ်းဆီးခံရကြောင်း ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် တပ်မဟာ (၆) မှ ဒု-ဗိုလ်မှူးကြီးတဦးက ပြောသည်။
၎င်းက “မနေ့ည (၉) နာရီမှာ သူတို့ ပြန်ဆုတ်သွားတယ်။ ကျနော်တို့ ကိုယ့်နယ်မြေကို ပြန်ထိန်း ချုပ်လို့ရသွားပြီ။ အခု နေရာရှင်းလင်းနေတယ်။ နအဖစစ်သားအလောင်း (၂) လောင်းနဲ့ ဒီကေ ဘီအေ (၁) လောင်း ကျန်ခဲ့တယ်။ သူတို့ဆုတ်သွားပေမယ့် မိုင်းတွေ အများကြီးထောင်သွားတယ်။ အဲဒါတွေကို လိုက်ရှင်းလင်းနေတုန်းပဲ။ အဖမ်းခံရတဲ့ ရဲဘော် (၂) ယောက်ကိုလည်း ရန်သူ့လက် ကနေ ကယ်ထုတ်နိုင်ခဲ့တယ်” ဟု ပြောသည်။
ဒီကေဘီအေ တပ်ရင်း (၉၀၇) အဖွဲ့သို့ ဖုန်းဖြင့်ဆက်သွယ်ခဲ့ရာ တပ်ရင်းတာဝန်ရှိသူတဦးက ယခု ဖြစ်ပွားသည့်တိုက်ပွဲနှင့် ပတ်သက်၍ အတည်ပြုပြောကြားခဲ့သော်လည်း အသေးစိတ်အခြေအနေကို ပြောကြားရန် ငြင်းဆိုသည်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်ရင်း (၂၀၁) အခြေစိုက်ရာ ဝေါ်လေခီးဒေသ သည် မဲဆောက်မြို့မှ တောင်ဘက် ကီလိုမီတာ (၄၀) အကွာအဝေးတွင် တည်ရှိသည်။ ။
မြန်မာနိုင်ငံအရေးကုလသမဂ္ဂဖိအားပေးမည်

တိုကျို သတင်းစာရှင်းလင်းပွဲတွင် တွေ့ရသော ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ဂျပန်နိုင်ငံမှာရောက်နေတုန်း အင်္ဂါနေ့က သတင်းစာရှင်းလင်းပွဲမှာ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး အခုလို ပြောကြားခဲ့တာပါ။ သူက မြန်မာနိုင်ငံဒီမိုကရေစီရေး တိုးတက်လာအောင် အခုထက်ပိုပြီး ဆောင်ရွက်ဖို့ မြန်မာအာဏာပိုင်တွေကို တိုက်တွန်းပါတယ်။ နာဂစ်ဆိုင်ကလုံးဒဏ်ခံရတဲ့ မြန်မာနိုင်ငံကို နိုင်ငံတကာကကူညီသူတွေ လက်လှမ်းမမီ ဖြစ်နေတာကြောင့် မြန်မာနိုင်ငံကို ကိုယ်တိုင်သွားရောက်ပြီး အကူအညီတွေလက်ခံဖို့ စစ်ခေါင်းဆောင်တွေကို နားချခဲ့တဲ့ မစ္စတာဘန်ကီမွန်းကမြန်မာနိုင်ငံသားတွေအတွက် စစ်မှန်တဲ့ လွတ်လပ်ရေးရစေဖို့ မြန်မာနိုင်ငံကို ဖိအားပေးမယ်လို့ သတင်းထောက်တွေကို ပြောခဲ့တဲ့အကြောင်း ဂျပန်ကလာတဲ့ အေအက်ဖ်ပီသတင်းမှာ ဖော်ပြထားပါတယ်။
အင်္ဂါနေ့ ကုလသမဂ္ဂရုံး သတင်းစာရှင်းလင်းပွဲမှာတော့ အတွင်းရေးမှူးချုပ်ရုံး ပြောခွင့်ရမစ်ရှဲလ် မွန်းတပ်စ် (Michelle Montas) က အတွင်းရေးမှူးချုပ်ဟာ မြန်မာနိုင်ငံ ဒီမိုကရေစီရေးကို အခုထက်ပိုပြီးလုပ်ဖို့ ပြောဆိုခဲ့တယ်လို့ ပြောပါတယ်။
“မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေး တိုးတက်ပြောင်းလဲလာအောင် အခုထက်ပိုပြီးဆောင်ရွက်ဖို့ တိုက်တွန်းလိုက်ပါတယ်။ ဒါပေမယ့် နာဂစ်ဆိုင်ကလုံးဒဏ် ခံရသူတွေထဲက အကူအညီ တကယ်တမ်းလိုအပ်နေသူတွေအတွက် ကယ်ဆယ်ကူညီရေးပစ္စည်းတွေပေးပို့တဲ့နေရာမှာတော့ တိုးတက်မှုတွေ ရှိနေတယ်ဆိုတာကိုတော့ သူအသိအမှတ်ပြုပါတယ်” လို့ မစ္စမွန်းတပ်စ်က ပြောသွားပါတယ်။
မြန်မာစစ်ခေါင်းဆောင်တွေဟာ ပြင်ပကမ္ဘာကို ကြည့်တဲ့အခါ သံသယမျက်လုံးတွေနဲ့ကြည့်တတ်တာမို့ အခုလို သဘာဝဘေးအန္တရာယ် ကျရောက်ပြီး လူပေါင်း သိန်းနဲ့ချီသေဆုံး၊ ပျောက်ဆုံးနေတာတောင် နိုင်ငံတကာကပေးအပ်တဲ့ အကူအညီတွေကိုလက်မခံရဲဘဲ ရက်သတ္တပတ်ပေါင်းများစွာ စောင့်ဆိုင်းခဲ့ရတဲ့ အဖြစ်မျိုးကို ရောက်ခဲ့ရတာပါ။ ဒါကြောင့် မစ္စတာ ဘန်ကီမွန်းက လိုအပ်ရင် မြန်မာစစ်ခေါင်းဆောင်တွေနဲ့ သူစကားပြောဆိုတဲ့ကိစ္စတွေကို ပိုပြီး နက်နက်ရှိုင်းရှိုင်း၊ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာအောင်ဆောင်ရွက်မယ်လို့ ဂျပန်နိုင်ငံ တိုကျိုသတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
မြန်မာစစ်အစိုးရဘက်က မုန်တိုင်းဒဏ် ခံရသူတွေအတွက် နိုင်ငံတကာရဲ့ ကူညီမှုတွေကိုနှောင့်နှေးအောင် လုပ်ခဲ့ပေမယ့် နောက်ပိုင်းမှာ ဖွင့်ပေးမယ်လို့ ပြောဆိုခဲ့တဲ့အတိုင်းဆောင်ရွက်ခဲ့တာမို့ ဒါဟာ လမ်းကြောင်းမှန်ပေါ်မှာ လျှောက်နေတဲ့ တိုးတက်မှုတခုပဲလို့လည်း ဆိုပါတယ်။
မြန်မာနိုင်ငံသားတွေ စစ်မှန်တဲ့လွတ်လပ်မှုနဲ့ ဒီမိုကရေစီအရသာကို ပျော်ပျော်ရွှင်ရွှင်ကြီး ခံစားရအောင် ကူညီဖို့အတွက် သူ အပြင်းအထန် ဆောင်ရွက်မယ်လို့လည်း ကတိပေးခဲ့ပါတယ်။ အန်န်စီဂျီယူဘီ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရအဖွဲ့က ကုလသမဂ္ဂ တာဝန်ခံ ဒေါက်တာသောင်းထွန်းကတော့ ကုလသမဂ္ဂဟာ သူလုပ်နိုင်တဲ့အတိုင်းအတာကို အပြည့်အ၀ မလုပ်သေးဘူးလို့ ထောက်ပြပါတယ်။
“နအဖရဲ့ ဆန္ဒခံယူပွဲက ထွက်ပေါ်လာတဲ့ ဖွဲ့စည်းပုံနဲ့ပတ်သက်လို့ ယူအန်ရဲ့သဘောထားကို မစ္စတာဘန်ကီမွန်းအနေနဲ့ ပြတ်ပြတ်သားသားပြောတာ မရှိသေးဘူး။ ပြီးခဲ့တဲ့ရက်ပိုင်းတွေမှာ ကျနော်တို့တွေ့ရတာက ဇင်ဘာဘွေကိစ္စနဲ့ပတ်သက်လို့ ရွေးကောက်ပွဲဟာ နိုင်ငံတကာထုံးစံတွေနဲ့ မညီဘူး၊ အတိုက်အခံတွေကို ဖမ်းတာဆီးတာ၊ သတ်တာဖြတ်တာတွေရှိတယ်၊ ဒါကြောင့် ဒီရွေးကောက်ပွဲရလဒ်က တရားမ၀င်ဘူးဆိုတဲ့ သဘောမျိုးတွေ ဘန်ကီမွန်းပြောတာ တွေ့ရတယ်။
“ဇင်ဘာဘွေရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ဒီလို တရားမ၀င်ဘူးဆိုပြီးပြောရင် မြန်မာပြည်ရဲ့ ဆန္ဒခံယူပွဲဟာလည်း နအဖဘက်က ခြိမ်းခြောက်မှုတွေ၊ ဖမ်းဆီးမှုတွေ၊ လိမ်ညာမှုတွေ၊ ဥပဒေကြောင်းနဲ့ နိုင်ငံတကာစံနှုန်းတွေနဲ့ မညီတာတွေရှိတယ်။ ဒါကြောင့် နအဖရဲ့ ဆန္ဒခံယူပွဲက ထွက်ပေါ်လာတဲ့ ဖွဲ့စည်းပုံကို ဒါဟာ တရားမ၀င်ဘူးဆိုတဲ့အပိုင်းပြောဖို့ကျနော်တို့ ချဉ်းကပ်ပြီး တိုက်တွန်းနေတာတွေ ရှိပါတယ်။
“ဆန္ဒခံယူပွဲလုပ်ငန်းစဉ်၊ ဖွဲ့စည်းပုံနဲ့ပတ်သက်လို့တော့ ယူအန်ရဲ့သဘောထား ပြတ်ပြတ်သားသားပေးဖို့ လိုလိမ့်မယ်။ နအဖရဲ့ လမ်းပြမြေပုံဆိုတာ ဆန္ဒခံယူပွဲမှာ အခုလိုမတရားမှုတွေ လုပ်သွားပြီးနောက်ပိုင်း ၂၀၁၀ ရွေးကောက်ပွဲဆိုတာ ဘာမှမျှော်လင့်စရာ မရှိတော့ဘူး။ ဆိုလိုတာက နအဖရဲ့ လမ်းပြမြေပုံဟာ နိုင်ငံရေးဂုဏ်သိက္ခာရှိတဲ့လုပ်ငန်းစဉ်တရပ် မဟုတ်တော့ဘူး။ ဒါကိုတော့ ယူအန်ဘက်က ပြတ်ပြတ်သားသားပြောဖို့လိုတယ်လို့ ကျနော်မြင်ပါတယ်။”
ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရအဖွဲ့ ကုလသမဂ္ဂ တာဝန်ခံဒေါက်တာသောင်းထွန်း ပြောသွားတာဖြစ်ပါတယ်။
7.01.2008
ရန်ကုန် လှိုင်သာယာ ကြံ့ခိုင်ဖွံ့ဖြိုးရေးရုံးမှာ ပေါက်ကွဲမှုဖြစ်ပွား

မြန်မာနိုင်ငံ ရန်ကုန်မြို့မှာ ပေါက်ကွဲမှုတခု ဖြစ်ပွားခဲ့လို့ ထိခိုက်ပျက်စီးမှုတချို့ ရှိခဲ့ပေမယ့် သေကျေတာတော့ မရှိဘူးလို့ သိရပါတယ်။ အခုဖြစ်ခဲ့တဲ့ ပေါက်ကွဲမှုဟာ မြန်မာစစ်အစိုးရ ကျောထောက်နောက်ခံပေးထားတဲ့ လူမှုရေးအသင်းအဖွဲ့တခုဖြစ်တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးရုံးမှာ ဖြစ်ပွားခဲ့တာပါ။ အကြောင်းစုံကို ကိုအောင်လွင်ဦးက ဆက်သွယ်မေးမြန်းပြီး တင်ပြပေးထားပါတယ်။
ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်ထဲက ကြံ့ခိုင်ဖွံ့ဖြိုးရေးရုံးတရုံးမှာ ပေါက်ကွဲမှုဖြစ်ခဲ့လို့အဆောက်အဦးမှာ ပျက်စီးမှုတချို့ ဖြစ်သွားခဲ့ပေမယ့် လူတွေထိခိုက်တာ၊ သေကျေတာမျိုးတော့ မကြားရသေးပါဘူး။ ပေါက်ကွဲမှုဖြစ်ပွားပြီးတဲ့နောက် အာဏာပိုင်တွေရောက်ရှိလာပြီး လုံခြုံရေးအစောင့်အကြပ်တွေ ချထားတယ်လို့လည်း သိရပါတယ်။ဒီမနက်အစောပိုင်းကဖြစ်ခဲ့တဲ့ ပေါက်ကွဲမှုနဲ့ပတ်သက်လို့ အခင်းဖြစ်တဲ့နေရာကိုရောက်သွားတဲ့ မျက်မြင်သက်သေတယောက် ပြောပြတာကတော့ …
“ရွှေပြည်သာ ၆/၉ ရပ်ကွက်၊ ၁၃ လမ်းမှာရှိတဲ့ မြို့နယ်မဲကော်မရှင်ရဲ့ မျက်စောင်းထိုးကကြံ့ခိုင်ရေးရုံးမှာ၊ ပေါက်တဲ့အချိန်က ၆ နာရီခွဲလောက်ရှိမယ်။ အောက်ထပ်မှာပေါက်တာ။ ပျက်စီးမှုတော့များတယ်။ လူသေတာတော့ မရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့အဲဒီအချိန်မှာ လူတွေက သူတို့ရှေ့မှာ ကားတိုက်မှုတခုဖြစ်လို့ အကုန် ထွက်ကြည့်နေကြတယ်။ အဲဒီအချိန် အထဲမှာ ပေါက်သွားတာပါ။ လက်ရှိအခြေအနေကတော့ လုံခြုံရေးတွေ အရမ်းတင်းကျပ်ထားတယ်။ အခုတော့ အဲဒီဘက် သွားလို့မရတော့ဘူး။”
ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့ နေရာကို ရောက်သွားခဲ့တဲ့ ရန်ကုန်မြို့က မျက်မြင်သက်သေတယောက် ဖြစ်ပါတယ်။ အခုပေါက်ကွဲမှု ဖြစ်ပွားခဲ့တဲ့နေရာဟာ မြန်မာစစ်အစိုးရအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကိုယ်တိုင် နာယကအဖြစ် ဦးစီးဦးဆောင်လုပ်ကိုင်နေတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းရဲ့ ရုံးခွဲတခုလည်း ဖြစ်ပါတယ်။
ကြံ့ခိုင်ဖွံ့ဖြိုးရေး အသင်းဝင်တွေဟာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၀၃ ခုနှစ်တုန်းက စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့မှာ အကြမ်းဖက်တိုက်ခိုက်စဉ်က ပါဝင်ခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ခဲ့ဖူးသလို အတိုက်အခံ နိုင်ငံရေးအင်အားစုတွေကို နှောင့်ယှက်ဟန့်တားမှုတွေမှာ ပါဝင်ပတ်သက်မှုတွေ ရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေလည်း ရှိနေတာကြောင့် မနှစ်မြို့သူတွေကလည်း ရှိနေတာပါ။
ဒါပေမယ့်လို့ အခုဖြစ်ခဲ့တဲ့ ပေါက်ကွဲမှုဟာ တစုံတယောက်က ရည်ရွယ်ချက်နဲ့ တိုက်ခိုက်ခဲ့တာ ဟုတ်မဟုတ်ဆိုတာကတော့ အခုအချိန်အထိ ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။ဘယ်သူကမှလည်း သူတို့လက်ချက်ဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုတာမျိုး မရှိသေးပါဘူး။ ပေါက်ကွဲမှုဖြစ်တဲ့ ရွှေပြည်သာမြို့ခံ ရဲတပ်ဖွဲ့ကို မေးကြည့်တဲ့အခါမှာလည်း စုံစမ်းစစ်ဆေးမှုတွေ လုပ်နေဆဲပါလို့ ဆိုပါတယ်။
“ဗုံးပေါက်တာတော့ သိတယ်ခင်ဗျ။ သတင်းအစအန အကုန်လုံးတော့ မသိသေးပါဘူး။အသံပဲထွက်တာပါ။ တိုင်းအဖွဲ့အစည်း ဆင်းပြီး စစ်ဆေးနေပါတယ်။ တည်ငြိမ်နေပါတယ်၊ ဘာမှမဖြစ်ပါဘူး။”ဒေသခံရဲတပ်ဖွဲ့က ဖြေကြားသွားခဲ့တာပါ။
မြန်မာနိုင်ငံ ရန်ကုန်မြို့မှာ နောက်ဆုံးအကြိမ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ဖူးတာကတော့ ပြီးခဲ့တဲ့ ဧပြီလထဲတုန်းကပါ။ အဲဒီတုန်းကတော့ ရပ်ထားတဲ့ ဘတ်စ်ကား ၂ စီးပေါ်မှာပေါက်ကွဲမှုဖြစ်ခဲ့တာဖြစ်ပြီး လူတွေ ထိခိုက်သေကျေတာမျိုးတော့ မရှိခဲ့ပါဘူး။ မြန်မာစစ်အစိုးရ အာဏာပိုင်တွေဘက်ကတော့ ဒီလိုဖြစ်ရပ်တွေ ပေါ်ပေါက်တဲ့အခါတွေမှာအတိုက်အခံ အင်အားစုတွေရဲ့ အကြမ်းဖက်လုပ်ရပ်အဖြစ် စွပ်စွဲလေ့ရှိပေမယ့်လည်းဒါတွေဟာ အများအားဖြင့် အထောက်အထား ခိုင်လုံမှုမရှိဘူးဆိုပြီး ဝေဖန်တာတွေလည်း ရှိပါတယ်။
ဒီကေဘီအေ၊နအဖ ပူးပေါင်းတပ်နှင့် ကေအန်ယူတပ်တို့ တိုက်ပွဲအပြန်အလှန်လက်နက်ကြီးများဖြင့် ပစ်ခတ်ဆဲ

ထိုင်းဘက်ခြမ်းသို့ လက်နက်ကြီးကျည်ဆံများ ကျရောက်သဖြင့် ဖဒိရွာထိပ် ဘုန်းကြီးကျောင်းတွင် ခိုလှုံနေသည့် ထိုင်းရွာသားများ
ဒီကေဘီအေ-မြန်မာစစ်တပ်ပူးတွဲအဖွဲ့မှ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ဗဟိုအထူး တပ်ရင်း (၂၀၁) စခန်း တည်ရှိရာ ဝေါ်လေခီးဒေသအား လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ရာ ထိုင်းနိုင်ငံတွင်းသို့ ယနေ့နေ့လယ်က လက်နက်ကြီးကျည် (၃) လုံး ကျရောက်ခဲ့သည်။
ဝေါ်လေခီးဒေသ ထိုင်းဘက်ခြမ်းရှိ ဖဒိရွာသို့ လက်နက်ကြီးကျည်များ ကျရောက်ခဲ့သဖြင့် ထိုင်းရွာ သား (၂၀၀) ခန့်မှာ ဘေးလွတ်ရာသို့ထွက်ပြေးကာ ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းများတွင် ခိုလှုံနေရပြီး ကျေးရွာစာသင်ကျောင်းကို ပိတ်ထားရသည်။
တိုက်ပွဲအခြေအနေကို ဖိစနို့လို့ခရိုင် နရေစွမ်တပ်မမှူး ဗိုလ်ချုပ်ဆူရတ်ချစ်ကာဒီ၊ မဲဆောက်အခြေ စိုက် အမှတ် (၁၇) ဒေသဆိုင်ရာ ကွပ်ကဲရေးတပ်မှူး ဗိုလ်မှူးကြီး ဖဒုံရင့် ဖိုင်းဖွန်စို့နှင့် တပ်ဖွဲ့ဝင်များ အနီးကပ်လာရောက်စစ်ဆေးခဲ့ကြသည်။
ယနေ့နံနက်မှစတင်ကာ အဆိုပါတိုက်ပွဲဖြစ်ပွားသည့် နယ်စပ်မျဉ်းအနီး မည်သူ့ကိုမှ သွားလာခွင့် မပြုဘဲ စစ်ဆေးရေးဂိတ် (၃) ဆင့် ချထားကာ ထိုင်းနယ်ခြားလုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်စပ် လုံခြုံရေးကို တိုးမြှင့်ချထားသည်။
တပ်ရင်း (၂၀၁) အခြေစိုက်ရာ ဝေါ်လေခီးဒေသအား သိမ်းဆည်းနိုင်ရေးအတွက် ဒီကေဘီအေနှင့် နအဖ ပူးပေါင်းတပ်ဖွဲ့များမှ လက်နက်ကြီး လက်နက်ငယ်များဖြင့် (၁၅) မိနစ်တကြိမ်ခန့် ပစ်ခတ် လျက်ရှိသည်ဟု ထိုင်းလုံခြုံရေးတပ်ဖွဲ့ဝင်တဦးက ပြောသည်။
ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် တပ်မဟာ (၆) မှ ဒု-ဗိုလ်မှူးကြီးတဦးက “မိုးထဲ ရေထဲမှာ တိုက်ပွဲကတော့ ပြင်းထန်တယ်။ သူတို့က ဒီနယ်မြေကို လိုချင်သလို ကျနော်တို့ကလည်း ခံစစ်ရှင်ပြောက်ကျားစနစ်ကို အသုံးပြုပြီးတော့ ကာကွယ်တိုက်ထုတ်နေပါတယ်။ ရှေ့ဆက် တိုက်ပွဲက ဒီထက်ပိုပြီးပြင်းထန်လာဖို့ပဲရှိတယ်” ဟု ပြောသည်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်ရင်း (၂၀၁) တပ်စခန်းတည်ရှိရာ ဝေါ်လေခီး ဒေသအား ဒီကေဘီအေ တပ်ရင်း (၉၀၇) နှင့် မြန်မာစစ်တပ် ခမရ (၅၄၆) ပူးပေါင်းအဖွဲ့တို့မှ ယမန်နေ့နံနက် (၄) နာရီမှ စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ယမန်နေ့တိုက်ပွဲတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်မှ စစ်သည် (၂) ဦး လက်ရ ဖမ်းဆီးခြင်းခံရကာ (၁) ဦး ကျဆုံးခဲ့ပြီး ယနေ့တိုက်ပွဲတွင် နှစ်ဖက်အကျအဆုံးကို မသိရသေးပေ။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်ရင်း (၂၀၁) အခြေစိုက်ရာ ဝေါ်လေခီးဒေသ သည် မဲဆောက်မြို့မှ တောင်ဘက် ကီလိုမီတာ (၄၀) အကွာအဝေးတွင် တည်ရှိပြီး ထိုင်းဘက် ခြမ်းတွင် ဖဒိ ထိုင်းကျေးရွာတည်ရှိသည်။ ။
6.30.2008
မယ်လစခန်းမှဒုက္ခသည်များ ရိက္ခာမရ၍ မဲဆောက်UNရုံးရှေ့ဆန္ဒပြ

၃၀ ဇွန် ၂၀၀၈
မယ်လဒုက္ခသည်စခန်းမှ မြန်မာဒုက္ခသည် (၂၂) ဦးသည် ရိက္ခာမရ၍ ယနေ့နံနက်တွင် မဲဆောက် မြို့ရှိ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး (ယူအန်အိခ်ျစီအာ) ရုံးရှေ့တွင် ဆန္ဒပြတောင်းဆို ကြသည်။
ဆန္ဒပြသူများမှာ ဘန်ကောက်တွင် ယူအန်အိခ်ျစီအာမှ အသိအမှတ်ပြု ဒုက္ခသည်လက်မှတ် ကိုင်ဆောင်ထားသူများဖြစ်ပြီး ၂၀၀၄-၂၀၀၅ ခုနှစ်တွင် အဖမ်းခံရသဖြင့် မဲဆောက်သို့ ပြန်ပို့ခံရကာ မဲဆောက်ယူအဲန်ရုံးက ၎င်းတို့အား မယ်လဒုက္ခသည်စခန်းသို့ ပို့ဆောင်ခြင်း ခံရသူများဖြစ်သည်။
ဆန္ဒပြသူတဦးဖြစ်သည့် မန်းဇော်လွင်ဦးက "စခန်းမှာ ကျနော်တို့လက်မှတ်တွေကို တီဘီဘီစီ အဖွဲ့က ရိက္ခာပေးဖို့ တံဆိပ်တုံးထုပြီး အသိအမှတ်ပြုပါတယ်။ တလ နှစ်လလောက်ပဲ ရပြီး စခန်းကနေ ရိက္ခာတွေပြန်ဖြတ်လိုက်တာ ဒီကနေ့အထိပါပဲ ။ ဒါကြောင့် ဒီမှာလာပြီးတော့ ဆန္ဒပြတောင်းဆိုရတာပါ" ဟု ပြောသည်။
မယ်လစခန်းတွင် မိမိတို့ကဲ့သို့ အလားတူဒုက္ခသည် (၁၀၀) ခန့်ရှိပြီး ထိုသူများကိုယ်စား မိမိတို့ (၂၂) ဦးက လာရောက် ဆန္ဒပြခြင်းဖြစ်ကြောင်း၊ မိမိတို့ အခက်အခဲများကို စခန်းကော်မတီသို့ အကြိမ်ကြိမ်တင်ပြခဲ့ကြောင်း၊ မရသည့်အဆုံး ဂျနီဗာရုံးချုပ်သို့ တင်ပြခဲ့ကြောင်း၊ ရုံးချုပ်မှ အကြောင်းပြန်သည့်အခါ စခန်းအာဏာပိုင်များက မိမိတို့အား ခေါ်ဆူသည်မှလွဲ၍ ဘာအကူ အညီမှ မပေးကြောင်း၊ အသိမိတ်ဆွေများက ကျွေးမွေးကြကြောင်း၊ စခန်းအတွင်း ရရာအလုပ် လုပ်၍ စားဝတ်နေရေး ဖြေရှင်းကြရကြောင်း မန်းဇော်လွင်ဦးက ပြောသည်။
ကရင်ဒုက္ခသည်ကော်မတီ တာဝန်ရှိသူ တဦးက "ဒီကိစ္စ ယူအန်အိခ်ျစီအာ၊ တီဘီဘီစီအဖွဲ့နဲ့ဘဲ ဆိုင်တယ်။ ကျနော်တို့ကတော့ သူတို့ကို စခန်းမှာ ကြည့်ရှုစောင့်ရှောက်ဖို့ပဲ ဖြစ်တယ်" ဟု ပြော သည်။ စခန်းတာဝန်ရှိသူများအား ဆက်သွယ်၍မရပေ။
မဲဆောက်အခြေစိုက် မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေသူတဦးကလည်း "ဒါ လုံးဝ မဖြစ်သင့်တဲ့ကိစ္စဖြစ်တယ်။ ဒီလိုဖြစ်တာ စခန်းတာဝန်ရှိလူကြီးတွေအပေါ်မှာ တာဝန်မကင်းဘူး" ဟု ပြောသည်။
မယ်လဒုက္ခသည်စခန်းသည် မဲဆောက်မြို့၏ မြောက်ဘက် (၆၄) ကီလိုမီတာ အကွာအဝေးတွင် ရှိပြီး မြန်မာဒုက္ခသည် (၅) သောင်းခန့် နေထိုင်ကာ ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်း (၉ ) ခုအနက် အကြီးဆုံးစခန်းဖြစ်သည်။ ။
မြန်မာ့အရေး ဆောင်ရွက်ရန် ဥရောပ ပါလီမန် အမတ်များ ဖွဲ့စည်း
မြန်မာ့နိုင်ငံရေးပြောင်းလဲမှုတွေ အတွက် ပိုမိုအလေးပေးဆောင်ရွက်နိုင်ဘို့အတွက် မြန်မာ့အရေး ဥရောပ ပါလီမန် အမတ်များအဖွဲ့ European Parliamentary Caucus on Burma (EPCB) ကို ဖွဲ့စည်းခဲ့ပါတယ်။
ဥရောပ နိုင်ငံ (၈) နိုင်ငံက ပါလီမန်အမတ်များနဲ့ ဇွန်လ (၁၉) ရက် နေ့က ဖွဲ့စည်းခဲ့တာပါ၊ အခုလိုEPCB ဖွဲ့စည်းခဲ့မှုနဲ့ ပတ်သက်လို့ ဘဲလ်ဂျီယံ နိုင်ငံအခြေစိုက် ဥရောပမြန်မာရုံးရဲ့ ညွှန်ကြားရေးမှုး ဦးဟန်ညောင်ဝေက အခုလို ပြောဆိုပါတယ်။
"ဘာကြောင့် ဒီအဖွဲ့ဖွဲ့လိုက်တာလဲဆိုတော့ အရင်တုန်းကဆိုရင် အဖွဲ့မရှိဘူး။ အရေးပေါ်တဲ့အချိန်မှာ တယောက်နဲ့ တယောက်လိုက်ညှိရတယ်ဆိုတော့ အချိန် နည်းနည်းကြာတယ်။ ဆုံးဖြတ်ချက်တွေချဖို့အတွက်။ အခုလိုမျိုး သူတို့ကလည်း အာစီယံက AIPMCအဖွဲ့ပုံစံလိုမျိုး ဥရောပ သမဂ္ဂမှာရှိတဲ့ ပါလီမာန်အမတ်တွေ တစုတစည်းထဲဖြစ်အောင် ဒီမှာ အဖွဲ့တဖွဲ့ ဖွဲ့လိုက်တာပဲဖြစ်တယ်။ ကျွန်တော်ထင်တာက အရင်ကထက်ပိုပြီးတော့ အားရှိမယ်။ ဘာကြောင့်လည်း ဆိုရင် အဖွဲ့အစည်းရှိတော့ ပြည်ထောင်စု မြန်မာနိုင်ငံအကြောင်းကို တချိန်လုံး စောင့်ကြည့်မယ်။ လိုက်ပြီးတော့ သတင်းတွေ စုစည်းမယ်။ ပြဿနာ ပေါ်လာရင်လည်း သူတို့က ချက်ခြင်းတုန့်ပြန်နိုင်တယ်။ အရင်ထက်ကထက် ပိုမြန်မယ်ဆိုရင်လည်း ဒီလောက်ပါပဲ။ သာမန်အနေနဲ့ကတော့ ပေါ်လစီချလို့မရဘူး။ လူထုရဲ့ ဆန္ဒကို အစိုးရသိအောင် သူတို့ လုပ်ပေးနိုင်တယ်။ အစိုးရကလည်း သူတို့ရဲ့ လူထုဆန္ဒကို မဆန့်ကျင် ချင်ဘူးဆိုရင် ပါလီမန်ပြောတဲ့အတိုင်း သူတို့ လိုက်လုပ်မှာပဲ။ ဒါပေမယ့် ဥပဒေအရတော့ မဟုတ်ဘူးပေါ့။ ဒီမိုကရေစီ စနစ်အရ လူထုရဲ့ ဆန္ဒကို နားထောင်ရမယ်ဆိုတော့ အစိုးရတွေကတော့ နားထောင်မှာဖြစ်ပါတယ်။"
ဒီလို မြန်မာနိုင်ငံအရေး ဥရောပ ပါလီမန် အမတ်များအဖွဲ့ ကို AIPMC မြန်မာ့အရေး အာဆီယံပါလီမန် အမတ်များ အဖွဲ့ကလည်း ကြိုဆိုလိုက်ပြီး၊ မြန်မာ့အရေးအတွက် EPCB နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ၊ ထိရောက်တဲ့ လုပ်ဆောင် ချက်တွေကို လုပ်ကိုင်သွားမှာ ဖြစ်တယ်လို့ AIPMC အမှုဆောင် ညွန်ကြား ရေးမှုး Roshan Jason က ပြောဆိုပါတယ်။ဒါ့အပြင် အခုဖွဲ့စည်းလိုက်တဲ့ မြန်မာ့ရေး ဥရောပ ပါလီမန် အမတ်များ အဖွဲ့ EPCB ဟာ အာဆီယံ အမတ် များ အဖွဲ့ AIPMC ထက်တော့ မြန်မာ့အရေးကို ပိုမိုလုပ်ဆောင်သွားနိုင်မယ်လို့လဲ ဦးဟန်ညောင်ဝေ က ပြောဆိုပါတယ်။
"AIPMCထက်တော့ ပိုလုပ်နိုင်မယ်။ ဘာကြောင့်လည်းဆိုရင် အာစီယံနိုင်ငံတွေ အကုန်လုံးက ဒီမိုကရေစီ အစိုးရတွေ မဟုတ်ပါဘူး။ ဥရောပ သမဂ္ဂထဲမှာက ဒီမိုကရေစီနိုင်ငံတွေဖြစ်ပါတယ်။ ၂၇နိုင်ငံ။ ဆိုတော့ လူထုရဲ့ ဆန္ဒကို သူတို့က ဆုံးဖြတ်ချက်တွေ ထုတ်ပြမယ်။ လူထုဘယ်လို မြင်သလဲဆိုတာကို အစိုးရတွေက လိုက်နာရမှာပဲဖြစ်ပါတယ်။"
EPCB အနေနဲ့ မြန်မာ့နိုင်ငံရေး ပြောင်းလဲမှုတွေဖြစ်ပေါ်လာစေနိုင်ဘို့ အတွက် ဥရောပနိုင်ငံ အစိုးရတွေနဲ့ ဥရောပ သမဂ္ဂ တို့ကို ဖိအားပေးယုံမက တခြားနိုင်ငံတကာအစိုးရတွေနဲ့ ကုလသမဂ္ဂလုံခြုံရေး ကောင်စီ တို့ကိုပါ မြန်မာနိုင်ငံအတွက် ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်မှုတွေလုပ်ဆောင်ပေးဖို့ တိုက် တွန်း ပြောဆိုမှုတွေကို အဓိက လုပ်ငန်းစဉ်တွေအဖြစ်လုပ်ကိုင်သွားမယ်လို့ ဆိုပါတယ်။
“အနှစ်နှစ်ဆယ်မှသည်”
အနှစ်နှစ်ဆယ်ဆီသို့
“အနှစ်နှစ်ဆယ်မျှ တိုင်းပြည်အတွက်လုပ်လာပြီးနောက်
ကိုယ်ပြန်၍ ကြည့်လိုက်သောအခါ ကြို
အထက်ပါစာပိုဒ်မှာဗိုလ်မှုးချစ်ကောင်းရေးခဲ့သည့်အနှစ်နှစ်ဆယ်စာအုပ်၏အဖွင့်စာပိုဒ်ပင်
ဖြစ်ပါသည်
န
အနှစ်နှစ်ဆယ်ကြာတိုက်ပွဲခရီးရှ
ပြီ။ကိုဖုန်းမော်တို့လိုသမိုင်း
နှိပ်စက်ရင်းဖြင့်ခေါင်းချခဲ့ရသူတေ၊ွနအဖရဲ့စစ်အကျဉ်းထောင်ထဲမှာ နှိပ်စက်ညှင်းပန်းမှုတွေကိုအံတြု
ထောင်များထဲတွင်ဒူးထောက်အညံ့မခံ
သလိုအချို့လဲလူသားချင်းစာနာတဲ့
ပြီးအချို့ကလည်းနယ်စပ်ဒေသတွေမှာပဲအာ
တိုက်ပွဲဝင်နေကြဆဲပင်။ထိုအင်အား
ကျွန်တော်ကိုယ်တိုင်သည်ပင် နှစ်နှစ်ဆယ်အတွင်း ဘဝပေါင်းစုံကျင်လည်ရင်းမှ
Migrant ကျောင်းလေးတခုမှာ အနာဂတ်ရဲ့မျိုးဆက်သစ်လူငယ်တွေကိ
ဘဝကိုရုန်းကန်နေရဆဲပါ။နေ့စဉ်နံနက်ကျေ
ထိုင်း
ပင်“ဩော်ဘယ်တော့များမှငါတို့ခလေးတွေကိုယ့်အမိမြေပေါ်မှာခြေချလို့အမိနိုင်ငံတော်
အလံကိုအလေးပြုခွင့်ရကြမှာလဲ”လို့တွေးရင်းအမြဲကြေကွဲခဲ့ရပါတယ်။တကယ်တွေးကြည့်
တော့လဲဒီကလေးေ
နာဂစ်မုန်တိုင်းကြောင့်ကျောင်း
ဈေးနှူန်းနဲ့
လေးတွေကပြည်တွင်းမှာအများကြီးပါ်
ဝန်တွေနဲ့အတူကျွန်တော်တို့(၈၈)
ကျွန်တော်တို့တွေဘယ်အထိခရီးပေါ
အမြင်မှာတော့တပြည်လုံးမှာ မကြာခဏဆိုသလို ကန့်ကွက်ဆန္ဒ ပြမှုတွေဖြစ်လို့တကမ္ဘာလုံးက ဝိုင်းဝန်းကန့်ကွက်ရှုံ့ချကြလို့နအဖဟာအကျဉ်းအကျပ်မျိုးစုံနဲ့ကြုံတွေ့နေရတယ်လို့
ဆိုနိုင်ပါတယ်။တနည်း
နောက်ဆုံးခံကတုတ်ကနေ မီးကုန်ယမ်းကုန်ခုခံနေရတဲ့ပုံပါ
တကယ်ကော ကျွန်တော်တို့ အနိုင်ရနေတယ်လို့ယူဆနိုင်ပါသလား ?
အဆင့်ဆင့်အလျော့ပေးလာခဲ့တယ်လို့ယူဆတယ်ဆိုရင်နအဖရဲ့ရိုးဖြောင့်တဲ့
လိုက်လျောမှုတခုေ
အာဏာသိမ်းပြီးတဲ
လုပ်ပေးမယ်၊အနိုင်
ပဲလို့ဦးေ
တကယ်တန်းကျတော့ရှိသမျှနိုင်ငံေ
တွေရဲ့အေ
ရပ်လုံးက NLDကိုတခဲနက်ထောက်ခံလိုက်တဲ့အခါ
ဦးစောေ
တနည်းဆိုရင်ဦးစောမောင်ပြောချင်
ROAD MAP(၇)ချက်ဆိုတာကိုဦးခင်ညွန့်ကရေးဆွဲပြီးအမျိုးသားညီလာခံကို ကျင်းပလို့ဖွဲ့စည်းပုံအခြေခံဥပေ
အမျိုးသားညီလာခံကို (၁၅) နှစ်ကြာကျင်းပပြုလုပ် အားရအောင် အချိန်ဆွဲပြီးမှသူတို့
အလိုက်ေ
ြေ
လို့ဘယ်လိုမှယူဆစရာမရှိပါ
(၁) ရွေးကောက်ပွဲလုပ်ခဲ့တယ် “၁၉၈၈ မှ ၁၉၉၀ အထိ ”
(၂) အခြေခံဥပဒေရေးဆွဲ “ ၁၉၉၂ မှ ၂၀၀၇ အထိ” ပြီးမှ
(၃) လူထုဆန္ဒခံယူပွဲနှင့်ရွေးကောက်ပဲ
န အ ဖ ကတော့ ၂၀၁၀ အထိအချိန်ဆွဲဖို့အဆင်သင့်ပြင်ထာ
၂၀၁၀ရွေးကောက်ပွဲပြီးရင်ရော ဘာဖြစ်လာမှာပါလဲ ? အခုလူတွေထဲကအချို့ကို
ယူနီဖောင်းချွတ် ပြီးလွှတ်တော်တက်ခိုင်း၊ နောက်က ကာကွယ်ရေးဦးစီးချုပ်က
လိုသလို ကြိုးဆွဲသွားမယ့် စစ်အာဏာရှင်အလိုကျ အစိုးရကိုပဲ ကျွန်တော်တို့ရကြမှာပါ။
ကုလားကြီးနဲ့ အရာကြီး အခေါ်ဝေါ်သာပြောင်းသွားမယ် ဒါကဒါပါဘဲ ။
ကျွန်တော်တို့ဖက်က လက်ရှိအခြေအနေကရောဘယ်လိုပါလဲ ?
ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးဝင်းတင် ၊ အပါအဝင် NLD ခေါင်းဆောင်တွေ၊ကိုမင်းကိုနိုင်
ကျောင်းသားခေါင်းဆောင်တွေ၊အရှင်ဂမ္မီရတို့လို သံဃာတော်တွေ ၊လူမျိုးစုခေါင်းဆောင်တွေ၊ဒီမို
ဘာများတုံ့ပြန်နိုင်ပါသလဲ?
ဒီပဲယင်းမှာ အကြမ်းဖက်သတ်ဖြတ်ခံရတဲ့သူတွေ ၊ လူမိုက် မွေးပြီး
ရိုက်သတ်ခံရတဲ့ရဲဘော်တွေ ၊ ထောင်ထဲမှာမတရားနှိပ်စက်ခံရရင်း လက်လွန်သေဆုံးသွားသူတွေ ၊ အခုပြီးခဲ့တဲ့စက်တင်ဘာမှာ ရိုက်နှက် သတ်ဖြတ် ၊ဖမ်းဆီင်္းခံရသူတွေအတွက်၊တရားမျှ
နာဂစ်မုန်တိုင်းမွှေလို့သိန်းချီသေပြီးသန်းချီဒုက္ခရောက်နေရတဲ့ပြည်သူတွေကိုကူညီချင်ကြသူတွေ
အပေါ် အမျိုးမျိုးကန့်သတ်မှုတွေလုပ်လို
ထိုအခြေအနေအားလုံးအတွက်မည်သူ့တွ
စီးပွားရေးနယ်ပယ်တွင်တော့ ရှင်းပါသည်။ ကုမ္မဏီကြီးတခုတွင် စီးပွားရေးပေါ်လစီမှား၍ အရှုံးပေါ်လာခဲ့ပါလျှင် စီမံခန့်ခွဲကြသော CEO နှင့်တကွ ဘုတ်အဖွဲ့အားလုံး နှုတ်ထွက်ကြရုံသာရှိပါသည်။ဥပမာ
ထောက်ခံမဲလုပ်လို
၉၂ရာခိုင်နှုန်းကျော်ဆိုသည်မှာမဲရုံသို့သွားရောက်သူအားလုံးနီး
မည်သူပိုတာဝန်ရှိ
သူခိုးကို ခေါင်းပေါင်းပေါင်း၍ တိုက်ပုံနှင့်ချိတ်ပုဆိုးဝတ်ရုံ
ဖြစ်လာသောအခြေအနေပေါ်
စဉ်းစားရန်သာရှ
လူထုလှုပ်ရှားမှူများနှင့်တာဝန်
လူထုတိုက်ပွဲများအရှိန်မြှင့်
သည်။ရိုက်နှက်သတ်ဖြတ်ဖမ်းဆီးခံ
ကြောင့်နေမရသဖြင့်ထွက်ပြေးတိမ်း
ပေးဆပ်ခဲ့ရသောအသက်များ၊ဘဝများစသည့်အရင်းအနှီးများ အတွက်တိုက်ပွဲကိုဆက်လက်အရှိန်
ကျေပါလိမ့်မည်။ဤနေရာတွင်နိုင်ငံ
ပြချင်ပါသည်။
နိုင်ငံခြားသွားချင်သဖြင့်ဆန္ဒ
လွတ်ရာနယ်မြေရောက်မှ ဘာနိုင်ငံရေးလှုပ်ရှားမှုမှလုပ်ခွ
တံ
သွားချင်သူတွေသွားကြသလိုနိုင်ငံရေးဆက်လုပ်ချင်သူတွေလည်း
သို့သော်ဒီနေရာတွင်ဘာရွေးချယ်ခွ
ဆောင်ရွက်ရန်၊ထိမ်းသိမ်းစောင့်ေ
အခြေအနေများဆက်လက်ကြုံတွေ့ရန်ရှ
ကျွန်တော်တို့ဘာလုပ်နိုင်ပါသလဲ?
တိုက်ပွဲကာလ နှစ်သက်တမ်းရှည်လာတာနှင့်အမျှ အထိအခိုက်အရှအနာ အဆုံးအရှုံးတွေကများလာပါသည်။အခြေအနေပြောင်းလဲနိုင်တဲ့နိုင်ငံရေးတိုက်ပွဲ၊လူထုတိုက်ပွဲများကိုပြင်ဆင်တဲ့အခါ ပြီးခဲ့တဲ့အမှားတွေကို ပြန်သုံးသပ်ရှောင်ရှားရင်း အဆုံးသတ်တိုက်ပွဲကို ဘယ်လိုပြင်မလဲဆိုတာနိုင်ငံရေးဦးဆော
ြ
ရန်သူတွင် လက်နက်အာဏာ ငွေကြေးလူအင်အားစသည်ဖြင့် ပြည့်စုံသည်မှာ
မှန်ပါသည်။ နောက်တခါ နာဇီလို၊ ဖက်ဆစ်လို မိမိအမျိုးသားရေးကို ရှေ့တန်း
တင်သူမျိုးပင်မဟုတ်ပဲမိမိကိုယ်ကျိုးစီးပွားမှလွဲ၍ဘာမှမစဉ်းစားသည့် လိုအပ်လျှင်ဇတ်တူသားစားရန်ပင်
ပါသည်။
ထိုအာဏာရှင်မျိးကိုခေါင်းလေး
ြ
တူသားစားသည့်
လက်ရှိဝံသာနုNLDလိုလူမျိုးတွေ၊ေ
တွေစသည့်ဖော်
သို့သော်အင်အားကြီးမားသည်ဆိုသည်
ထောက်ခံမှူမရသောဘယ်လို မတရားအစိုးရများမှ ရေရှည်မတည်တံ့နိုင်ပါ။
ခိုင်မာသောနိုင်ငံရေးဦးဆောင်မှူ
ဥပမာတခုတင်ပြလိုပါသေးသည်။တောထဲ
သောတောဆင်ရိုင်းအုပ်လိုက်ကြီးပင်တောခွေးကျင်ငယ်ရည်နံ့ရသည်နှ
ကောင်ချင်းယှဉ်လျှင်နှိုင်းစရာ
သို့သော်တောခွေးများ၏ ညီညွတ်ခြင်းကိုကြောက်ကြခြင်ြး
ဆင်ဖြစ်စေ၊ကျားဖြစ်စေ ၊မည်သည့်သတ္တဝါဖြစ်စေ သူတို့တိုက်ခိုက်သတ်ဖြတ်
ရန်ဝန်လေးခြင်းမရှိပါ။သူတို့သတ်
ပန်းသည့်အကောင်ကပန်း၊ရှေ့ကဝင်
အောင်သားစားကြပါသည်။
သူတို့တွင်မတိုက်ခိုက်ခင်မှာဆင်
ကြိုတင်ဝေပုံချထားဖြင်းလဲမရှိပါ
မ်
ေ
ေ
မရွိပါ။
သူတို့သိသည်မှာသူတို့သတ်ကွင်ြး
သည့်သားကောင်မဆိုအပြီးအပြတ်ချေ
အရိုင်းဥပဒေမှာတောခွေးတွေကိုသူ
ေ
ၾ
များဖြစ်ကြပါသည်။မြန်မာပြည်ရဲ့
မခံဘူးဆိုတာ၁၉၉၀ပြည့်ရွေးကောက်
မဖြစ်လာနိုင်သေးတဲ့ကုလသမဂ္ဂတပ်ြ
တကယ်ညီညွတ်ဖို့သာလို
အနှစ်နှစ်ဆယ်မှသည်
အနှစ်နှစ်ဆယ်ပြည့်တော့မယ့်အချိ
ြ
မယ်ဆိုရင် မအောင်မြင်စရာမရှိဘူးလို့ဆိုချ
အတွေ့အကြုံ၊အတွေးအခေါ်ကြီးမားတဲ့
ဒေါ်အောင်ဆန်းစုကြည်လိုမြန်မာသိ
ကြောင်းအတိုင်းသူတို့ဖမ်းဆီးခံေ
စက်တင်ဘာအရေးအခင်းပြီးကာစမှာအေ
ကျွန်တော့်ကိုမေးဘူးပါတယ်။စက်
ြေ
သူမေးတဲ့စိတ်ဝင်စားစရာမေးခွန်းေ
(၁) သံဃာ့နာယကအဖွဲ့ခေါင်းဆောင်တွေပူ
(၂) အခြားဘာသာရေးခေါင်းဆောင်များပူး
(၃)စစ်တပ်ကပူးပေါင်းလာမယ်ဆိုရင်
ဘယ်အဆင့်လောက်ထိပူးပေါင်းဆောင်
ကာယကံရှင်ဖြစ်တဲ့ကျွန်တော်တို့
တွေထုတ်ဖို့လိုပါလိမ့်မယ်။ဘဝတွေ
ကျွန်တော့်အနေနဲ့အချုပ်ဆိုရရင်တော့ပီပြင်တဲ့နို
ညီညွတ်မှုသာအဆုံးသတ်တိုက်ပွဲ
ဘယ်လိုအသွင်မျိုးနဲ့လူထုတိုက်ပွ
ဘယ်လိုပုံစံမျိုးနဲ့ဖေါ်ဆောင်ြ
ဆုံးဖြတ်ပေးရမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ပြည်သူတွေကသူတို့အတွက်
ဒီမိုကရေစီဖေါ်ဆောင်ဆောင်ပေးနို
ချယ်ထားပြီးသားပါ။ပြတ်သားတဲ့မူ
တယ်။
အနှစ်နှစ်ဆယ်မှသည်အဆုံးသတ်တိုက်
ဆိုတာရွေးချယ်ကြဖို့အချိန်ကျရော
D-Wave
6.28.2008
ဒေသတွင်း ၃ နိုင်ငံနှင့် ကုလအတွင်းရေးမှူးချုပ် မြန်မာ့အရေးဆွေးနွေး

27 June 2008
မြန်မာနိုင်ငံရေးကိစ္စနဲ့ပတ်သက်လို့ ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ဟာ ဒေသတွင်း နိုင်ငံကြီးသုံးနိုင်ငံကိုယ်စားလှယ်တွေနဲ့ သီးခြားတွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။
ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး ပုဂ္ဂိုလ် မစ္စတာ ဂမ်ဘာရီဟာ လာမယ့် ဇူလှိုင်လထဲ မြန်မာနိုင်ငံရှိရာ ဒေသတွင်းကို သွားရောက်မှာ ဖြစ်သလို၊ အခြား အခြေအနေ တခုကတော့ အင်ဒိုနီးရှားနိုင်ငံ အနေနဲ့ မြန်မာနိုင်ငံရေး ကိစ္စကို အနောက်နိုင်ငံတွေ မပါဘဲ ဒေသတွင်းက နိုင်ငံတွေနဲ့ ကုလသမဂ္ဂ မြန်မာအစိုးရအကြား ဆွေးနွေးညှိုနှိုင်းမှုတွေ လုပ်လိုတယ် ဆိုတဲ့ အဆိုပြုချက်လည်း ရှိနေပါတယ်။ ဒီအပေါ်မှာ အခုလို မြန်မာအိမ်နီးချင်း အရေးပါတဲ့ နို်င်ငံတွေကို မစ္စတာ ဘန်ကီမွန်း ခေါ်ယူတွေ့ဆုံ ဆွေးနွေးတယ်လို့ ယူဆလို့ရပါတယ်။
အတွင်းရေးမှူးချုပ် ဘန်ကီမွန်းအနေနဲ့ နယူးယောက် ကုလသမဂ္ဂ ဌာနချုပ်မှာ ကြာသပတေးနေ့တုန်းက ဒီ ၃ နိုင်ငံ ကိုယ်စားလှယ်တွေနဲ့ ကြာသာပတေးနေ့ ညနေပိုင်းက သီးခြား တံခါးပိတ် ဆွေးနွေးခဲ့တာပါ။
ဒီဆွေးနွေးပွဲနဲ့ ပတ်သက်လို့တော့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံး တွဲဖက် ပြောခွင့်ရသူ ဖာရမ်း ဟာ့က် က ဗွီအိုအေကို အခုလို ရှင်းပြခဲ့ပါတယ်။
"အတွင်းရေးမှူးချုပ် ဘန်ကီမွန်းဟာ အင်ဒိုနီးရှားနိုင်ငံနဲ့ အိန္ဒိယနိုင်ငံတို့က ကုလသမဂ္ဂ အမြဲတမ်း ကိုယ်စားလှယ်၊ နောက် တရုတ်နိုင်ငံက ဒုတိယ အမြဲတမ်း ကိုယ်စားလှယ်တို့နဲ့ ကြာသပတေးနေ့ ညနေပိုင်းမှာ တွေ့ခဲ့တာပါ။ ဒီကိုယ်စားလှယ် ၃ ဦးနဲ့ သူဟာ မြန်မာနိုင်ငံ အရေးကိစ္စကို ဆွေးနွေးပါတယ်။ ဒီကိုယ်စားလှယ် ၃ ဦးစလုံးဟာ ကုလသမဂ္ဂ အတွင်းရေးမှူး ချုပ်ရုံးရဲ့ မြန်မာ့အရေး ဆောင်ရွက်ချက်ကို ထောက်ခံသူတွေပါ။ ကုလသမဂ္ဂကို တင်ပြတဲ့ အချက် ၇ ချက်ပါ နိုင်ငံရေး လုပ်ငန်းစဉ်အတွက် ဆိုရင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှုအသစ်တွေ လုပ်ပြီး လက်တွေ့ ဆောင်ရွက် နိုင်တဲ့ ပြောင်းလဲမှုတွေ လိုအပ်နေတယ် ဆိုတာကို ဆွေးနွေးခဲ့ကြပါတယ်။
အခုလို ဒေသတွင်း နိုင်ငံတွေနဲ့ သီးခြား ဆွေးနွေးတယ် ဆိုပေမယ့် အမေရိကန် ပြည်ထောင်စုနဲ့ အခြားဥရောပ နိုင်ငံတွေနဲ့လည်း အတွင်းရေးမှူးချုပ် အနေနဲ့ ဆက်ပြီး ဆွေးနွေးသွားဦးမှာပါလို့ ပြောခွင့်ရသူက ဆိုပါတယ်။ အခု အစည်းအဝေးမှာ မစ္စတာ ဂမ်ဘာရီလည်း တတ်ရောက်ခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ဆိင်ကလုန်း မုန်တိုင်းကျရောက်ပြီး နောက်ပိုင်းကတည်းက ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာ အနေနဲ့ မုန်တိုင်း ကယ်ဆယ်ရေး လုပ်ငန်းတွေကိုပဲ ဦးစားပေး ဆောင်ရွက်ရာကနေ အခုတော့ နိုင်ငံရေးဖက်ကို ပြန်လှည့်လာ တယ်လို့ ဆိုရမှာပါ။ ဒါပေမယ့်လည်း မြန်မာနိုင်ငံ နိုင်ငံရေးလုပ်ငန်းစဉ်မှာ အစုအဖွဲ့အားလုံး အရေးပါတဲ့ ပုဂ္ဂိုလ်အားလုံးနဲ့ ညှိနှိုင်းဆွေးနွေးပြီး ဆောင်ရွက်သင့်တယ်လို့ နိုင်ငံတကာက ပြောနေပေမယ့်၊ ကုလသမဂ္ဂနဲ့ အာဆီယံ နိုင်ငံတွေ အကြားမှာ မြန်မာအစိုးရက ကတိပြုထားတဲ့ လမ်းပြမြေပုံကို ဆက်အကောင်အထည် ဖော်ဖို့ တိုက်တွန်းနေတာ တွေ့ရပါတယ်။ ဖွဲ့စည်းပုံကို တဖက်သက် ရေးဆွဲ အတည်ပြုထားပြီးတဲ့ ဒီနိုင်ငံရေး လမ်းပြမြေပုံမှာ - အခြား အပယ်ခံ နိုင်ငံရေးအဖွဲ့တွေ ပုဂ္ဂိုလ်တွေ ပါဝင်ခွင့် ဆိုတာကတော့ အငြင်းပွားစရာ ရှိမယ်လို့ ယူဆလို့ရပါတယ်။
မြန်မာ့အရေး တံခါးပိတ်အစည်းအဝေး ကုလသမဂ္ဂ၌ ကျင်းပ
27 June 2008
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်မစ္စတာဘန်ကီမွန်း။မြန်မာနိုင်ငံအတွင်းက ကပ်ဘေးကယ်ဆယ်ရေးလုပ်ငန်းတွေမှာ နိုင်ငံတကာ အကူအညီပေးရေးကိစ္စနဲ့ မြန်မာပြည် ဒီမိုကရေစီဖြစ်ထွန်းရေး ကိစ္စတွေအပေါ်မှာ ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာက စိုးရိမ်ပူပန်ချက်တွေကို ထုတ်ဖော်ပြောဆိုခဲ့ကြပါတယ်။ အဲဒီစိုးရိမ်မှုတွေအပေါ်မှာကိုင်တွယ်နိုင်ရေး ကုလသမဂ္ဂဘက်ကတော့မြန်မာအာဏာပိုင်တွေ၊ သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းဆောင်ရွက်လျက်ရှိတယ်လို့ ဆိုပါတယ်။
မြန်မာ့နိုင်ငံရေးနဲ့ပတ်သက်လို့ ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာရဲ့ စိုးရိမ်ချက်တွေကတော့ အရင်ကတည်းက ရှိခဲ့တာပါ။ ဒါပေမယ့် မုန်တိုင်းကပ်ဘေး ကျရောက်ပြီးနောက်လူသားချင်း စာနာကူညီမှုဆိုင်ရာ ကိစ္စတွေ ပေါ်လာပြီး လူ သောင်းနဲ့ချီပြီး သေဆုံးခဲ့ရတဲ့ ကပ်ဘေးကယ်ဆယ်ရေး လုပ်ငန်းတွေမှာ မြန်မာအာဏာပိုင်တွေဘက်က အကန့်အသတ်တွေ လုပ်တဲ့အပေါ်မှာ နိုင်ငံတကာက ဒီကိစ္စအပေါ်မှာလည်း စိုးရိမ်ချက်တခုထပ်တိုးလာတယ်လို့ ဆိုရမှာပါ။ ဒီကိစ္စနဲ့ပတ်သက်လို့ ကုလသမဂ္ဂရဲ့ ကမကထလုပ်ဆောင်ရွက်ချက်တွေဟာ အတော်လေး ခရီးရောက်ခဲ့တယ်လို့ ပြောလို့ရပါတယ်။
မနေ့ကလုပ်တဲ့ နယူးယောက်ခ်မြို့ ကုလသမဂ္ဂ သတင်းစာရှင်းလင်းပွဲမှာလည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း (Ban Ki-moon) က မြန်မာနိုင်ငံနဲ့ပတ်သက်လို့ စိုးရိမ်ချက်နှစ်ခုမှာ တခုကိုတော့ မြန်မာအာဏာပိုင်တွေဘက်က ပူးပေါင်းဆောင်ရွက်မှု ရှိခဲ့တယ်လို့ အသိအမှတ်ပြုပြီး အခုလိုပြောခဲ့ပါတယ်။
“မြန်မာနိုင်ငံအတွက် ကျနော်တို့မှာ စိုးရိမ်စရာ အခြေအနေနှစ်ခု ရှိပါတယ်။ တခုကတော့ လူသားချင်း စာနာကူညီမှုဆိုင်ရာ ကိစ္စပါ။ ကုလသမဂ္ဂ ၀န်ထမ်းတွေနဲ့ နိုင်ငံတကာက ကယ်ဆယ်ရေးလုပ်သားတွေအနေနဲ့ မြန်မာနိုင်ငံမှာ လူသားချင်းစာနာကူညီမှု အထောက်အပံ့တွေ ပေးနိုင်ဖို့ရာ မြန်မာအာဏာပိုင်တွေအနေနဲ့ လမ်းကြောင်းမှန်ကိုဦးတည်နေတယ်လို့ ကျနော်ထင်ပါတယ်။
“ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ရဲ့ ရဟတ်ယာဉ် ၁၀ စင်းဟာ လိုအပ်တဲ့ အကူအညီ အထောက်အပံ့တွေပေးရာမှာ အတော်လေးကို ဆောင်ရွက်ပေးနေပါတယ်။ဒီအခြေအနေကို ကျနော်တို့အနေနဲ့ ဆက်ပြီး ကြီးကြပ်ဆောင်ရွက်နေသလို မြန်မာအာဏာပိုင်တွေအနေနဲ့လည်း ညှိနှိုင်းဆောင်ရွက်နေပါတယ်။ ကုလသမဂ္ဂ၊ အာဆီယံနဲ့မြန်မာနိုင်ငံပါဝင်တဲ့ သုံးပွင့်ဆိုင်အဖွဲ့အနေနဲ့လည်း အတော်လေးကို လုပ်ငန်းတွေဆောင်ရွက်နေပါတယ်။ လာမယ့် ဇူလိုင်လထဲမှာတော့ ပြန်လည်ထူထောင်ရေးနဲ့အရေးပေါ် လူသားချင်းစာနာကူညီမှု အထောက်အပံ့ တင်ပြချက်တွေကို ပြန်ပြီးစိစစ်ဖို့ ရှိပါတယ်။”
ကပ်ဘေးကယ်ဆယ်ရေး လုပ်ငန်းတွေနဲ့ပတ်သက်လို့ ကုလသမဂ္ဂ တာဝန်ရှိသူတွေ၊အာဆီယံက တာဝန်ရှိသူတွေနဲ့ မြန်မာအစိုးရတို့အကြား ပူးပေါင်းဆောင်ရွက်တဲ့ဆွေးနွေးပွဲတွေကို အခုရက်ပိုင်းအတွင်း ဆက်တိုက် ဆောင်ရွက်နေသလိုပဲ လာမယ့်ဇူလိုင်လထဲမှာ ကပ်ဘေးကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးကိစ္စ ဒုတိယအကြိမ်နိုင်ငံတကာ အစည်းအဝေးကိုလည်း ကျင်းပဖို့ စိုင်းပြင်းနေကြပါတယ်။ ဒါကြောင့်လည်း ဒီကပ်ဘေးကယ်ဆယ်ရေးနဲ့ပတ်သက်လို့ ကုလသမဂ္ဂဘက်က ကမကထပြုပြီးဆောင်ရွက်နေတာတွေမှာ တစုံတရာ အတိုင်းအတာတော့ အောင်အောင်မြင်မြင်ရှိတယ်လို့ အများကလည်း အသိအမှတ် ပြုထားပါတယ်။
ဒါပေမယ့် ဟိုတုန်းကတည်းက အရှည်သဖြင့်ရှိနေတဲ့ မြန်မာ့နိုင်ငံရေး ပြဿနာကတော့ကုလသမဂ္ဂဘက်က ထိထိရောက်ရောက် ကိုင်တွယ်နိုင်သေးခြင်း မရှိဘူးလို့ နိုင်ငံရေးလေ့လာသူတွေက ယူဆနေပါတယ်။ ဒါ့အပြင် မစ္စတာဘန်ကီမွန်းကိုယ်တိုင် ပြီးခဲ့တဲ့လက မုန်တိုင်းကယ်ဆယ်ရေးနဲ့ ပတ်သက်ပြီး ရန်ကုန်ကိုရောက်တုန်းကလည်း နိုင်ငံရေးကိစ္စနဲ့ပတ်သက်ပြီး ထုတ်ဖော်မပြောတဲ့အပေါ်မှာ ဝေဖန်မှုတွေ ရှိနေပါတယ်။
ဒါပေမယ့် ကုလသမဂ္ဂအနေနဲ့ နိုင်ငံရေးပြဿနာကိုလည်း အလေးထားပြီး ညှိနှိုင်းဆောင်ရွက်နေတယ်လို့ မစ္စတာဘန်ကီမွန်းက မနေ့က ပြောခဲ့ပါတယ်။
“နောက် မြန်မာနိုင်ငံနဲ့ပတ်သက်လို့ အတော်လေး စိုးရိမ်နေရတဲ့ အချက်ကတော့မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီဖြစ်ထွန်းရေး လုပ်ငန်းကိစ္စတွေပါပဲ။ ဒီအထဲမှာဒေါ်အောင်ဆန်းစုကြည်ကို ဆက်ပြီး နေအိမ်အကျယ်ချုပ် ထိန်းသိမ်းထားတာလည်းပါဝင်ပါတယ်။
“ကျနော်တို့အနေနဲ့ ကုလသမဂ္ဂ ညီလာခံကြီးကနေ တာဝန်ပေးထားတဲ့ မစ္စတာဂမ်ဘာရီ (Gambari) ကတဆင့် မြန်မာနိုင်ငံ တွေ့ဆုံဆွေးနွေးရေးတွေ ဆက်လုပ်သွားမှာပါ။ ဒီလုပ်ငန်းစဉ်ကို ကျယ်ကျယ်ပြန့်ပြန့်နဲ့ နက်နက်ရှိုင်းရှိုင်း ဆက်လုပ်သွားမှာဖြစ်ပါတယ်။
ဒီကနေ့ နေ့လယ်မှာတော့ မစ္စတာဂမ်ဘာရီ အပါအ၀င် အခြား သက်ဆိုင်ရာနိုင်ငံတွေက သံတမန် ကိုယ်စားလှယ်တွေနဲ့ မြန်မာနိုင်ငံအရေး ညှိနှိုင်းဆွေးနွေးမှုတရပ် လုပ်ဖို့ရှိပါတယ်။”ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း ပြောသွားခဲ့တာ ဖြစ်ပါတယ်။
နယူးယောက်ခ်စံချိန် ညနေပိုင်းမှာတော့ ကုလသမဂ္ဂဌာနချုပ်မှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကိုယ်တိုင် ဦးဆောင်ပြီး နိုင်ငံအချို့က ကိုယ်စားလှယ်တွေ၊ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ဂမ်ဘာရီတို့နဲ့ မြန်မာနိုင်ငံကိစ္စကို တံခါးပိတ်ဆွေးနွေးမှုတခု လုပ်ခဲ့ပါတယ်။ ဒါနဲ့ပတ်သက်လို့ ထူးခြားမှုကိုတော့ ကုလသမဂ္ဂဘက်ကရောအခြား သက်ဆိုင်ရာနိုင်ငံတွေဘက်ကရော ထုတ်ဖော်ပြောဆိုတာ မရှိသေးပါဘူး။
မစ္စတာဂမ်ဘာရီအနေနဲ့ နောက်လထဲမှာ မြန်မာနိုင်ငံကို သွားရောက်ဖို့ရှိပေမယ့် အတိအကျ ရက်သတ်မှတ်တာတော့ မလုပ်ရသေးဘူးလို့ မစ္စတာဂမ်ဘာရီရဲ့ ပြောခွင့်ရသူကဆိုပါတယ်။ တဆက်တည်းမှာ မနေ့ကလုပ်တဲ့ G8 စက်မှုထိပ်သီး ၈ နိုင်ငံ အစည်းအဝေးမှာလည်း မြန်မာနိုင်ငံမှာ ဒီမိုကရေစီဖြစ်ထွန်းရေး လုပ်ငန်းစဉ်တွေနဲ့ မုန်တိုင်းကယ်ဆယ်ကူညီရေး ကိစ္စတွေမှာ မြန်မာအာဏာပိုင်တွေဘက်က တိုးတက်မှုရှိလာအောင် လုပ်ဖို့လိုတယ်လို့ တက်ရောက်ခဲ့တဲ့နိုင်ငံတွေက ထောက်ပြဆွေးနွေးခဲ့ကြတယ်လို့ ဂျပန်တာဝန်ရှိသူတဦးက ကျိုဒိုသတင်းဌာနကို ပြောခဲ့တယ်လို့ သိရပါတယ်။
ဧရာဝတီကို ကူညီခွင့်မရသည့် ပြင်သစ် ဆက်သွယ်ရေးအဖွဲ့ မြန်မာပြည်က ထွက်ခွာ
26 June 2008
နိုင်ငံတကာက သဘာဝဘေးအန္တရာယ်သင့် ဒေသတွေမှာ ဆက်သွယ်ရေးပိုင်းဆိုင်ရာအထောက်အကူပြုပေးတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတခုရဲ့ အဖွဲ့ဝင်တွေဟာ မြန်မာနိုင်ငံက မုန်တိုင်းဒဏ်သင့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသကို သွားပြီး လုပ်ဆောင်ခွင့်မရတဲ့အတွက် မြန်မာနိုင်ငံကနေ ပြန်ထွက်လိုက်ရပါပြီ။ သူတို့သာ ကူညီလုပ်ဆောင်ခွင့်ရမယ်ဆိုရင် ကူညီကယ်ဆယ်ရေးတွေမှာ ပိုပြီးတော့ မြန်မြန်ဆန်လုပ်နိုင်မှာပါလို့ ကိုယ်တိုင်ပါဝင်ခဲ့တဲ့ တာဝန်ရှိသူတဦးက ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။
နိုင်ငံတွင်းမှာ ၁၅ ရက်ကြာ ရောက်နေခဲ့ပြီးတဲ့နောက် မတူထူးခြားတဲ့ အခြေအနေတခုနဲ့ကြုံတွေ့ခဲ့ရပြီးချိန်မှာ ပြန်ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ ပြင်သစ်အခြေစိုက်နယ်စည်းမခြား ဆက်သွယ်ရေးအဖွဲ့ (TSF) ရဲ့ ၂၅ ရက်နေ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသမှာ သွားရောက်လုပ်ဆောင်ခွင့်ပြုဖို့ TSF ကခွင့်ပြုမိန့်တောင်းခံတာ မရခဲ့ဘဲ ရန်ကုန်မှာပဲ ရပ်တန့်နေခဲ့ရပြီးတဲ့နောက် အဖွဲ့ဝင်တွေဟာ သူတို့ရဲ့ အခြေစိုက်ရုံးတွေဆီ ပြန်ထွက်ခွာခဲ့ကြတယ်လို့ ဆိုပါတယ်။
တခြား နိုင်ငံတကာအဖွဲ့အစည်းတွေ၊ ကုလသမဂ္ဂ အဖွဲ့အစည်းတွေကို မြစ်ဝကျွန်းပေါ်ဒေသဆီ သွားရောက်လုပ်ကိုင်ခွင့်ပြုပြီး TSF ကို သွားခွင့်မပြုတာဟာ သူတို့အဖွဲ့ရဲ့ဆက်သွယ်ရေးပစ္စည်းတွေ၊ နည်းပညာတွေနဲ့ လုပ်ကိုင်ရတဲ့ သဘောသဘာဝကြောင့်ဖြစ်တယ်လို့ မြန်မာနိုင်ငံသွားခဲ့တဲ့အဖွဲ့မှာ ကိုယ်တိုင်ပါဝင်ခဲ့သူ TSF ရဲ့ ဘန်ကောက်အခြေစိုက် အာရှ-ပစိဖိတ်ဒေသ ကိုယ်စားလှယ်အဖွဲ့ရုံး အကြီးအကဲ မစ္စတာ ဆိုင်မွန်(Simon) က ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။
“သတင်းဆက်သွယ်ရေးအပေါ် စိုးရိမ်စိတ်၊ မယုံကြည်စိတ်၊ သံသယစိတ် ရှိတယ်ဆိုတာကို သိထားတဲ့အတွက် ဒီအချက်က ထင်ရှားပါတယ်။ ဒါ့ကြောင့်လည်း ဒီအလုပ်ဟာတကယ့်ကို ခက်ခဲလိမ့်မယ်ဆိုတာ ကျနော်တို့သိပါတယ်။ ဒါပေမယ့် အနည်းဆုံးတော့ကျနော်တို့ ကြိုးစားကြည့်တာပါ။ ကျနော်တို့အလုပ်ရဲ့ သဘောသဘာဝကိုက သိပ်ကိုအထိမခံတဲ့ကိစ္စ ဖြစ်နေတာကြောင့် အခုလိုခွင့်မပြုတာလို့ ကျနော်တော့ ယုံကြည်ပါတယ်။” လို့ ဆိုင်မွန်က ပြောပါတယ်။
နာဂစ်ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ပြီးတဲ့နောက် TSF အဖွဲ့ဝင်လေးဦးပါ အဖွဲ့တဖွဲ့ကိုမြန်မာနိုင်ငံစေလွှတ်ဖို့ ဘန်ကောက်မြို့၊ မြန်မာသံရုံးမှာ ပြည်ဝင်ခွင့်ဗီဇာ လျှောက်ခဲ့ပါတယ်။ ဒါပေမယ့် သံရုံးက ဘာမှ အကြောင်းပြန်ကြားခြင်းမရှိဘဲ တလကြာမြင့်ပြီးတဲ့နောက်မှာတော့ ကမ္ဘာလှည့်ခရီးသည်တွေအနေနဲ့ ပြည်ဝင်ခွင့်လျှောက်ဖို့ ဆုံးဖြတ်ပြီးစွန့်စားသွားရောက်ခဲ့တာပါလို့ ဆိုင်မွန်က ပြောပါတယ်။
ဒါပေမယ့် သူတို့သွားတဲ့အချိန်မှာ ဆက်သွယ်ရေးပစ္စည်း ကိရိယာတွေကို ယူဆောင်မသွားဘဲ ကျွမ်းကျင်မှုနဲ့ အထောက်အကူပြုဖို့ လူပုဂ္ဂိုလ်တွေချည်းပဲ သွားခဲ့ကြတာပါ။ရန်ကုန်ကို ရောက်ခဲ့ပြီးတဲ့နောက် မြစ်ဝကျွန်းပေါ်ဒေသကို သွားခွင့်ပြုဖို့ မြန်မာအာဏာပိုင်တွေဆီမှာ အကြိမ်ကြိမ်ခွင့်တောင်းခဲ့ပေမယ့် ဘာအကြောင်းပြန်ကြားချက်မှ မရခဲ့တာကြောင့် ပြန်ထွက်ဖို့ ဆုံးဖြတ်ခဲ့တာပါ။
သူတို့သာ လုပ်ကိုင်ခွင့်ရမယ်ဆိုရင် အကူအညီပစ္စည်းတွေကို လျှင်လျှင်မြန်မြန်နဲ့အချိန်မီပေးပို့နိုင်ရေးမှာ အကျိုးဖြစ်စေမှာပါလို့ ဆိုင်မွန်က ပြောပါတယ်။
“ကျနော်တို့ အဲဒီမှာရှိနေမယ်ဆိုရင် ရမယ့်အကျိုးကျေးဇူးကတော့ မြန်မြန်ဆန်ဆန်တုံ့ပြန်လုပ်ဆောင်နိုင်မှုဖြစ်မယ်လို့ ကျနော် ယုံကြည်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ဆက်သွယ်ရေးပြဿနာကို သိထားပြီး ဒါဟာ စနစ်ကို နှေးကွေးစေပါတယ်။ ဒီစခန်းအတွက် အစားအစာတွေ လိုနေပြီဆိုတာကို ပြောဖို့ သုံးရက်ကြာနိုင်ပါတယ်။ ဒါဟာပြဿနာပါ။ တကယ်လို့သာ စနစ်ကျတဲ့ ဆက်သွယ်ရေးနည်းလမ်းတွေ ရှိမယ်ဆိုရင်လိုအပ်တာကို ချက်ချင်း သတင်းပို့ တောင်းခံနိုင်ပြီး မြန်မြန်ဆန်ဆန် ရောက်လာမှာမို့ပိုပြီးတော့ မြန်မြန်လုပ်ကိုင်နိုင်ပါတယ်။” လို့ ဆိုင်မွန်က ပြောပါတယ်။
TSF အဖွဲ့ဟာ ကုလသမဂ္ဂနဲ့ ဆက်စပ်လုပ်ကိုင်တဲ့အဖွဲ့ဖြစ်ပြီး ကမ္ဘာပေါ်က သဘာဝဘေးအန္တရာယ်သင့်တဲ့ ဒေသတွေမှာ အရေးပေါ် ဆက်သွယ်ရေးစနစ်တွေ တပ်ဆင်ပေးတဲ့အဖွဲ့ ဖြစ်ပါတယ်။ သဘာဝဘေးအန္တရာယ် ကျရောက်ပြီးချိန်မှာ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ကြတဲ့ အစိုးရမဟုတ်တဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ ကုလသမဂ္ဂ အဖွဲ့အစည်းတွေနဲ့ အစိုးရတွေအတွက် ဆက်သွယ်ရေးပစ္စည်းတွေကို တပ်ဆင်ပေးပါတယ်။
အကူအညီလိုအပ်နေသူတွေ အနီးဆုံးမှာရှိနေတာကို သိလျက်နဲ့ မကူညီနိုင်တာဟာစိတ်ပျက်စရာပါပဲလို့ ဆိုင်မွန်က ဆိုပါတယ်။
“အကူအညီ လိုအပ်နေသူတွေ ကိုယ်နဲ့အနီးဆုံးမှာ ရှိနေတာကို သိထားပြီး ဒုက္ခရောက်နေတာကို လျော့ပါးအောင် လုပ်ဆောင်မပေးနိုင်တာကြောင့် စိတ်ပျက်လက်ပျက်ဖြစ်ရတာကတော့ အသေအချာပါပဲဗျာ။ သတင်းဆက်သွယ်ရေးဟာ အသက်တွေကိုကယ်တင်တယ်လို့ ကျနော်တို့ ပြောလေ့ရှိပါတယ်။ ကမ္ဘာတ၀ှမ်းက အရေးပေါ်အခြေအနေဖြစ်တဲ့ ဒေသ ၁၅ ခုလောက်ဆီ ကျနော် သွားဖူးပါတယ်။ အခုလို ဟန့်တားခံရပြီးအလုပ်မလုပ်နိုင်ဖြစ်ရတဲ့ အခြေအနေဟာ ဒါ ပထမဆုံးပါပဲ။” လို့ TSF ရဲ့ အာရှ-ပစိဖိတ်ဒေသ ကိုယ်စားလှယ်အဖွဲ့ရုံး အကြီးအကဲ မစ္စတာဆိုင်မွန်က ပြောပါတယ်။
TSF အဖွဲ့ဟာ ၂၀၀၆ ခုနှစ်ကတည်းက အခုလို အရေးပေါ်အခြေအနေ လုပ်ငန်းတွေကိုလုပ်ဆောင်လာခဲ့တဲ့အဖွဲ့ဖြစ်ပြီး အင်ဒိုနီးရှား၊ လက်ဘနွန်၊ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံနဲ့ သိပ်မကြာသေးခင်ကဆိုရင် ဖေဖော်ဝါရီလက ရေကြီးခဲ့တဲ့ မိုဇမ်ဘစ်နိုင်ငံတွေမှာ ကူညီလုပ်ဆောင်ပေးခဲ့ပါတယ်။
6.23.2008
သာမညဆရာတော် ရုပ်ကလပ် ဘာကြောင့်ခိုး
အေမီ ဂိုးလ်ဒ် မေ | ဇွန် ၂၀၊ ၂၀၀၈
ဧပြီလ ၂ ရက် မှောင်မိုက်သောညတွင် မည်သည့်အကြောင်းကြောင့်မှန်း မသိရ၊ မြန်မာနိုင်ငံ၏ ဘုန်းအကြီးဆုံး အကျော် ဒေးယျ ဆရာတော်တပါးဖြစ်သူ ဆရာတော် ဦးဝိနယ ခေါ် သာမညဆရာတော်၏ ရုပ်အလောင်း ထူးဆန်းစွာ အခိုးယူခံခဲ့ ရသည်။
တာဝန်ကျအစောင့်၏ ပြောပြချက်အရ အမည်မသိ လက်နက်ကိုင် လူတစုသည် အဆောက်အဦးထဲသို့ ကားမောင်းဝင် လာခဲ့ပြီး၊ သူ့ကို အဓမ္မကြိုးနှင့် တုပ်သည်။ ထို့နောက် ကျည်ကာမှန်တပ်ထားသော ခေါင်းတလား၏သော့ကို ထုတ်ပေးရန် ပြောခဲ့ကြသည်။ ထို့နောက် ၂၀၀၃ ခုနှစ်က ပျံလွန်တော်မူခဲ့သော သာမညဆရာတော်၏ ရုပ်အလောင်းထားရာ ကျောင်းနေရာသို့ ခေါ်ဆောင်သွားခဲ့သည်။
သော့ကို ဆရာတော်ကြီးတပါးကသာ ကိုင်သည်ဖြစ်ရာ၊ ဆရာတော်၏ ဆေးစိမ်အလောင်းထားသော စကျင်ကျောက်ပြား ကာရံထားသည့် အတွင်းအခန်းထဲသို့ဝင်သော မှန်တခါးကို ဖွင့်၍မရမှန်း ၀င်ရောက်စီနင်း သူများ သိလာကြသည်။ ရုပ်ကလာပ်ထည့်ထားသော ကျောင်းတော် မှန်တံခါးကို ရိုက်ခွဲလိုက်ပြီးလျှင် ဆရာတော်၏ ရွှေပုတီးနှင့်အတူ ရုပ် အလောင်းကိုလည်း အဓမ္မလုယက် သယ်ဆောင်ထွက်သွားကြသည်။ ရုပ်အလောင်းကို တိုယိုတာကားပေါ်တင်ပြီးနောက် အဝေးသို့ မောင်းထွက်သွားကြသည်။
လေးရက်ကြာအပြီး၌ ဆရာတော်၏ ရုပ်အလောင်းကို မီးသဂြိုင်္ဟ်ပြီးပြီး ဖြစ်ကြောင်း၊ ပြာကို ဘုန်းကြီးကျောင်း ပုရ၀ုဏ်အနီးရှိ ကော့ကဒါ ကျေးရွာမှာ ထားလိုက်ကြောင်း အမည်မသိလူတဦးက သာမညဘုန်းကြီးကျောင်းရှိ ဆရာတော်ဘုန်းကြီးများထံ တယ်လီဖုန်း ဆက်၍ အကြောင်းကြားလာခဲ့သည်။ ဆရာတော်ကို ရည်စူး၍တည်ထားသောာ စေတီငယ်တဆူ အနီး၌ ဆရာတော်၏ တပည့်များက ပြာပုံလေးတပုံကို အရိုးမီးသွေးများ၊ မှန်ခေါင်းတလား၏ လက်ကိုင်တို့နှင့် အတူ တွေ့ခဲ့ကြရသည်။
ရက်အချို့ခန့် အရိုးမီးသွေးများကို ပြသထားသေးသည်။ သို့ရာတွင် နောက်တခါ လုယူခံရမည်ကို စိုးရိမ်သည်ကတကြောင်း၊ ဆရာတော်၏ အရိုးမီးသွေး ဟုတ်-မဟုတ် မသေချာသည်က တကြောင်းတို့ကြောင့် ရဟန်းသံဃာများက အရိုးမီးသွေးများကို သော့ခတ်သိမ်းဆည်းထားရန် ဆုံးဖြတ်လိုက်ကြတော့သည်။ ဖားအံမြို့အာဏာပိုင်များက ဤသို့ ထူးထူးဆန်းဆန်း ဆရာတော်၏ ရုပ်ကလပ် ပျောက်ဆုံးသွားမှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးပေးပါမည်ဟု ကတိပေးခဲ့သော်လည်း ရက် အနည်းအတွင်းမှာပင် ဤကိစ္စအကြောင်း ပြောဆိုသံမကြားရပဲ တိတ်ဆိတ်သွားကြတော့သည်။
ယတြာချေသော လုပ်ကြံမှုလော?
ဆရာတော်သည် ဒေါ်အောင်ဆန်းစုကြည်ကို လေးစားသူလည်းဖြစ်၊ စိတ်ဓါတ်ရေးအရ အကြံပေးသူလည်း ဖြစ်သည်။ ဒီမို ကရေစီကိုတန်ဖိုးထားကြောင်း ထုတ်ဖေါ်ပြောပြတတ်သည့်အပြင် စစ်အစိုးရကိုလည်း အတိတ်ကာလက ဝေဖန်ပြစ်တင်လေ့ ရှိသည်။ ဆန္ဒခံယူပွဲမလုပ်မီ သတင်းပတ်အချို့ အလို၌ တိုက်တိုက်ဆိုင်ဆိုင် ဆရာတော်၏ ရုပ်ကလပ်ပျောက်ဆုံးသွားရ ခြင်းသည် အချို့သောသူများအတွက် အတော့်ကို ထူးခြားဆန်းကြယ်ကိစ္စ ဖြစ်နေရသည်။ အချို့ပြည်သူများက ဂြိုဟ်ဆိုးကို မျက်စိလှည့်ပစ်ရန်နှင့် စစ်အစိုးအတွက် ဆန္ဒခံယူပွဲ အနိုင်ရအောင် ကြံကြံဖန်ဖန် ယတြာချေသည့်အနေနှင့် ဆရာတော်၏ ရုပ်အလောင်းကို ခိုးယူသွားခြင်းဟု ယုံကြည်နေကြသည်။ ယတြာချေသည်ဆိုသည်မှာ ကံကြမ္မာဆိုးရာမှ ကောင်းလာရ လေအောင် ရည်ရွယ်လျှက် ဗေဒင်နက္ခတ်ဆရာ၏ အကြံပေးချက်များအရ ရှေ့ရေးအပြောင်းအလဲ ဖြစ်သွားအောင် ဆောင်ရွက်လေ့ရှိသည့် မြန်မာလူမျိုးတို့၏ တမူထူးခြားသည့် အလေ့အထတခုလည်း ဖြစ်သည်။
ဆရာတော် သက်တော်ထင်ရှားရှိစဉ်က စစ်အစိုးရကို ထောက်ခံအားပေးခြင်းမပြုဘဲ နေသည့်အတွက် ဗိုလ်ချုပ်များအဖို့ မျက်နှာပျက်စရာ ဖြစ်ခဲ့သည်။ ဆရာတော်က ယခင် စစ်အစိုးရ တာဝန်ရှိသူ ဗိုလ်ချုပ်ကြီး ခင်ညွန့်ထက် ဒေါ်အောင်ဆန်း စုကြည်ကို ပို၍အရေးထားကြောင်း ပြောသံဆိုသံများ ထွက်ပေါ်နေသည်။ ဗိုလ်ချုပ်ကြီးခင်ညွန့်သည် သာမညတောင်ရှိ ဆရာတော့်ကျောင်းသို့ရောက်တိုင်း မျက်နှာပန်းမလှ ဖြစ်ခဲ့ရသည်ဟုလည်း သတင်းများက ဆိုသည်။
ဆရာတော်ထံမှ လူသိရှင်ကြားထောက်ခံအားပေးမှုရရှိအောင် ကြိုးပမ်းသည့်အနေနှင့် ဆရာတော်ကို ဘွဲ့များကပ်လှူ ပူဇော်ခဲ့သော်လည်း စစ်အစိုးရအဖို့ မျက်နှာပျက်ရခြင်းသာ အဖတ်တင်စေခဲ့သည်။ နောက်ဆုံး၌ ဆရာတော်နာမကျန်းဖြစ်၍ ရန်ကုန်ဆေးရုံကြီးတွင် ကုသမှုခံယူရစဉ်တွင် ဗိုလ်ချုပ်ခင်ညွန့်က ဆရာတော်၏ ဆေးကုသစားရိတ်ကို ၀မ်းမြောက်ဝမ်းသာ စွာဖြင့် ကျခံခဲ့သည်။ ဘီးတပ်ကုလားထိုင်ဖြင့်ထိုင်နေရသော ယခင် အာဏာရှင်ဟောင်း ဦးနေ၀င်းသည်လည်း ဆရာတော်ကို သွားရောက်ဖူးမြော်ခဲ့သည်ဟု သိရသည်။ သို့သော် ဆရာတော် ဆေးရုံမှဆင်းအပြီးတွင် ဒေါ်အောင်ဆန်းစုကြည်၏ အိမ်သို့ ကြွချီသည် ဟူသောအချက်ကြောင့် ဗိုလ်ချုပ်များအဖို့ မခံချိမခံသာ ဖြစ်ခဲ့ရလေသည်။
ဗိုလ်ချုပ်မှူးကြီးနှင့် ၎င်း၏မိသားစုတို့သည် နိုင်ငံရေး အရှုပ်ထုပ် ပြဿနာများအတွက် နည်းလမ်းရှာသည့် အနေနှင့် အီးတီ နှင့် ဒေါ်ဓမ္မသီကဲ့သို့သော ဗေဒင်ဆရာ/ဆရာမများထံ အားအားရှိတိုင်း ဗေဒင်သွားမေးလေ့ရှိပြီး၊ အစိုးရရင်ဆိုင်နေရသော ပြဿနာများ ဆိုးရာမှ ကောင်းလာအောင် ကြံကြံဖန်ဖန် ယတြာချေလေ့ရှိသည်ဟုလည်း သာမန်ပြည်သူများအကြားတွင် နာမည်ကြီးနေခဲ့သည်။ ၁၉၈၇ ခုနှစ်က နိုင်ငံအတွင်း လည်ပတ်နေသော ငွေစက္ကူတ၀က်လောက်ကို ညတွင်းချင်း တရား မ၀င် ကြေညာပစ်ခဲ့ခြင်း၊ ချက်ချင်းဆိုသလိုပင် တနိုင်ငံလုံးအနှံ့ အရူးအမူး ကြက်ဆူပင် စိုက်ပျိုးစေခဲ့ပြီးနောက် ယခုအခါ အားလုံးနီးပါးလောက်ကို လျစ်လျူရှုပစ်ထားလိုက်ခြင်း၊ ဗေဒင်နက္ခတ် အလိုအရ အစိုးရအဖွဲ့ကို နေပြည်တော်သို့ ပြောင်းရွှေ့ စေခြင်း စသည်တို့သည် လွန်ခဲ့သော ဆယ်စုနှစ်များအတွင်း စစ်အစိုးရ၏ အလွန်ထူးဆန်းသော အပြုအမူများ အနက်မှ ဗေဒင်ယတြာကို ယုံကြည်၍ ဆောင်ရွက်ခဲ့ကြပုံ သာဓကအချို့သာ ဖြစ်ပါသည်။
အချို့ ပုဂ္ဂိုလ်များ၏ အမြင်အရဆိုလျှင် သာမညဆရာတော်၏ ရုပ်ကလာပ်ကို ခိုးယူခြင်းသည် ဂြိုဟ်ဆိုးကို ပယ်လှန်ပစ်ရန် အတွက် မတော်တရော် ကြောက်မက်ဖွယ် ယတြာချေခြင်း ဖြစ်နိုင်သည်။ စစ်အစိုးရသည် အခြေခံဥပဒေ အတည်ပြုချက် ရနိုင်ရေးအတွက် အလွန်စိတ်သောကရောက်နေသော အချိန်၊ အထူးသဖြင့် ဆန္ဒခံယူပွဲနီးကပ်လာသည့် အချိန်တွင် ဤသို့ ဆောင်ရွက်ရန် ဖြစ်နိုင်ခြေများစွာရှိသည်ဟု ဆိုကြပါသည်။
ထိပ်သီးစစ်ဗိုလ်ကြီးများနှင့် ၎င်းတို့၏ မိသားစုဝင်တို့သည် ဆန္ဒခံယူပွဲမတိုင်မီ သတင်းပတ်များက ယတြာချေသည့်လုပ်ရပ် များကို အပူတပြင်း တိုး၍လုပ်ခဲ့ကြသည်ဟု လူအများလေးစားခံရသည့် ဗေဒင်ဆရာများ၊ စစ်အစိုးရကို စောင့်ကြည့်လေ့ လာနေကြသူများက ဆိုကြပါသည်။
"ဟိုတလောက ဖြစ်ရပ်တခုမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ဇနီး ဒေါ်ကြိုင်ကြိုင်က မိန်းမတွေ မတက်ရတဲ့ ရွှေတိဂုံဘုရားရဲ့ ပန်းတင်ခုံ အရစ်ပေါ် တက်သွားတာ မြင်လိုက်ရတယ်လို့ ဘုရားလူကြီး မျက်မြင်သက်သေတွေက ပြောပြကြတယ်။ အခြွေ အရံတွေက နောက်ကနေ ရို့ရို့လေးလိုက်ပြီး ရွှေထီးနဲ့ ထီးဖြူတွေကိုမိုးပေးလို့ ဒေါ်ကြိုင်ကြိုင်က 'အောင်ပြီ၊ အောင်ပြီ' ...
လို့ အော်ရင်း ဘုရားကို သုံးကြိမ် လက်ျာရစ် လှည့်တယ်လို့ ဆိုကြတယ်" ဟု ဗေဒင်ဆရာတယောက်က ပြောပြပါသည်။
ဆန္ဒခံယူပွဲနေ့ဖြစ်သော ၂၀၀၈ ခုနှစ်၊ မေလ ၁၀ ရက်နေ့ (၅-၁၀-၂၀၀၈) သည် ယတြာခြေပြီး ရွေးခဲ့သော နေ့ဖြစ်သည်ဟု အဆိုပါ ဗေဒင်ဆရာကပင် ပြောပါသည်။ ဗိုလ်ချုပ်များသည် ခါတိုင်းလုပ်နေကျအတိုင်း ပေါင်းရကိန်း (၉) ဂဏန်းကို မရွေး ဘဲ ယခုတကြိမ် (၁၆) ဂဏန်းကို ရွေးလိုက်သည့်အတွက် စောင့်ကြည့်လေ့လာသူများ အံ့သြသွားခဲ့ကြရပါသေးသည်။
တွေဆုံမေးမြန်းနေစဉ်မှာပင် ၎င်းဗေဒင်ဆရာက "ကိုင်ရို၏ လက္ခဏာဗေဒင်၊ ဂဏန်းဗေဒင်နှင့် နက္ခတ်ဗေဒင်စာအုပ်" (Cheiro's Book of Palmistry, Numerology, Astrology) စာအုပ်ကို ဆွဲထုတ်ရင်း "သူတို့ရွေးလို့ ရနိုင်တဲ့ နေ့တွေထဲမှာ အခု ရွေးချယ်လိုက်တဲ့နေ့ကတော့ အဆိုးဆုံးနေ့ပါဘဲ၊ ၁၆ ဂဏန်းဟာ ဆန်းဆန်းပြားသေတာတို့ မတော်တဆ ထိခိုက်မှု အန္တရာယ် ကြုံရတာတို့ သေကိန်းတို့နဲ့ ဆက်စပ်နေပါတယ်။ အဲဒီနေ့အတွက် စီစဉ်ထားတာတွေ မှန်သမျှကို အသစ်ပြန်စီစဉ် ရမယ်။ ဒီလိုမှ မဟုတ်ရင် ရှုံးမှာဘဲ" ဟု ဆိုပါသည်။
“ဒီနေ့ကို ရွေးချယ်တာနဲ့ပတ်သက်လို့ ပြောစရာအချက် နှစ်ချက်ရှိတယ်။ ဗေဒင်ဆရာက ဆန္ဒခံယူပွဲကို ရှုံးစေချင်တဲ့ ကိုယ့်လူ သူ့ဘက်သား တယောက်လည်း ဖြစ်နိုင်တယ်။ ဒါမှမဟုတ် အဆိုးနှစ်ခုပေါင်းရင် အကောင်းဖြစ်တယ်ဆိုတဲ့သဘောနဲ့ ဒီဂဏန်းကို တခြားမကောင်းတဲ့ ဂဏန်းနဲ့ ပေါင်းခြင်းအားဖြင့် ဆန္ဒခံယူပွဲနဲ့ ပတ်သက်လို့ ဗိုလ်ချုပ်တွေ အကြောက်သက်သာ သွားအောင် ပရိယာယ်ဆင်လိုက်တာလည်း ဖြစ်နိုင်တယ်။ တကယ်တော့ ယတြာချေတယ်ဆိုတာကလည်း လှည့်စားခြင်း၊ ပရိယာယ်လို့ အဓိပ္ပါယ်ရတာပဲ”ဟု သူက ပြောပါသည်။
ဆရာတော်၏ ရုပ်အလောင်းအပါအ၀င် ယတြာချေသောလုပ်ရပ်များ တကယ်လုပ်-မလုပ်၊ အထောက်အထားများ မတွေ့ရ သော်လည်း၊ ဆရာတော့် ရုပ်ကလာပ်ကို ဆက်လက်ပြသထားခြင်း၊ ဆရာတော်က ဒေါ်အောင်ဆန်းစုကြည်နှင့် နီးစပ်မှု ရှိခြင်းနှင့် စစ်အစိုးရကို အများပြည်သူတို့က မနှစ်မြို့ခြင်းတို့သည်လည်း ဤရုပ်အလောင်းကို ဖယ်ရှားပစ်ရေးအတွက် လုံလောက်သော အကြောင်းဖြစ်သည်ဟု လေ့လာသူများက ဆိုကြပါသည်။
ကရင်ပြည်နယ်ရှိ ရွံရှာဖွယ် ကိစ္စတခု
ဆရာတော်ကို ရန်ကုန်ရှိ နိုင်ငံရေးသမားများနှင့် ဗိုလ်ချုပ်များက အဝေးမှနေ၍ လာရောက်ဖူးမျှော်နေကြသည့် အပြင်၊ ဆရာတော်၏ သာမညတောင်က ရာစုနှစ်ဝက်ကျော် စစ်ဘေးသင့်ခဲ့ရသည့် နယ်မြေ၏ အိုးအိမ် အခြေမဲ့သူများအတွက် အရေးကြီးသော ခိုလှုံရာစခန်းတခုလည်း ဖြစ်နေခဲ့သည်။ သာမညဆရာတော်က “ငြိမ်းချမ်းရေးဇုံ” အဖြစ် သတ်မှတ်ထား သည့် ဘုန်းကြီးကျောင်းတည်ရှိရာ ကရင်ပြည်နယ် တောင်ပိုင်းဒေသသည် ထူးခြားငြိမ်းချမ်းသည့်နေရာ ဖြစ်နေခဲ့သည်။ ဘုန်းကြီးကျောင်း ပရ၀ုဏ် အတွင်း၌ ခိုလှုံရာ ပေးထားခြင်းခံရသော လူပေါင်း ၄,၀၀၀ ကျော်သည် ဒီမိုကရက်တစ် ဗုဒ္ဓ ဘာသာ ကရင်တပ်မတော် စစ်သားများ စောင့်ကြပ်ကာကွယ်ပေးထေားသော ကရင်ပြည်နယ်မြောက်ပိုင်းရှိ မြိုင်ကြီးငူ ဆရာတော် ဦးသုဇန၏ ကျောင်းပုရ၀ုဏ်နှင့် သိသိသာသာကြီး ခြားနားနေခဲ့သည်။
သူ့အပေါ်သစ္စာခံပြီး၊ မည်သည့်အချိန်တွင် ကြမ်းကြမ်းရမ်းရမ်း လုပ်လာမည်နည်းဟု လူအများက ကြောက်ရွံ့နေကြရသော ကရင်စစ်သားများ ၀ိုင်းရံပေးထားခြင်းခံရသူ ဦးသုဇနခေါ် မြိုင်ကြီးငူဆရာတော်နှင့် မတူဘဲ၊ သာမညဆရာတော် ဦးဝိနယက မြန်မာနိုင်ငံမှာရော ထိုင်းနိုင်ငံမှာပါ သူ၏မေတ္တာတရားကြောင့် ထင်ရှားကျော်ကြားခဲ့သည်။ နေ့စဉ် လူထောင်ပေါင်းများစွာ လာရောက်ဖူးမျှော်ကြကာ ဘုန်းကြီးကျောင်းအတွက် အလှူငွေများ မပြတ် ပေးလှူနေကြသည်။ ဤအလှူငွေများဖြင့် ဆရာ တော်က အိုးအိမ်အခြေမဲ့သူများကို ကျွေးမွေးစောင့်ရှောက်ခြင်း၊ လမ်းများပြင်ခြင်း၊ စာသင်ကျောင်းများ ဆောက်လုပ်ခြင်း စသည့် လူမှုအကျိုးပြုလုပ်ငန်းများလည်း ဆောင်ရွက်ပေးခဲ့သည်။
အခိုးမခံရမီကတည်းကပင် ရုပ်အလောင်းနှင့်ပတ်သက်၍ အငြင်းပွားမှုများ ရှိနေခဲ့သည်။ ရုပ်အလောင်း အခိုးမခံရမီ နေ့က ဘုန်းကြီးကျောင်းသို့ ရောက်ခဲ့သော ခရီးသွားလမ်းညွန်တယောက်၏ ပြောပြချက်အရ မကြာသေးခင် လအနည်းငယ်ခန့် ကစ၍ ရုပ်အလောင်းသည် ပုပ်ပွစပြုလာခဲ့ပြီး မှန်ခေါင်းတလား နှစ်လုံးထဲမှနေ၍ အပုပ်နံ့များ ထွက်စပြုလာနေခဲ့သည်ဟု ဆိုသည်။
တယောက်ကမူ ဤသို့ပြောပြခဲ့သည်။ “မြိုင်ကြီးငူဆရာတော်က ရုပ်အလောင်းကို မီးရှိုပစ်စေချင်တယ်ဆိုတာကို ဖားအံမှာ လူအတော်များများ သိကြပါတယ်။ သာမညဆရာတော်ရဲ့ တပည့်တွေက အလှူငွေတွေ ဆက်ရနေအောင် အနေအထား မျိုးနဲ့ ဆက်ပြီးပြထားတာကို မြိုင်ကြီးငူဆရာတော်က သဘောမကျဘူး။ ဒါကို ၀ိနည်းနဲ့မညီဘူးလို့ ထင်တယ်။ ရုပ်အလောင်း ပျောက်မသွားခင်က ဒကာရင်းတွေက အာဏာပိုင်တွေနဲ့ အနီးရှိ တောင်ကလေးကျောင်းတိုက် ဆရာတော် ဦးပညာတို့ပါတဲ့ အစည်းအဝေးတခုလုပ်ပြီး ဒီကိစ္စကို ဆွေးနွေးပါတယ်။ ဦးပညာဆိုတာက သာမညဆရာတော်နဲ့ ရင်းနှီးတဲ့ ဒီအနီးအနားက တောင်ကလေးကျောင်း ဆရာတော်ပါဘဲ”။
ထို့ပြင် ဆရာတော်ပျံလွန်တော်မူပြီးနောက်ပိုင်းတွင် ဘုန်းကြီးကျောင်းသို့ လာရောက်ကြသူများသည် ဘုန်းကြီးကျောင်း၏ အတိအကျ ချမှတ်ထားသော စည်းကမ်းများကို ဂရုထားခြင်း သိပ်မရှိကြတော့ဟု ဒေသခံလူများက ပြောပြပါသည်။ ဆရာ တော် သက်တော်ထင်ရှားရှိစဉ်က ဘုန်းကြီးကျောင်းတွင် နေသူများရော၊ ကျောင်းအနီးမှာ နေသူများပါ သက်သတ်လွတ် စားကြသည့်အပြင် လာရောက် ဖူးမျှော်ကြသူများသည်လည်း မလာမီရက်များမှာ ကြိုတင်၍ အသားစားခြင်းကို ရှောင်ကျဉ် ထားကြရသည်။ ရုပ်အလောင်း မပျောက်ဆုံးမီ ကတည်းကပင် ကျောင်းနယ်မြေထဲတွင် အရက်သောက်၊ လောင်းကစား သည့် သတင်းများလည်း ဖားအံမြို့တွင် သိုးသိုးသန့်သန့် ကြားစပြုနေနှင့်ပြီဟု ဆိုသည်။
ထို့အပြင် ဘုန်းကြီးနှစ်ပါးအကြားမှာ ရှိနေသော အလှူခံခြင်းနှင့် ပတ်သက်သည့် အကျိုးစီးပွားဆိုင်ရာ ပဋိပက္ခသည်လည်း ထည့်သွင်းစဉ်းစားဖွယ်ကိစ္စတခုဖြစ်သည်ဟု ဒေသခံလေ့လာသူတဦးက ဆိုပါသည်။
မြိုင်ကြီးငူဆရာတော်က ခြိမ့်ခြိမ့်သဲ အလှူခံပွဲကြီးများကို စလုပ်ခဲ့သည်။ ဆရာတော်၏ တပည့်များက ဖားအံမြို့ထဲတွင် လှည့်လည် အလှူခံကြပြီး ဘုန်းကြီးကျောင်းအတွက် အလှူငွေထည့်ကြရန် နေ့ရောညပါ ဟောပြောကောက်ခံခဲ့ကြသည်။
“ဒါပေမယ့် အကြောင်းမထူးပါဘူး။ သာမညတောင်မှာ ဆရာတော်ရဲ့ ရုပ်ကလာပ်ရှိနေတော့ ဆရာတော်ကို ကြည်ညိုတဲ့ ဒကာ၊ ဒကာမတွေက ဘုန်းကြီးကျောင်းကို လာမြဲလာလျှက်၊ အလှူငွေထည့်မြဲ ထည့်နေလျှက်ပါဘဲ။ လာရောက် ဖူးမျှော် သူတွေကို ဆွဲဆောင်နေတာက ရုပ်ကလာပ်ပါဘဲ။ ဘာကြောင့်လဲဆိုတော့ ဘုန်းကြီးကျောင်းက ခပ်ရိုးရိုး ဆေးအပြာရောင်နဲ့ အဖြူရောင်သုတ်ထားပြီး အုတ်ကြွပ်မိုးထားရုံပါဘဲ။ ထူးထူးကဲကဲ တည်ထားတဲ့ စေတီလည်း မရှိ။ သပ္ပါယ်စရာ ဘုရား ဆင်းတုတော်လည်း မရှိ။ ငေးကြည့်လောက်စရာ အနုပညာလက်ရာတွေလည်း မရှိပါဘူး။ ဒီတော့ လာရောက်ဖူးမျှော်သူ တွေကို ဆွဲဆောင်နိုင်ပုံ မပေါ်ပါဘူး။ ဦးဝိနယက အလှူငွေမှန်သမျှကို ဆင်းရဲသားတွေအတွက် ကျွေးမွေးဖို့နဲ့ နေရာထိုင် ခင်းပေးဖို့ သုံးပါတယ်”ဟု ဒကာများက ပြောပြသည်။
ရုပ်အလောင်းအခိုးခံရပြီး နှစ်လနီးပါး ကြာသည်အထိ ပဟေဠိဖြစ်နေဆဲပင် ရှိသည်။ သာမညဆရာတော်၏ ရုပ်ကလာပ် လျောင်းစက်ခဲ့ရာ အဆောက်အဦးကား ခြေရာလက်ရာ မပျက် ရှိနေဆဲပင်။ ပန်းရောင်နှင့် အ၀ါရောင် ပလပ်စတစ်ပန်းများ ထိုးစိုက်ထားသော ပန်းအိုးများ၊ ဇာနားကွပ် ထီးဖြူများ၊ သစ်သီးခြင်းများ၊ တွန့်လိမ်ကောက်ကွေးနေသော သတ္တူချောင်း များနှင့် မှန်ကွဲစများသည် အဆောက်အဦးထဲသို့ သူခိုးများဝင်ခဲ့သော ညကအတိုင်းပင် ရှိနေသေးသည်။ ဆရာတော်၏ ရုပ်အလောင်း အကြမ်းဖက်မှုနှင့် ပတ်သက်၍ မြင်ယောင်ဖွယ်ရာ၊ စိတ်အနှောင့်အယှက်ဖြစ်ဖွယ်ရာ မြင်ကွင်းလည်း ဖြစ် သည်။ နံရံမှာ ခပ်မြင့်မြင့် ချိတ်ဆွဲထားသော နာရီတလုံးက တိတ်ဆိတ်နေသော ပတ်ဝန်းကျင်တွင် တချက်ချက်မြည်နေခဲ့ သည်။
တကယ်တမ်းပို၍ ပဟေဠိဖြစ်စေသည်မှာ ဘုန်းကြီးကျောင်းဝင်း အ၀င်ဝ၊ မြေကြီးပေါ်သို့ အခန်းအနားမပါဘဲ ကျဲချခဲ့သော ပြာများသည် ဆရာတော်၏ ခန္ဓာမှ ပြာဟုတ်-မဟုတ် အသေအချာ မသိနိုင်ခြင်းပင် ဖြစ်သည်။ မျိုးရိုးဗီဇ (DNA) စစ်ဆေးမှု မလုပ်ပါက မည်သည့်အချိန်တွင်မှ သိနိုင်ကြရမည် မဟုတ်ချေ။
ဆရာတော်၏ လက်ထောက်သံဃာများနှင့် တပည့်တပန်းများက သံသယရှိကြောင်း ပွင့်ပွင့်လင်းလင်း ထုတ်ပြောကြသည်။ ဒေါ်အောင်ဆန်းစုကြည် အိမ်ချုပ်ကျနေစဉ် သူမ၏အိမ်သို့ ကိုယ်ဖျောက်ကြွချီနိုင်ခဲ့သည်ဟု အချို့ပုဂ္ဂိုလ်တို့က ယုံကြည်နေ ကြသော ဆရာတော်၏ တန်ခိုးနှင့် ပတ်သက်၍ သူတို့ယုံကြည်ထားသည်တို့ကို ထုတ်ပြောပြကြသည်။ ဆရာတော်၏ ရုပ်အလောင်းပျောက်ဆုံးမှုသည် ဆရာတော်၏တန်ခိုးဖြင့် လုပ်လိုက်ခြင်းဖြစ်သည်။ မကြာမီ ဆရာတော် လူ့ဘ၀သို့ ပြန်လည် ရောက်ရှိလာသောအချိန်၌ ရုပ်အလောင်းသည် သူ့နေရာသူ ပြန်ရောက်လာလိမ့်မည်ဟုလည်း ထိုသူများက ဆိုနေကြသည်။
ဆရာတော်၏ တပည့်တပန်းများက မည်သို့ ယုံကြည်နေကြသည်ဖြစ်စေ၊ ပဟေဠိကား ဆက်၍ ရှုပ်ထွေးပွေလီနေဆဲပင်။ ပျံလွန်တော်မူပြီး နောက်မှာပင် ဆရာတော်သည် တန်ခိုးအစွမ်းပြဆဲဖြစ်ပြီး၊ စူးစမ်းလိုသော၊ ယုံသင့်-မယုံသင့် ဝေခွဲရခက် နေသော အဖူးအမျှော် လာရောက်သူများကို ဆွဲဆောင်လျှက် ဘုန်းကြီးကျောင်းအတွက် အလှူငွေများကို ပို၍ပင် ဆောင်ကျဉ်း ပေးနေလျှက်ရှိသည်ဟူသော အယူကလည်း ပို၍သည်းသန်နေလျှက်ပင် ရှိပါတော့သည်။
ထိုင်းဝန်ကြီးချုပ်အပေါ် အယုံအကြည်မရှိအဆို လွှတ်တော်မှာ မဲခွဲတော့မည်

| ထိုင်းဝန်ကြီးချုပ်ဆွန်ဒရာဝေ | |
| 22 June 2008 |
မနေ့က ဆန္ဒပြကြသူတွေက ဆွန်ဒရာဝေ ရာထူးကမထွက်မချင်း ၀န်ကြီးချုပ် ရုံးရှေ့က မခွာဘူးဆိုတဲ့ သန္နိဌာန်နဲ့ စောင့်ဆိုင်း နေကြမယ်လို့ ကြေညာလိုက်ပြီး လက်ရှိ ထိုင်းအစိုးရ ဆန့်ကျင်ရေး ဟောပြောမှုတွေ အလံတွေ ဝှေ့ရမ်း သီချင်းဆိုမှုတွေ ပြုလုပ်ပြီး ဇွဲကောင်းကောင်းနဲ့ ဆန္ဒပြနေကြဆဲဖြစ်ပါတယ်။
ဆွန်ဒရာဝေ ၀န်ကြီးချုပ်ရာထူးကနှုတ်ထွက်ပေးရေး တောင်းဆိုခဲ့ကြတဲ့ ပြည်သူ့ဒီမိုကရေစီ မဟာမိတ်များ(PAD) အဖွဲ့ဝင်တွေ ဟာ ဘန်ကောက်မြို့တော်ရဲ့ လမ်းမပေါ်တွေမှာ လွန်ခဲ့တဲ့ ရက်သတ္တပတ် သုံးပတ်ကတည်းက စုရုံးဆန္ဒပြ နေခဲ့ကြတာ ဖြစ်ပါတယ်။
6.21.2008
ဗြိတိန်ဝန်ကြီးချုပ်နှင့်ပြင်သစ်သမ္မတတို့၏ ဒေါ်အောင်ဆန်းစုကြည်သို့အိတ်ဖွင့်ပေးစာ


| ဒေါ်စုလွတ်မြောက်ဖို့ မဖြစ်မနေလိုအပ်ကြောင်း ဗြိတိန်ဝန်ကြီးချုပ်နှင့် ပြင်သစ်သမ္မတ ကြေညာ | |
| 19 June 2008 |
ဗြိတိန်ဝန်ကြီးချုပ် ဂေါ်ဒွန်ဘရောင်း ပြင်သစ်သမ္မတ နစ်ကိုလပ်စ်ဆာကိုဇီ (၀ဲ) နှင့် ဗြိတိန်ဝန်ကြီးချုပ် ဂေါ်ဒွန်ဘရောင်း။
(Gordon Brown) နဲ့ ပြင်သစ်သမ္မတ
နစ်ကိုလပ်စ် ဆာကိုဇီ (Nicolas Sarkozy)
တို့က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရဲစွမ်း
သတ္တိနဲ့ မြန်မာပြည်သူတွေအတွက် အနစ်
နာခံ စွန့်လွှတ်မှုတွေအတွက် ချီးကျူးတဲ့
အကြောင်း အိတ်ဖွင့်ပေးစာတစောင်
ဒီကနေ့ ပေးပို့ခဲ့ကြပါတယ်။
ချစ်ခင်လေးစားရသော အောင်ဆန်းစုကြည်လို့ နွေးနွေးထွေးထွေး ခေါ်ဝေါ်သုံးနှုန်းထား
တဲ့ ဒီအိတ်ဖွင့်ပေးစာထဲမှာ ခေါင်းဆောင်နှစ်ဦးတို့ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့
ထူးခြားတောက်ပြောင်တဲ့ သူရသတ္တိနဲ့ လူထုအတွက် အနစ်နာခံမှုတွေကို ချီးကျူး
ထားကြတဲ့အပြင် သူ့ကိုလွှတ်ပေးဖို့နဲ့ ဒီမိုကရေစီ ဖော်ဆောင်ရေးအတွက်လည်း
စစ်အစိုးရကို တောင်းဆိုထားကြပါတယ်။
မကြာခင်က ပြုလုပ်ခဲ့တဲ့ လူထုဆန္ဒခံယူပွဲဟာ ယုံကြည်ကိုးစားဖွယ် လုံးဝမရှိဘူးလို့
ဆိုထားပါတယ်။
အရပ်သားအတိုက်အခံတွေ၊ တိုင်းရင်းသားအုပ်စုတွေရဲ့ ဘက်ပေါင်းစုံ ကိုယ်စားလှယ်
တွေပါဝင်တဲ့ နိုင်ငံရေးဖြစ်စဉ်တရပ်ကို အချိန်မဆွဲဘဲ စတင်ပြုလုပ်ဖို့ မြန်မာအစိုးရကို
တောင်းဆိုလိုက်တယ်လို့ ဆိုထားပါတယ်။ လက်ရှိအနေအထားဟာ ကျေနပ်စရာလည်း
မရှိသလို တာရှည်တည်တံ့နိုင်မှာလည်း မဟုတ်တဲ့အတွက် သတ္တိရှိရှိ စတင်ဆောင်ရွက်
ဖို့နဲ့ စေ့စပ်ညှိနှိုင်းဖို့ လိုအပ်တယ်လို့လည်း ဆက်ပြောထားပါတယ်။
လေဘေးကိစ္စမှာလည်း လေဘေးသင့်ဒေသတွေဆီ အကူအညီပေးပို့ရေးကို စစ်အာဏာ
ပိုင်တွေက အဆောတလျင် ဆောင်ရွက်ခြင်းမရှိတဲ့အတွက် စိတ်ပျက်ရတယ်လို့ ဖော်ပြ
ထားပါတယ်။ ကယ်ဆယ်ကူညီရေး အဖွဲ့တွေရဲ့ ကြိုးပမ်းမှုဟာ အားတက်စရာကောင်းပြီး
လတ်တလော ကယ်ဆယ်ရေးနဲ့ ရေရှည် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းတွေ
အတွက် ကူညီသွားမယ်လို့လည်း ဗြိတိန်နဲ့ ပြင်သစ်ခေါင်းဆောင် နှစ်ဦးတို့က တာဝန်ယူ
ပြောကြားထားကြပါတယ်။
6.20.2008
ဒေါ်အောင်ဆန်းစုကြည်အမွေမှုဖြစ်ရန် ဗိုလ်ချုပ်မှူးကြီးသန်းရွှေဖန်တီးဟု ထောက်လှမ်းရေးအရာရှိဟောင်း စွပ်စွဲ


အဆိုပါစာကို အမေရိကန်နိုင်ငံမှာ နိုင်ငံရေးခိုလှုံခွင့်လျှောက်ထားသူ ဗိုလ်မှူးအောင်လင်းထွဋ်က လက်မှတ်ထိုး ထုတ်ပြန်ခြင်းဖြစ်ပြီး ၂၀၀၁ ခု ၀ါရှင်တန်မြို့ မြန်မာသံရုံး၌ ၎င်းတာဝန်ထမ်း ဆောင်ခဲ့စဉ်က အဖြစ်အပျက်ကို ပြန်လည်ဖော်ပြ ရေးသားထားခြင်းဖြစ်သည်။
၂၀၀၁ ခု အစောပိုင်းတွင် ပြည်ထဲရေးဝန်ကြီး ဗိုလ်မှူးကြီးတင်လှိုင်၏ လက်မှတ်ဖြင့် ဒေါ်အောင် ဆန်းစုကြည်အား အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးက တရားစွဲဆိုကြောင်း လက်မှတ်ရေးထိုး ပေးရန် စာတစောင် ၀ါရှင်တန်မြို့ မြန်မာသံအမတ်ကြီး ဦးတင်ဝင်းထံ ရောက်လာသည်ဟု ဗိုလ်မှူးအောင်လင်းထွဋ်စာမှာ ဖော်ပြထားသည်။
ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေးတက်နေချိန်တွင် မောင်နှမကြား ပြဿနာတခု ဖန်တီးပေးထား ခြင်းဖြင့် ဒေါ်အောင်ဆန်းစုကြည်၏စိတ် မရွှင်လန်းစေသည့်အပြင် ပြည်တွင်းနှင့် ပြည်ပမှ ဒေါ်အောင်ဆန်းစုကြည်ထံ အဆိုးမြင်စေရန် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ကြံစည်ရည်ရွယ်ခြင်း ဖြစ်သည်ဟုလည်း ဖော်ပြထားသည်။
အဆိုပါဖြစ်စဉ်တွင် ဒေါ်အောင်ဆန်းစုကြည်အား အိမ်ပေါ်မှ နှင်ချစေရန် ဦးအောင်ဆန်းဦး၏ဇနီး ဒေါ်သိန်းလဲ့နွယ် (ခ) ဒေါ်လဲ့လဲ့နွယ်သိန်းမှတဆင့် ဦးအောင်ဆန်းဦးအား လက်မှတ်ရေးထိုးလာ စေရန် ဆွဲဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံရှိ ဒေါ်သိန်းလဲ့နွယ်၏ မိသားစုဝင်များအား နအဖက စီးပွားရေးအကျိုးအမြတ်များ ဖန်တီးပေးထားပြီး ဦးအောင်ဆန်းဦးအား စည်းရုံးသိမ်း သွင်းစေခြင်းဖြစ်ကြောင်းလည်း ဖော်ပြထားသည်။
ဦးအောင်ဆန်းဦးဘက်မှ လက်မှတ်ရေးထိုးရန် သေချာမှ ပြည်ထဲရေးဝန်ကြီးကိုယ်တိုင် တရား စွဲဆိုမည့် စာရွက်စာတမ်းများကို မြန်မာသံရုံး ၀ါရှင်တန်မြို့သို့ ပေးပို့ခဲ့ကာ မြန်မာသံရုံးမှတဆင့် ဦးအောင်ဆန်းဦးထံ စာရွက်စာတမ်းများပေးပို့ခဲ့ပြီး လက်မှတ်ရေးထိုး ပြန်ရောက်လာသောစာကို ထိုစဉ်က မြန်မာသံအမတ်ကြီး ဦးတင်ဝင်းမှ မှန်ကန်ကြောင်း ထပ်ဆင့်လက်မှတ်ရေးထိုးပြီး မြန်မာနိုင်ငံတွင် ဒေါ်အောင်ဆန်းစုကြည်အား တရားစွဲဆိုရန် ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ သံရုံး ချောစာ Pouch ဖြင့် ပြန်လည်ပေးပို့ခဲ့ခြင်းဖြစ်သည်ဟုလည်း စာတွင် ဆက်လက်ဖော်ပြထားသည်။
ယင်းလုပ်ရပ်များသည် ဦးအောင်ဆန်းဦးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကြား စနစ်တကျ အကွက် ချပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေက အိမ်အမွေမှု နောက်ကွယ်မှ စီစဉ်လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ပြည်သူအများသိစေရန် တင်ပြရခြင်းဖြစ်ကြောင်း ဗိုလ်မှူး အောင်လင်းထွဋ်၏ စာတွင် ဖော်ပြပါရှိသည်။
ဒေါ်အောင်ဆန်းစုကြည်အမွေမှုဖြစ်စဉ်အကျဉ်းချုပ် (သတင်းထောက် မောင်မန်း)
၂၀၀၀- ခု နိုဝင်ဘာလ (၁၆) ရက်အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးက ဒေါ်အောင်ဆန်းစုကြည်နေအိမ် အမွေရလိုမှုနဲ့ ရန်ကုန်တိုင်း တရားရုံးမှာ အမှုဆိုင်ခဲ့ပါတယ်။ တရားလို ဦးအောင်ဆန်းဦးရဲ့ အပြောအရတော့ မိခင် ဒေါ်ခင် ကြည် ဆုံးတာ (၁၂) နှစ်ပြည့်လို့ မိခင်ဆန္ဒအရ အမွေတောင်းခံတာဆိုပေမယ့် နိုင်ငံခြားသတင်း တွေရဲ့ ရေးသားချက်အရတော့ ဇနီးဖြစ်သူရဲ့ ဖိအားပေးမှုကြောင့် ဦးအောင်ဆန်းဦးဘက်က ခုလို ဖုတ်ပူမီးတိုက် အမွေတောင်းရတာဖြစ်တယ်လို့ ဆိုပါတယ်။ နအဖဘက်ကတော့ ဒေါ်အောင်ဆန်း စုကြည် တရားရုံးကို သွားရောက်မယ်ဆိုရင် အကျယ်ချုပ်ကနေ ခွင့်ပြုမယ်လို့ ပြောဆိုပါတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်က တရားရုံး မသွားတဲ့ပြင် သူ့ဘက်က လိုက်ပေးမယ့် ရှေ့နေ တွေ ပေါ်ပေါက်ခဲ့ပါတယ်။
၂၀၀၀- ခု နိုဝင်ဘာလ (၂၃) ရက်တရားပြိုင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေအဖြစ် ရန်ကုန်မြို့က ရှေ့နေများဖြစ်တဲ့ ဦးကြည် ၀င်း၊ ဦးအောင်သိန်း၊ ဦးမြင့်သောင်းနဲ့ ဦးခင်မောင်အေးတို့ကို ဒေါ်အောင်ဆန်းစုကြည်က ငှားရမ်း ပါတယ်။ ဒေါ်အောင်ဆန်းကြည်ရဲ့ တရားရုံး ကိုယ်စားလှယ်အဖြစ် ရှေ့နေကြီး ဦးထွန်းတင်က ဆောင်ရွက်ပါတယ်။ ဦးအောင်ဆန်းဦးဘက်က ရှေ့နေအဖြစ် ရှေ့နေဦးကျော်ဇေယျက လိုက်ပါ ဆောင်ရွက်ပြီး တရားရုံးကိုယ်စားလှယ်အဖြစ် ရှေ့နေဦးဟန်တိုးက ဆောင်ရွက်ပါတယ်။
ဦးအောင်ဆန်းဦးဘက်က တရားစွဲပုံမှားဦးအောင်ဆန်းဦးရဲ့ရှေ့နေက ရန်ကုန်တိုင်းတရားရုံး (အောက်ရုံးလို့လည်းခေါ်ပါတယ်) မှာ စတင် တရားစွဲတဲ့အချိန်က မြေကို ထက်ဝက်ခွဲစိတ်ပြီး အမွေပုံပစ္စည်း လက်ရောက်ရလိုမှု (Suit for Partition) နဲ့ စွဲပါတယ်။ ဒါပေမယ့် အဲသလိုစွဲဆိုတဲ့ အဆိုလွှာဟာ ဥပဒေကြောင်းနဲ့ မညီဘဲ စွဲဆိုပုံ မှားနေတယ်၊ အမှန်ဆိုရင် အမွေပုံပစ္စည်း စီမံခန့်ခွဲပေးစေလိုမှု (Right for administration) နဲ့သာ စွဲထိုက်တယ်ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်ရှေ့နေအဖွဲ့က ရုံးတော်မှာ လျှောက်လဲခဲ့ပါတယ်။
၁၉၈၇ ခု ကန့်သတ်ချက်ဥပဒေအရ နိုင်ငံခြားသားတဦးအနေနဲ့ မရွှေ့ပြောင်းနိုင်တဲ့ပစ္စည်းကို တောင်းခံချင်တယ် ဒါမှမဟုတ် လက်လွဲရောင်းချချင်တယ်ဆိုရင် ပြည်ထဲရေးဝန်ကြီးဌာန ခွင်ပြုမိန့်ရမှ လုပ်ပိုင်ခွင့်ရှိတယ်လို့ ပြဋ္ဌာန်းထားပါတယ်။ ဒါပေမယ့် ဒီဥပဒေနဲ့ ကင်းလွတ်ခွင့်ကို အစိုးရက ပေးနိုင်တယ်လို့ပါ တဘက်က ဆိုထားပါတယ်။
ဦးအောင်ဆန်းဦးဟာ ဗုဒ္ဓဘာသာဝင်တဦးဖြစ်လို့ ဗုဒ္ဓဓလေ့ထုံးတမ်း ဥပဒေအရ အမွေတောင်းခံခွင့် ရှိပေမယ့် အမေရိကန်မှာ နေထိုင်ပြီး အမေရိကန်နိုင်ငံသားဖြစ်နေတဲ့အတွက် ခုလို အမွေတောင်းခံ ချင်ရင် နိုင်ငံခြားသားဖြစ်နေတဲ့အချက်၊ မရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းဖြစ်နေတဲ့ အချက်တွေကြောင့် ပြည်ထဲရေးဝန်ကြီးဌာန အမိန့်ရဖို့လိုတယ်လို့ ဒေါ်အောင်ဆန်းစုကြည် ရှေ့နေတွေဘက်က လျှောက်လဲပါတယ်။ သဘောကတော့ နိုင်ငံခြားသား ဦးအောင်ဆန်းဦးအနေနဲ့ ပြည်ထဲရေးဝန်ကြီးဌာန အမိန့်မရရင် ဘယ်တရားရုံးကမှတဆင့် အမွေတောင်းဖို့ လျှောက်လဲခွင့်မရှိဆိုတဲ့ အချက်ဖြစ်ပါတယ်။
ဒါပေမယ့် ဦးအောင်ဆန်းဦးရှေ့နေ ဦးကျော်ဇေယျရဲ့အပြောအရ ၂၀၀၀ ခု ဇူလိုင်လ (၂၈) ရက် နေ့မှာ ပြည်ထဲရေးဝန်ကြီးဌာနက ဦးအောင်ဆန်းဦးကို ၁၉၈၇ ခုနှစ် ဥပဒေက ကင်းလွတ်မိန့် ပေးထားတယ်လို့ ဆိုပါတယ်။ ဒါနဲ့ အမှုကို ဒေါ်အောင်ဆန်းစုကြည် မလာရောက်ပေမယ့် မျက်ကွယ်မှာ စစ်မယ်ဆိုပြီး ၂၀၀၀ ခု နိုဝင်ဘာလ (၂၇) ရက် ချိန်းလိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့အိမ်ဟာ ကာလပေါက်ဈေးနဲ့ဆိုရင် ကျပ်သန်း (၄၀၀) လောက် တန်တယ်လို့ အိမ်အရောင်းအ၀ယ်သမားတွေက မှန်းပါတယ်။ ၂၀၀၀ ခု နိုဝင်ဘာ (၂၁) ရက် ကနေ ရုံးချိန်း အဆင့်ဆင့်ပြောင်းခဲ့ပါတယ်။
၂၀၀၁- ခု အောက်တိုဘာလ (၂၂) ရက်ရုံးချိန်းတရားလို ဦးအောင်ဆန်းဦးအနေနဲ့ ပြည်ထဲရေးဝန်ကြီးဌာန ခွင့်ပြုမိန့် မလိုဘဲနဲ့ကို အမွေတောင်းခံ ခွင့်ရှိတယ်လို့ တရားသူကြီး ဦးစိုးသိန်းက အမိန့်ချလိုက်တဲ့အတွက် ဦးအောင်ဆန်းဦးအနေနဲ့ အမွေတောင်းရာမှာ ဥပဒေရေးရာ အခက်အခဲတွေ မရှိသလောက် ဖြစ်သွားပြီလို့ ဆိုရမှာ ဖြစ်ပါ တယ်။ အရပ်စကားနဲ့ ပြောရရင် အမွေရဖို့ သေချာသွားပြီ၊ ဦးအောင်ဆန်းဦးကို အနိုင်ပေးလိုက်ပြီ ဆိုတဲ့ သဘောဖြစ်ပါတယ်။ ဒီမှာတင် ဒေါ်အောင်ဆန်းစုကြည် အိမ်အမွေတ၀က်ဆုံးဖို့ အလား အလာရှိဆိုတဲ့ ခေါင်းစဉ်နဲ့ နိုင်ငံခြားသတင်းတွေက ရေးကြပါတယ်။
ဒါပေမယ့် နိုင်ငံခြားသတင်းတွေရေးသလို ဒေါ်အောင်ဆန်းစုကြည်ဘက်က အမှုရှုံးဖို့ အလား အလာမရှိတဲ့အပြင် ဥပဒေကြောင်းအရ ငြင်းခုံလျှောက်လဲစရာတွေ အများအပြားရှိနေသေးတဲ့ အကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရားရုံးကိုယ်စားလှယ် ဦးထွန်းတင်က ပြောဆိုပါတယ်။ အောက်ရုံးဖြစ်တဲ့ ရန်ကုန်တိုင်းတရားရုံးကနေ ဦးအောင်ဆန်းဦးအနေနဲ့ ပြည်ထဲရေးဝန်ကြီးဌာန ခွင့်ပြုချက်မလိုဘဲ အမွေတောင်းခံနိုင်တယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို ဒေါ်အောင်ဆန်းစုကြည် ဘက်က မကျေနပ်တဲ့အတွက် အမြင့်ဆုံးတရားရုံးဖြစ်တဲ့ တရားရုံးချုပ်ကို ပြန်လည်စစ်ဆေးပေးဖို့ တရားပြိုင်ရှေ့နေ ဦးကြည်ဝင်းနဲ့အဖွဲ့က အယူခံ လျှောက်ထားခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဘက်က အယူခံလျှောက်ထားချက်ကို ၂၀၀၂ ခု ဇန်န၀ါရီလမှာ တရား ရုံးချုပ်ကနေ လက်ခံစစ်ဆေးဖို့ သဘောတူခဲ့ပါတယ်။ တချိန်တည်းမှာပဲ အောက်ရုံးဖြစ်တဲ့ ရန်ကုန်တိုင်း တရားရုံးက အမှုတွဲကို တရားရုံးချုပ်က တောင်းခံခဲ့ပြီး အမှုကို ၂၀၀၂ ခု ဖေဖော် ၀ါရီလ (၂၀) ရက်မှာ အပြီးသတ် ကြားနာစစ်ဆေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဦးအောင်ဆန်းဦးဟာ နိုင်ငံခြားသားလည်းဖြစ်နေတဲ့အပြင် ပြည်ထဲရေးဝန်ကြီးဌာန ခွင့်ပြုမိန့်မပါဘဲ အမွေ တောင်းခံ နေတဲ့အတွက် တရားမ၀င်တဲ့ အဆိုလွှာကို ပယ်သင့်တယ်လို့ တရားပြိုင်ရှေ့နေ ဦးကြည်ဝင်းနဲ့ အဖွဲ့က ယူဆပါတယ်။
၂၀၀၂- ခု ဖေဖော်ဝါရီလ (၂၀) ရက်နှစ်ဘက်ရှေ့နေတွေ တရားရုံးချုပ်မှာ အပြန်အလှန် အပြီးသတ်လျှောက်လဲခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရှေ့နေ ဦးကြည်ဝင်းကတော့ ဦးအောင်ဆန်းဦးဟာ ပြည်ထဲရေးဝန်ကြီး ဌာန အမိန့်မရဘဲ အမွေတောင်းခံခွင့်မရှိတဲ့အကြောင်း ၁၉၈၇ ခု ကန့်သတ်ချက်ဥပဒေကို ကိုးကားပြီး (၄၅) မိနစ်ကြာ ခုခံလျှောက်လဲခဲ့ပါတယ်။ ပြည်ထဲရေးဝန်ကြီးဌာန အမိန့်မပါဘဲ ဦးအောင်ဆန်းဦးကို အမွေတောင်းခံခွင့်ပေးလိုက်ရင် မြန်မာနိုင်ငံရဲ့ တရားစီရင်ထုံး ကမောက် ကမဖြစ်သွားမယ့်အလားအလာ ရှိတယ်လို့ ရှေ့နေ ဦးကြည်ဝင်းက ပြောပါတယ်။
သုံးသပ်ချက်
၁။ ဦးအောင်ဆန်းဦးအနေနဲ့ ပြည်ထဲရေးဝန်ကြီးဌာန ခွင့်ပြုမိန့်မလိုဘဲ အမွေတောင်းခံခွင့်ရှိတယ်လို့ တရားရုံးချုပ်က စီရင်ချက်ချခဲ့ရင် အထူးအယူခံအနေနဲ့ တရားလွှတ်တော် ရုံးချုပ်ရဲ့ တရားသူကြီး (၃) ပါးထိုင် ဒါမှမဟုတ် တရားသူကြီး (၆) ပါးထိုင် ခုံရုံးထံ ဒေါ်စုရှေ့နေတွေက အထူးအယူခံခွင့် ရှိပါတယ်။
၂။ တရားလွှတ်တော် ရုံးချုပ်ရဲ့ တရားသူကြီး (၃) ပါးထိုင် ဒါမှမဟုတ် တရားသူကြီး (၆) ပါးထိုင် ခုံရုံးကနေ ဦးအောင်ဆန်းဦးအနေနဲ့ ပြည်ထဲရေးဝန်ကြီးဌာန ခွင့်ပြုမိန့်မလိုဘဲ အမွေတောင်းခံ ခွင့်ရှိတယ်လို့ အမိန့်ချခဲ့ရင်တော့ ဒေါ်စုအနေနဲ့ အိမ်တ၀က် အမွေခွဲပေးရဖို့ သေချာသွားပြီဖြစ် ပါတယ်။
၃။ ဥပဒေလုပ်ထုံးလုပ်နည်းအရ တရားလွှတ်တော် ရုံးချုပ်ရဲ့ တရားသူကြီး (၃) ပါးထိုင် ဒါမှမဟုတ် တရားသူကြီး (၆) ပါးထိုင်ခုံရုံးကနေ ဦးအောင်ဆန်းဦးကို အနိုင်ပေးခဲ့ရင် အောက်ရုံးဖြစ်တဲ့ ရန်ကုန်တိုင်း တရားရုံးကနေ အမှုကို ပြန်စစ်ရအုံးမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဦးအောင်ဆန်းဦး အနေနဲ့ ပြည်ထဲရေးဝန်ကြီးဌာန ခွင့်ပြုမိန့်မလိုဘဲ အမွေတောင်းခံခွင့်ရှိတယ်လို့ အမိန့်ချခဲ့ရင်တော့ ဒေါ်စုရှေ့နေတွေဘက်က ငြင်းခုံချေပစရာ ဘာမှမရှိသလောက်ဖြစ်တော့မှာမို့ ဦးအောင်ဆန်းဦး အနေနဲ့ အမွေရဖို့ သေချာပြီလို့ ပြောနိုင်တဲ့အကြောင်း ရန်ကုန်ရှေ့နေ အသိုင်းအ၀န်းက ပြောဆို ပါတယ်။
၎။ အမှုကိုပြန်ကြည့်ရင် ဦးအောင်ဆန်းဦးအနေနဲ့ ပြည်ထဲရေးဝန်ကြီးဌာန ခွင့်ပြုမိန့်မလိုဘဲ အမွေ တောင်းခံခွင့်ရှိတယ်လို့ အစိုးရက ခွင့်ပြုထားတဲ့အကြောင်း ဦးအောင်ဆန်းဦးရှေ့နေတွေရဲ့ ပြောဆိုချက်မှန်မမှန် အတိအကျ မသိရပေမယ့် ဦးအောင်ဆန်းဦးအနေနဲ့ ပြည်ထဲရေးဝန်ကြီးဌာန ခွင့်ပြုမိန့်မလိုဘဲ အမွေတောင်းခံခွင့်ရှိတယ်လို့ ရန်ကုန်တိုင်း တရားသူကြီးက အမိန့်ချလိုက်တဲ့ အတွက် ဒီအမိန့်ရဲ့နောက်ကွယ်မှာ ပြည်ထဲရေးဝန်ကြီးဌာနက တရားသူကြီးကို လက်သိပ်ထိုး ဖိအားပေးထားသလားဆိုတာ စဉ်းစားစရာ ဖြစ်လာပါတယ်။
၅။ ဒီအခြေအနေတွေကို ထောက်ကြည့်ရင် တရားလွှတ်တော်ရုံးချုပ်က ဒေါ်အောင်ဆန်းစုကြည်ကို အနိုင်ပေးဖို့ အတော့်ကို အခွင့်အလမ်းနည်းပါးတယ်လို့ လေ့လာသူတွေက ယူဆပါတယ်။
၆။ ထူးခြားတာက ၂၀၀၃ ဒီပဲယင်း အရေးအခင်းနောက်ပိုင်းကစပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမွေမှုအခြေအနေကို စစ်အစိုးရတရားရုံးတွေက မထုတ်ပြန်ဘဲ ထားခဲ့တာ ကနေ့ထိ ဖြစ်ပါတယ်။
NLD Members Arrested at Suu Kyi Birthday Celebration



At least four members of the National League for Democracy (NLD) were arrested in Rangoon by Burmese authorities at about 11 am on Thursday while they were releasing sparrows and doves to mark of the 63rd birthday of detained pro-democracy leader Aung San Suu Kyi.
About 700 NLD members were gathered in front of their Rangoon headquarters in celebration of Suu Kyi’s birthday when the assault occurred, according to the NLD
In this photo released by the Democratic Voice of Burma, Buddhist monks and nuns along with members of the NLD and supporters of pro-democracy leader Aung San Suu Kyi gather outside the party headquarters to mark Suu Kyi's 63rd birthday, Thursday. Authorities later detained four opposition party members, NLD said. (Photo: AP/ DVB)The arrested members were Tun Myint, Hla Aye, Maung Maung Thein and one unidentified woman, Win Naing, a member of the NLD public information department, told The Irrawaddy.
Before the arrests, a violent confrontation erupted when members of Swan Ah Shin, military-backed thugs, assaulted NLD members.
Many NLD members were beaten. One NLD woman member was seriously injured, said Win Naing. After the assault, about 10 vehicles carrying more than 300 security personnel in uniforms and plainclothes blocked the roads leading to NLD headquarters.
The authorities earlier had prevented NLD members from offering food to Buddhist monks, said Ohn Kyaing, a NLD spokesperson.
Uniformed police arrive near NLD headquarters in Rangoon following a violent assault by junta-backed thugs on Suu Kyi’s birthday celebrations.Meanwhile, the All Burma Monks’ Alliance (ABMA), an underground Buddhist group heavily involved in the 2007 demonstrations, released a statement on Wednesday asking the UN Security Council and the Council of the European Union to take immediate actions to protect the Burmese people from the Burmese military government. The two groups are scheduled to meet on Thursday in New York and Brussels.
“We call on the UN Security Council to take effective action to stop the humanitarian crises in Burma, created by the Burmese military government,” the ABMA said in its statement.
The statement read: “We would like to call for leaders of the EU to continue to assist Burma’s democracy movement led by detained leader Aung San Suu Kyi. We request the EU to bring [Snr-Gen] Than Shwe, leader of the Burmese military junta, before the International Criminal Court to be tried for his crimes against humanity, as recommended by the European Parliament.” Suu Kyi completed a five-year sentence under house arrest on May 27. Under the conditions of her detention, Article 10 (b) of the State Protection Act Law 1975, a person can be detained for a maximum of five years. However, the military regime announced in late May that Suu Kyi’s house arrest had been officially extended for one year.-->
ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ပွဲ အခမ်းအနားသို့ စွမ်းအားရှင်များ ၀င်ရောက်ရိုက်နှက်ဖမ်းဆီး
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုဌာနချုပ်၌ ယနေ့နံနက်တွင် ကျင်းပသည့် ဒေါ်အောင်ဆန်း စုကြည်၏ (၆၃) နှစ်ပြည့် မွေးနေ့ပွဲသို့ စစ်အစိုးရလက်သပ်မွေးထားသည့် စွမ်းအားရှင်နှင့် ကြံ့ဖွံ့ များက ၀င်ရောက်ရိုက်နှက်ပြီး လူ (၄) ဦးကို ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု အန်အယ်လ်ဒီက ပြောသည်။
အန်အယ်လ်ဒီ ပါတီဝင်တဦးက “မနက်က (၁၁) နာရီလောက်က ဒီမှာ ဒေါ်စုမွေးနေ့ လုပ်တာ။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေဆုတောင်းကြတာပေါ့။ ဆုတောင်းပြီး ကျနော်တို့ရုံးရှေ့ ပလက်ဖောင်းပေါ်ကနေ ငှက်လွှတ်တယ်ပေါ့။ စာကလေးတွေ သက်စေ့လွှတ်ပြီးတဲ့အချိန်မှာ ကြံ့ဖွံ့တွေ ကားတွေနဲ့ ရောက်လာပြီးတော့ ဆင်းလာပြီး ရှေ့မှာရှိတဲ့ လူတွေကို ဆွဲလွှဲရိုက်နှက်ပြီး ဖမ်းချုပ်ခေါ်သွားတယ်” ဟု ပြောသည်။
ဖမ်းဆီးခံရသူများမှာ အဖွဲ့ချုပ် ဗဟန်းမြို့နယ် လူငယ်အတွင်းရေးမှူးနှင့် မှတ်တမ်းတင်ဓာတ်ပုံ ဗီဒီယို ရိုက်ကူးသူ ဦးထွန်းမြင့်၊ လှိုင်သာယာမှ ဦးလှအေး၊ မင်္ဂလာဒုံမြို့နယ်မှ ကိုမောင်မောင်သိန်းနှင့် အမျိုးသမီးအဖွဲ့ဝင်တဦးတို့ဖြစ်ကြောင်း၊ သံဃာတော်တပါး ဖမ်းဆီးခံရသည်ဟု သတင်းထွက်နေ သော်လည်း အတည်မပြုနိုင်သေးကြောင်းနှင့် အမျိုးသမီးငယ်တဦး အရိုက်ခံရပြီး ဒဏ်ရာရရှိ သွားကြောင်း အန်အယ်လ်ဒီ ရန်ကုန်တိုင်း အတွင်းရေးမှူး ဒေါက်တာဝင်းနိုင်က ပြောသည်။
ယခုနှစ်ဒေါ်အောင်ဆန်းစုကြည်မွေးနေ့၌ ပြည်သူလူထုနာဂစ်မုန်တိုင်းဒဏ်ခံနေရသဖြင့် ပျော်ပွဲရွှင်ပွဲ မကျင်းပဘဲ အလှူဒါနပွဲသာ ကျင်းပခဲ့ကြောင်း၊ အဖွဲ့ချုပ်ရုံး၌ မွေးနေ့ဆွမ်းကပ်လှူရန် သံဃာတော် များအား ပင့်ဖိတ်ခဲ့သော်လည်း အာဏာပိုင်တို့၏ တားမြစ်ပိတ်ပင်မှုကြောင့် သံဃာတော်များ ကြွခွင့် မရဘဲ ဆွမ်းချိုင့်သာပို့ခွင့်ရခဲ့ကြောင်း အန်အယ်လ်ဒီဗဟိုအမျိုးသမီးအဖွဲ့မှ ဒေါ်လဲ့လဲ့က ပြောသည်။
၎င်းက “မွေးနေ့မှာ ဘုန်းတော်ကြီးတွေကိုဆွမ်းကပ်ပြီး ကုသိုလ်ကောင်းမှုလုပ်တယ်။ အကျဉ်းကျနေ တဲ့လူတွေ လွတ်ပါစေဆိုတဲ့ ရည်ရွယ်ချက်နဲ့ ငှက်ကလေးတွေ လွှတ်တယ်။ ဒီလိုလုပ်တာကို အဟန့် အတား အနှောင့် အယှက်တွေပေးတာ။ ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ မလုပ်ကောင်းပါဘူး။ အန်တီ တို့က သူများကို အနှောင့်အယှက်ပေးတာလည်း မဟုတ်ဘူး၊ ကိုယ့်ရုံးရှေ့မှာကိုယ် ကုသိုလ် ကောင်းမှုလုပ်ခြင်းဖြစ်တယ်။ ခုလိုဝင်ပြီးတော့ ဖမ်းလားဆီးလား ရိုက်လားနှက်လား လုပ်တာဟာ ဗုဒ္ဓဘာသာနဲ့ လုံးဝမအပ်စပ်ပါဘူး။ ဘယ်လိုမှ မကောင်းပါဘူး” ဟု ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အထိမ်းအမှတ်အဖြစ် အကျဉ်းကျ ထိန်းသိမ်းခံနေရသည့် နိုင်ငံရေး အကျဉ်းသားများ၏ သားသမီး (၇၀) ကျော်တို့အား အန်အယ်လ်ဒီက ပညာသင်ဆု ချီးမြှင့်ပေးအပ်ခဲ့ ကြောင်းလည်း သိရသည်။
အလားတူ ထိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်၊ အိန္ဒိယ၊ ဂျပန်၊ တိုင်ဝမ် စသည့် နိုင်ငံတို့၌လည်း မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားသူများက ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ဆုတောင်းပွဲများ အသီးသီး ကျင်းပခဲ့ကြပြီး နေအိမ်အကျယ်ချုပ်မှ အမြန်ဆုံးပြန်လွှတ်ပေးရန် ဆန္ဒပြတောင်းဆိုခဲ့ကြသည်။
6.19.2008
Happy Birthday Aung San Su Kyi

အမျိုးသမီးနိုဘယ်ဆုရှင်တွေရဲ့  ဒေါ်စုအတွက် မွေးနေ့ဆုတောင်း
18 June 2008
ဒီနေ့ ဇွန်လ(၁၉)ရက်နေ့ဟာ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၆၃)နှစ်မြောက် မွေးနေ့ ဖြစ်ပါတယ်။ လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဇနီး ဒေါ်ခင်ကြည် နေထိုင် မကောင်းလို့ မိခင်ကြီးကို ပြုစုဖို့ မြန်မာနိုင်ငံကို ပြန်လာခဲ့ရာမှာ ရှစ်လေးလုံး ဒီမိုကရေစီရေး လှုပ်ရှားမှု ဖြစ်ပွားချိန်နဲ့ တိုက်ဆိုင်ပြီး မြန်မာ့ နိုင်ငံရေးမှာ လူထု ခေါင်းဆောင် ဖြစ်လာခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ အခုဆို နေအိမ် အကျယ်ချုပ်ခံထားရတာ သုံးကြိမ်မြောက်ရှိပြီး စုစုပေါင်း ( ၁၂)နှစ်တာ ကြာသွားပါပြီ။ ဒီနေ့ ကျရောက်တဲ့ သူ့မွေးနေ့မှာ ကမ္ဘာ တလွှားက မြန်မာအရေး လှုပ်ရှားသူတွေဟာ အထိမ်းအမှတ် မွေးနေ့ပွဲတွေ ကျင်းပပြီး ဆုတောင်း မေတ္တာပို့သခဲ့ရာမှာ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် အမျိုးသမီးတွေကလည်း ဆုတောင်းပေးပို့ခဲ့ ပြပါတယ်။
" ဒီနေ့ ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့မှာ ပျော်ရွှင်မှု အပြည့်ရပါစေလို့ နိုဘယ် ငြိမ်းချမ်းရေးဆုရှင် ခြောက်ဦးတို့ ကိုယ်စား ဆုတောင်း မေတ္တာပို့ လိုက်ပါတယ်လို့ ပြောကြား သွားသူကတော့ (၁၉၇၆)ခု နိုဘယ်ငြိမ်းချမ်းရေး ဆုရှင် အိုင်ယာလန်နိုင်ငံသူ မာရိကော်ရီဂွန်မဂွိုင်းယားပါပဲ၊ သူအပါအ၀င် နောက် နိုဘယ်ငြိမ်းချမ်းရေး ဆုရှင်တွေဖြစ်ကြတဲ့ ဂျိုဒီဝီလျှံ၊ ရှာရင်းအာဘေဒီ၊ ၀င်ကာရာမာသိုင်၊ ၀ီကို့ဘာတာမန်ချူတမ်းနဲ့ ဘက်တီဝီလျှံတို့လို အမျိုးသမီး ငြိမ်းချမ်းရေးဆုရှင်ခြောက်ဦးတို့အနေနဲ့ ဆူဒန်၊ ဒါဖေါ ငြိမ်းချမ်းရေးရှိဖို့၊ အရှေ့အလယ်ပိုင်း စသည်ဖြင့် ဆောင်ရွက်ရာမှာ တဦးတည်း နေအိမ် အကျယ်ချုပ် ကျခံနေရတဲ့ (၁၉၉၁)ခု နိုဗယ်ငြိမ်းချမ်းရေးဆုရှင်ကို အမြဲသတိရရှိကြောင်းလည်း မစ္စမဂွိုင်းယားက ပြောပါ တယ်။ "
" ကျမတို့ရဲ့ နိုဘယ် ငြိမ်းချမ်းရေးဆုရှင် အမျိုးသမီး ခြောက်ဦးတို့ရဲ့ နိုဘယ်ငြိမ်းချမ်းရေး ဆုရှင်တွေဆိုင်ရာ ရေးယူ ဆောင်ရွက်မှု အဖွဲ့မှာ ခုနစ်ဦးမြောက်ကတော့ အမျိုးသမီး နိုဘယ်ငြိမ်းချမ်းရေး ဆုရှင်ဖြစ်သူ နေအိမ် အကျယ်ချုပ် ကျခံ နေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ပါပဲ။ ကမ္ဘာပေါ်မှာ စုစုပေါင်း နိုဘယ် ဆုရှင် အမျိုးသမီး (၁၂)ဦးသာရှိပါတယ်။ နိုင်ငံ အမျိုးမျိုးက လာကြတဲ့ ကျမတို့ နိုဘယ် ငြိမ်းချမ်းရေး ဆုရှင်တွေ ပုံမှန် တွေ့ဆုံကြပြီး ငြိမ်းချမ်းရေးအတွက် ဆွေးနွေးကြတိုင်း နေအိမ် အကျယ်ချုပ် ကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အမြဲသတိရပါတယ်လို့ မစ္စမဂွိုင်းယားက ပြောသွားတာဖြစ်ပါတယ်။ ဒါ့အပြင် နေအိမ် အကျယ်ချုပ် သက်တမ်း စုစုပေါင်း (၁၂)နှစ် ကျခံနေရတဲ့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် လွတ်မြောက်ရေး အတွက်လည်း သူတို့ အဖွဲ့အနေနဲ့ အမြဲ လှုပ်ရှား ဆောင်ရွက်နေတယ်လို့ မစ္စမဂွိုင်းယားက ပြောပါတယ်။ ဒါပေမယ့် သက္ကရာဇ်(၂၀၀၃)ခု မေလက၊ ဒီပဲယင်း အရေးအခင်းအပြီး မြန်မာ စစ်အစိုးရက ငါးနှစ် နေအိမ် အကျယ်ချုပ် ဆက်တိုက် ချခဲ့ပြီး မကြာသေးခင်က ခြောက်ကြိမ်မြောက် သက်တမ်းတိုးခဲ့တဲ့ အပေါ်မှာလည်း နိုင်ငံတကာနဲ့အတူ ဒေါသ ထွက်မိတယ် လို့ မစ္စမဂွိုင်းယားကပြောပါတယ်။ တည်ဆဲ လုံခြုံမှု အက်ဥပဒေအရ လူဦးကို အမှုမစစ်ပဲ အများဆုံး ငါးနှစ်ထက်ကို ဖမ်းဆီး ထားခွင့် မရှိတဲ့အတွက်လည်း အခုလို နေအိမ် အကျယ်ချုပ်သက်တမ်း တိုးလိုက်တဲ့အတွက် နိုင်ငံ တကာနဲ့ အတူ ဒေါသ ထွက်ခဲ့ပါတယ်။ ခုလို နေအိမ် အကျယ်ချုပ် သက်တမ်းတိုး လိုက်တာဟာ မြန်မာစစ်အစိုးရက တည်ဆဲ ဥပဒေကို ချိုးဖေါက်ရာ ရောက်ပါတယ်။ ဒါကြောင့်လည်း အခုလို တရားမ၀င် နေအိမ်အကျယ်ချုပ် ချထားခြင်းခံနေရသူ ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တောင်းဆိုပါတယ်လို့ (၁၉၇၆)ခု နိုဘယ် ငြိမ်းချမ်းရေး ဆုရှင်က ပြောသွားတာပါ၊ အိုယာလန်နိုင်ငံမှာ ပရိုတက်စတင့်နဲ့ ကက်သလစ် ဘာသာဝင်တွေအကြား ငြိမ်းချမ်းရေး ရယူဖို့ တွေ့ဆုံ ဆွေးနွေးခဲ့ကြပြီး နိုင်ငံအေးချမ်းမှု ရရှိအောင် ဆောင်ရွက်ခဲ့တာကို ထောက်ပြပြီး မြန်မာ စစ်အစိုးအနေနဲ့လည်း ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးနဲ့ တိုင်းရင်းသား အုပ်စုတွေနဲ့ တွေ့ဆုံဆွေးနွေးပြီး ဘေးဒုက္ခ ကြာရှည်လှတဲ့ မြန်မာနိုင်ငံသားတွေ အတွက် ဒီမိုကရေစီ ဖေါ်ဆောင်ဖို့ကိုလည်း မစ္စမဂွိုင်းယားက တိုက်တွန်း ပြောကြားသွားပါတယ်။ ဒီနေ့ အသက်(၆၃)နှစ်ပြည့်မယ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ တိုင်းပြည်အပေါ်မှာအနစ်နာခံမှုကိုလည်း မစ္စမဂွိုင်းယားက အခုလို ချီးကျူးသွားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနစ်နာခံမှုဟာ ကျမအပါအ၀င် နိုဗယ်ငြိမ်းချမ်းရေးဆုရှင်အမျိုးသမီးတွေကိုရော၊ ကမ္ဘာ တ၀ှမ်းက လူတွေကိုရော အလွန်အားကျစေပါတယ်။ သူ့ရဲ့ သတ္တိကိုလည်း ချီးကျူပါတယ်။ မြန်မာနိုင်ငံမှာ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးအတွက် ပြောဆို ကမ်းလှမ်းမှုတွေကိုလည်း ကျမတို့က ထောက်ခံပါတယ်။ အကောင်းဆုံး ဖြစ်လာ ပါစေလို့လည်းဆုတောင်းပါတယ်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး ဒီမိုကရေစီ ရရှိတဲ့နေ့ကို စောင့်ကြိုနေပါ့မယ်လို့ မစ္စမဂွိုင်းယားက ပြောသွားတာဖြစ်ပါတယ်။





